နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီ – ၁၃

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန် အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား လှိုင်သာယာ စက်မှုဇုန်၊ ကနောင်ခန်းမ၌ တွေ့ဆုံ၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြား သည်။

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ဒုတိယဝန်ကြီးများ၊ တိုင်း၊ ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ ကော်မတီဥက္ကဋ္ဌများနှင့် အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များ တက်ရောက် ကြ သည်။

လှိုင်သာယာမြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေး

        ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လှိုင်သာယာမြို့နယ်နှင့် စက်မှုဇုန်၏ တည် နေရာ အကျယ်အဝန်းနှင့် သမိုင်းအကျဉ်း၊ စက်မှုဇုန်များအတွင်း လုပ်ငန်းများဆောင် ရွက်လျက်ရှိမှုအခြေအနေများ၊ လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိမှု၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်မြှင့်တင်ရန် လျာထားဆောင်ရွက် လျက်ရှိမှု၊  ဘုရင့်နောင်ပန်းခြံအဆင့်မြှင့်တိုးချဲ့ရန် ဆောင်ရွက်လျက်ရှိမှု၊ ပြည်သူများ အပန်းဖြေနိုင်ရန်အတွက် ဘုရင့်နောင်တံတားပန်းခြံ တည်ဆောက်လျက်ရှိမှုများနှင့် ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေး၊ ယာဉ်စည်းကမ်းလမ်းစည်ကမ်းများ စနစ်တကျရှိ စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးအုန်းဆိုင်က သွင်းကုန်အစားထိုး ကုန်ကြမ်းများ တင်သွင်းခွင့်ပြုပေးစေလိုမှု၊ မြို့တော်ဝန် ဦးဗိုလ်ဌေးက လှိုင်သာယာ မြို့နယ်အတွင်းရှိ အိမ်ယာများ စနစ်တကျရှိစေရေးနှင့် လမ်းမကြီးများတစ်လျှောက် တရားမဝင် ဝင်ရောက်နေထိုင်သူများမရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိမှုများကို ဆွေးနွေးတင်ပြကြသည်။

မြို့ပြနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်

ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က လှိုင်သာယာမြို့နယ်ကို ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့် တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းအား အမြန်ဆုံးပြီးစီးစေရေး တာဝန်ရှိသူများမှ ဆောင်ရွက်ရန် လိုကြောင်း၊ ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ဆောင်ရွက်ပေးရန်လိုပြီး သဘာဝဓာတ်ငွေ့ သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် လေအားလျှပ်စစ်ဓာတ် အား ထုတ်လုပ်ခြင်းများအပါအဝင် နည်းလမ်း ပေါင်းစုံဖြင့် ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အတွင်း လုပ်ကိုင်နိုင်သည့် လျှပ်စစ်ကဏ္ဍအပါအဝင် အခြားကဏ္ဍများကို ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုဇုန်များတွင် လျှပ်စစ်မီး လုံလောက်စွာ ရရှိမှသာ ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

ကုန်ကြမ်းနှင့်ပတ်သက်၍ ပြည်ပမှတင်သွင်းခြင်းထက် တိုင်းဒေသကြီးနှင့် ပြည် နယ်များမှထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကအသုံးပြု၍ ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်သဖြင့် နိုင်ငံအတွက် ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် စက်သုံး ဆီနှင့်စားသုံးဆီများအတွက် နိုင်ငံခြားငွေများကိုသုံးစွဲရလျက်ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးယဉ်များနှင့် လျှပ်စစ်စွမ်းအင်သုံး စက်မှုလုပ် ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးဆီနှင့်ပတ်သက် ၍ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများစိုက်ပျိုးဖြစ်ထွန်းသော်လည်း ပြည်တွင်းလိုအပ် မှုကို ဖြည့်ဆည်းပေးနိုင်မှုမရှိသေးကြောင်း၊ ပြည်တွင်းစက်သုံးဆီနှင့် စားသုံးဆီလိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲရမှုများ လျော့နည်းသွား မည်ဖြစ်ကြောင်း။

၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိမိတို့အနေဖြင့် လှိုင်သာယာမြို့နယ်အတွင်းရှိ တရား မဝင် နေထိုင်သူများအား ဥပဒေနှင့်အညီဆောင်ရွက်ပေးခဲ့ပြီး မြို့သာယာလှပရေး နှင့်စနစ်ကျနမှု ရှိစေရေးကို အလေးပေးဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်သွား ရန်လိုကြောင်း၊ တရားမဝင်ကျူးကျော်နေထိုင်သူများမရှိစေရေး၊ ဥပဒေနှင့်အညီဖြစ် စေရေးနှင့် ပြန်လည်နေရာချထားရေး တို့ကို စီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း။

မြို့ပြနှင့် အိမ်ယာစီမံကိန်းများတည်ဆောက်ရာတွင်လည်း Town Plan များ ရေးဆွဲ၍ စနစ်တကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ပြသန့်ရှင်းသာယာလှပရေး အတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်းများတည်ဆောက်ရာတွင် လယ် ယာစိုက်ပျိုးမြေများ မထိခိုက်ရန်လိုကြောင်း၊ ဈေးများတည်ဆောက်ရာတွင် အဆင့် မီသည့်ဈေးများ၊ Shopping Mall များ တည်ဆောက်ရန်လိုပြီး ယဉ်ရပ်နားရန်နေရာ များနှင့် စားသောက်ဆိုင်တန်းများပါ  စနစ်တကျဖြင့် ထည့်သွင်းတည်ဆောက်ပေးရန် လိုကြောင်း၊ အလွှာအမျိုးမျိုးမှပြည်သူများ ရောင်းဝယ်မှု အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးရန်လိုပြီး မြို့နေပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားစေရေး ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။

မြို့ပြစီမံကိန်းနှင့် အိမ်ယာစီမံကိန်းများကို စနစ်တကျ တည်ဆောက်

လှိုင်သာယာအရှေ့ပိုင်းတွင် စာသင်ကျောင်းများနည်းပါးသည်ကို တွေ့ရကြောင်း၊ ကျောင်းများ တည်ဆောက်ရာတွင်လည်း ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အတိုင်း အားကစားကွင်းများနှင့် ခန်းမများပါ ထည့်သွင်းတည်ဆောက်ရမည်ဖြစ် ကြောင်း၊ နိုင်ငံ့အနာဂတ်ကောင်းမွန်ရေးအတွက် ပညာရေးကောင်းမွန်ရန်လိုအပ်သဖြင့် ကျောင်းများ ကောင်းမွန်နေရန်လိုပြီး ရပ်ကွက်များအလိုက် အခြေခံပညာကျောင်းများ ရှိရန်လိုသကဲ့သို့ အားကစားကွင်းများလည်း တည်ရှိရန်လိုကြောင်း၊ မြို့ပြစီမံကိန်းနှင့် အိမ်ယာစီမံကိန်းများတည်ဆောက်ရာတွင် အားကစားကွင်းများ၊ ဈေးနှင့် ကျောင်းများ၊ ဆေးရုံများ ထည့်သွင်းတည်ဆောက်ရန်လိုကြောင်း၊ လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့် တင်နိုင်ရန်အတွက် Town Plan များ စနစ်တကျဖြင့် ရေးဆွဲ ဆောင်ရွက်လိုကြောင်း။

စက်မှုဇုန်နှင့်ပတ်သက်၍ စက်မှုဇုန်အတွင်း အလုပ်လုပ်ကိုင်သူများ အဆင်ပြေ စေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့ပြတည်ဆောက်ရာတွင် ကျယ်ကျယ်ပြန့် ပြန့်ဖြင့် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လှိုင်သာယာမြို့နယ်ဖွံ့ဖြိုးတိုးတက်စေ ရေး ရေရှည်အတွက်စီမံကိန်းများချမှတ်၍စီမံဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြောကြား သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်တံတားပန်းခြံနှင့် ဘုရင့်နောင်ပန်းခြံတည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိကြရာ မြို့တော်ဝန်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က ပန်းခြံအတွင်း စိန်ပန်း၊ ခရေ၊ ကံ့ကော် စသည့် အရိပ်ရသစ်ပင်ပန်းမန်ပင်များ၊ အရိပ်ရပင်များကို ထည့်သွင်းစိုက်ပျိုးရန်လို ကြောင်း၊ ပြည်သူများ စိတ်လက်အေးချမ်းစွာဖြင့် အပန်းဖြေအနားယူနိုင်ရေးအတွက် ပန်းခြံအတွင်း စိမ်းလန်း စိုပြေသာယာလှပစေရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်သွား ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ယင်း့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်း သာယာလှပစေရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။