တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေမ ၂၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တာ၀န္ၿပီးဆံုး၍ ျပန္လည္ ထြက္ခြာ ေတာ့မည့္ ျမန္မာႏိုင္ငံဆိုင္ရာ ကာတာႏိုင္ငံသံအမတ္ႀကီး H.E. Mr. Hassan Bin Mohamed Rafei AL-Emadi အား ယေနေန႔လယ္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တာ၀န္ရွိသူတုိ႔တက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံဆုိင္ရာ ကာတာႏိုင္ငံသံအမတ္ႀကီး ႏွင့္ အတူ တာ၀န္ရွိသူတုိ႔ တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ ျမန္မာ-ကာတာ ႏွစ္ႏိုင္ငံဆက္ဆံေရးပိုမိုတိုးတက္ ေကာင္းမြန္ေအာင္ ေဆာင္ရြက္ေရး ဆုိင္ရာကိစၥရပ္မ်ားႏွင့္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးက႑မ်ားတြင္ ကာတာႏိုင္ငံက ကူညီ ေဆာင္ရြက္ေပးႏိုင္မည့္ ကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကာတာႏိုင္ငံ သံအမတ္ႀကီးတို႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံ အမတ် ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာ တော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံအမတ်ကြီး H.E. Mr. Hassan Bin Mohamed Rafei AL-Emadi အား ယနေနေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တာဝန်ရှိသူတို့တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံအမတ်ကြီး နှင့် အတူ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ကာတာ နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ကာတာနိုင်ငံက ကူညီ ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာတာနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။