နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖ များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပြောကြား

နေပြည်တော်၊ ဩဂုတ် – ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖများအား အစိုးရအဖွဲ့ရုံး ဧည့်ရိပ်သာ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး‌သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တည်ငြိမ်အေးချမ်းရေးမှအစပြု၍ ဘက်ပေါင်းစုံတွင် ကောင်းမွန်သည့်အခြေအနေတွင်ရှိနေပြီး နိုင်ငံတော်အတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ထိုကဲ့သို့သော အခြေအနေတွင် ရပ်တည်နိုင်နေခြင်းမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံး၏ ကောင်းမွန်သည့်လုပ်ဆောင်ချက်များနှင့် ဒေသခံပြည်သူလူထုတို့၏ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုကြောင့်ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်သည့်လုပ်ဆောင်ချက်ကောင်းများနှင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ဆန်ဖူလုံမှုသည်လည်း မြင့်မားမှုရှိသည်ကို တွေ့ရှိရပြီး အရည်အသွေးကောင်းသည့် စပါးမျိုးများကို ပိုင်ဆိုင်ထားကြောင်း၊ ပညာရေးနှင့်ပတ်သက်၍လည်း ဧရာဝတီတိုင်းဒေသကြီးသည် ကျောင်းတက်ရောက်သူ ဦးရေ အများဆုံး၊ ကျောင်းနေထိုင်မှုနှင့် အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်သည်ကိုတွေ့ရှိရပြီး ဂုဏ်ယူဖွယ်ရာပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးကို အားပေးမြှင့်တင်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာ အထက်တန်းကျောင်းများကို ခရိုင် ၅၀ ခု၌ ဖွင့်လှစ်ထားရှိပြီး ဆက်လက်တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ဧရာဝတီတိုင်းဒေသကြီး၏ ဆောင်ရွက်ချက်များအားလုံးကို အသိအမှတ်ပြုအားပေးပါကြောင်းနှင့် တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများအနေဖြင့်လည်း မိမိတို့တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများက ယခုကဲ့သို့ နိုင်ငံတော်အကြီးအကဲနှင့် တိုက်ရိုက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခွင့်ရသည်မျိုးမှာ ယခင်ကမရှိခဲ့ပါကြောင်း၊ နိုင်ငံ့အကျိုး၊ ဒေသအကျိုးအတွက် အောက်ခြေထိဆင်း၍ အကွက်ကျကျဆောင်ရွက်နေသဖြင့် အားကိုးဂုဏ်ယူမိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းတိုးတက်ရေး၊ မြေအရည်အသွေးထိန်းသိမ်းရေးဆိုင်ရာ လိုအပ်ချက်များ၊ ပုလဲ၊ ယူရီးယားနှင့် အခြားသော ကွန်ပေါင်းဓာတ်မြေဩဇာများစွာကို ကာလရှည်ကြာ အသုံးပြုခဲ့သဖြင့် မြေအရည်အသွေးကို ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိသဖြင့် မြေအရည်အသွေးမြှင့်တင်ရေးကို ဆောင်ရွက်သွားရန်လိုအပ်ချက်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်တစ်ခု ဆောင်ရွက်ပေးစေလိုမှု၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် လမ်းပန်းဆက်သွယ်ရေးတွင် ကောင်းမွန်လျက်ရှိပြီးဖြစ်သော်လည်း အချို့သော လမ်းပိုင်းနေရာများ၌ အဆင့်မြှင့်တင်ပေးရန်လိုအပ်လျက်ရှိမှုတို့ကို ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အထွက်နှုန်းတိုးတက်ရေးအတွက် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကို ပြည့်ဝစွာ ထည့်သွင်းရမည်ဖြစ်သကဲ့သို့ မြေအရည်အသွေး ကောင်းမွန်ရေးအတွက်လည်း ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ပိုက်ဆံ လျှော် စိုက်ပျိုးခြင်းဖြင့် သဘာဝမြေဩဇာကို ရရှိစေနိုင်ပြီး မြေဆီမြေနှစ်များလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဒေသတွင်း၌ ရှိပြီးဖြစ်သည့် မျိုးရင်းများ မပျောက်ကွယ်စေရေးနှင့် အရည်အသွေးကျဆင်းမှုမရှိစေရေး သုတေသနပြုလုပ်ငန်းများ အမြဲ မပြတ် ဆောင်ရွက်နေရန်လည်းလိုကြောင်း၊ ယနေ့ခေတ်သည် ဈေးကွက်စီးပွားရေး စနစ်ဖြစ်သဖြင့် အစိုးရက ဆောင်ရွက်မှုများသည်သာမက ဒေသအလိုက် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း တစ်ဦးချင်းကြိုးစားအားထုတ်ရန်လိုကြောင်း၊ အစိုးရအနေဖြင့် မူဝါဒပိုင်းဆိုင်ရာများကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများနှင့် တွဲဖက်၍ မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် တစ်ခုနှင့် တစ်ခု ဆက်စပ်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ် ပစ္စည်း များကို သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်မည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေးလုပ် ငန်း များမှ ကုန်ကြမ်းများဖြင့်လည်း တိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုနိုင်မည်ဖြစ် ကြောင်း၊ ငါးမွေးမြူရေးနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးသည် ငါးမွေးမြူရေး ပြုလုပ်ရန် ကောင်းမွန်သည့်ဒေသတစ်ခုဖြစ်ကြောင်း၊ အဆင့်မြင့် ငါးထုတ်ကုန်များကို ရောင်းချနိုင်မည့် ဈေးကွက်သည်လည်းရှိပြီးဖြစ်ကြောင်း၊ နွားမွေးမြူရေးနှင့် ပတ်သက် ၍လည်း အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေတွင်ရှိပြီးဖြစ်သဖြင့် တိုးချဲ့ ဆောင်ရွက်မည်ဆိုပါက ဒေသနှင့် တိုင်းပြည်အတွက် များစွာ အကျိုးရှိစေမည်ဖြစ်ကြောင်း။

အထွက်နှုန်းကောင်းမွန်ရေးအတွက် ဓာတ်မြေဩဇာများစွာ ထည့်သွင်းအသုံးပြု ခြင်းသည် မူလမျိုးကောင်းမျိုးသန့်များ၏ အရည်အသွေးကို ထိခိုက်လာစေသည်ကို တွေ့ရှိရကြောင်း၊ သဘာဝမြေဩဇာကို အတတ်နိုင်ဆုံးသုံးစွဲခြင်းဖြင့် မြေအရည်အသွေး နှင့် မျိုးအရည်အသွေးကို ထိန်းသိမ်းသွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌ လယ်ယာ စိုက်ပျိုးမှုများသည် အကွက်ငယ်များဖြင့် စိုက်ပျိုးကြသဖြင့် အနည်းဆုံးဧကကွက်များ ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စက်မှုလယ်ယာစနစ်ကို အကောင် အထည်ဖော်နိုင်မည်ဖြစ်သကဲ့သို့ အထွက်နှုန်းများသည်လည်း တိုးတက်လာမည်ဖြစ် ကြောင်း၊ မြေများကို စနစ်တကျပြုပြင်၍ ကောက်ကွက်များပြည့်မီအောင် စိုက်ပျိုးမည် ဆိုပါက အထွက်နှုန်းများ ကောင်းလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် မျိုးကောင်းမွန်ရမည်၊ မြေအရည်အသွေးကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရမည်၊ စိုက်ပျိုးရေ၊ အောင်ရေလုံလောက်စွာ ရရှိနိုင်ရမည်၊ စိုက်နည်းစနစ်များ မှန်ကန်ရမည် ဖြစ်ကြောင်း၊ အထက်ပါ အချက်လေးချက်ဖြင့် ပြည့်စုံပါက စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း။
လမ်းပန်းဆက်သွယ်မှုနှင့် ပတ်သက်၍ ပုသိမ်-ရန်ကုန် ဖြတ်သန်းသွားလာမှုသည် နေ့စဉ် ယာဉ်အစီးပေါင်းများစွာ ဖြတ်သန်းသွားလာလျက်ရှိကြောင်း၊ နိုင်ငံတကာ စံနှုန်း သတ်မှတ်ချက်များတွင် နေ့စဉ်ယာဉ်အစီးရေ သွားလာမှုအပေါ်မူတည်၍ လမ်းများကို အဆင့်မြှင့်တင်ရသည်ဖြစ်သဖြင့် အဆင့်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပုသိမ်လေယာဉ်ကွင်းကိုလည်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ် ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရေး စီမံလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလာရေးလုပ်ငန်း ဆောင် ရွက်ရန်အတွက်လည်း သဘာဝအလှအပများ၊ ဒေသထွက်အစားအသောက်များနှင့် အခြားအခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၌ ယခင်က လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း စီမံကိန်းကြီး များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရသဖြင့် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ဖူလုံမှုနှင့် ပတ်သက်၍ ထိခိုက်နစ် နာခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

ပုသိမ်မြို့၏ လူနေမှုစနစ်မြှင့်တင်နိုင်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များ စနစ်တကျဖြစ်အောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဒေသခံများကလည်း စည်းကမ်းစနစ်တကျအတိုင်း လိုက်ပါဆောင်ရွက်ရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံအတွက် အားထားရသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပြီး စိုက်ပျိုးရေးတွင် စံနမူနာပြတိုင်းဒေသကြီးအဖြစ် ဖော်ဆောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ မြို့မိ၊ မြို့ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့အတွင်း‌ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး အဖွဲ့ဝင်များသည် ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဋ္ဌော မဟာစေတီတော်မြတ် ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြရာ ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို ကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ က စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများနှင့် စေတီတော်ကြီး လုံးတော် ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကြည်ညိုသပ္ပါယ် ဖွယ်ဖြစ်စေရေး အမြဲမပြတ် ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် အခြား လိုအပ် သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီး အဖွဲ့ဝင်များသည် အာရုံခံတန်ဆောင်းအတွင်းရှိ သာသနာရေးဆိုင်ရာပစ္စည်းများနှင့် ရိုးရာလက်မှုပစ္စည်း အရောင်းဆိုင်များအား လှည့် လည် ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ပါသည်။

Zawgyi Version
ေနျပည္ေတာ္၊ ဩဂုတ္ – ၁၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ခရီးစဥ္တြင္ လိုက္ပါလာသည့္ အဖြဲ႕ဝင္မ်ား၊ ဧရာဝတီ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္၊ အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ ဧရာဝတီ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား လိုက္ပါ၍ ယေန႔ ညေနပိုင္း တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕ရွိ ၿမိဳ႕မိ၊ ၿမိဳ႕ဖမ်ားအား အစိုးရအဖြဲ႕႐ုံး ဧည့္ရိပ္သာ၌ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ရင္းရင္းႏွီးႏွီးေတြ႕ဆုံ ေဆြးေႏြး‌သည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ေဆြးေႏြးေျပာၾကားရာတြင္ ဧရာဝတီတိုင္းေဒသႀကီးသည္ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးမွအစျပဳ၍ ဘက္ေပါင္းစုံတြင္ ေကာင္းမြန္သည့္ အေျခအေနတြင္ရွိေနၿပီး ႏိုင္ငံေတာ္အတြက္ အားကိုးအားထားရသည့္ တိုင္းေဒသႀကီး တစ္ခုျဖစ္ေၾကာင္း၊ ထိုကဲ့သို႔ေသာ အေျခအေနတြင္ ရပ္တည္ႏိုင္ေနျခင္းမွာလည္း တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဌာနဆိုင္ရာမ်ား၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာ တာဝန္ ရွိသူမ်ား အားလုံး၏ ေကာင္းမြန္သည့္လုပ္ေဆာင္ခ်က္မ်ားႏွင့္ ေဒသခံျပည္သူလူထု တို႔၏ ဝိုင္းဝန္းပူးေပါင္းပါဝင္မႈေၾကာင့္ပင္ျဖစ္ေၾကာင္း၊ ထိုကဲ့သို႔ ေကာင္းမြန္သည့္ လုပ္ေဆာင္ခ်က္ေကာင္းမ်ားႏွင့္ အစဥ္အလာေကာင္းမ်ားကို ဆက္လက္ထိန္းသိမ္း ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။

ဆန္ဖူလုံမႈသည္လည္း ျမင့္မားမႈရွိသည္ကို ေတြ႕ရွိရၿပီး အရည္အေသြးေကာင္း သည့္ စပါးမ်ိဳးမ်ားကို ပိုင္ဆိုင္ထားေၾကာင္း၊ ပညာေရးႏွင့္ပတ္သက္၍လည္း ဧရာဝတီ တိုင္းေဒသႀကီးသည္ ေက်ာင္းတက္ေရာက္သူ ဦးေရ အမ်ားဆုံး၊ ေက်ာင္းေနထိုင္မႈႏွင့္ ေအာင္ခ်က္ရာခိုင္ႏႈန္း အျမင့္ဆုံးျဖစ္သည္ကိုေတြ႕ရွိရၿပီး ဂုဏ္ယူဖြယ္ရာပင္ျဖစ္ ေၾကာင္း၊ မိမိတို႔အေနျဖင့္ ပညာေရးကို အားေပးျမႇင့္တင္လ်က္ရွိၿပီး စိုက္ပ်ိဳးေမြးျမဴ ေရးႏွင့္ စက္မႈနည္းပညာ အထက္တန္းေက်ာင္းမ်ားကို ခ႐ိုင္ ၅၀ ခု၌ ဖြင့္ လွစ္ထားရွိၿပီး ဆက္လက္တိုးခ်ဲ႕ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း၊ မိမိအေနျဖင့္လည္း ဧရာဝတီတိုင္း ေဒသႀကီး၏ ေဆာင္႐ြက္ခ်က္မ်ားအားလုံးကို အသိအမွတ္ျပဳအားေပးပါေၾကာင္းႏွင့္ တက္ေရာက္လာၾကသည့္ ၿမိဳ႕မိ၊ ၿမိဳ႕ဖ မ်ားအေနျဖင့္လည္း မိမိတို႔ တိုင္းေဒသႀကီး ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လိုအပ္ခ်က္မ်ားကို ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္း ဖလွယ္ ေဆြးေႏြးေျပာၾကားၾကေစလိုေၾကာင္း ျဖင့္ ေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ တက္ေရာက္လာၾကသည့္ ၿမိဳ႕မိ၊ ၿမိဳ႕ဖမ်ားက ယခုကဲ့သို႔ ႏိုင္ငံေတာ္ အႀကီးအကဲႏွင့္ တိုက္႐ိုက္ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးေျပာၾကားခြင့္ရသည္မ်ိဳးမွာ ယခင္က မရွိခဲ့ပါေၾကာင္း၊ ႏိုင္ငံ့အက်ိဳး၊ ေဒသအက်ိဳးအတြက္ ေအာက္ေျခထိဆင္း၍ အကြက္က်က် ေဆာင္႐ြက္ေနသျဖင့္ အားကိုးဂုဏ္ယူမိပါေၾကာင္း၊ တိုင္းေဒသႀကီး အတြင္း ေဆာင္႐ြက္လ်က္ရွိသည့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား အထြက္ႏႈန္းတိုးတက္ေရး၊ ေျမ အရည္အေသြးထိန္းသိမ္းေရးဆိုင္ရာ လိုအပ္ခ်က္မ်ား၊ ပုလဲ၊ ယူရီးယားႏွင့္ အျခားေသာ ကြန္ေပါင္းဓာတ္ေျမဩဇာမ်ားစြာကို ကာလရွည္ၾကာ အသုံးျပဳခဲ့သျဖင့္ ေျမအရည္အေသြးကို ထိခိုက္မႈမ်ားျဖစ္ေပၚလ်က္ရွိသျဖင့္ ေျမအရည္အေသြးျမႇင့္တင္ ေရးကို ေဆာင္႐ြက္သြားရန္လိုအပ္ခ်က္မ်ား၊ ဧရာဝတီတိုင္းေဒသႀကီးအတြင္း စိုက္ပ်ိဳး ေမြးျမဴေရးတကၠသိုလ္တစ္ခု ေဆာင္႐ြက္ေပးေစလိုမႈ၊ ဧရာဝတီတိုင္းေဒသႀကီး အေနျဖင့္ လမ္းပန္းဆက္သြယ္ေရးတြင္ ေကာင္းမြန္လ်က္ရွိၿပီးျဖစ္ေသာ္လည္း အခ်ိဳ႕ ေသာ လမ္းပိုင္းေနရာမ်ား၌ အဆင့္ျမႇင့္တင္ေပးရန္လိုအပ္လ်က္ရွိမႈတို႔ကို ေဆြးေႏြး တင္ျပၾကၿပီး တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ျဖည့္စြက္ေဆြးေႏြး ေျပာၾကားသည္။

ေဆြးေႏြးမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္က အထြက္ႏႈန္းတိုးတက္ေရးအတြက္ သြင္းအားစုမ်ားျဖစ္သည့္ ဓာတ္ေျမ ဩဇာ၊ သဘာဝေျမဩဇာမ်ားကို ျပည့္ဝစြာ ထည့္သြင္းရမည္ျဖစ္သကဲ့သို႔ ေျမအရည္ အေသြး ေကာင္းမြန္ေရးအတြက္လည္း ထိန္းသိမ္းေဆာင္႐ြက္ရန္လိုေၾကာင္း၊ ပိုက္ဆံ ေလွ်ာ္ စိုက္ပ်ိဳးျခင္းျဖင့္ သဘာဝေျမဩဇာကို ရရွိေစႏိုင္ၿပီး ေျမဆီေျမႏွစ္မ်ားလည္း ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊ ေဒသတြင္း၌ ရွိၿပီးျဖစ္သည့္ မ်ိဳးရင္းမ်ား မေပ်ာက္ ကြယ္ေစေရးႏွင့္ အရည္အေသြးက်ဆင္းမႈမရွိေစေရး သုေတသနျပဳလုပ္ငန္းမ်ား အၿမဲ မျပတ္ ေဆာင္႐ြက္ေနရန္လည္းလိုေၾကာင္း၊ ယေန႔ေခတ္သည္ ေဈးကြက္စီးပြားေရး စနစ္ျဖစ္သျဖင့္ အစိုးရက ေဆာင္႐ြက္မႈမ်ားသည္သာမက ေဒသအလိုက္ စီးပြားေရး လုပ္ငန္းရွင္မ်ားအေနျဖင့္လည္း တစ္ဦးခ်င္း ႀကိဳးစားအားထုတ္ရန္လိုေၾကာင္း၊ အစိုးရ အေနျဖင့္ မူဝါဒပိုင္းဆိုင္ရာမ်ားကို အေကာင္းဆုံးျဖစ္ေအာင္ ေဖာ္ေဆာင္ေပးသြား မည္ျဖစ္ေၾကာင္း။

စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားႏွင့္ တြဲဖက္၍ ေမြးျမဴေရးလုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းသည္ တစ္ခုႏွင့္ တစ္ခု ဆက္စပ္လ်က္ရွိၿပီး ေမြးျမဴေရးလုပ္ငန္းမ်ားမွ ထြက္ရွိလာသည့္ စြန႔္ပစ္ ပစၥည္း မ်ားကို သဘာဝေျမဩဇာအျဖစ္ အသုံးျပဳႏိုင္မည္ျဖစ္သကဲ့သို႔ စိုက္ပ်ိဳးေရးလုပ္ ငန္း မ်ားမွ ကုန္ၾကမ္းမ်ားျဖင့္လည္း တိရိစာၦန္အစားအစာအျဖစ္ အသုံးျပဳႏိုင္မည္ျဖစ္ ေၾကာင္း၊ ငါးေမြးျမဴေရးႏွင့္ ပတ္သက္၍ ဧရာဝတီတိုင္းေဒသႀကီးသည္ ငါးေမြးျမဴေရး ျပဳလုပ္ရန္ ေကာင္းမြန္သည့္ေဒသတစ္ခုျဖစ္ေၾကာင္း၊ အဆင့္ျမင့္ ငါးထုတ္ကုန္မ်ားကို ေရာင္းခ်ႏိုင္မည့္ ေဈးကြက္သည္လည္းရွိၿပီးျဖစ္ေၾကာင္း၊ ႏြားေမြးျမဴေရးႏွင့္ ပတ္သက္ ၍လည္း ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္မည့္ အေျခအေနတြင္ရွိၿပီးျဖစ္သျဖင့္ တိုးခ်ဲ႕ ေဆာင္႐ြက္မည္ဆိုပါက ေဒသႏွင့္ တိုင္းျပည္အတြက္ မ်ားစြာ အက်ိဳးရွိေစမည္ျဖစ္ ေၾကာင္း။

အထြက္ႏႈန္းေကာင္းမြန္ေရးအတြက္ ဓာတ္ေျမဩဇာမ်ားစြာ ထည့္သြင္းအသုံးျပဳ ျခင္းသည္ မူလမ်ိဳးေကာင္းမ်ိဳးသန႔္မ်ား၏ အရည္အေသြးကို ထိခိုက္လာေစသည္ကို ေတြ႕ရွိရေၾကာင္း၊ သဘာဝေျမဩဇာကို အတတ္ႏိုင္ဆုံးသုံးစြဲျခင္းျဖင့္ ေျမအရည္အေသြး ႏွင့္ မ်ိဳးအရည္အေသြးကို ထိန္းသိမ္းသြားရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံ၌ လယ္ယာ စိုက္ပ်ိဳးမႈမ်ားသည္ အကြက္ငယ္မ်ားျဖင့္ စိုက္ပ်ိဳးၾကသျဖင့္ အနည္းဆုံးဧကကြက္မ်ား ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းျဖင့္ စက္မႈလယ္ယာစနစ္ကို အေကာင္ အထည္ေဖာ္ႏိုင္မည္ျဖစ္သကဲ့သို႔ အထြက္ႏႈန္းမ်ားသည္လည္း တိုးတက္လာမည္ျဖစ္ ေၾကာင္း၊ ေျမမ်ားကို စနစ္တက်ျပဳျပင္၍ ေကာက္ကြက္မ်ားျပည့္မီေအာင္ စိုက္ပ်ိဳးမည္ ဆိုပါက အထြက္ႏႈန္းမ်ား ေကာင္းလာမည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ရာတြင္ မ်ိဳးေကာင္းမြန္ရမည္၊ ေျမအရည္အေသြးေကာင္းမြန္ေအာင္ စနစ္တက် ျပဳျပင္ရမည္၊ စိုက္ပ်ိဳးေရ၊ ေအာင္ေရလုံေလာက္စြာ ရရွိႏိုင္ရမည္၊ စိုက္နည္းစနစ္မ်ား မွန္ကန္ရမည္ ျဖစ္ေၾကာင္း၊ အထက္ပါ အခ်က္ေလးခ်က္ျဖင့္ ျပည့္စုံပါက စိုက္ပ်ိဳးေရး လုပ္ငန္းမ်ား ေအာင္ျမင္ႏိုင္မည္ျဖစ္ေၾကာင္း။
လမ္းပန္းဆက္သြယ္မႈႏွင့္ ပတ္သက္၍ ပုသိမ္-ရန္ကုန္ ျဖတ္သန္းသြားလာမႈသည္ ေန႔စဥ္ ယာဥ္အစီးေပါင္းမ်ားစြာ ျဖတ္သန္းသြားလာလ်က္ရွိေၾကာင္း၊ ႏိုင္ငံတကာ စံႏႈန္း သတ္မွတ္ခ်က္မ်ားတြင္ ေန႔စဥ္ယာဥ္အစီးေရ သြားလာမႈအေပၚမူတည္၍ လမ္းမ်ားကို အဆင့္ျမႇင့္တင္ရသည္ျဖစ္သျဖင့္ အဆင့္ျမႇင့္တင္ေပးႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း၊ ပုသိမ္ေလယာဥ္ကြင္းကိုလည္း အဆင့္ျမႇင့္တင္ျခင္းမ်ား ေဆာင္႐ြက္သြားမည္ ျဖစ္ ၿပီး ႏိုင္ငံတကာမွ ေလယာဥ္မ်ားဆင္းသက္ႏိုင္သည္အထိ ေဆာင္႐ြက္ေပးႏိုင္ေရး စီမံလ်က္ရွိေၾကာင္း၊ ဧရာဝတီတိုင္းေဒသႀကီးသည္ ခရီးသြားလာေရးလုပ္ငန္း ေဆာင္ ႐ြက္ရန္အတြက္လည္း သဘာဝအလွအပမ်ား၊ ေဒသထြက္အစားအေသာက္မ်ားႏွင့္ အျခားအေျခခံေကာင္းမ်ားစြာကို ပိုင္ဆိုင္ထားရွိၿပီးျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံ၌ ယခင္က လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးလုပ္ငန္း စီမံကိန္းႀကီး မ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္ဆိုင္းခဲ့ရသျဖင့္ ႏိုင္ငံအတြင္း လွ်ပ္စစ္ဓာတ္အား ဖူလုံမႈႏွင့္ ပတ္သက္၍ ထိခိုက္နစ္ နာခဲ့ရေၾကာင္း၊ လက္ရွိအခ်ိန္တြင္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း။

ပုသိမ္ၿမိဳ႕၏ လူေနမႈစနစ္ျမႇင့္တင္ႏိုင္ေရးႏွင့္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း မ်ား စနစ္တက်ျဖစ္ေအာင္ တာဝန္ရွိသူမ်ားက ၾကပ္မတ္ေဆာင္႐ြက္ရမည္ျဖစ္သကဲ့သို႔ ေဒသခံမ်ားကလည္း စည္းကမ္းစနစ္တက်အတိုင္း လိုက္ပါေဆာင္႐ြက္ရန္လိုေၾကာင္း၊ ဧရာဝတီတိုင္းေဒသႀကီးသည္ ႏိုင္ငံအတြက္ အားထားရသည့္ တိုင္းေဒသႀကီးတစ္ခု ျဖစ္ၿပီး စိုက္ပ်ိဳးေရးတြင္ စံနမူနာျပတိုင္းေဒသႀကီးအျဖစ္ ေဖာ္ေဆာင္ၾကရန္လိုေၾကာင္း၊ ႏိုင္ငံေတာ္အေနျဖင့္လည္း လိုအပ္သည္မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕မွ ၿမိဳ႕မိ၊ ၿမိဳ႕ဖမ်ားအား ရင္းရင္း ႏွီးႏွီး ႏႈတ္ဆက္ခဲ့ၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ပုသိမ္ၿမိဳ႕အတြင္း‌ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္ရႈ စစ္ေဆးခဲ့ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႏွင့္ ဇနီး အဖြဲ႕ဝင္မ်ားသည္ ပုသိမ္ၿမိဳ႕ က်က္သေရေဆာင္ ေ႐ႊမုေ႒ာ မဟာေစတီေတာ္ျမတ္ ႀကီးသို႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳၾကရာ ေဂါပကအဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ ၾကသည္။ ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ႏွင့္ ဇနီး၊ အဖြဲ႕ဝင္မ်ားသည္ ေစတီေတာ္ျမတ္ႀကီးအား ဖူးေျမာ္ၾကည္ညိဳ ကာ ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ား ကပ္လႉ ပူေဇာ္သည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ေစတီေတာ္ျမတ္ႀကီး ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထိုးသည္။ ၎ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဇနီးတို႔ က ေစတီေတာ္ျမတ္ႀကီးအတြက္ ဘက္စုံအလႉေငြမ်ားႏွင့္ ေစတီေတာ္ႀကီး လုံးေတာ္ ျပည့္ ေ႐ႊသကၤန္းကပ္လႉရန္အတြက္ အလႉေငြမ်ား ေပးအပ္လႉဒါန္းရာ ေဂါပက အဖြဲ႕မွ တာဝန္ရွိသူမ်ားက လက္ခံရယူၿပီး ဓမၼလက္ေဆာင္မ်ား ျပန္လည္ေပးအပ္သည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေစတီေတာ္ျမတ္ႀကီးကို လက္ယာရစ္လွည့္လည္ဖူးေျမာ္ ၾကည္ညိဳၾကၿပီး ေစတီေတာ္ျမတ္ႀကီး ေရရွည္တည္တံ့ခိုင္ၿမဲေရးႏွင့္ ၾကည္ညိဳသပၸါယ္ ဖြယ္ျဖစ္ေစေရး အၿမဲမျပတ္ ထိန္းသိမ္းေဆာင္႐ြက္ၾကရန္ႏွင့္ အျခား လိုအပ္ သည္မ်ားကို တာဝန္ရွိသူမ်ားအား မွာၾကားသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေစတီေတာ္ျမတ္ႀကီး အဖြဲ႕ဝင္မ်ားသည္ အာ႐ုံခံတန္ေဆာင္းအတြင္းရွိ သာသနာေရးဆိုင္ရာပစၥည္းမ်ားႏွင့္ ႐ိုးရာလက္မႈပစၥည္း အေရာင္းဆိုင္မ်ားအား လွည့္ လည္ ၾကည့္ရႈအားေပးၿပီး ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္အားေပးစကားေျပာၾကားခဲ့ပါသည္

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။