နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၇/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မေ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၇/၂၀၂၁) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦးတို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးများအနေဖြင့် သက်ဆိုင်ရာကဏ္ဍ အလိုက် မြို့နယ်များသို့ကွင်းဆင်းဆောင်ရွက်မှုများ ရှိသည်ကိုသိရှိရသဖြင့် ကောင်းမွန်သည့် ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မူဝါဒကိုသာ ချမှတ်ပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက အကောင်အထည်ဖော်ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်းကြောင့် သက်ဆိုင်ရာဌာနအလိုက် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ၎င်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့အကျိုးအတွက် ဝန်ကြီး ဌာနများအချင်းချင်းလည်း တိုင်ပင်ညှိနှိုင်းဆွေးနွေး အကြံပြုဆောင်ရွက် ကြရန်လိုကြောင်း။

မြေပြင်ကွင်းဆင်း ဆောင်ရွက်ချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်/မြို့နယ်များအလိုက် မဲစာရင်းစိစစ်တွေ့ရှိမှုများနှင့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲစာရင်းအခြေအနေ များအား ဌာနဆိုင်ရာဝန်ထမ်းများသိရှိအောင် ပြောကြားဆောင်ရွက်နေရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီကိုတန်ဖိုးထားပြီး စစ်မှန်ရိုးသားသည့်ဒီမိုကရေစီ ဖြစ်စေချင် သော်လည်း ယခင်ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီကို မရိုးမသား ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကို နိုင်ငံ့ ဝန်ထမ်းများအားလုံး နားလည်သိရှိရန်လိုကြောင်း၊ အလားတူ နိုင်ငံ့ဝန်ထမ်းများ စည်းကမ်း တကျဆောင်ရွက်စေရန်နှင့် ရုံးလုပ်ငန်းများစနစ်တကျရှိစေရေး ဝန်ကြီးဌာနများအလိုက် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်နေရန်လိုကြောင်း။

ပြည်တွင်းစက်မှုလုပ်ငန်းများ အားပေးဆောင်ရွက်မှုနှင့်ပတ်သက်၍ တိုင်းချစ်၊ ပြည်ချစ် စိတ်ဖြင့် ပြည်တွင်းဖြစ်ကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ် မှုလုပ်ငန်းများနှင့် ပြည်တွင်းစီးပွားရေးကိုထိခိုက်စေနိုင်သည့် ကုန်သွယ်မှုများကို ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီးနှင့် အညာဒေသ များတွင် ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပမာအားဖြင့် ပုဆိုး၊ စောင်၊ ခြင်ထောင် ယက်လုပ်ခြင်းဖြစ်ကြောင်း၊ အထည်ချုပ် လုပ်ငန်းများအတွက် လိုအပ်သည့် အချို့ချည်များအားပြည်ပနိုင်ငံများမှ တင်သွင်း အသုံးပြုလျက်ရှိသည်ကိုသိရှိရ ကြောင်း၊ ချည်ထုတ်လုပ်ရေးအတွက် လိုအပ်သော ဝါစိုက်ပျိုး မှုလုပ်ငန်းအတွက် လိုအပ်သည့် မြေ၊ ရေနှင့် မျိုးကောင်းမွန်စေရန်အတွက် နိုင်ငံတော်အစိုးရမှ ဦးဆောင်ပြီး ကူညီ ဆောင်ရွက် ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် အဝတ်အထည်များအား ပြည်တွင်း စက်ရုံများမှထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ လက်တလောရပ်ဆိုင်းထားသည့် နိုင်ငံတော်ပိုင်အထည်ချုပ်စက်ရုံများနှင့် ဝါကြိတ်စက်ရုံများ ပြန်လည်လည်ပတ်၍ အဝတ် အထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် ပြည်ပငွေသုံးစွဲမှုများကို တစ်ဖက် တစ်လမ်းမှလျှော့ချဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း ဆေးဝါးထုတ်လုပ် မှုလုပ်ငန်းများမှ ပြည်တွင်း၌အသုံးများသည့် ဆေးဝါးများ လုံလောက်အောင် ထုတ်လုပ်၍ ပြည်ပမှဆေးတင်သွင်းမှုများအား လျှော့ချနိုင်ခြင်းဖြင့် ပြည်ပငွေသုံးစွဲမှုများ ကိုလျှော့ချရန် လိုကြောင်း၊ ပြည်တွင်းစက်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများသာမက အခြားဝန်ကြီးဌာနများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန်လိုကြောင်း။

မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးသည်အဓိကကျကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုး မွေးမြူရေးနိုင်ငံဖြစ်ပြီး ကျေးလက်စီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးတက်အောင် ခေတ်မီနည်းပညာများအသုံးပြု ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ ရပ်နားထားရခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုများရှိနေကြောင်း၊ အလားတူ ပုဂ္ဂလိကများနှင့် ဖက်စပ်ဆောင်ရွက်လျက် ရှိသည့်စက်ရုံများ ဆက်လက်လည်ပတ်နိုင်ရေး အတွက် နည်းလမ်းရှာဖွေရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကသို့ငှားရမ်းထားသော စက်ရုံအလုပ်ရုံ များကိုလည်း မူလစာချုပ်ပါ လုပ်ငန်းတာဝန်များအတိုင်း ဆောင်ရွက်မှုရှိ၊ မရှိ စိစစ်၍ လိုက်နာ‌မှုမရှိသည့် လုပ်ငန်းများကို စည်းကမ်းနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စီမံခန့်ခွဲရေး ကောင်စီများအနေဖြင့်လည်း စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ မကြာခဏ ကျရောက်လေ့ရှိပြီး နှစ်စဉ် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဘီလီယံနှင့်ချီရှိကြောင်း၊ လက်ရှိ ရာသီဥတုအခြေအနေအရ မုန်တိုင်းနှင့် မိုးသက်လေပြင်းများ ကျရောက်မည့် အနေအထား များ ရှိနေကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာအလိုက် မိမိတို့ ဌာနအဆောက်အဦများ ပျက်စီး ဆုံးရှုံးမှုမရှိစေရေးနှင့် ဒေသအလိုက်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် ထားကြရန်လိုကြောင်း၊ မကြာမီ မိုးတွင်းကာလရောက်ရှိမည်ဖြစ်သဖြင့် သက်ဆိုင်ရာမြို့နယ် များအလိုက် တံတားများနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် မြို့အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများ ကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများစွာကျခံသုံးစွဲနေရကြောင်း၊ ထိုအတူ လူ၏ပေါ့ဆမှုကြောင့် ပျက်ဆုံးရှုံးမှုမရှိစေရေး အတွက်လည်း ကြိုတင်စီမံဆောင်ရွက်သွားကြရန်လိုကြောင်း။

လိုင်စင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များနှင့် ပတ်သက်၍လည်း စစ်ဆေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ တရားမဝင် တင်သွင်း၍ ဖြန့်ချိရောင်းချနေမှုများကိုလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့်လည်း ကြပ်မတ်ထိန်းချုပ်ဆောင်ရွက်သွားရန်ဖြစ် ကြောင်း၊ အများပြည်သူ ပို့ဆောင်ရေးစနစ်ကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့ပတ်ရထား၊ လျှပ်စစ်ရထားနှင့် လျှပ်စစ်ဘတ်(စ်)ကားများ ပြေးဆွဲနိုင်ရေးစီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအင်ကို အသုံးပြုခြင်းဖြင့် ပြည်တွင်းလောင်စာဆီ သုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ် အား ဖူလုံစွာရရှိရေးအတွက်လည်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ် လုပ်ငန်းနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားများ တရားမဝင် ရယူသုံးစွဲမှုများကြောင့် လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ လျှပ်စစ်ဓာတ်အားခများ သတ်မှတ်နှုန်းထားနှင့် သတ်မှတ်ချိန်အလိုက် ကောက်ခံရရှိရေး ဆောင်ရွက်ရန်လိုကြောင်း။

ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကြရမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းပါက တိုင်းပြည်ဆင်းရဲသွားမည်ဖြစ်ကြောင်း၊ အဆင်းရဲဆုံး နိုင်ငံများစာရင်းမှ လွတ်မြောက်နိုင်ရန် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းပြည်အတွက် ရသင့်ရထိုက်သည့် အခွန်အခများရရှိအောင် ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် ပြည်သူ နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် လုပ်ဆောင်ရန်လိုကြောင်း၊ နိုင်ငံတော်မှရရှိသည့် အခွန်အခ များဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေး ကဏ္ဍများတွင် ထိရောက်စွာအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရပ်နားထားရသည့် နိုင်ငံပိုင် စက်ရုံအလုပ်ရုံများ ပြည်လည်လည်ပတ်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြည်တွင်း ထုတ်ကုန်များ လုံလောက်အောင်ထုတ်လုပ်၍ ပြည်ပသွင်းကုန်များကို လျှော့ချကာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စီမံခန႔္ခြဲေရးေကာ္မတီအစည္းအေဝး (၇/၂၀၂၁)သို႔ တက္ေရာက္ အမွာစကားေျပာၾကား

ေနျပည္ေတာ္ ေမ ၂၀

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စီမံခန႔္ခြဲေရးေကာ္မတီ အစည္းအေဝး (၇/၂၀၂၁) ကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကား ေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဦးဝဏၰေမာင္လြင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ဦးဝင္းရွိန္၊ ဦးေအာင္ႏိုင္ဦး၊ ဦးကိုကိုလႈိင္၊ ဦးခ်စ္ႏိုင္၊ ဦးကိုကို၊ ဦးတင္ထြဋ္ဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဦးခင္ေမာင္ရီ၊ ဦးေအာင္သန္းဦး၊ ဦးျမင့္ႀကိဳင္၊ ေဒါက္တာ ပြင့္ဆန္း၊ ေဒါက္တာၫြန႔္ေဖ၊ ေဒါက္တာ သက္ခိုင္ဝင္း၊ ဦးေ႐ႊေလး၊ ေဒါက္တာသက္သက္ခိုင္၊ ဦးေမာင္ေမာင္အုန္း၊ ဦးေစာထြန္းေအာင္ျမင့္ႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာ ေဒၚသီတာဦးတို႔ တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က အဖြင့္အမွာစကားေျပာၾကားရာတြင္ ျပည္ေထာင္စုဝန္ႀကီးမ်ားအေနျဖင့္ သက္ဆိုင္ရာက႑ အလိုက္ ၿမိဳ႕နယ္မ်ားသို႔ကြင္းဆင္းေဆာင္႐ြက္မႈမ်ား ရွိသည္ကိုသိရွိရသျဖင့္ ေကာင္းမြန္သည့္ ေဆာင္႐ြက္ခ်က္ပင္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ မူဝါဒကိုသာ ခ်မွတ္ေပးျခင္းျဖစ္ၿပီး သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက အေကာင္အထည္ေဖာ္ေဆာင္႐ြက္ ေပးရျခင္းျဖစ္ေၾကာင္း၊ ကြင္းဆင္းေဆာင္႐ြက္ျခင္းေၾကာင့္ သက္ဆိုင္ရာဌာနအလိုက္ တာဝန္ ထမ္းေဆာင္လ်က္ရွိသည့္ ဝန္ထမ္းမ်ားႏွင့္ေတြ႕ဆုံၿပီး ၎တို႔၏လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ႏိုင္ငံ့အက်ိဳးအတြက္ ဝန္ႀကီး ဌာနမ်ားအခ်င္းခ်င္းလည္း တိုင္ပင္ညႇိႏႈိင္းေဆြးေႏြး အႀကံျပဳေဆာင္႐ြက္ ၾကရန္လိုေၾကာင္း။

ေျမျပင္ကြင္းဆင္း ေဆာင္႐ြက္ခ်ိန္တြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္/ၿမိဳ႕နယ္မ်ားအလိုက္ မဲစာရင္းစိစစ္ေတြ႕ရွိမႈမ်ားႏွင့္ ၂၀၂၀ ျပည့္ႏွစ္၊ အေထြေထြေ႐ြးေကာက္ပြဲတြင္ မဲမသမာမႈျဖစ္ပြားခဲ့သည့္ မဲစာရင္းအေျခအေန မ်ားအား ဌာနဆိုင္ရာဝန္ထမ္းမ်ားသိရွိေအာင္ ေျပာၾကားေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ မိမိတို႔အေနျဖင့္ ဒီမိုကေရစီကိုတန္ဖိုးထားၿပီး စစ္မွန္႐ိုးသားသည့္ဒီမိုကေရစီ ျဖစ္ေစခ်င္ ေသာ္လည္း ယခင္ၿပီးခဲ့သည့္အေထြေထြေ႐ြးေကာက္ပြဲတြင္ ဒီမိုကေရစီကို မ႐ိုးမသား ျပဳလုပ္ခဲ့သည့္အတြက္ ႏိုင္ငံေရးအက်ပ္အတည္းမ်ား ျဖစ္ေပၚခဲ့ျခင္းျဖစ္သည္ကို ႏိုင္ငံ့ ဝန္ထမ္းမ်ားအားလုံး နားလည္သိရွိရန္လိုေၾကာင္း၊ အလားတူ ႏိုင္ငံ့ဝန္ထမ္းမ်ား စည္းကမ္း တက်ေဆာင္႐ြက္ေစရန္ႏွင့္ ႐ုံးလုပ္ငန္းမ်ားစနစ္တက်ရွိေစေရး ဝန္ႀကီးဌာနမ်ားအလိုက္ ၾကပ္မတ္ကြပ္ကဲ ေဆာင္႐ြက္ေနရန္လိုေၾကာင္း။

ျပည္တြင္းစက္မႈလုပ္ငန္းမ်ား အားေပးေဆာင္႐ြက္မႈႏွင့္ပတ္သက္၍ တိုင္းခ်စ္၊ ျပည္ခ်စ္ စိတ္ျဖင့္ ျပည္တြင္းျဖစ္ကို အားေပးေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ျပည္တြင္းကုန္ထုတ္လုပ္ မႈလုပ္ငန္းမ်ားႏွင့္ ျပည္တြင္းစီးပြားေရးကိုထိခိုက္ေစႏိုင္သည့္ ကုန္သြယ္မႈမ်ားကို ထိန္းသိမ္း ေဆာင္႐ြက္ရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံအထက္ပိုင္း မႏၲေလးတိုင္းေဒသႀကီးႏွင့္ အညာေဒသ မ်ားတြင္ ျပည္တြင္းအထည္ခ်ဳပ္လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ဥပမာအားျဖင့္ ပုဆိုး၊ ေစာင္၊ ျခင္ေထာင္ ယက္လုပ္ျခင္းျဖစ္ေၾကာင္း၊ အထည္ခ်ဳပ္ လုပ္ငန္းမ်ားအတြက္ လိုအပ္သည့္ အခ်ိဳ႕ခ်ည္မ်ားအားျပည္ပႏိုင္ငံမ်ားမွ တင္သြင္း အသုံးျပဳလ်က္ရွိသည္ကိုသိရွိရ ေၾကာင္း၊ ခ်ည္ထုတ္လုပ္ေရးအတြက္ လိုအပ္ေသာ ဝါစိုက္ပ်ိဳး မႈလုပ္ငန္းအတြက္ လိုအပ္သည့္ ေျမ၊ ေရႏွင့္ မ်ိဳးေကာင္းမြန္ေစရန္အတြက္ ႏိုင္ငံေတာ္အစိုးရမွ ဦးေဆာင္ၿပီး ကူညီ ေဆာင္႐ြက္ ေပးရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံအတြက္ လိုအပ္သည့္ အဝတ္အထည္မ်ားအား ျပည္တြင္း စက္႐ုံမ်ားမွထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ လက္တေလာရပ္ဆိုင္းထားသည့္ ႏိုင္ငံေတာ္ပိုင္အထည္ခ်ဳပ္စက္႐ုံမ်ားႏွင့္ ဝါႀကိတ္စက္႐ုံမ်ား ျပန္လည္လည္ပတ္၍ အဝတ္ အထည္မ်ား ထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ျခင္းျဖင့္ ျပည္ပေငြသုံးစြဲမႈမ်ားကို တစ္ဖက္ တစ္လမ္းမွေလွ်ာ့ခ်ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ အလားတူ ျပည္တြင္း ေဆးဝါးထုတ္လုပ္ မႈလုပ္ငန္းမ်ားမွ ျပည္တြင္း၌အသုံးမ်ားသည့္ ေဆးဝါးမ်ား လုံေလာက္ေအာင္ ထုတ္လုပ္၍ ျပည္ပမွေဆးတင္သြင္းမႈမ်ားအား ေလွ်ာ့ခ်ႏိုင္ျခင္းျဖင့္ ျပည္ပေငြသုံးစြဲမႈမ်ား ကိုေလွ်ာ့ခ်ရန္ လိုေၾကာင္း၊ ျပည္တြင္းစက္မႈလုပ္ငန္းမ်ား တိုးတက္ေအာင္ေဆာင္႐ြက္ရာတြင္ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားသာမက အျခားဝန္ႀကီးဌာနမ်ားကလည္း ဝိုင္းဝန္းပူးေပါင္း ေဆာင္႐ြက္ ၾကရန္လိုေၾကာင္း။

မိမိတို႔ႏိုင္ငံ၏ လူဦးေရ ၇၀ ရာခိုင္ႏႈန္းခန႔္သည္ ေက်းလက္ေနျပည္သူမ်ားျဖစ္သျဖင့္ ေက်းလက္ေနျပည္သူမ်ား၏ စီးပြားေရးသည္အဓိကက်ေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳး ေမြးျမဴေရးႏိုင္ငံျဖစ္ၿပီး ေက်းလက္စီးပြားေရးလုပ္ငန္းသည္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း ျဖစ္သျဖင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားႏွင့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားကို တိုးတက္ေအာင္ ေခတ္မီနည္းပညာမ်ားအသုံးျပဳ ေဆာင္႐ြက္ေပးျခင္းျဖင့္ ျပည္တြင္းစားသုံးမႈဖူလုံၿပီး ျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်ႏိုင္ျခင္းျဖင့္ ေက်းလက္ေနျပည္သူမ်ား၏ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္း၊ သို႔မွသာ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ အစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ ျပည္ေထာင္စုဝန္ႀကီးမ်ားက သက္ဆိုင္ရာက႑မ်ားအလိုက္ ေဆြးေႏြးတင္ျပၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ႏိုင္ငံေတာ္ပိုင္ စက္႐ုံ၊ အလုပ္႐ုံမ်ား ရပ္နားထားရျခင္းေၾကာင့္ ႏိုင္ငံေတာ္ဘ႑ာေငြမ်ား နစ္နာဆုံးရႈံးမႈမ်ားရွိေနေၾကာင္း၊ အလားတူ ပုဂၢလိကမ်ားႏွင့္ ဖက္စပ္ေဆာင္႐ြက္လ်က္ ရွိသည့္စက္႐ုံမ်ား ဆက္လက္လည္ပတ္ႏိုင္ေရး အတြက္ နည္းလမ္းရွာေဖြရမည္ျဖစ္ေၾကာင္း၊ ပုဂၢလိကသို႔ငွားရမ္းထားေသာ စက္႐ုံအလုပ္႐ုံ မ်ားကိုလည္း မူလစာခ်ဳပ္ပါ လုပ္ငန္းတာဝန္မ်ားအတိုင္း ေဆာင္႐ြက္မႈရွိ၊ မရွိ စိစစ္၍ လိုက္နာ‌မႈမရွိသည့္ လုပ္ငန္းမ်ားကို စည္းကမ္းႏွင့္အညီ ၾကပ္မတ္ေဆာင္႐ြက္ရန္ျဖစ္ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ စီမံခန႔္ခြဲေရး ေကာင္စီမ်ားအေနျဖင့္လည္း စိစစ္ၾကပ္မတ္ ေဆာင္႐ြက္သြားရန္လိုေၾကာင္း။

မိမိတို႔ႏိုင္ငံတြင္ သဘာဝေဘးအႏၲရာယ္မ်ား မၾကာခဏ က်ေရာက္ေလ့ရွိၿပီး ႏွစ္စဥ္ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုး ဘီလီယံႏွင့္ခ်ီရွိေၾကာင္း၊ လက္ရွိ ရာသီဥတုအေျခအေနအရ မုန္တိုင္းႏွင့္ မိုးသက္ေလျပင္းမ်ား က်ေရာက္မည့္ အေနအထား မ်ား ရွိေနေၾကာင္း၊ ထို႔ေၾကာင့္ ဌာနဆိုင္ရာအလိုက္ မိမိတို႔ ဌာနအေဆာက္အဦမ်ား ပ်က္စီး ဆုံးရႈံးမႈမရွိေစေရးႏွင့္ ေဒသအလိုက္ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ ထားၾကရန္လိုေၾကာင္း၊ မၾကာမီ မိုးတြင္းကာလေရာက္ရွိမည္ျဖစ္သျဖင့္ သက္ဆိုင္ရာၿမိဳ႕နယ္ မ်ားအလိုက္ တံတားမ်ားႏွင့္ ေရေျမာင္းမ်ား ေရစီးေရလာေကာင္းမြန္ေစရန္ ၿမိဳ႕အုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းမ်ားႏွင့္ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕မ်ား ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ၾက ရမည္ျဖစ္ေၾကာင္း၊ သဘာဝေဘးအႏၲရာယ္ေၾကာင့္ျဖစ္ေပၚလာသည့္ ပ်က္စီးဆုံးရႈံးမႈမ်ား ေၾကာင့္ ႏိုင္ငံေတာ္ဘ႑ာေငြမ်ားစြာက်ခံသုံးစြဲေနရေၾကာင္း၊ ထိုအတူ လူ၏ေပါ့ဆမႈေၾကာင့္ ပ်က္ဆုံးရႈံးမႈမရွိေစေရး အတြက္လည္း ႀကိဳတင္စီမံေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း။

လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္မ်ားႏွင့္ ပတ္သက္၍လည္း စစ္ေဆး အေရးယူ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ား တရားမဝင္ တင္သြင္း၍ ျဖန႔္ခ်ိေရာင္းခ်ေနမႈမ်ားကိုလည္း အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ သက္ဆိုင္ရာ ဝန္ႀကီးဌာနအေနျဖင့္လည္း ၾကပ္မတ္ထိန္းခ်ဳပ္ေဆာင္႐ြက္သြားရန္ျဖစ္ ေၾကာင္း၊ အမ်ားျပည္သူ ပို႔ေဆာင္ေရးစနစ္ကို အားေပးေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ၿမိဳ႕ပတ္ရထား၊ လွ်ပ္စစ္ရထားႏွင့္ လွ်ပ္စစ္ဘတ္(စ္)ကားမ်ား ေျပးဆြဲႏိုင္ေရးစီမံေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္စြမ္းအင္ကို အသုံးျပဳျခင္းျဖင့္ ျပည္တြင္းေလာင္စာဆီ သုံးစြဲမႈႏွင့္ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈကို ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္ဓာတ္ အား ဖူလုံစြာရရွိေရးအတြက္လည္း ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္ျဖစ္သည့္ ေရအားလွ်ပ္စစ္ လုပ္ငန္းႏွင့္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ထုတ္လုပ္ေရး လုပ္ငန္းမ်ားကိုလည္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားမ်ား တရားမဝင္ ရယူသုံးစြဲမႈမ်ားေၾကာင့္ ေလလြင့္ဆုံးရႈံးမႈမ်ား မျဖစ္ေပၚေစေရး၊ လွ်ပ္စစ္ဓာတ္အားခမ်ား သတ္မွတ္ႏႈန္းထားႏွင့္ သတ္မွတ္ခ်ိန္အလိုက္ ေကာက္ခံရရွိေရး ေဆာင္႐ြက္ရန္လိုေၾကာင္း။

ျပည္တြင္း စီးပြားေရးလုပ္ငန္းမ်ားကို အားေပးၾကရမည္ျဖစ္ေၾကာင္း၊ စီမံခန႔္ခြဲမႈ ညံ့ဖ်င္းပါက တိုင္းျပည္ဆင္းရဲသြားမည္ျဖစ္ေၾကာင္း၊ အဆင္းရဲဆုံး ႏိုင္ငံမ်ားစာရင္းမွ လြတ္ေျမာက္ႏိုင္ရန္ အစိုးရအဆက္ဆက္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ တိုင္းျပည္အတြက္ ရသင့္ရထိုက္သည့္ အခြန္အခမ်ားရရွိေအာင္ ေဆာင္႐ြက္ရာတြင္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိေအာင္ လုပ္ေဆာင္ရန္လိုေၾကာင္း၊ ႏိုင္ငံေတာ္မွရရွိသည့္ အခြန္အခ မ်ားျဖင့္ ႏိုင္ငံေတာ္၏ ၿငိမ္းခ်မ္းေရးက႑၊ က်န္းမာေရးက႑၊ ပညာေရး က႑မ်ားတြင္ ထိေရာက္စြာအသုံးျပဳႏိုင္ေရး စီမံေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ရပ္နားထားရသည့္ ႏိုင္ငံပိုင္ စက္႐ုံအလုပ္႐ုံမ်ား ျပည္လည္လည္ပတ္ႏိုင္ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး ျပည္တြင္း ထုတ္ကုန္မ်ား လုံေလာက္ေအာင္ထုတ္လုပ္၍ ျပည္ပသြင္းကုန္မ်ားကို ေလွ်ာ့ခ်ကာ ႏိုင္ငံ၏ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။