တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ရွာငံမြို့နယ်မှ ဒေသခံတိုင်းရင်းသားများအားတွေ့ဆုံ၍ စာကြည့်တိုက်အတွက် စာအုပ် စာစောင်များနှင့် (Covid-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော် ၊ ဇူလိုင်  ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဆင်နက်ချောင်ကျေးရွာမှ ဒေသခံတိုင်းရင်းသားများအားတွေ့ဆုံ၍ ကျေးရွာစာကြည့်တိုက်အတွက် စာအုပ် စာစောင်များ၊ (Covid-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများနှင့် တပ်မတာ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် သားသမီးမြေးများက လှူဒါန်းသည့် ရုပ်မြင်သံကြားပြစက်နှင့် Sky net စက်တစ်စုံ တို့အား ပေးအပ်လှူဒါန်းသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျောက္ကူပြင်ကျေးရွာ အုပ်စု၊ ဆင်နက်ချောင်ကျေးရွာသို့ ရောက်ရှိကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ ဥက္ကဌ ဦးအာကာလင်း၊ ကျောက္ကူပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလေးလေးမောင်၊ ရပ်မိရပ်ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ရိုးရာရှေ့ဆောင် ဆင်နက်မောင် အကအလှများဖြင့် ရင်းနှီးလှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ကျေးရွာရှိ ထူးထက်သာခန်းမ၌ ကျေးရွာပရဟိတဥက္ကဋ္ဌ ဦးတိုင်းလွင်က ကျေးရွာသမိုင်းအကျဉ်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျေးရွာစာကြည့်တိုက် အတွက် စာအုပ်စာစောင်များ၊ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်း များ၊ ရုပ်မြင်သံကြားပြစက်နှင့် Sky net စက်တစ်စုံ တို့အားလှူဒါန်းရခြင်းနှင့် ဒေသဖွံ့ဖြိုး ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြု ပြောကြားရာတွင် လွန်ခဲ့သည့် ၁၀ ရက်ခန့်တွင် ဤ ဆင်နက်ချောင်ကျေးရွာနှင့် ပတ်သက်၍ သတင်းတစ်ပုဒ်ကို ဖတ်ခဲ့ရပါကြောင်း၊ ဆင်နက်ချောင်ကျေးရွာသည် သန့်ရှင်းသပ်ရပ်မှုရှိကာ သာယာလှပမှုရှိ ကြောင်း၊ မူးယစ်ဆေးဝါးကင်းစင်ပြီး ရွာငံဒေသတွင် စံပြကျေးရွာတစ်ရွာ ဖြစ်ကြောင်း ဖတ်ရှုသိရှိရသဖြင့် စိတ်ဝင်စားမိပါကြောင်း၊ ယခု တောင်ကြီးဘက်သို့ ခရီးစဉ်လာရောက် စဉ်အတွင်း အကြောင်းတိုက်ဆိုင်သဖြင့် လာရောက်ခြင်းဖြစ်ပါကြောင်း၊ သတင်းတွင်ဖတ်ရှု ခဲ့ရသည့်အတိုင်းပင် ယခုတွေ့မြင်ရသည်မှာ ကျေးရွာသည်သန့်ရှင်းသပ်ရပ်ပြီး စိုက်ခင်း များဖြင့် သာယာလှပနေမှုများကို တွေ့ရှိရသည့်အတွက် စိတ်ကြည်နူးရပါကြောင်း၊ ကျေးရွာအတွင်း မူးယစ် ဆေးဝါးကင်းစင်သည်ဟု သိရသည့်အတွက်လည်း ဂုဏ်ပြုသည့် အနေဖြင့် ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ပါကြောင်း။

မူးယစ်ဆေးကိစ္စသည် ကိုယ်စီအသိတရားဖြင့် ထိန်းချုပ်ရမည့်အရေးကိစ္စဖြစ် ပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း မူးယစ်ဆေးဝါးနှိမ်နင်းတိုက်ဖျက်ရေးလုပ်ငန်း များကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိပါကြောင်း၊ ဆင်နက်ချောင်ကျေးရွာ အနေဖြင့် ကိုယ်စီအသိဖြင့် ထိန်းချုပ်ပြီး မူးယစ်ဆေးကင်းစင်သည်ဟုသိရှိရသဖြင့် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ ပညာရေးနှင့် ပတ်သက်၍လည်း အားပေးကြစေလို ကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေး၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကဆောင်ရွက်ကြသည်ဆိုသော်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ၏ အကျိုးကို ကောင်းစွာခံစားနိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာများလိုအပ် ကြောင်း၊ အတန်းပညာများကို အောင်မြင်အောင်သင်ကြားပြီး ၎င်းမှတစ်ဆင့် ဒေသနှင့်သက်ဆိုင်သည့် အတတ်ပညာများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မိရိုးဖလာ လုပ်ရိုးလုပ်စဉ်များဖြင့် ကျေနပ်နေ၍မရဘဲ ပိုမိုကောင်းမွန် သည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မှသာလျင် မိမိနှင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးကင်းစင်မှုတွင် စံပြဖြစ်သကဲ့သို့ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတို့တွင်လည်း စံပြဖြစ်အောင် စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

ယခုရောက်ရှိလာသည့် အချိန်၌ ဆင်နက်ချောင်ကျေးရွာသည် တည်ငြိမ်အေးချမ်းမှုရှိသည်ကို လက်တွေ့ တွေ့မြင်ရကြောင်း၊ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရပြီး ကတည်းက တည်ငြိမ်အေးချမ်းမှုလိုအပ်နေသည့် နိုင်ငံဖြစ်ကြောင်း၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု၊ နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုများရှိမှသာ ဖွံ့ဖြိုးတိုးတက်မှုရှိမည်ဖြစ်ကြောင်း၊ ဆင်နက်ချောင်းကျေးရွာ၌ မူးယစ်ဆေးကင်းစင်သည် ဆိုခြင်းဖြင့် မူးယစ်ဆေးဝါးကြောင့်ဖြစ်ပေါ်လာမည့် အမှုအခင်းများလည်း ကင်းစင်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ရွာမှတစ်ဆင့် ရွာငံဒေသ၊ ရွာငံ ဒေသမှတစ်ဆင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ၎င်းမှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံး မူးယစ်ဆေးဝါးကင်းစင် အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျေးရွာ၏ ယခုရရှိထားသော တည်ငြိမ်အေး ချမ်းမှုရှိသည်ဆိုသည့် ဂုဏ်ဒြပ်ကို ကျေးရွာသူ၊ ကျေးရွာသားအားလုံးက ဝိုင်းဝန်းထိန်းသိမ်း ရမည်ဖြစ်ကြောင်း။

Covid-19 ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် အသွားအလာအနေထိုင် ဆင်ခြင်ကြရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးသည် လူတိုင်းအတွက်အရေးကြီးပြီး ကျန်းမာ ရေးကောင်းမွန်မှုမရှိပါက မိမိသာမက မိမိအားပြုစုစောင့်ရှောက်ရသူများ၏ အလုပ် အကိုင်ကိုပါထိခိုက်မည်ဖြစ်ကြောင်း၊ အလုပ်မလုပ်နိုင်သဖြင့် ဝင်ငွေမရှာနိုင်၊ ပညာ မသင်ကြားနိုင်ဖြစ်ကြရကြောင်း၊ ထို့ကြောင့် ကျန်းမာရေးမကောင်းပါက အရှုံးများပင် တွေ့ကြုံရမည် ဖြစ်ပါကြောင်း၊ ယခုလာရောက်လှူဒါန်းသည့် ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများသည် တန်ဖိုးအားဖြင့်မများသော်လည်း အထောက် အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်ရန်အတွက် သင့်တင့် လျောက်ပတ်သည့် အနေအထိုင်၊ အစားအသောက်နှင့် ကိုယ်လက်လှုပ်ရှားမှုရှိရမည်ဖြစ် ကြောင်း၊ ဆင်နက်ချောင်ကျေးရွာအနေဖြင့် တိုးတက်ရန်အခွင့်အလမ်းများစွာ ရှိပါ ကြောင်း၊ ယခု ထက်ပို၍ စည်းလုံးညီညွတ်စွာကြိုးပမ်းဆောင်ရွက်သွားလျက် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအခြေခံကောင်းများကို မျိုးဆက်သစ်များသို့ လက်ဆင့် ကမ်းသွားရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျေးရွာစာကြည့်တိုက် အတွက် သုတ၊ ရသ စာအုပ်စာစောင်များ၊ Sky net တစ်စုံနှင့် ရုပ်မြင်သံကြား ပြစက်တစ်လုံးကိုလည်းကောင်း၊ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်း များဖြစ်သည့် Surgical Masks ၅၀၀၀ ခု၊Hand Gel ၁၀၀ ဘူး၊ Hand Sanitizer ၁၀၀ ဘူးနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ ရပ်မိရပ်ဖများက လက်ခံရယူ သည်။ ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ရပ်မိရပ်ဖများက လက်ခံရယူကြသည်။

ဆက်လက်ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက ကျေးဇူး တင်စကားပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ဆင်နက်ချောင်ကျေးရွာအား မူးယစ်ဆေးဝါးကင်းစင်ခြင်း၊ သန့်ရှင်းသပ်ရပ် ခြင်းနှင့် ကျေးရွာအတွင်း စည်းလုံးညီညွတ်၍ တည်ငြိမ်အေးချမ်းခြင်း တို့ကြောင့် လာရောက်ဂုဏ်ပြုချီးမြှင့်သည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ဤရွာကဲ့သို့ ဆယ်အိမ်စုလိုက် သန့်ရှင်းရေးဆောင်ရွက်ခြင်းများကိုလည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆင့်ကဲတိုးတက်မှုများကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသ၏ ၈၃ ဒသမ ၄ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးဆောင်ရွက်သူများဖြစ်ပြီး ရွာငံဒေသတောင်ခြမ်း တွင် ရာသီသီးနှံအများဆုံး စိုက်ပျိုးကြပါကြောင်း၊ ယခုကဲ့သို့ဆေးအကာ အကွယ်ပစ္စည်းများနှင့် စာအုပ်စာစောင် များကို မိသားစုသဖွယ်သဘောထားပြီး လာရောက်လှူဒါန်းသည့်အတွက် မိမိတို့ဒေသ အတွင်းနေထိုင်သည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစု များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အနန္တဇိနသမ္ဗုဒ္ဓေစေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် တည်ဆောက်ပူဇော်နေမှု အခြေအနေများအား သွားရောက်ဖူးမြော်ကြည့်ရှုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ် ပူဇော်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရေဒသ၊ ႐ြာငံၿမိဳ႕နယ္မွ ေဒသခံတိုင္းရင္းသားမ်ားအားေတြ႕ဆုံ၍ စာၾကည့္တိုက္အတြက္ စာအုပ္ စာေစာင္မ်ားႏွင့္ (Covid-19) ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ပစၥည္းမ်ား ေပးအပ္ လှူဒါန္း

ေနျပည္ေတာ္ ၊ ဇူလိုင္ – ၁၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဇနီးေဒၚၾကဴၾကဴလွ၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ လင္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါလ်က္ ယေန႔ မြန္းလြဲပိုင္းတြင္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ႐ြာငံၿမိဳ႕နယ္၊ ဆင္နက္ေခ်ာင္ေက်း႐ြာမွ ေဒသခံတိုင္းရင္းသားမ်ားအားေတြ႕ဆုံ၍ ေက်း႐ြာစာၾကည့္တိုက္အတြက္ စာအုပ္ စာေစာင္မ်ား၊ (Covid-19) ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးပစၥည္းမ်ားႏွင့္ တပ္မတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဇနီးေဒၚၾကဴၾကဴလွႏွင့္ သားသမီးေျမးမ်ားက လႉဒါန္းသည့္ ႐ုပ္ျမင္သံၾကားျပစက္ႏွင့္ Sky net စက္တစ္စုံ တို႔အား ေပးအပ္လႉဒါန္းသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ႐ြာငံၿမိဳ႕နယ္၊ ေက်ာကၠဴျပင္ေက်း႐ြာ အုပ္စု၊ ဆင္နက္ေခ်ာင္ေက်း႐ြာသို႔ ေရာက္ရွိၾကရာ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီး အဖြဲ႕ ဥကၠဌ ဦးအာကာလင္း၊ ေက်ာကၠဴျပင္ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေလးေလးေမာင္၊ ရပ္မိရပ္ဖမ်ားႏွင့္ ေဒသခံတိုင္းရင္းသားျပည္သူမ်ားက ႐ိုးရာေရွ႕ေဆာင္ ဆင္နက္ေမာင္ အကအလွမ်ားျဖင့္ ရင္းႏွီးလႈိက္လွဲစြာႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ ေက်း႐ြာရွိ ထူးထက္သာခန္းမ၌ ေက်း႐ြာပရဟိတဥကၠ႒ ဦးတိုင္းလြင္က ေက်း႐ြာသမိုင္းအက်ဥ္းႏွင့္ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ ေဆာင္႐ြက္ခဲ့မႈ အေျခအေနမ်ား၊ စိုက္ပ်ိဳးေမြးျမဴေရးဆိုင္ရာ ေဆာင္႐ြက္ေနမႈအေျခအေနမ်ားကို ရွင္းလင္းတင္ျပသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေက်း႐ြာစာၾကည့္တိုက္ အတြက္ စာအုပ္စာေစာင္မ်ား၊ Covid-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ပစၥည္း မ်ား၊ ႐ုပ္ျမင္သံၾကားျပစက္ႏွင့္ Sky net စက္တစ္စုံ တို႔အားလႉဒါန္းရျခင္းႏွင့္ ေဒသဖြံ႕ၿဖိဳး ေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးအႀကံျပဳ ေျပာၾကားရာတြင္ လြန္ခဲ့သည့္ ၁၀ ရက္ခန႔္တြင္ ဤ ဆင္နက္ေခ်ာင္ေက်း႐ြာႏွင့္ ပတ္သက္၍ သတင္းတစ္ပုဒ္ကို ဖတ္ခဲ့ရပါေၾကာင္း၊ ဆင္နက္ေခ်ာင္ေက်း႐ြာသည္ သန႔္ရွင္းသပ္ရပ္မႈရွိကာ သာယာလွပမႈရွိ ေၾကာင္း၊ မူးယစ္ေဆးဝါးကင္းစင္ၿပီး ႐ြာငံေဒသတြင္ စံျပေက်း႐ြာတစ္႐ြာ ျဖစ္ေၾကာင္း ဖတ္ရႈသိရွိရသျဖင့္ စိတ္ဝင္စားမိပါေၾကာင္း၊ ယခု ေတာင္ႀကီးဘက္သို႔ ခရီးစဥ္လာေရာက္ စဥ္အတြင္း အေၾကာင္းတိုက္ဆိုင္သျဖင့္ လာေရာက္ျခင္းျဖစ္ပါေၾကာင္း၊ သတင္းတြင္ဖတ္ရႈ ခဲ့ရသည့္အတိုင္းပင္ ယခုေတြ႕ျမင္ရသည္မွာ ေက်း႐ြာသည္သန႔္ရွင္းသပ္ရပ္ၿပီး စိုက္ခင္း မ်ားျဖင့္ သာယာလွပေနမႈမ်ားကို ေတြ႕ရွိရသည့္အတြက္ စိတ္ၾကည္ႏူးရပါေၾကာင္း၊ ေက်း႐ြာအတြင္း မူးယစ္ ေဆးဝါးကင္းစင္သည္ဟု သိရသည့္အတြက္လည္း ဂုဏ္ျပဳသည့္ အေနျဖင့္ ယခုကဲ့သို႔ လာေရာက္ျခင္းျဖစ္ပါေၾကာင္း။

မူးယစ္ေဆးကိစၥသည္ ကိုယ္စီအသိတရားျဖင့္ ထိန္းခ်ဳပ္ရမည့္အေရးကိစၥျဖစ္ ပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း မူးယစ္ေဆးဝါးႏွိမ္နင္းတိုက္ဖ်က္ေရးလုပ္ငန္း မ်ားကို အင္တိုက္အားတိုက္လုပ္ေဆာင္လ်က္ရွိပါေၾကာင္း၊ ဆင္နက္ေခ်ာင္ေက်း႐ြာ အေနျဖင့္ ကိုယ္စီအသိျဖင့္ ထိန္းခ်ဳပ္ၿပီး မူးယစ္ေဆးကင္းစင္သည္ဟုသိရွိရသျဖင့္ ဝမ္းသာပီတိျဖစ္မိပါေၾကာင္း၊ ပညာေရးႏွင့္ ပတ္သက္၍လည္း အားေပးၾကေစလို ေၾကာင္း၊ မိမိတို႔ႏိုင္ငံ လူဦးေရး၏ ၇၀ ရာခိုင္ႏႈန္းသည္ ေက်းလက္ေနသူမ်ားျဖစ္ၿပီး စိုက္ပ်ိဳးေရးကို အဓိကေဆာင္႐ြက္ၾကသည္ဆိုေသာ္လည္း စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ၏ အက်ိဳးကို ေကာင္းစြာခံစားႏိုင္ရန္အတြက္ အသိပညာ၊ အတတ္ပညာမ်ားလိုအပ္ ေၾကာင္း၊ အတန္းပညာမ်ားကို ေအာင္ျမင္ေအာင္သင္ၾကားၿပီး ၎မွတစ္ဆင့္ ေဒသႏွင့္သက္ဆိုင္သည့္ အတတ္ပညာမ်ားကို ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ ရမည္ျဖစ္ေၾကာင္း၊ မိ႐ိုးဖလာ လုပ္႐ိုးလုပ္စဥ္မ်ားျဖင့္ ေက်နပ္ေန၍မရဘဲ ပိုမိုေကာင္းမြန္ သည့္ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ ကုန္ထုတ္လုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္မွသာလ်င္ မိမိႏွင့္ မိမိေဒသ ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္း၊ မူးယစ္ေဆးကင္းစင္မႈတြင္ စံျပျဖစ္သကဲ့သို႔ ပညာေရး၊ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ ကုန္ထုတ္လုပ္မႈတို႔တြင္လည္း စံျပျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္မည္ဟု ယုံၾကည္ပါေၾကာင္း။

ယခုေရာက္ရွိလာသည့္ အခ်ိန္၌ ဆင္နက္ေခ်ာင္ေက်း႐ြာသည္ တည္ၿငိမ္ေအးခ်မ္းမႈရွိသည္ကို လက္ေတြ႕ ေတြ႕ျမင္ရေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ လြတ္လပ္ေရးရၿပီး ကတည္းက တည္ၿငိမ္ေအးခ်မ္းမႈလိုအပ္ေနသည့္ ႏိုင္ငံျဖစ္ေၾကာင္း၊ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈ၊ ႏိုင္ငံေရးအရတည္ၿငိမ္ေအးခ်မ္းမႈမ်ားရွိမွသာ ဖြံ႕ၿဖိဳးတိုးတက္မႈရွိမည္ျဖစ္ေၾကာင္း၊ ဆင္နက္ေခ်ာင္းေက်း႐ြာ၌ မူးယစ္ေဆးကင္းစင္သည္ ဆိုျခင္းျဖင့္ မူးယစ္ေဆးဝါးေၾကာင့္ျဖစ္ေပၚလာမည့္ အမႈအခင္းမ်ားလည္း ကင္းစင္သြားမည္ျဖစ္ေၾကာင္း၊ မိမိတို႔႐ြာမွတစ္ဆင့္ ႐ြာငံေဒသ၊ ႐ြာငံ ေဒသမွတစ္ဆင့္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ၎မွတစ္ဆင့္ ျမန္မာတစ္ႏိုင္ငံလုံး မူးယစ္ေဆးဝါးကင္းစင္ ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေက်း႐ြာ၏ ယခုရရွိထားေသာ တည္ၿငိမ္ေအး ခ်မ္းမႈရွိသည္ဆိုသည့္ ဂုဏ္ျဒပ္ကို ေက်း႐ြာသူ၊ ေက်း႐ြာသားအားလုံးက ဝိုင္းဝန္းထိန္းသိမ္း ရမည္ျဖစ္ေၾကာင္း။

Covid-19 ေရာဂါ ျဖစ္ပြားေနသည့္ ကာလျဖစ္သျဖင့္ အသြားအလာအေနထိုင္ ဆင္ျခင္ၾကရမည္ျဖစ္ေၾကာင္း၊ က်န္းမာေရးသည္ လူတိုင္းအတြက္အေရးႀကီးၿပီး က်န္းမာ ေရးေကာင္းမြန္မႈမရွိပါက မိမိသာမက မိမိအားျပဳစုေစာင့္ေရွာက္ရသူမ်ား၏ အလုပ္ အကိုင္ကိုပါထိခိုက္မည္ျဖစ္ေၾကာင္း၊ အလုပ္မလုပ္ႏိုင္သျဖင့္ ဝင္ေငြမရွာႏိုင္၊ ပညာ မသင္ၾကားႏိုင္ျဖစ္ၾကရေၾကာင္း၊ ထို႔ေၾကာင့္ က်န္းမာေရးမေကာင္းပါက အရႈံးမ်ားပင္ ေတြ႕ႀကဳံရမည္ ျဖစ္ပါေၾကာင္း၊ ယခုလာေရာက္လႉဒါန္းသည့္ ေရာဂါကာကြယ္ေရး အေထာက္အကူျပဳ ပစၥည္းမ်ားသည္ တန္ဖိုးအားျဖင့္မမ်ားေသာ္လည္း အေထာက္ အကူျဖစ္ေစႏိုင္မည္ ျဖစ္ေၾကာင္း၊ က်န္းမာေရးေကာင္းမြန္ရန္အတြက္ သင့္တင့္ ေလ်ာက္ပတ္သည့္ အေနအထိုင္၊ အစားအေသာက္ႏွင့္ ကိုယ္လက္လႈပ္ရွားမႈရွိရမည္ျဖစ္ ေၾကာင္း၊ ဆင္နက္ေခ်ာင္ေက်း႐ြာအေနျဖင့္ တိုးတက္ရန္အခြင့္အလမ္းမ်ားစြာ ရွိပါ ေၾကာင္း၊ ယခု ထက္ပို၍ စည္းလုံးညီၫြတ္စြာႀကိဳးပမ္းေဆာင္႐ြက္သြားလ်က္ တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအေျခခံေကာင္းမ်ားကို မ်ိဳးဆက္သစ္မ်ားသို႔ လက္ဆင့္ ကမ္းသြားရမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေက်း႐ြာစာၾကည့္တိုက္ အတြက္ သုတ၊ ရသ စာအုပ္စာေစာင္မ်ား၊ Sky net တစ္စုံႏွင့္ ႐ုပ္ျမင္သံၾကား ျပစက္တစ္လုံးကိုလည္းေကာင္း၊ Covid-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ပစၥည္း မ်ားျဖစ္သည့္ Surgical Masks ၅၀၀၀ ခု၊Hand Gel ၁၀၀ ဘူး၊ Hand Sanitizer ၁၀၀ ဘူးႏွင့္ စားေသာက္ဖြယ္ရာမ်ားကို ေပးအပ္လႉဒါန္းရာ ရပ္မိရပ္ဖမ်ားက လက္ခံရယူ သည္။ ထို႔ေနာက္ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္က ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားကို ေပးအပ္ရာ ရပ္မိရပ္ဖမ်ားက လက္ခံရယူၾကသည္။

ဆက္လက္ၿပီး ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးဥကၠ႒ ဦးအာကာလင္းက ေက်းဇူး တင္စကားျပန္လည္ေျပာၾကားရာတြင္ ယခုကဲ့သို႔ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အတြင္းရွိ ဆင္နက္ေခ်ာင္ေက်း႐ြာအား မူးယစ္ေဆးဝါးကင္းစင္ျခင္း၊ သန႔္ရွင္းသပ္ရပ္ ျခင္းႏွင့္ ေက်း႐ြာအတြင္း စည္းလုံးညီၫြတ္၍ တည္ၿငိမ္ေအးခ်မ္းျခင္း တို႔ေၾကာင့္ လာေရာက္ဂုဏ္ျပဳခ်ီးျမႇင့္သည့္အတြက္ ဝမ္းသာဂုဏ္ယူမိပါေၾကာင္း၊ ဤ႐ြာကဲ့သို႔ ဆယ္အိမ္စုလိုက္ သန႔္ရွင္းေရးေဆာင္႐ြက္ျခင္းမ်ားကိုလည္း ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အတြင္း ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ဆင့္ကဲတိုးတက္မႈမ်ားကို ဆက္လက္ ေဖာ္ေဆာင္သြားမည္ျဖစ္ပါေၾကာင္း၊ မိမိတို႔ေဒသ၏ ၈၃ ဒသမ ၄ ရာခိုင္ႏႈန္းသည္ စိုက္ပ်ိဳးေရးေဆာင္႐ြက္သူမ်ားျဖစ္ၿပီး ႐ြာငံေဒသေတာင္ျခမ္း တြင္ ရာသီသီးႏွံအမ်ားဆုံး စိုက္ပ်ိဳးၾကပါေၾကာင္း၊ ယခုကဲ့သို႔ေဆးအကာ အကြယ္ပစၥည္းမ်ားႏွင့္ စာအုပ္စာေစာင္ မ်ားကို မိသားစုသဖြယ္သေဘာထားၿပီး လာေရာက္လႉဒါန္းသည့္အတြက္ မိမိတို႔ေဒသ အတြင္းေနထိုင္သည့္ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားအားလုံးက တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစု မ်ားအားလုံးကို အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း ျဖင့္ ေျပာၾကားသည္။

ဆက္လက္ၿပီး ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးဥကၠ႒ ဦးအာကာလင္းက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ေဒသထြက္အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ ေဒသခံတိုင္းရင္းသားမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ ခဲ့သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အနႏၲဇိနသမၺဳေဒၶေစတီေတာ္ျမတ္ႀကီး တည္ထားကိုးကြယ္ရန္ တည္ေဆာက္ပူေဇာ္ေနမႈ အေျခအေနမ်ားအား သြားေရာက္ဖူးေျမာ္ၾကည့္ရႈၿပီး ပန္း၊ ေရခ်မ္း၊ ဆီမီး ဆက္ကပ္ ပူေဇာ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။