တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ်က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ်က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

နေပြည်တော်၊ ဒီဇင်ဘာ – ၁၉

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ Army Hotel ၌ ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူး ဒေါ်ဝင်းစန္ဒာဆွေ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် အောင်ဇေယျ တို့ တက်ရောက်ကြပြီး ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ်နှင့်အတူ ဗီယက်နမ်ပြည်သူ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များအား ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ်နှင့် အရာရှိကြီးများက ရင်းနှီးစွာကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က နှုတ်ခွန်းဆက်စကားများနှင့် ဆုမွန်ကောင်းစကားများ အသီးသီးပြောကြားကြပြီး တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြ သည်။

ညစာသုံးဆောင်နေစဉ်အတွင်း ဗီယက်နမ်တပ်မတော်ဖျော်ဖြေရေးအဖွဲ့က နှစ်နိုင်ငံ တေးသီချင်းများ၊ အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗီယက်နမ်တပ်မတော် ဖျော်ဖြေရေးအဖွဲ့ဝင်များအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

(Zawgyi One)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕အား ဗီယက္နမ္ျပည္သူ႔တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္က ဂုဏ္ျပဳညစာျဖင့္တည္ခင္းဧည့္ခံ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁၉

ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕အား ယေန႔ညပိုင္းတြင္ ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕ရွိ Army Hotel ၌ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္ Senior Lieutenant General Phan Van Giang က ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံသည္။

အဆိုပါညစာစားပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ စစ္ေထာက္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ဗီယက္နမ္ႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံ႐ုံးမွ သံမႉး ေဒၚဝင္းစႏၵာေဆြ၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗိုလ္မႉးခ်ဳပ္ ေအာင္ေဇယ် တို႔ တက္ေရာက္ၾကၿပီး ဗီယက္နမ္ျပည္သူ႔တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္ႏွင့္အတူ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္မွ အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားအား ဗီယက္နမ္ျပည္သူ႔တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္ႏွင့္ အရာရွိႀကီးမ်ားက ရင္းႏွီးစြာႀကိဳဆိုႏႈတ္ဆက္သည္။ ထို႔ေနာက္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္ႏွင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တို႔က ႏႈတ္ခြန္းဆက္စကားမ်ားႏွင့္ ဆုမြန္ေကာင္းစကားမ်ား အသီးသီးေျပာၾကားၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ ဂုဏ္ျပဳညစာကို အတူတကြသုံးေဆာင္ၾက သည္။

ညစာသုံးေဆာင္ေနစဥ္အတြင္း ဗီယက္နမ္တပ္မေတာ္ေဖ်ာ္ေျဖေရးအဖြဲ႕က ႏွစ္ႏိုင္ငံ ေတးသီခ်င္းမ်ား၊ အဆိုအကမ်ားျဖင့္ ဧည့္ခံေဖ်ာ္ေျဖၾကသည္။ ညစာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္ တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဗီယက္နမ္တပ္မေတာ္ ေဖ်ာ္ေျဖေရးအဖြဲ႕ဝင္မ်ားအား ရင္းရင္း ႏွီးႏွီးလိုက္လံႏႈတ္ဆက္ၿပီး ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။