နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုများနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များ လမ်းညွှန် မှာကြား

နေပြည်တော် ဩဂုတ် – ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ လိုက်ပါ၍ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင် ထိန်းသိမ်းထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အာနန္ဒာဘုရား

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အာနန္ဒာဘုရားသို့ ရောက်ရှိဖူးမြော်ကြည်ညိုကာ ဘုရားကြီးအတွင်း ပရိဝုဏ်နှင့် အပြင်ပရိဝုဏ်အတွင်း ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့ဗိသုကာပညာရပ်သည် ရှေးယခင်ကတည်းကပင် အရည် အသွေးမြင့်မားခဲ့ကြောင်း၊ ထို့ကြောင့် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ်တကျနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လို‌ပြီး သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ မရှိစေရေး လိုအပ်သည့်ပြုပြင်ဆောင်ရွက်မှု များကို တာဝန်ရှိသူများက အမြဲမပြတ် စစ်ဆေးဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မကြာ မီကာလအတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိမည်ဖြစ်ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများသို့ လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူတို့သည်လည်း အများအပြားလာရောက်ကြမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် စေတီပုထိုးများကို သန့်ရှင်းသပ်ရပ်ပြီး ကြည်ညိုသပ္ပါယ်ဖြစ်အောင် စီမံ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အာနန္ဒာဘုရားကြီးအပါအဝင် ရှေးဟောင်း စေတီ ပုထိုးများအား ပြုပြင်ထိန်းသိမ်းရာတွင် အရည်အသွေးကောင်းမွန်သည့် အပေါ်ခံဆေး သုတ်ထားခြင်းဖြင့် ရာသီဥတုကြောင့် ပျက်စီးမည့်ဒဏ်ကို ခံနိုင်မည်ဖြစ်ပြီး ရေဝင်ပျက်စီး မှုများကိုလည်း ခံနိုင်မည်ဖြစ်သဖြင့် ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး၍ စဉ်းစားဆောင် ရွက်ကြစေလိုကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုအပေါ်မူတည်၍ ရေရှည်တည်တံ့ခိုင်မြဲမှုကို ဖြစ် ပေါ်စေမည်ဖြစ်သဖြင့် မူလလက်ရာကို မထိခိုက်စေဘဲ ခေတ်မီနည်းပညာများ အသုံးပြု ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

စူဋ္ဌာမဏိဂူဘုရားကြီး

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့ပြီး ရေဝပ်မှုများ ဖြစ် ပေါ်ခဲ့သည့် နရပတိစည်သူမင်းတည်ထားခဲ့သော စူဋ္ဌာမဏိဂူဘုရားကြီးသို့ ရောက်ရှိကြပြီး ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ဘုရားကြီးအား ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် ဘုရား ကြီး ပုရိဝုဏ်အတွင်း မြေညှိခြင်းနှင့် မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။ ထို့သို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ယခင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်၊ ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့ရသည့် သင်ခန်းစာရရှိ ပြီး ဖြစ်သဖြင့် နောင်တွင် ရေဝင်ရောက်မှုများမဖြစ်စေရေး ရေထွက်ပေါက်များဆောင်ရွက် နေမှုများကို စနစ်တကျ တွက်ချက်ထည့်သွင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘုရား ကြီး၏ အတွင်းအပြင်အား ထိန်းသိမ်းရာတွင် သမိုင်းဝင်တန်ဖိုးကြီး အမွေအနှစ် ဖြစ်သည့် အတွက် စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ မူလရင်ပြင်တော်ကိုလည်း ယခု အခြေအနေမှ တဖြည်းဖြည်း စနစ်တကျ ဖော်ထုတ်သွားရန်လိုကြောင်းနှင့် ရှေးဟောင်း လက်ရာ နံရံဆေးရေး ပန်းချီများ ရေရှည်တည်တံ့စေရေးအတွက် မှန်ဖြင့် ကာရံနိုင်ရေး ဆောင်ရွက် သွားရန်လိုကြောင်း၊ စေတီပုထိုးများ ပတ်ပတ်လည်၌ သန့်ရှင်းသပ်ရပ်နေမှ သာလျင် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးလာရောက်သူများ စိတ်အေးသက်သာစွာဖြင့် လှည့်လည် ဖူးမြော်နိုင်မည်ဖြစ်သဖြင့် နေ့စဉ်သန့်ရှင်းရေးဆောင်ရွက်သွားရန် လိုကြောင်း ဖြင့် မှာကြားသည်။

ထီးလိုမင်းလို ဘုရားကြီး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထီးလိုမင်းလို ဘုရားကြီးသို့ ရောက်ရှိကြပြီး ဘုရားကြီးအတွင်း၊ အပြင် နှင့် အထက်ပစ္စယံ တို့၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေ များကို ထိန်းသိမ်းထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုး များသည် ရှေးဟောင်းသမိုင်းဝင်လက်ရာများဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များဖြစ် သည့်အတွက် ထိန်းသိမ်းဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ထီးလိုမင်းလိုဘုရားကြီး၏ အထက်ပစ္စယံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများကို ကြည်ညိုဖူးမြော်နိုင်မည်ဖြစ်ပြီး ပုဂံဒေသ၏ အလှအပများကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သဖြင့် လူဦးရေအကန့်အသတ်၊ အချိန်အကန့်အသတ်တို့ဖြင့် ပြန်လည် တက်ရောက်ကြည်ညို ခွင့်ပြုပေးနိုင်ရေး စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်း

ထိုကဲ့သို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရား၊ စူဋ္ဌာမဏိဂူဘုရားကြီး နှင့် ထီးလိုမင်းလို ဘုရားကြီး တို့သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြုပြင်ထိန်းသိမ်း ထားရှိမှုများအား ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဘက်စုံအလှူငွေများ အသီးသီးပေးအပ်လှူဒါန်းခဲ့ပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဧည့်သည်တော်မှတ်တမ်းစာ အုပ်များတွင် လက်မှတ်ရေးထိုးပူဇော်သည်။

ယခုနှစ်မေလအတွင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရွှေစည်းခုံစေတီ၊ အာနန္ဒာ ဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဋ္ဌာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်း အုတ် ကျောင်း၊ ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရား၊ ရွှေနန်းရင် တောဘုရား တို့၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား/ အဆောက်အအုံ ၈ ခုတို့တွင် ထိခိုက်ပျက်စီးမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သဖြင့် ရှေးဟောင်းလက်ရာမပြတ် အမြန် ဆုံး ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညို၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်

ထို့ပြင် ယနေ့ညနေပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ရုံးသို့ ရောက်ရှိပြီး တာဝန်ရှိသူများ အား တွေ့ဆုံကာ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ် နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများ စိတ်လက်ချမ်းသာစွာဖြင့် ဖူးမြော်နိုင်ရေး လိုအပ် သည်များ စီမံဆောင်ရွက်ထားရှိရန်၊ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး၊ သန့်ရှင်းသာယာပြီး ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးအတွက် လိုအပ်သည့် ထိန်းသိမ်းမှုလုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်းနှင့် သောက်တော်ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်တွင်လည်းကောင်း၊ ဂန္ဓာကုဋိတိုက်များတွင်လည်းကောင်း၊ ကျောက်စာရုံ စေတီတော်များအတွင်း၌လည်းကောင်း လှည့်လည်ကြည်ညိုကြပြီး အနယ်နယ် အရပ် ရပ်မှ ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ပါသည်။

Zawgyi Version

ေနျပည္ေတာ္ ဩဂုတ္ – ၂၇

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ယေန႔နံနက္ပိုင္းတြင္ ဇနီး ေဒၚၾကဴၾကဴလွ၊ ေကာင္စီတြဲဖက္ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ ဇနီး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေအာင္၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ တာဝန္ရွိသူမ်ား လိုက္ပါ၍ သဘာဝေဘးအႏၲရာယ္ျဖစ္ေပၚမႈေၾကာင့္ ေရဝင္၊ ေရဝပ္မႈႏွင့္ ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည့္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္း ျပဳျပင္ ထိန္းသိမ္းထားရွိမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆးၿပီး လိုအပ္သည္မ်ား လမ္းၫႊန္မွာၾကားသည္။

အာနႏၵာဘုရား

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕ဝင္မ်ားသည္ အာနႏၵာဘုရားသို႔ ေရာက္ရွိဖူးေျမာ္ၾကည္ညိဳကာ ဘုရားႀကီးအတြင္း ပရိဝုဏ္ႏွင့္ အျပင္ပရိဝုဏ္အတြင္း ထိန္းသိမ္းထားရွိမႈအေျခအေနမ်ားကို ၾကည့္ရႈစစ္ေဆး ကာ တာဝန္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ျမန္မာ့ဗိသုကာပညာရပ္သည္ ေရွးယခင္ကတည္းကပင္ အရည္ အေသြးျမင့္မားခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ တန္ဖိုးမျဖတ္ႏိုင္သည့္ ေရွးေဟာင္းလက္ရာမ်ားကို ထိန္းသိမ္းရာတြင္ စနစ္တက်ႏွင့္ ေရရွည္တည္တံ့ေအာင္ ထိန္းသိမ္းရန္လို‌ၿပီး သဘာဝ ေဘးအႏၲရာယ္ေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ား မရွိေစေရး လိုအပ္သည့္ျပဳျပင္ေဆာင္႐ြက္မႈ မ်ားကို တာဝန္ရွိသူမ်ားက အၿမဲမျပတ္ စစ္ေဆးေဆာင္႐ြက္ေနရမည္ျဖစ္ေၾကာင္း၊ မၾကာ မီကာလအတြင္း ပြင့္လင္းရာသီသို႔ ေရာက္ရွိမည္ျဖစ္ၿပီး ပုဂံေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမအတြင္းရွိ ဘုရားေစတီပုထိုးမ်ားသို႔ လာေရာက္ဖူးေျမာ္ၾကမည့္ ဘုရားဖူးလာ ရဟန္းရွင္လူ၊ ျပည္သူတို႔သည္လည္း အမ်ားအျပားလာေရာက္ၾကမည္ျဖစ္ေၾကာင္း၊ ထို႔ ေၾကာင့္ ေစတီပုထိုးမ်ားကို သန႔္ရွင္းသပ္ရပ္ၿပီး ၾကည္ညိဳသပၸါယ္ျဖစ္ေအာင္ စီမံ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ အာနႏၵာဘုရားႀကီးအပါအဝင္ ေရွးေဟာင္း ေစတီ ပုထိုးမ်ားအား ျပဳျပင္ထိန္းသိမ္းရာတြင္ အရည္အေသြးေကာင္းမြန္သည့္ အေပၚခံေဆး သုတ္ထားျခင္းျဖင့္ ရာသီဥတုေၾကာင့္ ပ်က္စီးမည့္ဒဏ္ကို ခံႏိုင္မည္ျဖစ္ၿပီး ေရဝင္ပ်က္စီး မႈမ်ားကိုလည္း ခံႏိုင္မည္ျဖစ္သျဖင့္ ပညာရွင္မ်ားႏွင့္ တိုင္ပင္ေဆြးေႏြး၍ စဥ္းစားေဆာင္ ႐ြက္ၾကေစလိုေၾကာင္း၊ ျပဳျပင္ထိန္းသိမ္းမႈအေပၚမူတည္၍ ေရရွည္တည္တံ့ခိုင္ၿမဲမႈကို ျဖစ္ ေပၚေစမည္ျဖစ္သျဖင့္ မူလလက္ရာကို မထိခိုက္ေစဘဲ ေခတ္မီနည္းပညာမ်ား အသုံးျပဳ ထိန္းသိမ္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

စူ႒ာမဏိဂူဘုရားႀကီး

ဆက္လက္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေရဝင္ေရာက္ခဲ့ၿပီး ေရဝပ္မႈမ်ား ျဖစ္ ေပၚခဲ့သည့္ နရပတိစည္သူမင္းတည္ထားခဲ့ေသာ စူ႒ာမဏိဂူဘုရားႀကီးသို႔ ေရာက္ရွိၾကၿပီး ဘုရားႀကီးအား ဖူးေျမာ္ၾကည္ညိဳကာ ဘုရားႀကီးအား ျပဳျပင္ထိန္းသိမ္းထားရွိမႈႏွင့္ ဘုရား ႀကီး ပုရိဝုဏ္အတြင္း ေျမညႇိျခင္းႏွင့္ ေျမဖို႔ျခင္းလုပ္ငန္း ေဆာင္႐ြက္ေနမႈမ်ားကို ၾကည့္ရႈ စစ္ေဆးသည္။ ထို႔သို႔ ၾကည့္ရႈစစ္ေဆးစဥ္ တာဝန္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ ယခင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေရဝင္၊ ေရဝပ္မႈမ်ား ျဖစ္ေပၚခဲ့ရသည့္ သင္ခန္းစာရရွိ ၿပီး ျဖစ္သျဖင့္ ေနာင္တြင္ ေရဝင္ေရာက္မႈမ်ားမျဖစ္ေစေရး ေရထြက္ေပါက္မ်ားေဆာင္႐ြက္ ေနမႈမ်ားကို စနစ္တက် တြက္ခ်က္ထည့္သြင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ဘုရား ႀကီး၏ အတြင္းအျပင္အား ထိန္းသိမ္းရာတြင္ သမိုင္းဝင္တန္ဖိုးႀကီး အေမြအႏွစ္ ျဖစ္သည့္ အတြက္ စနစ္တက်ျဖင့္ ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ မူလရင္ျပင္ေတာ္ကိုလည္း ယခု အေျခအေနမွ တျဖည္းျဖည္း စနစ္တက် ေဖာ္ထုတ္သြားရန္လိုေၾကာင္းႏွင့္ ေရွးေဟာင္း လက္ရာ နံရံေဆးေရး ပန္းခ်ီမ်ား ေရရွည္တည္တံ့ေစေရးအတြက္ မွန္ျဖင့္ ကာရံႏိုင္ေရး ေဆာင္႐ြက္ သြားရန္လိုေၾကာင္း၊ ေစတီပုထိုးမ်ား ပတ္ပတ္လည္၌ သန႔္ရွင္းသပ္ရပ္ေနမွ သာလ်င္ ျပည္တြင္း၊ ျပည္ပမွ ဘုရားဖူးလာေရာက္သူမ်ား စိတ္ေအးသက္သာစြာျဖင့္ လွည့္လည္ ဖူးေျမာ္ႏိုင္မည္ျဖစ္သျဖင့္ ေန႔စဥ္သန႔္ရွင္းေရးေဆာင္႐ြက္သြားရန္ လိုေၾကာင္း ျဖင့္ မွာၾကားသည္။

ထီးလိုမင္းလို ဘုရားႀကီး

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ထီးလိုမင္းလို ဘုရားႀကီးသို႔ ေရာက္ရွိၾကၿပီး ဘုရားႀကီးအတြင္း၊ အျပင္ ႏွင့္ အထက္ပစၥယံ တို႔၌ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့မႈ အေျခအေန မ်ားကို ထိန္းသိမ္းထားရွိမႈမ်ားအား လိုက္လံၾကည့္ရႈစစ္ေဆးၿပီး တာဝန္ရွိသူမ်ား၏ တင္ျပ ခ်က္မ်ားအေပၚ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမရွိ ဘုရား၊ ေစတီ၊ ပုထိုး မ်ားသည္ ေရွးေဟာင္းသမိုင္းဝင္လက္ရာမ်ားျဖစ္ၿပီး တန္ဖိုးမျဖတ္ႏိုင္သည့္ အေမြအႏွစ္မ်ားျဖစ္ သည့္အတြက္ ထိန္းသိမ္းေဆာင္႐ြက္မႈမ်ားကို အေလးထားေဆာင္႐ြက္ရန္လိုေၾကာင္း၊ ထီးလိုမင္းလိုဘုရားႀကီး၏ အထက္ပစၥယံမွ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမရွိ ဘုရား၊ ေစတီ၊ ပုထိုးမ်ားကို ၾကည္ညိဳဖူးေျမာ္ႏိုင္မည္ျဖစ္ၿပီး ပုဂံေဒသ၏ အလွအပမ်ားကိုလည္း ၾကည့္ရႈႏိုင္မည္ျဖစ္သျဖင့္ လူဦးေရအကန႔္အသတ္၊ အခ်ိန္အကန႔္အသတ္တို႔ျဖင့္ ျပန္လည္ တက္ေရာက္ၾကည္ညိဳ ခြင့္ျပဳေပးႏိုင္ေရး စဥ္းစားေဆာင္႐ြက္သြားရန္လိုေၾကာင္းျဖင့္ မွာၾကားသည္။

ဘက္စုံအလႉေငြမ်ား ေပးအပ္လႉဒါန္း

ထိုကဲ့သို႔ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမရွိ အာနႏၵာဘုရား၊ စူ႒ာမဏိဂူဘုရားႀကီး ႏွင့္ ထီးလိုမင္းလို ဘုရားႀကီး တို႔သို႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳၿပီး ျပဳျပင္ထိန္းသိမ္း ထားရွိမႈမ်ားအား ၾကည့္ရႈစစ္ေဆးစဥ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႏွင့္ ဇနီးတို႔သည္ ဘက္စုံအလႉေငြမ်ား အသီးသီးေပးအပ္လႉဒါန္းခဲ့ၿပီး ႏိုင္ငံ ေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္က ဧည့္သည္ေတာ္မွတ္တမ္းစာ အုပ္မ်ားတြင္ လက္မွတ္ေရးထိုးပူေဇာ္သည္။

ယခုႏွစ္ေမလအတြင္း မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးခ႐ိုင္၊ ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမ၌ မိုးသည္းထန္စြာ႐ြာသြန္းခဲ့မႈေၾကာင့္ ေ႐ႊစည္းခုံေစတီ၊ အာနႏၵာ ဘုရား၊ ဓမၼရံႀကီးဘုရား၊ စူ႒ာမဏိဘုရား၊ ဓမၼရာဇကဘုရား၊ ဆင္ျဖဴရွင္ကြန္းပလက္၊ ေခမဂၤဘုရား၊ သပိတ္ေမွာက္ဘုရား၊ ထီးလိုမင္းလိုဘုရား၊ ေလးမ်က္ႏွာဘုရား၊ ဆင္ေပါင္း အုတ္ ေက်ာင္း၊ ဓမၼရာဇကအနီးရွိဘုရား၊ ပုဂံေမွ်ာ္ဘုရား၊ ႐ြာေဟာင္းႀကီးဘုရား၊ ေ႐ႊနန္းရင္ ေတာဘုရား တို႔၌ ေရဝင္ေရာက္မႈမ်ား ျဖစ္ေပၚခဲ့ၿပီး ေရွးေဟာင္းဘုရား/ အေဆာက္အအုံ ၈ ခုတို႔တြင္ ထိခိုက္ပ်က္စီးမႈ အနည္းငယ္ျဖစ္ေပၚခဲ့သျဖင့္ ေရွးေဟာင္းလက္ရာမျပတ္ အျမန္ ဆုံး ျပန္လည္ျပဳျပင္ထိန္းသိမ္းႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိသည္။

မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား သြားေရာက္ဖူးေျမာ္ ၾကည္ညိဳ၊ အနယ္နယ္ အရပ္ရပ္မွ ဘုရားဖူးလာျပည္သူမ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္

ထို႔ျပင္ ယေန႔ညေနပိုင္းတြင္လည္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံ ေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ အဖြဲ႕ဝင္မ်ားလိုက္ပါ၍ ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ဗုဒၶဥယ်ာဥ္ဝတၳဳကံေတာ္အတြင္း တည္ထားကိုးကြယ္သည့္ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား သြားေရာက္ဖူးေျမာ္ ၾကည္ညိဳသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္သည္ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ေဂါပကအဖြဲ႕႐ုံးသို႔ ေရာက္ရွိၿပီး တာဝန္ရွိသူမ်ား အား ေတြ႕ဆုံကာ ႐ုပ္ပြားေတာ္ျမတ္ႀကီးအား လာေရာက္ဖူးေျမာ္ၾကည္ညိဳၾကသည့္ အနယ္ နယ္အရပ္ရပ္မွ ရဟန္းရွင္လူျပည္သူမ်ား စိတ္လက္ခ်မ္းသာစြာျဖင့္ ဖူးေျမာ္ႏိုင္ေရး လိုအပ္ သည္မ်ား စီမံေဆာင္႐ြက္ထားရွိရန္၊ ႐ုပ္ပြားေတာ္ျမတ္ႀကီးႏွင့္ ဗုဒၶဥယ်ာဥ္ေတာ္အတြင္းရွိ သာသနိကအေဆာက္အဦမ်ား ေရရွည္တည္တံ့ခိုင္ၿမဲမႈရွိေစေရး၊ သန႔္ရွင္းသာယာၿပီး ၾကည္ညိဳသပၸါယ္ဖြယ္ျဖစ္ေစေရးအတြက္ လိုအပ္သည့္ ထိန္းသိမ္းမႈလုပ္ငန္းမ်ားကို စဥ္ဆက္ မျပတ္ေဆာင္႐ြက္သြားရန္ႏွင့္ အျခားလိုအပ္သည္မ်ားကို မွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ ဝင္မ်ားသည္ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ဖူးေျမာ္ၾကည္ညိဳၿပီး ပန္းႏွင့္ ေသာက္ေတာ္ေရခ်မ္းတို႔ကို ဆက္ကပ္လႉဒါန္းသည္။ ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္သည္ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ရင္ျပင္ေတာ္တြင္လည္းေကာင္း၊ ဂႏၶာကုဋိတိုက္မ်ားတြင္လည္းေကာင္း၊ ေက်ာက္စာ႐ုံ ေစတီေတာ္မ်ားအတြင္း၌လည္းေကာင္း လွည့္လည္ၾကည္ညိဳၾကၿပီး အနယ္နယ္ အရပ္ ရပ္မွ ဘုရားဖူးလာျပည္သူမ်ားကို ခင္မင္ရင္းႏွီးစြာျဖင့္ ႏႈတ္ဆက္ခဲ့ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။