နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ – ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် Jeng Phang နော်တောင်၊ စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်းနှင့် ဦးအောင်နိုင်ဦး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကချင်ပြည်နယ် အတွင်းရှိ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စက်မှုရပ်ကွက် ကော်မတီဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့် စက်မှုရပ်ကွက်အတွင်း စက်မှုကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီပံ့ပိုးမှုများဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ချေးငွေများ ထုတ်ပေးမှုနှင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိမှု၊ One Village One Product ထုတ်လုပ်နိုင်ရေး ဒေသအလိုက် ထုတ်ကုန်အမယ် သတ်မှတ် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု စသည့်အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် “စွမ်းအင်ပြည့်လျှံ” အဆင့်မြင့်လောင်စာတောင့် လုပ်ငန်းရှင် ဦးအောင်သန်းထွဋ်ဦး၊ “ရွှေအုပ်ဆောင်း” ပယင်းကျန်းမာရေးထုတ်ကုန် လုပ်ငန်းရှင် ဒေါ်နီနီလွင်၊ “ဖြိုးဝေဝေ”စက္ကူ Recycling လုပ်ငန်းရှင် ဦးဘင်ဂျမင်၊ “မနောမြန်မာ” စက်ရက္ကန်းလုပ်ငန်းရှင် ဦးသန်းဝင်း နှင့် လုပ်ငန်းရှင်များက ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများ၏ လုပ်ငန်း အလိုက် အခက်အခဲများတွေ့ကြုံနေရမှုနှင့် အစိုးရမှ လိုအပ်သည်များ ကူညီပံ့ပိုးပေးစေ လိုမှု၊ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ချောထုတ်လုပ်ပြီး ပြည်ပနိုင်ငံများ သို့ တင်ပို့ရာတွင် ကုန်သွယ်မှုအခွန်ပမာဏလျော့ကျစေရေး သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးစေလိုမှု၊ အတိုးနှုန်းသက်သာသည့် ရင်းနှီးမတည်ချေးငွေများကို ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြားလိုအပ်သည်များကို အသီးသီး တင်ပြဆွေးနွေးကြသည်။

ထို့နောက် ကချင်အထူးဒေသ(၁)မှ ဦးဇခုန်ယိန်းဆောင်က ချီဖွေ၊ ပန်ဝါ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးမှုများကို ယင်း ဒေသရှိ ဒေသခံပြည်သူများမှ အထူးကျေးဇူးတင်ရှိသည့် အခြေအနေများ၊ ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုလျှင်မြန်စွာ ဖြစ်ပေါ်လာစေရေးအတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်စေရေးနှင့် အခြားဒေသတွင်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ် ချက်များနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက နယ်စပ်ဒေသဖွံ့ဖြိုးရေးသင်တန်း ကျောင်းများ ဖွင့်လှစ်၍ လူသားအရင်းအမြစ်များမွေးထုတ်ပေးလျက်ရှိမှု၊ လမ်းပန်း ဆက်သွယ်မှု လျှင်မြန်ချောမွေ့ရေးမှအစ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များ၏လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ကာ လိုအပ်သည် များကို ဝန်ကြီးဌာနအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေတစ်ရပ် ထူထောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများသို့ ရင်းနှီးမတည်ငွေများ ဆောင်ရွက်ပေးခဲ့မှု၊ MSME အခန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိပြီး ရန်ပုံငွေတစ်ရပ် ထူထောင်ကာ လိုအပ်သည်များ ရင်းနှီးမတည်ပေးနိုင်ရေး ဆောင်ရွက် လျက်ရှိမှု၊ ချေးငွေနှင့် ပတ်သက်၍ နိုင်ငံတော်မှ ခေါင်းစဉ်အမျိုးမျိုးဖြင့် ထုတ်ပေးထား သည့် ချေးငွေများကို သတ်မှတ်ကာလအပိုင်းအခြားနှင့်အညီ အချိန်မီပြန်လည်ပေးဆပ် ရန် လိုအပ်မှု၊ နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်သည်မှန်သမျှကို လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ပေးရန် အသင့်ရှိသည့်အတွက် လုပ်ငန်းရှင်များမှလည်း မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်မှု၊ MSME လုပ်ငန်းများ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေး လျက်ရှိမှု၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှသာလျင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ဝိုင်းဝန်း ဆောင်ရွက်ပေးရန် လိုအပ်မှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ပြန်လည် ဆွေးနွေးပြောကြားကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်လျက်ရှိသည့် အခြေ အနေများကို ဆွေးနွေးပြောကြားသည်။

MSME လုပ်ငန်းများကို အားပေးမြှင့်တင်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည် များ ဖြည့်ဆည်းပေးနိုင်ရန် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ပြည်နယ် နှင့်တိုင်းဒေသကြီး အသီးသီးသို့သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် MSME လုပ်ငန်းများမြှင့်တင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံသာမက ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် ပြည်တွင်းစီးပွားရေးလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်း ကျော်သည် MSME လုပ်ငန်းများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးပါသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ စတင်၍ စီးပွားရေးဆိုင်ရာနှင့် ကုန်သွယ်မှု ဆိုင်ရာ စီမံခန့်ခွဲမှုများ၌ အားနည်းချက်များ ရှိခဲ့ခြင်းကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့ ရကြောင်း၊ နိုင်ငံခြားဝင်ငွေများ ရရှိခြင်းမရှိခဲ့ဘဲ ပြည်ပမှ သွင်းကုန်များကို တင်သွင်းခဲ့ မှုများကြောင့် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်း၊ Non Trade လုပ်ငန်းများမှ ရရှိသည့် ငွေကြေးများဖြင့် သွင်းကုန်များ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားပေးမှု မရှိခဲ့ဘဲ ပြည်ပသွင်းကုန်ကိုသာ အားထားဆောင်ရွက် ခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေ အများအပြားရှိခဲ့ပြီး တိုင်းပြည် အတွက် စိုးရိမ်ဖွယ်ရာ အနေအထားသို့ ရောက်ရှိခဲ့ကာ ကြွေးမြီအများအပြားဖြစ်ပေါ်ခဲ့ကြောင်း။

မိမိတို့အနေဖြင့် လက်ရှိနိုင်ငံ့တာဝန်များကို ထမ်းဆောင်နေချိန်တွင် ပြည်ပမှ ချေးငွေနှင့် အထောက်အပံ့များရရှိမှု မရှိသော်လည်း ပြည်ပချေးငွေများကို ပြန်လည် ပေးဆပ်လျက်ရှိကြောင်း၊ ယခုအခါ နိုင်ငံ၏စီးပွားရေးမှာ အထိုက်အလျောက် ပြန်လည် မြင့်တက်လာပြီဖြစ်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုစီးပွားရေးကိုအားပေး ဆောင်ရွက်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်စီးပွားရေး တစ်နည်းအားဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ဝယ်လိုအားတက်လာမည်ဖြစ် ကြောင်း၊ ငွေကြေးလည်ပတ်မှုများကောင်းမွန်လာပြီး ကုန်ထုတ်လုပ်မှုများ တိုးတက် လာမည်ဖြစ်ကာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်း များကို ပြည်တွင်းစီးပွားရေးအားပေးရန်၊ ပြည်ပသွင်းကုန် အစားထိုးရန်နှင့် ပြည်ပ ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။

လျှပ်စစ်ဓာတ်အား နှင့် စက်သုံးဆီ လိုအပ်ချက်

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတည်ငြိမ်အေးချမ်း မှုရှိရန်လိုအပ်သကဲ့သို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည်လည်း အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံတွင် ရေအားလျှပ်စစ်များထုတ်လုပ်မည်ဆိုပါက မီဂါဝပ် ၄ သောင်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများ ရပ်တန့် ခဲ့ရကြောင်း၊ ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် အရင်း အမြစ်များစွာရှိပြီးဖြစ်သဖြင့် အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် အချိန်ကာလ တစ်ခုအထိ ကြာမြင့်ပြီး ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် ဆောင်ရွက်ရကြောင်း၊ လျှပ်စစ် ဓာတ်အား လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ လေအားအသုံးပြုလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ တစ်ဖက်မှလည်း လျှပ်စစ်ဓာတ်အားများကို ချွေတာသုံးစွဲကြရန်လိုကြောင်း။

အလားတူ မိမိတို့အနေဖြင့် စက်သုံးဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရ မှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများ များစွာကုန်ကျလျက်ရှိကြောင်း၊ ထို့ကြောင့် စက်သုံး ဆီများကို တတ်နိုင်သမျှချွေတာသုံးစွဲရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲရန် မလိုအပ်သည့် စက်ဘီးကဲ့သို့သောယဉ်များကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုကြောင်း၊ ကုန်စည်ပို့ဆောင်ရေးတွင်လည်း စက်သုံးဆီသုံးစွဲမှုနည်းပါးပြီး ကုန်စည်များစွာကို ပို့ဆောင်နိုင်သည့် ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းချွေတာသုံးစွဲမည်ဆိုပါက နိုင်ငံခြား ငွေကုန်ကျမှုများ လျော့နည်းသွားမည် ဖြစ်ကြောင်း။

ဒေသထုတ်ကုန်ကို အခြေခံသည့် ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်

ကုန်ဈေးနှုန်းမြင့်တက်မှုမှာ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ သယ်ဆောင် မှုစရိတ်မြင့်မားခြင်း၊ ရောင်းလိုအားနှင့် ဝယ်လိုအားမျှတမှုမရှိခြင်းများကြောင့် ဖြစ် ကြောင်း၊ ကချင်ပြည်နယ်တွင် ရေခံမြေခံကောင်းများကိုပိုင်ဆိုင်ပြီးဖြစ်သဖြင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကိုအောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြောင်း၊ ပြည် တွင်း၌ ထုတ်ကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါကကုန်ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်း များကို အားပေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများအားလုံး တိုးတက်လာစေရန်ဖြစ်ကြောင်း၊ တစ်ဦး ချင်း၏ အကျိုးစီးပွားမှ နိုင်ငံ့အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ကြစေလို ကြောင်း၊ ကချင်ပြည်နယ်အတွင်းတစ်ဦးချင်း အကျိုးစီးပွားထက် အများ၏ အကျိုး စီးပွားကိုဖြစ်ထွန်းစေနိုင်သည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ကြစေလို ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများမှ သွင်းကုန်အစားထိုး လူသုံးကုန်နှင့်စားသောက်ကုန် များကို ထုတ်လုပ်နိုင်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ရာဘာစိုက်ပျိုးမှုများသဖြင့် ရာဘာထွက်ကုန်များဖြင့် တာယာ များနှင့် အခြားလူသုံး ကုန်ပစ္စည်းများကိုထုတ်လုပ် နိုင်ကြောင်း၊ ဒေသတွင်း လူသုံးကုန် ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်၍ တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ပါ ပြန်လည်တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ဝါးနှင့် သစ်များပေါများစွာရှိကြောင်း၊ အဆိုပါ သစ်နှင့် ဝါးများကို အသုံးပြု၍ စက္ကူ ပျော့ဖတ်များထုတ်လုပ်ပြီး နိုင်ငံ၏ စက္ကူလိုအပ်ချက်ကို ဖြည့်တင်းနိုင်ကြောင်း၊ ဝါးကို အခြေခံသည့် အခြားလူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်ကြောင်း၊ ဝါးနှင့် ပတ်သက်၍ ထုတ်ကုန်ပစ္စည်းများထုတ်လုပ်မည်ဆိုပါက နိုင်ငံတော်မှလိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ကချင်ပြည်နယ် အတွင်းမှ ထွက်ရှိသည့် သစ်သီးများကို တန်ဖိုးမြှင့်ထုတ်ကုန်များ အဖြစ် ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့တင်ပို့နိုင်မည်ဆိုပါက အကျိုးများစွာ ဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။

ဒေသတွင်းဆန်ဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးရေးတွင် အဓိက အခြေခံအချက် များဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးမြေကောင်းမွန်ရေး၊ စိုက်ပျိုးရေလုံ လောက်စွာရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်မှုရှိရေး စသည့် မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးကို စနစ်တကျဖြင့် အသုံးချဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးဧကများ တိုးချဲ့ စိုက်ပျိုးခြင်းထက် တစ်ဧကချင်း အထွက်နှုန်းများတိုးတက်အောင်ဆောင်ရွက် ရန်လို ကြောင်း၊ အလားတူ မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း မိရိုးဖလာ မွေးမြူရေး လုပ်ငန်းများအစား လှောင်၍မွေးမြူသည့်စနစ်ဖြင့် စနစ်တကျ မွေးမြူ မည်ဆိုပါက မွေးမြူရေးထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်သောကြောင့် နိုင်ငံခြား ဝင်ငွေများရရှိပြီး ဒေသနှင့် နိုင်ငံအတွက်အကျိုးများစွာဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း။

လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး ပညာရေး အားပေးမြှင့်တင်

MSME လုပ်ငန်းများအောင်မြင်စေရေးအတွက် အဓိကလိုအပ်ချက်မှာ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ကောင်းတို့ဖြစ်ကြောင်း၊ ယနေ့ ခေတ် သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပြီး ဒေသတွင်းအလွယ်တကူရရှိနိုင်သည့် ကုန်ကြမ်း များကိုသုံးစွဲ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက် နိုင်မည် ဆိုပါက အကျိုးများစွာဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး အခြေခံပညာများမြှင့်တင်ရေးအတွက် အစိုးရမှတတ်နိုင်သည့် ဘက်မှ အားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ အဆင့်မြင့်ပညာရေး မြှင့်တင်ရေးအတွက်လည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးကို မြှင့်တင်ခြင်း သည် လူတစ်ဦးချင်း၏ အနာဂတ်၊ တိုင်းပြည်၏ အနာဂတ်ကို မြှင့်တင်ခြင်းပင်ဖြစ် ကြောင်း၊ ထို့ကြောင့် ပညာရေးမြှင့်တင်မှုများကို မဖြစ်မနေဆောင်ရွက်ပေးရ မည်ဖြစ် ကြောင်း၊ သို့မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ် များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။

ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ဒေသခံလုပ်ငန်းရှင်များမှလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်းဖြင့် တိုက်တွန်း ဆွေးနွေး ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ခင်းကျင်းပြသထားသည့် သယံဇာတတွင်းထွက်ထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက် တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေ များကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံ ရှင်းလင်း တင်ပြခဲ့ကြပါသည်။

Zawgyi Version

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကခ်င္ျပည္နယ္အတြင္းရွိ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရး(MSME) လုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁၃

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ယေန႔မြန္းလြဲပိုင္းတြင္ ကခ်င္ျပည္နယ္အတြင္းရွိ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရး (MSME) လုပ္ငန္းရွင္မ်ားအား ျမစ္ႀကီးနားၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌ ေတြ႕ဆုံ၍ စီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆြးေႏြးေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ေကာင္စီဝင္ Jeng Phang ေနာ္ေတာင္၊ ေစာဒန္နီယယ္၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ဦးဝင္းရွိန္၊ ဦးလွမိုး၊ ေဒါက္တာ ခ်ာလီသန္းႏွင့္ ဦးေအာင္ႏိုင္ဦး၊ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးခက္ထိန္နန္၊ ကာကြယ္ ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး၊ ဒုတိယဝန္ႀကီးမ်ား၊ ျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ား၊ ကခ်င္ျပည္နယ္ အတြင္းရွိ အေသး စား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရး (MSME) လုပ္ငန္းရွင္မ်ား ႏွင့္ တာဝန္ရွိသူ မ်ား တက္ေရာက္ၾကသည္။

စီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လိုအပ္ခ်က္မ်ားအား တစ္ဦးခ်င္း တင္ျပေဆြးေႏြး

ဦးစြာ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေဒသဆိုင္ရာအခ်က္အလက္မ်ား၊ ျမစ္ႀကီးနား စီးပြားေရးဖြံ႕ၿဖိဳးေရးဇုန္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိမႈ၊ စက္မႈရပ္ကြက္ ေကာ္မတီဖြဲ႕စည္းေဆာင္႐ြက္ထားရွိမႈႏွင့္ စက္မႈရပ္ကြက္အတြင္း စက္မႈကုန္ထုတ္ လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိမႈ၊ ကခ်င္ျပည္နယ္အတြင္း အေသးစား၊ အငယ္ စားႏွင့္ အလတ္စား စီးပြားေရး (MSME) လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနမႈ၊ ကခ်င္ျပည္နယ္အတြင္းရွိ MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ကူညီပံ့ပိုးမႈမ်ားေဆာင္႐ြက္လ်က္ရွိမႈ၊ MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္မွ ေခ်းေငြမ်ား ထုတ္ေပးမႈႏွင့္ လုပ္ငန္းတိုးခ်ဲ႕ေဆာင္႐ြက္လ်က္ရွိမႈ၊ One Village One Product ထုတ္လုပ္ႏိုင္ေရး ေဒသအလိုက္ ထုတ္ကုန္အမယ္ သတ္မွတ္ ေဆာင္႐ြက္လ်က္ရွိမႈ၊ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရး ရန္ပုံေငြျဖင့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း မ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိမႈ စသည့္အေျခအေနမ်ားကို ရွင္းလင္း တင္ျပသည္။

ယင္းေနာက္ “စြမ္းအင္ျပည့္လွ်ံ” အဆင့္ျမင့္ေလာင္စာေတာင့္ လုပ္ငန္းရွင္ ဦးေအာင္သန္းထြဋ္ဦး၊ “ေ႐ႊအုပ္ေဆာင္း” ပယင္းက်န္းမာေရးထုတ္ကုန္ လုပ္ငန္းရွင္ ေဒၚနီနီလြင္၊ “ၿဖိဳးေဝေဝ”စကၠဴ Recycling လုပ္ငန္းရွင္ ဦးဘင္ဂ်မင္၊ “မေနာျမန္မာ” စက္ရကၠန္းလုပ္ငန္းရွင္ ဦးသန္းဝင္း ႏွင့္ လုပ္ငန္းရွင္မ်ားက ကခ်င္ျပည္နယ္အတြင္းရွိ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရး(MSME)လုပ္ငန္းမ်ား၏ လုပ္ငန္း အလိုက္ အခက္အခဲမ်ားေတြ႕ႀကဳံေနရမႈႏွင့္ အစိုးရမွ လိုအပ္သည္မ်ား ကူညီပံ့ပိုးေပးေစ လိုမႈ၊ ေဒသထြက္ကုန္ၾကမ္းမ်ားကို အသုံးျပဳ၍ ကုန္ေခ်ာထုတ္လုပ္ၿပီး ျပည္ပႏိုင္ငံမ်ား သို႔ တင္ပို႔ရာတြင္ ကုန္သြယ္မႈအခြန္ပမာဏေလ်ာ့က်ေစေရး သက္ဆိုင္ရာႏိုင္ငံမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေပးေစလိုမႈ၊ အတိုးႏႈန္းသက္သာသည့္ ရင္းႏွီးမတည္ေခ်းေငြမ်ားကို ေဆာင္႐ြက္ေပးေစလိုမႈႏွင့္ ေဒသတြင္းစီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ အျခားလိုအပ္သည္မ်ားကို အသီးသီး တင္ျပေဆြးေႏြးၾကသည္။

ထို႔ေနာက္ ကခ်င္အထူးေဒသ(၁)မွ ဦးဇခုန္ယိန္းေဆာင္က ခ်ီေဖြ၊ ပန္ဝါ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္အစိုးရမွ ေဆာင္႐ြက္ေပးမႈမ်ားကို ယင္း ေဒသရွိ ေဒသခံျပည္သူမ်ားမွ အထူးေက်းဇူးတင္ရွိသည့္ အေျခအေနမ်ား၊ ေဒသတြင္း လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္မႈမ်ား ပိုမိုလွ်င္ျမန္စြာ ျဖစ္ေပၚလာေစေရးအတြက္ လမ္းပန္းဆက္သြယ္မႈ ပိုမိုေကာင္းမြန္ေစေရးႏွင့္ အျခားေဒသတြင္းလိုအပ္ခ်က္မ်ားကို ေဆြးေႏြးတင္ျပၿပီး တက္ေရာက္လာၾကသည့္ လုပ္ငန္းရွင္မ်ားက လုပ္ငန္းလိုအပ္ ခ်က္မ်ားႏွင့္ ပတ္သက္၍ အေထြေထြေဆြးေႏြးတင္ျပၾကသည္။

ျပည္ေထာင္စုဝန္ႀကီးမ်ားက သက္ဆိုင္ရာက႑အလိုက္ ျပန္လည္ရွင္းလင္းေဆြးေႏြး

ဆက္လက္ၿပီး လုပ္ငန္းရွင္မ်ား၏ တစ္ဦးခ်င္း ရွင္းလင္းတင္ျပမႈမ်ားႏွင့္ ပတ္သက္၍ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ ဒုတိယဝန္ႀကီးမ်ားက နယ္စပ္ေဒသဖြံ႕ၿဖိဳးေရးသင္တန္း ေက်ာင္းမ်ား ဖြင့္လွစ္၍ လူသားအရင္းအျမစ္မ်ားေမြးထုတ္ေပးလ်က္ရွိမႈ၊ လမ္းပန္း ဆက္သြယ္မႈ လွ်င္ျမန္ေခ်ာေမြ႕ေရးမွအစ ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ေပး လ်က္ရွိမႈ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ရွိ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရး (MSME) ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လုပ္ငန္းရွင္မ်ား၏လိုအပ္ ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္ေရး ေတြ႕ဆုံေဆြးေႏြးပြဲမ်ား ျပဳလုပ္ကာ လိုအပ္သည္ မ်ားကို ဝန္ႀကီးဌာနအလိုက္ ျဖည့္ဆည္းေဆာင္႐ြက္ေပးလ်က္ရွိမႈ၊ ႏိုင္ငံ့စီးပြားျမႇင့္တင္ ေရး ရန္ပုံေငြတစ္ရပ္ ထူေထာင္၍ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရေဒသမ်ားသို႔ ရင္းႏွီးမတည္ေငြမ်ား ေဆာင္႐ြက္ေပးခဲ့မႈ၊ MSME အခန္းက႑ ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာ ေစေရးအတြက္ ႏိုင္ငံေတာ္မွ အားေပးေဆာင္႐ြက္လ်က္ရွိၿပီး ရန္ပုံေငြတစ္ရပ္ ထူေထာင္ကာ လိုအပ္သည္မ်ား ရင္းႏွီးမတည္ေပးႏိုင္ေရး ေဆာင္႐ြက္ လ်က္ရွိမႈ၊ ေခ်းေငြႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္မွ ေခါင္းစဥ္အမ်ိဳးမ်ိဳးျဖင့္ ထုတ္ေပးထား သည့္ ေခ်းေငြမ်ားကို သတ္မွတ္ကာလအပိုင္းအျခားႏွင့္အညီ အခ်ိန္မီျပန္လည္ေပးဆပ္ ရန္ လိုအပ္မႈ၊ ႏိုင္ငံေတာ္မွ ေဆာင္႐ြက္ေပးႏိုင္သည္မွန္သမွ်ကို လုပ္ထုံးလုပ္နည္းႏွင့္ ေဆာင္႐ြက္ေပးရန္ အသင့္ရွိသည့္အတြက္ လုပ္ငန္းရွင္မ်ားမွလည္း မွန္မွန္ကန္ကန္ျဖင့္ ေဆာင္႐ြက္ၾကရန္ လိုအပ္မႈ၊ MSME လုပ္ငန္းမ်ား ေဈးကြက္ရရွိေရး ေဆာင္႐ြက္ေပး လ်က္ရွိမႈ၊ တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးအတြက္ အားလုံးဝိုင္းဝန္းႀကိဳးပမ္း ေဆာင္႐ြက္မွသာလ်င္ MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္သျဖင့္ ဝိုင္းဝန္း ေဆာင္႐ြက္ေပးရန္ လိုအပ္မႈ စသည္ျဖင့္ သက္ဆိုင္ရာက႑မ်ားအလိုက္ အသီးသီး ျပန္လည္ ေဆြးေႏြးေျပာၾကားၾကသည္။

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ကခ်င္ျပည္နယ္အတြင္း အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရး (MSME) ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လိုအပ္ခ်က္မ်ား ျဖည့္ဆည္းေဆာင္႐ြက္ေပးႏိုင္ေရး လုပ္ေဆာင္လ်က္ရွိသည့္ အေျခ အေနမ်ားကို ေဆြးေႏြးေျပာၾကားသည္။

MSME လုပ္ငန္းမ်ားကို အားေပးျမႇင့္တင္

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ က အမွာစကားေျပာၾကားရာတြင္ ကခ်င္ျပည္နယ္အတြင္း အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရး (MSME) လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လိုအပ္သည္ မ်ား ျဖည့္ဆည္းေပးႏိုင္ရန္ ယခုကဲ့သို႔ လာေရာက္ေတြ႕ဆုံျခင္းျဖစ္ေၾကာင္း၊ ျပည္နယ္ ႏွင့္တိုင္းေဒသႀကီး အသီးသီးသို႔သြားေရာက္၍ ႏိုင္ငံ့စီးပြားျမႇင့္တင္ႏိုင္ရန္အတြက္ MSME လုပ္ငန္းမ်ားျမႇင့္တင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံကဲ့သို႔ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံသာမက ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ား၌ပင္ ျပည္တြင္းစီးပြားေရးလုပ္ငန္း၏ ၉၀ ရာခိုင္ႏႈန္း ေက်ာ္သည္ MSME လုပ္ငန္းမ်ားပင္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အေရးပါသည့္ MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္မွ အားေပးေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ၂၀၁၈ ခုႏွစ္မွ စတင္၍ စီးပြားေရးဆိုင္ရာႏွင့္ ကုန္သြယ္မႈ ဆိုင္ရာ စီမံခန႔္ခြဲမႈမ်ား၌ အားနည္းခ်က္မ်ား ရွိခဲ့ျခင္းေၾကာင့္ ႏိုင္ငံ့စီးပြားေရး က်ဆင္းခဲ့ ရေၾကာင္း၊ ႏိုင္ငံျခားဝင္ေငြမ်ား ရရွိျခင္းမရွိခဲ့ဘဲ ျပည္ပမွ သြင္းကုန္မ်ားကို တင္သြင္းခဲ့ မႈမ်ားေၾကာင့္ ကုန္သြယ္မႈလိုေငြမ်ား ျဖစ္ေပၚခဲ့ေၾကာင္း၊ Non Trade လုပ္ငန္းမ်ားမွ ရရွိသည့္ ေငြေၾကးမ်ားျဖင့္ သြင္းကုန္မ်ား တင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း၊ ျပည္တြင္း ကုန္ထုတ္လုပ္မႈကို အားေပးမႈ မရွိခဲ့ဘဲ ျပည္ပသြင္းကုန္ကိုသာ အားထားေဆာင္႐ြက္ ခဲ့ျခင္းေၾကာင့္ ကုန္သြယ္မႈလိုေငြ အမ်ားအျပားရွိခဲ့ၿပီး တိုင္းျပည္ အတြက္ စိုးရိမ္ဖြယ္ရာ အေနအထားသို႔ ေရာက္ရွိခဲ့ကာ ေႂကြးၿမီအမ်ားအျပားျဖစ္ေပၚခဲ့ေၾကာင္း။

မိမိတို႔အေနျဖင့္ လက္ရွိႏိုင္ငံ့တာဝန္မ်ားကို ထမ္းေဆာင္ေနခ်ိန္တြင္ ျပည္ပမွ ေခ်းေငြႏွင့္ အေထာက္အပံ့မ်ားရရွိမႈ မရွိေသာ္လည္း ျပည္ပေခ်းေငြမ်ားကို ျပန္လည္ ေပးဆပ္လ်က္ရွိေၾကာင္း၊ ယခုအခါ ႏိုင္ငံ၏စီးပြားေရးမွာ အထိုက္အေလ်ာက္ ျပန္လည္ ျမင့္တက္လာၿပီျဖစ္ေၾကာင္း၊ ျပည္တြင္း ကုန္ထုတ္လုပ္မႈစီးပြားေရးကိုအားေပး ေဆာင္႐ြက္မည္ဆိုပါက ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ MSME လုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္လ်က္ရွိျခင္းျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ အဓိက စီးပြားေရးလုပ္ငန္းမ်ားျဖစ္သည့္ ေက်းလက္စီးပြားေရး တစ္နည္းအားျဖင့္ စိုက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေက်းလက္ေနျပည္သူ မ်ား၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္လာမည္ဆိုပါက ဝယ္လိုအားတက္လာမည္ျဖစ္ ေၾကာင္း၊ ေငြေၾကးလည္ပတ္မႈမ်ားေကာင္းမြန္လာၿပီး ကုန္ထုတ္လုပ္မႈမ်ား တိုးတက္ လာမည္ျဖစ္ကာ ႏိုင္ငံစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္း၊ MSME လုပ္ငန္း မ်ားကို ျပည္တြင္းစီးပြားေရးအားေပးရန္၊ ျပည္ပသြင္းကုန္ အစားထိုးရန္ႏွင့္ ျပည္ပ ပို႔ကုန္က႑ ျမႇင့္တင္ႏိုင္ေရးအတြက္ အားေပးေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္း။

လွ်ပ္စစ္ဓာတ္အား ႏွင့္ စက္သုံးဆီ လိုအပ္ခ်က္

ႏိုင္ငံစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ရာတြင္ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္း မႈရွိရန္လိုအပ္သကဲ့သို႔ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္သည္လည္း အေရးႀကီးေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ေရအားလွ်ပ္စစ္မ်ားထုတ္လုပ္မည္ဆိုပါက မီဂါဝပ္ ၄ ေသာင္းခန႔္ ထုတ္လုပ္ႏိုင္မည္ျဖစ္ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စီမံကိန္းမ်ား ရပ္တန႔္ ခဲ့ရေၾကာင္း၊ ကခ်င္ျပည္နယ္အတြင္း ေရအားလွ်ပ္စစ္ ထုတ္ယူႏိုင္သည့္ အရင္း အျမစ္မ်ားစြာရွိၿပီးျဖစ္သျဖင့္ အက်ိဳးရွိစြာ အသုံးခ်ေစလိုေၾကာင္း၊ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈလုပ္ငန္းမ်ား အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ရန္အတြက္ အခ်ိန္ကာလ တစ္ခုအထိ ၾကာျမင့္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားစြာျဖင့္ ေဆာင္႐ြက္ရေၾကာင္း၊ လွ်ပ္စစ္ ဓာတ္အား လိုအပ္မႈမ်ားကို ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ထုတ္လုပ္ျခင္းလုပ္ငန္း၊ ေလအားအသုံးျပဳလွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္း လုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္ေၾကာင္း၊ တစ္ဖက္မွလည္း လွ်ပ္စစ္ဓာတ္အားမ်ားကို ေခြၽတာသုံးစြဲၾကရန္လိုေၾကာင္း။

အလားတူ မိမိတို႔အေနျဖင့္ စက္သုံးဆီမ်ားကို ျပည္ပမွႏွစ္စဥ္တင္သြင္းေနရ မႈေၾကာင့္ ႏိုင္ငံျခားေငြသုံးစြဲမႈမ်ား မ်ားစြာကုန္က်လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ စက္သုံး ဆီမ်ားကို တတ္ႏိုင္သမွ်ေခြၽတာသုံးစြဲရန္လိုေၾကာင္း၊ စက္သုံးဆီသုံးစြဲရန္ မလိုအပ္သည့္ စက္ဘီးကဲ့သို႔ေသာယဥ္မ်ားကို တိုင္းခ်စ္ျပည္ခ်စ္စိတ္ျဖင့္ အသုံးျပဳၾကေစလိုေၾကာင္း၊ ကုန္စည္ပို႔ေဆာင္ေရးတြင္လည္း စက္သုံးဆီသုံးစြဲမႈနည္းပါးၿပီး ကုန္စည္မ်ားစြာကို ပို႔ေဆာင္ႏိုင္သည့္ ရထားျဖင့္ သယ္ယူပို႔ေဆာင္ျခင္းကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္းေခြၽတာသုံးစြဲမည္ဆိုပါက ႏိုင္ငံျခား ေငြကုန္က်မႈမ်ား ေလ်ာ့နည္းသြားမည္ ျဖစ္ေၾကာင္း။

ေဒသထုတ္ကုန္ကို အေျခခံသည့္ ျပည္တြင္းစီးပြားေရးကို အားေပးျမႇင့္တင္

ကုန္ေဈးႏႈန္းျမင့္တက္မႈမွာ ထုတ္လုပ္မႈကုန္က်စရိတ္ႀကီးျမင့္ျခင္း၊ သယ္ေဆာင္ မႈစရိတ္ျမင့္မားျခင္း၊ ေရာင္းလိုအားႏွင့္ ဝယ္လိုအားမွ်တမႈမရွိျခင္းမ်ားေၾကာင့္ ျဖစ္ ေၾကာင္း၊ ကခ်င္ျပည္နယ္တြင္ ေရခံေျမခံေကာင္းမ်ားကိုပိုင္ဆိုင္ၿပီးျဖစ္သျဖင့္ စိုက္ပ်ိဳး ေမြးျမဴေရး လုပ္ငန္းမ်ားကိုေအာင္ျမင္ ျဖစ္ထြန္းေအာင္ ေဆာင္႐ြက္ႏိုင္ေၾကာင္း၊ ျပည္ တြင္း၌ ထုတ္ကုန္မ်ားကို လုံေလာက္စြာ ထုတ္လုပ္ႏိုင္မည္ဆိုပါကကုန္ေဈးႏႈန္းမ်ား က်ဆင္းလာမည္ျဖစ္ေၾကာင္း၊ MSME လုပ္ငန္း မ်ားကို အားေပးေဆာင္႐ြက္ျခင္းသည္ ႏိုင္ငံအတြင္းရွိ စီးပြားေရးလုပ္ငန္းမ်ားအားလုံး တိုးတက္လာေစရန္ျဖစ္ေၾကာင္း၊ တစ္ဦး ခ်င္း၏ အက်ိဳးစီးပြားမွ ႏိုင္ငံ့အက်ိဳးစီးပြားကို တိုးတက္ေအာင္ ေဆာင္႐ြက္ၾကေစလို ေၾကာင္း၊ ကခ်င္ျပည္နယ္အတြင္းတစ္ဦးခ်င္း အက်ိဳးစီးပြားထက္ အမ်ား၏ အက်ိဳး စီးပြားကိုျဖစ္ထြန္းေစႏိုင္သည့္ ကုန္ထုတ္လုပ္ငန္းမ်ားကို ေဆာင္႐ြက္ၾကေစလို ေၾကာင္း၊ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးကိုအေျခခံသည့္ MSME စီးပြားေရးလုပ္ငန္းမ်ားမွ သြင္းကုန္အစားထိုး လူသုံးကုန္ႏွင့္စားေသာက္ကုန္ မ်ားကို ထုတ္လုပ္ႏိုင္ေၾကာင္း၊ ကခ်င္ျပည္နယ္အတြင္း ရာဘာစိုက္ပ်ိဳးမႈမ်ားသျဖင့္ ရာဘာထြက္ကုန္မ်ားျဖင့္ တာယာ မ်ားႏွင့္ အျခားလူသုံး ကုန္ပစၥည္းမ်ားကိုထုတ္လုပ္ ႏိုင္ေၾကာင္း၊ ေဒသတြင္း လူသုံးကုန္ ပစၥည္းမ်ားကို လုံေလာက္စြာထုတ္လုပ္၍ တန္ဖိုးျမင့္ထုတ္ကုန္မ်ားကို ထုတ္လုပ္ၿပီး ျပည္ပႏိုင္ငံမ်ားသို႔ပါ ျပန္လည္တင္ပို႔ႏိုင္မည္ျဖစ္ေၾကာင္း၊ ကခ်င္ျပည္နယ္အတြင္း ဝါးႏွင့္ သစ္မ်ားေပါမ်ားစြာရွိေၾကာင္း၊ အဆိုပါ သစ္ႏွင့္ ဝါးမ်ားကို အသုံးျပဳ၍ စကၠဴ ေပ်ာ့ဖတ္မ်ားထုတ္လုပ္ၿပီး ႏိုင္ငံ၏ စကၠဴလိုအပ္ခ်က္ကို ျဖည့္တင္းႏိုင္ေၾကာင္း၊ ဝါးကို အေျခခံသည့္ အျခားလူသုံးကုန္ပစၥည္းမ်ားကိုလည္း ထုတ္လုပ္ႏိုင္ေၾကာင္း၊ ဝါးႏွင့္ ပတ္သက္၍ ထုတ္ကုန္ပစၥည္းမ်ားထုတ္လုပ္မည္ဆိုပါက ႏိုင္ငံေတာ္မွလိုအပ္သည့္ ကူညီပံ့ပိုးမႈမ်ားေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ အလားတူ ကခ်င္ျပည္နယ္ အတြင္းမွ ထြက္ရွိသည့္ သစ္သီးမ်ားကို တန္ဖိုးျမႇင့္ထုတ္ကုန္မ်ား အျဖစ္ ထုတ္လုပ္၍ ျပည္ပႏိုင္ငံမ်ားသို႔တင္ပို႔ႏိုင္မည္ဆိုပါက အက်ိဳးမ်ားစြာ ျဖစ္ထြန္း ေစမည္ျဖစ္ေၾကာင္း။

ေဒသတြင္းဆန္ဖူလုံမႈရွိေစေရးအတြက္ စိုက္ပ်ိဳးေရးတြင္ အဓိက အေျခခံအခ်က္ မ်ားျဖစ္သည့္ မ်ိဳးေကာင္းမ်ိဳးသန႔္ရရွိေရး၊ စိုက္ပ်ိဳးေျမေကာင္းမြန္ေရး၊ စိုက္ပ်ိဳးေရလုံ ေလာက္စြာရရွိေရးႏွင့္ စိုက္နည္းစနစ္မွန္ကန္မႈရွိေရး စသည့္ မ်ိဳး၊ ေျမ၊ ေရ၊ နည္း ေလးမ်ိဳးကို စနစ္တက်ျဖင့္ အသုံးခ်ေဆာင္႐ြက္ရန္လိုေၾကာင္း၊ စိုက္ပ်ိဳးဧကမ်ား တိုးခ်ဲ႕ စိုက္ပ်ိဳးျခင္းထက္ တစ္ဧကခ်င္း အထြက္ႏႈန္းမ်ားတိုးတက္ေအာင္ေဆာင္႐ြက္ ရန္လို ေၾကာင္း၊ အလားတူ ေမြးျမဴေရး လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္လည္း မိ႐ိုးဖလာ ေမြးျမဴေရး လုပ္ငန္းမ်ားအစား ေလွာင္၍ေမြးျမဴသည့္စနစ္ျဖင့္ စနစ္တက် ေမြးျမဴ မည္ဆိုပါက ေမြးျမဴေရးထြက္ကုန္မ်ားကို ျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔ႏိုင္ေသာေၾကာင့္ ႏိုင္ငံျခား ဝင္ေငြမ်ားရရွိၿပီး ေဒသႏွင့္ ႏိုင္ငံအတြက္အက်ိဳးမ်ားစြာျဖစ္ထြန္းေစမည္ ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို အေျခခံသည့္ MSME ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားျဖင့္ ေဒသတြင္းစီးပြားေရးလုပ္ငန္းမ်ားကို ေအာင္ျမင္ ျဖစ္ထြန္းေအာင္ ေဆာင္႐ြက္ၾကေစလိုေၾကာင္း။

လူသားအရင္းအျမစ္ေကာင္းမ်ား ေပၚထြက္လာေရး ပညာေရး အားေပးျမႇင့္တင္

MSME လုပ္ငန္းမ်ားေအာင္ျမင္ေစေရးအတြက္ အဓိကလိုအပ္ခ်က္မွာ ကုန္ၾကမ္း၊ သြင္းအားစု၊ အရင္းအႏွီးႏွင့္ လူသားအရင္းအျမစ္ေကာင္းတို႔ျဖစ္ေၾကာင္း၊ ယေန႔ ေခတ္ သည္ ေဈးကြက္စီးပြားေရးစနစ္ျဖစ္ၿပီး ေဒသတြင္းအလြယ္တကူရရွိႏိုင္သည့္ ကုန္ၾကမ္း မ်ားကိုသုံးစြဲ၍ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ ႏိုင္မည္ ဆိုပါက အက်ိဳးမ်ားစြာျဖစ္ထြန္းေစမည္ျဖစ္ေၾကာင္း၊ လူသားအရင္းအျမစ္ေကာင္းမ်ား ေမြးထုတ္ေပးႏိုင္ေရး အေျခခံပညာမ်ားျမႇင့္တင္ေရးအတြက္ အစိုးရမွတတ္ႏိုင္သည့္ ဘက္မွ အားေပးေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ အလားတူ အဆင့္ျမင့္ပညာေရး ျမႇင့္တင္ေရးအတြက္လည္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ပညာေရးကို ျမႇင့္တင္ျခင္း သည္ လူတစ္ဦးခ်င္း၏ အနာဂတ္၊ တိုင္းျပည္၏ အနာဂတ္ကို ျမႇင့္တင္ျခင္းပင္ျဖစ္ ေၾကာင္း၊ ထို႔ေၾကာင့္ ပညာေရးျမႇင့္တင္မႈမ်ားကို မျဖစ္မေနေဆာင္႐ြက္ေပးရ မည္ျဖစ္ ေၾကာင္း၊ သို႔မွသာ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လိုအပ္သည့္ လူသားအရင္းအျမစ္ မ်ားကို ေမြးထုတ္ေပးႏိုင္မည္ျဖစ္ေၾကာင္း။

ကခ်င္ျပည္နယ္အတြင္းရွိ MSME လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ လိုအပ္ခ်က္မ်ားကို ႏိုင္ငံေတာ္အစိုးရအေနျဖင့္ တတ္ႏိုင္သည့္ဘက္မွ ကူညီေဆာင္႐ြက္ ေပးသြားမည္ျဖစ္ၿပီး ေဒသခံလုပ္ငန္းရွင္မ်ားမွလည္း ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ၾက ေစလိုေၾကာင္းျဖင့္ တိုက္တြန္း ေဆြးေႏြး ေျပာၾကားသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ သည္ တက္ေရာက္လာၾကသည့္ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရး (MSME) လုပ္ငန္းရွင္မ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္သည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ သည္ ခင္းက်င္းျပသထားသည့္ သယံဇာတတြင္းထြက္ထုတ္ကုန္မ်ား၊ စားေသာက္ကုန္၊ လူသုံးကုန္၊ စက္မႈလက္မႈထုတ္ကုန္၊ ႐ိုးရာလက္မႈ ထုတ္ကုန္မ်ား၊ အဝတ္အထည္မ်ား၊ တိုင္းရင္းေဆးမ်ား စသည့္ ထုတ္ကုန္ပစၥည္းမ်ား ခင္းက်င္းျပသထားရွိမႈမ်ားကို ျပကြက္ တစ္ခုခ်င္းစီအလိုက္ စိတ္ဝင္တစားျဖင့္ ေလ့လာခဲ့ၿပီး ေဈးကြက္ရရွိမႈအေျခအေန မ်ားကို ေမးျမန္းေဆြးေႏြးရာ လုပ္ငန္းအလိုက္ စီးပြားေရးလုပ္ငန္းရွင္မ်ားက လိုက္လံ ရွင္းလင္း တင္ျပခဲ့ၾကပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။