နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံ၊ မြစ်ငယ်သို့သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမောင်မောင်အုန်း၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံ၊ မြစ်ငယ်သို့ သွားရောက်ကြည့်ရှု စစ်ဆေး သည်။

ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး ဦးဘမြင့်၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းတို့က ဝန်ကြီးဌာန၏ နောက်ခံသမိုင်းအကျဉ်း၊ မြန်မာ့မီးရထား၏ လုပ်ငန်းတာဝန်များ၊ စက်ရုံများနှင့် ဌာနများအလိုက် ဝန်ထမ်းများခန့်အပ်ထားမှု အခြေ အနေများ၊ နိုင်ငံတစ်ဝန်းမီးရထားများပြေးဆွဲနေမှု အခြေအနေများနှင့် တိုးချဲ့ပြေးဆွဲမည့် အခြေအနေများ၊ မီးရထား လူစီးတွဲနှင့် ကုန်တွဲအသစ်များတည်ဆောက်ခဲ့မှုနှင့် ဆက်လက် တည်ဆောက်နေမှုအခြေအနေများ၊စက်ခေါင်းများ ပြုပြင်ထိန်းသိမ်းမှုနှင့် မီးရထားလမ်းများ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများအား Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံ၏ပို့ဆောင်ရေးလုပ်ငန်းများတွင် ရထားပို့ဆောင်ရေး လုပ်ငန်းသည် နိုင်ငံအားများစွာအထောက်အကူပြုသည့် သယ်ယူပို့ဆောင်ရေး စနစ် ပင် ဖြစ် ကြောင်း၊ မြန်မာ့မီးရထားသည်နှစ်ပေါင်း ၁၄၀ သက်တမ်းရှိပြီ ဖြစ်သဖြင့် အရှေ့ တောင် အာရှနိုင်ငံများ၌ အိန္ဒိယနိုင်ငံပြီးလျှင် ဒုတိယသက်တမ်းအရင့်ဆုံးဖြစ်သောကြောင့် ရထား ပို့ဆောင်ရေးနှင့်ပတ်သက်၍ များစွာအတွေ့အကြုံရှိပြီးဖြစ်ကြောင်း၊ မီးရထား လမ်း များ ကြံ့ခိုင်ကောင်းမွန်ရေးအတွက် အဓိကဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ လမ်း တစ်ခု ချင်းအလိုက် တိုင်းတာစစ်ဆေးရန်လိုကြောင်း၊ မီးရထားလမ်းများကောင်းမွန်ခြင်း မရှိပါ က ရထားတွဲများပျက်ဆီးစေပြီး ခရီးသွားသွားလာမှုကို ကြန့်ကြာမှု ဖြစ်ပေါ်စေ သဖြင့် လမ်းများကောင်းမွန်စေရေး ရထားလမ်းများအား ထိန်းသိမ်းဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာ၍ ရေရှည်အတွက် ဦးစားပေးစဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိပြေးဆွဲနေသည့် မီးရထားများ တစ်နာရီလျှင် အနည်းဆုံး ကီလိုမီတာ ၁၀၀ အထိခုတ်မောင်းပြေးဆွဲနိုင်ရေး ဆောင်ရွက် ရန်လိုကြောင်း၊ မီးရထားလမ်းကွန်ရက်များနှင့်အတူ ဆက်သွယ်ရေးကွန်ရက် တစ်ခုကို ထည့်သွင်းတည်ဆောက်ခြင်းဖြင့် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မီးရထား စက်ခေါင်းများနှင့် တွဲများပြုပြင်ထိန်းသိမ်းခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများ၊ မီးရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ထပ်မံတိုးချဲ့ဖောက် လုပ်ခြင်းလုပ်ငန်းများ တွင် ပြည်တွင်းမှအင်ဂျင်နီယာပညာရှင်များကို အဓိကအသုံးပြု ဆောင်ရွက်၍ နည်းပညာ များတိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မီးရထားစက်ခေါင်းများနှင့် လူစီးတွဲ၊ ကုန်တင်တွဲများအား ပြည်တွင်းဖြစ်တည်ဆောက်နိုင်ရေး သုတေသနပြု၍ နည်းပညာများ လေ့လာဆောင်ရွက် ကြိုးပမ်းနေရန်လိုကြောင်း၊ ရထားတွဲများတည်ဆောက်ရာတွင် လျှပ်စစ်ရထားအထိ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရေး အနာဂတ်အတွက် ကြိုတင် စဉ်းစား ဆောင်ရွက်နေရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားများလုံလောက်စွာရရှိရေး အတွက် နိုင်ငံတော်မှ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ် ရေးစီမံကိန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မီးရထားခရီးစဉ်များပြေးဆွဲရာတွင် ခရီးသည်များ အဆင်ပြေစွာခရီးသွား ရောက်နိုင်ရေးအတွက် ရောက်ရှိထွက်ခွာမှုများအချိန်မှန်ရေးနှင့် မီးရထားလမ်း တစ်လျှောက်နှင့် မီးရထားရပ်ဝန်းများတွင် သန့်ရှင်းမှုရှိစေရေး အမြဲမပြတ်ဆောင်ရွက် နေရန်လိုကြောင်း၊ မြန်မာ့ မီးရထားဝန်ဆောင်မှုလုပ်ငန်းများတွင် အထောက် အကူ ဖြစ်စေရန်အတွက် မီးရထားပိုင်မြေများအား အကျိုးရှိစွာအသုံးချနိုင်ရေး ဖော်ထုတ် ဆောင်ရွက်ရန်လိုကြောင်းမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စက်ရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ စက်ရုံမှူးက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် လူစီးတွဲသစ်စက်ရုံအတွင်း လူစီးတွဲများတည်ဆောက်နေမှုအခြေအနေများ အားလှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဉီးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာ့မီးရထားအထူးတွဲဖြင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ မြစ်ငယ်ဘူတာမှ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ရွာထောင်ဘူတာအထိ လိုက်ပါစီးနင်းခဲ့ကြသည်။

အဆိုပါ မြန်မာ့မီးရထား လူစီးတွဲနှင့်ကုန်တွဲစက်ရုံမြစ်ငယ်အား ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် တွဲတည်ဆောက်ခြင်းများအား စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါအဆိုပါစက်ရုံတွင် စက်ခေါင်းများနှင့် လူစီးတွဲ၊ ကုန်တင်တွဲများအား အကြီးစားပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်မှစ၍ လူစီးတွဲသစ်စက်ရုံမှ လေအိတ်ဘိုဂီတွဲများ တည်ဆောက်ထုတ်လုပ်လျက်ရှိသည်။

 

(Zawgyi Version)

 

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျမန္မာ့မီးရထား လူစီးတြဲႏွင့္ ကုန္တြဲစက္႐ုံ၊ ျမစ္ငယ္သို႔သြားေရာက္ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္ ေမ ၁၈

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ား ျဖစ္ၾက သည့္ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ဦးေအာင္ႏိုင္ဦး၊ ေဒါက္တာ ၫြန႔္ေဖ၊ ေဒါက္တာ သက္ခိုင္ဝင္း၊ ဦးေမာင္ေမာင္အုန္း၊ မႏၲေလးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးေမာင္ကို၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ကိုကိုဦးႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါ၍ ယေန႔နံနက္ပိုင္း တြင္ မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရရွိ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျမန္မာ့မီးရထား လူစီးတြဲႏွင့္ ကုန္တြဲစက္႐ုံ၊ ျမစ္ငယ္သို႔ သြားေရာက္ၾကည့္ရႈ စစ္ေဆး သည္။

ဦးစြာ စက္႐ုံအစည္းအေဝးခန္းမတြင္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ျမန္မာ့မီးရထား ဦးေဆာင္ ၫႊန္ၾကားေရးမႉး ဦးဘျမင့္၊ စက္မႈႏွင့္ လွ်ပ္စစ္အင္ဂ်င္နီယာဌာန အေထြေထြမန္ေနဂ်ာ ဦးတင္ေမာင္သန္းတို႔က ဝန္ႀကီးဌာန၏ ေနာက္ခံသမိုင္းအက်ဥ္း၊ ျမန္မာ့မီးရထား၏ လုပ္ငန္းတာဝန္မ်ား၊ စက္႐ုံမ်ားႏွင့္ ဌာနမ်ားအလိုက္ ဝန္ထမ္းမ်ားခန႔္အပ္ထားမႈ အေျခ အေနမ်ား၊ ႏိုင္ငံတစ္ဝန္းမီးရထားမ်ားေျပးဆြဲေနမႈ အေျခအေနမ်ားႏွင့္ တိုးခ်ဲ႕ေျပးဆြဲမည့္ အေျခအေနမ်ား၊ မီးရထား လူစီးတြဲႏွင့္ ကုန္တြဲအသစ္မ်ားတည္ေဆာက္ခဲ့မႈႏွင့္ ဆက္လက္ တည္ေဆာက္ေနမႈအေျခအေနမ်ား၊စက္ေခါင္းမ်ား ျပဳျပင္ထိန္းသိမ္းမႈႏွင့္ မီးရထားလမ္းမ်ား အဆင့္ ျမႇင့္တင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ ေနမႈအေျခအေနမ်ားအား Power Point ျဖင့္ အသီးသီးရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံ၏ပို႔ေဆာင္ေရးလုပ္ငန္းမ်ားတြင္ ရထားပို႔ေဆာင္ေရး လုပ္ငန္းသည္ ႏိုင္ငံအားမ်ားစြာအေထာက္အကူျပဳသည့္ သယ္ယူပို႔ေဆာင္ေရး စနစ္ ပင္ ျဖစ္ ေၾကာင္း၊ ျမန္မာ့မီးရထားသည္ႏွစ္ေပါင္း ၁၄၀ သက္တမ္းရွိၿပီ ျဖစ္သျဖင့္ အေရွ႕ ေတာင္ အာရွႏိုင္ငံမ်ား၌ အိႏၵိယႏိုင္ငံၿပီးလွ်င္ ဒုတိယသက္တမ္းအရင့္ဆုံးျဖစ္ေသာေၾကာင့္ ရထား ပို႔ေဆာင္ေရးႏွင့္ပတ္သက္၍ မ်ားစြာအေတြ႕အႀကဳံရွိၿပီးျဖစ္ေၾကာင္း၊ မီးရထား လမ္း မ်ား ႀကံ့ခိုင္ေကာင္းမြန္ေရးအတြက္ အဓိကဦးစားေပးေဆာင္႐ြက္ရန္လိုေၾကာင္း၊ လမ္း တစ္ခု ခ်င္းအလိုက္ တိုင္းတာစစ္ေဆးရန္လိုေၾကာင္း၊ မီးရထားလမ္းမ်ားေကာင္းမြန္ျခင္း မရွိပါ က ရထားတြဲမ်ားပ်က္ဆီးေစၿပီး ခရီးသြားသြားလာမႈကို ၾကန႔္ၾကာမႈ ျဖစ္ေပၚေစ သျဖင့္ လမ္းမ်ားေကာင္းမြန္ေစေရး ရထားလမ္းမ်ားအား ထိန္းသိမ္းေဆာင္႐ြက္ရာတြင္ သတ္မွတ္ထားသည့္ စံခ်ိန္စံၫႊန္းမ်ားအတိုင္း တိက်စြာလိုက္နာ၍ ေရရွည္အတြက္ ဦးစားေပးစဥ္းစားေဆာင္႐ြက္ရန္လိုေၾကာင္း၊ လက္ရွိေျပးဆြဲေနသည့္ မီးရထားမ်ား တစ္နာရီလွ်င္ အနည္းဆုံး ကီလိုမီတာ ၁၀၀ အထိခုတ္ေမာင္းေျပးဆြဲႏိုင္ေရး ေဆာင္႐ြက္ ရန္လိုေၾကာင္း၊ မီးရထားလမ္းကြန္ရက္မ်ားႏွင့္အတူ ဆက္သြယ္ေရးကြန္ရက္ တစ္ခုကို ထည့္သြင္းတည္ေဆာက္ျခင္းျဖင့္ အက်ိဳးျဖစ္ထြန္းေစမည္ျဖစ္ေၾကာင္း၊ မီးရထား စက္ေခါင္းမ်ားႏွင့္ တြဲမ်ားျပဳျပင္ထိန္းသိမ္းျခင္းႏွင့္ တည္ေဆာက္ျခင္းလုပ္ငန္းမ်ား၊ မီးရထားလမ္းမ်ား ျပဳျပင္ထိန္းသိမ္းျခင္းႏွင့္ ထပ္မံတိုးခ်ဲ႕ေဖာက္ လုပ္ျခင္းလုပ္ငန္းမ်ား တြင္ ျပည္တြင္းမွအင္ဂ်င္နီယာပညာရွင္မ်ားကို အဓိကအသုံးျပဳ ေဆာင္႐ြက္၍ နည္းပညာ မ်ားတိုးတက္ေအာင္ေဆာင္႐ြက္ရန္လိုေၾကာင္း၊ မီးရထားစက္ေခါင္းမ်ားႏွင့္ လူစီးတြဲ၊ ကုန္တင္တြဲမ်ားအား ျပည္တြင္းျဖစ္တည္ေဆာက္ႏိုင္ေရး သုေတသနျပဳ၍ နည္းပညာမ်ား ေလ့လာေဆာင္႐ြက္ ႀကိဳးပမ္းေနရန္လိုေၾကာင္း၊ ရထားတြဲမ်ားတည္ေဆာက္ရာတြင္ လွ်ပ္စစ္ရထားအထိ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္ႏိုင္ေရး အနာဂတ္အတြက္ ႀကိဳတင္ စဥ္းစား ေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားမ်ားလုံေလာက္စြာရရွိေရး အတြက္ ႏိုင္ငံေတာ္မွ ေရအားလွ်ပ္စစ္ႏွင့္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ထုတ္လုပ္ ေရးစီမံကိန္းမ်ားကို စဥ္ဆက္မျပတ္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးလ်က္ ရွိေၾကာင္း၊ မီးရထားခရီးစဥ္မ်ားေျပးဆြဲရာတြင္ ခရီးသည္မ်ား အဆင္ေျပစြာခရီးသြား ေရာက္ႏိုင္ေရးအတြက္ ေရာက္ရွိထြက္ခြာမႈမ်ားအခ်ိန္မွန္ေရးႏွင့္ မီးရထားလမ္း တစ္ေလွ်ာက္ႏွင့္ မီးရထားရပ္ဝန္းမ်ားတြင္ သန႔္ရွင္းမႈရွိေစေရး အၿမဲမျပတ္ေဆာင္႐ြက္ ေနရန္လိုေၾကာင္း၊ ျမန္မာ့ မီးရထားဝန္ေဆာင္မႈလုပ္ငန္းမ်ားတြင္ အေထာက္ အကူ ျဖစ္ေစရန္အတြက္ မီးရထားပိုင္ေျမမ်ားအား အက်ိဳးရွိစြာအသုံးခ်ႏိုင္ေရး ေဖာ္ထုတ္ ေဆာင္႐ြက္ရန္လိုေၾကာင္းမွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က စက္႐ုံဝန္ထမ္းမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားေပးအပ္ရာ စက္႐ုံမႉးက လက္ခံရယူသည္။ ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ႏွင့္ အဖြဲ႕ဝင္ မ်ားသည္ လူစီးတြဲသစ္စက္႐ုံအတြင္း လူစီးတြဲမ်ားတည္ေဆာက္ေနမႈအေျခအေနမ်ား အားလွည့္လည္ၾကည့္ရႈၾကရာ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းတင္ျပၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဉီးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ျမန္မာ့မီးရထားအထူးတြဲျဖင့္ မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရ ၿမိဳ႕နယ္၊ ျမစ္ငယ္ဘူတာမွ စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕ရွိ ႐ြာေထာင္ဘူတာအထိ လိုက္ပါစီးနင္းခဲ့ၾကသည္။

အဆိုပါ ျမန္မာ့မီးရထား လူစီးတြဲႏွင့္ကုန္တြဲစက္႐ုံျမစ္ငယ္အား ၁၉၀၅ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၁၉၄၇ ခုႏွစ္တြင္ တြဲတည္ေဆာက္ျခင္းမ်ားအား စတင္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။ ယခုအခါအဆိုပါစက္႐ုံတြင္ စက္ေခါင္းမ်ားႏွင့္ လူစီးတြဲ၊ ကုန္တင္တြဲမ်ားအား အႀကီးစားျပဳျပင္ျခင္းႏွင့္ ထိန္းသိမ္းျခင္းလုပ္ငန္းမ်ားအား ေဆာင္႐ြက္လ်က္ရွိၿပီး ၂၀၁၈ ခုႏွစ္မွစ၍ လူစီးတြဲသစ္စက္႐ုံမွ ေလအိတ္ဘိုဂီတြဲမ်ား တည္ေဆာက္ထုတ္လုပ္လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။