ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက် မြေသားပြိုကျမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုအပေါ် ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက် မြေသားပြိုကျမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုအပေါ် ထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၃ ရက်) (၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်)
၁။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက် မြေသားပြိုကျမှုကြောင့် ယနေ့ညနေ ၆ နာရီအထိ သေဆုံးသူ ၁၂၃ ဦး၊ ဒဏ်ရာရရှိသူ ၃၁ ဦးရှိခဲ့ပြီး ၎င်းနေရာ၌ တပ်မတော်သားများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

၂။ လူ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသည့် ၎င်းဖြစ်စဉ်အပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် များစွာဝမ်းနည်း စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် တပ်မတော်အနေဖြင့် လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်အပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

(Zawgyi Version)

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ေဝွခါေက်း႐ြာအနီး ေက်ာက္မ်က္တူးေဖာ္ေရးကုမၸဏီ လုပ္ကြက္ ေျမသားၿပိဳက်မႈေၾကာင့္ ေသဆုံး၊ ဒဏ္ရာရရွိခဲ့မႈအေပၚ ထုတ္ျပန္ခ်က္

(၁၃၈၂ ခုႏွစ္၊ ပထမဝါဆိုလဆန္း ၁၃ ရက္) (၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ ၂ ရက္)
၁။ ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ေဝွခါေက်း႐ြာအနီး ေက်ာက္မ်က္တူးေဖာ္ေရး ကုမၸဏီလုပ္ကြက္ ေျမသားၿပိဳက်မႈေၾကာင့္ ယေန႔ညေန ၆ နာရီအထိ ေသဆုံးသူ ၁၂၃ ဦး၊ ဒဏ္ရာရရွိသူ ၃၁ ဦးရွိခဲ့ၿပီး ၎ေနရာ၌ တပ္မေတာ္သားမ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ အရန္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ားက ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိသည္။

၂။ လူ႔အသက္ေပါင္းမ်ားစြာဆုံးရႈံးခဲ့ရသည့္ ၎ျဖစ္စဥ္အေပၚ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ အေနျဖင့္ မ်ားစြာဝမ္းနည္း စိတ္မေကာင္းျဖစ္ရပါေၾကာင္းႏွင့္ တပ္မေတာ္အေနျဖင့္ လိုအပ္သည့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္ကူညီေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း ထုတ္ျပန္အပ္ပါသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။