တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး Ms. Vanessa Chan Yuen Ying အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇန္န၀ါရီ- ၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ သည္ ျမန္မာႏုိင္ငံဆုိင္ရာ စင္ကာပူႏုိင္ငံသံအမတ္ႀကီးအျဖစ္ခန႔္အပ္ျခင္းခံရသည့္ Ms. Vanessa Chan Yuen Ying အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး စင္ကာပူႏုိင္ငံသံအမတ္ႀကီးႏွင့္အတူ သံ႐ုံးဒုတိယအႀကီးအကဲ Mr. Koh Chee Chian တုိ႔ တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာႏုိင္ငံႏွင့္စင္ကာပူႏုိင္ငံေခါင္းေဆာင္မ်ား ေခတ္အဆက္ဆက္ခ်စ္ၾကည္ရင္းႏွီးစြာ ဆက္ဆံေရးေကာင္းမြန္ခဲ့မႈအေျခအေနမ်ား၊ ႏွစ္ႏုိင္ငံဆက္ဆံေရးဆုိင္ရာကိစၥရပ္မ်ား၊ ျမန္မာႏုိင္ငံ၏လက္ရွိပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ခုိင္ခုိင္မာမာေလွ်ာက္လွမ္းေနမႈႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တပ္မေတာ္မွေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္မႈ၊ တပ္မေတာ္သားသင္တန္းသားမ်ား စင္ကာပူႏုိင္ငံသုိ႔ေစလႊတ္မႈႏွင့္ ျမန္မာ-စင္ကာပူ ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ ပုိမုိတုိးျမႇင့္ေဆာင္ရြက္ေရးဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စင္ကာပူႏုိင္ငံသံအမတ္ႀကီးအား အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး Ms. Vanessa Chan Yuen Ying အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ- ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် မြန်မာနိုင်ငံဆိုင်ရာစင်ကာပူနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ခြင်းခံရသည့် Ms. Vanessa Chan Yuen Ying အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး စင်ကာပူနိုင်ငံသံအမတ်ကြီးနှင့်အတူ သံရုံးဒုတိယအကြီးအကဲ Mr. Koh Chee Chian တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်စင်ကာပူနိုင်ငံခေါင်းဆောင်များ ခေတ်အဆက်ဆက်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကောင်းမွန်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏လက်ရှိပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနေမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်မှဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှု၊ တပ်မတော်သားသင်တန်းသားများ စင်ကာပူနိုင်ငံသို့စေလွှတ်မှုနှင့် မြန်မာ-စင်ကာပူ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စင်ကာပူနိုင်ငံသံအမတ်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။