တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၃၀)နှစ်မြောက် အမျိုးသားကာကွယ်ရေးနေ့နှင့် (၇၅)နှစ်မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော် တည်ထောင်သည့်နေ့ အခမ်းအနားများသို့ တက်ရောက်ရန် ထွက်ခွာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၃၀)နှစ်မြောက် အမျိုးသားကာကွယ်ရေးနေ့နှင့် (၇၅)နှစ်မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော် တည်ထောင်သည့်နေ့ အခမ်းအနားများသို့ တက်ရောက်ရန် ထွက်ခွာ

နေပြည်တော်၊ ဒီဇင်ဘာ  ၁၈

ဗီယက်နမ်တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Gaing ၏ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံတွင် ချစ်ကြည်ရေးခရီး လည်ပတ်ရန်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၃၀)နှစ်မြောက် အမျိုးသားကာကွယ်ရေးနေ့နှင့် (၇၅)နှစ်မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော် တည်ထောင်သည့်နေ့ အခမ်းအနားများသို့ တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ဗီယက်နမ်နိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ မြန်မာ နိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲနှင့် ပထမအတွင်းဝန် Le Gia Thinh၊ ဗီယက်နမ်နိုင်ငံ လက်ထောက်စစ်သံမှူး Lieutenant Colonel  Nguyen Quang Trung နှင့်တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ အဖွဲ့ဝင်များအဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ နိုဘိုင်း အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြရာ ဗီယက်နမ်ပြည်သူ့တပ်မတော်မှ ဒုတိယစစ်ဦးစီး အရာရှိချုပ် Lieutenant General Ngo Minh Tien၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူး ဒေါ်ဝင်းစန္ဒာဆွေ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် အောင်ဇေယျနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့သည် အဆိုပါခရီးစဉ်အတွင်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၃၀) နှစ်မြောက် အမျိုးသားကာကွယ်ရေးနေ့နှင့် (၇၅) နှစ်မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော် တည်ထောင်သည့်နေ့ အခမ်းအနားများသို့ ပါဝင်တက်ရောက်ခြင်း၊ ဗီယက်နမ်နိုင်ငံ အစိုးရအဖွဲ့နှင့် ဗီယက်နမ်ပြည်သူ့တပ်မတော်တို့မှ အကြီးအကဲများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခြင်းနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

(Zawgyi One)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ ဗီယက္နမ္ဆုိရွယ္လစ္သမၼတႏိုင္ငံ၏ (၃၀)ႏွစ္ေျမာက္ အမ်ဳိးသားကာကြယ္ေရးေန႕ႏွင့္ (၇၅)ႏွစ္ေျမာက္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္ တည္ေထာင္သည့္ေန႕ အခမ္းအနားမ်ားသုိ႕ တက္ေရာက္ရန္ ထြက္ခြာ

ေနျပည္ေတာ္၊ ဒီဇင္ဘာ  ၁၈

ဗီယက္နမ္တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္ Senior Lieutenant General Phan Van Gaing ၏ဖိတ္ၾကားခ်က္အရ ဗီယက္နမ္ႏုိင္ငံတြင္ ခ်စ္ၾကည္ေရးခရီး လည္ပတ္ရန္ႏွင့္ ဗီယက္နမ္ဆုိရွယ္လစ္သမၼတႏိုင္ငံ၏ (၃၀)ႏွစ္ေျမာက္ အမ်ဳိးသားကာကြယ္ေရးေန႕ႏွင့္ (၇၅)ႏွစ္ေျမာက္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္ တည္ေထာင္သည့္ေန႕ အခမ္းအနားမ်ားသုိ႕ တက္ေရာက္ရန္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပိုင္းတြင္ မဂၤလာဒုံေလတပ္စခန္းဌာနခ်ဳပ္မွ ဗီယက္နမ္ႏိုင္ငံသို႔ ေလေၾကာင္းခရီးျဖင့္ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕အား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ သက္ပုံ ျမန္မာ ႏိုင္ငံဆိုင္ရာ ဗီယက္နမ္ႏိုင္ငံသံ႐ုံးမွ သံ႐ုံးဒုတိယအႀကီးအကဲႏွင့္ ပထမအတြင္း၀န္ Le Gia Thinh၊ ဗီယက္နမ္ႏိုင္ငံ လက္ေထာက္စစ္သံမွဴး Lieutenant Colonel  Nguyen Quang Trung ႏွင့္တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕တြင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္အတူ အဖြဲ႕၀င္မ်ားအျဖစ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညဳိေစာ၊ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား လိုက္ပါသြားၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႕နံနက္ပုိင္းတြင္ ဗီယက္နမ္ႏိုင္ငံ၊ ႏိုဘိုင္း အျပည္ျပည္ ဆိုင္ရာေလဆိပ္သို႔ေရာက္ရွိၾကရာ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္မွ ဒုတိယစစ္ဦးစီး အရာရွိခ်ဳပ္ Lieutenant General Ngo Minh Tien၊ ဗီယက္နမ္ႏုိင္ငံဆိုင္ရာ ျမန္မာသံ႐ုံးမွ သံမွဴး ေဒၚ၀င္းစႏၵာေဆြ၊ ျမန္မာစစ္သံ (ၾကည္း၊ ေရ၊ေလ) ဗိုလ္မွဴးခ်ဳပ္ ေအာင္ေဇယ်ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ႀကဳိဆိုႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္္ကုိယ္စား လွယ္အဖြဲ႕သည္ အဆုိပါခရီးစဥ္အတြင္း ဗီယက္နမ္ဆုိရွယ္လစ္သမၼတႏိုင္ငံ၏ (၃၀) ႏွစ္ေျမာက္ အမ်ဳိးသားကာကြယ္ေရးေန႕ႏွင့္ (၇၅) ႏွစ္ေျမာက္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္ တည္ေထာင္သည့္ေန႕ အခမ္းအနားမ်ားသုိ႕ ပါ၀င္တက္ေရာက္ျခင္း၊ ဗီယက္နမ္ႏုိင္ငံ အစုိးရအဖြဲ႕ႏွင့္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္တုိ႕မွ အႀကီးအကဲမ်ားႏွင့္ ေတြ႕ဆုံ၍ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈ ျမႇင့္တင္ေရးဆုိင္ရာကိစၥရပ္မ်ားအား ေဆြးေႏြးျခင္းႏွင့္ အထင္ကရေနရာမ်ားသုိ႕ သြားေရာက္ေလ့လာျခင္းမ်ား ေဆာင္ရြက္ သြားမည္ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။