နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် – ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) နှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက် နေမှုများနှင့် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစား ပြိုင်ကွင်းသို့ ရောက်ရှိကြပြီး ရှင်းလင်းဆောင်တွင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ အားကစားကွင်းများ၊ အားကစားရုံများ၊ ရေကူးကန်တည်ဆောက်ထားရှိမှုနှင့် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ အားကစားနှင့် ကာယပညာသိပ္ပံ(ပုသိမ်) တည်ဆောက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိုင်ငံတော်ရှေ့ဆက်ဆောင်ရွက်သွားမည့် ဦးတည်ချက်များတွင် အားကစား ကဏ္ဍမြှင့်တင်နိုင်ရေးအချက်တစ်ချက်အနေဖြင့် ထည့်သွင်းချမှတ်ထားရှိပြီးဖြစ်ပြီး အားက စားကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက် ခြင်းသည်မိမိတို့နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ကိုမြှင့်တင်ပေးခြင်းပင်ဖြစ်ပြီး တိုင်းချစ်ပြည်ချစ် စိတ်များနှင့် အမျိုးသားရေး စိတ်ဓာတ်များကိုလည်း နိုးကြားတက်ကြွလာစေမည်ဖြစ် ကြောင်း၊ အားကစားသည် အမျိုးသားရေးပင်ဖြစ်သဖြင့် အလေးထားဆောင်ရွက် ကြရ မည်ဖြစ်ကြောင်း၊ အားကစားကွင်းများကိုအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင်လာရောက် ကြည့်ရှုနိုင်မည့် ပွဲကြည့်ပရိသတ်အင်အားပမာဏကိုလည်း ထည့်သွင်းစဉ်းစားရန်လို ကြောင်း၊ နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကိုကြည့်၍ ရေရှည် မျှော်တွေးဆောင်ရွက်ရန်နှင့် အဆင့်မီပြီးခေတ်နှင့်လျော်ညီသည့် စံချိန်မီအားကစားရုံ၊ အားကစားကွင်းများဖြစ်ရန်လိုကြောင်း၊ ကားရပ်နားရန်နေရာများ၊ အရေးပေါ်အခြေ အနေတွင် အဝင်၊ အထွက်လွယ်ကူအဆင်ပြေစေမည့် လူထွက်ပေါက်များကိုလည်း ထည့်သွင်း စဉ်းစားအဆင့်မြှင့်တင်သွားရန်လိုကြောင်း၊ အားကစားနှင့် ကာယပညာ သိပ္ပံ (ပုသိမ်) တည်ဆောက်ရာတွင် ခွင့်ပြုပေးထားသည့် မြေနေရာများကို စနစ်တကျ ဖြင့် တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် လည်း မြေလပ်များ မရှိစေရေး သတ်မှတ်အကွာအဝေးနှင့်အညီ ဖြစ်ရန်လိုကြောင်း၊ အားကစားအဆင့်အတန်း ကောင်းမွန်အဆင့်မြင့်လာစေရေးအတွက် အားကစားကွင်း များ၊ အားကစားရုံများသည် သတ်မှတ်ထားသည့် အဆင့်အတန်းမီရန်လိုကြောင်း၊ ထိုသို့ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မှသာလျင် အားကစား တိုးတက်ကောင်းမွန်လာ မည်ဖြစ်ကြောင်း၊ နည်းပြများသည်လည်း အရည်အချင်းပြည့်မီစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း ဖြင့်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် ကိုးသိန်းအားကစား ပြိုင်ကွင်းအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်တိုင်အားကစားကွင်းသို့ ရောက်ရှိစစ်ဆေးပြီး တာဝန်ရှိသူများ ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆင့်မြင့် ရေကူးကန် တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပွဲကြည့်စင် တည်ဆောက်ရာတွင် ပရိသတ် အရေအတွက်များများ ဝင်ဆံ့နိုင်အောင် တွက်ချက်ဆောင်ရွက်ရန်၊ ရာသီဥတု ဒဏ် အထူးသဖြင့် လေပြင်းတိုက်ခတ်မှုဒဏ်ခံနိုင်အောင် တွက်ချက်ဆောင်ရွက်ရန် လို ကြောင်းဖြင့် မှာကြားပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့ရောက်ရှိကြရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဘုန်းလွင်က ပုသိမ်မြို့ရေပေးဝေရေး လုပ်ငန်းဆိုင်ရာ အချက်အလက်များ၊ ရေမီတာများတပ်ဆင်ထားရှိမှုနှင့် ရေပေးဝေခြင်း လုပ်ငန်း များဆောင်ရွက်လျက်ရှိမှု၊ လက်ရှိရေဖြန့်ဝေပေးနေမှုနှင့် နွေရာသီရေလိုအပ်မှု များရှိချိန်တွင် မြို့ရေလိုအပ်ချက်၊ ရေအရည်အသွေးဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ မှတ်တမ်း များ၊ ရေသန့်စင်စက်ရုံလုပ်ငန်းဆောင်ရွက်မှုများ၊ သန့်စင်ပြီးရေများအား ပြည်သူများသုံးစွဲ နိုင်ရေး ဖြန့်ဝေပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရေကိုအကျိုးမဲ့ သုံးစွဲမှုမရှိစေရေး ပြည်သူများကို အသိပညာပေး ဆောင်ရွက်ရန်လိုကြောင်း၊ ပုသိမ်မြို့သည် မိုးများသည့်ဒေသဖြစ်သဖြင့် မိုးရေကို စုဆောင်းသိုလှောင်၍လည်း အသုံးပြုနိုင်ကြောင်း၊ ရေသန့်စင်စက်ရုံအနီး မြစ်ကြောင်း အတွင်းသဲနုန်းတင်ခြင်းများကို လျှော့ချနိုင်ရန်အတွက် ကမ်းပါးများအနီး၌ သစ်ပင်များ ကိုတတ်နိုင်သမျှ စိုက်ပျိုးထိန်းသိမ်းရန်လိုကြောင်းဖြင့်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေသန့်စင်စက်ရုံ၌ ရေများအဆင့်ဆင့် သန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ပုသိမ်မြို့ရေပေးဝေရေး လုပ်ငန်းအနေဖြင့် ငဝန်မြစ်အတွင်းမှရေများကို တစ်ရက်လျှင် ရေဂါလံ ၄ ဒသမ ၅ သန်းကို သန့်စင်ပေးနိုင်ပြီး ယခုအခါပုသိမ်မြို့ အတွင်းသို့ ရေပိုက်လိုင်းများသွယ်တန်း၍ သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရေများ ဖြန့်ဝေပေးလျက်ရှိပါသည်။

Zawgy Version

ေနျပည္ေတာ္၊ ဩဂုတ္ – ၁၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ယေန႔မြန္းလြဲပိုင္းတြင္ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ႏွင့္ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ဧရာဝတီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးတင္ေမာင္ဝင္း၊ အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ား လိုက္ပါ၍ ဧရာဝတီတိုင္းေဒသႀကီးအတြင္း အားကစားက႑ျမႇင့္တင္ေရး ေဆာင္႐ြက္ ေနမႈမ်ားႏွင့္ ပုသိမ္ၿမိဳ႕ေရေပးေဝေရးလုပ္ငန္းသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္ မ်ားသည္ အားကစားႏွင့္ လူငယ္ေရးရာဝန္ႀကီးဌာန၊ ပုသိမ္ၿမိဳ႕၊ ကိုးသိန္းအားကစား ၿပိဳင္ကြင္းသို႔ ေရာက္ရွိၾကၿပီး ရွင္းလင္းေဆာင္တြင္ အားကစားႏွင့္ ကာယပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးထြန္းျမင့္ဦး က တိုင္းေဒသႀကီးအတြင္း အားကစားက႑ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ ေဆာင္႐ြက္လ်က္ရွိမႈ၊ အားကစားကြင္းမ်ား၊ အားကစား႐ုံမ်ား၊ ေရကူးကန္တည္ေဆာက္ထားရွိမႈႏွင့္ အဆင့္ျမႇင့္တင္ေဆာင္႐ြက္လ်က္ရွိမႈ၊ အားကစားႏွင့္ ကာယပညာသိပၸံ(ပုသိမ္) တည္ေဆာက္ဖြင့္လွစ္ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိမႈတို႔ႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္က ႏိုင္ငံေတာ္ေရွ႕ဆက္ေဆာင္႐ြက္သြားမည့္ ဦးတည္ခ်က္မ်ားတြင္ အားကစား က႑ျမႇင့္တင္ႏိုင္ေရးအခ်က္တစ္ခ်က္အေနျဖင့္ ထည့္သြင္းခ်မွတ္ထားရွိၿပီးျဖစ္ၿပီး အားက စားကို အေလးထားေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အားကစားက႑ ျမႇင့္တင္ေဆာင္႐ြက္ ျခင္းသည္မိမိတို႔ႏိုင္ငံႏွင့္လူမ်ိဳး၏ ဂုဏ္ကိုျမႇင့္တင္ေပးျခင္းပင္ျဖစ္ၿပီး တိုင္းခ်စ္ျပည္ခ်စ္ စိတ္မ်ားႏွင့္ အမ်ိဳးသားေရး စိတ္ဓာတ္မ်ားကိုလည္း ႏိုးၾကားတက္ႂကြလာေစမည္ျဖစ္ ေၾကာင္း၊ အားကစားသည္ အမ်ိဳးသားေရးပင္ျဖစ္သျဖင့္ အေလးထားေဆာင္႐ြက္ ၾကရ မည္ျဖစ္ေၾကာင္း၊ အားကစားကြင္းမ်ားကိုအဆင့္ျမႇင့္တင္ေဆာင္႐ြက္ရာတြင္လာေရာက္ ၾကည့္ရႈႏိုင္မည့္ ပြဲၾကည့္ပရိသတ္အင္အားပမာဏကိုလည္း ထည့္သြင္းစဥ္းစားရန္လို ေၾကာင္း၊ ေနာင္တစ္ခ်ိန္တြင္ ျဖစ္ေပၚလာႏိုင္သည့္ အေျခအေနမ်ားကိုၾကည့္၍ ေရရွည္ ေမွ်ာ္ေတြးေဆာင္႐ြက္ရန္ႏွင့္ အဆင့္မီၿပီးေခတ္ႏွင့္ေလ်ာ္ညီသည့္ စံခ်ိန္မီအားကစား႐ုံ၊ အားကစားကြင္းမ်ားျဖစ္ရန္လိုေၾကာင္း၊ ကားရပ္နားရန္ေနရာမ်ား၊ အေရးေပၚအေျခ အေနတြင္ အဝင္၊ အထြက္လြယ္ကူအဆင္ေျပေစမည့္ လူထြက္ေပါက္မ်ားကိုလည္း ထည့္သြင္း စဥ္းစားအဆင့္ျမႇင့္တင္သြားရန္လိုေၾကာင္း၊ အားကစားႏွင့္ ကာယပညာ သိပၸံ (ပုသိမ္) တည္ေဆာက္ရာတြင္ ခြင့္ျပဳေပးထားသည့္ ေျမေနရာမ်ားကို စနစ္တက် ျဖင့္ တြက္ခ်က္ေဆာင္႐ြက္ရန္လိုေၾကာင္း၊ အေဆာက္အဦမ်ား ေဆာက္လုပ္ရာတြင္ လည္း ေျမလပ္မ်ား မရွိေစေရး သတ္မွတ္အကြာအေဝးႏွင့္အညီ ျဖစ္ရန္လိုေၾကာင္း၊ အားကစားအဆင့္အတန္း ေကာင္းမြန္အဆင့္ျမင့္လာေစေရးအတြက္ အားကစားကြင္း မ်ား၊ အားကစား႐ုံမ်ားသည္ သတ္မွတ္ထားသည့္ အဆင့္အတန္းမီရန္လိုေၾကာင္း၊ ထိုသို႔ ျဖည့္ဆည္း ေဆာင္႐ြက္ေပးႏိုင္မွသာလ်င္ အားကစား တိုးတက္ေကာင္းမြန္လာ မည္ျဖစ္ေၾကာင္း၊ နည္းျပမ်ားသည္လည္း အရည္အခ်င္းျပည့္မီေစေရး ေဆာင္႐ြက္ေပး ရန္လိုေၾကာင္း ျဖင့္မွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ ဝင္မ်ားသည္ ကိုးသိန္းအားကစား ၿပိဳင္ကြင္းအတြင္း လွည့္လည္ၾကည့္ရႈ၍ တာဝန္ရွိ သူမ်ား၏ တင္ျပခ်က္မ်ားအေပၚလိုအပ္သည္မ်ား လမ္းၫႊန္မွာၾကားခဲ့သည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေက်ာက္တိုင္အားကစားကြင္းသို႔ ေရာက္ရွိစစ္ေဆးၿပီး တာဝန္ရွိသူမ်ား ၏ တင္ျပခ်က္မ်ားအေပၚ လိုအပ္သည္မ်ားမွာၾကားသည္။

ဆက္လက္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ပုသိမ္ၿမိဳ႕၊ ပြဲၾကည့္စင္ပါ မိုးလုံေလလုံအဆင့္ျမင့္ ေရကူးကန္ တည္ေဆာက္ေနမႈအေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆးရာ အားကစားႏွင့္ ကာယပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က လုပ္ငန္းေဆာင္႐ြက္ေနမႈ အေျခအေနမ်ားကို ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ပြဲၾကည့္စင္ တည္ေဆာက္ရာတြင္ ပရိသတ္ အေရအတြက္မ်ားမ်ား ဝင္ဆံ့ႏိုင္ေအာင္ တြက္ခ်က္ေဆာင္႐ြက္ရန္၊ ရာသီဥတု ဒဏ္ အထူးသျဖင့္ ေလျပင္းတိုက္ခတ္မႈဒဏ္ခံႏိုင္ေအာင္ တြက္ခ်က္ေဆာင္႐ြက္ရန္ လို ေၾကာင္းျဖင့္ မွာၾကားၿပီး လုပ္ငန္းေဆာင္႐ြက္မႈအေျခအေနမ်ားကို ၾကည့္ရႈစစ္ေဆးကာ လိုအပ္သည္မ်ား လမ္းၫႊန္မွာၾကားသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ပုသိမ္ၿမိဳ႕ေရေပးေဝေရးလုပ္ငန္းသို႔ေရာက္ရွိၾကရာ တိုင္းေဒသႀကီး စည္ပင္သာယာေရးအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးဘုန္းလြင္က ပုသိမ္ၿမိဳ႕ေရေပးေဝေရး လုပ္ငန္းဆိုင္ရာ အခ်က္အလက္မ်ား၊ ေရမီတာမ်ားတပ္ဆင္ထားရွိမႈႏွင့္ ေရေပးေဝျခင္း လုပ္ငန္း မ်ားေဆာင္႐ြက္လ်က္ရွိမႈ၊ လက္ရွိေရျဖန႔္ေဝေပးေနမႈႏွင့္ ေႏြရာသီေရလိုအပ္မႈ မ်ားရွိခ်ိန္တြင္ ၿမိဳ႕ေရလိုအပ္ခ်က္၊ ေရအရည္အေသြးဓာတ္ခြဲစစ္ေဆးမႈဆိုင္ရာ မွတ္တမ္း မ်ား၊ ေရသန႔္စင္စက္႐ုံလုပ္ငန္းေဆာင္႐ြက္မႈမ်ား၊ သန႔္စင္ၿပီးေရမ်ားအား ျပည္သူမ်ားသုံးစြဲ ႏိုင္ေရး ျဖန႔္ေဝေပးေနမႈအေျခအေနမ်ားကို ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္က ေရကိုအက်ိဳးမဲ့ သုံးစြဲမႈမရွိေစေရး ျပည္သူမ်ားကို အသိပညာေပး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ပုသိမ္ၿမိဳ႕သည္ မိုးမ်ားသည့္ေဒသျဖစ္သျဖင့္ မိုးေရကို စုေဆာင္းသိုေလွာင္၍လည္း အသုံးျပဳႏိုင္ေၾကာင္း၊ ေရသန႔္စင္စက္႐ုံအနီး ျမစ္ေၾကာင္း အတြင္းသဲႏုန္းတင္ျခင္းမ်ားကို ေလွ်ာ့ခ်ႏိုင္ရန္အတြက္ ကမ္းပါးမ်ားအနီး၌ သစ္ပင္မ်ား ကိုတတ္ႏိုင္သမွ် စိုက္ပ်ိဳးထိန္းသိမ္းရန္လိုေၾကာင္းျဖင့္မွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေရသန႔္စင္စက္႐ုံ၌ ေရမ်ားအဆင့္ဆင့္ သန႔္စင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈကို ၾကည့္ရႈစစ္ေဆးၿပီး တာဝန္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ လိုအပ္သည္မ်ား လမ္းၫႊန္မွာၾကားခဲ့သည္။

အဆိုပါ ပုသိမ္ၿမိဳ႕ေရေပးေဝေရး လုပ္ငန္းအေနျဖင့္ ငဝန္ျမစ္အတြင္းမွေရမ်ားကို တစ္ရက္လွ်င္ ေရဂါလံ ၄ ဒသမ ၅ သန္းကို သန႔္စင္ေပးႏိုင္ၿပီး ယခုအခါပုသိမ္ၿမိဳ႕ အတြင္းသို႔ ေရပိုက္လိုင္းမ်ားသြယ္တန္း၍ သက္သာေသာေဈးႏႈန္းျဖင့္ ေန႔စဥ္ေရမ်ား ျဖန႔္ေဝေပးလ်က္ရွိပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။