နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ – ၂

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၃)ကိုယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

မိမိတို့အနေဖြင့်တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထား၍ဆောင်ရွက်ပေးခဲ့

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ ၌ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့များက ကိုးကန့်ဒေသအတွင်း နယ်မြေလုံခြုံ ရေးစခန်းများ နှင့် ဌာနဆိုင်ရာရုံးဌာနများကို တိုက်ခိုက်လာမှုများရှိကြောင်း၊ အလားတူ ကချင်ပြည်နယ်တွင်လည်း လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းများအား တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် KIA အဖွဲ့အား နယ်မြေတည်ငြိမ် အေးချမ်းမှုပျက်ပြားမှုမရှိစေရေး သတိပေးခဲ့သော်လည်း ၎င်းတို့အနေဖြင့် အင်အား အလွန်အကျွံသုံး၍ လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် လုံခြုံရေးအရ ပြန်လည်ဆောင်ရွက်ခဲ့ရကြောင်း။

မိမိအနေဖြင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့၌ မိန့်ခွန်းပြောကြားရာတွင် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို လေးစားလိုက်နာမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ပြောကြားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဆွေးနွေးသည့်အချိန်တွင် အပြုသဘောဆောင်သည့်ဆွေးနွေးမှုများ ဆောင် ရွက်နိုင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု ထား၍ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် မိမိတို့အပေါ်တိုက်ခိုက်မှုများ ဆောင်ရွက် လာခြင်းကြောင့် မိမိတို့အနေဖြင့်တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။

လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်

အစိုးရအဖွဲ့ဆိုသည်မှာ တိုင်းပြည်ကိုတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ရာထူးများသည် နိုင်ငံရေးရာထူးများဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှချမှတ်ပေးသည့် မူဝါဒ များ၏ လုပ်ငန်းများကို အသေးစိတ်အကောင်အထည်ဖော်ရာတွင် အစိုးရဌာနမှ ဝန်ထမ်းအဆင့်ဆင့်က အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အစိုးရ များအနေဖြင့် ပြောင်းလဲသော်လည်း အစိုးရဝန်ထမ်းများမှာ ပြောင်းလဲခြင်းမရှိကြောင်း၊ အစိုးရသက်တမ်းတစ်ခုတွင်ဆောင်ရွက်ခဲ့သည့် စီမံကိန်းနှင့် လုပ်ငန်းများအားလုံးကို မှတ်တမ်းတင်ထားပြီး ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာ ဝန်ထမ်းများက အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း။

နောက်ထပ်တက်လာမည့် အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့၏မူဝါဒများနှင့်ဆက် လက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ရှေ့အစိုးရအဆက်ဆက်မှ ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် လုပ်ငန်းရပ်များဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အစိုးရသက်တမ်းတစ်ခု၌ နိုင်ငံတကာနှင့်ပတ်သက်သည့် စာချုပ်များ၊ ကတိကဝတ်များ၊ သဘောတူညီချက်များ ရှိမည်ဖြစ်ကြောင်း၊ ၎င်းကိုနောက်တက်လာမည့် အစိုးရကလည်း ၎င်းတို့၏မူဝါဒနှင့် ကိုက်ညှိလျက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရကြောင်း၊ ဆောင်ရွက်မှု ရှိ/မရှိဆိုသည်ကို တည်ဆဲအစိုးရက တာဝန်ယူ၊ တာဝန်ခံရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် ပြီးခဲ့သည့်အစိုးရနှင့် အစိုးရအဆက်ဆက် မှဆောင်ရွက်ခဲ့သည့် စီမံကိန်းများကိုအခြေခံ၍ တတ်နိုင်သမျှဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့်ရပ်တန့်နေ ရသည့် စီမံကိန်းနှင့်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် လုပ်ငန်းရပ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရေး ပြန်လည်စိစစ်၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အချို့စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေနှင့် မူဝါဒများနှင့်ညီညွတ်မှုမရှိဘဲ ဆောင်ရွက်နေခြင်းကြောင့် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်ရခြင်းများရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း။

မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်စေရန်အတွက် မရရအောင်လုပ်မည်ဆိုသည့်စိတ်မွေး၍ဆောင်ရွက်

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများကိုဆောင်ရွက်သည့်နိုင်ငံတစ်ခုဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ အဓိက အားဖြင့် စိုက်ပျိုးရေးတွင် စပါး၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများ၊ နှစ်ရှည်ပင်များဖြစ် ကြသည့် ကော်ဖီနှင့်ရာဘာစိုက်ပျိုးခြင်းများ၊ မွေးမြူရေးတွင်အဓိက စားသုံးကြသည့် ကြက်၊ ဝက်၊ အမဲ၊ ဆိတ်နှင့် ငါးများကို နိုင်ငံအတွင်းစိုက်ပျိုးမွေးမြူနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်တွင်နေထိုင်ကြပြီး တစ်နိုင်ငံလုံးလူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သဖြင့် မိမိတို့နိုင်ငံ၏စီးပွားရေးကို အဓိကမောင်းနှင်နေသူများဖြစ်ပြီး ၎င်းတို့၏ကုန်ထုတ်လုပ်မှုများကို မြှင့်တင်ဆောင်ရွက် ပေးရန်လိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိလာသည့် ထွက်ကုန်များဖြင့် စက်မှု ထုတ်ကုန်များကို ထုတ်လုပ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လို ကြောင်း၊ ထုတ်ကုန်ပစ္စည်းများရှိမှသာ ကုန်ပစ္စည်းရောင်းဝယ်မှုများဖြစ် ပေါ်လာမည် ဖြစ်ကြောင်း၊ သို့မှသာ ဆက်စပ်နှီးနွယ်နေသော ဝန်ဆောင်မှုလုပ်ငန်းများ၊ ငွေရေးကြေး ရေးလုပ်ငန်းများဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး နိုင်ငံတော်အနေဖြင့်အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအားပေးဆောင်ရွက်ခြင်းနှင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ထုတ်ပေးပြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အဆိုပါလုပ်ငန်းများ တိုးတက်အောင်မြင်မှုရှိ/မရှိ ပြန်လည်သုံးသပ်၍ဆောင်ရွက်ကြရန်လိုကြောင်း။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေ ခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင် ရည်မှန်းချက်အတိုင်း ထွက်ရှိမှုရှိ/မရှိ၊ မွေးမြူရေးလုပ်ငန်းများတိုးတက်အောင်မြင်မှု ရှိ/မရှိ ချိန်ထိုးသုံးသပ်ဆောင်ရွက်ကြည့်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့်“ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward To Achieve Our Goal” ဆိုသည့်အတိုင်း နိုင်ငံစီးပွားတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်စေရန်အတွက် မရရအောင် လုပ်မည်ဆိုသည့်စိတ်မွေး၍ ဆောင်ရွက်သွားမည်ဆိုပါက မျှော်မှန်းသည်ထက်ပိုမို တိုးတက်အောင်နိုင်မြင်မည်ဖြစ်ကြောင်း။

စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်မိုးတွင်းကာလတွင် တစ်နိုင်ငံ လုံး လယ်စပါးစိုက်ပျိုးမှုအနေဖြင့် စိုက်ပျိုးဧက ၁၃ ဒသမ ၁၇ သန်းစိုက်ပျိုးခဲ့ပြီး ပျမ်းမျှ အထွက်နှုန်းအနေဖြင့် ၇၄ ဒသမ ၈၃ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း၊ မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင်တင်း ၁၀၀ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး လယ်စိုက် ပျိုးမှု၊ တောင်ယာနှင့် အခြားမြေများ၌စပါးစိုက်ပျိုးမှုများအပါအဝင် စုစုပေါင်းစပါး စိုက်ပျိုးမှု မှာ ၁၄ ဒသမ ၉ သန်းရှိပြီး ပျမ်းမျှအထွက်နှုန်းအနေဖြင့် ၇၃ ဒသမ ၁၁ သန်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း(၄)မျိုး ကို စနစ်တကျဖြင့်ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးအထွက်နှုန်းများ ကောင်းမွန် မည်ဖြစ်ကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးများစိုက်ပျိုးရန်လိုကြောင်း၊ မြေပြု ပြင်ရာတွင်လည်း စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုပြီး လိုအပ်သည့် မြေဩဇာများ ရရှိရေးအတွက်လည်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို စနစ်တကျ အသုံးပြုရန်လိုကြောင်း။

မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် နှစ်များအတွင်း မိုးတွင်းကာလများ၌ စိုက်ပျိုးရေးကိုထိခိုက်စေနိုင်သည့် ရေပြတ်လပ်မှုများမရှိခဲ့ကြောင်း၊ မြေအနေဖြင့်လည်း ပြောစရာမရှိကြောင်း သို့သော်စိုက်နည်းစနစ်များ မှန်ကန်စွာဖြင့် ကောက်ကွက်များ ပြည့်မီအောင်စိုက်ပျိုးရန်လိုကြောင်း၊ကြဲပက်၍စိုက်ပျိုးမည့်အစား အနည်းဆုံးတိုက်ရိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမှုများအောင်မြင်တိုးတက်အောင်ဆောင်ရွက်နိုင်မှသာ GDP များတိုးတက်လာ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများ၌ GDP နည်းပါးကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ နှင့်ယင်းကိုအခြေခံသည့် MSME များအောင်မြင်စေရေး ကြိုးပမ်းဆောင် ရွက်ကြရန်လိုကြောင်း။

လုပ်ငန်းများအောင်မြင်စေရေး စနစ်တကျဖြင့်ဆောင်ရွက်

လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ နှင့် အညီချင့်ချိန်ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ လုပ်ငန်းများကြန့်ကြာမှု မရှိ စေရေး တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် Check ၊ Recheck ၊ Counter Check ဖြင့်စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ နေ့စဉ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို Check List များ ထား၍ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နှင့်နှီးနွယ်နေသည့် လုပ်ငန်းရပ်များ အောင်မြင်စေရေး လူတိုင်းတွင်တာဝန်ရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်းများရှိရန်လည်းလိုကြောင်း။

ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းများရေးဆွဲရာတွင် အမှန်တကယ်အောင်မြင်အောင်ဆောင်ရွက်နိုင်သည့် စီမံကိန်းများ ကိုသာရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ အကြောင်းကြောင်းကြောင့် အကောင် အထည်ဖော်နိုင်ခြင်းမရှိပါက နိုင်ငံတော်အတွက် နစ်နာမှုများစွာဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့အပြင်ဝန်ကြီးဌာနများအတွင်း ရာထူးခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ လုပ်ငန်းများခွင့်ပြုပေးခြင်းများနှင့်ပတ်သက်၍ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်မျဉ်း ဥပဒေများကို ကျော်လွန်ဆောင်ရွက်ခြင်းမပြုရန်လိုကြောင်း။

လုပ်ငန်းများ အောင်မြင်တိုးတက်မှုရှိစေရေး အမှန်တကယ်အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်ရေး ဖန်တီးဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြီးခဲ့သည့်စီမံကိန်းများကို ပြန်လည်သုံးသပ်ကြည့်သည့်အခါတွင် မိမိတို့လူမျိုးများအနေဖြင့် အမှန်တကယ် အလုပ်လုပ်ရန်လိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ အစိုးရအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဥပမာ အားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြေကိုအကျိုးရှိစွာအသုံး ချနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း၊ သီးထပ်စွမ်းအားများတိုးတက် လာမည်ဆိုပါက ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ပြီး ဝင်ငွေများပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် ရေရရှိရေး နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသကဲ့သို့ သက်ဆိုင်သည့် တာဝန်ရှိသူများအနေဖြင့်လည်း နည်းလမ်းများရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ ထိခိုက်စေလျက်ရှိ ကြောင်း၊ ထို့ကြောင့်ထိုက်သင့်တဲ့တိုးတက်မှုများရရှိရန်အတွက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့်အစိုးရကချမှတ်ထားသည့် မူဝါဒများကို အောင်မြင်အောင်အကောင် အထည်ဖော်ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတော် ဘဏ္ဍာငွေရရှိရေးနှင့်ပတ်သက်၍ အခွန်ကောက်ခံရာတွင် အခွန်နှုန်းထားကို တိုးမြှင့် ကောက်ခြင်းမရှိဘဲ ရသင့်ရထိုက်သည့် အခွန်နယ်ပယ်ကိုချဲ့ထွင်၍ ထိထိရောက် ရောက် ဆောင်ရွက်ခဲ့သည့်အတွက် အခွန်ရရှိမှုတိုးတက်လာသည်ကို တွေ့ရကြောင်း၊ အခွန်နှင့်ပတ်သက်ပြီး တာဝန်ရှိသည့်ဝန်ကြီးဌာနများအနေဖြင့်လည်း နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်အခများကို ပြည့်ပြည့်ဝဝရရှိအောင် ကောက်ခံပေးရန် လိုကြောင်း။

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင် အပေါ်မူတည်ပြီး ထုတ် လုပ်ရသည့်လုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ်မထိခိုက်စေဘဲ ထုတ်လုပ်၍ရ သည့် လုပ်ငန်းနှစ်မျိုးရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်အပေါ်မူတည်၍ ထုတ်လုပ်ရ သည့် သယံဇာတပစ္စည်းထုတ်လုပ်မှုများသည် သတိထားရပြီး နိုင်ငံတကာတွင်လည်း ကန့်သတ်ချက်များဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိဘဲ ထုတ်လုပ်ရနိုင် ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများအပေါ် အခြေခံပြီး ဆောင်ရွက်သည့် စက်ရုံများနှင့် ဝန်ကြီးဌာနပိုင် စက်ရုံ၊ အလုပ်ရုံများ ရှိကြောင်း၊ ယင်းစက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုများကို အကောင်ဆုံးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုကြောင်း။

မျိုးဆက်သစ်များကို အမွေပေးနိုင်ရန်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိစေရန်၊ ဗလငါး တန်ကောင်းမွန်ပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းလိုစိတ် ရှိလာစေရန် အဓိကရည်ရွယ်ပြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ပြန်လည်ကျင်းပပေး ခဲ့ပါကြောင်း၊ ယခုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို မိမိကိုယ်တိုင် အလေးထား တက်ရောက်အားပေးခဲ့ပါကြောင်း၊ အမျိုးသားရေးအရ ဆောင်ရွက်ရမည့် ပွဲကြီးဖြစ် သဖြင့် လူအား၊ ငွေအား၊ အချိန်အား များစွာစိုက်ထုတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုကဲ့သို အမျိုးသားရေးအရ ဆောင်ရွက်ရသည့် ပွဲကြီးကိုအားလုံးဝိုင်းဝန်း အားပေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့်မှာကြားခဲ့ပါသည်

Zawgyi Version

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျပည္ေထာင္စုအစိုးရအဖြဲ႕အစည္းအေဝးအမွတ္စဥ္(၆/၂၀၂၃) သို႔ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ႏိုဝင္ဘာ – ၂

ျပည္ေထာင္စုအစိုးရအဖြဲ႕အစည္းအေဝး အမွတ္စဥ္(၆/၂၀၂၃)ကိုယေန႔ နံနက္ပိုင္း တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝး ခန္းမ ၌က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ၾကၿပီး ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားက Video Conferencing ျဖင့္တက္ေရာက္ၾကသည္။

မိမိတို႔အေနျဖင့္တိုင္းရင္းသားအခ်င္းခ်င္း ယုံၾကည္မႈထား၍ေဆာင္႐ြက္ေပးခဲ့

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က အမွာ စကားေျပာၾကားရာတြင္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသ ၌ MNDAA ႏွင့္ TNLA ပူးေပါင္းအဖြဲ႕မ်ားက ကိုးကန႔္ေဒသအတြင္း နယ္ေျမလုံၿခဳံ ေရးစခန္းမ်ား ႏွင့္ ဌာနဆိုင္ရာ႐ုံးဌာနမ်ားကို တိုက္ခိုက္လာမႈမ်ားရွိေၾကာင္း၊ အလားတူ ကခ်င္ျပည္နယ္တြင္လည္း လမ္းပန္းဆက္သြယ္ေရး၊ နယ္ေျမလုံၿခဳံေရးစခန္းမ်ားအား တိုက္ခိုက္မႈျပဳလုပ္ခဲ့ေၾကာင္း၊ မိမိတို႔အေနျဖင့္ KIA အဖြဲ႕အား နယ္ေျမတည္ၿငိမ္ ေအးခ်မ္းမႈပ်က္ျပားမႈမရွိေစေရး သတိေပးခဲ့ေသာ္လည္း ၎တို႔အေနျဖင့္ အင္အား အလြန္အကြၽံသုံး၍ လုံၿခဳံေရးစခန္းကို တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ မိမိတို႔အေနျဖင့္ လုံၿခဳံေရးအရ ျပန္လည္ေဆာင္႐ြက္ခဲ့ရေၾကာင္း။

မိမိအေနျဖင့္တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) (၈)ႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔၌ မိန႔္ခြန္းေျပာၾကားရာတြင္ ဒို႔တာဝန္အေရးသုံးပါးကို မထိခိုက္ဘဲ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)ကို ေလးစားလိုက္နာမည္ဆိုပါက ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးရန္ ေျပာၾကားၿပီးျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရး ရရွိေရးအတြက္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္လည္း ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း၊ ေဆြးေႏြးသည့္အခ်ိန္တြင္ အျပဳသေဘာေဆာင္သည့္ေဆြးေႏြးမႈမ်ား ေဆာင္ ႐ြက္ႏိုင္ခဲ့ေသာ္လည္း ၎တို႔အေနျဖင့္ တိုက္ခိုက္မႈမ်ားအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္တိုင္းရင္းသားအခ်င္းခ်င္း ယုံၾကည္မႈ ထား၍ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ သို႔ေသာ္ မိမိတို႔အေပၚတိုက္ခိုက္မႈမ်ား ေဆာင္႐ြက္ လာျခင္းေၾကာင့္ မိမိတို႔အေနျဖင့္တန္ျပန္ေခ်မႈန္းမႈမ်ားကို ဆက္လက္ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း။

လုပ္ငန္းမ်ားအေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ စနစ္တက်ရွိေစေရး ၾကပ္မတ္ေဆာင္႐ြက္

အစိုးရအဖြဲ႕ဆိုသည္မွာ တိုင္းျပည္ကိုတိုးတက္ေအာင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရသည့္ အဖြဲ႕အစည္းျဖစ္ေၾကာင္း၊ ျပည္ေထာင္စုဝန္ႀကီးႏွင့္ ဒုတိယဝန္ႀကီး ရာထူးမ်ားသည္ ႏိုင္ငံေရးရာထူးမ်ားျဖစ္ေၾကာင္း၊ အစိုးရအဖြဲ႕မွခ်မွတ္ေပးသည့္ မူဝါဒ မ်ား၏ လုပ္ငန္းမ်ားကို အေသးစိတ္အေကာင္အထည္ေဖာ္ရာတြင္ အစိုးရဌာနမွ ဝန္ထမ္းအဆင့္ဆင့္က အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း၊ အစိုးရ မ်ားအေနျဖင့္ ေျပာင္းလဲေသာ္လည္း အစိုးရဝန္ထမ္းမ်ားမွာ ေျပာင္းလဲျခင္းမရွိေၾကာင္း၊ အစိုးရသက္တမ္းတစ္ခုတြင္ေဆာင္႐ြက္ခဲ့သည့္ စီမံကိန္းႏွင့္ လုပ္ငန္းမ်ားအားလုံးကို မွတ္တမ္းတင္ထားၿပီး ဝန္ႀကီးဌာနအသီးသီးမွ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားက ေအာင္ျမင္ေအာင္ ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရျခင္း ျဖစ္ေၾကာင္း။

ေနာက္ထပ္တက္လာမည့္ အစိုးရအဖြဲ႕အေနျဖင့္ ၎တို႔၏မူဝါဒမ်ားႏွင့္ဆက္ လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာတြင္လည္း ေရွ႕အစိုးရအဆက္ဆက္မွ ေဆာင္႐ြက္ခဲ့သည့္ စီမံကိန္းမ်ားႏွင့္ လုပ္ငန္းရပ္မ်ားဆက္လက္အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ေရး တာဝန္ယူေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း၊ အစိုးရသက္တမ္းတစ္ခု၌ ႏိုင္ငံတကာႏွင့္ပတ္သက္သည့္ စာခ်ဳပ္မ်ား၊ ကတိကဝတ္မ်ား၊ သေဘာတူညီခ်က္မ်ား ရွိမည္ျဖစ္ေၾကာင္း၊ ၎ကိုေနာက္တက္လာမည့္ အစိုးရကလည္း ၎တို႔၏မူဝါဒႏွင့္ ကိုက္ညႇိလ်က္ ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရေၾကာင္း၊ ေဆာင္႐ြက္မႈ ရွိ/မရွိဆိုသည္ကို တည္ဆဲအစိုးရက တာဝန္ယူ၊ တာဝန္ခံရေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔အစိုးရ တာဝန္ယူေဆာင္႐ြက္ခ်ိန္တြင္ ၿပီးခဲ့သည့္အစိုးရႏွင့္ အစိုးရအဆက္ဆက္ မွေဆာင္႐ြက္ခဲ့သည့္ စီမံကိန္းမ်ားကိုအေျခခံ၍ တတ္ႏိုင္သမွ်ဆက္လက္ အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ အေၾကာင္းေၾကာင္းေၾကာင့္ရပ္တန႔္ေန ရသည့္ စီမံကိန္းႏွင့္လုပ္ငန္းမ်ား ျပန္လည္ေဆာင္႐ြက္ႏိုင္ေရး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနေၾကာင္း၊ ထို႔ေၾကာင့္ ဝန္ႀကီးဌာနမ်ားႏွင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ မ်ားအလိုက္ ေဆာင္႐ြက္ေနသည့္ စီမံကိန္းမ်ားႏွင့္ လုပ္ငန္းရပ္မ်ားကို ဆက္လက္ အေကာင္အထည္ေဖာ္ႏိုင္ေရး ျပန္လည္စိစစ္၍ ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊ အခ်ိဳ႕စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ ဥပေဒႏွင့္ မူဝါဒမ်ား ႏွင့္ညီၫြတ္မႈမရွိဘဲ ေဆာင္႐ြက္ေနျခင္းေၾကာင့္ တာဝန္ရွိသူမ်ားကို အေရးယူေဆာင္ ႐ြက္ရျခင္းမ်ားရွိေၾကာင္း၊ ထို႔ေၾကာင့္ လုပ္ငန္းမ်ားအေကာင္အထည္ေဖာ္ေဆာင္႐ြက္ ရာတြင္ စနစ္တက်ရွိေစေရး စနစ္တက်ၾကပ္မတ္ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း။

မိမိတို႔ တာဝန္ယူေဆာင္႐ြက္ေနသည့္ လုပ္ငန္းမ်ားေအာင္ျမင္ေစရန္အတြက္ မရရေအာင္ လုပ္မည္ဆိုသည့္စိတ္ေမြး၍ေဆာင္႐ြက္

မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းမ်ားကိုအေျခခံ၍ စီးပြားေရး လုပ္ငန္းမ်ားကိုေဆာင္႐ြက္သည့္ႏိုင္ငံတစ္ခုျဖစ္သျဖင့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ေရး အေလးထားေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ အဓိက အားျဖင့္ စိုက္ပ်ိဳးေရးတြင္ စပါး၊ ပဲ၊ ေျပာင္းႏွင့္ ဆီထြက္သီးႏွံမ်ား၊ ႏွစ္ရွည္ပင္မ်ားျဖစ္ ၾကသည့္ ေကာ္ဖီႏွင့္ရာဘာစိုက္ပ်ိဳးျခင္းမ်ား၊ ေမြးျမဴေရးတြင္အဓိက စားသုံးၾကသည့္ ၾကက္၊ ဝက္၊ အမဲ၊ ဆိတ္ႏွင့္ ငါးမ်ားကို ႏိုင္ငံအတြင္းစိုက္ပ်ိဳးေမြးျမဴႏိုင္ေၾကာင္း၊ ၂၀၁၉ ခုႏွစ္ လူဦးေရႏွင့္အိမ္အေၾကာင္းအရာသန္းေခါင္စာရင္းအရ မိမိတို႔ႏိုင္ငံလူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းေက်ာ္သည္ ေက်းလက္တြင္ေနထိုင္ၾကၿပီး တစ္ႏိုင္ငံလုံးလူဦးေရ၏ ၄၅ ရာခိုင္ႏႈန္းခန႔္သည္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားႏွင့္ဆက္စပ္လုပ္ငန္းမ်ားကို ေဆာင္႐ြက္ ေနျခင္းျဖစ္သျဖင့္ မိမိတို႔ႏိုင္ငံ၏စီးပြားေရးကို အဓိကေမာင္းႏွင္ေနသူမ်ားျဖစ္ၿပီး ၎တို႔၏ကုန္ထုတ္လုပ္မႈမ်ားကို ျမႇင့္တင္ေဆာင္႐ြက္ ေပးရန္လိုေၾကာင္း။

စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားမွထြက္ရွိလာသည့္ ထြက္ကုန္မ်ားျဖင့္ စက္မႈ ထုတ္ကုန္မ်ားကို ထုတ္လုပ္၍ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရန္လို ေၾကာင္း၊ ထုတ္ကုန္ပစၥည္းမ်ားရွိမွသာ ကုန္ပစၥည္းေရာင္းဝယ္မႈမ်ားျဖစ္ ေပၚလာမည္ ျဖစ္ေၾကာင္း၊ သို႔မွသာ ဆက္စပ္ႏွီးႏြယ္ေနေသာ ဝန္ေဆာင္မႈလုပ္ငန္းမ်ား၊ ေငြေရးေၾကး ေရးလုပ္ငန္းမ်ားဖြံ႕ၿဖိဳးလာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား တိုးတက္ေစေရး ႏိုင္ငံေတာ္အေနျဖင့္အားေပးေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ MSME လုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေစေရးအားေပးေဆာင္႐ြက္ျခင္းႏွင့္ ႏိုင္ငံစီးပြားျမႇင့္တင္ေရး ရန္ပုံေငြမ်ား ထုတ္ေပးၿပီးႏိုင္ငံ့စီးပြားျမႇင့္တင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ဝန္ႀကီး ဌာနမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕မ်ားအေနျဖင့္ အဆိုပါလုပ္ငန္းမ်ား တိုးတက္ေအာင္ျမင္မႈရွိ/မရွိ ျပန္လည္သုံးသပ္၍ေဆာင္႐ြက္ၾကရန္လိုေၾကာင္း။

ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို အေျခ ခံ၍ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ပန္းတိုင္ ရည္မွန္းခ်က္အတိုင္း ထြက္ရွိမႈရွိ/မရွိ၊ ေမြးျမဴေရးလုပ္ငန္းမ်ားတိုးတက္ေအာင္ျမင္မႈ ရွိ/မရွိ ခ်ိန္ထိုးသုံးသပ္ေဆာင္႐ြက္ၾကည့္ရန္လိုေၾကာင္း၊ မိမိတို႔အေနျဖင့္“ေရွ႕သို႔ခ်ီမည္ ပန္းတိုင္ဆီ” “Keep Moving Forward To Achieve Our Goal” ဆိုသည့္အတိုင္း ႏိုင္ငံ စီးပြားတိုးတက္ေရးအတြက္ ဆက္လက္ႀကိဳးပမ္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအေနျဖင့္ မိမိတို႔ တာဝန္ယူေဆာင္႐ြက္ေနသည့္ လုပ္ငန္းမ်ားေအာင္ျမင္ေစရန္အတြက္ မရရေအာင္ လုပ္မည္ဆိုသည့္စိတ္ေမြး၍ ေဆာင္႐ြက္သြားမည္ဆိုပါက ေမွ်ာ္မွန္းသည္ထက္ပိုမို တိုးတက္ေအာင္ႏိုင္ျမင္မည္ျဖစ္ေၾကာင္း။

စပါးစိုက္ပ်ိဳးမႈႏွင့္ပတ္သက္၍ ၂၀၂၂-၂၀၂၃ ခုႏွစ္မိုးတြင္းကာလတြင္ တစ္ႏိုင္ငံ လုံး လယ္စပါးစိုက္ပ်ိဳးမႈအေနျဖင့္ စိုက္ပ်ိဳးဧက ၁၃ ဒသမ ၁၇ သန္းစိုက္ပ်ိဳးခဲ့ၿပီး ပ်မ္းမွ် အထြက္ႏႈန္းအေနျဖင့္ ၇၄ ဒသမ ၈၃ ရာခိုင္ႏႈန္းသာရွိခဲ့ေၾကာင္း၊ မိုးစပါးစိုက္ပ်ိဳးမႈ ပန္းတိုင္အထြက္ႏႈန္းမွာ တစ္ဧကလွ်င္တင္း ၁၀၀ ျဖစ္ေၾကာင္း၊ တစ္ႏိုင္ငံလုံး လယ္စိုက္ ပ်ိဳးမႈ၊ ေတာင္ယာႏွင့္ အျခားေျမမ်ား၌စပါးစိုက္ပ်ိဳးမႈမ်ားအပါအဝင္ စုစုေပါင္းစပါး စိုက္ပ်ိဳးမႈ မွာ ၁၄ ဒသမ ၉ သန္းရွိၿပီး ပ်မ္းမွ်အထြက္ႏႈန္းအေနျဖင့္ ၇၃ ဒသမ ၁၁ သန္းျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရးလုပ္ငန္းေဆာင္႐ြက္ရာတြင္ မ်ိဳး၊ ေျမ၊ ေရ၊ နည္း(၄)မ်ိဳး ကို စနစ္တက်ျဖင့္ေဆာင္႐ြက္မည္ဆိုပါက စိုက္ပ်ိဳးေရးအထြက္ႏႈန္းမ်ား ေကာင္းမြန္ မည္ျဖစ္ေၾကာင္း၊ အထြက္ႏႈန္းေကာင္းမြန္သည့္ မ်ိဳးမ်ားစိုက္ပ်ိဳးရန္လိုေၾကာင္း၊ ေျမျပဳ ျပင္ရာတြင္လည္း စနစ္တက်ျဖင့္ေဆာင္႐ြက္ရန္လိုၿပီး လိုအပ္သည့္ ေျမဩဇာမ်ား ရရွိေရးအတြက္လည္း ဓာတ္ေျမဩဇာႏွင့္ သဘာဝေျမဩဇာမ်ားကို စနစ္တက် အသုံးျပဳရန္လိုေၾကာင္း။

မိမိတို႔တာဝန္ယူေဆာင္႐ြက္ေနသည့္ ႏွစ္မ်ားအတြင္း မိုးတြင္းကာလမ်ား၌ စိုက္ပ်ိဳးေရးကိုထိခိုက္ေစႏိုင္သည့္ ေရျပတ္လပ္မႈမ်ားမရွိခဲ့ေၾကာင္း၊ ေျမအေနျဖင့္လည္း ေျပာစရာမရွိေၾကာင္း သို႔ေသာ္စိုက္နည္းစနစ္မ်ား မွန္ကန္စြာျဖင့္ ေကာက္ကြက္မ်ား ျပည့္မီေအာင္စိုက္ပ်ိဳးရန္လိုေၾကာင္း၊ႀကဲပက္၍စိုက္ပ်ိဳးမည့္အစား အနည္းဆုံးတိုက္႐ိုက္ အေစ့ခ်စနစ္ျဖင့္ စိုက္ပ်ိဳးရန္လိုေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ စိုက္ပ်ိဳးမႈမ်ားေအာင္ျမင္တိုးတက္ေအာင္ေဆာင္႐ြက္ႏိုင္မွသာ GDP မ်ားတိုးတက္လာ မည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ ေဒသတြင္းႏိုင္ငံမ်ား၌ GDP နည္းပါးေၾကာင္း၊ ထို႔ေၾကာင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား အေနျဖင့္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ား ႏွင့္ယင္းကိုအေျခခံသည့္ MSME မ်ားေအာင္ျမင္ေစေရး ႀကိဳးပမ္းေဆာင္ ႐ြက္ၾကရန္လိုေၾကာင္း။

လုပ္ငန္းမ်ားေအာင္ျမင္ေစေရး စနစ္တက်ျဖင့္ေဆာင္႐ြက္

လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ မူဝါဒမ်ား၊ လုပ္ထုံးလုပ္နည္းမ်ား၊ ဥပေဒမ်ား ႏွင့္ အညီခ်င့္ခ်ိန္ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ အလားတူ လုပ္ငန္းမ်ားၾကန႔္ၾကာမႈ မရွိ ေစေရး တာဝန္ယူမႈ၊ တာဝန္ခံမႈမ်ားျဖင့္ ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ Check ၊ Recheck ၊ Counter Check ျဖင့္စနစ္တက် ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေန႔စဥ္ေဆာင္႐ြက္ရမည့္ ကိစၥရပ္မ်ားကို Check List မ်ား ထား၍ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ မိမိတို႔ႏွင့္ႏွီးႏြယ္ေနသည့္ လုပ္ငန္းရပ္မ်ား ေအာင္ျမင္ေစေရး လူတိုင္းတြင္တာဝန္ရွိေၾကာင္း၊ ပူးေပါင္းေဆာင္႐ြက္ျခင္းႏွင့္ ညႇိႏႈိင္း ေဆာင္႐ြက္ျခင္းမ်ားရွိရန္လည္းလိုေၾကာင္း။

ဘ႑ာေရးႏွစ္အလိုက္ စီမံကိန္းမ်ားေရးဆြဲေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ စီမံကိန္း မ်ားေရးဆြဲရာတြင္ အမွန္တကယ္ေအာင္ျမင္ေအာင္ေဆာင္႐ြက္ႏိုင္သည့္ စီမံကိန္းမ်ား ကိုသာေရးဆြဲေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ အေၾကာင္းေၾကာင္းေၾကာင့္ အေကာင္ အထည္ေဖာ္ႏိုင္ျခင္းမရွိပါက ႏိုင္ငံေတာ္အတြက္ နစ္နာမႈမ်ားစြာျဖစ္ေပၚေစႏိုင္ ေၾကာင္း၊ ထို႔အျပင္ဝန္ႀကီးဌာနမ်ားအတြင္း ရာထူးခန႔္ထားျခင္း၊ ေျပာင္းေ႐ႊ႕ျခင္း၊ လုပ္ငန္းမ်ား ခြင့္ျပဳေပးျခင္းမ်ားႏွင့္ပတ္သက္၍ မူဝါဒမ်ား၊ လုပ္ထုံးလုပ္နည္းမ်ား၊ စည္မ်ဥ္း ဥပေဒမ်ားကို ေက်ာ္လြန္ေဆာင္႐ြက္ျခင္းမျပဳရန္လိုေၾကာင္း။

လုပ္ငန္းမ်ား ေအာင္ျမင္တိုးတက္မႈရွိေစေရး အမွန္တကယ္အလုပ္လုပ္ရန္ႏွင့္ အလုပ္လုပ္ႏိုင္ေရး ဖန္တီးေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ၿပီးခဲ့သည့္စီမံကိန္းမ်ားကို ျပန္လည္သုံးသပ္ၾကည့္သည့္အခါတြင္ မိမိတို႔လူမ်ိဳးမ်ားအေနျဖင့္ အမွန္တကယ္ အလုပ္လုပ္ရန္လိုအပ္ေနသည္ကို ေတြ႕ရွိရေၾကာင္း၊ အစိုးရအေနျဖင့္ သက္ဆိုင္ရာ က႑အလိုက္ တတ္ႏိုင္သည့္ဘက္မွ ျဖည့္ဆည္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ဥပမာ အားျဖင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ေျမကိုအက်ိဳးရွိစြာအသုံး ခ်ႏိုင္ေရးအတြက္ စည္း႐ုံးေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ သီးထပ္စြမ္းအားမ်ားတိုးတက္ လာမည္ဆိုပါက ထုတ္ကုန္မ်ားပိုမိုထုတ္လုပ္ႏိုင္ၿပီး ဝင္ေငြမ်ားပိုမိုတိုးတက္လာမည္ ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားအတြက္လိုအပ္သည့္ ေရရရွိေရး ႏိုင္ငံေတာ္ မွ ျဖည့္ဆည္းေဆာင္႐ြက္ေပးသကဲ့သို႔ သက္ဆိုင္သည့္ တာဝန္ရွိသူမ်ားအေနျဖင့္လည္း နည္းလမ္းမ်ားရွာေဖြေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ လက္ေတြ႕ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္မႈမရွိျခင္းသည္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးကိုမ်ားစြာ ထိခိုက္ေစလ်က္ရွိ ေၾကာင္း၊ ထို႔ေၾကာင့္ထိုက္သင့္တဲ့တိုးတက္မႈမ်ားရရွိရန္အတြက္ ျပည္ေထာင္စုဝန္ႀကီး မ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား အေနျဖင့္အစိုးရကခ်မွတ္ထားသည့္ မူဝါဒမ်ားကို ေအာင္ျမင္ေအာင္အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္သြားၾကရန္မွာၾကား လိုေၾကာင္းျဖင့္ေျပာၾကားသည္။

ယင္းေနာက္ အစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ ျပည္ေထာင္စုဝန္ႀကီး မ်ားက သက္ဆိုင္ရာက႑အလိုက္ ရွင္းလင္းတင္ျပၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာတြင္ ႏိုင္ငံေတာ္ ဘ႑ာေငြရရွိေရးႏွင့္ပတ္သက္၍ အခြန္ေကာက္ခံရာတြင္ အခြန္ႏႈန္းထားကို တိုးျမႇင့္ ေကာက္ျခင္းမရွိဘဲ ရသင့္ရထိုက္သည့္ အခြန္နယ္ပယ္ကိုခ်ဲ႕ထြင္၍ ထိထိေရာက္ ေရာက္ ေဆာင္႐ြက္ခဲ့သည့္အတြက္ အခြန္ရရွိမႈတိုးတက္လာသည္ကို ေတြ႕ရေၾကာင္း၊ အခြန္ႏွင့္ပတ္သက္ၿပီး တာဝန္ရွိသည့္ဝန္ႀကီးဌာနမ်ားအေနျဖင့္လည္း ႏိုင္ငံေတာ္က ရသင့္ရထိုက္သည့္ အခြန္အခမ်ားကို ျပည့္ျပည့္ဝဝရရွိေအာင္ ေကာက္ခံေပးရန္ လိုေၾကာင္း။

ကုန္ထုတ္လုပ္မႈႏွင့္ပတ္သက္၍ သဘာဝပတ္ဝန္းက်င္ အေပၚမူတည္ၿပီး ထုတ္ လုပ္ရသည့္လုပ္ငန္းႏွင့္ သဘာဝပတ္ဝန္းက်င္အေပၚမထိခိုက္ေစဘဲ ထုတ္လုပ္၍ရ သည့္ လုပ္ငန္းႏွစ္မ်ိဳးရွိေၾကာင္း၊ သဘာဝပတ္ဝန္းက်င္အေပၚမူတည္၍ ထုတ္လုပ္ရ သည့္ သယံဇာတပစၥည္းထုတ္လုပ္မႈမ်ားသည္ သတိထားရၿပီး ႏိုင္ငံတကာတြင္လည္း ကန႔္သတ္ခ်က္မ်ားျဖင့္ ေဆာင္႐ြက္ၾကျခင္းျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး လုပ္ငန္းမ်ားသည္ သဘာဝပတ္ဝန္းက်င္အေပၚ ထိခိုက္မႈမရွိဘဲ ထုတ္လုပ္ရႏိုင္ ေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရး ထုတ္ကုန္ပစၥည္းမ်ားအေပၚ အေျခခံၿပီး ေဆာင္႐ြက္သည့္ စက္႐ုံမ်ားႏွင့္ ဝန္ႀကီးဌာနပိုင္ စက္႐ုံ၊ အလုပ္႐ုံမ်ား ရွိေၾကာင္း၊ ယင္းစက္႐ုံ၊ အလုပ္႐ုံ၊ လုပ္ငန္းမ်ား၊ ကုန္ထုတ္လုပ္မႈမ်ားကို အေကာင္ဆုံးျဖစ္ေအာင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားၾကရန္ လိုေၾကာင္း။

မ်ိဳးဆက္သစ္မ်ားကို အေမြေပးႏိုင္ရန္၊ တိုင္းခ်စ္ျပည္ခ်စ္စိတ္ရွိေစရန္၊ ဗလငါး တန္ေကာင္းမြန္ၿပီး မိမိတို႔၏ ႐ိုးရာယဥ္ေက်းမႈမ်ားကို ထိန္းသိမ္းလိုစိတ္ ရွိလာေစရန္ အဓိကရည္႐ြယ္ၿပီး အဆို၊ အက၊ အေရး၊ အတီး ၿပိဳင္ပြဲမ်ားကို ျပန္လည္က်င္းပေပး ခဲ့ပါေၾကာင္း၊ ယခုေအာင္ျမင္စြာ က်င္းပၿပီးစီးခဲ့သည့္ (၂၄)ႀကိမ္ေျမာက္ ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈ အဆို၊ အက၊ အေရး၊ အတီး ၿပိဳင္ပြဲႀကီးကို မိမိကိုယ္တိုင္ အေလးထား တက္ေရာက္အားေပးခဲ့ပါေၾကာင္း၊ အမ်ိဳးသားေရးအရ ေဆာင္႐ြက္ရမည့္ ပြဲႀကီးျဖစ္ သျဖင့္ လူအား၊ ေငြအား၊ အခ်ိန္အား မ်ားစြာစိုက္ထုတ္ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ယခုကဲ့သို အမ်ိဳးသားေရးအရ ေဆာင္႐ြက္ရသည့္ ပြဲႀကီးကိုအားလုံးဝိုင္းဝန္း အားေပး ေဆာင္႐ြက္သြားၾကရန္ လိုအပ္ေၾကာင္းျဖင့္မွာၾကားခဲ့ပါသည္

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။