တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဗုဒ္ဓမြတ်စွာဘုရားဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်သို့သွားရောက်ကြည့်ရှုလေ့လာ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၂

နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ Gen. Ranjendra Chhetri ၏ ဖိတ္ၾကားခ်က္အရ နီေပါဖက္ဒရယ္ဒီမုိကရက္တစ္ သမၼတႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ သည္ဇနီး ေဒၚၾကဴၾကဴလွ၊ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ နီေပါ ႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးထြန္းေနလင္းႏွင့္ဇနီး၊ အိႏၵိယႏုိင္ငံဆုိင္ရာ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)ဗုိလ္မွဴးခ်ဳပ္ သိန္းေဇာ္ႏွင့္ဇနီးႏွင့္တာ၀န္ရွိသူမ်ား လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ လုမၺိနီၿမိဳ႕ရွိ ဗုဒၶျမတ္စြာဘုရားဖြားျမင္ေတာ္မူရာ လုမၺိနီဥယ်ာဥ္သုိ႔ သြားေရာက္ၾကည့္႐ႈ ေလ့လာသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးဦးေဆာင္သည့္ ခ်စ္ၾကည္ေရး အဖြဲ႕သည္ ခတၱမႏၵဴၿမိဳ႕ရွိ Nepal Army Mid Air Base မွနီေပါတပ္မေတာ္ အထူး ရဟတ္ယာဥ္မ်ားျဖင့္ထြက္ခြာၾကၿပီး လုမၺိနီၿမိဳ႕သုိ႔ေရာက္ရွိရာ နီေပါတပ္မေတာ္ အ ေနာက္အလယ္ပုိင္းတုိင္းမွဴး Maj. Gen Rajeudra Karki ႏွင့္ဇနီးတုိ႔ကႀကိဳဆုိႏႈတ္ဆက္ ၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ လုမၺိနီဥယ်ာဥ္အတြင္းရွိ ျမတ္စြာဘုရားဖြားျမင္ေတာ္မူ သည့္ေနရာအားဗဟုိျပဳကာ တည္ေဆာက္ ထားသည့္ မာယာေဒ၀ီေက်ာင္းေတာ္အတြင္းလွည့္လည္ၾကည့္႐ႈေလ့လာ၍ ၀တ္ျပဳကန္ေတာ့ၾကၿပီးေရႊသကၤန္းမ်ားဆက္ကပ္လွဴဒါန္းသည္။ ထုိ႔ေနာက္ ဗုဒၶျမတ္စြာေလာင္းလ်ာ သိဒၶတၳမင္းသား မဖြား ျမင္မီမယ္ေတာ္မာယာေဒ၀ီ ဆင္းသက္ေရခ်ိဳးသန္႔စင္ခဲ့သည့္ ေရကန္၊ လုမၺိနီအေသာကေက်ာက္စာတုိင္ႏွင့္ လုမၺိနီဥယ်ာဥ္အတြင္းလွည့္လည္ၾကည့္႐ႈေလ့လာၿပီး ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထုိးသည္။ ၎ေနာက္ လုမၺိနီဥယ်ာဥ္မွတာ၀န္ရွိသူတစ္ဦးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ဓမၼဒါနလက္ေဆာင္အျဖစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ အားေပးအပ္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုမၺိနီဥယ်ာဥ္ေတာ္ႀကီးအား ထိန္းသိမ္းရန္ အတြက္အလွဴေငြမ်ားေပးအပ္လွဴဒါန္းသည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ပ႑ိတာရာမ လုမၺိနီအျပည္ျပည္ဆုိင္ရာ သာသနာ့ ရိပ္သာသုိ႔ေရာက္ရွိၾကၿပီးရိပ္သာအတြင္းရွိ ေယာဂီမ်ားတရားအားထုတ္သည့္ေနရာမ်ားအားလွည့္လည္ၾကည့္႐ႈေလ့လာၾကရာ ေက်ာင္းထုိင္ဆရာေတာ္ ဂ်ာမနီႏုိင္ငံသားအရွင္၀ိေကာနႏၵာႏွင့္ ဆရာေလး ေဒၚဘဒၵမဏိကာတုိ႔က လုိက္လံရွင္းလင္းျပသ သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဆရာေတာ္အရွင္ ၀ိေကာနႏၵာထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၾကၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ေက်ာင္းထုိင္ဆရာေတာ္ႏွင့္သီလရွင္ဆရာေလးတုိ႔အား န၀ကမၼ၀ထၳဳေငြမ်ားႏွင့္လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းသည္။ ထုိ႔ေနာက္ လွဴဒါန္းမႈ အစုစုအတြက္ေရစက္သြန္းခ် အမွ်ေပးေ၀းၾကသည္။ အဆုိပါပ႑ိတာရာမလုမၺိနီ အျပည္ျပည္ဆုိင္ရာသာသနာ့ရိပ္သာအား ျမန္မာႏုိင္ငံမွ မဟာစည္ ဆရာေတာ္ႀကီး၏ တပည့္ပ႑ိတာရာမေရႊေတာင္ကုန္းသာသနရိပ္သာ၏ ၾသ၀ါဒစရိယဆရာေတာ္ အရွင္ပ႑ိတာ ဘိ၀ံသ တည္ေထာင္ဖြင့္လွစ္ထားျခင္းျဖစ္သည္။ ရိပ္သာအား တစ္ႏွစ္ပတ္လုံးဖြင့္လွစ္ ထားၿပီးကမၼ႒ာန္းတရား အားထုတ္နည္း ကုိသင္ၾကား ေပးလ်က္ရွိကာ ယခုအခ်ိန္တြင္ ႏုိင္ငံေပါင္း ၁၇ ႏုိင္ငံမွေယာဂီ ၃၅ ဦး လာေရာက္အားထုတ္လ်က္ ရွိေၾကာင္းသိရွိရသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေလာကမဏိစူဠာေစတီေတာ္အား ဖူးေျမာ္ၾကည္ညိဳၿပီး လက္ယာရစ္လွည့္လည္ဖူးေျမာ္သည္။ယင္းေနာက္ ျမန္္မာေရႊေက်ာင္းသုိ႔ေရာက္ရွိၾကၿပီး ေက်ာင္းထိုိင္ဆရာေတာ္ အရွင္ ၀ိဇၨာနႏၵ အားဖူးေျမာ္ၾကည္ညိဳ၍ သာသနာေရးဆုိင္ရာမ်ားေမးျမန္းေလွ်ာက္ထားၿပီး န၀ကမၼ၀ထၳဳေငြႏွင့္ လွဴဖြယ္ ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။ ထုိမွတစ္ဆင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ kapilvastu ခ႐ုိင္ရွိ ကပိလ၀တ္ၿမိဳ႕ေဟာင္းသုိ႔ ေရာက္ရွိၾကၿပီး ၿမိဳ႕ေဟာင္းအတြင္းလွည့္လည္ၾကည့္႐ႈ ေလ့လာၾကရာတာ၀န္ရွိသူမ်ားက လုိက္လံ ရွင္းလင္းျပသခဲ့ၾကသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ နီေပါႏုိင္ငံ၏ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္သည့္ Pokhara ၿမဳိ႕သုိ႔ေရာက္ရွိ၍ ၿမိဳတြင္းတြင္လွည့္လည္ၾကည့္႐ႈ ေလ့လာၾကသည္။ Pokhara ၿမိဳ႕သည္နီေပါႏုိင္ငံတြင္သာယာလွပေသာ ပတ္၀န္းက်င္ရွိၿပီး ကမၻာလွည့္ခရီးသြားမ်ားအမ်ားဆုံးလာေရာက္ၾကသည့္ၿမဳိ႕တစ္ၿမိဳ႕ ျဖစ္ပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့ ဗုဒ္ဓမြတ်စွာဘုရားဖွားမြင်တော် မူရာ လုမ္ဗိနီဥယျာဉ်သို့သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Ranjendra Chhetri ၏ ဖိတ်ကြားချက်အရ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်ဇနီး ဒေါ်ကြူကြူလှ၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နီပေါ နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးထွန်းနေလင်းနှင့်ဇနီး၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် သိန်းဇော်နှင့်ဇနီးနှင့်တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် လုမ္ဗိနီမြို့ရှိ ဗုဒ္ဓမြတ်စွာဘုရားဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်သို့ သွားရောက်ကြည့်ရှု လေ့လာသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးဦးဆောင်သည့် ချစ်ကြည်ရေး အဖွဲ့သည် ခတ္တမန္ဒူမြို့ရှိ Nepal Army Mid Air Base မှနီပေါတပ်မတော် အထူး ရဟတ်ယာဉ်များဖြင့်ထွက်ခွာကြပြီး လုမ္ဗိနီမြို့သို့ရောက်ရှိရာ နီပေါတပ်မတော် အ နောက်အလယ်ပိုင်းတိုင်းမှူး Maj. Gen Rajeudra Karki နှင့်ဇနီးတို့ကကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် လုမ္ဗိနီဥယျာဉ်အတွင်းရှိ မြတ်စွာဘုရားဖွားမြင်တော်မူ သည့်နေရာအားဗဟိုပြုကာ တည်ဆောက် ထားသည့် မာယာဒေဝီကျောင်းတော်အတွင်းလှည့်လည်ကြည့်ရှုလေ့လာ၍ ၀တ်ပြုကန်တော့ကြပြီးရွှေသင်္ကန်းများဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဗုဒ္ဓမြတ်စွာလောင်းလျာ သိဒ္ဓတ္ထမင်းသား မဖွား မြင်မီမယ်တော်မာယာဒေဝီ ဆင်းသက်ရေချိုးသန့်စင်ခဲ့သည့် ရေကန်၊ လုမ္ဗိနီအသောကကျောက်စာတိုင်နှင့် လုမ္ဗိနီဥယျာဉ်အတွင်းလှည့်လည်ကြည့်ရှုလေ့လာပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ၎င်းနောက် လုမ္ဗိနီဥယျာဉ်မှတာဝန်ရှိသူတစ်ဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဓမ္မဒါနလက်ဆောင်အဖြစ် ဗုဒ္ဓရုပ်ပွားတော်မြတ် အားပေးအပ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုမ္ဗိနီဥယျာဉ်တော်ကြီးအား ထိန်းသိမ်းရန် အတွက်အလှူငွေများပေးအပ်လှူဒါန်းသည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပဏ္ဍိတာရာမ လုမ္ဗိနီအပြည်ပြည်ဆိုင်ရာ သာသနာ့ ရိပ်သာသို့ရောက်ရှိကြပြီးရိပ်သာအတွင်းရှိ ယောဂီများတရားအားထုတ်သည့်နေရာများအားလှည့်လည်ကြည့်ရှုလေ့လာကြရာ ကျောင်းထိုင်ဆရာတော် ဂျာမနီနိုင်ငံသားအရှင်ဝိကောနန္ဒာနှင့် ဆရာလေး ဒေါ်ဘဒ္ဒမဏိကာတို့က လိုက်လံရှင်းလင်းပြသ သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆရာတော်အရှင် ၀ိကောနန္ဒာထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ကျောင်းထိုင်ဆရာတော်နှင့်သီလရှင်ဆရာလေးတို့အား နဝကမ္မဝထ္ထုငွေများနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။ ထို့နောက် လှူဒါန်းမှု အစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေးကြသည်။ အဆိုပါပဏ္ဍိတာရာမလုမ္ဗိနီ အပြည်ပြည်ဆိုင်ရာသာသနာ့ရိပ်သာအား မြန်မာနိုင်ငံမှ မဟာစည် ဆရာတော်ကြီး၏ တပည့်ပဏ္ဍိတာရာမရွှေတောင်ကုန်းသာသနရိပ်သာ၏ သြဝါဒစရိယဆရာတော် အရှင်ပဏ္ဍိတာ ဘိ၀ံသ တည်ထောင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ရိပ်သာအား တစ်နှစ်ပတ်လုံးဖွင့်လှစ် ထားပြီးကမ္မဋ္ဌာန်းတရား အားထုတ်နည်း ကိုသင်ကြား ပေးလျက်ရှိကာ ယခုအချိန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှယောဂီ ၃၅ ဦး လာရောက်အားထုတ်လျက် ရှိကြောင်းသိရှိရသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် လောကမဏိစူဠာစေတီတော်အား ဖူးမြော်ကြည်ညိုပြီး လက်ယာရစ်လှည့်လည်ဖူးမြော်သည်။ယင်းနောက် မြန််မာရွှေကျောင်းသို့ရောက်ရှိကြပြီး ကျောင်းထိိုင်ဆရာတော် အရှင် ၀ိဇ္ဇာနန္ဒ အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများမေးမြန်းလျှောက်ထားပြီး နဝကမ္မဝထ္ထုငွေနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထိုမှတစ်ဆင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် kapilvastu ခရိုင်ရှိ ကပိလဝတ်မြို့ဟောင်းသို့ ရောက်ရှိကြပြီး မြို့ဟောင်းအတွင်းလှည့်လည်ကြည့်ရှု လေ့လာကြရာတာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နီပေါနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် Pokhara မြို့သို့ရောက်ရှိ၍ မြိုတွင်းတွင်လှည့်လည်ကြည့်ရှု လေ့လာကြသည်။ Pokhara မြို့သည်နီပေါနိုင်ငံတွင်သာယာလှပသော ပတ်ဝန်းကျင်ရှိပြီး ကမ္ဘာလှည့်ခရီးသွားများအများဆုံးလာရောက်ကြသည့်မြို့တစ်မြို့ ဖြစ်ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။