တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Heuangseng KHAMDALAVONG အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေမ ၃၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံဆုိင္ရာ လာအုိႏုိင္ငံသံ အမတ္ႀကီး H.E. Mr. Heuangseng KHAMDALAVONG အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာလာအုိ ႏုိင္ငံ သံအမတ္ႀကီးႏွင့္အတူ စစ္သံမွဴး Colonel Bounmyvieng VIENGNHOUTTHASAT ႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာ-လာအုိႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရးႏွင့္ပူးေပါင္းေဆာင္ ရြက္မႈမ်ား တုိးတက္ေကာင္းမြန္လ်က္ရွိသည့္ အေျခ အေနမ်ား၊ ႏွစ္ႏုိင္ငံယဥ္ေက်းမႈႏွင့္ ကုိးကြယ္မႈဘာသာမ်ား မ်ားစြာတူညီမႈရွိၿပီး လာအုိႏုိင္ငံတြင္ ေထရ၀ါဒဗုဒၶဘာသာဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ လုိအပ္သည္မ်ား ကူညီပံ့ပုိး ေဆာင္ရြက္ ေပးႏုိင္မည့္အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံအၾကားကုန္သြယ္ေရးႏွင့္ ခရီးသြားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတုိး တက္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္ႏုိင္မည့္အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈပုိမုိတုိးတက္ခုိင္မာေစေရးအတြက္ ယဥ္ေက်းမႈအဖြဲ႕မ်ား၊ အားကစားအဖြဲ႕မ်ားႏွင့္ အဆင့္ အလုိက္ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္ေရးဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာအျပန္ အလွန္ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာ လာအုိႏုိင္ငံသံအမတ္ႀကီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ ေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Heuangseng KHAMDALAVONG အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ ၃၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံ အမတ်ကြီး H.E. Mr. Heuangseng KHAMDALAVONG အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာလာအို နိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Colonel Bounmyvieng VIENGNHOUTTHASAT နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-လာအိုနှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင် ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိသည့် အခြေ အနေများ၊ နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ကိုးကွယ်မှုဘာသာများ များစွာတူညီမှုရှိပြီး လာအိုနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက် ပေးနိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံအကြားကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ခိုင်မာစေရေးအတွက် ယဉ်ကျေးမှုအဖွဲ့များ၊ အားကစားအဖွဲ့များနှင့် အဆင့် အလိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအပြန် အလှန် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။