ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်း ဆိုင်ရာများအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံသို့ တင်ပြ လျှောက်ထားပြီး ဩဝါဒခံယူ

နေပြည်တော်၊ မတ် – ၂၅

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော် ကြီးများထံသို့ တင်ပြလျှောက်ထားခြင်းနှင့် ဩဝါဒခံယူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်မည့် ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် မင်္ဂလာနေရာ၌ ကျင်းပပြုလုပ်သည်။


          အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ကြီး၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင် တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသနှင့် ဘွဲ့တံဆိပ်တော်ရဆရာတော်၊သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။

          ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ရေးနှင့် စပ်လျဉ်း၍ တင်ပြ လျှောက်ထားရာတွင် နေပြည်တော်၌ ဉာဏ်တော် ၈၁ ပေအမြင့်ရှိ စကျင်ဆင်းတုတော်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိ သည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွာတော်မြတ် ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ပူဇော်မည့် စကျင်ကျောက် တော်ကြီးကို Angelo Mining Company မှ ဦးအောင်ခိုင်သန်း မိသားစုတို့က ခရစ်နှစ် ၂၀၁၃ Shwe Foundation သို့ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် Shwe Foundation ၏ မေတ္တာရပ်ခံချက်အရ တပည့်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို့က သီတဂူဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော်ဘုရားကြီးနှင့် ပါမောက္ခချုပ်ဆရာတော် ဘုရားကြီးတို့၏ သြဝါဒများနှင့်အညီ ခေတ်မီနည်းစနစ်များဖြင့် ထုဆစ်ပူဇော်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် လေ့လာရေးလုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ပြီး စကျင်ကျောက်တော်ကြီးမှ ထွက်ရှိလာနိုင်သည့် အတိုင်းအတာ၊ ထုထည်နှင့် အပြစ်အနာအဆာရှိမှုအခြေအနေများကို သိရှိနိုင်ရန် ကျောက်တော်ကြီးအား တူးဖော်၍ X-Ray ရိုက် စမ်းသပ်စစ်ဆေးခဲ့ရပါကြောင်း၊ ထိုမှတစ်ဆင့် ထွက်ပေါ်လာသည့် ကျောက်တော် ကြီးအားလှဲ၍ အကြမ်းထည် ပုံဖော်ကြည့်ရှုရာတွင် ဉာဏ်တော် ၆၅ ပေ ထွက်ရှိနိုင်သည်ကို တွက်ချက်ရရှိကာ ပလ္လင်တော် ၁၈ ပေ ထပ်မံ ထည့်သွင်းနိုင်ရေး လုပ်ဆောင်ခဲ့ရပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် သီတဂူ ဆရာတော်ဘုရားကြီးအား ပင့်ဆောင်၍ လိုအပ်သည့် လမ်းညွှန်မှာကြားမှုများကို ဩဝါဒခံယူခဲ့ပါကြောင်း၊ ထို့အတူ ‌ရွှေသုဝဏ်ဆရာတော်ဘုရား ကြီး၊ ပါမောက္ခချုပ်ဆရာတော် ဘုရားကြီးနှင့် ပါဌိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီး တို့ထံမှလည်း ဩဝါဒနာယူခဲ့ပါကြောင်း။


          ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပူဇော်ရာတွင် မြတ်စွာဘုရားရှင်၏ သုံးဆယ့် နှစ်ပါး သော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော် ညီညွတ်  သော ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ရှိမည်ဖြစ်ပြီး ခန့်မှန်းအလေးချိန်အနေဖြင့် ဆင်းတုတော် ၁၇၂၀ တန်၊ ပလ္လင်တော် ၃၀၆၀ တန်၊ စုစုပေါင်း တန်ချိန် ၄၇၈၀ တန်ရှိ မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်တည်ထားကိုးကွယ်ထားရှိသည့် ကျောက်တော်ကြီး ဘုရားများအနေဖြင့် မြန်မာသက္ကရာဇ် ၁၀၉၂ ခုနှစ်၊ အင်းဝမြို့တွင် တနင်္ဂနွေမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် မဟာလောကသရဖူကျောက်တော်ကြီးဘုရား (ဉာဏ်တော် အမြင့် ၂၇ ပေ ၆ လက်မ)၊ မြန်မာသက္ကရာဇ် ၁၁၄၈ ခုနှစ်၊ အမရပူရမြို့တွင် တောင်မင်းကြီး ကိုးကွယ်ခဲ့သည့် တောင်မင်းကြီး ကျောက်တော်ကြီးဘုရား (ဉာဏ်တော် အမြင့် ၁၃ ပေ ၉ လက်မ)၊ မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်၊ မန္တလေးမြို့တွင် မင်းတုန်းမင်းကြီး တည်ထား ကိုးကွယ်ခဲ့သည့် မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား (ဉာဏ်တော် အမြင့် ၂၆ ပေ ၃ လက်မ)၊ မြန်မာသက္ကရာဇ် ၁၃၆၃ ခုနှစ်၊ ခရစ်နှစ် ၂၀၀၁ ခုနှစ်၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ရန်ကုန်မြို့၌ တည်ထားကိုးကွယ် ခဲ့သည့် လောကချမ်းသာအဘယလာဘမုနိကျောက်တော်ကြီးဘုရား(ဉာဏ်တော်အမြင့် ၃၇ ပေ ၇ လက်မ)နှင့် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ ခရစ်နှစ် ၂၀၁၅ ခုနှစ်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် နေပြည်တော်၌ တည်ထားကိုးကွယ်ခဲ့သည့် မဟာသကျရံသီ ကျောက်တော်ကြီးဘုရား(ဉာဏ်တော်အမြင့် ၃၂ ပေ) တို့ပင်ဖြစ်ပါကြောင်း၊ ပြည်ပနိုင်ငံများရှိ ထိုင်တော်မူ ဆင်းတုတော်ကြီးများကို လေ့လာခဲ့ရာတွင် ၁၉၈၉ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ၌ သဲကျောက်၊ နှမ်းဖက်ကျောက်တို့ဖြင့် တည်ထားကိုးကွယ်ခဲ့သည့် Great Buddha ဘုရား (ဉာဏ်တော်အမြင့် ၆၄ ပေ)၊ အေဒီ ၁၂၅၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ကြေးပြားသွန်းလုပ်ပူဇော် ထားရှိသည့် Kamakura Daibutsu ဘုရား(ဉာဏ်တော်အမြင့် ၄၃ ပေ ၈ လက်မ)နှင့် ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၌ အာစီကွန်ကရစ်ဖြင့် တည်ဆောက်ထားပြီး စကျင် ကျောက်ကပ်ထားသည့် Phuket Big Buddha ဘုရား(ဉာဏ်တော်အမြင့် ၁၄၈ ပေ) တို့ဖြစ် သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခုဆင်းတုတော်ကြီး တည်ထားကိုးကွယ်ပြီးစီး ပါက မြန်မာတွင်မက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံး၊ ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီးဖြစ် လာမည်ဖြစ်ပါကြောင်း။

          ဆင်းတုတော်ကြီးအား နေပြည်တော်တွင် တည်ထားကိုးကွယ်နိုင်ရေးအတွက် ပင့်ဆောင် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ထုထည်ပမာဏကြီးမားသောကြောင့် မူလဉာဏ်တော်အမြင့် ကို မထိခိုက်စေဘဲ အစိတ်အပိုင်း ၄ ပိုင်းခွဲ၍လည်းကောင်း၊ ပလ္လင်တော်ကို အစိတ်အပိုင်း ၅ ပိုင်းခွဲ၍လည်းကောင်း အပိုင်းလိုက်ဖြတ်တောက်၍ သယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ရပါကြောင်း၊ သယ်ဆောင်နိုင်ရေးအတွက် စကျင်ကျောက်တော်ကြီးတည်ရှိရာ မတ္တရာမြို့နယ်၊ စကျင်တောင်မှ မြောင်မြစ်အထိ မြေကြီးကျင်းပေါင်း ၉၂၅၀၇ ကျင်းပါရှိသည့်တူးမြောင်း ဖောက်လုပ်ကာ Barge ရေယာဉ်ပေါ်သို့ တင်ဆောင်နိုင်ရေးလုပ်ဆောင်ခဲ့ရပါကြောင်း၊ ယင်းမှတစ်ဆင့်  ဧရာဝတီမြစ်ကြောင်းအတိုင်း မြင်းခြံမြို့နယ်ရှိ ဆီမီးခုံ ဆိပ်ကမ်းသို့ ပထမအဆင့် ပင့်ဆောင် ပူဇော်ရပါကြောင်း၊ ဆီမီးခုံဆိပ်ကမ်းတွင် အလေးချိန်လျှော့ချခြင်းလုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး ယင်းမှတစ်ဆင့် မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း Modular Trailer များဖြင့် နေပြည်တော်သို့ ဆက်လက်ပင့်ဆောင်ခဲ့ရခြင်းဖြစ်ပါကြောင်း။

          လက်ရှိအချိန်ထိ နေပြည်တော်သို့ စုစုပေါင်း ၅ ကြိမ်သယ်ဆောင်ပြီးစီးခဲ့ပြီး ထပ်မံသယ်ယူပင့်ဆောင်ရန် ၂ ကြိမ်ကျန်ရှိမည်ဖြစ်ကာ စုစုပေါင်း အလေးချိန် တန်ချိန် ၇၆၃၂  တန်ကို သယ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ နေပြည်တော်သို့‌အားလုံးရောက်ရှိပါက အစိတ် အပိုင်းများအားလုံး ပြန်လည်တွဲဆက်ခြင်းလုပ်ငန်းများကို ခိုင်ခိုင်မာမာအောင် အဆင့်မြင့် နည်းပညာများဖြင့်လုပ်ဆောင်မည်ဖြစ်ပြီးCNC Machine များဖြင့် ပုံဖော်ထုဆစ်ခြင်း လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆင်းတုတော်ကြီးတည်ထားမည့် ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများ အဆင်ပြေစေရေးအတွက် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊  သုဓမ္မာဇရပ်၊ ဘုတ်တလုတ် ရေကန်၊ ရေပန်းများကို ရတနာပုံခေတ်လက်ရာများအတိုင်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပါ ကြောင်း၊  ဂန္ဓကုဋိတိုက်အတွင်း၌လည်း ဗုဒ္ဓယဉ်ကျေးမှုများ၊ ဗုဒ္ဓဝင်များကို စကျင်ကျောက် များဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပါကြောင်း၊ ခန့်မှန်းကုန်ကျစရိတ်အနေဖြင့် ငွေကျပ်သန်းပေါင်း ၃၅၃၇၈.၆ သန်း၊ အမေရိကန်ဒေါ်လာ ၉.၇၄ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး လက်ရှိအချိန်ထိ အလှူငွေလက်ခံခြင်းမရှိသေးဘဲ ဆရာတော်ကြီးများကိုတင်ပြလျှောက်ထားပြီးချိန်မှသာ အလှူငွေ များကို လက်ခံသွားမည်ဖြစ်ပါကြောင်းဖြင့် Powerpoint Presentation များ၊ အထူးပြုလုပ်ချက် Video Clip များဖြင့် အကျယ်တဝင့် တင်ပြလျှောက်ထားသည်။

          လျှောက်ထားတင်ပြမှုအပေါ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ဘုရားကြီးက အကြီးဆုံးဖြစ်လာမည်ဖြစ်သည့်အတွက် ခိုင်ခိုင်ခံ့ခံ့နှင့် ကြည်ညို ဖွယ်ဖြစ်အောင်ထုဆစ်လုပ်ဆောင်ကြစေလိုကြောင်းဖြင့်လည်းကောင်း၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်း ဆရာတော်ကြီးက တင်ပြလျှောက် ထားမှုများအရ ပြည့်စုံမှုရှိပြီး ရဟန်းရှင်လူအများပြည်သူတို့ ဖူးမြော်ကြည်ညိုကြရာတွင် လေးစား ယုံကြည်စွာ ဖူးမြော်နိုင်ရေးအတွက် မျက်နှာတော်ကို သပ္ပါယ်အောင် လုပ်ဆောင် သင့်ကြောင်း၊ ဂုဏ်တော်ကို အာရုံပြု၍ ဖူးမြော်သည် ဆိုသော်လည်း ရုပ်ပွားတော်က သပ္ပါယ် ဖွယ် ဖြစ်ပါက ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ပိုမိုကုသိုလ်ဖြစ်စေသောကြောင့် မျက်နှာတော်ကို ဂရုစိုက်ထုဆစ်ကြစေလိုကြောင်းဖြင့်လည်းကောင်း၊ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများ ကိုယ်စား ပဲခူးမြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဂန္ဓမာ က ပြောဆိုရန်မရှိအောင် ပြည်စုံမှုရှိသော် လည်း အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သကဲ့သို့ အခိုင်မာဆုံး၊ အရှည်ကြာဆုံးအထိ တည်တံ့အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သဒ္ဒါတရားများကို တည်တံ့အောင်၊ ဘာသာ သာသနာကို တည်တံ့ခိုင်မြဲတိုးပွားအောင် လုပ်ဆောင်သွားကြစေလိုကြောင်းဖြင့်   အသီးသီး အကြံပြုမိန့်ကြားတော်မူကြသည်။

          မိန့်ကြားမှုများအပေါ် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကပြန်လည်ဆွေးနွေးတင်ပြလျှောက်ထားပြီး ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

          ထို့နောက် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထား ကိုးကွယ်မည့် ပုံစံအတိုင်းပြုလုပ်ပုံဖော်ထားသည့် ဥယျာဉ်တော်အကွက်ချပုံစံငယ်များ၊ ရုပ်ပွားတော်ကြီးပုံစံငယ်များ၊ ရောက်ရှိပြီးဖြစ်သည့် ကျောက်တော်ကြီးများ နေရာချထားမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆရာတော်ကြီးများ က လိုက်လံကြည့်ရှုကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့သည်။

 

(Zawgyi Version)

ကမာၻေပၚရွိ ထိုင္ေတာ္မူေက်ာက္ဆစ္႐ုပ္ပြားေတာ္မ်ားအနက္ ဉာဏ္ေတာ္အျမင့္ဆုံး ျဖစ္လာမည့္ ဘူမိဖႆမုျဒာထိုင္ေတာ္မူေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ေဆာက္ေရးလုပ္ငန္း ဆိုင္ရာမ်ားအား ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဆရာေတာ္ႀကီးမ်ားထံသို႔ တင္ျပ ေလွ်ာက္ထားၿပီး ဩဝါဒခံယူ

ေနျပည္ေတာ္၊ မတ္ – ၂၅

ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ဗုဒၶဥယ်ာဥ္ေတာ္တြင္ တည္ထားပူေဇာ္မည့္ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ေဆာက္ေရးလုပ္ငန္းဆိုင္ရာမ်ားအား ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဆရာေတာ္ ႀကီးမ်ားထံသို႔ တင္ျပေလွ်ာက္ထားျခင္းႏွင့္ ဩဝါဒခံယူျခင္းအခမ္းအနားကို ယေန႔နံနက္ပိုင္း တြင္ ႐ုပ္ပြားေတာ္ျမတ္ႀကီးတည္ထားကိုးကြယ္မည့္ ဒကၡိဏသီရိ ၿမိဳ႕နယ္ရွိ ဗုဒၶဥယ်ာဥ္ေတာ္ မဂၤလာေနရာ၌ က်င္းပျပဳလုပ္သည္။

အခမ္းအနားသို႔ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒၊ မႏၲေလးၿမိဳ႕၊ ဗန္းေမာ္ ေက်ာင္းတိုက္ ပဓာနနာယက၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာ သဒၶမၼေဇာတိက ေဒါက္တာဘဒၵႏၲကုမာရာဘိဝံသ ဗန္းေမာ္ဆရာေတာ္ႀကီး၊ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္၊ သန္လ်င္ၿမိဳ႕၊ မင္းေက်ာင္းပထမျပန္ စာသင္ တိုက္ ပဓာနနာယက အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမေဇာတိကဓဇ ေဒါက္တာ ဘဒၵႏၲစႏၵိမာ ဘိဝံသႏွင့္ ဘြဲ႕တံဆိပ္ေတာ္ရဆရာေတာ္၊သံဃာေတာ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ သာသနာေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးကိုကို၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာ ေမာင္ေမာင္ႏိုင္၊ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ ဖိတ္ၾကား ထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကည္ညိဳၾကသည္။

ဦးစြာ နေမာတႆ သုံးႀကိမ္႐ြတ္ဆိုဘုရားကန္ေတာ့၍ အခမ္းအနားအားဖြင့္လွစ္ၿပီး ဦးေဆာင္ဘုရားဒါယကာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ေဆာက္ပူေဇာ္ေရးႏွင့္ စပ္လ်ဥ္း၍ တင္ျပ ေလွ်ာက္ထားရာတြင္ ေနျပည္ေတာ္၌ ဉာဏ္ေတာ္ ၈၁ ေပအျမင့္ရွိ စက်င္ဆင္းတုေတာ္ႀကီးကို ျမန္မာႏိုင္ငံတြင္ ေထရဝါဒဗုဒၶသာသနာေတာ္ႀကီး ခိုင္မာစြာထြန္းလင္းေတာက္ပလ်က္ရွိ သည္ကို ကမာၻကိုျပသရန္၊ တိုင္းျပည္ေအးခ်မ္းသာယာမႈရွိေစရန္၊ ႐ုပ္ပြာေတာ္ျမတ္ ႀကီးအား ျပည္တြင္းျပည္ပ ဘုရားဖူးမ်ား လာေရာက္ျခင္းျဖင့္ ေဒသတိုးတက္စည္ကားမႈျဖစ္ေစရန္၊ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္မႈအေထာက္အကူျဖစ္ေစရန္ စသည့္ ရည္႐ြယ္ခ်က္ ၄ ရပ္ျဖင့္ တည္ထားကိုးကြယ္ရန္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ပါေၾကာင္း၊ အဆိုပါဘူမိဖႆမုျဒာ ထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအျဖစ္ ထုဆစ္ပူေဇာ္မည့္ စက်င္ေက်ာက္ ေတာ္ႀကီးကို Angelo Mining Company မွ ဦးေအာင္ခိုင္သန္း မိသားစုတို႔က ခရစ္ႏွစ္ ၂၀၁၃ Shwe Foundation သို႔ လႉဒါန္းခဲ့ျခင္း ျဖစ္ေၾကာင္း၊ ၂၀၁၇ ခုႏွစ္ေႏွာင္းပိုင္းတြင္ Shwe Foundation ၏ ေမတၱာရပ္ခံခ်က္အရ တပည့္ေတာ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ခုနစ္ရက္သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို႔က သီတဂူဆရာေတာ္ဘုရားႀကီး၊ ေ႐ႊသုဝဏ္ဆရာေတာ္ဘုရားႀကီးႏွင့္ ပါေမာကၡခ်ဳပ္ဆရာေတာ္ ဘုရားႀကီးတို႔၏ ၾသဝါဒမ်ားႏွင့္အညီ ေခတ္မီနည္းစနစ္မ်ားျဖင့္ ထုဆစ္ပူေဇာ္ႏိုင္ရန္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ၂၀၁၈ ခုႏွစ္တြင္ ေလ့လာေရးလုပ္ငန္းမ်ားကို စတင္ ေဆာင္႐ြက္ခဲ့ၿပီး စက်င္ေက်ာက္ေတာ္ႀကီးမွ ထြက္ရွိလာႏိုင္သည့္ အတိုင္းအတာ၊ ထုထည္ႏွင့္ အျပစ္အနာအဆာရွိမႈအေျခအေနမ်ားကို သိရွိႏိုင္ရန္ ေက်ာက္ေတာ္ႀကီးအား တူးေဖာ္၍ X-Ray ႐ိုက္ စမ္းသပ္စစ္ေဆးခဲ့ရပါေၾကာင္း၊ ထိုမွတစ္ဆင့္ ထြက္ေပၚလာသည့္ ေက်ာက္ေတာ္ ႀကီးအားလွဲ၍ အၾကမ္းထည္ ပုံေဖာ္ၾကည့္ရႈရာတြင္ ဉာဏ္ေတာ္ ၆၅ ေပ ထြက္ရွိႏိုင္သည္ကို တြက္ခ်က္ရရွိကာ ပလႅင္ေတာ္ ၁၈ ေပ ထပ္မံ ထည့္သြင္းႏိုင္ေရး လုပ္ေဆာင္ခဲ့ရပါေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လတြင္ သီတဂူ ဆရာေတာ္ဘုရားႀကီးအား ပင့္ေဆာင္၍ လိုအပ္သည့္ လမ္းၫႊန္မွာၾကားမႈမ်ားကို ဩဝါဒခံယူခဲ့ပါေၾကာင္း၊ ထို႔အတူ ‌ေ႐ႊသုဝဏ္ဆရာေတာ္ဘုရား ႀကီး၊ ပါေမာကၡခ်ဳပ္ဆရာေတာ္ ဘုရားႀကီးႏွင့္ ပါဌိတကၠသိုလ္ေက်ာင္းတိုက္ ဆရာေတာ္ႀကီး တို႔ထံမွလည္း ဩဝါဒနာယူခဲ့ပါေၾကာင္း။

႐ုပ္ပြားေတာ္ျမတ္ႀကီးကို ထုဆစ္ပူေဇာ္ရာတြင္ ျမတ္စြာဘုရားရွင္၏ သုံးဆယ့္ ႏွစ္ပါး ေသာ လကၡဏာေတာ္ႀကီး၊ ရွစ္ဆယ္ေသာ လကၡဏာေတာ္ငယ္တို႔ႏွင့္ သင့္ေလ်ာ္ ညီၫြတ္ ေသာ ဘူမိဖႆမုျဒာဟန္ျဖင့္ ထုဆစ္ပူေဇာ္သြားမည္ျဖစ္ၿပီး ပလႅင္ေတာ္အျမင့္ ၁၈ ေပ၊ ဉာဏ္ေတာ္အျမင့္ ၆၃ ေပ၊ စုစုေပါင္း ၈၁ ေပအျမင့္ရွိမည္ျဖစ္ၿပီး ခန႔္မွန္းအေလးခ်ိန္အေနျဖင့္ ဆင္းတုေတာ္ ၁၇၂၀ တန္၊ ပလႅင္ေတာ္ ၃၀၆၀ တန္၊ စုစုေပါင္း တန္ခ်ိန္ ၄၇၈၀ တန္ရွိ မည္ျဖစ္ပါေၾကာင္း၊ ျမန္မာႏိုင္ငံတြင္တည္ထားကိုးကြယ္ထားရွိသည့္ ေက်ာက္ေတာ္ႀကီး ဘုရားမ်ားအေနျဖင့္ ျမန္မာသကၠရာဇ္ ၁၀၉၂ ခုႏွစ္၊ အင္းဝၿမိဳ႕တြင္ တနဂၤေႏြမင္းႀကီး တည္ထားကိုးကြယ္ခဲ့သည့္ မဟာေလာကသရဖူေက်ာက္ေတာ္ႀကီးဘုရား (ဉာဏ္ေတာ္ အျမင့္ ၂၇ ေပ ၆ လက္မ)၊ ျမန္မာသကၠရာဇ္ ၁၁၄၈ ခုႏွစ္၊ အမရပူရၿမိဳ႕တြင္ ေတာင္မင္းႀကီး ကိုးကြယ္ခဲ့သည့္ ေတာင္မင္းႀကီး ေက်ာက္ေတာ္ႀကီးဘုရား (ဉာဏ္ေတာ္ အျမင့္ ၁၃ ေပ ၉ လက္မ)၊ ျမန္မာသကၠရာဇ္ ၁၂၂၇ ခုႏွစ္၊ မႏၲေလးၿမိဳ႕တြင္ မင္းတုန္းမင္းႀကီး တည္ထား ကိုးကြယ္ခဲ့သည့္ မဟာသက်မာရဇိန္ေက်ာက္ေတာ္ႀကီးဘုရား (ဉာဏ္ေတာ္ အျမင့္ ၂၆ ေပ ၃ လက္မ)၊ ျမန္မာသကၠရာဇ္ ၁၃၆၃ ခုႏွစ္၊ ခရစ္ႏွစ္ ၂၀၀၁ ခုႏွစ္၊ ႏိုင္ငံေတာ္ ေအးခ်မ္း သာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီလက္ထက္တြင္ ရန္ကုန္ၿမိဳ႕၌ တည္ထားကိုးကြယ္ ခဲ့သည့္ ေလာကခ်မ္းသာအဘယလာဘမုနိေက်ာက္ေတာ္ႀကီးဘုရား(ဉာဏ္ေတာ္အျမင့္ ၃၇ ေပ ၇ လက္မ)ႏွင့္ ျမန္မာသကၠရာဇ္ ၁၃၇၇ ခုႏွစ္၊ ခရစ္ႏွစ္ ၂၀၁၅ ခုႏွစ္၊ ႏိုင္ငံေတာ္ သမၼတ ဦးသိန္းစိန္လက္ထက္တြင္ ေနျပည္ေတာ္၌ တည္ထားကိုးကြယ္ခဲ့သည့္ မဟာသက်ရံသီ ေက်ာက္ေတာ္ႀကီးဘုရား(ဉာဏ္ေတာ္အျမင့္ ၃၂ ေပ) တို႔ပင္ျဖစ္ပါေၾကာင္း၊ ျပည္ပႏိုင္ငံမ်ားရွိ ထိုင္ေတာ္မူ ဆင္းတုေတာ္ႀကီးမ်ားကို ေလ့လာခဲ့ရာတြင္ ၁၉၈၉ ခုႏွစ္တြင္ အိႏၵိယ ႏိုင္ငံ၌ သဲေက်ာက္၊ ႏွမ္းဖက္ေက်ာက္တို႔ျဖင့္ တည္ထားကိုးကြယ္ခဲ့သည့္ Great Buddha ဘုရား (ဉာဏ္ေတာ္အျမင့္ ၆၄ ေပ)၊ ေအဒီ ၁၂၅၂ ခုႏွစ္တြင္ ဂ်ပန္ႏိုင္ငံ၌ ေၾကးျပားသြန္းလုပ္ပူေဇာ္ ထားရွိသည့္ Kamakura Daibutsu ဘုရား(ဉာဏ္ေတာ္အျမင့္ ၄၃ ေပ ၈ လက္မ)ႏွင့္ ၂၀၁၄ ခုႏွစ္တြင္ ထိုင္းႏိုင္ငံ၊ ဖူးခက္ၿမိဳ႕၌ အာစီကြန္ကရစ္ျဖင့္ တည္ေဆာက္ထားၿပီး စက်င္ ေက်ာက္ကပ္ထားသည့္ Phuket Big Buddha ဘုရား(ဉာဏ္ေတာ္အျမင့္ ၁၄၈ ေပ) တို႔ျဖစ္ သည္ကို ေတြ႕ရွိရပါေၾကာင္း၊ ထို႔ေၾကာင့္ ယခုဆင္းတုေတာ္ႀကီး တည္ထားကိုးကြယ္ၿပီးစီး ပါက ျမန္မာတြင္မက ကမာၻ႔ႏိုင္ငံမ်ားတြင္ပါ စက်င္ေက်ာက္ေတာ္ႀကီးျဖင့္ ထုဆစ္သည့္ ဆင္းတုေတာ္ႀကီးမ်ားအနက္ အႀကီးဆုံး၊ ဉာဏ္ေတာ္အျမင့္မားဆုံး ဆင္းတုေတာ္ႀကီးျဖစ္ လာမည္ျဖစ္ပါေၾကာင္း။

ဆင္းတုေတာ္ႀကီးအား ေနျပည္ေတာ္တြင္ တည္ထားကိုးကြယ္ႏိုင္ေရးအတြက္ ပင့္ေဆာင္ ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ရာတြင္ ထုထည္ပမာဏႀကီးမားေသာေၾကာင့္ မူလဉာဏ္ေတာ္အျမင့္ ကို မထိခိုက္ေစဘဲ အစိတ္အပိုင္း ၄ ပိုင္းခြဲ၍လည္းေကာင္း၊ ပလႅင္ေတာ္ကို အစိတ္အပိုင္း ၅ ပိုင္းခြဲ၍လည္းေကာင္း အပိုင္းလိုက္ျဖတ္ေတာက္၍ သယ္ယူႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ခဲ့ရပါေၾကာင္း၊ သယ္ေဆာင္ႏိုင္ေရးအတြက္ စက်င္ေက်ာက္ေတာ္ႀကီးတည္ရွိရာ မတၱရာၿမိဳ႕နယ္၊ စက်င္ေတာင္မွ ေျမာင္ျမစ္အထိ ေျမႀကီးက်င္းေပါင္း ၉၂၅၀၇ က်င္းပါရွိသည့္တူးေျမာင္း ေဖာက္လုပ္ကာ Barge ေရယာဥ္ေပၚသို႔ တင္ေဆာင္ႏိုင္ေရးလုပ္ေဆာင္ခဲ့ရပါေၾကာင္း၊ ယင္းမွတစ္ဆင့္ ဧရာဝတီျမစ္ေၾကာင္းအတိုင္း ျမင္းၿခံၿမိဳ႕နယ္ရွိ ဆီမီးခုံ ဆိပ္ကမ္းသို႔ ပထမအဆင့္ ပင့္ေဆာင္ ပူေဇာ္ရပါေၾကာင္း၊ ဆီမီးခုံဆိပ္ကမ္းတြင္ အေလးခ်ိန္ေလွ်ာ့ခ်ျခင္းလုပ္ငန္းမ်ားကို လုပ္ေဆာင္ ခဲ့ၿပီး ယင္းမွတစ္ဆင့္ မႏၲေလး-ရန္ကုန္ အျမန္လမ္းအတိုင္း Modular Trailer မ်ားျဖင့္ ေနျပည္ေတာ္သို႔ ဆက္လက္ပင့္ေဆာင္ခဲ့ရျခင္းျဖစ္ပါေၾကာင္း။

လက္ရွိအခ်ိန္ထိ ေနျပည္ေတာ္သို႔ စုစုေပါင္း ၅ ႀကိမ္သယ္ေဆာင္ၿပီးစီးခဲ့ၿပီး ထပ္မံသယ္ယူပင့္ေဆာင္ရန္ ၂ ႀကိမ္က်န္ရွိမည္ျဖစ္ကာ စုစုေပါင္း အေလးခ်ိန္ တန္ခ်ိန္ ၇၆၃၂ တန္ကို သယ္ေဆာင္ရမည္ျဖစ္ပါေၾကာင္း၊ ေနျပည္ေတာ္သို႔‌အားလုံးေရာက္ရွိပါက အစိတ္ အပိုင္းမ်ားအားလုံး ျပန္လည္တြဲဆက္ျခင္းလုပ္ငန္းမ်ားကို ခိုင္ခိုင္မာမာေအာင္ အဆင့္ျမင့္ နည္းပညာမ်ားျဖင့္လုပ္ေဆာင္မည္ျဖစ္ၿပီးCNC Machine မ်ားျဖင့္ ပုံေဖာ္ထုဆစ္ျခင္း လုပ္ငန္း မ်ားကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ ဆင္းတုေတာ္ႀကီးတည္ထားမည့္ ဥယ်ာဥ္ေတာ္အတြင္း၌ ရပ္နီးရပ္ေဝးမွ ဘုရားဖူးလာျပည္သူမ်ား အဆင္ေျပေစေရးအတြက္ ဂႏၶကုဋိတိုက္မ်ား၊ ဓမၼာ႐ုံမ်ား၊ ေမာ္ကြန္းတိုက္မ်ား၊ သုဓမၼာဇရပ္၊ ဘုတ္တလုတ္ ေရကန္၊ ေရပန္းမ်ားကို ရတနာပုံေခတ္လက္ရာမ်ားအတိုင္း ထည့္သြင္းတည္ေဆာက္သြားမည္ျဖစ္ပါ ေၾကာင္း၊ ဂႏၶကုဋိတိုက္အတြင္း၌လည္း ဗုဒၶယဥ္ေက်းမႈမ်ား၊ ဗုဒၶဝင္မ်ားကို စက်င္ေက်ာက္ မ်ားျဖင့္ ထုဆစ္ပူေဇာ္သြားမည္ျဖစ္ပါေၾကာင္း၊ ခန႔္မွန္းကုန္က်စရိတ္အေနျဖင့္ ေငြက်ပ္သန္းေပါင္း ၃၅၃၇၈.၆ သန္း၊ အေမရိကန္ေဒၚလာ ၉.၇၄ သန္းခန႔္ ကုန္က်မည္ျဖစ္ၿပီး လက္ရွိအခ်ိန္ထိ အလႉေငြလက္ခံျခင္းမရွိေသးဘဲ ဆရာေတာ္ႀကီးမ်ားကိုတင္ျပေလွ်ာက္ထားၿပီးခ်ိန္မွသာ အလႉေငြ မ်ားကို လက္ခံသြားမည္ျဖစ္ပါေၾကာင္းျဖင့္ Powerpoint Presentation မ်ား၊ အထူးျပဳလုပ္ခ်က္ Video Clip မ်ားျဖင့္ အက်ယ္တဝင့္ တင္ျပေလွ်ာက္ထားသည္။

ေလွ်ာက္ထားတင္ျပမႈအေပၚ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ ဗန္းေမာ္ ဆရာေတာ္ဘုရားႀကီးက အႀကီးဆုံးျဖစ္လာမည္ျဖစ္သည့္အတြက္ ခိုင္ခိုင္ခံ့ခံ့ႏွင့္ ၾကည္ညိဳ ဖြယ္ျဖစ္ေအာင္ထုဆစ္လုပ္ေဆာင္ၾကေစလိုေၾကာင္းျဖင့္လည္းေကာင္း၊ ႏိုင္ငံေတာ္သံဃမဟာ နာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္ သန္လ်င္မင္းေက်ာင္း ဆရာေတာ္ႀကီးက တင္ျပေလွ်ာက္ ထားမႈမ်ားအရ ျပည့္စုံမႈရွိၿပီး ရဟန္းရွင္လူအမ်ားျပည္သူတို႔ ဖူးေျမာ္ၾကည္ညိဳၾကရာတြင္ ေလးစား ယုံၾကည္စြာ ဖူးေျမာ္ႏိုင္ေရးအတြက္ မ်က္ႏွာေတာ္ကို သပၸါယ္ေအာင္ လုပ္ေဆာင္ သင့္ေၾကာင္း၊ ဂုဏ္ေတာ္ကို အာ႐ုံျပဳ၍ ဖူးေျမာ္သည္ ဆိုေသာ္လည္း ႐ုပ္ပြားေတာ္က သပၸါယ္ ဖြယ္ ျဖစ္ပါက ဝမ္းေျမာက္ဝမ္းသာျဖစ္ၿပီး ပိုမိုကုသိုလ္ျဖစ္ေစေသာေၾကာင့္ မ်က္ႏွာေတာ္ကို ဂ႐ုစိုက္ထုဆစ္ၾကေစလိုေၾကာင္းျဖင့္လည္းေကာင္း၊ ဘြဲ႕တံဆိပ္ေတာ္ရဆရာေတာ္ႀကီးမ်ား ကိုယ္စား ပဲခူးၿမိဳ႕မေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲ ဂႏၶမာ က ေျပာဆိုရန္မရွိေအာင္ ျပည္စုံမႈရွိေသာ္ လည္း အေကာင္းဆုံးျဖစ္ေအာင္လုပ္ေဆာင္သကဲ့သို႔ အခိုင္မာဆုံး၊ အရွည္ၾကာဆုံးအထိ တည္တံ့ေအာင္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ သဒၵါတရားမ်ားကို တည္တံ့ေအာင္၊ ဘာသာ သာသနာကို တည္တံ့ခိုင္ၿမဲတိုးပြားေအာင္ လုပ္ေဆာင္သြားၾကေစလိုေၾကာင္းျဖင့္ အသီးသီး အႀကံျပဳမိန႔္ၾကားေတာ္မူၾကသည္။

မိန႔္ၾကားမႈမ်ားအေပၚ ဦးေဆာင္ဘုရားဒါယကာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကျပန္လည္ေဆြးေႏြးတင္ျပေလွ်ာက္ထားၿပီး ဗုဒၶ သာသနံ စိရံ တိ႒တု သုံးႀကိမ္႐ြတ္ဆိုဆုေတာင္းကာ အခမ္းအနားကို ႐ုပ္သိမ္းခဲ့ၾကသည္။

ထို႔ေနာက္ ဘူမိဖႆမုျဒာထိုင္ေတာ္မူေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးတည္ထား ကိုးကြယ္မည့္ ပုံစံအတိုင္းျပဳလုပ္ပုံေဖာ္ထားသည့္ ဥယ်ာဥ္ေတာ္အကြက္ခ်ပုံစံငယ္မ်ား၊ ႐ုပ္ပြားေတာ္ႀကီးပုံစံငယ္မ်ား၊ ေရာက္ရွိၿပီးျဖစ္သည့္ ေက်ာက္ေတာ္ႀကီးမ်ား ေနရာခ်ထားမႈႏွင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားကို ဆရာေတာ္ႀကီးမ်ား က လိုက္လံၾကည့္ရႈၾကရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းတင္ျပခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။