နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၃/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မတ် ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၃/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားရာတွင် မိမိတို့စီမံခန့်ခွဲရေးကော်မတီ၏ အဓိကလုပ်ငန်းတာဝန်မှာ တိုင်းပြည်၏လူမှုရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးကိစ္စရပ်များကို အကောင် အထည်ဖော်ဆောင်ရွက်ရသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူ ဆောင်ရွက်ခဲ့သည့် တစ်လကျော်ကာလအတွင်း တစ်ချို့လုပ်ငန်းများရာနှုန်းပြည့် အောင်မြင်မှုများရှိပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းကိစ္စရပ်များကိုလည်း ဖြစ်နိုင်သည့်လမ်းကြောင်းများမှ ဖြစ်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့စတင် တာဝန်ယူသည့်အချိန်မှစ၍ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် COVID-19 ကြောင့်ယိုင်နဲ့သွားသည့်စီးပွားရေးလုပ်ငန်းများ ပြန်လည်တည့်မတ်အောင်ဆောင်ရွက် ရမည်ဟုပါရှိကြောင်း၊ တိုင်းပြည်၏အဓိက မောင်းနှင်အားသုံးခုတွင် စီးပွားရေးသည် ပို၍အဓိကကျကြောင်း၊ ဦးတည်ချက် ၉ ရပ်တွင်ပါဝင်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စီးပွားရေးကို အဓိကလုပ်ရန်၊ ဈေးကွက်စီးပွားရေးကို ပီပီပြင်ပြင် ဖော်ဆောင်၍ နိုင်ငံတကာရင်းနှီးမြှုပ်နှံများကိုဖိတ်ခေါ်ရန်နှင့် အဆိုပါအချက်များနှင့် ဆက်စပ်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်း SME များကိုလည်း အားပေးကူညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရောင်းကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်ရရှိအောင် မျှော်မှန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏စီးပွားရေးကောင်းမွန် လာပါက ဝယ်လိုအားများကောင်းမွန်လာပြီး ရောင်းလိုအားကောင်း၍ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများရေတို/ ရေရှည် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်သွား ကြရန်နှင့် အခြားဌာနများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်း၊ အကြံဉာဏ်ပေး ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများပိုမိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့အပြင်နိုင်ငံ၏စီးပွားရေးကို အလျင်အမြန်အထောက်အကူပြုနိုင်သည့် ခရီးသွားလုပ်ငန်းအောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းသည် အောက်ခြေမှစ၍ နယ်ပယ်အားလုံးကို အကျိုးပြုသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း။

ဝန်ကြီးဌာနများတွင် ဝန်ထမ်းများတာဝန်ထမ်းဆောင်မှု၊ လုပ်ငန်းများ ဆောင်ရွက်မှု နှင့်ပတ်သက်၍ မိမိတို့သည်ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို သွားနေခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သည်ဝါဒမဟုတ်ဘဲကျင့်စဉ်တစ်ခုသာဖြစ်ပြီး ဝန်ကြီးဌာန များအနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ လက်အောက်ဝန်ထမ်းများကို နားလည်အောင်ရှင်းလင်းပြောကြား ဆောင်ရွက်ပေး ရန်လိုကြောင်း၊ ဝန်ထမ်းများရာထူးတိုးမြှင့်ရေးများနှင့် ပတ်သက်၍ လုပ်ငန်း ကျွမ်းကျင်ပြီး နိုင်ငံတော်အပေါ်သစ္စာ စောင့်သိသူများကိုလည်း ထိုက်သင့်သည့်အဆင့် သို့ တိုးမြှင့်ပေးရန်ပြောကြားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်ရန် အတွက် လက်တွေ့လုပ်ငန်းများတွင် သင်ကြားပေးခြင်းနှင့် သင်တန်းကျောင်းများတွင် သင်ကြားပေးခြင်းဖြင့် ဌာနအတွင်း အထက်အောက်ရိုသေလေးစားမှုများဖြစ်ပေါ်ပြီး စည်းလုံးညီညွတ် လာမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကိုသွားရာတွင် ပရမ်းပတာ ဆောင်ရွက်၍မရဘဲ စည်းကမ်းနှင့်သာသွားရန်လိုကြောင်း၊ ထို့ကြောင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေရန်အတွက် မိမိတို့သက်ဆိုင်ရာဌာနအလိုက် ဒီမိုကရေစီကျင့်စဉ်နှင့် အညီသာ ဆောင်ရွက်ရန်လိုကြောင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက ရခိုင်ပြည်နယ် မောင်တောခရိုင်နှင့်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ဝန်ထမ်း များနှင့် နေ့စားများအား ဝန်ထမ်းလစာနှစ်ဆနှင့် နေ့တွက်စရိတ် တိုးမြှင့်ခံစားခွင့် ပြုရေး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံချုပ်ဆိုထားသည့် သဘောတူစာချုပ်၊ စာတမ်း များနှင့် နားလည်မှုစာချွန်လွှာဆိုင်ရာ ကိစ္စရပ်များ၊ အခွန်ကင်းလွတ်ခွင့်ပြုရေး၊ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ရေးနှင့် ချီးမြှင့်ငွေပေးအပ်ခြင်းဆိုင်ရာများ၊ ကိုဗစ်အထူးချေးငွေထုတ်ချေးမှုနှင့် ပြန်လည် အပ်နှံခြင်း၊ နိုင်ငံပိုင်ရုပ်ရှင်ရုံများ ကြီးကြပ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍများတွင် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ရေး၊ ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်သည့် လူမှုစီးပွားဖွံ့ဖြိုးရေးရန်ပုံငွေ ထားရှိခြင်း၊ ခဲသတ္တု တူးဖော်ရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးတို့နှင့်စပ်လျဉ်၍ ရှင်းလင်း တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုကာလတွင် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက်လိုအပ်ချက်များရှိကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးတွင် ဆေးရုံပေါင်း ၁၁၇၇ ခုရှိပြီး အချို့ဆေးရုံများပိတ်ထားသည်ကိုတွေ့ရ ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ကျင့်ဝတ်ဖြစ်သည့် ရန်သူမိတ်ဆွေ ခွဲခြားမှုမရှိဘဲ ဆေးကုသပေးရန်ဆိုသည့်အတိုင်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လိုက်နာ စောင့်ထိန်းရန်လိုကြောင်း၊ ဆရာဝန်များအတွက်လည်း ၎င်းတို့၏ဂုဏ်ဒြပ်နှင့် ကိုက်ညီသည့် ခံစားခွင့်များရရှိအောင် နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ထိုသို့ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှလည်း နည်းလမ်းများရှာဖွေ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဆရာဝန်များအနေဖြင့်လည်း မိမိတို့ကျင့်ဝတ်သိက္ခာနှင့် အညီ နေထိုင်ရပ်တည်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်များသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သဖြင့် ရေရှည်အတွက် ထည့်သွင်းစဉ်းစားရန်လိုကြောင်း။

ဘဏ်လုပ်ငန်းများနှင့်ပတ်သက်၍ ဘဏ်များသည် ငွေကြေးစီးဆင်းမှုအတွက် အဓိကဆောင်ရွက်နေသည့်လုပ်ငန်း ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းများစည်းကမ်းနှင့်အညီ ပုံမှန်လည်ပတ်ရန်လိုအပ်ပြီး စည်းကမ်းလိုက်နာမှုမရှိသည့်ဘဏ်များအား ဥပဒေနှင့် အညီအရေးယူ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခေတ်စနစ်နှင့်လျော်ညီသည့် ဘဏ်စနစ်ဖြစ်စေရန်အတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မှသာပြည်သူများ၏ ငွေကြေးနှင့်ပတ်သက်သော လုပ်ငန်းရပ်များ အဆင်ပြေစွာပြန်လည် လည်ပတ်နိုင်ကြမည်ဖြစ်ကြောင်း။

ပညာသင်ကြားရေးနှင့်ပတ်သက်၍ တိုင်းပြည်တစ်ခုတွင် ပညာရေးမကောင်း ပါက တိုးတက်မှုမရှိနိုင်ကြောင်း၊ ထို့ကြောင့် ပညာရေးကိုအဆင့်မြှင့်တင်ရန်လိုအပ်ပြီး ထိုသို့ အဆင့်မြှင့်တင်ခြင်းများဆောင်ရွက်ရာတွင်လည်း ကျောင်းသားကျောင်းသူများ အစမ်းသပ်ခံမဖြစ်စေရေးအတွက် ရှိပြီးသားအမျိုးသားမဟာဗျူဟာ စီမံကိန်းများအ ပေါ်တွင်သာ အခြေခံပြီးဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းများပိတ်ထားခြင်း သည် ကျောင်းသားကျောင်းသူတစ်ဦးချင်းစီ၏ နစ်နာဆုံးရှုံးမှုအပြင် တိုင်းပြည်အတွက် လည်းနစ်နာကြောင်း၊ ထို့ကြောင့်ကျောင်းများစနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ ပညာရည်မြှင့်တင်ရေးအတွက် အခြား ဝန်ကြီးဌာနများ အနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စီမံခန႔္ခြဲေရးေကာ္မတီအစည္းအေဝး (၃/၂၀၂၁)သို႔ တက္ေရာက္ အမွာစကားေျပာၾကား

ေနျပည္ေတာ္ မတ္ ၁၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စီမံခန႔္ခြဲေရးေကာ္မတီ အစည္းအေဝး (၃/၂၀၂၁)ကို ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)၊ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဦးဝဏၰေမာင္လြင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ဦးဝင္းရွိန္၊ ဦးေအာင္ႏိုင္ဦး၊ ဦးခ်စ္ႏိုင္၊ ဦးကိုကို၊ ဦးတင္ထြဋ္ဦး၊ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ဦးခင္ေမာင္ရီ၊ ဦးေအာင္သန္းဦး၊ ဦးျမင့္ႀကိဳင္၊ ေဒါက္တာပြင့္ဆန္း၊ ေဒါက္တာၫြန႔္ေဖ၊ ေဒါက္တာသက္ခိုင္ဝင္း၊ ဦးေ႐ႊေလး၊ ေဒါက္တာ သက္သက္ခိုင္၊ ဦးေမာင္ေမာင္အုန္း၊ ဦးေစာထြန္းေအာင္ျမင့္ႏွင့္ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ ေဒါက္တာေဒၚသီတာဦးတို႔ တက္ေရာက္ၾကသည္။

အစည္းအေဝးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က အဖြင့္အမွာ စကားေျပာၾကားရာတြင္ မိမိတို႔စီမံခန႔္ခြဲေရးေကာ္မတီ၏ အဓိကလုပ္ငန္းတာဝန္မွာ တိုင္းျပည္၏လူမႈေရး၊ စီးပြားေရး၊ ႏိုင္ငံတကာဆက္ဆံေရးကိစၥရပ္မ်ားကို အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ရသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္ေၾကာင္း၊ မိမိတို႔တာဝန္ယူ ေဆာင္႐ြက္ခဲ့သည့္ တစ္လေက်ာ္ကာလအတြင္း တစ္ခ်ိဳ႕လုပ္ငန္းမ်ားရာႏႈန္းျပည့္ ေအာင္ျမင္မႈမ်ားရွိၿပီး ေဆာင္႐ြက္ရန္က်န္ရွိသည့္ လုပ္ငန္းကိစၥရပ္မ်ားကိုလည္း ျဖစ္ႏိုင္သည့္လမ္းေၾကာင္းမ်ားမွ ျဖစ္ေအာင္ေဆာင္႐ြက္ရန္လိုေၾကာင္း၊ မိမိတို႔စတင္ တာဝန္ယူသည့္အခ်ိန္မွစ၍ ခ်မွတ္ထားသည့္ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္တြင္ COVID-19 ေၾကာင့္ယိုင္နဲ႔သြားသည့္စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္တည့္မတ္ေအာင္ေဆာင္႐ြက္ ရမည္ဟုပါရွိေၾကာင္း၊ တိုင္းျပည္၏အဓိက ေမာင္းႏွင္အားသုံးခုတြင္ စီးပြားေရးသည္ ပို၍အဓိကက်ေၾကာင္း၊ ဦးတည္ခ်က္ ၉ ရပ္တြင္ပါဝင္သည့္ စိုက္ပ်ိဳးေမြးျမဴေရးကို အေျခခံသည့္စီးပြားေရးကို အဓိကလုပ္ရန္၊ ေဈးကြက္စီးပြားေရးကို ပီပီျပင္ျပင္ ေဖာ္ေဆာင္၍ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမ်ားကိုဖိတ္ေခၚရန္ႏွင့္ အဆိုပါအခ်က္မ်ားႏွင့္ ဆက္စပ္သည့္ ျပည္တြင္းစီးပြားေရးလုပ္ငန္း SME မ်ားကိုလည္း အားေပးကူညီ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ေရာင္းကုန္ပစၥည္းမ်ား ပိုမိုထုတ္လုပ္ရရွိေအာင္ ေမွ်ာ္မွန္း ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ျပည္သူလူထု၏စီးပြားေရးေကာင္းမြန္ လာပါက ဝယ္လိုအားမ်ားေကာင္းမြန္လာၿပီး ေရာင္းလိုအားေကာင္း၍ လူမႈစီးပြားဘဝ တိုးတက္ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊ စီးပြားေရးဆိုင္ရာလုပ္ငန္းမ်ားေရတို/ ေရရွည္ ေဆာင္႐ြက္ႏိုင္ရန္အတြက္ သက္ဆိုင္ရာဌာနမ်ားအလိုက္ ေဆာင္႐ြက္သြား ၾကရန္ႏွင့္ အျခားဌာနမ်ားအေနျဖင့္လည္း ပူးေပါင္းေဆာင္႐ြက္ျခင္း၊ အႀကံဉာဏ္ေပး ေဆာင္႐ြက္ျခင္းျဖင့္ လုပ္ငန္းမ်ားပိုမိုတိုးတက္ ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊ ထို႔အျပင္ႏိုင္ငံ၏စီးပြားေရးကို အလ်င္အျမန္အေထာက္အကူျပဳႏိုင္သည့္ ခရီးသြားလုပ္ငန္းေအာင္ျမင္ေရးအတြက္ အားလုံးဝိုင္းဝန္းကူညီ ေဆာင္႐ြက္သြား ၾကရန္လိုေၾကာင္း၊ ခရီးသြားလုပ္ငန္းသည္ ေအာက္ေျခမွစ၍ နယ္ပယ္အားလုံးကို အက်ိဳးျပဳသည့္ လုပ္ငန္းတစ္ခုျဖစ္ေၾကာင္း။

ဝန္ႀကီးဌာနမ်ားတြင္ ဝန္ထမ္းမ်ားတာဝန္ထမ္းေဆာင္မႈ၊ လုပ္ငန္းမ်ား ေဆာင္႐ြက္မႈ ႏွင့္ပတ္သက္၍ မိမိတို႔သည္ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းကို သြားေနျခင္း ျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္သည္ဝါဒမဟုတ္ဘဲက်င့္စဥ္တစ္ခုသာျဖစ္ၿပီး ဝန္ႀကီးဌာန မ်ားအေနျဖင့္ ဒီမိုကေရစီက်င့္စဥ္ႏွင့္အညီေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း၊ မိမိတို႔ လက္ေအာက္ဝန္ထမ္းမ်ားကို နားလည္ေအာင္ရွင္းလင္းေျပာၾကား ေဆာင္႐ြက္ေပး ရန္လိုေၾကာင္း၊ ဝန္ထမ္းမ်ားရာထူးတိုးျမႇင့္ေရးမ်ားႏွင့္ ပတ္သက္၍ လုပ္ငန္း ကြၽမ္းက်င္ၿပီး ႏိုင္ငံေတာ္အေပၚသစၥာ ေစာင့္သိသူမ်ားကိုလည္း ထိုက္သင့္သည့္အဆင့္ သို႔ တိုးျမႇင့္ေပးရန္ေျပာၾကားၿပီးျဖစ္ေၾကာင္း၊ ဝန္ထမ္းမ်ား လုပ္ငန္းကြၽမ္းက်င္ရန္ အတြက္ လက္ေတြ႕လုပ္ငန္းမ်ားတြင္ သင္ၾကားေပးျခင္းႏွင့္ သင္တန္းေက်ာင္းမ်ားတြင္ သင္ၾကားေပးျခင္းျဖင့္ ဌာနအတြင္း အထက္ေအာက္႐ိုေသေလးစားမႈမ်ားျဖစ္ေပၚၿပီး စည္းလုံးညီၫြတ္ လာမည္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္ကိုသြားရာတြင္ ပရမ္းပတာ ေဆာင္႐ြက္၍မရဘဲ စည္းကမ္းႏွင့္သာသြားရန္လိုေၾကာင္း၊ ထို႔ေၾကာင့္လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ေအာင္ျမင္မႈရရွိေစရန္အတြက္ မိမိတို႔သက္ဆိုင္ရာဌာနအလိုက္ ဒီမိုကေရစီက်င့္စဥ္ႏွင့္ အညီသာ ေဆာင္႐ြက္ရန္လိုေၾကာင္းေျပာၾကားသည္။

ထို႔ေနာက္ အစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ ျပည္ေထာင္စုဝန္ႀကီး မ်ားက ရခိုင္ျပည္နယ္ ေမာင္ေတာခ႐ိုင္ႏွင့္၊ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ရွိ ဝန္ထမ္း မ်ားႏွင့္ ေန႔စားမ်ားအား ဝန္ထမ္းလစာႏွစ္ဆႏွင့္ ေန႔တြက္စရိတ္ တိုးျမႇင့္ခံစားခြင့္ ျပဳေရး၊ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံခ်ဳပ္ဆိုထားသည့္ သေဘာတူစာခ်ဳပ္၊ စာတမ္း မ်ားႏွင့္ နားလည္မႈစာခြၽန္လႊာဆိုင္ရာ ကိစၥရပ္မ်ား၊ အခြန္ကင္းလြတ္ခြင့္ျပဳေရး၊ ေငြေခ်း သက္ေသခံလက္မွတ္လုပ္ငန္း ႀကီးၾကပ္ေရးေကာ္မရွင္အဖြဲ႕ဝင္မ်ား ခန႔္အပ္ေရးႏွင့္ ခ်ီးျမႇင့္ေငြေပးအပ္ျခင္းဆိုင္ရာမ်ား၊ ကိုဗစ္အထူးေခ်းေငြထုတ္ေခ်းမႈႏွင့္ ျပန္လည္ အပ္ႏွံျခင္း၊ ႏိုင္ငံပိုင္႐ုပ္ရွင္႐ုံမ်ား ႀကီးၾကပ္ျခင္း၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ပို႔ေဆာင္ေရး ႏွင့္ ဆက္သြယ္ေရးက႑မ်ားတြင္ အေရးေပၚရန္ပုံေငြမွ က်ခံသုံးစြဲႏိုင္ေရး၊ ဓာတ္သတၱဳ တူးေဖာ္ေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္သည့္ လူမႈစီးပြားဖြံ႕ၿဖိဳးေရးရန္ပုံေငြ ထားရွိျခင္း၊ ခဲသတၱဳ တူးေဖာ္ေရးႏွင့္ ျဖစ္ေျမာက္ႏိုင္စြမ္းေလ့လာေရးတို႔ႏွင့္စပ္လ်ဥ္၍ ရွင္းလင္း တင္ျပၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ယခုကာလတြင္ ေဆး႐ုံမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရး အတြက္လိုအပ္ခ်က္မ်ားရွိေၾကာင္း၊ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး အားလုံးတြင္ ေဆး႐ုံေပါင္း ၁၁၇၇ ခုရွိၿပီး အခ်ိဳ႕ေဆး႐ုံမ်ားပိတ္ထားသည္ကိုေတြ႕ရ ေၾကာင္း၊ က်န္းမာေရးဝန္ထမ္းမ်ား၏က်င့္ဝတ္ျဖစ္သည့္ ရန္သူမိတ္ေဆြ ခြဲျခားမႈမရွိဘဲ ေဆးကုသေပးရန္ဆိုသည့္အတိုင္း က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္ လိုက္နာ ေစာင့္ထိန္းရန္လိုေၾကာင္း၊ ဆရာဝန္မ်ားအတြက္လည္း ၎တို႔၏ဂုဏ္ျဒပ္ႏွင့္ ကိုက္ညီသည့္ ခံစားခြင့္မ်ားရရွိေအာင္ ႏိုင္ငံေတာ္မွျဖည့္ဆည္းေဆာင္႐ြက္ေပးသြား မည္ျဖစ္ေၾကာင္း၊ ထိုသို႔ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာနႏွင့္ သက္ဆိုင္ရာဝန္ႀကီး ဌာနအသီးသီးမွလည္း နည္းလမ္းမ်ားရွာေဖြ ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ဆရာဝန္မ်ားအေနျဖင့္လည္း မိမိတို႔က်င့္ဝတ္သိကၡာႏွင့္ အညီ ေနထိုင္ရပ္တည္ေဆာင္႐ြက္သြားႏိုင္ရန္လိုေၾကာင္း၊ ျပည္သူလူထု၏ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္မ်ားသည္ မျဖစ္မေန ေဆာင္႐ြက္ရမည့္ လုပ္ငန္းမ်ားျဖစ္သျဖင့္ ေရရွည္အတြက္ ထည့္သြင္းစဥ္းစားရန္လိုေၾကာင္း။

ဘဏ္လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ဘဏ္မ်ားသည္ ေငြေၾကးစီးဆင္းမႈအတြက္ အဓိကေဆာင္႐ြက္ေနသည့္လုပ္ငန္း ျဖစ္ေၾကာင္း၊ ဘဏ္လုပ္ငန္းမ်ားစည္းကမ္းႏွင့္အညီ ပုံမွန္လည္ပတ္ရန္လိုအပ္ၿပီး စည္းကမ္းလိုက္နာမႈမရွိသည့္ဘဏ္မ်ားအား ဥပေဒႏွင့္ အညီအေရးယူ ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ ေခတ္စနစ္ႏွင့္ေလ်ာ္ညီသည့္ ဘဏ္စနစ္ျဖစ္ေစရန္အတြက္လည္း ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ဘဏ္လုပ္ငန္းမ်ား ပုံမွန္လည္ပတ္ႏိုင္မွသာျပည္သူမ်ား၏ ေငြေၾကးႏွင့္ပတ္သက္ေသာ လုပ္ငန္းရပ္မ်ား အဆင္ေျပစြာျပန္လည္ လည္ပတ္ႏိုင္ၾကမည္ျဖစ္ေၾကာင္း။

ပညာသင္ၾကားေရးႏွင့္ပတ္သက္၍ တိုင္းျပည္တစ္ခုတြင္ ပညာေရးမေကာင္း ပါက တိုးတက္မႈမရွိႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ပညာေရးကိုအဆင့္ျမႇင့္တင္ရန္လိုအပ္ၿပီး ထိုသို႔ အဆင့္ျမႇင့္တင္ျခင္းမ်ားေဆာင္႐ြက္ရာတြင္လည္း ေက်ာင္းသားေက်ာင္းသူမ်ား အစမ္းသပ္ခံမျဖစ္ေစေရးအတြက္ ရွိၿပီးသားအမ်ိဳးသားမဟာဗ်ဴဟာ စီမံကိန္းမ်ားအ ေပၚတြင္သာ အေျခခံၿပီးေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ေက်ာင္းမ်ားပိတ္ထားျခင္း သည္ ေက်ာင္းသားေက်ာင္းသူတစ္ဦးခ်င္းစီ၏ နစ္နာဆုံးရႈံးမႈအျပင္ တိုင္းျပည္အတြက္ လည္းနစ္နာေၾကာင္း၊ ထို႔ေၾကာင့္ေက်ာင္းမ်ားစနစ္တက် ျပန္လည္ဖြင့္လွစ္ႏိုင္ေရး အတြက္ ႀကိဳတင္ျပင္ဆင္လ်က္ရွိေၾကာင္း၊ ပညာရည္ျမႇင့္တင္ေရးအတြက္ အျခား ဝန္ႀကီးဌာနမ်ား အေနျဖင့္လည္း ဝိုင္းဝန္းကူညီေဆာင္႐ြက္သြားရန္လိုေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။