၂ဝ၂၂ခုနှစ်၊တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ နိုဝင်ဘာ ၂၂

၂ဝ၂၂ခုနှစ်၊တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချူပ်ကိုယ်စားပြု ဘောလုံးအသင်းတို့သည် ယနေ့ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေးသည်။
အဆိုပါအားကစားပြိုင်ပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှု အားပေးကြသည်။

အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ခ)အဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်းတို့သည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် အပြန်အလှန်ဖိအားပေး ယှဉ်ပြိုင်ကစားကြပြီး ပွဲကစားချိန် ၈၇ မိနစ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ဂိုးရရှိခဲ့ကာ အရှေ့တောင်တိုင်းစစ်ဌာချုပ်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အလားတူ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိစစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အား ကစားခန်းမ၌ ကီလိုအလိုက်လူသစ်တန်းပွဲစဉ် လက်ဝှေ့ပြိုင်ပွဲများကိုလည်းကောင်း၊ တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(A)၌ ဝိတ်တန်းအလိုက် ဆီးမီးဖိုင်နယ် ပွဲစဉ်များနှင့် (က)အဆင့် တစ်ဦး ချင်းကကွက်၊ (က)အဆင့်အသင်းလိုက်ကကွက် ပြိုင်ပွဲများကိုလည်းကောင်း၊ မြန်မာ့ သိုင်းပြိုင်ပွဲကိုဇေယျာသီရိအား ကစားရုံ(C)၌ အတိုက်ပြိုင်ပွဲမှဗန်တိုအတိုက်ပြိုင်ပွဲ၊ ပန်ကြပ်ဆီလပ်အတိုက်ပြိုင်ပွဲ၊ ဓားတစ်လက် အတိုက်ပြိုင်ပွဲ၊ ဓားနှစ်လက်အတိုက်ပြိုင်ပွဲ၊ တပ်မတော်လက်ရေးပညာ စဉ်စွမ်းရည်ပြ ပြိုင်ပွဲများကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး တစ်ဦးချင်းဆုရရှိကြသည့် အားကစားသမားများကို တပ်မတော် အရာရှိကြီးများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။