နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား (ဒုတိယနေ့)သို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဇန်နဝါရီ – ၂

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူး ဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား(ဒုတိယနေ့)ကိုနိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် အပိုင်း နှစ်ပိုင်းခွဲ၍ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက် ရောက်အမှာစကား ပြောကြားပြီး ဂုဏ်ထူး ဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသည့် လူပုဂ္ဂိုလ်များ၊ ဆရာတော်၊ သံဃာတော်များနှင့် ဘာသာရေးခေါင်းဆောင်များ၊ မိသားစုဝင်များ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားသည်။
ထို့နောက် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို အပိုင်းနှစ် ပိုင်းခွဲ၍ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် နံနက်ပိုင်းတွင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်ကြသည့် သီရိပျံချီဘွဲ့ ရရှိသူ ၁၆၈ ဦးနှင့် ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ ၂၁ ဦးတို့ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၁၃၂ ဦး၊ အလင်္ကာ ကျော်စွာဘွဲ့ရရှိသူ ၁၈ ဦးနှင့် သိပ္ပကျော်စွာ ဘွဲ့ရရှိသူ ၅ ဦးတို့ကိုလည်းကောင်း ဂုဏ်ထူး ဆောင်ဘွဲ့များကိုတစ်ဦးချင်း လက်ရောက် ချီးမြှင့်အပ်နှင်းသည်။


ထိုသို့ချီးမြှင့်အပ်နှင်းရာတွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာ၌ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ ယနေ့အထိ အသက် ခန္ဓာနှင့် သွေးချွေးများကိုပေးဆပ်ပြီး ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းထမ်းဆောင် ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ကဏ္ဍများတွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နယ်ဘက် နှင့် စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုးအတွက်သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ် တစ်ခုခုတွင် ကမ္ဘာအဆင့်မီအောင်မြင်စွာ တီထွင်ဖန်တီး စွမ်းဆောင်နိုင်သည့်ပုဂ္ဂိုလ်များ၊ စာပေနှင့်အနုသုခုမပညာရပ်များတွင် ထူးခြားကောင်း မွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေးတို့တွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးပမ်းထမ်း ဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူး ဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်ထဲရေးဝန်ကြီးဌာနမှဝန်ထမ်းများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်တိုင်းရင်းသား လူငယ် မောင်မယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အိမ်တော်ဂုဏ်ပြုခန်းမဆောင်အား ပုံစံဒီဇိုင်းရေးဆွဲ ပေးခဲ့သည့် ဗိသုကာပညာရှင်တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။


ယနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားတွင် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင် ဘွဲ့ များဖြစ်ကြသည့် သီရိပျံချီဘွဲ့ရရှိသူ(၁၆၈)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ(၁၅၃)ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ(၁၈)ဦးနှင့် သိပ္ပကျော်စွာဘွဲ့ရရှိသူ(၅)ဦးတို့ကို တစ်ဦးချင်း လက်ရောက် ချီးမြှင့်အပ်နှင်းခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။