နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ – ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် နယ်မြေခံတပ်ဌာနချုပ် ဧည့်ခန်းမ ဆောင်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများက မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် မြစ်ချောင်းများအတွင်း ငါးသား ပေါက်များ စိုက်ထည့်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဆိတ်မွေးမြူရေး အတွက် သမဝါယအသင်းအဖွဲ့များဖွဲ့စည်း၍ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် သွားမည့် အခြေအနေများ၊ ဝါသီးနှံများစိုက်ပျိုးမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးစီးမှုအခြေနေများ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်က မြစ်ချောင်းများအတွင်း ငါးများစနစ်တကျစိုက်ထည့်ရန်လိုအပ်ကြောင်း၊ နွားနှင့် ဆိတ်များ မွေးမြူရာတွင်လည်း လှောင်မွေးသည့်စနစ်ဖြင့်မွေးမြူမည်ဆိုပါက မွေးမြူရေးပိုင်းတွင်သာမက စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် သဘာဝ ဓာတ်မြေ ဩဇာများပါ ရရှိမည်ဖြစ်သဖြင့်ပိုမိုအကျိုး ဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ မကွေး တိုင်းဒေသကြီးအတွင်း အသားတိုးကြက်များသာမက ဥစားကြက်များကိုပါ အရေ အတွက်များများ မွေးမြူသင့်ကြောင်း၊ ကြက်များမွေးမြူရာတွင် ခေတ်မီမွေးမြူရေး စနစ်ဖြစ်သည့် လေအေးပေးစနစ် Evaporation Type ဖြင့်မွေးမြူပါက ပိုမိုဖြစ်ထွန်း သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါလေအေးပေးစနစ်ကို နေသာသည့်ရက်များတွင် ဆိုလာစနစ်ဖြင့်လည်းအသုံးပြု၍ရကြောင်း၊ ပြည်သူများ အာဟာရပြည့်ဝစွာစားသုံးနိုင် ရေး အသား၊ ငါးနှင့် ဥများဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူရရှိနိုင်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ သာမာန်လူ တစ်ဦးအနေဖြင့် တစ်ရက်လျှင် အသား ၁၀ ကျပ်သားခန့်၊ ကြက်ဥ ၃ လုံးခန့် စားသုံးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ မြစ်ချောင်းများအတွင်း ငါးမျိုး များစိုက်ထည့်ပေး လျက်ရှိကြောင်း။
ဆီထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆီကြိတ်စက်များခေတ်မီအောင်ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံရှိဆီကြိတ်စက်များသည် ဆီထုတ်လုပ်ရာတွင်ဆီကုန်အောင် ကြိတ်နိုင်မှုမရှိသေးသဖြင့် တိရစ္ဆာန်အစာအတွက်ကုန်ကြမ်းဖြစ်သည့် ကြိတ်ဖတ်များ တွင် ဆီများကျန်ရှိနေသေးသည်ကိုတွေ့ရှိရပြီး စနစ်တကျဖြင့်ကြိတ်ခွဲနိုင်ရေး ဆောင်ရွက်ကြရန်နှင့် ကြိတ်ဖတ်များမှ မြေဩဇာနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်နိုင်ရ မည် ဖြစ်ကြောင်း၊ ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်း၌ ထန်းပင်များ များစွာ ရှိသည် ကို တွေ့ရှိရကြောင်း၊ ထန်းပင်သည် မြန်မာတို့၏ ရှေးယခင်ကပင်ရှိခဲ့သည့် ရိုးရာ ယဉ်ကျေးမှုတစ်ခုပင်ဖြစ်ပြီး ထန်းပင်များနှင့် ထန်းထွက်ကုန်များ ပျောက်ပျက်မှု မရှိစေ ရေးထိန်းသိမ်းရန်လိုကြောင်း၊ ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း တစ်ဧက အထွက်နှုန်း များ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊
သစ်တောသစ်ပင်များ ပေါများစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် စိုက်ပျိုးကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဧကကွက်များဖြင့်စိုက်ပျိုး၍ စက်မှုလယ်ယာစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်ပိုင် လယ်ထွန်စက်စက်ရုံများမှ လယ်ထွန်စက် များ ထုတ်လုပ်ရန်လိုသကဲ့သို့ ပုဂ္ဂလိကပိုင် စက်ရုံများကိုလည်း မြေတောင်မြှောက် ပေးရန်လိုကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင်လည်း အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်း သက်သာစွာဖြင့် တောင်သူများသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ စက်မှုလယ်ယာစနစ်အား ဖော်ဆောင်ရာတွင် ကုန်ထုတ်လမ်းများပါထည့်သွင်း ဆောင်ရွက် ပေးရန်လိုကြောင်း၊ စက်မှုလယ်ယာစနစ်ကို အကောင်အထည် ဖော်ဆောင် ရွက်ခြင်းဖြင့် အလုပ်သမားရှားပါးမှုပြဿနာများကိုလည်း ပြေလည်စေမည်ဖြစ် ကြောင်း။
တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ် မတော်တဆမှုများ လျော့နည်းစေရေး အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာစေရေး ထိန်းသိမ်းရန်လို ကြောင်း၊ စည်းကမ်းများမသိရှိခြင်းနှင့် သတိလက်လွတ်ဖြစ်မှုများကြောင့် ယာဉ်မတော် တဆမှုများ ဖြစ်ပွားလျက်ရှိကြောင်း၊ လမ်းညွှန်အမှတ်အသားများနှင့် လမ်းညွှန် ဆိုင်းဘုတ်များကို စနစ်တကျဖြင့်စိုက်ထူထားရန်လိုကြောင်း၊ အလားတူ တရားမဝင် မော်တော်ယာဉ်များ စီးနင်းမှုမရှိစေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်ရန်လို ကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းသူများအနေဖြင့်လည်း ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျ အသုံးပြုစေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ယာဉ်မောင်း လိုင်စင် များကိုလည်း စနစ်တကျ ဖြင့်ထုတ်ပေးရန်လိုကြောင်း၊ လမ်းများပျက်စီးမှု မရှိစေရေး အတွက် ကုန်တန်ယာဉ်များ တန်ပိုတင်ဆောင်မှုမရှိစေရေးနှင့် ကုန်များအား စနစ် တကျဖြင့်တင်ဆောင်မှုရှိစေရေး သတ်မှတ်စည်းကမ်းများအတိုင်း ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း။
တိုင်းဒေသကြီးအတွင်း မြို့ပြ၊ ကျေးလက်ကွာဟမှုများ လျော့နည်းစေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ထို့ကြောင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးပြီး လိုအပ်ချက်များကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးရန်လို ကြောင်း၊ အုပ်ချုပ်ရေးပိုင်း၌ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့်သာ ဆောင်ရွက်လျက် ရှိ၍ ဥပဒေအရပေးထားသည့် လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ အုပ်ချုပ်သည့်အစိုးရအဖွဲ့အနေဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဆင့်တို့တွင် ဉပဒေနှင့်အညီ ပြည်သူများ၏ ကောင်းကျိုး အတွက်ဆောင်ရွက်ပေးရန် လိုသဖြင့် လုပ်သင့်သည့်အရာအားလုံး လုပ်ဆောင်ရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။