ပြည်သူတစ်ဦးချင်း၏ လူမှုစီးပွားဘဝတိုးတက်အောင် ရည်မှန်းချက်ထား ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် – ၃၀

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၃)ကို ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်ယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာ စကားပြောကြားရာတွင် ယခုအစည်းအဝေးသည် အစိုးရသစ်၏ ပထမဆုံးအစည်း အဝေးဟု ဆိုနိုင်ကြောင်း၊ အစိုးရတစ်ရပ်၏တာဝန်မှာ နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ တွင် နိုင်ငံတိုးတက်အောင်နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတိုးတက်အောင်ဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်ရန်၊ ပညာရေးကောင်းမွန်ရန် နှင့် အလုပ်အကိုင်များရရှိပြီး လူတိုင်းဝင်ငွေရရှိအောင်၊ ဆင်းရဲမွဲတေမှု လျှော့ချနိုင် အောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တစ်ဦးချင်း ၏လူမှုစီးပွားဘဝများတိုးတက် မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူတစ်ဦး ချင်း၏ လူမှုစီးပွားဘဝတိုးတက်ရေးကို ဦးတည်ချက်ထား ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ရည်ရွယ်ချက်များချ မှတ်၍ ဆောင်ရွက်ရန်လိုကြောင်း။

ဆင်းရဲမွဲတေမှုများ လျှော့ချရေးကို ဒီမိုကရေစီအစိုးရပထမသက်တမ်းမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ဆင်းရဲမွဲတေမှုလျှော့ချ၍ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံအားဖြင့် ပညာရည်မြင့်မားနေရန်လိုကြောင်း၊ ယေဘုယျအားဖြင့် မြို့ပေါ်နေပြည်သူအများစုမှာ အတန်းပညာတတ် မြောက်မှုမြင့်မားပြီး ကျေးလက် ဒေသနှင့် အစွန်အဖျား နေရာများရှိပြည်သူများ၏ အတန်းပညာတတ်မြောက်မှုမှာ နည်းပါးနေသေးကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများရှိ ပြည်သူများအတန်းပညာ တတ်မြောက်မှုမြင့်မားလာစေရေး ရည်ရွယ်ဆောင်ရွက်ရန်လိုကြောင်း၊ ယခင်က တစ်နိုင်ငံလုံး စာမတတ်မြောက် သူပပျောက်ရေးအတွက် “အ” သုံးလုံးသင်တန်းများကို ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ကြောင်း၊ ယခုအခါတွင်လည်း ကျေးလက် ဒေသနေပြည်သူများနှင့် အစွန်အဖျားဒေသများရှိ ပြည်သူများ အားလုံးစာတတ်မြောက် ရေးအတွက် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဘာသာစကား အခက်အခဲများ ရှိနိုင် သည်ဖြစ်သော်လည်း အခြေခံမှတစ်ဆင့် စာတတ်မြောက်ရေးကို ဆောင်ရွက်သွား ရန်လိုကြောင်း၊ စာတတ်အောင်ပြုလုပ်ပြီးမှ အတန်းပညာမြင့်မားရေးကို ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့်စီးပွားရေးမှ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်

လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေး၌ လူမှုရေးတွင် ပညာရေးနှင့် ကျန်းမာရေး ပါဝင်ကြောင်း၊ ထို့ကြောင့် ပြည်သူများပညာရည်တိုးတက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ ပြည်သူများအားလုံး ကျန်းမာရေး ကောင်းမွန်နေစေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ သို့ဖြစ်၍ ကုန် ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ ဝင်ငွေရသည့်စီးပွားရေးလုပ်ငန်းအောင်မြင်မှသာ စားသောက်နေထိုင်ရေး အတွက် သုံးစွဲနိုင်ပြီး ကျန်းမာရေးအတွက် ကိုယ်ခံစွမ်းအားများ ကောင်းမွန်စေမည်ဖြစ် ကြောင်း၊ စီးပွားရေးကိုဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံတစ်ဝန်းလုံး၌ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်း များကိုဆောင်ရွက်ကြခြင်း ဖြစ်သဖြင့် နိုင်ငံအတွက်လက်တွေ့ကျသည့် စိုက်ပျိုး မွေးမြူရေးအခြေခံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုဆောင် ရွက်ရန်လို ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းများတိုးတက်စေရေး နှစ်အလိုက်အဆင့်ဆင့် ဆောင်ရွက်သွား မည်ဆိုပါက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး ခေတ်နှင့်လျော်ညီသည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်မှုစီးပွားရေးလုပ်ငန်းများကိုဆောင်ရွက်ရန်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်နှင့် လျော်ညီသည့်စက်မှု လုပ်ငန်းများဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ် ငန်းတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ကိုဆောင်ရွက်သွားရန်လိုကြောင်း၊ ၎င်းမှတစ်ဆင့် နည်းပညာနှင့် စက်မှုလုပ်ငန်းများ တိုးတက်ရေးအတွက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို မဖြစ်မ နေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို နည်းပညာများနှင့် ပေါင်းစပ် ထုတ်လုပ်သွားမည်ဆိုပါက တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် မိမိတို့နိုင်ငံစီးပွားရေးလုပ်ငန်းများတွင် အခြေခံအကျဆုံး လုပ်ငန်းများ ဖြစ်သဖြင့် ကုန်ကြမ်းသေချာသည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော MSME လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ပြည်နယ်အစွန်အဖျားပါမကျန် နိုင်ငံ တစ်ဝန်းအကြားအလပ်မရှိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေများတိုးတက်ကာ ပြည်သူများ၏ စီးပွားရေးများ ကောင်းမွန်လာမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့်ကျန်းမာရေးနှင့် စားသောက်နေထိုင်ရေးတို့ကိုမြှင့်တင် လာနိုင်မည်ဖြစ် ကြောင်း။

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများရှိ ပြီး ပန်းတိုင်ရည်မှန်းချက်များရှိပြီးဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများအလိုက် ရည်မှန်း ချက်များ အတိုင်းပြည့်မီအောင် ထုတ်လုပ်နိုင်ရန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း များနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ရည်မှန်းချက်များအတိုင်း အပြည့် အဝဆောင်ရွက်နိုင်ရေး သက်ဆိုင်ဝန်ကြီးဌာနများအလိုက် ကြိုးပမ်းဆောင်ရွက်ရန်လို ကြောင်း၊ ယခင်ကအကြောင်းအမျိုးမျိုးကြောင့် လျှော့ချရပ်ဆိုင်းခဲ့ရသည့် စက်ရုံအလုပ် ရုံများ ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စက်ရုံများရှိလက်ရှိစက်စွမ်းအားများအပေါ်မူတည်၍ ထုတ်လုပ်မှု များကို ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ပုဂ္ဂလိက ကုန်ထုတ်လုပ်မှုများ ကိုလည်း စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက် ရန်လိုပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင် ရွက်နိုင်မည်ဆိုပါက ထုတ်ကုန်ပစ္စည်းများကိုထုတ်လုပ်နိုင်မည်ကြောင်း၊ ထိုသို့ဆောင် ရွက်နိုင်ရန်အတွက် စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကချင်းပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းများတိုးတက်ရေး ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများတိုးတက် အောင်ဆောင် ရွက်ပြီး ပြည်တွင်း လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသည် တစ်ကမ္ဘာ လုံးအတိုင်းအတာဖြင့် လိုအပ်ချက်ရှိသဖြင့် ဈေးကွက်ရှိပြီးဖြစ်ကြောင်း၊ တစ်ဆက် တည်း သီးထပ်စွမ်းအားကိုလည်း မြှင့်တင်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ် ငန်းသည် နိုင်ငံ့စီးပွားရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအားလုံးအနေဖြင့် လုပ်ငန်းများ အောင်မြင်စေရေး စနစ်တကျဖြင့် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း။

စာရင်းဇယားများ တိကျမှန်ကန်ရေးအလေးထားဆောင်ရွက်

လုပ်ငန်းများဆောင်ရွက်ရာတွင် မှားယွင်းမှုများ အနည်းဆုံးဖြစ်စေရေး တိတိကျ ကျဖြင့် ဆောင်ရွက်ရန်နှင့် စာရင်းဇယားများ မှန်ကန်မှုများရှိစေရေးကိုလည်း စနစ် တကျ ဆောင်ရွက်ရန်လိုကြောင်း၊ စာရင်းဇယားများ မှန်ကန်မှုရှိမှသာ လုပ်ငန်းများကို ထိရောက် အောင်မြင်စွာဖြင့် အကောင်အထည်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တင်ပြသည့် စာရင်းဇယားအချက် အလက် များသည် မြေပြင်အခြေအနေနှင့် အနီးစပ်ဆုံး မှန်ကန်မှုရှိမှသာလျင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို သုံးသပ်သိရှိနိုင်မည်ဖြစ်ပြီး သုံးသပ်မှုမှန်ကန်မှသာလျှင် မှန်ကန်သည့် ဆုံးဖြတ်ချက်များနှင့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အားလုံးမှ အလေးထားစဉ်းစားသုံးသပ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိုးတွင်းကာလအတွင်း လမ်းများပျက်စီးမှုများရှိခဲ့သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ပြန်လည်ပြင် ဆင်နိုင်ရေး ကြိုတင်ပြင်ဆင်ရန်လိုကြောင်း၊ မည်သည့်လမ်းအမျိုးအစား ဖြစ်စေ ပွင့်လင်းကာလအတွင်း ခရီးသွားပြည်သူများ ချောချောမွေ့မွေ့ဖြင့် သွားလာနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

နိုင်ငံတကာအဆင့်မီဝန်ဆောင်မှုလုပ်ငန်းများဖြစ်အောင်ဆောင်ရွက်ရန်လို

စီးပွားရေးနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကိုသာမက ဝန်ဆောင် မှုလုပ်ငန်းများကိုလည်းဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါဝန်ဆောင်မှုလုပ်ငန်းတွင် ခရီးသွားလုပ်ငန်းလည်းပါဝင်ကြောင်း၊ ယခုအခါ ပြည်တွင်း၊ ပြည်ပခရီးသွားများများ ပြားလာပြီဖြစ်ကြောင်း၊ ခရီးသွားများ များပြားလာမှုနှင့်အညီ ခရီးသွားလုပ်ငန်းများ အတွက်လိုအပ်သည့် တည်းခိုရေး၊ နေထိုင်စားသောက်ရေးနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများလည်း လည်ပတ်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ခရီးသွားလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်၍ နိုင်ငံအတွက် အကျိုးရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရေးအတွက်လည်း စားသောက်နေထိုင်မှုများ သပ်ရပ်ကောင်းမွန်နေစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ မီဒီယာကဏ္ဍမှလည်း သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လူမှုကွန်ရက်များမှတစ် ဆင့်ခရီးသွားလုပ်ငန်းများအတွက် ဆွဲဆောင်မှုများရှိစေရေး ဆောင်ရွက်ရန်လို ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်သွားရန်လိုကြောင်း၊ လာရောက်သည့် ခရီးသွားများအနေဖြင့် မိမိတို့နိုင်ငံ၏ ပုံရိပ်ကောင်းများကို မြင်တွေ့သွားနိုင်ရေးနှင့် ဝန်ဆောင်မှုများကို ရရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ အားသည် ပြည်တွင်း၌သာရှိသည် ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မှတ်ကျောက်တင်ခံ နိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးစားအားထုတ် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များ က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

စဉ်ဆက်မပြတ်တာဝန်ထမ်းဆောင်နိုင်ရေး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရန်လို

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် လုပ်ငန်း များအောင်မြင်စေရေး ဆောင်ရွက်ရာတွင် လူမှန်နေရာမှန် တာဝန်ပေးအပ်နိုင်ရန် လည်းလိုကြောင်း၊ လုပ်ငန်းများ စဉ်ဆက်မပြတ်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ပညာတတ်လူသားအရင်းအမြစ်များကို စဉ်ဆက်မပြတ်မွေးထုတ် ပေးနေရန်လို ကြောင်း၊ အရာထမ်း အမှုထမ်းများ ခန့်အပ်တာဝန်ပေးရာတွင်လည်း အဆင့်အလိုက် လုပ်ငန်းအတွေ့အကြုံများအပေါ်မူတည်၍ ရာထူးတာဝန်များ ပေးအပ်ထားခြင်းဖြစ် ပြီး ၎င်းတို့၏အရည်အသွေးများ တိုးတက်စေရေး အဆင့်လိုက်သင်တန်းများတက်ရောက် လေ့ကျင့်စေလျက်ရှိကြောင်း၊ သင်တန်းများစေလွှတ်ရာတွင် ပြည်တွင်းသင်တန်း များကိုသာမက ပြည်ပသင်တန်းများကိုလည်းစေလွှတ်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ နောင်မျိုးဆက် သစ်လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက်လည်း ရည်မှန်း ဆောင်ရွက် သွားရန်လိုကြောင်း။

ဌာနအလိုက် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအားလုံးကို ကျွမ်းကျင်နားလည်နေရန်နှင့် တိတိကျကျလိုက်နာ ဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စေတနာထားပြီး စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူများကလည်း ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ဌာနအပေါ် စေတနာထားရန်နှင့် မိမိတို့နိုင်ငံအပေါ် စေတနာထားပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ယင်းသည်နိုင်ငံကောင်း အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။

အမျိုးသားယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုကိုမထိခိုက်စေရေး ကြပ်မတ် ဆောင်ရွက်

INGO နှင့် NGO အဖွဲ့များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့် အညီလုပ် ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်နေရန်လိုကြောင်း၊ အချို့သောပြည်ပအကူအညီများသည် INGO၊ NGO များမှတစ်ဆင့်မျှဝေ ဆောင်ရွက်ခြင်းဖြစ်ပြီး၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့ အစည်း၊ နိုင်ငံများကအသုံးချနေမှုများရှိကြောင်း၊ နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေး စရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှု များ၊ ရေးသားထုတ်ဝေမှုများ၊ ထုတ်လွှင့်မှုများ မရှိစေရေးအတွက်လည်း စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင် ရွက်သွားရန်လိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အောင်မြင်မှုရှိစေရေး၊ တိုင်းပြည်ကောင်းစေရေး အလေးထား ဆောင်ရွက်ကြရန် လိုကြောင်းဖြင့်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Zawgyi Version

ေနျပည္ေတာ္၊ ဩဂုတ္ – ၃၀

ျပည္ေထာင္စုအစိုးရအဖြဲ႕အစည္းအေဝး အမွတ္စဥ္ (၄/၂၀၂၃)ကို ယေန႔ မြန္းလြဲ ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒႐ုံး အစည္းအေဝး ခန္းမ၌က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယ ဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္ေထာင္စု အဆင့္ပုဂၢိဳလ္မ်ား တက္ေရာက္ၾကၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္ယ္ဝန္ႀကီးခ်ဳပ္မ်ားက Video Conferencing ျဖင့္တက္ေရာက္ၾကသည္။

ႏိုင္ငံသားမ်ား၏ အေျခခံလူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရး

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ က အမွာ စကားေျပာၾကားရာတြင္ ယခုအစည္းအေဝးသည္ အစိုးရသစ္၏ ပထမဆုံးအစည္း အေဝးဟု ဆိုႏိုင္ေၾကာင္း၊ အစိုးရတစ္ရပ္၏တာဝန္မွာ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေစရန္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္ရာ တြင္ ႏိုင္ငံတိုးတက္ေအာင္ႏွင့္ ႏိုင္ငံေကာင္းေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံတိုးတက္ေအာင္ေဆာင္႐ြက္ရာတြင္ ႏိုင္ငံသားမ်ား၏ အေျခခံလူမႈစီးပြားဘဝမ်ား တိုးတက္ေစရန္အတြက္ လူတိုင္းက်န္းမာေရးေကာင္းမြန္ရန္၊ ပညာေရးေကာင္းမြန္ရန္ ႏွင့္ အလုပ္အကိုင္မ်ားရရွိၿပီး လူတိုင္းဝင္ေငြရရွိေအာင္၊ ဆင္းရဲမြဲေတမႈ ေလွ်ာ့ခ်ႏိုင္ ေအာင္ေဆာင္႐ြက္ေပးရန္လိုအပ္ေၾကာင္း၊ တစ္ဦးခ်င္း ၏လူမႈစီးပြားဘဝမ်ားတိုးတက္ မွသာ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈမ်ား ျဖစ္ေပၚလာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ လူတစ္ဦး ခ်င္း၏ လူမႈစီးပြားဘဝတိုးတက္ေရးကို ဦးတည္ခ်က္ထား ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ရာတြင္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားအလိုက္ ရည္႐ြယ္ခ်က္မ်ားခ် မွတ္၍ ေဆာင္႐ြက္ရန္လိုေၾကာင္း။

ဆင္းရဲမြဲေတမႈမ်ား ေလွ်ာ့ခ်ေရးကို ဒီမိုကေရစီအစိုးရပထမသက္တမ္းမွစတင္၍ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ဆင္းရဲမြဲေတမႈေလွ်ာ့ခ်၍ လူမႈစီးပြားဘဝမ်ားဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ အေျခခံအားျဖင့္ ပညာရည္ျမင့္မားေနရန္လိုေၾကာင္း၊ ေယဘုယ်အားျဖင့္ ၿမိဳ႕ေပၚေနျပည္သူအမ်ားစုမွာ အတန္းပညာတတ္ ေျမာက္မႈျမင့္မားၿပီး ေက်းလက္ ေဒသႏွင့္ အစြန္အဖ်ား ေနရာမ်ားရွိျပည္သူမ်ား၏ အတန္းပညာတတ္ေျမာက္မႈမွာ နည္းပါးေနေသးေၾကာင္း၊ ထို႔ေၾကာင့္ အဆိုပါေဒသမ်ားရွိ ျပည္သူမ်ားအတန္းပညာ တတ္ေျမာက္မႈျမင့္မားလာေစေရး ရည္႐ြယ္ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ယခင္က တစ္ႏိုင္ငံလုံး စာမတတ္ေျမာက္ သူပေပ်ာက္ေရးအတြက္ “အ” သုံးလုံးသင္တန္းမ်ားကို ေဆာင္႐ြက္ခဲ့ၿပီး ေအာင္ျမင္မႈမ်ားရရွိခဲ့ေၾကာင္း၊ ယခုအခါတြင္လည္း ေက်းလက္ ေဒသေနျပည္သူမ်ားႏွင့္ အစြန္အဖ်ားေဒသမ်ားရွိ ျပည္သူမ်ား အားလုံးစာတတ္ေျမာက္ ေရးအတြက္ ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ဘာသာစကား အခက္အခဲမ်ား ရွိႏိုင္ သည္ျဖစ္ေသာ္လည္း အေျခခံမွတစ္ဆင့္ စာတတ္ေျမာက္ေရးကို ေဆာင္႐ြက္သြား ရန္လိုေၾကာင္း၊ စာတတ္ေအာင္ျပဳလုပ္ၿပီးမွ အတန္းပညာျမင့္မားေရးကို ဆက္လက္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း။

စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကိုအေျခခံသည့္စီးပြားေရးမွ ႏိုင္ငံ့စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္

လူမႈစီးပြားဘဝဖြံၿဖိဳးတိုးတက္ေရး၌ လူမႈေရးတြင္ ပညာေရးႏွင့္ က်န္းမာေရး ပါဝင္ေၾကာင္း၊ ထို႔ေၾကာင့္ ျပည္သူမ်ားပညာရည္တိုးတက္ေရးအတြက္ မျဖစ္မေန ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ အလားတူ ျပည္သူမ်ားအားလုံး က်န္းမာေရး ေကာင္းမြန္ေနေစေရးအတြက္လည္း ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ သို႔ျဖစ္၍ ကုန္ ထုတ္လုပ္မႈ စီးပြားေရးလုပ္ငန္းမ်ားေအာင္ျမင္ျဖစ္ထြန္းေအာင္ ေဆာင္႐ြက္ ေပးရမည္ ျဖစ္ေၾကာင္း၊ ဝင္ေငြရသည့္စီးပြားေရးလုပ္ငန္းေအာင္ျမင္မွသာ စားေသာက္ေနထိုင္ေရး အတြက္ သုံးစြဲႏိုင္ၿပီး က်န္းမာေရးအတြက္ ကိုယ္ခံစြမ္းအားမ်ား ေကာင္းမြန္ေစမည္ျဖစ္ ေၾကာင္း၊ စီးပြားေရးကိုေဆာင္႐ြက္ရာတြင္ မိမိတို႔ႏိုင္ငံတစ္ဝန္းလုံး၌ စိုက္ပ်ိဳးေမြးျမဴ ေရးလုပ္ငန္း မ်ားကိုေဆာင္႐ြက္ၾကျခင္း ျဖစ္သျဖင့္ ႏိုင္ငံအတြက္လက္ေတြ႕က်သည့္ စိုက္ပ်ိဳး ေမြးျမဴေရးအေျခခံၿပီး ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားကိုေဆာင္ ႐ြက္ရန္လို ေၾကာင္း၊ ထို႔ေၾကာင့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္း၊ လုပ္ငန္းမ်ားတိုးတက္ေစေရး ႏွစ္အလိုက္အဆင့္ဆင့္ ေဆာင္႐ြက္သြား မည္ဆိုပါက စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို အေျခခံၿပီး ေခတ္ႏွင့္ေလ်ာ္ညီသည့္ စီးပြားေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္သြားႏိုင္မည္ျဖစ္ေၾကာင္း။

ကုန္ထုတ္လုပ္မႈစီးပြားေရးလုပ္ငန္းမ်ားကိုေဆာင္႐ြက္ရန္အတြက္ လိုအပ္သည့္ လူသားအရင္းအျမစ္မ်ားကို ေမြးထုတ္၍ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ေခတ္ႏွင့္ ေလ်ာ္ညီသည့္စက္မႈ လုပ္ငန္းမ်ားျဖင့္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ စီးပြားေရး လုပ္ ငန္းတြင္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို အေျခခံသည့္ စက္မႈကုန္ထုတ္လုပ္ငန္းမ်ား ကိုေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ၎မွတစ္ဆင့္ နည္းပညာႏွင့္ စက္မႈလုပ္ငန္းမ်ား တိုးတက္ေရးအတြက္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း။

ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရာတြင္ အေျခခံအက်ဆုံးျဖစ္သည့္ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရး (MSME) လုပ္ငန္းမ်ားကို မျဖစ္မ ေန ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ အဆိုပါလုပ္ငန္းမ်ားကို နည္းပညာမ်ားႏွင့္ ေပါင္းစပ္ ထုတ္လုပ္သြားမည္ဆိုပါက တန္ဖိုးျမင့္ထုတ္ကုန္မ်ားကို ထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း၊ MSME လုပ္ငန္းမ်ားသည္ မိမိတို႔ႏိုင္ငံစီးပြားေရးလုပ္ငန္းမ်ားတြင္ အေျခခံအက်ဆုံး လုပ္ငန္းမ်ား ျဖစ္သျဖင့္ ကုန္ၾကမ္းေသခ်ာသည့္ စိုက္ပ်ိဳးေမြးျမဴေရးကိုအေျခခံေသာ MSME လုပ္ငန္းမ်ားကို ေဆာင္႐ြက္မည္ဆိုပါက ျပည္နယ္အစြန္အဖ်ားပါမက်န္ ႏိုင္ငံ တစ္ဝန္းအၾကားအလပ္မရွိ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ျခင္းျဖင့္ ဝင္ေငြမ်ားတိုးတက္ကာ ျပည္သူမ်ား၏ စီးပြားေရးမ်ား ေကာင္းမြန္လာမည္ျဖစ္ၿပီး ၎မွတစ္ဆင့္က်န္းမာေရးႏွင့္ စားေသာက္ေနထိုင္ေရးတို႔ကိုျမႇင့္တင္ လာႏိုင္မည္ျဖစ္ ေၾကာင္း။

ကုန္ထုတ္လုပ္မႈႏွင့္ပတ္သက္၍ ႏိုင္ငံပိုင္လုပ္ငန္းမ်ားႏွင့္ ပုဂၢလိကလုပ္ငန္းမ်ားရွိ ၿပီး ပန္းတိုင္ရည္မွန္းခ်က္မ်ားရွိၿပီးျဖစ္ေၾကာင္း၊ စက္႐ုံအလုပ္႐ုံမ်ားအလိုက္ ရည္မွန္း ခ်က္မ်ား အတိုင္းျပည့္မီေအာင္ ထုတ္လုပ္ႏိုင္ရန္ႏွင့္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္း မ်ားႏွင့္ အျခားဝန္ေဆာင္မႈ လုပ္ငန္းမ်ားကိုလည္း ရည္မွန္းခ်က္မ်ားအတိုင္း အျပည့္ အဝေဆာင္႐ြက္ႏိုင္ေရး သက္ဆိုင္ဝန္ႀကီးဌာနမ်ားအလိုက္ ႀကိဳးပမ္းေဆာင္႐ြက္ရန္လို ေၾကာင္း၊ ယခင္ကအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေလွ်ာ့ခ်ရပ္ဆိုင္းခဲ့ရသည့္ စက္႐ုံအလုပ္ ႐ုံမ်ား ျပန္လည္လည္ပတ္ထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ရာတြင္ စက္႐ုံမ်ားရွိလက္ရွိစက္စြမ္းအားမ်ားအေပၚမူတည္၍ ထုတ္လုပ္မႈ မ်ားကို ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ အလားတူ ပုဂၢလိက ကုန္ထုတ္လုပ္မႈမ်ား ကိုလည္း စြမ္းအားျပည့္ ထုတ္လုပ္ႏိုင္ေရး တြန္းအားေပးေဆာင္႐ြက္ ရန္လိုၿပီး လိုအပ္သည္မ်ားကို ကူညီျဖည့္ဆည္း ေဆာင္႐ြက္ေပးရန္လိုေၾကာင္း။

စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ပန္းတိုင္ရည္မွန္းခ်က္ျပည့္မီေအာင္ေဆာင္ ႐ြက္ႏိုင္မည္ဆိုပါက ထုတ္ကုန္ပစၥည္းမ်ားကိုထုတ္လုပ္ႏိုင္မည္ေၾကာင္း၊ ထိုသို႔ေဆာင္ ႐ြက္ႏိုင္ရန္အတြက္ စိုက္ဧကမ်ားတိုးခ်ဲ႕ျခင္းထက္ တစ္ဧကခ်င္းပန္းတိုင္ရည္မွန္းခ်က္ အထြက္ႏႈန္းမ်ားတိုးတက္ေရး ေဆာင္႐ြက္ႏိုင္မည္ဆိုပါက မ်ားစြာအက်ိဳးျဖစ္ထြန္းမည္ ျဖစ္ေၾကာင္း၊ ၎မွတစ္ဆင့္ ျပည္တြင္းကုန္ထုတ္လုပ္မႈမ်ားတိုးတက္ ေအာင္ေဆာင္ ႐ြက္ၿပီး ျပည္တြင္း လိုအပ္ခ်က္ကိုျဖည့္ဆည္းေပးႏိုင္မည္ျဖစ္သကဲ့သို႔ ျပည္ပသို႔လည္း တင္ပို႔ေရာင္းခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ားသည္ တစ္ကမာၻ လုံးအတိုင္းအတာျဖင့္ လိုအပ္ခ်က္ရွိသျဖင့္ ေဈးကြက္ရွိၿပီးျဖစ္ေၾကာင္း၊ တစ္ဆက္ တည္း သီးထပ္စြမ္းအားကိုလည္း ျမႇင့္တင္ရန္လိုအပ္ေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ ငန္းသည္ ႏိုင္ငံ့စီးပြားေရးအတြက္ မ်ားစြာအေထာက္အကူျပဳေၾကာင္း၊ ထို႔ေၾကာင့္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအားလုံးအေနျဖင့္ လုပ္ငန္းမ်ား ေအာင္ျမင္ေစေရး စနစ္တက်ျဖင့္ အေလးထားအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ၾကရန္မွာၾကားလိုေၾကာင္း။

စာရင္းဇယားမ်ား တိက်မွန္ကန္ေရးအေလးထားေဆာင္႐ြက္

လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ မွားယြင္းမႈမ်ား အနည္းဆုံးျဖစ္ေစေရး တိတိက် က်ျဖင့္ ေဆာင္႐ြက္ရန္ႏွင့္ စာရင္းဇယားမ်ား မွန္ကန္မႈမ်ားရွိေစေရးကိုလည္း စနစ္ တက် ေဆာင္႐ြက္ရန္လိုေၾကာင္း၊ စာရင္းဇယားမ်ား မွန္ကန္မႈရွိမွသာ လုပ္ငန္းမ်ားကို ထိေရာက္ ေအာင္ျမင္စြာျဖင့္ အေကာင္အထည္ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ ဝန္ႀကီး ဌာနမ်ား၊ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးမ်ားမွ တင္ျပသည့္ စာရင္းဇယားအခ်က္ အလက္ မ်ားသည္ ေျမျပင္အေျခအေနႏွင့္ အနီးစပ္ဆုံး မွန္ကန္မႈရွိမွသာလ်င္ ႏိုင္ငံေတာ္၏ အေျခအေနအရပ္ရပ္ကို သုံးသပ္သိရွိႏိုင္မည္ျဖစ္ၿပီး သုံးသပ္မႈမွန္ကန္မွသာလွ်င္ မွန္ကန္သည့္ ဆုံးျဖတ္ခ်က္မ်ားႏွင့္ မူဝါဒမ်ားကို ခ်မွတ္အေကာင္အထည္ေဖာ္ေဆာင္ ႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ပတ္သက္၍ အားလုံးမွ အေလးထားစဥ္းစားသုံးသပ္ ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ မိုးတြင္းကာလအတြင္း လမ္းမ်ားပ်က္စီးမႈမ်ားရွိခဲ့သျဖင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားအေနျဖင့္ ျပန္လည္ျပင္ ဆင္ႏိုင္ေရး ႀကိဳတင္ျပင္ဆင္ရန္လိုေၾကာင္း၊ မည္သည့္လမ္းအမ်ိဳးအစား ျဖစ္ေစ ပြင့္လင္းကာလအတြင္း ခရီးသြားျပည္သူမ်ား ေခ်ာေခ်ာေမြ႕ေမြ႕ျဖင့္ သြားလာႏိုင္ေရး ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း။

ႏိုင္ငံတကာအဆင့္မီဝန္ေဆာင္မႈလုပ္ငန္းမ်ားျဖစ္ေအာင္ေဆာင္႐ြက္ရန္လို

စီးပြားေရးႏွင့္ပတ္သက္၍ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ကိုသာမက ဝန္ေဆာင္ မႈလုပ္ငန္းမ်ားကိုလည္းေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ အဆိုပါဝန္ေဆာင္မႈလုပ္ငန္းတြင္ ခရီးသြားလုပ္ငန္းလည္းပါဝင္ေၾကာင္း၊ ယခုအခါ ျပည္တြင္း၊ ျပည္ပခရီးသြားမ်ားမ်ား ျပားလာၿပီျဖစ္ေၾကာင္း၊ ခရီးသြားမ်ား မ်ားျပားလာမႈႏွင့္အညီ ခရီးသြားလုပ္ငန္းမ်ား အတြက္လိုအပ္သည့္ တည္းခိုေရး၊ ေနထိုင္စားေသာက္ေရးႏွင့္ အျခားဝန္ေဆာင္မႈ လုပ္ငန္းမ်ားလည္း လည္ပတ္ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အဆိုပါ ခရီးသြားလုပ္ငန္းမ်ား တိုးတက္ေအာင္ေဆာင္႐ြက္၍ ႏိုင္ငံအတြက္ အက်ိဳးရွိေစေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ျပည္ပခရီးသြားမ်ားကို ဆြဲေဆာင္ႏိုင္ေရးအတြက္လည္း စားေသာက္ေနထိုင္မႈမ်ား သပ္ရပ္ေကာင္းမြန္ေနေစေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ မီဒီယာက႑မွလည္း သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားအလိုက္ လူမႈကြန္ရက္မ်ားမွတစ္ ဆင့္ခရီးသြားလုပ္ငန္းမ်ားအတြက္ ဆြဲေဆာင္မႈမ်ားရွိေစေရး ေဆာင္႐ြက္ရန္လို ေၾကာင္း၊ ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ႏိုင္ငံတကာအဆင့္မီ ေဆာင္႐ြက္ေပးႏိုင္ေရး လုပ္ေဆာင္သြားရန္လိုေၾကာင္း၊ လာေရာက္သည့္ ခရီးသြားမ်ားအေနျဖင့္ မိမိတို႔ႏိုင္ငံ၏ ပုံရိပ္ေကာင္းမ်ားကို ျမင္ေတြ႕သြားႏိုင္ေရးႏွင့္ ဝန္ေဆာင္မႈမ်ားကို ရရွိေစေရး ၾကပ္မတ္ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ တိုင္းျပည္၏ အားသည္ ျပည္တြင္း၌သာရွိသည္ ျဖစ္သည့္အတြက္ အေလးထားေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ မွတ္ေက်ာက္တင္ခံ ႏိုင္သည့္ အစိုးရတစ္ရပ္ျဖစ္ေစေရး မိမိတို႔အေနျဖင့္ ႀကိဳးစားအားထုတ္ ေဆာင္႐ြက္ သြားၾကရမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ အစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ ျပည္ေထာင္စုဝန္ႀကီး မ်ား က သက္ဆိုင္ရာက႑အလိုက္ ရွင္းလင္းတင္ျပၾကသည္။

စဥ္ဆက္မျပတ္တာဝန္ထမ္းေဆာင္ႏိုင္ေရး လူ႔စြမ္းအားအရင္းအျမစ္မ်ား ေမြးထုတ္ရန္လို

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာတြင္ လုပ္ငန္း မ်ားေအာင္ျမင္ေစေရး ေဆာင္႐ြက္ရာတြင္ လူမွန္ေနရာမွန္ တာဝန္ေပးအပ္ႏိုင္ရန္ လည္းလိုေၾကာင္း၊ လုပ္ငန္းမ်ား စဥ္ဆက္မျပတ္ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္ေရး ပညာတတ္လူသားအရင္းအျမစ္မ်ားကို စဥ္ဆက္မျပတ္ေမြးထုတ္ ေပးေနရန္လို ေၾကာင္း၊ အရာထမ္း အမႈထမ္းမ်ား ခန႔္အပ္တာဝန္ေပးရာတြင္လည္း အဆင့္အလိုက္ လုပ္ငန္းအေတြ႕အႀကဳံမ်ားအေပၚမူတည္၍ ရာထူးတာဝန္မ်ား ေပးအပ္ထားျခင္းျဖစ္ ၿပီး ၎တို႔၏အရည္အေသြးမ်ား တိုးတက္ေစေရး အဆင့္လိုက္သင္တန္းမ်ားတက္ေရာက္ ေလ့က်င့္ေစလ်က္ရွိေၾကာင္း၊ သင္တန္းမ်ားေစလႊတ္ရာတြင္ ျပည္တြင္းသင္တန္း မ်ားကိုသာမက ျပည္ပသင္တန္းမ်ားကိုလည္းေစလႊတ္သင္ၾကားေပးရမည္ျဖစ္ေၾကာင္း၊ ေနာင္မ်ိဳးဆက္ သစ္လူသားအရင္းအျမစ္မ်ား ေမြးထုတ္ႏိုင္ေရးအတြက္လည္း ရည္မွန္း ေဆာင္႐ြက္ သြားရန္လိုေၾကာင္း။

ဌာနအလိုက္ တာဝန္ထမ္းေဆာင္ေနသူမ်ားအေနျဖင့္ ဥပေဒ၊ နည္းဥပေဒမ်ား၊ လုပ္ထုံးလုပ္နည္းမ်ားအားလုံးကို ကြၽမ္းက်င္နားလည္ေနရန္ႏွင့္ တိတိက်က်လိုက္နာ ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ေစတနာထားၿပီး စနစ္တက်ျဖင့္ ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ၾကရန္ႏွင့္ တာဝန္ရွိသူမ်ားကလည္း ၾကပ္မတ္ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊ မိမိတို႔ဌာနအေပၚ ေစတနာထားရန္ႏွင့္ မိမိတို႔ႏိုင္ငံအေပၚ ေစတနာထားၿပီး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ယင္းသည္ႏိုင္ငံေကာင္း ေအာင္ ေဆာင္႐ြက္ျခင္းပင္ျဖစ္ေၾကာင္း။

အမ်ိဳးသားယဥ္ေက်းမႈႏွင့္ စည္းလုံးညီၫြတ္မႈကိုမထိခိုက္ေစေရး ၾကပ္မတ္ ေဆာင္႐ြက္

INGO ႏွင့္ NGO အဖြဲ႕မ်ားကိုလည္း စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ အညီလုပ္ ေဆာင္ႏိုင္ေရး သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားအေနျဖင့္ စနစ္တက်ၾကပ္မတ္ထိန္းသိမ္း ေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ အခ်ိဳ႕ေသာျပည္ပအကူအညီမ်ားသည္ INGO၊ NGO မ်ားမွတစ္ဆင့္မွ်ေဝ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး၎တို႔ကို အကူအညီေပးေနသည့္ အဖြဲ႕ အစည္း၊ ႏိုင္ငံမ်ားကအသုံးခ်ေနမႈမ်ားရွိေၾကာင္း၊ ႏိုင္ငံႏွင့္လူမ်ိဳး၏ အမ်ိဳးသားေရး စ႐ိုက္လကၡဏာမ်ားႏွင့္ အမ်ိဳးသားစည္းလုံးညီၫြတ္မႈကို ထိခိုက္ေစမည့္ လုပ္ေဆာင္မႈ မ်ား၊ ေရးသားထုတ္ေဝမႈမ်ား၊ ထုတ္လႊင့္မႈမ်ား မရွိေစေရးအတြက္လည္း စာေပ၊ ဂီတ၊ ႐ုပ္ရွင္ႏွင့္ လူမႈကြန္ရက္ စသည့္နယ္ပယ္မ်ားအလိုက္ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ား အေနျဖင့္ စနစ္တက်ျဖင့္ ၾကပ္မတ္ေဆာင္ ႐ြက္သြားရန္လိုေၾကာင္း၊ မိမိတို႔အစိုးရအဖြဲ႕ အေနျဖင့္ ျပည္သူမ်ား၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ရာ၌ ေအာင္ျမင္မႈရွိေစေရး၊ တိုင္းျပည္ေကာင္းေစေရး အေလးထား ေဆာင္႐ြက္ၾကရန္ လိုေၾကာင္းျဖင့္မွာၾကားခဲ့ေၾကာင္း သတင္းရရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။