တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟားခါးမြို့ရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟားခါးမြို့ရှိ ဒေသခံပြည်သူများအား ရင်း ရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော်၊ မတ် – ၁၁

နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန်လိုအပ်သည့်အပြင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဋ္ဌာနပေါင်းစုံမှဝန်ထမ်းများ၊ ဒေသခံပြည်သူများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းမှစ၍ ထိန်းသိမ်းဆောင်ရွက်ပါက မိမိတို့တစ်ဦးချင်း၏ ဘဝများတိုးတက်လာမည်ဖြစ်သည့်အပြင် မိမိဒေသ၊ မိမိတိုင်း ပြည်ကိုလည်း တိုးတက်လာစေမည်ဖြစ်ပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဟားခါးမြို့ပေါ် ရပ်ကွက်များမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ဋ္ဌာနဆိုင်ရာဝန်ထမ်းများအား မြို့တော်ခန်းမ၌ ရင်းရင်းနှီးနှီးတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့်ဇနီး၊ ဟားခါးမြို့ရှိ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဟားခါးမြို့ပေါ်ရပ်ကွက်များမှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဋ္ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။


ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တွေ့ဆုံပွဲပြုလုပ်မည့် မြို့တော်ခန်းမသို့ ရောက်ရှိကြရာ ချင်းပြည်နယ်၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဦးစတီဗင်လျန် ဟုပ်လိန်း၊မြို့မိမြို့ဖ ဦးငွန်ဆန်းအောင်နှင့် အဖွဲ့ဝင်များက လှိုက်လှိုက်လှဲလှဲကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် သိက္ခာတော်ရ ဆရာတော် ဦးစတီဗင်လျန်ဟုပ်လိန်းက ဆုတောင်းမေတ္တာပို့သပြီး ကောင်းချီးမင်္ဂလာပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့ နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ဆုတောင်းမေတ္တာစကားများ ပို့သပေးသည့်အတွက် ကျေးဇူးတင်ဝမ်း မြောက်ပါကြောင်း၊ ချင်းပြည်နယ်သည် သွားရေးလာရေးခက်ခဲမှုရှိပြီး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်ရှိနေဆဲပင်ဖြစ်ကြောင်း၊ ယခု မိမိတို့နိုင်ငံသည် ၂၀၁၁ ခုနှစ်မှစပြီး ပါတီစုံဒီမို ကရေစီစနစ်စတင်ကျင့်သုံးခဲ့ကာ ယခုအခါတွင် ၉ နှစ်တာခရီးရှိပြီဖြစ်သည့်အချိန်တွင် ချင်းပြည်နယ်၏ ယခင်နှင့် မတူ တိုးတက်ပြောင်းလဲမှုများကို တွေ့မြင်ရသည့်အတွက်လည်း ဝမ်းမြောက်ပါကြောင်းနှင့် ထိုသို့ တိုးတက်အောင်ဆောင်ရွက်ပေးခဲ့သူများကိုလည်း ချီးကျူးပါကြောင်း၊ သို့သော်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ကြိုးစား လုပ်ဆောင် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် အတွက် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရတည်ငြိမ်အေးချမ်းရန် လိုအပ်သည့်အပြင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဋ္ဌာနပေါင်းစုံမှ ဝန်ထမ်းများ၊ ဒေသခံပြည်သူများအားလုံး စည်းလုံး ညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသကိုပြန်လည်အကျိုးပြုနိုင်မည့် အသိပညာရှင်၊ အတတ်ပညာ ရှင်များ ပေါ်ထွက်လာရေး ပညာရေးကို အလေးထားဆောင်ရွက် ကြစေလိုကြောင်း၊ ခေတ်မီသောနိုင်ငံ တော်ကြီးအဖြစ် ရှေ့ရှုဆောင်ရွက်နေခြင်းဖြစ်သော်လည်း ပကတိအခြေအနေတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို လက်လွှတ်၍မရသဖြင့် မိမိတို့၏ အနာဂတ်မျိုးဆက်သစ်များအား စက်မှုလက်မှုသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံတို့ကဲ့သို့သော ဒေသတွင်းပြန်လည်အသုံးချနိုင်မည့် ပညာရပ်များကို ဦးစားပေးတက် ရောက်ကြစေ လိုကြောင်း၊ ဒေသတွင်း ဆန်ဖူလုံမှုမရှိခြင်းအပေါ် ညည်းတွားနေ၍မရဘဲ ဒေသ၏ အခြားထုတ် ကုန်၊ ရောင်းကုန်များဖြစ်သော ကော်ဖီ၊ လက်ဖက်၊ လိမ္မော်နှင့် အခြားထွက် ကုန်များကို နည်းစနစ်ကျနစွာဖြင့် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ခြင်းဖြင့် ဝင်ငွေတိုးပွားအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝင်ငွေတိုးပွားလာပါက ဆန်လိုအပ်ချက် ကို ဖြည့်တင်းနိုင်မည်ဖြစ်ကြောင်း၊ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ကိုင်ရန် အခွင့်အလမ်းများ ရှိသည့်အတွက် ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း။

အသိပညာအတတ်ပညာရှင်များပေါ်ထွက်လာစေရန် ပညာရပ်များကို သင်ယူရာတွင် ကျန်းမာရေးကောင်းမွန် ရေးသည်အဓိကအရေးကြီးပြီး ကျန်းမာမှအလုပ် လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်မှလည်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို နိုင်ငံအတွင်းနေရာ အနှံ့အပြားသို့ စေလွှတ်ဆောင်ရွက် ပေးလျက်ရှိပြီး ဝေးလံခေါင်ပါးသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ချင်းပြည်နယ် အတွင်းရှိ ကျေးရွာများ၏ ဆေးဘက်ဆိုင်ရာဆရာဝန်လိုအပ်ချက်ကို မိမိသဘောဆန္ဒဖြင့် တာဝန်ထမ်း ဆောင်လိုသည့် စစ်ဘက်ဆရာဝန် ၄၂ ဦးအား ၂၀၁၅ ခုနှစ်ကတည်းက စေလွှတ်ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများ၏ ဆက်လက်ဆောင်ရွက်ပေးပါရန် တောင်းဆိုချက်များအရ ၎င်းဆရာဝန်များနေရာတွင် တာဝန်ထမ်းဆောင်လိုသူများကို လဲလှယ်တာဝန်ထမ်းဆောင်စေလျက်ရှိကာ ဆေးပစ္စည်းလိုအပ်ချက်များ ကိုလည်း တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆေးဘက်ဆိုင်ရာ ကူညီ ဆောင်ရွက်မှု များအား မည်သို့ပင်ဆောင်ရွက်ပေးစေကာမူ အဓိကအရေးကြီးသည်မှာ မိမိကိုယ်တိုင်ပင်ဖြစ်၍ နေထိုင် စားသောက်မှုများကို ထိန်းသိမ်းဆင်ခြင် ဆောင်ရွက် ကြစေလိုပါကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် စားသောက်မှုပုံစံကိုသာ ဖြစ်စေလိုပါကြောင်း၊ မိမိနှင့် မိမိ မိသားစု၊ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးမရှိသည့် အရက်သေစာသောက်စားခြင်း၊ ဆေးလိပ်၊ ကွမ်းယာ သုံးစွဲခြင်းများကို ရှောင်ကြဉ်ကြ စေလိုကြောင်း။

ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်စွမ်းအင်သည် အဓိကလိုအပ်ချက်ဖြစ်ပြီး လျှပ်စစ်စွမ်းအင်မရှိပါက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက်မဟုတ်ဘဲ ဒေသအတွက်ကြည့်ပြီးလျှပ်စစ် စွမ်းအင် ထုတ်ယူသုံးစွဲမှုများကို သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်မည့်အကြောင်းအရာများမှအပ ကန့်ကွက်မှုများကို စဉ်းစား ဆောင်ရွက်ကြစေလိုကြောင်း၊ လျှပ်စစ်စွမ်းအား မရှိပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေနိုင်သဖြင့် လျှပ်စစ်စွမ်းအားကို အကျိုးရှိရှိထုတ်လုပ်သုံးစွဲကြစေလိုကြောင်း၊ ရေအားလျှပ်စစ်၊ ဆိုလာစနစ်အပြင်၊ လေအား ကိုအသုံးပြု၍ လျှပ်စစ်စွမ်းအားထုတ်ယူခြင်း Wind Power တို့ကိုလည်း ဘက်ပေါင်းစုံမှစဉ်းစား၍ တိုင်ပင် ဆောင်ရွက်ကြစေလိုကြောင်း၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ခြင်းနှင့် တယ်လီဖုန်းဆက်သွယ်မှုများ ကောင်းမွန်ခြင်းသည်လည်း ဒေသတိုးတက်မှုကို အထောက်အကူများစွာဖြစ်စေပါကြောင်း၊ ဆက်သွယ်မှုမြန် ဆန်ကောင်းမွန်ပြီး သတင်းအချက်အလက်လျှင်မြန်စွာ စီးဆင်းမှုကြောင့် တစ်ဦးချင်းနှင့် ဒေသအတွက် အကျိုးရှိသည်ဖြစ်သော်လည်း ဆိုရှယ်မီဒီယာများအသုံးပြုရာတွင် မိမိအတွက် အကျိုးရှိသည်များကိုသာ လေ့လာရန်နှင့် အကျိုး မရှိသည်များကို သုံးစွဲခြင်းဖြင့် ဘဝ၏အချိန်များကို မဖြုန်းကြစေလိုကြောင်း၊ တစ်ဦးချင်း မှစ၍ ထိန်းသိမ်းဆောင်ရွက်ပါက မိမိတို့တစ်ဦးချင်း၏ ဘဝများတိုးတက်လာမည်ဖြစ်သည့် အပြင် မိမိဒေသ၊ မိမိတိုင်းပြည်ကိုလည်း တိုးတက်လာစေမည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အတွင်း ယခုထက်ပို၍ ဖွံ့ဖြိုးတိုးတက် စေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ဆွေးနွေးအကြံပြုပြောကြားသည်။

ထို့နောက် ဟားခါးမြို့၊ မြို့မိမြို့ဖ ဦးလျှန်မန်းနှင့် ဦးငွန်ဆန်းအောင်တို့က ချင်းပြည်နယ်အတွင်း တပ်မတော် မှ သဘာဝဘေးဆိုင်ရာကို ကူညီဆောင်ရွက်ပေးခြင်း၊ ဆေးဝါးကုသမှုဆိုင်ရာများနှင့် အခြားသော ဒေသတွင်း လိုအပ်ချက်များကို အစဉ်ကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို ဒေသခံပြည်သူများက ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ဒေသတွင်းကြုံတွေ့နေရ သည့် အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြရာ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဒေသထွက် ချင်းရိုးရာပစ္စည်းများကို ပေးအပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံပြည်သူများအတွက် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် သုတရသစာအုပ် စာစောင်များကို ပြန်လည်ပေးအပ်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဒေသခံပြည်သူများနှင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဟားခါးၿမိဳ႕ရွိ ေဒသခံျပည္သူမ်ားအား ရင္း ရင္းႏွီးႏွီးေတြ႕ဆုံ

ေနျပည္ေတာ္၊ မတ္ – ၁၁

ႏိုင္ငံတစ္ႏိုင္ငံ၊ ေဒသတစ္ခုဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္လိုအပ္သည့္အျပင္ တာဝန္ ထမ္းေဆာင္လ်က္ရွိသည့္ ႒ာနေပါင္းစုံမွဝန္ထမ္းမ်ား၊ ေဒသခံျပည္သူမ်ားအားလုံး စည္းလုံးညီၫြတ္စြာျဖင့္ ပူးေပါင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္းမွစ၍ ထိန္းသိမ္းေဆာင္႐ြက္ပါက မိမိတို႔တစ္ဦးခ်င္း၏ ဘဝမ်ားတိုးတက္လာမည္ျဖစ္သည့္အျပင္ မိမိေဒသ၊ မိမိတိုင္း ျပည္ကိုလည္း တိုးတက္လာေစမည္ျဖစ္ပါေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပိုင္းတြင္ ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ေဒသခံျပည္သူမ်ား၊ ဟားခါးၿမိဳ႕ေပၚ ရပ္ကြက္မ်ားမွ စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ားႏွင့္ ဟားခါးၿမိဳ႕တြင္ တာဝန္ထမ္းေဆာင္ လ်က္ရွိသည့္ ႒ာနဆိုင္ရာဝန္ထမ္းမ်ားအား ၿမိဳ႕ေတာ္ခန္းမ၌ ရင္းရင္းႏွီးႏွီးေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ စိုးတင့္ႏိုင္ႏွင့္ဇနီး၊ ဟားခါးၿမိဳ႕ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ေဒသခံျပည္သူမ်ား၊ ဟားခါးၿမိဳ႕ေပၚရပ္ကြက္မ်ားမွ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ ဟားခါးၿမိဳ႕တြင္ တာဝန္ထမ္းေဆာင္လ်က္ရွိသည့္ ႒ာနဆိုင္ရာဝန္ထမ္းမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ေတြ႕ဆုံပြဲျပဳလုပ္မည့္ ၿမိဳ႕ေတာ္ခန္းမသို႔ ေရာက္ရွိၾကရာ ခ်င္းျပည္နယ္၊ ခရစ္ယာန္ဂိုဏ္းေပါင္းစုံအတြင္းေရးမႉး သိကၡာေတာ္ရဆရာေတာ္ ဦးစတီဗင္လ်န္ ဟုပ္လိန္း၊ၿမိဳ႕မိၿမိဳ႕ဖ ဦးငြန္ဆန္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ားက လႈိက္လႈိက္လွဲလွဲႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ သိကၡာေတာ္ရ ဆရာေတာ္ ဦးစတီဗင္လ်န္ဟုပ္လိန္းက ဆုေတာင္းေမတၱာပို႔သၿပီး ေကာင္းခ်ီးမဂၤလာေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးေျပာၾကားရာတြင္ ယခုကဲ့သို႔ ေႏြးေထြးစြာ ႀကိဳဆိုခဲ့ၾကၿပီး ဆုေတာင္းေမတၱာစကားမ်ား ပို႔သေပးသည့္အတြက္ ေက်းဇူးတင္ဝမ္း ေျမာက္ပါေၾကာင္း၊ ခ်င္းျပည္နယ္သည္ သြားေရးလာေရးခက္ခဲမႈရွိၿပီး ဖြံ႕ၿဖိဳးတိုးတက္ရန္ လိုအပ္ခ်က္ရွိေနဆဲပင္ျဖစ္ေၾကာင္း၊ ယခု မိမိတို႔ႏိုင္ငံသည္ ၂၀၁၁ ခုႏွစ္မွစၿပီး ပါတီစုံဒီမို ကေရစီစနစ္စတင္က်င့္သုံးခဲ့ကာ ယခုအခါတြင္ ၉ ႏွစ္တာခရီးရွိၿပီျဖစ္သည့္အခ်ိန္တြင္ ခ်င္းျပည္နယ္၏ ယခင္ႏွင့္ မတူ တိုးတက္ေျပာင္းလဲမႈမ်ားကို ေတြ႕ျမင္ရသည့္အတြက္လည္း ဝမ္းေျမာက္ပါေၾကာင္းႏွင့္ ထိုသို႔ တိုးတက္ေအာင္ေဆာင္႐ြက္ေပးခဲ့သူမ်ားကိုလည္း ခ်ီးက်ဴးပါေၾကာင္း၊ သို႔ေသာ္လည္း ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ ဆက္လက္ႀကိဳးစား လုပ္ေဆာင္ သြားၾကရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံ၊ ေဒသတစ္ခုဖြံ႕ၿဖိဳးတိုးတက္ရန္ အတြက္ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းရန္ လိုအပ္သည့္အျပင္ တာဝန္ထမ္းေဆာင္လ်က္ရွိသည့္ ႒ာနေပါင္းစုံမွ ဝန္ထမ္းမ်ား၊ ေဒသခံျပည္သူမ်ားအားလုံး စည္းလုံး ညီၫြတ္စြာျဖင့္ ပူးေပါင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။

ထို႔ျပင္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဒသကိုျပန္လည္အက်ိဳးျပဳႏိုင္မည့္ အသိပညာရွင္၊ အတတ္ပညာ ရွင္မ်ား ေပၚထြက္လာေရး ပညာေရးကို အေလးထားေဆာင္႐ြက္ ၾကေစလိုေၾကာင္း၊ ေခတ္မီေသာႏိုင္ငံ ေတာ္ႀကီးအျဖစ္ ေရွ႕ရႈေဆာင္႐ြက္ေနျခင္းျဖစ္ေသာ္လည္း ပကတိအေျခအေနတြင္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားကို လက္လႊတ္၍မရသျဖင့္ မိမိတို႔၏ အနာဂတ္မ်ိဳးဆက္သစ္မ်ားအား စက္မႈလက္မႈသိပၸံ၊ စိုက္ပ်ိဳးေရးသိပၸံတို႔ကဲ့သို႔ေသာ ေဒသတြင္းျပန္လည္အသုံးခ်ႏိုင္မည့္ ပညာရပ္မ်ားကို ဦးစားေပးတက္ ေရာက္ၾကေစ လိုေၾကာင္း၊ ေဒသတြင္း ဆန္ဖူလုံမႈမရွိျခင္းအေပၚ ညည္းတြားေန၍မရဘဲ ေဒသ၏ အျခားထုတ္ ကုန္၊ ေရာင္းကုန္မ်ားျဖစ္ေသာ ေကာ္ဖီ၊ လက္ဖက္၊ လိေမၼာ္ႏွင့္ အျခားထြက္ ကုန္မ်ားကို နည္းစနစ္က်နစြာျဖင့္ အရည္အေသြးျပည့္မီစြာ ထုတ္လုပ္ျခင္းျဖင့္ ဝင္ေငြတိုးပြားေအာင္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ဝင္ေငြတိုးပြားလာပါက ဆန္လိုအပ္ခ်က္ ကို ျဖည့္တင္းႏိုင္မည္ျဖစ္ေၾကာင္း၊ ဥယ်ာဥ္ၿခံစိုက္ပ်ိဳးေရးလုပ္ကိုင္ရန္ အခြင့္အလမ္းမ်ား ရွိသည့္အတြက္ ေဒသႏွင့္ ကိုက္ညီသည့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ေအာင္ျမင္ ျဖစ္ထြန္းေအာင္ ေဆာင္႐ြက္ၾကေစလိုေၾကာင္း။

အသိပညာအတတ္ပညာရွင္မ်ားေပၚထြက္လာေစရန္ ပညာရပ္မ်ားကို သင္ယူရာတြင္ က်န္းမာေရးေကာင္းမြန္ ေရးသည္အဓိကအေရးႀကီးၿပီး က်န္းမာမွအလုပ္ လုပ္ႏိုင္မည္၊ က်န္းမာမွ ပညာသင္ၾကားႏိုင္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္မွလည္း က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို ႏိုင္ငံအတြင္းေနရာ အႏွံ႔အျပားသို႔ ေစလႊတ္ေဆာင္႐ြက္ ေပးလ်က္ရွိၿပီး ေဝးလံေခါင္ပါးသည့္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသႏွင့္ ခ်င္းျပည္နယ္ အတြင္းရွိ ေက်း႐ြာမ်ား၏ ေဆးဘက္ဆိုင္ရာဆရာဝန္လိုအပ္ခ်က္ကို မိမိသေဘာဆႏၵျဖင့္ တာဝန္ထမ္း ေဆာင္လိုသည့္ စစ္ဘက္ဆရာဝန္ ၄၂ ဦးအား ၂၀၁၅ ခုႏွစ္ကတည္းက ေစလႊတ္ေဆာင္႐ြက္ေပးခဲ့ၿပီး ေဒသခံျပည္သူမ်ား၏ ဆက္လက္ေဆာင္႐ြက္ေပးပါရန္ ေတာင္းဆိုခ်က္မ်ားအရ ၎ဆရာဝန္မ်ားေနရာတြင္ တာဝန္ထမ္းေဆာင္လိုသူမ်ားကို လဲလွယ္တာဝန္ထမ္းေဆာင္ေစလ်က္ရွိကာ ေဆးပစၥည္းလိုအပ္ခ်က္မ်ား ကိုလည္း တတ္စြမ္းသေ႐ြ႕ ကူညီေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ ေဆးဘက္ဆိုင္ရာ ကူညီ ေဆာင္႐ြက္မႈ မ်ားအား မည္သို႔ပင္ေဆာင္႐ြက္ေပးေစကာမူ အဓိကအေရးႀကီးသည္မွာ မိမိကိုယ္တိုင္ပင္ျဖစ္၍ ေနထိုင္ စားေသာက္မႈမ်ားကို ထိန္းသိမ္းဆင္ျခင္ ေဆာင္႐ြက္ ၾကေစလိုပါေၾကာင္း၊ က်န္းမာေရးႏွင့္ ညီၫြတ္မွ်တသည့္ စားေသာက္မႈပုံစံကိုသာ ျဖစ္ေစလိုပါေၾကာင္း၊ မိမိႏွင့္ မိမိ မိသားစု၊ ပတ္ဝန္းက်င္အတြက္ ေကာင္းက်ိဳးမရွိသည့္ အရက္ေသစာေသာက္စားျခင္း၊ ေဆးလိပ္၊ ကြမ္းယာ သုံးစြဲျခင္းမ်ားကို ေရွာင္ၾကဥ္ၾက ေစလိုေၾကာင္း။

ေဒသဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ လွ်ပ္စစ္စြမ္းအင္သည္ အဓိကလိုအပ္ခ်က္ျဖစ္ၿပီး လွ်ပ္စစ္စြမ္းအင္မရွိပါက ဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တစ္ဦးတစ္ေယာက္၏ အက်ိဳးစီးပြားအတြက္မဟုတ္ဘဲ ေဒသအတြက္ၾကည့္ၿပီးလွ်ပ္စစ္ စြမ္းအင္ ထုတ္ယူသုံးစြဲမႈမ်ားကို သဘာဝပတ္ဝန္းက်င္ႏွင့္ က်န္းမာေရး၊ လူမႈစီးပြားဘဝ ဆိုးဆိုး႐ြား႐ြား ထိခိုက္ေစႏိုင္မည့္အေၾကာင္းအရာမ်ားမွအပ ကန႔္ကြက္မႈမ်ားကို စဥ္းစား ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ လွ်ပ္စစ္စြမ္းအား မရွိပါက စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို ေနာက္က်ေစႏိုင္သျဖင့္ လွ်ပ္စစ္စြမ္းအားကို အက်ိဳးရွိရွိထုတ္လုပ္သုံးစြဲၾကေစလိုေၾကာင္း၊ ေရအားလွ်ပ္စစ္၊ ဆိုလာစနစ္အျပင္၊ ေလအား ကိုအသုံးျပဳ၍ လွ်ပ္စစ္စြမ္းအားထုတ္ယူျခင္း Wind Power တို႔ကိုလည္း ဘက္ေပါင္းစုံမွစဥ္းစား၍ တိုင္ပင္ ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ လမ္းပန္းဆက္သြယ္မႈေကာင္းမြန္ျခင္းႏွင့္ တယ္လီဖုန္းဆက္သြယ္မႈမ်ား ေကာင္းမြန္ျခင္းသည္လည္း ေဒသတိုးတက္မႈကို အေထာက္အကူမ်ားစြာျဖစ္ေစပါေၾကာင္း၊ ဆက္သြယ္မႈျမန္ ဆန္ေကာင္းမြန္ၿပီး သတင္းအခ်က္အလက္လွ်င္ျမန္စြာ စီးဆင္းမႈေၾကာင့္ တစ္ဦးခ်င္းႏွင့္ ေဒသအတြက္ အက်ိဳးရွိသည္ျဖစ္ေသာ္လည္း ဆိုရွယ္မီဒီယာမ်ားအသုံးျပဳရာတြင္ မိမိအတြက္ အက်ိဳးရွိသည္မ်ားကိုသာ ေလ့လာရန္ႏွင့္ အက်ိဳး မရွိသည္မ်ားကို သုံးစြဲျခင္းျဖင့္ ဘဝ၏အခ်ိန္မ်ားကို မျဖဳန္းၾကေစလိုေၾကာင္း၊ တစ္ဦးခ်င္း မွစ၍ ထိန္းသိမ္းေဆာင္႐ြက္ပါက မိမိတို႔တစ္ဦးခ်င္း၏ ဘဝမ်ားတိုးတက္လာမည္ျဖစ္သည့္ အျပင္ မိမိေဒသ၊ မိမိတိုင္းျပည္ကိုလည္း တိုးတက္လာေစမည္ျဖစ္ပါေၾကာင္း၊ ခ်င္းျပည္နယ္အတြင္း ယခုထက္ပို၍ ဖြံ႕ၿဖိဳးတိုးတက္ ေစရန္ ဆုမြန္ေကာင္းေတာင္းပါေၾကာင္းျဖင့္ ေဆြးေႏြးအႀကံျပဳေျပာၾကားသည္။

ထို႔ေနာက္ ဟားခါးၿမိဳ႕၊ ၿမိဳ႕မိၿမိဳ႕ဖ ဦးလွ်န္မန္းႏွင့္ ဦးငြန္ဆန္းေအာင္တို႔က ခ်င္းျပည္နယ္အတြင္း တပ္မေတာ္ မွ သဘာဝေဘးဆိုင္ရာကို ကူညီေဆာင္႐ြက္ေပးျခင္း၊ ေဆးဝါးကုသမႈဆိုင္ရာမ်ားႏွင့္ အျခားေသာ ေဒသတြင္း လိုအပ္ခ်က္မ်ားကို အစဥ္ကူညီေဆာင္႐ြက္ေပးလ်က္ရွိသည္ကို ေဒသခံျပည္သူမ်ားက ေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားၿပီး ေဒသတြင္းႀကဳံေတြ႕ေနရ သည့္ အခက္အခဲမ်ားႏွင့္ လိုအပ္ခ်က္မ်ားကို တင္ျပရာ တပ္မေတာ္ ကာကြယ္ေရးဦးစီး ခ်ဳပ္က လိုအပ္သည္မ်ား ညႇိႏႈိင္းေဆာင္႐ြက္ ေပးသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ေဒသထြက္ ခ်င္း႐ိုးရာပစၥည္းမ်ားကို ေပးအပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသခံျပည္သူမ်ားအတြက္ တပ္မေတာ္စက္႐ုံထုတ္ စားေသာက္ဖြယ္ရာမ်ားႏွင့္ သုတရသစာအုပ္ စာေစာင္မ်ားကို ျပန္လည္ေပးအပ္သည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ ေဒသခံျပည္သူမ်ားႏွင့္ စစ္မႈထမ္း ေဟာင္းအဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။