နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဩဂုတ် – ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင် တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

တပ်မတော်နှင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မရယူရန်လုပ်ဆောင်လာခဲ့သောကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည့် အခြေအနေများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်မှုဖြစ်စဉ်များ ရှိနေဆဲဖြစ်သဖြင့် နိုင်ငံတစ်ဝန်းလုံး အရေး ပေါ်အခြေအနေ ကြေညာထားသည့်ကာလအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ စ၍ နောက်ထပ်(၆) လ သက်တမ်းတိုးမြှင့်ထားသည့် အခြေအနေများ၊ ဆက်လက် တာဝန်ထမ်းဆောင်သွားမည့် ကာလအတွင်း ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် ချမှတ်၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်မှုများနှင့် အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရား မျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေးကို ဦးတည်ချက်ထား၍ ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများ၊ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်များ ပြောင်းလဲခဲ့မှု အခြေအနေများနှင့် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဦးစွာ ရှင်းလင်း ပြော ကြားသည်။

နိုင်ငံ့အနာဂတ်အတွက် ဗလငါးတန် ပြည့်စုံသည့် လူငယ်များကို မွေးထုတ်ပေးနိုင်ရမည်

ဆက်လက်ပြောကြားရာတွင် အသစ်ထပ်မံချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာ၍ အောင်မြင်နိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ကျရာအခန်းကဏ္ဍက ပါဝင်ရမည်ဖြစ် ကြောင်း၊ ဦးတည်ချက်များအနက် လူငယ်များ၏ အခန်းကဏ္ဍတစ်ခုကို ထည့်သွင်း ချမှတ်ထားကြောင်း၊ အနာဂတ် နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်ရန်အတွက် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဟူသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူကောင်း၊ လူတော်များကို မွေးထုတ်ပေးရန်လိုကြောင်း၊ နိုင်ငံ၏ အနာဂတ်တိုးတက်ရေးအတွက် လူငယ်များသည် အရေးပါသည့် အခန်းကဏ္ဍမှပါဝင် နေပြီး အနာဂတ်တိုင်းပြည်ကို ဦးဆောင်နိုင်သည့် နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွက်လာ စေရေး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ် ဖွံ့ဖြိုးသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်မှသာလျင် အနာဂတ်နိုင်ငံတော် အတွက် ခိုင်မာမှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ယခင်က ပညာရေးစနစ်၏ အားနည်း မှု၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းမှု များရှိခဲ့ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူ များ၏ ပညာရေးတွင် အားနည်းချက်များရှိခဲ့ကြောင်း၊ ပညာရည်မြင့်မား တိုးတက်မှု သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုစေမည်ဖြစ်သဖြင့် မိမိတို့ အနေဖြင့် နိုင်ငံတော်တာဝန်ကို စတင် ထမ်းဆောင်ချိန်မှစ၍ ပညာရည်မြင့်မားရေး ကိစ္စရပ်များကို အားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ရေရှည် အကျိုးကို မျှော်တွေး၍ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့်လည်း ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၏ ဆိုလိုချက်နှင့် မျှော်မှန်းချက်များကို သဘောပေါက်နားလည်ကြ ရန်နှင့် မိမိတို့ တတ်နိုင်သည့်ဘက်မှ လိုက်နာ အကောင်အထည်ဖော်ဆောင်ကြရန်လို သည်ကို တိုက်တွန်းမှာကြားလိုကြောင်း။

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုနှင့် စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး ဆောင်ရွက်လျက်ရှိမှု

တပ်မတော်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် အန္တရာယ်များကို ကာကွယ် စောင့်ရှောက်ရန်နှင့် နိုင်ငံနှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာရှိ တပ်မတော်တိုင်းသည် ပြည်ပ အန္တရာယ်၊ ရန်စွယ်များကို ကာကွယ်ရန်ဖြစ်ပြီး ရဲတပ်ဖွဲ့သည် ပြည်တွင်းလက်နက်ကိုင် အကြမ်း ဖက်မှုများ၊ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရသည်ဖြစ်သော်လည်း မိမိတို့ နိုင်ငံ၏ သမိုင်းကြောင်းအခြေအနေများအရ တပ်မတော်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးနှင့် ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးတွင် အတူတကွ ပူးပေါင်း၍ တာဝန်ထမ်းဆောင်နေရခြင်း ဖြစ်ကြောင်း။

တပ်မတော်ကို စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်၏ စွမ်းပကားမြှင့်တင်ရန်အတွက် စစ်သည်တစ်ဦးချင်း၏ စွမ်းရည်မြင့်မားစေရေး လေ့ကျင့်ရေးတာဝန်များကို မှန်မှန် ကန်ကန်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တစ်ဦးချင်းစွမ်းရည်များရှိစေရေး အမြဲလေ့ ကျင့် ဆောင်ရွက်နေရန်လိုကြောင်း၊ တပ်မတော်သားအားလုံး ကျန်းမာ၊ ကြံ့ခိုင်မှုရှိစေ ရေးအတွက် နေထိုင်စားသောက်မှုများကို တတ်နိုင်သမျှ ပြည့်စုံအောင် ဆောင်ရွက် ပေးထားပြီးဖြစ်ကြောင်း၊ ဉာဏပိုင်းနှင့်ပတ်သက်၍လည်း စစ်အတတ်ပညာများကို သာမက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍရပ်များအားလုံးကို ကျွမ်းကျင်တတ်မြောက် အောင် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ တစ်ဦးချင်း၏ ကျန်းမာကြံ့ခိုင်မှုရှိ စေရေးအတွက်လည်း အမြဲလေ့ကျင့် ဆောင်ရွက်နေရန်လိုကြောင်း။

အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ တွင် အောင်မြင်မှုများရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး တစ်ဦးချင်း၏ စွမ်း ဆောင်မှု၊ ကြိုးပမ်းအားထုတ်မှုမှသည် စွမ်းရည်စွမ်းအားရှိသည့် တပ်မတော် တစ်ရပ် ဖြစ်စေရေး အားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းပြည်၏ အနာဂတ်ဖြစ်သည့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မိမိတို့ တတ်စွမ်း သရွေ့ ဝိုင်းဝန်းအားပေး ဖော်ဆောင်သွားကြရန်လိုကြောင်းဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ ၏ လိုအပ်ချက်များကို မေးမြန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ ကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့် ကလေး စောင့်ရှောက် ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်တပ်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များ အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Zawgyi Version

ေနျပည္ေတာ္၊ ဩဂုတ္ – ၁၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ယေန႔နံနက္ပိုင္းတြင္ အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္၊ ပုသိမ္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား တိုင္းစစ္ဌာနခ်ဳပ္ ဧရာဝတီခန္းမ၌ ေတြ႕ဆုံအမွာစကား ေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီး ေဒၚၾကဴၾကဴလွ၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ ႀကီး မိုးေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီးထြန္းေအာင္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေနာက္ေတာင္ တိုင္းစစ္ဌာန ခ်ဳပ္တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၾကည္ခိုင္ႏွင့္ တာဝန္ရွိသူမ်ား၊ ပုသိမ္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ႏွင့္ အမ်ိဳးသားႏိုင္ငံေရးဦးေဆာင္မႈအခန္းက႑

ထိုသို႔ ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ ၂၀၂၀ ျပည့္ႏွစ္၊ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲတြင္ မဲမသမာမႈမ်ားျဖစ္ေပၚခဲ့သည့္ အေျခအေနမ်ား၊ မဲမသမာမႈမ်ားကို တရားဥပေဒႏွင့္အညီ ေျဖရွင္းေဆာင္႐ြက္ေပးျခင္းမရွိသည့္အျပင္ ႏိုင္ငံေတာ္၏ အာဏာကို အတင္းအဓမၼရယူရန္လုပ္ေဆာင္လာခဲ့ေသာေၾကာင့္ ျဖစ္ေပၚလာသည့္ အေျခအေနမ်ားအရ ႏိုင္ငံေတာ္ကို ႏိုင္ငံေရးအရအေရးေပၚ အေျခအေနေၾကညာခဲ့ၿပီး တပ္မေတာ္မွ ႏိုင္ငံ့တာဝန္မ်ားကို ထမ္းေဆာင္ခဲ့ရသည့္ အေျခအေနမ်ား၊ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရအေနျဖင့္ တာဝန္ထမ္းေဆာင္ခဲ့သည့္ကာလအတြင္း ႏိုင္ငံေတာ္ကို ဘက္ေပါင္းစုံမွ ဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္လ်က္ရွိေသာ္လည္း အၾကမ္းဖက္မႈျဖစ္စဥ္မ်ား ရွိေနဆဲျဖစ္သျဖင့္ ႏိုင္ငံတစ္ဝန္းလုံး အေရး ေပၚအေျခအေန ေၾကညာထားသည့္ကာလအား ၂၀၂၃ ခုႏွစ္၊ ဩဂုတ္လ ၁ ရက္ေန႔မွ စ၍ ေနာက္ထပ္(၆) လ သက္တမ္းတိုးျမႇင့္ထားသည့္ အေျခအေနမ်ား၊ ဆက္လက္ တာဝန္ထမ္းေဆာင္သြားမည့္ ကာလအတြင္း ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္၊ ဦးတည္ခ်က္ ၉ ရပ္ ခ်မွတ္၍ ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ လြတ္လပ္၍တရားမွ်တေသာ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲက်င္းပရန္ ျပင္ဆင္မႈမ်ားႏွင့္ အေရးေပၚ ကာလဆိုင္ရာ ျပဌာန္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ၿပီးစီးပါက လြတ္လပ္ၿပီးတရား မွ်တသည့္ ပါတီစုံ ဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲက်င္းပ၍ ထြက္ေပၚလာသည့္ အစိုးရအား ႏိုင္ငံေတာ္တာဝန္ လႊဲအပ္ႏိုင္ေရးကို ဦးတည္ခ်က္ထား၍ ေဆာင္႐ြက္လ်က္ရွိ သည့္ အေျခအေနမ်ား၊ ေခတ္အဆက္ဆက္ က်င့္သုံးခဲ့သည့္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံစနစ္မ်ား ေျပာင္းလဲခဲ့မႈ အေျခအေနမ်ားႏွင့္ တပ္မေတာ္အေနျဖင့္ အမ်ိဳးသားႏိုင္ငံေရးဦးေဆာင္မႈ အခန္းက႑တြင္ ပါဝင္ေနရသည့္ အေျခအေနမ်ားႏွင့္ စပ္လ်ဥ္း၍ ဦးစြာ ရွင္းလင္း ေျပာ ၾကားသည္။

ႏိုင္ငံ့အနာဂတ္အတြက္ ဗလငါးတန္ ျပည့္စုံသည့္ လူငယ္မ်ားကို ေမြးထုတ္ေပးႏိုင္ရမည္

ဆက္လက္ေျပာၾကားရာတြင္ အသစ္ထပ္မံခ်မွတ္ထားသည့္ ေရွ႕လုပ္ငန္း စဥ္ ၅ ရပ္ႏွင့္ ဦးတည္ခ်က္ ၉ ရပ္ကို က်ယ္က်ယ္ျပန႔္ျပန႔္ေလ့လာ၍ ေအာင္ျမင္ႏိုင္ေရး အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ရာ၌ က်ရာအခန္းက႑က ပါဝင္ရမည္ျဖစ္ ေၾကာင္း၊ ဦးတည္ခ်က္မ်ားအနက္ လူငယ္မ်ား၏ အခန္းက႑တစ္ခုကို ထည့္သြင္း ခ်မွတ္ထားေၾကာင္း၊ အနာဂတ္ ႏိုင္ငံေတာ္၏ တာဝန္ကိုထမ္းေဆာင္ရန္အတြက္ ကာယဗလ၊ ဉာဏဗလ၊ စာရိတၱဗလ၊ မိတၱဗလ၊ ေဘာဂဗလ ဟူသည့္ ဗလငါးတန္ႏွင့္ ျပည့္စုံသည့္ လူေကာင္း၊ လူေတာ္မ်ားကို ေမြးထုတ္ေပးရန္လိုေၾကာင္း၊ ႏိုင္ငံ၏ အနာဂတ္တိုးတက္ေရးအတြက္ လူငယ္မ်ားသည္ အေရးပါသည့္ အခန္းက႑မွပါဝင္ ေနၿပီး အနာဂတ္တိုင္းျပည္ကို ဦးေဆာင္ႏိုင္သည့္ ႏိုင္ငံ့ေခါင္းေဆာင္မ်ား ေပၚထြက္လာ ေစေရး ေဆာင္႐ြက္ေပးရမည္ ျဖစ္ေၾကာင္း၊ အက်င့္စာရိတၱ ေကာင္းမြန္ၿပီး အသိဉာဏ္ ဖြံ႕ၿဖိဳးသူမ်ားျဖစ္ေအာင္ ေလ့က်င့္ပ်ိဳးေထာင္ေပးႏိုင္မွသာလ်င္ အနာဂတ္ႏိုင္ငံေတာ္ အတြက္ ခိုင္မာမႈကို ျဖစ္ေပၚေစမည္ျဖစ္ေၾကာင္း၊ ယခင္က ပညာေရးစနစ္၏ အားနည္း မႈ၊ စီမံခန႔္ခြဲမႈပိုင္းဆိုင္ရာ အားနည္းမႈ မ်ားရွိခဲ့ျခင္းေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ား၏ ပညာေရးတြင္ အားနည္းခ်က္မ်ားရွိခဲ့ေၾကာင္း၊ ပညာရည္ျမင့္မား တိုးတက္မႈ သည္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈကို မ်ားစြာ အေထာက္အကူျပဳေစမည္ျဖစ္သျဖင့္ မိမိတို႔ အေနျဖင့္ ႏိုင္ငံေတာ္တာဝန္ကို စတင္ ထမ္းေဆာင္ခ်ိန္မွစ၍ ပညာရည္ျမင့္မားေရး ကိစၥရပ္မ်ားကို အားေပးေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ တိုင္းျပည္အတြက္ ေရရွည္ အက်ိဳးကို ေမွ်ာ္ေတြး၍ ေရွ႕လုပ္ငန္းစဥ္မ်ား၊ ဦးတည္ခ်က္မ်ားကို ခ်မွတ္ေဆာင္႐ြက္ေန ျခင္းျဖစ္ေၾကာင္း၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအေနျဖင့္လည္း ေရွ႕လုပ္ငန္းစဥ္မ်ား၊ ဦးတည္ခ်က္မ်ား၏ ဆိုလိုခ်က္ႏွင့္ ေမွ်ာ္မွန္းခ်က္မ်ားကို သေဘာေပါက္နားလည္ၾက ရန္ႏွင့္ မိမိတို႔ တတ္ႏိုင္သည့္ဘက္မွ လိုက္နာ အေကာင္အထည္ေဖာ္ေဆာင္ၾကရန္လို သည္ကို တိုက္တြန္းမွာၾကားလိုေၾကာင္း။

ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ထမ္းေဆာင္မႈႏွင့္ စြမ္းရည္စြမ္းအားရွိသည့္ တပ္မေတာ္ျဖစ္ေစေရး ေဆာင္႐ြက္လ်က္ရွိမႈ

တပ္မေတာ္ပိုင္းဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္၏ အဓိကတာဝန္သည္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကို ထိပါးလာသည့္ အႏၲရာယ္မ်ားကို ကာကြယ္ ေစာင့္ေရွာက္ရန္ႏွင့္ ႏိုင္ငံႏွင့္ ႏိုင္ငံသားတို႔၏ အမ်ိဳးသားအက်ိဳးစီးပြားကို ကာကြယ္ ေစာင့္ေရွာက္ရန္ျဖစ္ေၾကာင္း၊ ႏိုင္ငံတကာရွိ တပ္မေတာ္တိုင္းသည္ ျပည္ပ အႏၲရာယ္၊ ရန္စြယ္မ်ားကို ကာကြယ္ရန္ျဖစ္ၿပီး ရဲတပ္ဖြဲ႕သည္ ျပည္တြင္းလက္နက္ကိုင္ အၾကမ္း ဖက္မႈမ်ား၊ ပဋိပကၡမ်ားကို ကိုင္တြယ္ေျဖရွင္းရသည္ျဖစ္ေသာ္လည္း မိမိတို႔ ႏိုင္ငံ၏ သမိုင္းေၾကာင္းအေျခအေနမ်ားအရ တပ္မေတာ္မွ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္ မ်ားႏွင့္အတူ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡေျဖရွင္းေရးႏွင့္ ျပည္သူတို႔၏ အသက္ အိုးအိမ္စည္းစိမ္ လုံၿခဳံေရးတြင္ အတူတကြ ပူးေပါင္း၍ တာဝန္ထမ္းေဆာင္ေနရျခင္း ျဖစ္ေၾကာင္း။

တပ္မေတာ္ကို စြမ္းရည္စြမ္းအားရွိသည့္ တပ္မေတာ္ျဖစ္ေစေရး မိမိတို႔အေနျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္၏ စြမ္းပကားျမႇင့္တင္ရန္အတြက္ စစ္သည္တစ္ဦးခ်င္း၏ စြမ္းရည္ျမင့္မားေစေရး ေလ့က်င့္ေရးတာဝန္မ်ားကို မွန္မွန္ ကန္ကန္ေဆာင္႐ြက္ရမည္ျဖစ္သကဲ့သို႔ တစ္ဦးခ်င္းစြမ္းရည္မ်ားရွိေစေရး အၿမဲေလ့ က်င့္ ေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ တပ္မေတာ္သားအားလုံး က်န္းမာ၊ ႀကံ့ခိုင္မႈရွိေစ ေရးအတြက္ ေနထိုင္စားေသာက္မႈမ်ားကို တတ္ႏိုင္သမွ် ျပည့္စုံေအာင္ ေဆာင္႐ြက္ ေပးထားၿပီးျဖစ္ေၾကာင္း၊ ဉာဏပိုင္းႏွင့္ပတ္သက္၍လည္း စစ္အတတ္ပညာမ်ားကို သာမက သက္ဆိုင္ရာလုပ္ငန္း က႑ရပ္မ်ားအားလုံးကို ကြၽမ္းက်င္တတ္ေျမာက္ ေအာင္ ေလ့က်င့္သင္ၾကားေပးလ်က္ရွိေၾကာင္း၊ တစ္ဦးခ်င္း၏ က်န္းမာႀကံ့ခိုင္မႈရွိ ေစေရးအတြက္လည္း အၿမဲေလ့က်င့္ ေဆာင္႐ြက္ေနရန္လိုေၾကာင္း။

အရာရွိ၊ စစ္သည္မ်ားအေနျဖင့္ မိမိတို႔လုပ္ငန္းတာဝန္မ်ားကို ထမ္းေဆာင္ရာ တြင္ ေအာင္ျမင္မႈမ်ားရရွိေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး တစ္ဦးခ်င္း၏ စြမ္း ေဆာင္မႈ၊ ႀကိဳးပမ္းအားထုတ္မႈမွသည္ စြမ္းရည္စြမ္းအားရွိသည့္ တပ္မေတာ္ တစ္ရပ္ ျဖစ္ေစေရး အားလုံးမွ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ တိုင္းျပည္၏ အနာဂတ္ျဖစ္သည့္ လူငယ္က႑ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္လည္း မိမိတို႔ တတ္စြမ္း သေ႐ြ႕ ဝိုင္းဝန္းအားေပး ေဖာ္ေဆာင္သြားၾကရန္လိုေၾကာင္းျဖင့္ မွာၾကားၿပီး အရာရွိ၊ စစ္သည္၊ မိသားစုမ်ား ၏ လိုအပ္ခ်က္မ်ားကို ေမးျမန္းသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ သည္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ စားေသာက္ဖြယ္ရာပစၥည္းမ်ား ကို ေပးအပ္ရာ တိုင္းမႉးကလည္းေကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးက တပ္နယ္ မိခင္ႏွင့္ ကေလး ေစာင့္ေရွာက္ ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကို ေပးအပ္ရာ တိုင္းမႉး၏ ဇနီးကလည္းေကာင္း အသီးသီး လက္ခံရယူၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ခဲ့သည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ပုသိမ္တပ္နယ္အတြင္းရွိ တပ္ရင္း၊ တပ္ဖြဲ႕မ်ား အတြင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္ရႈစစ္ေဆးခဲ့ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။