တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးမှုများ အပိုင်း (၃)
နေပြည်တော်၊ မေ ၎
ယင်းနောက် အမေရိကန်နိုင်ငံမှ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Ms. Kelley Currie က အဆွေတော် အနေဖြင့် ယခုဖြစ်ပွားနေသည့်ကိစ္စရပ်များအား ပြည်တွင်းရေးကိစ္စဟု ပြောဆိုခဲ့ပါကြောင်း၊ လူပေါင်း ၇ သိန်း သည် မြန်မာနိုင်ငံ၏ နယ်နိမိတ်ကိုကျော်လွန်၍ အခြားနိုင်ငံသို့ ရောက်ရှိသွားသည့်အတွက် ယခုကိစ္စရပ်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်ဟု မခေါ်ဆိုနိုင်တော့ပါကြောင်း၊ ဤကိစ္စသည် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးနှင့်ငြိမ်းချမ်းရေးအပေါ် သက်ရောက်လာနိုင်သည့်ကိစ္စရပ် အဖြစ်သို့ ပြောင်းလဲရောက်ရှိ သွားပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းရေးကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်၍ မရနိုင်တော့ပါကြောင်း ပြောကြားသည်။
ရုရှားနိုင်ငံမှ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Mr. Dmitry Polyanskiy က မြန်မာနိုင်ငံသို့ လာ ရောက်ခြင်းသည် တရားသူကြီးများအဖြစ် ပြုလုပ်ရန်လာရောက်ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ၏ မိတ်ဆွေများ အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် နေသည်ကို သိရှိပါကြောင်း၊ သို့ရာတွင် ယခုကာလအတွင်း နိုင်ငံတကာ သတင်းမီဒီယာ များ၌ မြန်မာ့တပ်မတော်နှင့်ပတ်သက်၍ ရေးသားဖော်ပြချက်များမှ မည်ကဲ့သို့ရှိသည်ကို အဆွေတော်အနေဖြင့် သိရှိလိမ့်မည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ စွပ်စွဲချက်များသည် မိမိတို့အား စိုးရိမ်ဖွယ်ရာ ကိစ္စရပ်များအဖြစ် ဖန်တီးလျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ စွပ်စွဲပြောဆိုချက်များအား မည်ကဲ့သို့ ပွင့်လင်းမြင်သာမှုရှိစွာ ဖြေရှင်း ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း၊ ယခုကဲ့သို့ ပြဿနာရပ်များ ဖြစ်ပွားနေခြင်း သည် မြန်မာ့ တပ်မတော်၏ ဂုဏ်သိက္ခာကိုသာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ ဂုဏ်သိက္ခာကို ထိပါးလျက်ရှိပါကြောင်း၊ မည်သည့် ကိစ္စရပ်သည်မှန်ကန်၍ မည်သည့်ကိစ္စရပ်မှာ မှားယွင်းနေကြောင်းကို ကိုင်တွယ် ဖြေရှင်းရန် လိုအပ် နေသည့်အချိန်ကို ရောက်ရှိနေပြီဖြစ်သည့်အတွက် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ကို သိရှိလိုပါကြောင်း၊ မိမိတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်ဘက်အဖွဲ့အစည်းမှ မြန်မာ့တပ်မတော် အနေဖြင့် နယ်စပ်တွင် အင်အားများ ထပ်မံဖြည့်တင်းနေသည်ဟု ပြောကြားလာကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် အင်အားထပ်မံဖြည့်တင်းနေသည်မှာ မှန်ကန်ပါက မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေ သည်ကို သိရှိလိုပါကြောင်း၊ နယ်စပ်ဒေသအား လုံခြုံမှုရှိသောဒေသ ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် အင်အား ဖြည့်တင်းခြင်း ဟုတ်/မဟုတ် သိရှိလိုပါကြောင်း ပြောကြားသည်။
ဘိုလစ်ဗီးယားနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Mr. Sacha Sergio Liorentty Soliz က မိမိတို့၏ လုံခြုံရေးကောင်စီကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါ ၁၉၃ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ များစွာစိုးရိမ်ပူပန်လျက်ရှိပါကြောင်း၊ လက်ရှိ အခြေအနေမှ ပိုမိုဆိုးရွားသွားမည်ကို စိုးရိမ်လျက်ရှိပါကြောင်း၊ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ စိန်ခေါ်မှုကိစ္စရပ်တစ်ခုတည်းကြောင့်သာမဟုတ်ဘဲ ၎င်းတို့အနေဖြင့် အကြမ်းဖက်မှုတို့ အပေါ် ယိမ်းယိုင်သွား မည်ကို ပိုမိုစိုးရိမ်လျက်ရှိပါကြောင်း၊ ၎င်းတို့၏ဒေသဖြစ်သော မြန်မာနိုင်ငံသို့ပြန်လာမည့်လုပ်ငန်းစဉ်တွင် စာရွက် စာတမ်းဖြည့်စွက်မှုမမှန်ကန်သည့် အတွက်ကြောင့် အခက်အခဲဖြစ်နေသည်ကို နားလည်ရန်ခက်ခဲနေပါကြောင်း ပြောကြားသည်။
ကိုယ်စားလှယ်အဖွဲ့ဝင်များ၏ မေးမြန်းဆွေးနွေးမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည် ပြောကြားရာတွင် ကိုယ်စားလှယ်အဖွဲ့ဝင် များအနေဖြင့် ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်းပြောကြားသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် မည်သည့်နိုင်ငံဟူ၍ ရည်ညွှန်းခြင်းမရှိဘဲ ခြုံငုံဖြေကြားသွား မည်ဖြစ်ပါကြောင်း၊ ပထမအချက်အနေဖြင့် ပြစ်မှုကျူးလွန်ခြင်းနှင့် ပတ်သက်သည့် အရေးယူမှုများနှင့် ပတ်သက်၍ မိမိတို့ တပ်မတော်တွင် တပ်မတော်အက်ဥပဒေဟူ၍ ပြဌာန်းထားပြီး အဆိုပါအက်ဥပဒေနှင့် ငြိစွန်းသူများအားလုံးကို အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လျှော့ပေါ့၍ အပြစ်ပေးသည်ဟူ၍မရှိခဲ့ပါကြောင်း၊ မိမိအနေဖြင့် အဓမ္မပြုကျင့်သည့် အမှုနှင့် ပတ်သက်၍ အနည်းငယ် ပြောကြားလိုပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့် နိုင်ငံတစ်နိုင်ငံဖြစ် သော ကြောင့် အဓမ္မပြုကျင့်မှု၊ အထူးသဖြင့် အမျိုးသမီးများအပေါ် ကျူးလွန်သည့်အမှုများနှင့် ပတ်သက်၍ မည်သို့မျှ ခွင့်မလွှတ်သည့် နိုင်ငံလည်းဖြစ်ကြောင်း၊ မိမိတို့ကောက်ယူထားသည့် မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ အရပ်ဘက်နှင့်စစ်ဘက်တို့တွင်ဖြစ်ပွား ခဲ့သည့် အဓမ္မပြုကျင့်မှုစုစုပေါင်း ၁၁၁၆ မှု ဖြစ်ပွားခဲ့ပြီး အဆိုပါအမှုများတွင် တပ်မတော်မှ ၁၆ မှုဖြစ်ပွားခဲ့ကာ အရပ်ဘက်မှ ၁၁၀၀ မှုဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် စစ်ဘက်မှ အဓမ္မပြုကျင့်ခဲ့သူများကို ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ တရားရုံးတွင် တိုင်တန်းခဲ့သည့် အဓမ္မပြုကျင့်မှုစုစုပေါင်း ၁၄၂၂ မှုဖြစ်ပွား ခဲ့ပြီး စစ်ဘက်မှ ၁၇ မှုပါဝင်ခဲ့ရာ အဆိုပါ ကျူးလွန်သူများကိုလည်း ထောင်ဒဏ် ၂၀ နှစ်ချမှတ်၍ အပြစ်ပေးခဲ့ပြီးဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရောက်ရှိနေသည့် ဒုက္ခသည်များက ၎င်းတို့အား မြန်မာ့ တပ်မတော်မှ အဓမ္မပြုကျင့်မှုရှိခဲ့သည်ဟု ပြောဆိုနေကြသည်ကို တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ အဓမ္မပြုကျင့်မှုများ ဖြစ်ပွားခဲ့ပါက ၎င်းတို့အား ပြန်လည် တိုင်ကြားရန်နှင့် တိုင်ကြားမှုများ အားလုံးကို အရေးယူဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင် ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီကလည်း ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့်ရှ်နိုင်ငံဘက်တွင် တရားစွဲဆိုသည် ဖြစ်စေ၊ မြန်မာ နိုင်ငံဘက်တွင် တိုင်ကြား သည်ဖြစ်စေ မိမိတို့အနေဖြင့် ၎င်းတို့တိုင်ကြားပါက အမှုဖွင့်စစ်ဆေးသွားပြီး အရေးယူ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ ယခု အချိန်အထိ တိုင်ကြားမှုမရှိသေးပါကြောင်း၊ အဓမ္မပြုကျင့်မှုကို မည်သည့် နိုင်ငံကမျှ လက်ခံခြင်းမရှိသည့် အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ စိတ်နာစေရန် ပိုမိုချဲ့ကားပြောတတ်ကြသည့် အချက်ကိုမှု အဆွေတော်တို့ အနေဖြင့် ထည့်သွင်းစဉ်းစား ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် အဆိုပါအမှုကိစ္စသည် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုနှင့် လုံးဝ ဆက်စပ်မှုမရှိပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့်လည်း အဆိုပါအမှုကိစ္စဖြစ်ပွားမှုကို လုံးဝ လက်ခံခြင်းမရှိပါကြောင်း၊ အဆိုပါကိစ္စရပ် နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအပေါ် အစိုးရကကြေညာထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ တပ်မတော် အနေဖြင့် အစိုးရ၏ ဆောင်ရွက်ချက်များကို ဆက်လက် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ဖြစ်စဉ်တို့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ခေါင်းဆောင်သည့်အဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့များအား ၀င်ရောက်တိုက်ခိုက်ခြင်း၊ ရွာများသို့ ၀င်ရောက်တိုက်ခိုက်ခြင်း စသည့်တို့ ပြုလုပ်ရာတွင် တိုက်ခိုက်သူ အနည်းဆုံး အင်အား ၆၀၀၀ မှ အများဆုံး ၁၀၀၀၀ ကြားရှိမည်ဟု ခန့်မှန်း ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် သက်သေပေါင်း ၃၂၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ၈၀၀ ကျော်ကလည်း စာဖြင့်ရေးသား၍ ထွက်ဆိုခဲ့ပါကြောင်း၊ ၎င်းတို့၏ ထွက်ဆိုချက်ကို ကြည့်ခြင်းအားဖြင့် လူပေါင်း ၆၀၀၀ နှင့် ၁၀၀၀၀ ကြား အကြမ်းဖက်မှု ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိခဲ့ပါကြောင်း ပြောကြားသည်။
(Unicode Version)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးမှုများ အပိုင်း (၃)
နေပြည်တော်၊ မေ ၄
ဗြိတိန်နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Ms. Karen Pierce က မိမိအနေဖြင့် ၂၀၁၇ခုနှစ်၊ သြဂုတ် ၂၅ ရက် ဖြစ်စဉ်နှင့်ပတ်သက်၍ အဆွေတော်တို့ အနေဖြင့် ၎င်းဒေသသို့ တပ်ဖွဲ့အင်အား မည်မျှစေလွှတ်ခဲ့သည်ကို သိရှိ လိုပါကြောင်း၊ အဆွေတော်သိရှိပြီးဖြစ်သည့်အတိုင်း မိမိတို့လုံခြုံရေးကောင်စီသည် မည်သည့်အကြမ်းဖက် မှုမျိုးကိုမျှလက်မခံပါကြောင်း၊ တစ်ဖက်တွင်လည်း တိုက်ခိုက်မှုနှင့် ပြန်လည်တုန့်ပြန် တိုက်ခိုက်မှုတို့သည် အချိုးညီ၍သဟဇာတ ဖြစ်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အီသီယိုပီးယားနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ် Mr. Tekeda Alemu က ပြောကြားရာတွင် မိမိထံသို့ မျှဝေပေးသည့်အစီရင်ခံစာစာအုပ်တွင် ရက်စက် ကြမ်းကြုတ်သည့်ဓာတ်ပုံများကို တွေ့ရှိရပါကြောင်း၊ ယင်းကဲ့သို့ မျှဝေပေးသည့် အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းကဲ့သို့ဖြစ်စဉ်မျိုးဖြစ်ပွား ခဲ့သည့်အတွက်လည်း မိမိအနေဖြင့် များစွာစိတ်မကောင်း ဖြစ်မိပါကြောင်း၊ အဆွေတော် တို့အနေဖြင့် မိမိတို့နှင့် တွေ့ဆုံဆွေးနွေးချိန်တွင် ယင်းကဲ့သို့ မျှဝေပေးနိုင်ခြင်းမှာလည်း အဆွေတော်တို့အတွက် အကျိုးအမြတ်တစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တစ်ကြိမ်တစ်ခါမျှ တွေ့ရှိခဲ့ဘူးခြင်းမရှိသည့် ဓာတ်ပုံများကို တွေ့မြင်ရခြင်းဖြစ်ကြောင်း၊ အဆွေတော်တို့အနေဖြင့် မည်ကဲ့သို့ခံစားနေရ၍ မည်မျှအထိ တာဝန်ကြီးသည် ကိုလည်း မိမိအနေဖြင့် နားလည်ခံစားမိပါကြောင်း၊ Cox’s Bazar ဒေသသို့ သွားရောက်လေ့လာ ချိန်တွင် ၎င်းဒေသတွင် နေထိုင်သူများအနေဖြင့် ဆိုးရွားလှသောဝေဒနာများ ခံစားရလျက်ရှိ သည်ကို တွေ့ရှိရသဖြင့် များစွာ တုန်လှုပ်မိပါကြောင်း ၊မိမိတို့အနေဖြင့် အများဆုံးတွေ့ရှိ ခဲ့ရသည်မှာ ကလေးသူငယ်များဖြစ်ပြီး ၎င်းတို့၏ ပြောဆိုချက်များအား သံသယဖြစ်ရန်အတွက်များစွာခက်ခဲပါကြောင်း၊ ယင်းကိစ္စရပ်နှင့်ပတ်သက်၍ အဆွေတော် ၏ ထင်မြင်ချက်ကိုလည်း သိရှိလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် အမေရိကန်နိုင်ငံမှ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Ms. Kelley Currie က အဆွေတော် အနေဖြင့် ယခုဖြစ်ပွားနေသည့်ကိစ္စရပ်များအား ပြည်တွင်းရေးကိစ္စဟု ပြောဆိုခဲ့ပါကြောင်း၊ လူပေါင်း ရ သိန်း သည် မြန်မာနိုင်ငံ၏ နယ်နိမိတ်ကိုကျော်လွန်၍ အခြားနိုင်ငံသို့ ရောက်ရှိသွားသည့်အတွက် ယခုကိစ္စရပ်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်ဟု မခေါ်ဆိုနိုင်တော့ပါကြောင်း၊ ဤကိစ္စသည် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးနှင့်ငြိမ်းချမ်းရေးအပေါ် သက်ရောက်လာနိုင်သည့်ကိစ္စရပ် အဖြစ်သို့ ပြောင်းလဲရောက်ရှိ သွားပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းရေးကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်၍ မရနိုင်တော့ပါကြောင်း ပြောကြားသည်။
ကာဇက်စတန်နိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Mr. Kairat Umarovက အဓမ္မပြုကျင့်မှုများစွာရှိခဲ့သည်ဟု ကြားသိခဲ့ရသော်လည်း မြန်မာ့တပ်မတော်မှ ပြုလုပ်သည့်စုံစမ်းစစ်ဆေးမှုတွင် ဖြစ်စဉ် ၃ ခုသာရှိသည်ဟု သိရှိရသည့်အတွက် မိမိတို့ အနေဖြင့် စဉ်းစားဖွယ်ရာဖြစ်နေပါကြောင်း၊ အမေရိကန်ကိုယ်စားလှယ်မှ ဆွေးနွေး ပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံအတွင်းမှ လူပေါင်း ရ သိန်းကျော်သည် အခြားနိုင်ငံသို့ ကျော်လွန် ရောက်ရှိသွားသည့်အတွက် မြန်မာနိုင်ငံတစ်နိုင်ငံတည်း၏ ကိစ္စရပ်မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာနှင့် သက်ဆိုင် သော ကိစ္စရပ်ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်သည့် ဓာတ်ပုံမှတ်တမ်းများကို ကြည့်ရှုခြင်းအားဖြင့် အဆွေတော်ကိုင်တွယ်ဖြေရှင်း နေရသည့် ပြဿနာရပ်များကို မိမိအနေဖြင့် နားလည်သဘောပေါက်ပါကြောင်း၊ မိမိအနေဖြင့် မည်သူတို့က ပြစ်မှုကျူးလွန်သည်/မကျူးလွန်သည်နှင့်ပတ်သက်၍ ပြောကြားလိုခြင်းမရှိ ကြောင်း၊ နေရပ်သို့ ပြန်လည်သွားရောက်ရန် ကြောက်ရွံ့နေသူများ၏ စိတ်အခြေအနေအား သက်သာ စေမည့် နည်းလမ်းကို ကုလသမဂ္ဂအဖွဲ့အစည်းနှင့် အတူတကွပေါင်းစည်း လုပ်ကိုင်စေလိုခြင်းဖြစ်ပါကြောင်း၊ တစ်ဖက် နိုင်ငံသို့ ရောက်ရှိနေသူများအနက် အဓမ္မကျူးလွန်ခြင်းခံခဲ့ရသည်ဟု ပြောကြားသူများမှာ လွန်စွာများပြားသည့် အတွက် မိမိတို့အနေဖြင့် ၎င်းတို့အား ယုံကြည်၍မရသည့် အနေအထားမျိုး ဖြစ်နေပါကြောင်း၊ သို့ဖြစ်၍ အဆွေတော်တို့အနေဖြင့် ကုလသမဂ္ဂ၏ ယန္တရားများမှ လိုအပ်သည့်နေရာများတွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဖြေရှင်းသွားစေလိုပါကြောင်း ပြောကြားသည်။တရုတ်နိုင်ငံမှ ဒုတိယအမြဲတမ်း ကိုယ်စားလှယ် ဖြစ်သူ Mr. Wu Haitao က မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အကြား ပိုမိုတည်ငြိမ်မှုရှိလာသည်ကို မိမိတို့ အနေဖြင့်တွေ့ရှိရပါကြောင်း၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏အဓိကရည်ရွယ်ချက်မှာ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည်များ နေရပ်သို့ပြန်လည်နေထိုင်နိုင်ရေးပင် ဖြစ်ပါကြောင်း၊ ယင်းကိစ္စရပ်သည် မြန်မာနိုင်ငံအတွက်သာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက်ပါ အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ သဘောတူလက်မှတ်ရေး ထိုးပြီးဖြစ်သည်ဟု မိမိတို့အနေဖြင့် သိရှိထားပါကြောင်း၊ ၎င်းကိစ္စရပ်အပေါ် လျှင်မြန်ထိရောက်သည့် အကောင် အထည်ဖော် ဆောင်ရွက်မှုများအား မည်ကဲ့သို့ပြုလုပ်မည်ကို မိမိတို့အနေဖြင့် စောင့်မျှော်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ကာ ဒုက္ခသည်များ နေရပ်သို့ အလျင်အမြန်ရောက်ရှိရေးကို မိမိတို့အနေဖြင့် မျှော်လင့်ပါကြောင်း၊ ယင်းကိစ္စရပ်အား လွန်စွာအရေးကြီးသည့် ကိစ္စတစ်ခုအဖြစ် သတ်မှတ် ထားပါကြောင်း ပြောကြားသည်။
ရုရှားနိုင်ငံမှ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Mr. Dmitry Polyanskiy က မြန်မာနိုင်ငံသို့ လာ ရောက်ခြင်းသည် တရားသူကြီးများအဖြစ် ပြုလုပ်ရန်လာရောက်ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ၏ မိတ်ဆွေများ အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏အရေးပါသည့် အခန်းကဏ္ဍမှ ပါ၀င်ဆောင်ရွက် နေသည်ကို သိရှိပါကြောင်း၊ သို့ရာတွင် ယခုကာလအတွင်း နိုင်ငံတကာ သတင်းမီဒီယာ များ၌ မြန်မာ့တပ်မတော်နှင့်ပတ်သက်၍ ရေးသားဖော်ပြချက်များမှ မည်ကဲ့သို့ရှိသည်ကို အဆွေတော်အနေဖြင့် သိရှိလိမ့်မည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ စွပ်စွဲချက်များသည် မိမိတို့အား စိုးရိမ်ဖွယ်ရာ ကိစ္စရပ်များအဖြစ် ဖန်တီးလျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ စွပ်စွဲပြောဆိုချက်များအား မည်ကဲ့သို့ ပွင့်လင်းမြင်သာမှုရှိစွာ ဖြေရှင်း ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း၊ ယခုကဲ့သို့ ပြဿနာရပ်များ ဖြစ်ပွားနေခြင်း သည် မြန်မာ့ တပ်မတော်၏ ဂုဏ်သိက္ခာကိုသာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ ဂုဏ်သိက္ခာကို ထိပါးလျက်ရှိပါကြောင်း၊ မည်သည့် ကိစ္စရပ်သည်မှန်ကန်၍ မည်သည့်ကိစ္စရပ်မှာ မှားယွင်းနေကြောင်းကို ကိုင်တွယ် ဖြေရှင်းရန် လိုအပ် နေသည့်အချိန်ကို ရောက်ရှိနေပြီဖြစ်သည့်အတွက် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ကို သိရှိလိုပါကြောင်း၊ မိမိတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်ဘက်အဖွဲ့အစည်းမှ မြန်မာ့တပ်မတော် အနေဖြင့် နယ်စပ်တွင် အင်အားများ ထပ်မံဖြည့်တင်းနေသည်ဟု ပြောကြားလာကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် အင်အားထပ်မံဖြည့်တင်းနေသည်မှာ မှန်ကန်ပါက မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေ သည်ကို သိရှိလိုပါကြောင်း၊ နယ်စပ်ဒေသအား လုံခြံုမှုရှိသောဒေသ ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် အင်အား ဖြည့်တင်းခြင်း ဟုတ်/မဟုတ် သိရှိလိုပါကြောင်း ပြောကြားသည်။
ဘိုလစ်ဗီးယားနိုင်ငံမှ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ Mr. Sacha Sergio Liorentty Soliz က မိမိတို့၏ လုံခြံုရေးကောင်စီကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါ ၁၉၃ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ များစွာစိုးရိမ်ပူပန်လျက်ရှိပါကြောင်း၊ လက်ရှိ အခြေအနေမှ ပိုမိုဆိုးရွားသွားမည်ကို စိုးရိမ်လျက်ရှိပါကြောင်း၊ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ စိန်ခေါ်မှုကိစ္စရပ်တစ်ခုတည်းကြောင့်သာမဟုတ်ဘဲ ၎င်းတို့အနေဖြင့် အကြမ်းဖက်မှုတို့ အပေါ် ယိမ်းယိုင်သွား မည်ကို ပိုမိုစိုးရိမ်လျက်ရှိပါကြောင်း၊ ၎င်းတို့၏ဒေသဖြစ်သော မြန်မာနိုင်ငံသို့ပြန်လာမည့်လုပ်ငန်းစဉ်တွင် စာရွက် စာတမ်းဖြည့်စွက်မှုမမှန်ကန်သည့် အတွက်ကြောင့် အခက်အခဲဖြစ်နေသည်ကို နားလည်ရန်ခက်ခဲနေပါကြောင်း ပြောကြားသည်။
ကိုယ်စားလှယ်အဖွဲ့ဝင်များ၏ မေးမြန်းဆွေးနွေးမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည် ပြောကြားရာတွင် ကိုယ်စားလှယ်အဖွဲ့ဝင် များအနေဖြင့် ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်းပြောကြားသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် မည်သည့်နိုင်ငံဟူ၍ ရည်ညွှန်းခြင်းမရှိဘဲ ခြံုငုံဖြေကြားသွား မည်ဖြစ်ပါကြောင်း၊ ပထမအချက်အနေဖြင့် ပြစ်မှုကျူးလွန်ခြင်းနှင့် ပတ်သက်သည့် အရေးယူမှုများနှင့် ပတ်သက်၍ မိမိတို့ တပ်မတော်တွင် တပ်မတော်အက်ဥပဒေဟူ၍ ပြဌာန်းထားပြီး အဆိုပါအက်ဥပဒေနှင့် ငြိစွန်းသူများအားလုံးကို အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လျှော့ပေါ့၍ အပြစ်ပေးသည်ဟူ၍မရှိခဲ့ပါကြောင်း၊ မိမိအနေဖြင့် အဓမ္မပြုကျင့်သည့် အမှုနှင့် ပတ်သက်၍ အနည်းငယ် ပြောကြားလိုပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့် နိုင်ငံတစ်နိုင်ငံဖြစ် သော ကြောင့် အဓမ္မပြုကျင့်မှု၊ အထူးသဖြင့် အမျိုးသမီးများအပေါ် ကျူးလွန်သည့်အမှုများနှင့် ပတ်သက်၍ မည်သို့မျှ ခွင့်မလွှတ်သည့် နိုင်ငံလည်းဖြစ်ကြောင်း၊ မိမိတို့ကောက်ယူထားသည့် မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ အရပ်ဘက်နှင့်စစ်ဘက်တို့တွင်ဖြစ်ပွား ခဲ့သည့် အဓမ္မပြုကျင့်မှုစုစုပေါင်း ၁၁၁၆ မှု ဖြစ်ပွားခဲ့ပြီး အဆိုပါအမှုများတွင် တပ်မတော်မှ ၁၆ မှုဖြစ်ပွားခဲ့ကာ အရပ်ဘက်မှ ၁၁၀၀ မှုဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် စစ်ဘက်မှ အဓမ္မပြုကျင့်ခဲ့သူများကို ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ တရားရုံးတွင် တိုင်တန်းခဲ့သည့် အဓမ္မပြုကျင့်မှုစုစုပေါင်း ၁၄၂၂ မှုဖြစ်ပွား ခဲ့ပြီး စစ်ဘက်မှ ၁၇ မှုပါ၀င်ခဲ့ရာ အဆိုပါ ကျူးလွန်သူများကိုလည်း ထောင်ဒဏ် ၂၀ နှစ်ချမှတ်၍ အပြစ်ပေးခဲ့ပြီးဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရောက်ရှိနေသည့် ဒုက္ခသည်များက ၎င်းတို့အား မြန်မာ့ တပ်မတော်မှ အဓမ္မပြုကျင့်မှုရှိခဲ့သည်ဟု ပြောဆိုနေကြသည်ကို တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ အဓမ္မပြုကျင့်မှုများ ဖြစ်ပွားခဲ့ပါက ၎င်းတို့အား ပြန်လည် တိုင်ကြားရန်နှင့် တိုင်ကြားမှုများ အားလုံးကို အရေးယူဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင် ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီကလည်း ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့်ရှ်နိုင်ငံဘက်တွင် တရားစွဲဆိုသည် ဖြစ်စေ၊ မြန်မာ နိုင်ငံဘက်တွင် တိုင်ကြား သည်ဖြစ်စေ မိမိတို့အနေဖြင့် ၎င်းတို့တိုင်ကြားပါက အမှုဖွင့်စစ်ဆေးသွားပြီး အရေးယူ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ ယခု အချိန်အထိ တိုင်ကြားမှုမရှိသေးပါကြောင်း၊ အဓမ္မပြုကျင့်မှုကို မည်သည့် နိုင်ငံကမျှ လက်ခံခြင်းမရှိသည့် အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ စိတ်နာစေရန် ပိုမိုချဲ့ကားပြောတတ်ကြသည့် အချက်ကိုမှု အဆွေတော်တို့ အနေဖြင့် ထည့်သွင်းစဉ်းစား ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် အဆိုပါအမှုကိစ္စသည် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုနှင့် လုံးဝ ဆက်စပ်မှုမရှိပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့်လည်း အဆိုပါအမှုကိစ္စဖြစ်ပွားမှုကို လုံးဝ လက်ခံခြင်းမရှိပါကြောင်း၊ အဆိုပါကိစ္စရပ် နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအပေါ် အစိုးရကကြေညာထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ တပ်မတော် အနေဖြင့် အစိုးရ၏ ဆောင်ရွက်ချက်များကို ဆက်လက် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ဖြစ်စဉ်တို့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ခေါင်းဆောင်သည့်အဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဖြစ်စဉ်တွင် လုံခြံုရေးတပ်ဖွဲ့များအား ၀င်ရောက်တိုက်ခိုက်ခြင်း၊ ရွာများသို့ ၀င်ရောက်တိုက်ခိုက်ခြင်း စသည့်တို့ ပြုလုပ်ရာတွင် တိုက်ခိုက်သူ အနည်းဆုံး အင်အား ၆၀၀၀ မှ အများဆုံး ၁၀၀၀၀ ကြားရှိမည်ဟု ခန့်မှန်း ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် သက်သေပေါင်း ၃၂၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ၈၀၀ ကျော်ကလည်း စာဖြင့်ရေးသား၍ ထွက်ဆိုခဲ့ပါကြောင်း၊ ၎င်းတို့၏ ထွက်ဆိုချက်ကို ကြည့်ခြင်းအားဖြင့် လူပေါင်း ၆၀၀၀ နှင့် ၁၀၀၀၀ ကြား အကြမ်းဖက်မှု ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိခဲ့ပါကြောင်း ပြောကြားသည်။
ဖတ်သင့်သော သတင်းများ
ပြန်စာထားခဲ့ပါ။
သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။