ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ရတနာပုံဆိုက်ဘာစီးတီးအား ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်မည် နေပြည်တော် ဒီဇင်ဘာ ၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကော်မရှင် အတွင်း ရေးမှူးတွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံ နက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီးရှိ ရတနာပုံမြို့သစ်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံတယ်လီပို့ အဆောက် အဦသို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ရတနာပုံမြို့သစ်စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းအတွင်း ဆောင်ရွက်ထားရှိမှု၊ လူနေအိမ်ရာများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ ရတနာပုံတယ်လီပို့ဆိုင်ရာ အဆောက်အဦများ အကောင်အထည်ဖော်ဆောင်ရွက် ထားရှိမှု၊ စီမံကိန်းနယ်မြေအတွင်း လမ်းဖောက်လုပ်ခြင်း၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိ ရေးနှင့် အခြေခံအဆောက်အဦများ ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းဆောင်ရွက်ရန် Expression Of Interest – EOI ဖိတ်ခေါ်ဆောင်ရွက်ထားရှိမှု၊နည်းပညာစက်မှုဇုန်အကောင် အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းများလည်ပတ်လျက်ရှိမှုနှင့် စီမံကိန်း ဆက်လက်ဆောင်ရွက်နိုင်မည့်အခြေအနေများကိုလည်းကောင်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ရတနာပုံမြို့သစ် စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းအဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများဆိုင်ရာ အချက်အလက်များ၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်ပိုင် အဆောက်အဦများဆိုင်ရာ အချက်အလက်များ၊ Soft Base Factories Area ရှိစက်ရုံများဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက ယခုရတနာပုံဆိုက်ဘာစီးတီးအား နိုင်ငံတော်၏ ဆက်သွယ်ရေးနည်းပညာများ တိုးတက်ရေးအတွက် Silicon Village အဖြစ် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ဒီမိုကရေစီဒုတိယအစိုးရ (၂၀၁၅ – ၂၀၂၀ ခုနှစ်) လက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင် ခဲ့ခြင်းကြောင့် ရတနာပုံဆိုက်ဘာစီးတီး၏ လုပ်ငန်းများရပ်တန့်သွားခဲ့ရကြောင်း၊ ယနေ့ ခေတ်သည့် IT ခေတ်ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေအားပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်ဆိုက်ဘာစီးတီး မူလရည်မှန်းချက်များအပြင် ဉာဏ်ရည်တု (AI) နည်းပညာ တိုးတက်ရေးအတွက်လည်း ရည်မှန်းဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုစီမံကိန်းအားနိုင်ငံတော်၏ IT နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာပစ္စည်းများအား အဓိကထုတ်လုပ်ရန် အတွက်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာ စီးတီး)အနီးတွင်တည်ရှိသကဲ့သို့ မန္တလေးမြို့၊ မိတ္ထီလာမြို့၊ ကျောက်ဆည်မြို့တို့ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာက္ကသိုလ်များ နှင့်ချိတ်ဆက်၍လည်း ဆောင်ရွက်နိုင် ပြီး လိုအပ်သည့် လူသားအရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း။ မိမိတို့အနေဖြင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း လုပ်ငန်းပြန်လည်စတင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းအမှန် တကယ်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံသူများ အတွက်လိုအပ်သည့်မြေနေရာများကို ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စီမံကိန်း နယ်မြေအတွင်း လုပ်ကိုင်ခွင့်ချထားပေးသည့် မြေနေရာများ၌ လုပ်ငန်း ဆောင်ရွက်ခြင်း မရှိသည့် မြေနေရာများ၊ နေထိုင်ရန်ချထားပေးသည့် မြေနေရာများ၌ လူနေထိုင်မှုများ မရှိသည့် မြေနေရာများအား စည်းကမ်းနှင့်အညီဖြစ်စေရေး စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရတနာပုံဆိုက်ဘာစီးတီးအား အစိုးရမှ ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက် သကဲ့သို့ ရတနာပုံမြို့သစ်အိမ်ရာဖွံ့ဖြိုးတိုးတက်စေရေး အတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ရတနာပုံမြို့သစ် စီမံကိန်းဧရိယာ အတွင်း လူအပြည့်နေထိုင်မည်၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်မည် ဆိုပါက သောက်သုံးရေများ လုံလောက်စွာရရှိရေး ကြိုတင်စီမံ ဆောင်ရွက်ထားရှိရန်နှင့် လျှပ်စစ်မီးလိုအပ်ချက်အား ကြိုတင်တွက်ချက်၍ အထက် ရဲရွာရေအား လျှပ်စစ်စီမံကိန်းမှ ဖြည့်တင်းဆောင်ရွက် သွားနိုင်ကြောင်း၊ စီမံကိန်းမြေ နေရာများ၌ အဆောက်အဦများ ထပ်မံဆောက်လုပ်ရာတွင်လည်း ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်အောင် စနစ်တကျဆောက်လုပ်သွားရန်လိုကြောင်း၊ ရတနာပုံမြို့သစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်လာရေး အတွက်သက်ဆိုင်ရာ တာဝန်ရှိ သူများအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွား ကြရန်လိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ရတနာပုံမြို့သစ်စီမံကိန်းအတွင်း မော်တော် ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးသည်။ ၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) သို့ရောက်ရှိကြရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က တက္ကသိုလ်စာသင်ဆောင်များ၊ ဘက်စုံသုံးခန်းမ၊ အလုပ်ရုံများ၊ အားကစားရုံများ တည် ဆောက်ထားရှိမှု၊ သက်ဆိုင်ရာဘာသာရပ်များအလိုက် ကျောင်းသား၊ ကျောင်း သူများ အား သင်ကြားပေးလျက်ရှိမှုနှင့် ကျောင်သား၊ ကျောင်းသူများအတွက် အိပ် ဆောင်နှင့် ဆရာ၊ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာလိုအပ်မှုများကို ရှင်းလင်တင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူများ အတွက် လိုအပ် သည့် အိပ်ဆောင်နှင့် ဆရာ၊ ဆရာမများအတွက် လိုအပ်သည့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်အတွက် သောက်သုံးရေများ လုံလောက်စွာရရှိရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြားပြီး တက္ကသိုလ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
Month: ဒီဇင်ဘာ ၂၀၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော် ဒီဇင်ဘာ ၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါ လာသည့်အဖွဲ့ဝင်များ၊မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ မန္တလေး–လားရှိုးလမ်းမကြီးမှဇီးပင်ကြီးကျေးရွာနှင့် ဗဟိုမီးသတ်သင်တန်းကျောင်းသို့ ဝင်ရောက်သည့် လမ်းသစ်ဖောက်လုပ်မည့် လျာထားလမ်းအူကြောင်းနေရာဦးစွာ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မန္တလေး–လားရှိုးလမ်းမကြီးမှ ဇီးပင်ကြီးကျေးရွာနှင့် ဗဟိုမီးသတ် သင်တန်းကျောင်းသို့ဝင်ရောက်သည့် လမ်းသစ်ဖောက်လုပ်မည့် လျာထားလမ်း အူကြောင်းနေရာတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်းသစ်ဖောက်လုပ်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ရေရှည်တည်တံ့ခိုင်မြဲပြီး အဆင့်မီသည့်လမ်းဖြစ် ပေါ်လာ စေရေး၊ ဒေသခံများ အဆင့်မီမီ အသုံးပြုသွားလာနိုင်ရေး စနစ်တကျ တွက် ချက်ဆောင် ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ သုတေသနဌာနခွဲ(ပြင်ဦးလွင်)ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စက်မှုဝန်ကြီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(ပြင်ဦးလွင်ခရိုင်ရုံးခွဲ)သို့ သွားရောက် ကြည့်ရှု စစ်ဆေးရာ စားသောက်ကုန်ဓာတ်ခွဲခန်း ရှင်းလင်းဆောင်၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကစားသောက်ကုန်ဓာတ်ခွဲခန်းများ ဆောင်ရွက် ရခြင်းရည်ရွယ်ချက်၊ ပြည်တွင်းရှိ စားသောက်ကုန်ဆိုင်ရာ ဓာတ်ခွဲခန်းများ၊ စက်မှုဝန်ကြီးဌာနရှိ ဓာတ်ခွဲခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MSME လုပ်ငန်းများနှင့် ထုတ်လုပ်မှုလုပ်ငန်းအမျိုးအစားများ၊ မြန်မာ့ SME များ ရှင်သန်ဖွံဖြိုး တိုးတက်လာစေရန် ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များ၊ ဥပဒေအမိန့်ညွှန်ကြားချက် များနှင့်အညီဆောင်ရွက်ရန်လိုအပ်မှု၊ ဓာတ်ခွဲစမ်းသပ် ဝန်ဆောင်မှုပေးနိုင်သည့် အခြေအနေနှင့် MSMEလုပ်ငန်းများအတွက် ပိုချမည့်သင်တန်းများ၊ သုတေသနဌာ နခွဲ (ပြင်ဦးလွင်) ဖြစ်ပေါ်လာပုံနှင့် ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုပေးနိုင် မှု၊ ဓာတ်ခွဲခန်း ဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO 17025:2017) ရရှိနိုင်ရေး ဆောင်ရွက်နေမှုနှင့် အဏုဇီဝဓာတ်ခွဲခန်းလိုအပ်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြင်ဦးလွင်ဒေသသည် MSME လုပ်ငန်းများ များစွာရှိ သည်ဖြစ်သဖြင့် စားသောက်ကုန်ဓာတ်ခွဲခန်းဆောင်ရွက်ပေးခြင်းသည် များစွာ အကျိုးရှိ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြား သည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော် မရှင်ဥက္ကဋ္ဌ သည် သုတေသနဌာနခွဲ(ပြင်ဦးလွင်)အတွင်း MSME လုပ်ငန်းများမှ လက်ခံရ ရှိသော နမူနာပစ္စည်းများအား ဓာတ်ခွဲစမ်းသပ်ခြင်းဆောင်ရွက်ထားရှိမှုနှင့် ဓာတ်ခွဲစမ်း သပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုလုပ်ငန်းစဉ်အဆင့်ဆင့်အား လိုက်လံ ကြည့် ရှုစစ်ဆေး ခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။ သုမင်္ဂလာဈေး(ညံတောဈေး) အဆင့်မြင့်ဈေးသစ်တည်ဆောက်ရေးစီမံကိန်းထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး(ညံတောဈေး) အဆင့်မြင့်ဈေး သစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
အင်ဂျင်နီယာတပ်ဖွဲ့ဝင်ဖြစ်လာမည့် ရဲဘော်တို့သည် ခြေလျင်စစ်သည်များကဲ့သို့ တိုက်ပွဲဝင်နိုင်ရန် မိမိတို့၏ တပ်ဖွဲ့ဆိုင်ရာ စစ်အင်ဂျင်နီယာပညာရပ်သာမက စစ်နည်း ဗျူဟာပညာရပ်များကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားရန်လိုအပ်သကဲ့သို့ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတာဝန်များကိုပါ စွမ်းစွမ်းတမံ ထမ်းဆောင် နိုင်သည့် အင်ဂျင်နီယာအတတ်ပညာရှင်များ ဖြစ်အောင်ကြိုးပမ်း နေပြည်တော် ဒီဇင်ဘာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ)ရုံး အဆောက်အဦသစ်ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်
နေပြည်တော် ဒီဇင်ဘာ ၄ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံးအဆောက်အဦ သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးမြို့ မဟာမုနိဘုရားကြီးသို့ သွားရောက် ဖူးမြော်ကြည်ညို၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို ကြည့်ရှုစစ်ဆေး
နေပြည်တော် ဒီဇင်ဘာ ၄ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မဟာမုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့် သာသနိကအဆောက်အဦများအား ရှေးမူမပျက် ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံနေမှု အခြေအနေ






