နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းစာစက္ကူစက်ရုံ(သာပေါင်း) စတင်ဖွင့်လှစ် လည်ပတ်ခြင်းအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော်၊ ဩဂုတ် – ၁၂

မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းစာစက္ကူစက်ရုံ(သာပေါင်း) စတင်ဖွင့် လှစ် လည်ပတ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် အဆင့်မြင့် တပ်မတော်အရာရှိကြီး များ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ လိုက်ပါ၍ စက်ရုံနေရာသို့ ရောက်ရှိကြရာ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့မှ ဝန်ထမ်း များ၊ စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြသည်။

ထို့နောက် စက်ရုံ အစည်းအဝေးခန်းမတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က သာပေါင်းစက္ကူ စက်ရုံအတွက် ကုန်ကြမ်းရရှိနိုင်မှု၊ လေ့လာဆန်းစစ်ချက်များအရ ဝါးအမျိုးမျိုးမှ ပျော့ ဖတ်ရရှိနိုင်မှုနှင့် စက္ကူပျော့ဖတ်ထုတ်လုပ်နိုင်ရေး စိုက်ပျိုးသင့်သည့် ဝါးများနှင့် သစ်မျိုး များအား ဆန်းစစ်ဆောင်ရွက်ခဲ့မှု၊ ပုဂ္ဂလိက သစ်မာစိုက်ခင်းများမှ စက္ကူပျော့ဖတ်ကုန် ကြမ်းရရှိနိုင်မှု၊ စက်ရုံအတွက် ပျော့ဖတ်ကုန်ကြမ်းရရှိနိုင်ရေး ဝါးနှင့် သစ်မာစိုက်ခင်း တည်ထောင်ရန် မြေနေရာ ခွင့်ပြုပေးထားမှု အခြေအနေများကို လည်းကောင်း။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က သတင်းစာစက္ကူ စက်ရုံ(သာပေါင်း)လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့်ဓာတ်ငွေ့များပို့လွှတ်နိုင်ရေး ကန်ကြီးထောင့်-သာပေါင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ စစ်ဆေးပြုပြင်ခြင်း ဆောင်ရွက်ခဲ့မှုနှင့် ပိုက်လိုင်းအစားထိုး လဲလှယ်ခြင်းများ ဆောင်ရွက်ခဲ့မှု၊ သဘာဝ ဓာတ်ငွေ့ ထိန်းချုပ်ဖြန့်ဖြူးရေးစနစ်များအား အဆင့်မြှင့်တင်ခဲ့မှု၊ စက်ရုံအတွက် ဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို လည်းကောင်း။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ဆိုင်ရာ အချက်အလက် များ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းသို့ စက်ရုံလုပ်ငန်းများအား လွှဲပြောင်းပေးအပ် နိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့် လွှဲပြောင်းပေးအပ်ခဲ့မှု၊ စက်ရုံ၌ ဝန်ထမ်း များ တာဝန်ထမ်းဆောင်လျက်ရှိမှု အခြေအနေများနှင့် စက်ရုံပြန်လည်လည်ပတ် နိုင်ခြင်းအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် မြန်မာ စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော က အဆင့်မြင့် စက္ကူ စက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့အား စက်မှုဝန်ကြီးဌာနမှ မြန်မာစီးပွားရေးကော်ပိုရေးရှင်းသို့ လွှဲပြောင်းရယူဆောင်ရွက်ခဲ့မှု၊ စက်ရုံအတွက် လို အပ်သည့် ဝါးနှင့် သစ်မာစိုက်ခင်းများ လိုအပ်လျက်ရှိမှုနှင့် စိုက်ပျိုးထားရှိမှု၊ သတင်းစာ စက္ကူစက်ရုံ(သာပေါင်း) ပြန်လည် လည်ပတ်နိုင်ရေး စက်ပစ္စည်းများ လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့် စက်ကိရိယာများ တပ်ဆင်ထားရှိမှု၊ မူလစက်တပ်ဆင်သည့် ကုမ္ပဏီမှ ပညာရှင်များဖြင့် စက်ကိရိယာများအားလုံး နေရာတကျဖြစ်စေရေး ဆောင် ရွက်ခဲ့မှု များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာ၌ ယနေ့သည် နိုင်ငံ၏ စက္ကူလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ကို ပြန် လည်လည်ပတ်နိုင်ခဲ့သည့် နေ့ဖြစ်၍ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် နေ့ ဖြစ်ပါကြောင်း၊ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း)တို့အနေဖြင့် ယခင်ကလုပ်ငန်း လည်ပတ်ခဲ့ပြီးဖြစ်သည့် စက်ရုံများဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းလည်ပတ်မှုများ ရပ်တန့်ခဲ့ရကြောင်း၊ နေ့စဉ် အသုံးပြုနေရသည့် ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာ စသည့်စက္ကူလိုအပ်ချက်များစွာကို နှစ်စဉ် ပြည်ပမှတင်သွင်းအသုံးပြုနေရသည့်အတွက် နိုင်ငံခြားငွေများစွာ သုံးစွဲကုန် ကျရလျက်ရှိကြောင်း၊ ယခင်က စစ်တောင်းစက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံနှင့် သာပေါင်း စက္ကူစက်ရုံတို့ကို ဆောင်ရွက်ခဲ့ပြီး စစ်တောင်းစက္ကူစက်ရုံမှာ သက်တမ်းကြာမြင့်ပြီ ဖြစ်သဖြင့် ဖျက်သိမ်းပြီးဖြစ်ကြောင်း၊ ယခုစက်ရုံစုသည် စွမ်းအားပြည့်လည်ပတ် နိုင်ပါက သတင်းစာစက္ကူအပြင် အခြားစက္ကူအမျိုးအစားများကိုလည်း ထုတ်လုပ်နိုင် ကြောင်း၊ ခေတ်ကာလ၏အခြေအနေအရ Online မီဒီယာအသုံး ပြုမှုပိုမိုများပြား လာပြီး Printed မီဒီယာပိုင်း အားနည်းချက်ရှိလာသည်ကို တွေ့ရှိရ ကြောင်း၊ သတင်းစာစက္ကူလိုအပ်ချက်များမှာ ယခင်ကထက်လျော့နည်းလာသည်ကို တွေ့ရှိရ သော် လည်း နေ့စဉ်ထုတ်သတင်းစာများသည် သမိုင်းကို ဖော်ပြနေခြင်းဖြစ် သဖြင့် နိုင်ငံတိုင်းတွင် သတင်းစာများကို နေ့စဉ်ရိုက်နှိပ်ထုတ်ဝေနေရဆဲဖြစ်ပြီး သတင်းစာ စက္ကူ လိုအပ်ချက်သည်လည်း အမြဲမပြတ် ရှိနေမည်ဖြစ်ကြောင်း။

သတင်းစာစက္ကူစက်ရုံ(သာပေါင်း) အနေဖြင့် သစ်၊ ဝါး ကုန်ကြမ်းများစွာလိုအပ် မည်ဖြစ်သဖြင့် စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ကြမ်းများ ရယူ ရာတွင် စက်ရုံအနီးဝန်းကျင်မှ ရရှိရန်လိုပြီး အဝေးမှ သယ်ယူရမည်ဆိုပါက သယ်ယူ ပို့ဆောင်မှုကုန်ကျစရိတ်များ များပြားမည်ဖြစ်သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သည် လည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ စီးပွားရေးအရ တွက်ချေကိုက်သည့် သစ်တော စိုက်ခင်း၊ ဝါးစိုက်ခင်းများ ရရှိရန်လိုကြောင်း၊ သွင်းအားစုများအနက် အဓိက လိုအပ် ချက်ဖြစ်သည့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ရရှိရေးအတွက်လည်း စွမ်းအင်ဝန်ကြီး ဌာန အနေဖြင့် ကြိုးပမ်း ဆောင်ရွက်ပေးရန်လိုကြောင်း။

စက်ရုံရပ်နားထားသည့် အချိန်အတွင်း လာရောက်ကြည့်ရှုစစ်ဆေးစဉ် ယခင်က ထုတ်လုပ်ခဲ့သည့် သတင်းစာစက္ကူများကို ကြည့်ရှုစစ်ဆေးခဲ့ရာ အရည်အသွေးများစွာ ကောင်းမွန်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ သတင်းစာထုတ်လုပ်ခြင်း၌သာမက ကျောင်း သုံးစာအုပ်များ ရိုက်နှိပ်မှုများအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ စက္ကူလိုအပ်ချက်ကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲနေရမှုကို များစွာလျော့နည်းသွားစေမည်ဖြစ်ကြောင်း၊ အလားတူ အခြား သွင်းကုန် ပစ္စည်းများဖြစ်သည့် ရာဘာထုတ်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသွင်းကုန်များကို အစား ထိုးနိုင်မည်ဖြစ်ကြောင်း၊

ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်နိုင်ရေးအတွက် အကြောင်း အမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် စက်ရုံ၊ အလုပ်ရုံများ ပြည်လည် လည်ပတ်နိုင် ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုစက်ရုံမှ စက္ကူ ထုတ်လုပ်မှုများဆက်လက် တိုးတက်စေရေးကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအဖြစ် သဘာဝဓာတ်ငွေ့ပို့လွှတ်မှု Gas Station ဖွင့်ပွဲကို သာပေါင်း သဘာဝဓာတ်ငွေ့ထိန်းသိမ်းဖြန့်ဖြူးရေးစခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဓာတ်ငွေ့ပိုက်လိုင်းဘားကို လှည့်၍ သဘာဝဓာတ်ငွေ့ပို့လွှတ်မှု Gas Station ကို ဖွင့် လှစ်ပေးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သဘာဝဓာတ်ငွေ့ထိန်းသိမ်း ဖြန့်ဖြူးရေးစခန်း အတွင်း လှည့်လည်၍ Filtration System၊ Pressure Regulation System၊ Metering System တို့ဖြင့် ထိန်းသိမ်းဖြန့်ဖြူးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) စတင်လည်ပတ်ခြင်းအခမ်း အနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏အကြံပေးပုဂ္ဂိုလ် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး စက်ရုံပြန်လည် လည်ပတ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ စက်ရုံမှူးက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် Chip Preparation Plant ၌ နေရာယူ ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Chip Preparation Plant အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ကို စတင် စက်လည်ပတ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း လှည့်လည်၍ Chip Preparation Plant၊ Paper Making Plant ၊ Finishing Section တို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သတင်းစာစက္ကူစက်ရုံ (သာပေါင်း)မှ ပထမဦးဆုံး ထွက်ရှိလာသည့် သတင်းစာစက္ကူပေါ်၌ မှတ်တမ်းတင် လက်မှတ်ရေးထိုး ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ပြန်လည်လည်ပတ်နိုင်ရေးတွင် ပါဝင်ခဲ့ကြသည့် ပြည်ပနည်းပညာရှင်များအား ဂုဏ်ပြုသစ်သီးခြင်းလက်ဆောင်ကို ပေးအပ်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)အတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စက်ရုံပြန်လည် လည်ပတ်နိုင်ရေး လိုအပ် သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) တို့မှ ဝန်ထမ်းများနှင့်အတူ နေ့လည်စာကို အတူတကွ သုံးဆောင်ကြပြီး နေ့လည်စာမသုံးဆောင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ယခုစက်ရုံသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စက်ရုံတစ်ခုဖြစ် ပါကြောင်း၊ ယခင်က အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရပြီး ယခုအချိန်တိုအတွင်း လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ခြင်းသည် မူလဝန်ထမ်းများ၏ ထိန်းသိမ်းထားရှိမှု အရည်အချင်းကောင်းများကြောင့်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အကျိုးရှိသည့် လုပ်ငန်းလည်ပတ်မှုဖြစ်ပြီး များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သဖြင့် ယခုကဲ့သို့ ပြန်လည်ပြုပြင်မှုအနည်းဆုံးဖြစ်အောင် ထိန်းသိမ်းထားရှိမှုများကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း။

“ စာအုပ် စာပေ လူ့မိတ်ဆွေ” ဆိုသည့် ဆိုရိုးစကားနှင့်အညီ စာပေသည် လူ့ဘဝ တိုးတက်ရေးအတွက် အရေးကြီးသည် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ စာပေ များကို ဖတ်ရှုနိုင်ရေးအတွက် စာများပုံနှိပ်ထုတ်ဝေရန် စက္ကူများသည် မဖြစ်မနေလို အပ်ကြောင်း၊ မိမိတို့နိုင်ငံ၌ စက္ကူထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းများစွာရှိပြီး ဖြစ်သည့်အတွက် စက္ကူထုတ်လုပ်ခြင်းကို ဆောင်ရွက်နိုင်ရေးယခုစက်ရုံကိုပြန်လည် လည်ပတ်နိုင်ရန်ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

အလားတူ နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စက်မှုကဏ္ဍသည် အလွန်အရေး ပါကြောင်း၊ “ စက်မှုစွမ်အား ခေတ်ကျော်လွှား” ဆိုသည့်အတိုင်း စက်မှုကဏ္ဍတိုးတက် မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို တည်ဆောက် နိုင်မည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုများကို ထုတ်လုပ်၍ ပြည်တွင်းအတွက်လိုအပ် သည့်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင် သဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများ များစွာလျော့နည်း လာမည်ဖြစ်ကြောင်း၊ နိုင်ငံတွင် ရှိပြီးဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သဖြင့် အခြားစက်ရုံ၊ အလုပ်ရုံများ လည်ပတ်နိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက် ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခု သတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို ပြန်လည် လည်ပတ်နိုင်ခြင်းသည် နိုင်ငံ၏ စက်မှု ကဏ္ဍကို အသစ်တဖန်ဆန်းသစ်နိုင်ခဲ့ခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့်စက်ရုံတွင် တာဝန် ထမ်းဆောင်လျက်ရှိသည် ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်၍ တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

နေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်ရုံဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

အဆိုပါ သတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားခဲ့ရပြီး ယခုအခါ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်၍ စက္ကူများ ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော်အတွက်လိုအပ်သည့် စက္ကူလိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင် မည်ဖြစ်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများစွာကိုလည်း ပြန်လည်ဖော်ဆောင် ပေးနိုင်မည်ဖြစ်ပါသည်။

Zawgyi Version

ေနျပည္ေတာ္၊ ဩဂုတ္ – ၁၂

ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း၊ သတင္းစာစကၠဴစက္႐ုံ(သာေပါင္း) စတင္ဖြင့္ လွစ္ လည္ပတ္ျခင္းအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ဖြင့္လွစ္ေပးသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္သည္ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီး မ်ား၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ)ႏွင့္ အဆင့္ျမင့္ တပ္မေတာ္အရာရွိႀကီး မ်ား၊ ဧရာဝတီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးတင္ေမာင္ဝင္း၊ အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္တာဝန္ရွိသူမ်ား လိုက္ပါ၍ စက္႐ုံေနရာသို႔ ေရာက္ရွိၾကရာ အဆင့္ျမင့္စကၠဴစက္႐ုံ(သာေပါင္း)ႏွင့္ သတင္းစာစကၠဴစက္႐ုံ(သာေပါင္း) တို႔မွ ဝန္ထမ္း မ်ား၊ စက္မႈဝန္ႀကီးဌာနမွ ဝန္ထမ္းမ်ားက လႈိက္လွဲေႏြးေထြးစြာ ႀကိဳဆို ႏႈတ္ဆက္ ၾကသည္။

ထို႔ေနာက္ စက္႐ုံ အစည္းအေဝးခန္းမတြင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီ က သာေပါင္းစကၠဴ စက္႐ုံအတြက္ ကုန္ၾကမ္းရရွိႏိုင္မႈ၊ ေလ့လာဆန္းစစ္ခ်က္မ်ားအရ ဝါးအမ်ိဳးမ်ိဳးမွ ေပ်ာ့ ဖတ္ရရွိႏိုင္မႈႏွင့္ စကၠဴေပ်ာ့ဖတ္ထုတ္လုပ္ႏိုင္ေရး စိုက္ပ်ိဳးသင့္သည့္ ဝါးမ်ားႏွင့္ သစ္မ်ိဳး မ်ားအား ဆန္းစစ္ေဆာင္႐ြက္ခဲ့မႈ၊ ပုဂၢလိက သစ္မာစိုက္ခင္းမ်ားမွ စကၠဴေပ်ာ့ဖတ္ကုန္ ၾကမ္းရရွိႏိုင္မႈ၊ စက္႐ုံအတြက္ ေပ်ာ့ဖတ္ကုန္ၾကမ္းရရွိႏိုင္ေရး ဝါးႏွင့္ သစ္မာစိုက္ခင္း တည္ေထာင္ရန္ ေျမေနရာ ခြင့္ျပဳေပးထားမႈ အေျခအေနမ်ားကို လည္းေကာင္း။

စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က သတင္းစာစကၠဴ စက္႐ုံ(သာေပါင္း)လည္ပတ္ႏိုင္ေရးအတြက္ လိုအပ္သည့္ဓာတ္ေငြ႕မ်ားပို႔လႊတ္ႏိုင္ေရး ကန္ႀကီးေထာင့္-သာေပါင္း သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမ်ား စစ္ေဆးျပဳျပင္ျခင္း ေဆာင္႐ြက္ခဲ့မႈႏွင့္ ပိုက္လိုင္းအစားထိုး လဲလွယ္ျခင္းမ်ား ေဆာင္႐ြက္ခဲ့မႈ၊ သဘာဝ ဓာတ္ေငြ႕ ထိန္းခ်ဳပ္ျဖန႔္ျဖဴးေရးစနစ္မ်ားအား အဆင့္ျမႇင့္တင္ခဲ့မႈ၊ စက္႐ုံအတြက္ ဓာတ္ေငြ႕လိုအပ္ခ်က္ကို ျဖည့္ဆည္းေဆာင္႐ြက္ေပးလ်က္ရွိမႈ အေျခအေနမ်ားကို လည္းေကာင္း။

စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ခ်ာလီသန္းက အဆင့္ျမင့္ စကၠဴစက္႐ုံ(သာေပါင္း)ႏွင့္ သတင္းစာစကၠဴစက္႐ုံ(သာေပါင္း) ဆိုင္ရာ အခ်က္အလက္ မ်ား၊ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းသို႔ စက္႐ုံလုပ္ငန္းမ်ားအား လႊဲေျပာင္းေပးအပ္ ႏိုင္ေရး ေျမျပင္ကြင္းဆင္းေဆာင္႐ြက္ခဲ့မႈႏွင့္ လႊဲေျပာင္းေပးအပ္ခဲ့မႈ၊ စက္႐ုံ၌ ဝန္ထမ္း မ်ား တာဝန္ထမ္းေဆာင္လ်က္ရွိမႈ အေျခအေနမ်ားႏွင့္ စက္႐ုံျပန္လည္လည္ပတ္ ႏိုင္ျခင္းအတြက္ အက်ိဳးေက်းဇူးမ်ားစြာ ရရွိႏိုင္သည့္ အေျခအေနမ်ားကိုလည္းေကာင္း ရွင္းလင္းတင္ျပသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၏ အႀကံေပးပုဂၢိဳလ္ ျမန္မာ စီးပြားေရးေကာ္ပိုေရးရွင္းဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ က အဆင့္ျမင့္ စကၠဴ စက္႐ုံ(သာေပါင္း)ႏွင့္ သတင္းစာစကၠဴစက္႐ုံ(သာေပါင္း) တို႔အား စက္မႈဝန္ႀကီးဌာနမွ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းသို႔ လႊဲေျပာင္းရယူေဆာင္႐ြက္ခဲ့မႈ၊ စက္႐ုံအတြက္ လို အပ္သည့္ ဝါးႏွင့္ သစ္မာစိုက္ခင္းမ်ား လိုအပ္လ်က္ရွိမႈႏွင့္ စိုက္ပ်ိဳးထားရွိမႈ၊ သတင္းစာ စကၠဴစက္႐ုံ(သာေပါင္း) ျပန္လည္ လည္ပတ္ႏိုင္ေရး စက္ပစၥည္းမ်ား လိုအပ္သည္မ်ား ျပင္ဆင္ေဆာင္႐ြက္ခဲ့မႈႏွင့္ စက္ကိရိယာမ်ား တပ္ဆင္ထားရွိမႈ၊ မူလစက္တပ္ဆင္သည့္ ကုမၸဏီမွ ပညာရွင္မ်ားျဖင့္ စက္ကိရိယာမ်ားအားလုံး ေနရာတက်ျဖစ္ေစေရး ေဆာင္ ႐ြက္ခဲ့မႈ မ်ားကိုလည္းေကာင္း အသီးသီး ရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က လမ္းၫႊန္အမွာစကားေျပာၾကားရာ၌ ယေန႔သည္ ႏိုင္ငံ၏ စကၠဴလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးမည့္ သတင္းစာစကၠဴစက္႐ုံ(သာေပါင္း) ကို ျပန္ လည္လည္ပတ္ႏိုင္ခဲ့သည့္ ေန႔ျဖစ္၍ က်က္သေရမဂၤလာအေပါင္းႏွင့္ျပည့္စုံသည့္ ေန႔ ျဖစ္ပါေၾကာင္း၊ အဆင့္ျမင့္စကၠဴစက္႐ုံ (သာေပါင္း)ႏွင့္ သတင္းစာစကၠဴစက္႐ုံ (သာေပါင္း)တို႔အေနျဖင့္ ယခင္ကလုပ္ငန္း လည္ပတ္ခဲ့ၿပီးျဖစ္သည့္ စက္႐ုံမ်ားျဖစ္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လုပ္ငန္းလည္ပတ္မႈမ်ား ရပ္တန႔္ခဲ့ရေၾကာင္း၊ ေန႔စဥ္ အသုံးျပဳေနရသည့္ ႐ုံးသုံး၊ ေက်ာင္းသုံး၊ သတင္းစာ စသည့္စကၠဴလိုအပ္ခ်က္မ်ားစြာကို ႏွစ္စဥ္ ျပည္ပမွတင္သြင္းအသုံးျပဳေနရသည့္အတြက္ ႏိုင္ငံျခားေငြမ်ားစြာ သုံးစြဲကုန္ က်ရလ်က္ရွိေၾကာင္း၊ ယခင္က စစ္ေတာင္းစကၠဴစက္႐ုံ၊ ေရနီစကၠဴစက္႐ုံႏွင့္ သာေပါင္း စကၠဴစက္႐ုံတို႔ကို ေဆာင္႐ြက္ခဲ့ၿပီး စစ္ေတာင္းစကၠဴစက္႐ုံမွာ သက္တမ္းၾကာျမင့္ၿပီ ျဖစ္သျဖင့္ ဖ်က္သိမ္းၿပီးျဖစ္ေၾကာင္း၊ ယခုစက္႐ုံစုသည္ စြမ္းအားျပည့္လည္ပတ္ ႏိုင္ပါက သတင္းစာစကၠဴအျပင္ အျခားစကၠဴအမ်ိဳးအစားမ်ားကိုလည္း ထုတ္လုပ္ႏိုင္ ေၾကာင္း၊ ေခတ္ကာလ၏အေျခအေနအရ Online မီဒီယာအသုံး ျပဳမႈပိုမိုမ်ားျပား လာၿပီး Printed မီဒီယာပိုင္း အားနည္းခ်က္ရွိလာသည္ကို ေတြ႕ရွိရ ေၾကာင္း၊ သတင္းစာစကၠဴလိုအပ္ခ်က္မ်ားမွာ ယခင္ကထက္ေလ်ာ့နည္းလာသည္ကို ေတြ႕ရွိရ ေသာ္ လည္း ေန႔စဥ္ထုတ္သတင္းစာမ်ားသည္ သမိုင္းကို ေဖာ္ျပေနျခင္းျဖစ္ သျဖင့္ ႏိုင္ငံတိုင္းတြင္ သတင္းစာမ်ားကို ေန႔စဥ္႐ိုက္ႏွိပ္ထုတ္ေဝေနရဆဲျဖစ္ၿပီး သတင္းစာ စကၠဴ လိုအပ္ခ်က္သည္လည္း အၿမဲမျပတ္ ရွိေနမည္ျဖစ္ေၾကာင္း။

သတင္းစာစကၠဴစက္႐ုံ(သာေပါင္း) အေနျဖင့္ သစ္၊ ဝါး ကုန္ၾကမ္းမ်ားစြာလိုအပ္ မည္ျဖစ္သျဖင့္ စဥ္ဆက္မျပတ္ရရွိေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ကုန္ၾကမ္းမ်ား ရယူ ရာတြင္ စက္႐ုံအနီးဝန္းက်င္မွ ရရွိရန္လိုၿပီး အေဝးမွ သယ္ယူရမည္ဆိုပါက သယ္ယူ ပို႔ေဆာင္မႈကုန္က်စရိတ္မ်ား မ်ားျပားမည္ျဖစ္သျဖင့္ ထုတ္လုပ္မႈကုန္က်စရိတ္သည္ လည္း ျမင့္မားလာမည္ျဖစ္ေၾကာင္း၊ စီးပြားေရးအရ တြက္ေခ်ကိုက္သည့္ သစ္ေတာ စိုက္ခင္း၊ ဝါးစိုက္ခင္းမ်ား ရရွိရန္လိုေၾကာင္း၊ သြင္းအားစုမ်ားအနက္ အဓိက လိုအပ္ ခ်က္ျဖစ္သည့္ သဘာဝဓာတ္ေငြ႕ စဥ္ဆက္မျပတ္ရရွိေရးအတြက္လည္း စြမ္းအင္ဝန္ႀကီး ဌာန အေနျဖင့္ ႀကိဳးပမ္း ေဆာင္႐ြက္ေပးရန္လိုေၾကာင္း။

စက္႐ုံရပ္နားထားသည့္ အခ်ိန္အတြင္း လာေရာက္ၾကည့္ရႈစစ္ေဆးစဥ္ ယခင္က ထုတ္လုပ္ခဲ့သည့္ သတင္းစာစကၠဴမ်ားကို ၾကည့္ရႈစစ္ေဆးခဲ့ရာ အရည္အေသြးမ်ားစြာ ေကာင္းမြန္မႈရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ သတင္းစာထုတ္လုပ္ျခင္း၌သာမက ေက်ာင္း သုံးစာအုပ္မ်ား ႐ိုက္ႏွိပ္မႈမ်ားအတြက္လည္း အေထာက္အကူျပဳႏိုင္မည္ျဖစ္ေၾကာင္း၊ စကၠဴလိုအပ္ခ်က္ကို ျပည္တြင္း၌ လုံေလာက္စြာ ထုတ္လုပ္ႏိုင္မည္ဆိုပါက ႏိုင္ငံျခားေငြ သုံးစြဲေနရမႈကို မ်ားစြာေလ်ာ့နည္းသြားေစမည္ျဖစ္ေၾကာင္း၊ အလားတူ အျခား သြင္းကုန္ ပစၥည္းမ်ားျဖစ္သည့္ ရာဘာထုတ္ကုန္ပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းမ်ားကို ျပည္တြင္း၌ လုံေလာက္စြာ ထုတ္လုပ္ႏိုင္မည္ဆိုပါက ျပည္ပသြင္းကုန္မ်ားကို အစား ထိုးႏိုင္မည္ျဖစ္ေၾကာင္း၊

ထို႔ေၾကာင့္ ျပည္တြင္းကုန္ထုတ္လုပ္မႈမ်ား ျမႇင့္တင္ႏိုင္ေရးအတြက္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ရပ္တန႔္ထားရသည့္ စက္႐ုံ၊ အလုပ္႐ုံမ်ား ျပည္လည္ လည္ပတ္ႏိုင္ ေရး မိမိတို႔အေနျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ ယခုစက္႐ုံမွ စကၠဴ ထုတ္လုပ္မႈမ်ားဆက္လက္ တိုးတက္ေစေရးႀကိဳးပမ္းေဆာင္႐ြက္ၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ အခမ္းအနားအစီအစဥ္ဒုတိယပိုင္းအျဖစ္ သဘာဝဓာတ္ေငြ႕ပို႔လႊတ္မႈ Gas Station ဖြင့္ပြဲကို သာေပါင္း သဘာဝဓာတ္ေငြ႕ထိန္းသိမ္းျဖန႔္ျဖဴးေရးစခန္း၌ က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ က ဓာတ္ေငြ႕ပိုက္လိုင္းဘားကို လွည့္၍ သဘာဝဓာတ္ေငြ႕ပို႔လႊတ္မႈ Gas Station ကို ဖြင့္ လွစ္ေပးသည္။ ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သဘာဝဓာတ္ေငြ႕ထိန္းသိမ္း ျဖန႔္ျဖဴးေရးစခန္း အတြင္း လွည့္လည္၍ Filtration System၊ Pressure Regulation System၊ Metering System တို႔ျဖင့္ ထိန္းသိမ္းျဖန႔္ျဖဴးေနမႈမ်ားကို ၾကည့္ရႈစစ္ေဆးၿပီး တာဝန္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ လိုအပ္သည္မ်ား မွာၾကားသည္။

ယင္းေနာက္ သတင္းစာစကၠဴစက္႐ုံ(သာေပါင္း) စတင္လည္ပတ္ျခင္းအခမ္း အနားကို ဧရာဝတီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္၊ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး၊ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၏အႀကံေပးပုဂၢိဳလ္ ျမန္မာစီးပြားေရး ေကာ္ပိုေရးရွင္းဥကၠ႒တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။ ထို႔ေနာက္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က သတင္းစာစကၠဴစက္႐ုံ (သာေပါင္း) ဆိုင္းဘုတ္ကို စက္ခလုတ္ႏွိပ္ ဖြင့္လွစ္ေပးၿပီး စက္႐ုံျပန္လည္ လည္ပတ္ ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ၾကသည့္ ဝန္ထမ္းမ်ားအတြက္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားကို ေပးအပ္ရာ စက္႐ုံမႉးက လက္ခံရယူသည္။ ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္သည္ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္း မွတ္တမ္းတင္ဓာတ္ပုံ႐ိုက္ၾကသည္။

၎ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ Chip Preparation Plant ၌ ေနရာယူ ၾကၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က Chip Preparation Plant အား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးၿပီး သတင္းစာစကၠဴစက္႐ုံ (သာေပါင္း) ကို စတင္ စက္လည္ပတ္သည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စက္႐ုံအတြင္း လွည့္လည္၍ Chip Preparation Plant၊ Paper Making Plant ၊ Finishing Section တို႔၏ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကို ၾကည့္ရႈ စစ္ေဆးၿပီး တာဝန္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ လိုအပ္သည္မ်ား လမ္းၫႊန္ မွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ သတင္းစာစကၠဴစက္႐ုံ (သာေပါင္း)မွ ပထမဦးဆုံး ထြက္ရွိလာသည့္ သတင္းစာစကၠဴေပၚ၌ မွတ္တမ္းတင္ လက္မွတ္ေရးထိုး ၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ က သတင္းစာစကၠဴစက္႐ုံ(သာေပါင္း) ျပန္လည္လည္ပတ္ႏိုင္ေရးတြင္ ပါဝင္ခဲ့ၾကသည့္ ျပည္ပနည္းပညာရွင္မ်ားအား ဂုဏ္ျပဳသစ္သီးျခင္းလက္ေဆာင္ကို ေပးအပ္သည္။

ဆက္လက္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အဆင့္ျမင့္စကၠဴစက္႐ုံ(သာေပါင္း)အတြင္း လွည့္လည္ၾကည့္ရႈ၍ တာဝန္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ စက္႐ုံျပန္လည္ လည္ပတ္ႏိုင္ေရး လိုအပ္ သည္မ်ားကို လမ္းၫႊန္မွာၾကားသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အဆင့္ျမင့္စကၠဴစက္႐ုံ(သာေပါင္း)ႏွင့္ သတင္းစာစကၠဴစက္႐ုံ (သာေပါင္း) တို႔မွ ဝန္ထမ္းမ်ားႏွင့္အတူ ေန႔လည္စာကို အတူတကြ သုံးေဆာင္ၾကၿပီး ေန႔လည္စာမသုံးေဆာင္မီ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္က ယခုစက္႐ုံသည္ ႏိုင္ငံေတာ္အတြက္ အေရးႀကီးသည့္ စက္႐ုံတစ္ခုျဖစ္ ပါေၾကာင္း၊ ယခင္က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္နားခဲ့ရၿပီး ယခုအခ်ိန္တိုအတြင္း လုပ္ငန္းမ်ား ျပန္လည္လည္ပတ္ႏိုင္ျခင္းသည္ မူလဝန္ထမ္းမ်ား၏ ထိန္းသိမ္းထားရွိမႈ အရည္အခ်င္းေကာင္းမ်ားေၾကာင့္ပင္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္အတြက္ အက်ိဳးရွိသည့္ လုပ္ငန္းလည္ပတ္မႈျဖစ္ၿပီး မ်ားစြာအက်ိဳးျဖစ္ထြန္းေစမည္ျဖစ္သျဖင့္ ယခုကဲ့သို႔ ျပန္လည္ျပဳျပင္မႈအနည္းဆုံးျဖစ္ေအာင္ ထိန္းသိမ္းထားရွိမႈမ်ားကို ေက်းဇူးတင္ အသိအမွတ္ျပဳပါေၾကာင္း။

“ စာအုပ္ စာေပ လူ႔မိတ္ေဆြ” ဆိုသည့္ ဆို႐ိုးစကားႏွင့္အညီ စာေပသည္ လူ႔ဘဝ တိုးတက္ေရးအတြက္ အေရးႀကီးသည္ အခန္းက႑တြင္ ပါဝင္ေနေၾကာင္း၊ စာေပ မ်ားကို ဖတ္ရႈႏိုင္ေရးအတြက္ စာမ်ားပုံႏွိပ္ထုတ္ေဝရန္ စကၠဴမ်ားသည္ မျဖစ္မေနလို အပ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၌ စကၠဴထုတ္လုပ္ႏိုင္သည့္ ကုန္ၾကမ္းပစၥည္းမ်ားစြာရွိၿပီး ျဖစ္သည့္အတြက္ စကၠဴထုတ္လုပ္ျခင္းကို ေဆာင္႐ြက္ႏိုင္ေရးယခုစက္႐ုံကိုျပန္လည္ လည္ပတ္ႏိုင္ရန္ႀကိဳးပမ္း ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း။

အလားတူ ႏိုင္ငံတစ္ခုတိုးတက္ေရးအတြက္ စက္မႈက႑သည္ အလြန္အေရး ပါေၾကာင္း၊ “ စက္မႈစြမ္အား ေခတ္ေက်ာ္လႊား” ဆိုသည့္အတိုင္း စက္မႈက႑တိုးတက္ မွသာ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္သည့္ ႏိုင္ငံတစ္ခုကို တည္ေဆာက္ ႏိုင္မည္ျဖစ္ေၾကာင္း၊ စက္မႈလုပ္ငန္းမ်ားျဖင့္ ကုန္ထုတ္လုပ္မႈမ်ားကို ထုတ္လုပ္၍ ျပည္တြင္းအတြက္လိုအပ္ သည့္ပစၥည္းမ်ားကို ထုတ္လုပ္ႏိုင္ျခင္းေၾကာင့္ ျပည္ပသြင္းကုန္မ်ားကို ေလွ်ာ့ခ်ႏိုင္ သျဖင့္ ႏိုင္ငံျခားေငြသုံးစြဲမႈမ်ား မ်ားစြာေလ်ာ့နည္း လာမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံတြင္ ရွိၿပီးျဖစ္သည့္ စက္႐ုံ၊ အလုပ္႐ုံမ်ားျဖင့္ ျပည္တြင္းမွ ထြက္ရွိသည့္ ကုန္ၾကမ္းမ်ားကို အသုံးျပဳ၍ ကုန္ထုတ္လုပ္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္သျဖင့္ အျခားစက္႐ုံ၊ အလုပ္႐ုံမ်ား လည္ပတ္ႏိုင္ေရးအတြက္လည္း မိမိတို႔အေနျဖင့္ ႀကိဳးပမ္း ေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ စက္မႈလုပ္ငန္းမ်ားႏွင့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္ ျခင္းျဖင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ားလည္း ပိုမိုတိုးတက္လာမည္ျဖစ္ေၾကာင္း၊ ယခု သတင္းစာစကၠဴစက္႐ုံ(သာေပါင္း)ကို ျပန္လည္ လည္ပတ္ႏိုင္ျခင္းသည္ ႏိုင္ငံ၏ စက္မႈ က႑ကို အသစ္တဖန္ဆန္းသစ္ႏိုင္ခဲ့ျခင္းပင္ ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္စက္႐ုံတြင္ တာဝန္ ထမ္းေဆာင္လ်က္ရွိသည္ ဝန္ထမ္းမ်ားအေနျဖင့္လည္း ႏိုင္ငံေတာ္ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ မိမိတို႔တာဝန္မ်ားကို ေက်ပြန္စြာ ထမ္းေဆာင္၍ တစ္ဖက္ တစ္လမ္းမွ အေထာက္အကူျပဳၾကရမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ေန႔လယ္စာသုံးေဆာင္အၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္သည္ စက္႐ုံဝန္ထမ္းမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့သည္။

အဆိုပါ သတင္းစာစကၠဴစက္႐ုံ(သာေပါင္း)ကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္နားထားခဲ့ရၿပီး ယခုအခါ ျပန္လည္လည္ပတ္ႏိုင္ေရး ေဆာင္႐ြက္၍ စကၠဴမ်ား ထုတ္လုပ္ႏိုင္ခဲ့ျခင္းေၾကာင့္ ႏိုင္ငံေတာ္အတြက္လိုအပ္သည့္ စကၠဴလိုအပ္ခ်က္မ်ားကို မ်ားစြာျဖည့္ဆည္းေပးႏိုင္မည္ျဖစ္သည့္အတြက္ ႏိုင္ငံျခားေငြ သုံးစြဲမႈမ်ားကို ေလွ်ာ့ခ်ႏိုင္ မည္ျဖစ္သကဲ့သို႔ အလုပ္အကိုင္ အခြင့္အလမ္းမ်ားစြာကိုလည္း ျပန္လည္ေဖာ္ေဆာင္ ေပးႏိုင္မည္ျဖစ္ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။