နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာ ဆင်သေချောင်း ယာယီရေထိန်းဆည်လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆိုလာစနစ်သုံးရေတင်စနစ်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး ပြီး ဒေသခံစိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံ

နေပြည်တော် ဧပြီ – ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တောင်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည် တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာ ဆင်သေချောင်း ယာယီရေထိန်းဆည်လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆိုလာစနစ်သုံးရေတင်စနစ် ဆောင်ရွက်နေမှုများကိုသွားရောက် ကြည့်ရှုစစ်ဆေးပြီး ဒေသခံစိုက်ပျိုးရေးတောင်သူ များနှင့်တွေ့ဆုံသည်။

        ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ဆင်သေချောင်းယာယီရေထိန်းဆည်တည်ဆောက်ထားမှုနှင့် ဆိုလာရေတင်လုပ်ငန်း ဆောင်ရွက်ပြီး ရေပေးဝေနေမှု၊ နိုင်ငံတဝန်းရေထိန်းဆည်များတည်ဆောက်၍ ဆိုလာ စနစ်တွဲဖက်ပြီး ရေတင်လုပ်ငန်းများဆောင်ရွက်၍ စိုက်ပျိုးရေရရှိရေး ဆောင်ရွက် လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

        ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နေပြည်တော် ကောင်စီနယ်မြေအတွင်း ၅ နှစ်တာကာလအတွင်း နွေစပါး၊ မိုးစပါးနှင့် အခြားသီးနှံ များ စိုက်ပျိုးမှု ပြောင်းလဲတိုးတက်လာမှုနှင့် ၅ နှစ်တာကာလအတွင်း ရေတင်၊ ရေ သွင်း စိုက်ပျိုးမှုများ ပြောင်းလဲတိုးတက်လာမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

        ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကလိုအပ်သည့် စိုက်ပျိုး ရေ များလုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးရေများ လုံလောက်စွာရရှိမည်ဆိုပါက သီးထပ်စွမ်းအားများ တိုးတက်ပြီး စိုက်ပျိုးရေးကုန် ထုတ်လုပ်ငန်းများတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေရှိရေးလုပ်ငန်းများ ကို အောင်မြင်ဖြစ်ထွန်း အောင် စနစ်တကျဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုကြောင်းဖြင့်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့အနေ ဖြင့် နိုင်ငံတော်တာဝန်ယူချိန်နောက်ပိုင်းတွင် အဓိကအားဖြင့် တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ သာယာဝပြောရေး၌ စားရေရိက္ခာဖူလုံခြင်းအပြင် တရားဥပဒေစိုးမိုးခြင်း၊ အသိ ပညာအတတ်ပညာပေါကြွယ်ဝခြင်းတို့လည်း ပါဝင်ကြောင်း၊ အဆိုပါအချက်များကို ပေါင်းစပ်ဆောင်ရွက်မှသာ တိုင်းပြည်သာယာဝပြောခြင်းအကျိုးကိုခံစားနိုင်မည်ဖြစ် ကြောင်း၊ စားရေရိက္ခာဖူလုံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း ခန့်မှာ ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း၊ မြို့ပေါ်တွင် နေထိုင်သူ များမှအချို့မှာလည်း ဥယျာဉ်ခြံမြေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကို တိုးတက်အောင်ဆောင်ရွက်မည် ဆိုပါက နိုင်ငံစီးပွားမှာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာဖူလုံရေး ဦးတည်ချက်ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

        လူတစ်ဦးအနေဖြင့် စားသောက်နေထိုင်ရေးအတွက် အရေးကြီးလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်သည့်နိုင်ငံဖြစ်သဖြင့် စားရေးနှင့်ပတ်သက်၍ အခက်အခဲမဖြစ်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမြေ များစွာရှိပြီး လယ်ဧက စုစုပေါင်း ၁၃ သန်း၊ ယာမြေဧက ၅ သိန်း ၉ သောင်းကျော်နှင့် တောင်ယာ ဧက ၃ သိန်း ကျော်ရှိကြောင်း၊ ကိုင်း၊ကျွန်း၊ဥယျာဉ်နှင့် အခြားစိုက်ပျိုးမြေ ၁၄ သန်းရှိကြောင်း၊ အခြားမြေများတွင် စိုက်ပျိုးထားမှုမှာလည်း ၆ သိန်း ၄ သောင်း ကျော်ရှိကြောင်း၊ စိုက်ပျိုးမြေများကို အကျိုးရှိစွာဖြင့် အသုံးချရန်လိုကြောင်း၊ စိုက်ပျိုး မြေများကို အကျိုးရှိထိရောက် စွာအသုံးချနိုင်မှုမရှိသဖြင့် စိုက်ပျိုးရေးလုပ်ငန်း တိုးတက်မှုနည်းပါးနေသေးကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် ရေသည်အရေးကြီး လိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေရရှိရေးအတွက် ဦးစားပေးဆောင် ရွက်လျက်ရှိကြောင်း။

နေပြည်တော်တွင် မိုးရွာရက်များနည်းပါးလာမှုကြောင့် ဆည်များသို့ ရေဝင် ရောက်မှု နည်းပါးလာကြောင်း၊ အလားတူ ရေသုံးစွဲမှုများကိုလည်း စနစ်တကျ အသုံးမချပဲ အဟောသိကံသုံးစွဲမှုများကြောင့် ရေများလျော့နည်းလာသည် ကိုတွေ့ရ ကြောင်း၊ အထူးသဖြင့် နွေရာသီတွင် ရေလုံလောက်စွာရရှိရေးအတွက် အမြဲ မပြတ် နည်းလမ်းရှာဖွေဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝမှရရှိသည့် မြစ်ချောင်းရေ၊ မိုးရေ နှင့် ဆည်ရေ စသည့် သုံးမျိုးရှိကြောင်း၊ ရေကိုအသုံးချရာတွင်လည်း လိုအပ်သလောက် သာ ထုတ်ယူသုံးစွဲရန်လိုကြောင်း၊ ရေအသုံးချမှုနှင့်ပတ်သက်၍လည်း ရုပ်မြင်သံကြား အစီအစဉ်များနှင့် အခြားနည်းလမ်းများဖြင့် ပြည်သူများအသိရှိစေရေး ဖော်ပြရန်လို ကြောင်း၊ ရေအသုံးချမှုနှင့်ပတ်သက်၍ အစက်ချစနစ် ၊ ရေပိုက်ဖြင့်သွယ်တန်းအသုံးပြု ခြင်းစနစ်ဖြင့်အသုံးပြုမည် ဆိုပါကရေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးသင်တန်းကျောင်းများတွင် ရေသုံးစွဲမှုဘာသာရပ်များကို သင်ကြားပို့ချရန် စီမံဆောင်ရွက်လျက်ရှိကြောင်း။

ရေရှိရေးဆောင်ရွက်ရာတွင် ခြောက်သွေ့သည့်နွေရာသီအချိန်တွင် စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ရေလိုအပ်ချက်ရှိကြောင်း၊ အဆိုပါလိုအပ်သည့် ရေများရရှိရေးအတွက် မြစ်ချောင်းများမှရယူခြင်း၊ ဆည်ရေများမှ ရယူခြင်းနှင့် မြေအောက်ရေမှ  ရယူအသုံးပြုခြင်းများရှိကြောင်း၊ ရေတင်ခြင်းလုပ်ငန်းများဆောင် ရွက်ရာတွင် နွေရာသီကာလဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ရေတင် လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက စက်သုံးဆီသုံးစွဲမှုများကို များစွာလျှော့ချ နိုင်သဖြင့် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်သက်ဆိုင်ရာဝန်ကြီး ဌာနများကို တာဝန်ပေးပြီးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆိုလာစက်ရုံများထုတ်လုပ်နိုင်ရေး ဆောင်ရွက် လျက်ရှိသကဲ့သို့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်း များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း။

နေရောင်ခြည်စွမ်းအင်သုံး ရေတင်လုပ်ငန်းများကိုအသုံးချပြီး သီးထပ်စိုက်ပျိုး ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုတိုးတက် နိုင်စေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အကျိုးအမြတ် များဖြင့် ဆိုလာစနစ်အသုံးပြုခြင်းအတွက် ကုန်ကျမှုများကို ပြန်လည်ရရှိလာစေမည် ဖြစ်ကြောင်း၊ ရေတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ချောင်းများနှင့် ရေမြောင်းများကို ယာယီရေထိန်းဆည်များဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ ချောင်းများ ၏ ဘေးဘက်များတွင် ရေဝေရေလဲဖြစ်စေမည့် သစ်ပင်များစိုက်ပျိုးရန်လိုကြောင်း၊ တောမီးများရှို့ခြင်း၊ တောမီးလောင်ခြင်းနှင့် လယ်ယာများအတွင်း မီးရှို့ခြင်း၊ စွန့်ပစ်ပစ္စည်းများကို မီးရှို့ခြင်းများကြောင့် လေထုညစ်ညမ်းမှုများကိုဖြစ်စေပြီး ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း၊ စိုက်ပျိုးရေးအတွက်လိုအပ် သည့် မြေဩဇာများရရှိရေးအတွက် လယ်ယာထွက်စွန့်ပစ်ပစ္စည်းများကို မီးရှို့ဖျက် ဆီးခြင်းထက် အခြားနည်းလမ်းများကို ရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ အနေဖြင့် ပတ်ဝန်းကျင်ကိုဖန်တီးရန်လိုကြောင်း၊ သစ်ပင်သစ်တောများဖြင့် စိမ်းလန်း စေရေး ထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးခြင်းလုပ်ငန်းများကိုဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်မီးရရှိမှုမရှိသည့် ဒေသများတွင် ထင်းမီးများဖြင့် ချက်ပြုတ်ခြင်းကိုဆောင်ရွက် ကြကြောင်း၊ မိမိတို့နိုင်ငံ၏ သစ်တောပြုန်းတီးမှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေ ဖြင့် ၈ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း၊ ထို့ကြောင့် ရေခန်းခြောက်မှုမရှိစေရန် အတွက် သစ်ပင်သစ်တောများကို ထိန်းသိမ်းထားရန်လိုကြောင်း။

မြေအောက်ရေသုံးစွဲမှုနှင့်ပတ်သက်၍လည်း ရေဝေရေလဲသစ်တောသစ်ပင်များ စိုက်ပျိုး၍ ရေကိုစနစ်တကျဖြင့် ထိန်းသိမ်းသုံးစွဲရန်လိုကြောင်း၊ မိုးရွာသွန်းသည့် အချိန်တွင် ရရှိသည့်ရေများကိုလည်း စနစ်တကျထိန်းသိမ်းသိုလှောင်ပြီး သုံးစွဲကြ ရန်လိုကြောင်း၊ ချောင်းခြောက်၊ မြောင်းခြောက်များတွင်လည်း ရေကိုထိန်းသိမ်းသို လှောင်သည့်နည်းဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက မြေအောက်ရေကိုရရှိနိုင်ကြောင်း၊ ရေကိုရရှိရန်အတွက် လူကဖန်တီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေကိုထိန်းသိမ်း ဆောင်ရွက်နိုင်မည်ဆိုပါ စိုက်ပျိုးရေနှင့် သောက်သုံးရေများကို လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ရေလုံလောက်စွာရရှိမည်ဆိုပါက သီးထပ်စိုက်ပျိုးခြင်းကိုဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် တောင်သူများအနေဖြင့် ဝင်ငွေ ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးအထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ခြင်း နှင့် သီးထပ်စိုက်ပျိုးခြင်းသည် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သီးနှံများ ပိုမိုထွက်ရှိလာမည်ဆိုပါက တောင်သူများ  ဝင်ငွေတိုးတက်လာမည်ဖြစ်သကဲ့သို့ တိုင်း ပြည်အတွက် စားရေရိက္ခာသည်လည်း တိုးတက်လာမည်ဖြစ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သဖြင့် နိုင်ငံဝင်ငွေတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သီးထပ် စွမ်းအားများကောင်းမွန်လာအောင်ဆောင်ရွက်ကြရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင် စားသုံးဆီဖူလုံမှုမရှိခြင်းကြောင့် ပြည်ပမှနှစ်စဉ်တင်သွင်း နေရ ကြောင်း၊ နိုင်ငံအတွင်း၌ ဆီထွက်သီးနှံများစိုက်ပျိုးလျက်ရှိသော်လည်း ပြည်တွင်းဆီ ဖူလုံမှုမရှိကြောင်း၊ ထို့ကြောင့် ဆီဖူလုံမှုရှိစေရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံများ အထွက်နှုန်းပိုမိုတိုးတက် လာ စေရေးဆောင်ရွက်ရန်လိုကြောင်း၊ စနစ်တကျစိုက်ပျိုးမည်ဆိုပါက ပန်းတိုင်ရည် မှန်းချက်များပြည့်မီလာမည်ဖြစ်ပြီး ဆီဖူလုံမှုများရှိလာမည်ဖြစ်ကြောင်း၊ နေကြာ စိုက်ပျိုးမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် နေကြာဆီစားသုံးမှု နည်းပါးကြောင်း၊ နေကြာကိုပြည်တွင်း၌ အောင်မြင်စွာစိုက်ပျိုးနိုင်ပြီး အထွက်နှုန်းကောင်းမွန်သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နေကြာစိုက်ပျိုးမှုတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို တာဝန်ပေးဆောင်ရွက်ထားကြောင်း၊ တပ်ကုန်းဒေသတွင် နေကြာ စိုက်ပျိုးမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက နေပြည်တော်သည် ဆီအိုးကြီးတစ်ခုဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး လုပ်ငန်းအတွက် လိုအပ်သည့် ရေရှိရေးမိမိတို့အနေဖြင့် စီမံဆောင်ရွက်နေခြင်းဖြစ် ကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက် မျိုး ကောင်းရန်၊ မြေဩဇာလုံလောက်စွာရရှိရန်၊ စိုက်ပျိုးရေလုံလောက်စွာရရှိရန်နှင့် နည်းစနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ အဆိုပါ ၄ ချက်ကို စနစ်တကျဆောင်ရွက် နိုင်မည်ဆိုပါက ပန်းတိုင်ရည်မှန်းချက်များပြည့်မီလာမည်ဖြစ်ကြောင်း၊ ရေနှင့် မြေကို အကျိုးရှိစွာအသုံးချစေလိုကြောင်း၊ ထို့ကြောင့်စိုက်ပျိုးရေးလုပ်ငန်းများကိုစနစ်တကျ ဆောင်ရွက်မည်ဆိုပါက တပ်ကုန်းဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း၊ ဓာတ်မြေဩဇာများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံရှိ ဓာတ်မြေဩဇာစက်ရုံများကို ပြန်လည်လည်ပတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်ပမှဓာတ်မြေဩဇာတင်သွင်းမှုကိုလျှော့ချနိုင်ရန်အတွက် သဘာဝမြေ ဩဇာများထုတ်လုပ်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူခြင်းမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာအဖြစ် အသုံးချရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများနှင့် ဒွန်တွဲသည့် စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်နိုင် ကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ အသားထုတ်လုပ်ခြင်းနှင့် နို့ထုတ်လုပ်ခြင်းများကို ဆောင်ရွက်နိုင်ကြောင်း၊ တပ်ကုန်းမြို့နယ်တွင်း မွေးမြူရေးဇုန်ရှိပြီးဖြစ်သဖြင့် မွေးမြူ ရေးကို စံပြအဖြစ်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုး မွေးမြူရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ မိမိတို့ဒေသ အတွက် ဂုဏ်ယူကြစေလိုကြောင်း။

မြေနှင့်ပတ်သက်၍ စိုက်ပျိုးမြေများကို အခြားနည်းလမ်းများဖြင့် အသုံးပြုနေ ကြသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့် နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးမြေများလျော့နည်းမှုမရှိ စေရေး ဆင်ခြင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် မြေပိုင်ဆိုင်သည့် တောင်သူ များအနေဖြင့် မိမိတို့မြေကို တန်ဖိုးထားဆောင်ရွက်ကြစေလိုကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း မြေယာဥပဒေဖြင့် စနစ်တကျကိုင်တွယ်ကြပ်မတ်ရန်လိုကြောင်း၊ တပ်ကုန်းဒေသရှိ စိုက်ပျိုးမွေးမြူရေးတောင်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လိုလားပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်းသည် အစိုးရအတွက် မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာ ရှိကြောင်း၊ မြေအောက်သယံဇာတများကို ထုတ်ယူသုံးစွဲခြင်းထက်  မြေပေါ်သယံဇာ တဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများကိုအောင်မြင် အောင်ဆောင်ရွက်ကြစေလို ကြောင်း၊ နည်းစနစ်တကျဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အားလုံးကအသိရှိရှိဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားပြီး စိုက်ပျိုးရေးတောင်သူများကို ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ရှားတော ဆိုလာစနစ်ရေတင်လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် စိုက်ပျိုးရေများ ဖြန့်ဝေပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဆိုလာရေတင်စနစ်သည် စိုက်ပျိုးရေလိုအပ်သည့် ဒေသများတွက် များစွာအကျိုး ဖြစ်ထွန်းကြောင်း၊ ထို့ကြောင့် ဆိုလာရေတင်စနစ်ကို တောင်သူများ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး သမဝါယမ စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ဂွေးပင်(စံပြ)ကျေးရွာ စနစ်တကျ လယ်ယာမြေ(၇၉ ဒသမ ၈၈) ဧက ဖော်ထုတ်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် စိုက်ပျိုး‌ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဧကကွက်များကို ဖော်ထုတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဧကကွက်များဖြင့် စိုက်ပျိုးခြင်းဖြင့် ကောက်ကွက်များပိုမိုဝင်ဆံ့နိုင်သကဲ့သို့ သီးထပ်စွမ်းအားများလည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ အလားတူ ခေတ်မီစက်ကိရိယာများဖြင့် စိုက်ပျိုးခြင်း နှင့် ရိတ်သိမ်းခြင်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်းဖြင့် စိုက်ပျိုးရေးထွက်ကုန်များကို လွယ်ကူလျှင်မြန်စွာဖြင့် ပို့ဆောင် နိုင်မည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း အဓိကအမာခံသီးနှံများ ဖြစ်သည့် စပါး၊ ပဲ၊ ပြောင်း၊ နေကြာ စိုက်ပျိုးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခြင်းဖြင့် တောင်သူ များဝင်ငွေပိုမိုရရှိနိုင်မည်ကြောင်း၊ သီးနှံများပန်းတိုင်ရည်မှန်းချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးတာဝန်ရှိသူများအနေဖြင့် နည်းလမ်းရှာဖွေဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သဖြင့် တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပြီး ထွက်ရှိလာသည့် စိုက်ပျိုးရေးထုတ်ကုန်များကိုပြည်ပ နိုင်ငံများသို့ပါတင်ပို့ နိုင်မည်ဖြစ်သဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြု စေမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။