နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

 နေပြည်တော်၊ ဒီဇင်ဘာ – ၁၃

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့်ဇနီး များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် တာဝန်ရှိသူ များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြစ်ကြီးနား တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ဗလမင်းထင်ခန်းမ၌ တွေ့ဆုံ အမှာ စကား ပြောကြားသည်။

 
နိုင်ငံ့သမိုင်းကြောင်း ဖြတ်သန်းခဲ့မှုနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ

 
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံ့သမိုင်းကြောင်းကို ပြန်ကြည့် မည်ဆိုပါက တိုင်းရင်းသားများ စုပေါင်းနေထိုင်လျက်ရှိသည့် မိမိတို့၏ ပြည်ထောင်စု နိုင်ငံတော်ကြီးအား နယ်ချဲ့အင်္ဂလိပ်တို့မှ သိမ်းပိုက်ခဲ့ပြီး တောင်တန်းပြည်မ သွေးခွဲ အုပ်ချုပ်ခဲ့မှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ရ သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အုပ်ချုပ်မှုပုံစံအမျိုးမျိုးဖြင့် ခွဲခြား အုပ်ချုပ်ခဲ့ချိန်မှစ၍ မိမိတို့ပြည်ထောင်စုတိုင်းရင်းသားတို့၏ စိတ်အတွင်း၌ တိုင်းရင်း သား နယ်မြေများသည် ပြည်မမှ သီးခြားဖြစ်သည်ဟူသည့် အယူအဆများ ပေါ်ပေါက် လာခဲ့ကြောင်း၊ တိုင်းပြည်ကို ယခုအချိန်အထိ အန္တရာယ်ပေးခဲ့သည့် အချက်တစ်ချက် လည်း ဖြစ်ကြောင်း၊ ယခုနှစ်သည် မိမိတို့နိုင်ငံ၏ စိန်ရတု ပြည်ထောင်စုနှစ်ဖြစ်ပြီး လာမည့်နှစ်တွင် စိန်ရတုလွတ်လပ်ရေးနှစ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ စိန်ရတု ကာလသို့ ရောက်ရှိပြီဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများရှိနေ ဆဲဖြစ်ကာ ငြိမ်းချမ်းမှု အပြည့်အဝ မရရှိသေးသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

 
အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကို မှန်မှန်ကန်ကန်သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းကို လေ့လာကြည့် မည်ဆိုပါက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးကာလတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ လွတ်လပ်ရေး မရမီကာလနှင့် လွတ်လပ်ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့၏ အားပြိုင်ခဲ့မှု၊ အယူဝါဒကွဲပြားမှုများရှိခဲ့ ကြောင်း၊ ၁၉၄၈ မတ်လတွင် ကွန်မြူနစ်ပါတီ တောခိုခဲ့ကြောင်း၊ ထို့နောက် KNDO ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့ကြောင်း၊ ၁၉၅၀ ပြည့်နှစ် ခန့်တွင် တရုတ်ဖြူတို့ ကျူးကျော်ခဲ့သဖြင့် တပ်မတော်က ပြန်လည်တိုက်ထုတ်ခဲ့ရ ကြောင်း၊ ထို့ပြင် ကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ၊ အာဏာရပါတီတွင်း ပြဿနာများပေါ်ပေါက် လာခဲ့ပြီး ထိုစဉ်က ကမ္ဘာ၌ လက်နက်ကိုင်အဖွဲ့အစည်းအများဆုံး တိုင်းပြည်ဖြစ်ခဲ့ ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အတူတကွ ယှဉ်တွဲ နေထိုင်နေသည့် ပြည်ထောင်စုကြီး မပြိုကွဲစေရေးအတွက် နိုင်ငံနှင့် အဝန်း ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း။

 
လက်နက်ကိုင်ဆူပူမှုများအကြား ပြည်ထောင်စုကြီး မပြိုကွဲစေရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်ခဲ့ရ

 
ထို့ကဲ့သို့ နိုင်ငံရေးပြဿနာများ၊ လက်နက်ကိုင် ပဋိပက္ခများနှင့် ပါတီတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရ တက်လာ ခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီတို့က အုပ်ချုပ်ဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် ဆိုရှယ်လစ် စနစ်ကို တည်ဆောက်ရာ၌ နိုင်ငံရေးသမားများ၊ ဆိုရှယ်လစ်စနစ်ကိုထောက်ခံသည့် ပြည်သူလူထုတို့ဖြင့်ပူးပေါင်း၍ လမ်းစဉ်ပါတီကို တည်ထောင်ကာ ၁၉၈၈ ခုနှစ်ထိ လျှောက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ်တွင် အားနည်းချက်များရှိသကဲ့သို့ အားသာချက်များလည်း များစွာရှိကြောင်း၊ ဆိုရှယ်လစ် စနစ်၏ အားနည်းချက်၊ စီမံ ခန့်ခွဲမှု အားနည်းချက် တို့ကြောင့် စီးပွားရေး ကျဆင်းခဲ့ကာ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပေါ်လာခဲ့ကြောင်း၊ ၎င်းအရေးအခင်း၌ တိုင်းပြည်၏ အခြေအနေယိမ်းယိုင်လာခဲ့ပြီး အချုပ်အခြာအာဏာပြိုကွဲမည့် အခြေအနေနှင့် ရင်ဆိုင်လာခဲ့ရပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တည်ဆဲအစိုးရ၏ လုပ်ငန်းများ ရပ်တန့်ခဲ့သဖြင့် တပ်မတော်က ဝင်ရောက်ထိန်းသိမ်း တာဝန်ယူဆောင်ရွက်ခဲ့ရကြောင်း။
၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရတက်လာခဲ့ပြီး ပြည်သူလူထု၏ ဆန္ဒ နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်သွားနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူ လူထုအနေဖြင့် တစ်ပါတီဆိုရှယ်လစ်စနစ်ကို မကြိုက်မနှစ်သက်ခြင်း၊ စီးပွားရေး ကျဆင်းခဲ့ရခြင်းတို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားခဲ့သည်ကို တွေ့ရှိခဲ့ရ ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရေး ၎င်းနှင့်ကိုက်ညီသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေတစ်ခု ရေးဆွဲနိုင်ရေး ဆောင်ရွက်ခဲ့ရကြောင်း၊ တိုင်းရင်းသား ပြည်သူ လူထုနှင့် အလွှာပေါင်းစုံမှ အစုအဖွဲ့များ‌ ပါဝင်သော အမျိုးသားညီလာခံ၌ အခြေ အတင် ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၌ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း။

 
ဒီမိုကရေစီ ပထမအကြိမ်ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ဦးဆောင်သည့် ဒီမို ကရေစီအစိုးရတစ်ရပ် တက်လာခဲ့ပြီး တပ်မတော်အနေဖြင့် လက်တွဲညီညီ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကာလတွင် ရွေးကောက်ပွဲအနိုင်ရသည့် အစိုးရသစ်တစ်ရပ် တက်လာခဲ့ကြောင်း၊ အစိုးရသစ်၏ စီမံခန့်ခွဲမှု အားနည်းချက်များရှိခဲ့ခြင်းကြောင့် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ် လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကိုဗစ် – ၁၉‌ ရောဂါ ဖြစ်ပွားမှုများ ကြောင့် လည်း နိုင်ငံ၏စီးပွားရေး ပိုမိုကျဆင်းခဲ့ကြောင်း၊ နိုင်ငံရေးအရအသုံးချ၍ မရိုးမသား ဆောင်ရွက်မှုများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တို့တွင် အသုံးချခြင်းများ လုပ်ဆောင်လာခဲ့သည်ကို တွေ့ခဲ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် အာဏာရပါတီအနေဖြင့် မဲအနိုင်ရရှိရေး မသမာသည့်နည်းလမ်း များဖြင့် ဆောင်ရွက်ခဲ့ပြီး မဲမသမာမှုဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မဲစာရင်းကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြားခဲ့သော် လည်း ဆောင်ရွက်ပေးခြင်းမရှိဘဲ လွှတ်တော်ခေါ်ယူရန်အထိပင် ဖြစ်လာသဖြင့် တပ်မတော်မှ နိုင်ငံတော်၏ တာဝန်များကို အခြေခံဥပဒေနှင့်အညီ ဝင်ရောက် ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော် လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက် လုပ်ဆောင် နေခြင်းဖြစ်ပြီး ထိုလမ်းကြောင်းပေါ်မှ သွေဖယ်စေမည် မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် ဥပဒေနှင့် အညီသာ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်နေကြောင်း။

 
စုစည်းညီညွတ်သည့်အားဖြင့် နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားကို မြှင့်တင် ဆောင်ရွက်

 
ထိုကဲ့သို့သော မဲမသမာမှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့မှုအပေါ်မူတည်၍ သဘောထားကွဲလွဲမှု များဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ၏ စည်းလုံးညီညွတ်မှုပျက်ပြားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဝါး တစ်စည်းတွင် အစည်းပြေသွားပါကအားလျော့တတ်သကဲ့သို့ လူတို့တွင်လည်း အချင်း ချင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာပါက စုစည်းညီညွတ်မှုအား ယုတ်လျော့ပြီး ပြိုကွဲတတ်သည်ကို သင်ခန်းစာယူကြရန်လိုကြောင်း၊ နိုင်ငံသားအချင်းချင်း သဘော ထားကွဲလွဲပြီး စည်းလုံးညီညွတ်မှုပြိုကွဲပါက နိုင်ငံ၏အားသည်လည်း လျော့နည်းသွား သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိသားစု တစ်စု၌ပင်ဖြစ်စေ စည်းလုံးညီညွတ်မှုရှိမှ သာလျင် စုစည်းညီညွတ်သည့်အားကို ရရှိနိုင်မည်ဖြစ်ပြီး မိမိ မိသားစု၏ လုံခြုံမှုနှင့် လူမှုစီးပွားဘဝမြင့်တက်မှုကို ရရှိစေမည်ဖြစ်ကြောင်း၊ တပ်တွင်းရှိ အရာရှိ၊ စစ်သည် မိသားစုများအားလုံးသည်လည်း စည်းလုံးညီညွတ်ရန်လိုကြောင်း၊ စည်းလုံးညီညွတ်မှု ၏ အားသည် သက်ရောက်မှုများစွာရှိသဖြင့် အားလုံးစည်းလုံးညီညွတ်စွာဖြင့် နေထိုင် ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တော်တည့်မှန်ကန်သည့် ခေါင်းဆောင်မှု ဖြစ်ရန်နှင့် ညီညွတ်မျှတသည့်အုပ်ချုပ်မှုရှိရန်လိုကြောင်း၊ အိမ်ထောင် ဦးစီးဖြစ်သူက တော်တည့်မှန်ကန်စွာနှင့် ညီညွတ်မျှတသည့် မေတ္တာတရားဖြင့် မိသားစု ကို ဦးဆောင်နေထိုင်မည်ဆိုပါက မည်သို့မျှပြိုကွဲနိုင်မည်မဟုတ်ကြောင်း၊ တပ်မတော် တွင်း၌လည်း နေရာအလိုက် ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံများဖြစ်ရန်လိုပြီး လူ့ သဘော သဘာဝများကို နားလည်စွာဖြင့် ကွပ်ကဲအုပ်ချုပ်ရန်လိုကြောင်း။

 
မိသားစု တစ်စု၊ တပ်ရင်း၊ တပ်ဖွဲ့များအလိုက်စသည်ဖြင့် အခြေခံမှစ၍ စည်းလုံး ညီညွတ်ပြီး တပ်မတော်တစ်ရပ်လုံး စည်းလုံးညီညွတ်မည်ဆိုပါက မည်သူမျှ တပ်မ တော်ကို ထိပါး၍ရမည်မဟုတ်ကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိ မည်ဖြစ်ပြီး တပ်တွင်းစည်းလုံးညီညွတ်မှုကို ခိုင်ခိုင်မာမာဖြင့်တည်ဆောက်နိုင်မှ သာလျင် နိုင်ငံတည်တံ့ခိုင်မြဲရေးအတွက်လည်း စိတ်ချနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ပြည်သူများနှင့်လက်တွဲပြီး ဒို့တာဝန်အရေးသုံးပါးကို ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ မည်သည့်အစိုးရ၊ မည်သည့်ခေတ်ပင်ဖြစ်စေ တပ်မတော်အနေဖြင့် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်သူ Guardian အနေဖြင့် တည်ရှိနေမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စွမ်းရည်၊ စွမ်းအား မြင့်မားပြီး ကာကွယ်ရေးစွမ်းပကားမြင့်မားနေမှသာလျင် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်သူ အဖြစ်တည်ရှိနေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်သည်တစ်ဦးချင်းမှစ၍ စွမ်းရည် မြင့်မားရေး၊ လက်နက်စွမ်းပကားမြင့်မားရေးကို တည်ဆောက်ပေးနေခြင်းဖြစ်ပြီး စည်းလုံးခြင်းအင်အား၊ စုစည်းညီညွတ်သည့်အားကိုတည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့်လည်း အလားတူပင်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများရှိနေခြင်းကြောင့် စုစည်းညီညွတ်သည့် အင်အားတစ်ခု ရရှိရေး အတွက် ရည်မှန်းချက်နှစ်ခုပေး၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းရည်မှန်းချက် နှစ်ခု အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းရည်မှန်းချက်နှစ်ခုအပေါ်မူတည်၍တိုင်းပြည် စည်းလုံးညီညွတ်မှုရရှိအောင် မိမိတို့အနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် မှန်ကန်သည့် စုစည်းညီညွတ်သည့်အားတစ်ခု မဖြစ်မနေ လိုအပ် သည့်အတွက် သင်ခန်းစာရယူနိုင်ရန် ယခုကဲ့သို့ နိုင်ငံ့သမိုင်းကြောင်း ဖြတ်သန်းခဲ့မှု အခြေအနေများနှင့်တကွ အကျယ်တဝင့် ရှင်းလင်းပြောကြားရခြင်းဖြစ်ကြောင်း။

 
ထို့ပြင် ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့် နောက်ကျ ကျန်ရစ်၍ ရနိုင် မည် မဟုတ်ကြောင်း၊ အသိပညာမြင့်မားစေရေးအတွက် မိမိကိုယ်တိုင် စာပေ လေ့လာ မှုသာမက မိမိတို့၏ သားသမီးများကိုလည်း စာပေ၊ ဗဟုသုတ မြင့်မားအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ဖတ်ရှု၊ မှတ်သား၊ လေ့လာ ခြင်းဖြင့် အသိပညာမြင့်မားအောင် ကြိုးစားရမည်ဖြစ်ပြီး အသိပညာ မြင့်မားမှသာလျင် ဒီမို ကရေစီစနစ်နှင့် တိုင်းပြည်၏ အနာဂတ်ကိုလည်း အာမခံနိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

 
စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်

 
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တိုင်းမှူးက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များ ထမ်းဆောင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 
ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် တပ်တွင်းစည်းလုံးညီညွတ်ရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

Zawgyi Version

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျမစ္ႀကီးနားတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁၃

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ထြန္းေအာင္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိ ႀကီးမ်ားႏွင့္ဇနီး မ်ား၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ကိုကိုေမာင္ ႏွင့္ တာဝန္ရွိသူ မ်ားလိုက္ပါ၍ ယေန႔နံနက္ပိုင္းတြင္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ျမစ္ႀကီးနား တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ဗလမင္းထင္ခန္းမ၌ ေတြ႕ဆုံ အမွာ စကား ေျပာၾကားသည္။

ႏိုင္ငံ့သမိုင္းေၾကာင္း ျဖတ္သန္းခဲ့မႈႏွင့္ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈအေျခအေနမ်ား

ထိုသို႔ ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ ႏိုင္ငံ့သမိုင္းေၾကာင္းကို ျပန္ၾကည့္ မည္ဆိုပါက တိုင္းရင္းသားမ်ား စုေပါင္းေနထိုင္လ်က္ရွိသည့္ မိမိတို႔၏ ျပည္ေထာင္စု ႏိုင္ငံေတာ္ႀကီးအား နယ္ခ်ဲ႕အဂၤလိပ္တို႔မွ သိမ္းပိုက္ခဲ့ၿပီး ေတာင္တန္းျပည္မ ေသြးခြဲ အုပ္ခ်ဳပ္ခဲ့မႈမ်ားေၾကာင့္ တိုင္းရင္းသားလက္နက္ကိုင္ ပဋိပကၡမ်ား ေပၚေပါက္ခဲ့ရ သည္ကို ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ ထိုကဲ့သို႔ အုပ္ခ်ဳပ္မႈပုံစံအမ်ိဳးမ်ိဳးျဖင့္ ခြဲျခား အုပ္ခ်ဳပ္ခဲ့ခ်ိန္မွစ၍ မိမိတို႔ျပည္ေထာင္စုတိုင္းရင္းသားတို႔၏ စိတ္အတြင္း၌ တိုင္းရင္း သား နယ္ေျမမ်ားသည္ ျပည္မမွ သီးျခားျဖစ္သည္ဟူသည့္ အယူအဆမ်ား ေပၚေပါက္ လာခဲ့ေၾကာင္း၊ တိုင္းျပည္ကို ယခုအခ်ိန္အထိ အႏၲရာယ္ေပးခဲ့သည့္ အခ်က္တစ္ခ်က္ လည္း ျဖစ္ေၾကာင္း၊ ယခုႏွစ္သည္ မိမိတို႔ႏိုင္ငံ၏ စိန္ရတု ျပည္ေထာင္စုႏွစ္ျဖစ္ၿပီး လာမည့္ႏွစ္တြင္ စိန္ရတုလြတ္လပ္ေရးႏွစ္သို႔ ေရာက္ရွိမည္ျဖစ္ေၾကာင္း၊ စိန္ရတု ကာလသို႔ ေရာက္ရွိၿပီျဖစ္ေသာ္လည္း မိမိတို႔ႏိုင္ငံတြင္ လက္နက္ကိုင္ပဋိပကၡမ်ားရွိေန ဆဲျဖစ္ကာ ၿငိမ္းခ်မ္းမႈ အျပည့္အဝ မရရွိေသးသည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း။

အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအေနျဖင့္ မိမိႏိုင္ငံ၏ ႏိုင္ငံေရးသမိုင္းေၾကာင္းကို မွန္မွန္ကန္ကန္သိရွိရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ သမိုင္းေၾကာင္းကို ေလ့လာၾကည့္ မည္ဆိုပါက ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရရွိၿပီးကာလတြင္ ပါလီမန္ဒီမိုကေရစီစနစ္ကို က်င့္သုံးခဲ့ေၾကာင္း၊ လြတ္လပ္ေရး မရမီကာလႏွင့္ လြတ္လပ္ေရးရၿပီးကာလတြင္ ဆိုရွယ္လစ္စနစ္ႏွင့္ အရင္းရွင္စနစ္တို႔၏ အားၿပိဳင္ခဲ့မႈ၊ အယူဝါဒကြဲျပားမႈမ်ားရွိခဲ့ ေၾကာင္း၊ ၁၉၄၈ မတ္လတြင္ ကြန္ျမဴနစ္ပါတီ ေတာခိုခဲ့ေၾကာင္း၊ ထို႔ေနာက္ KNDO ကဲ့သို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား ေပၚေပါက္လာခဲ့ေၾကာင္း၊ ၁၉၅၀ ျပည့္ႏွစ္ ခန႔္တြင္ တ႐ုတ္ျဖဴတို႔ က်ဴးေက်ာ္ခဲ့သျဖင့္ တပ္မေတာ္က ျပန္လည္တိုက္ထုတ္ခဲ့ရ ေၾကာင္း၊ ထို႔ျပင္ ကိုလိုနီအစိုးရ၏ ေသြးခြဲအုပ္ခ်ဳပ္ခဲ့မႈေၾကာင့္ ျဖစ္ေပၚလာသည့္ တိုင္းရင္းသားလက္နက္ကိုင္ပဋိပကၡမ်ား၊ အာဏာရပါတီတြင္း ျပႆနာမ်ားေပၚေပါက္ လာခဲ့ၿပီး ထိုစဥ္က ကမာၻ၌ လက္နက္ကိုင္အဖြဲ႕အစည္းအမ်ားဆုံး တိုင္းျပည္ျဖစ္ခဲ့ ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ တိုင္းရင္းသား ျပည္သူတစ္ရပ္လုံး အတူတကြ ယွဥ္တြဲ ေနထိုင္ေနသည့္ ျပည္ေထာင္စုႀကီး မၿပိဳကြဲေစေရးအတြက္ ႏိုင္ငံႏွင့္ အဝန္း ထိန္းသိမ္း ေဆာင္႐ြက္ခဲ့ရေၾကာင္း။

လက္နက္ကိုင္ဆူပူမႈမ်ားအၾကား ျပည္ေထာင္စုႀကီး မၿပိဳကြဲေစေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ တပ္မေတာ္မွ ထိန္းသိမ္းေဆာင္႐ြက္ခဲ့ရ

ထို႔ကဲ့သို႔ ႏိုင္ငံေရးျပႆနာမ်ား၊ လက္နက္ကိုင္ ပဋိပကၡမ်ားႏွင့္ ပါတီတြင္း သေဘာထားကြဲလြဲမႈမ်ားျဖစ္ေပၚလာခဲ့ၿပီး ၁၉၅၈ ခုႏွစ္တြင္ အိမ္ေစာင့္အစိုးရ တက္လာ ခဲ့ေၾကာင္း၊ ၁၉၆၂ ခုႏွစ္မွ ၁၉၈၈ ခုႏွစ္ထိ ေတာ္လွန္ေရးေကာင္စီႏွင့္ ျမန္မာ့ဆိုရွယ္ လစ္လမ္းစဥ္ပါတီတို႔က အုပ္ခ်ဳပ္ေဆာင္႐ြက္ခဲ့ေၾကာင္း၊ အစိုးရအေနျဖင့္ ဆိုရွယ္လစ္ စနစ္ကို တည္ေဆာက္ရာ၌ ႏိုင္ငံေရးသမားမ်ား၊ ဆိုရွယ္လစ္စနစ္ကိုေထာက္ခံသည့္ ျပည္သူလူထုတို႔ျဖင့္ပူးေပါင္း၍ လမ္းစဥ္ပါတီကို တည္ေထာင္ကာ ၁၉၈၈ ခုႏွစ္ထိ ေလွ်ာက္လွမ္းခဲ့ျခင္းျဖစ္ေၾကာင္း၊ ဆိုရွယ္လစ္စနစ္တြင္ အားနည္းခ်က္မ်ားရွိသကဲ့သို႔ အားသာခ်က္မ်ားလည္း မ်ားစြာရွိေၾကာင္း၊ ဆိုရွယ္လစ္ စနစ္၏ အားနည္းခ်က္၊ စီမံ ခန႔္ခြဲမႈ အားနည္းခ်က္ တို႔ေၾကာင့္ စီးပြားေရး က်ဆင္းခဲ့ကာ ၁၉၈၈ ခုႏွစ္ အေရးအခင္း ျဖစ္ေပၚလာခဲ့ေၾကာင္း၊ ၎အေရးအခင္း၌ တိုင္းျပည္၏ အေျခအေနယိမ္းယိုင္လာခဲ့ၿပီး အခ်ဳပ္အျခာအာဏာၿပိဳကြဲမည့္ အေျခအေနႏွင့္ ရင္ဆိုင္လာခဲ့ရၿပီး ၁၉၈၈ ခုႏွစ္ စက္တင္ဘာလတြင္ တည္ဆဲအစိုးရ၏ လုပ္ငန္းမ်ား ရပ္တန႔္ခဲ့သျဖင့္ တပ္မေတာ္က ဝင္ေရာက္ထိန္းသိမ္း တာဝန္ယူေဆာင္႐ြက္ခဲ့ရေၾကာင္း။
၁၉၈၈ ခုႏွစ္ေနာက္ပိုင္း တပ္မေတာ္အစိုးရတက္လာခဲ့ၿပီး ျပည္သူလူထု၏ ဆႏၵ ႏွင့္အညီ ပါတီစုံဒီမိုကေရစီစနစ္သြားႏိုင္ေရး ဦးတည္ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ျပည္သူ လူထုအေနျဖင့္ တစ္ပါတီဆိုရွယ္လစ္စနစ္ကို မႀကိဳက္မႏွစ္သက္ျခင္း၊ စီးပြားေရး က်ဆင္းခဲ့ရျခင္းတို႔ေၾကာင့္ ပါတီစုံဒီမိုကေရစီစနစ္ကို လိုလားခဲ့သည္ကို ေတြ႕ရွိခဲ့ရ ေၾကာင္း၊ ထို႔ေၾကာင့္ ဒီမိုကေရစီစနစ္ကို က်င့္သုံးႏိုင္ေရး ၎ႏွင့္ကိုက္ညီသည့္ ဖြဲ႕စည္း ပုံအေျခခံဥပေဒတစ္ခု ေရးဆြဲႏိုင္ေရး ေဆာင္႐ြက္ခဲ့ရေၾကာင္း၊ တိုင္းရင္းသား ျပည္သူ လူထုႏွင့္ အလႊာေပါင္းစုံမွ အစုအဖြဲ႕မ်ား‌ ပါဝင္ေသာ အမ်ိဳးသားညီလာခံ၌ အေျခ အတင္ ေဆြးေႏြးၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒကို ၂၀၀၈ ခုႏွစ္၌ ျပည္လုံးကြၽတ္ ဆႏၵခံယူပြဲျဖင့္ အတည္ျပဳႏိုင္ခဲ့ေၾကာင္း။

ဒီမိုကေရစီ ပထမအႀကိမ္ေ႐ြးေကာက္ပြဲတြင္ ဦးသိန္းစိန္ ဦးေဆာင္သည့္ ဒီမို ကေရစီအစိုးရတစ္ရပ္ တက္လာခဲ့ၿပီး တပ္မေတာ္အေနျဖင့္ လက္တြဲညီညီ ႀကိဳးပမ္း ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ၂၀၁၅ ခုႏွစ္ ဒီမိုကေရစီ ဒုတိယအစိုးရသက္တမ္းကာလတြင္ ေ႐ြးေကာက္ပြဲအႏိုင္ရသည့္ အစိုးရသစ္တစ္ရပ္ တက္လာခဲ့ေၾကာင္း၊ အစိုးရသစ္၏ စီမံခန႔္ခြဲမႈ အားနည္းခ်က္မ်ားရွိခဲ့ျခင္းေၾကာင့္ စီးပြားေရးက်ဆင္းမႈမ်ား ျဖစ္ေပၚ လာခဲ့သည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ကိုဗစ္ – ၁၉‌ ေရာဂါ ျဖစ္ပြားမႈမ်ား ေၾကာင့္ လည္း ႏိုင္ငံ၏စီးပြားေရး ပိုမိုက်ဆင္းခဲ့ေၾကာင္း၊ ႏိုင္ငံေရးအရအသုံးခ်၍ မ႐ိုးမသား ေဆာင္႐ြက္မႈမ်ားကို ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးနယ္ပယ္တို႔တြင္ အသုံးခ်ျခင္းမ်ား လုပ္ေဆာင္လာခဲ့သည္ကို ေတြ႕ခဲ့ရေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲတြင္ အာဏာရပါတီအေနျဖင့္ မဲအႏိုင္ရရွိေရး မသမာသည့္နည္းလမ္း မ်ားျဖင့္ ေဆာင္႐ြက္ခဲ့ၿပီး မဲမသမာမႈျဖစ္ေပၚခဲ့သည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ မဲစာရင္းကြဲလြဲမႈမ်ားကို ေျဖရွင္းေဆာင္႐ြက္ေပးရန္ တပ္မေတာ္မွ ေျပာၾကားခဲ့ေသာ္ လည္း ေဆာင္႐ြက္ေပးျခင္းမရွိဘဲ လႊတ္ေတာ္ေခၚယူရန္အထိပင္ ျဖစ္လာသျဖင့္ တပ္မေတာ္မွ ႏိုင္ငံေတာ္၏ တာဝန္မ်ားကို အေျခခံဥပေဒႏွင့္အညီ ဝင္ေရာက္ ထိန္းသိမ္းေဆာင္႐ြက္ခဲ့ရျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္ ေလွ်ာက္လွမ္းေနသည့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္း ခိုင္မာေရးအတြက္ လုပ္ေဆာင္ ေနျခင္းျဖစ္ၿပီး ထိုလမ္းေၾကာင္းေပၚမွ ေသြဖယ္ေစမည္ မဟုတ္ေၾကာင္း၊ ထို႔ေၾကာင့္ တိုင္းျပည္တည္ၿငိမ္ေရးကို ေဆာင္႐ြက္ရာတြင္ ဥပေဒႏွင့္ အညီသာ ထိန္းထိန္း သိမ္းသိမ္း ေဆာင္႐ြက္ေနေၾကာင္း။

စုစည္းညီၫြတ္သည့္အားျဖင့္ ႏိုင္ငံေတာ္ကာကြယ္ေရးစြမ္းပကားကို ျမႇင့္တင္ ေဆာင္႐ြက္

ထိုကဲ့သို႔ေသာ မဲမသမာမႈျဖစ္စဥ္ျဖစ္ေပၚခဲ့မႈအေပၚမူတည္၍ သေဘာထားကြဲလြဲမႈ မ်ားျဖစ္ေပၚခဲ့ၿပီး ႏိုင္ငံ၏ စည္းလုံးညီၫြတ္မႈပ်က္ျပားခဲ့သည္ကို ေတြ႕ရွိရေၾကာင္း၊ ဝါး တစ္စည္းတြင္ အစည္းေျပသြားပါကအားေလ်ာ့တတ္သကဲ့သို႔ လူတို႔တြင္လည္း အခ်င္း ခ်င္း သေဘာထားကြဲလြဲမႈမ်ားျဖစ္ေပၚလာပါက စုစည္းညီၫြတ္မႈအား ယုတ္ေလ်ာ့ၿပီး ၿပိဳကြဲတတ္သည္ကို သင္ခန္းစာယူၾကရန္လိုေၾကာင္း၊ ႏိုင္ငံသားအခ်င္းခ်င္း သေဘာ ထားကြဲလြဲၿပီး စည္းလုံးညီၫြတ္မႈၿပိဳကြဲပါက ႏိုင္ငံ၏အားသည္လည္း ေလ်ာ့နည္းသြား သည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း၊ မိသားစု တစ္စု၌ပင္ျဖစ္ေစ စည္းလုံးညီၫြတ္မႈရွိမွ သာလ်င္ စုစည္းညီၫြတ္သည့္အားကို ရရွိႏိုင္မည္ျဖစ္ၿပီး မိမိ မိသားစု၏ လုံၿခဳံမႈႏွင့္ လူမႈစီးပြားဘဝျမင့္တက္မႈကို ရရွိေစမည္ျဖစ္ေၾကာင္း၊ တပ္တြင္းရွိ အရာရွိ၊ စစ္သည္ မိသားစုမ်ားအားလုံးသည္လည္း စည္းလုံးညီၫြတ္ရန္လိုေၾကာင္း၊ စည္းလုံးညီၫြတ္မႈ ၏ အားသည္ သက္ေရာက္မႈမ်ားစြာရွိသျဖင့္ အားလုံးစည္းလုံးညီၫြတ္စြာျဖင့္ ေနထိုင္ ၾကရန္လိုေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ႏိုင္ရန္အတြက္ ေတာ္တည့္မွန္ကန္သည့္ ေခါင္းေဆာင္မႈ ျဖစ္ရန္ႏွင့္ ညီၫြတ္မွ်တသည့္အုပ္ခ်ဳပ္မႈရွိရန္လိုေၾကာင္း၊ အိမ္ေထာင္ ဦးစီးျဖစ္သူက ေတာ္တည့္မွန္ကန္စြာႏွင့္ ညီၫြတ္မွ်တသည့္ ေမတၱာတရားျဖင့္ မိသားစု ကို ဦးေဆာင္ေနထိုင္မည္ဆိုပါက မည္သို႔မွ်ၿပိဳကြဲႏိုင္မည္မဟုတ္ေၾကာင္း၊ တပ္မေတာ္ တြင္း၌လည္း ေနရာအလိုက္ ညီၫြတ္မွ်တသည့္ အုပ္ခ်ဳပ္မႈပုံစံမ်ားျဖစ္ရန္လိုၿပီး လူ႔ သေဘာ သဘာဝမ်ားကို နားလည္စြာျဖင့္ ကြပ္ကဲအုပ္ခ်ဳပ္ရန္လိုေၾကာင္း။

မိသားစု တစ္စု၊ တပ္ရင္း၊ တပ္ဖြဲ႕မ်ားအလိုက္စသည္ျဖင့္ အေျခခံမွစ၍ စည္းလုံး ညီၫြတ္ၿပီး တပ္မေတာ္တစ္ရပ္လုံး စည္းလုံးညီၫြတ္မည္ဆိုပါက မည္သူမွ် တပ္မ ေတာ္ကို ထိပါး၍ရမည္မဟုတ္ေၾကာင္း၊ တပ္မေတာ္အင္အားရွိမွ တိုင္းျပည္အင္အားရွိ မည္ျဖစ္ၿပီး တပ္တြင္းစည္းလုံးညီၫြတ္မႈကို ခိုင္ခိုင္မာမာျဖင့္တည္ေဆာက္ႏိုင္မွ သာလ်င္ ႏိုင္ငံတည္တံ့ခိုင္ၿမဲေရးအတြက္လည္း စိတ္ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ ျပည္သူမ်ားႏွင့္လက္တြဲၿပီး ဒို႔တာဝန္အေရးသုံးပါးကို ေခတ္အဆက္ဆက္ ကာကြယ္ေစာင့္ေရွာက္လ်က္ရွိေၾကာင္း၊ မည္သည့္အစိုးရ၊ မည္သည့္ေခတ္ပင္ျဖစ္ေစ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္ကိုကာကြယ္ေစာင့္ေရွာက္သူ Guardian အေနျဖင့္ တည္ရွိေနမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ စြမ္းရည္၊ စြမ္းအား ျမင့္မားၿပီး ကာကြယ္ေရးစြမ္းပကားျမင့္မားေနမွသာလ်င္ ႏိုင္ငံေတာ္ကိုကာကြယ္ေစာင့္ေရွာက္သူ အျဖစ္တည္ရွိေနမည္ ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ စစ္သည္တစ္ဦးခ်င္းမွစ၍ စြမ္းရည္ ျမင့္မားေရး၊ လက္နက္စြမ္းပကားျမင့္မားေရးကို တည္ေဆာက္ေပးေနျခင္းျဖစ္ၿပီး စည္းလုံးျခင္းအင္အား၊ စုစည္းညီၫြတ္သည့္အားကိုတည္ေဆာက္ရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံအေနျဖင့္လည္း အလားတူပင္ျဖစ္ေၾကာင္း၊ ႏိုင္ငံေရးအရ၊ တိုင္းရင္းသားေရးအရ သေဘာထားကြဲလြဲမႈမ်ားရွိေနျခင္းေၾကာင့္ စုစည္းညီၫြတ္သည့္ အင္အားတစ္ခု ရရွိေရး အတြက္ ရည္မွန္းခ်က္ႏွစ္ခုေပး၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယင္းရည္မွန္းခ်က္ ႏွစ္ခု အေနျဖင့္ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာေစေရး၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးကို ဦးတည္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယင္းရည္မွန္းခ်က္ႏွစ္ခုအေပၚမူတည္၍တိုင္းျပည္ စည္းလုံးညီၫြတ္မႈရရွိေအာင္ မိမိတို႔အေနျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ တိုင္းျပည္အတြက္ မွန္ကန္သည့္ စုစည္းညီၫြတ္သည့္အားတစ္ခု မျဖစ္မေန လိုအပ္ သည့္အတြက္ သင္ခန္းစာရယူႏိုင္ရန္ ယခုကဲ့သို႔ ႏိုင္ငံ့သမိုင္းေၾကာင္း ျဖတ္သန္းခဲ့မႈ အေျခအေနမ်ားႏွင့္တကြ အက်ယ္တဝင့္ ရွင္းလင္းေျပာၾကားရျခင္းျဖစ္ေၾကာင္း။

ထို႔ျပင္ ယေန႔ေခတ္သည္ နည္းပညာေခတ္ျဖစ္သျဖင့္ ေနာက္က် က်န္ရစ္၍ ရႏိုင္ မည္ မဟုတ္ေၾကာင္း၊ အသိပညာျမင့္မားေစေရးအတြက္ မိမိကိုယ္တိုင္ စာေပ ေလ့လာ မႈသာမက မိမိတို႔၏ သားသမီးမ်ားကိုလည္း စာေပ၊ ဗဟုသုတ ျမင့္မားေအာင္ ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ပညာေရးႏွင့္ပတ္သက္၍ ဖတ္ရႈ၊ မွတ္သား၊ ေလ့လာ ျခင္းျဖင့္ အသိပညာျမင့္မားေအာင္ ႀကိဳးစားရမည္ျဖစ္ၿပီး အသိပညာ ျမင့္မားမွသာလ်င္ ဒီမို ကေရစီစနစ္ႏွင့္ တိုင္းျပည္၏ အနာဂတ္ကိုလည္း အာမခံႏိုင္မည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

စားေသာက္ဖြယ္ရာမ်ားႏွင့္ ခ်ီးျမႇင့္ေငြမ်ား ေပးအပ္

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ က အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ စားေသာက္ဖြယ္ရာပစၥည္းမ်ားကို ေပးအပ္ရာ တိုင္းမႉးက လည္းေကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးက တပ္နယ္ မိခင္ႏွင့္ ကေလးေစာင့္ေရွာက္ ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကို ေပးအပ္ရာ တိုင္းမႉး၏ ဇနီးကလည္းေကာင္း အသီးသီး လက္ခံရယူၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား တိုင္းစစ္ဌာနခ်ဳပ္ အစည္းအေဝးခန္းမ၌ တိုင္းမႉးက တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း တပ္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈ၊ လုံၿခဳံေရး၊ နယ္ေျမစိုးမိုးေရးႏွင့္ တရားဥပေဒစိုးမိုးေရး တာဝန္မ်ား ထမ္းေဆာင္ေနမႈ အေျခအေနမ်ားကို ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရး၊ တရား ဥပေဒ စိုးမိုးေရးႏွင့္ တပ္တြင္းစည္းလုံးညီၫြတ္ေရးတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည္မ်ား လမ္းၫႊန္မွာၾကားခဲ့ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။