တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့ပိုင်းတိုင်း စစ်ဌာနချု့ပ်၊ နန်းသီတာ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင်  ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ် ဌာနချုပ်၊ နန်းသီတာ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဘက်စုံ စိုက်ပျိုး မွေးမြူရေးစခန်း ရှင်းလင်းဆောင်၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်က ရှင်းလင်းတင်ပြသည်။

ရှင်းလင်း တင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် မှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် အမြတ်ရရှိစေရန် ဆောင်ရွက် နေခြင်း မဟုတ်ဘဲ တပ်တွင်းမိသားစုများ သက်သာချောင်ချိရေးအတွက်ရည်ရွယ်၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အာဟာရပြည့်ဝသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥများအား သက်သာသောဈေးနှုန်းများဖြင့် တပ်မိသားစုများသို့ ရောင်းချပေး သွားရန်နှင့် ပိုလျှံသည့် ထွက်ကုန်များအား ပြင်ပရှိ ဝန်ထမ်းမိသားစုများနှင့် ဒေသခံ ပြည်သူများသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချသွားရန်လိုကြောင်းနှင့် မွေးမြူရေးလုပ်ငန်းတွင် အစာစနစ်၊ ရေစနစ်များ သန့်ရှင်းသပ်ရပ်မှုရှိစွာဖြင့် စနစ်တကျ မွေးမြူရန်လိုအပ်ပြီး ဝက်မွေးမြူရေးတွင် အသားအထွက်နှုန်းကောင်းသည့် မျိုးကောင်း မျိုးသန့်များမွေးမြူရန် လိုအပ်မည်ဖြစ်ကြောင်း၊ အသားတိုးကြက်၊ ဥစားကြက်များ မွေးမြူရာတွင် အစာ၊ ရေနှင့် အပူအအေးကို နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ပေးရန် လိုအပ်ပြီး နို့စားနွားနှင့် အသားတိုးနွား မွေးမြူရေးတွင် စားကျက်မြေလိုအပ်ပြီး ခြံအတွင်းလွှတ်ကျောင်းသည့်စနစ်နှင့် အစာကျွေးမွေးသည့်စနစ် ခွဲခြားထားရမည် ဖြစ်ကြောင်း၊ နွားနို့နှင့် အသားထွက်နှုန်းကောင်းမွန်ရေးဆောင်ရွက်ရန်နှင့် မွေးမြူရေး လုပ်ငန်း အစာစပ်သည့်စနစ်နှင့် ပတ်သက်၍ ပါဝင်ရမည့်ပစ္စည်းများနှင့် အချိုးအစား မှန်ကန်ရန် လိုအပ်ပြီး အတတ်နိုင်ဆုံး ဓာတုဗေဒပစ္စည်းများ ကင်းစင်ရမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးပိုင်းတွင် စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ သီးနှံအလိုက် အထွက် ကောင်းမျိုးသုံးစွဲရေး၊ ဓာတ်မြေသြဇာနှင့် ဒေသထွက် မြေသြဇာပေါင်းစပ်သုံးစွဲရေး၊ သီးနှံအလိုက် ရေတော် မိုးတော် စိုက်ဧက တိုးတက်ဖြစ်ပေါ်ရေး စသည့် နည်းလမ်း ၄ သွယ်ဖြင့် အောင်မြင်သည့် စိုက်ပျိုးရေးဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နန်းသီတာ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းအနေဖြင့် ဒေသအတွင်း၌ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် စံပြဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နန်းသီတာ ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသည့် နို့၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ခင်းကျင်းပြသမှုများကို ကြည့်ရှုကြပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဆောင်ရွက်ထားရှိမှုများ အား လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ခံများက အသီးသီးရှင်းလင်းတင်ပြကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။

အဆိုပါ နန်းသီတာ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းသည် ရွှေညောင်-ညောင်ရွှေ သွားကားလမ်းဘေးတွင် တည်ရှိပြီး စခန်းအမှတ်(၁)နှင့် (၂) ဟူ၍နှစ်ပိုင်းခွဲဆောင်ရွက် ထားကြောင်း၊ ၁၉၇၉ ခုနှစ်ကတည်းကပင် ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးမွေးမြူရေးစခန်း ဖြစ်ပြီး ငါးကန် ၈၂ ဒသမ ၃၀ ဧက၊ လယ်မြေ ၇၇ ဒသမ ၅၀ ဧက၊ ကြံ ၁၂ ဧက၊ ရာသီသီးနှံ ၃ ဒသမ ၅၅ ဧက နှင့် အခြားစားကျက်မြေများ စိုက်ပျိုးမွေးမြူရေးမြေများ ပေါ်၌ အောင်မြင်စွာစိုက်ပျိုးမွေးမြူလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန်များကို ၂၀၁၂ ခုနှစ်ကတည်းကပင် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌ အကောင်အထည်ဆောင်ရွက်လျက်ရှိပြီး ထွက်ရှိလာသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် သီးနှံများကို တပ်မတော်သားများ၊ မိသားစုများအပြင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ နန္းသီတာ ဘက္စုံစိုက္ပ်ိဳးေမြးျမဴေရးစခန္းသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္၊ ဇူလိုင္ – ၁၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္သည္ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ လင္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား လိုက္ပါလ်က္ ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတိုင္း စစ္ ဌာနခ်ဳပ္၊ နန္းသီတာ ဘက္စုံစိုက္ပ်ိဳးေမြးျမဴေရးစခန္းသို႔ သြားေရာက္ၾကည့္ရႈ စစ္ေဆးသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ဘက္စုံ စိုက္ပ်ိဳး ေမြးျမဴေရးစခန္း ရွင္းလင္းေဆာင္၌ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားအား တိုင္းမႉး ဗိုလ္ခ်ဳပ္ လင္းေအာင္က ရွင္းလင္းတင္ျပသည္။

ရွင္းလင္း တင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္ မွ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနျခင္းသည္ အျမတ္ရရွိေစရန္ ေဆာင္႐ြက္ ေနျခင္း မဟုတ္ဘဲ တပ္တြင္းမိသားစုမ်ား သက္သာေခ်ာင္ခ်ိေရးအတြက္ရည္႐ြယ္၍ ေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္း၊ အာဟာရျပည့္ဝေသာ အသား၊ ငါး၊ ဟင္းသီးဟင္း႐ြက္၊ ၾကက္ဥမ်ားအား သက္သာေသာေဈးႏႈန္းမ်ားျဖင့္ တပ္မိသားစုမ်ားသို႔ ေရာင္းခ်ေပး သြားရန္ႏွင့္ ပိုလွ်ံသည့္ ထြက္ကုန္မ်ားအား ျပင္ပရွိ ဝန္ထမ္းမိသားစုမ်ားႏွင့္ ေဒသခံ ျပည္သူမ်ားသို႔ သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်သြားရန္လိုေၾကာင္းႏွင့္ ေမြးျမဴေရးလုပ္ငန္းတြင္ အစာစနစ္၊ ေရစနစ္မ်ား သန႔္ရွင္းသပ္ရပ္မႈရွိစြာျဖင့္ စနစ္တက် ေမြးျမဴရန္လိုအပ္ၿပီး ဝက္ေမြးျမဴေရးတြင္ အသားအထြက္ႏႈန္းေကာင္းသည့္ မ်ိဳးေကာင္း မ်ိဳးသန႔္မ်ားေမြးျမဴရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ အသားတိုးၾကက္၊ ဥစားၾကက္မ်ား ေမြးျမဴရာတြင္ အစာ၊ ေရႏွင့္ အပူအေအးကို နည္းစနစ္မွန္ကန္စြာ ေဆာင္႐ြက္ေပးရန္ လိုအပ္ၿပီး ႏို႔စားႏြားႏွင့္ အသားတိုးႏြား ေမြးျမဴေရးတြင္ စားက်က္ေျမလိုအပ္ၿပီး ၿခံအတြင္းလႊတ္ေက်ာင္းသည့္စနစ္ႏွင့္ အစာေကြၽးေမြးသည့္စနစ္ ခြဲျခားထားရမည္ ျဖစ္ေၾကာင္း၊ ႏြားႏို႔ႏွင့္ အသားထြက္ႏႈန္းေကာင္းမြန္ေရးေဆာင္႐ြက္ရန္ႏွင့္ ေမြးျမဴေရး လုပ္ငန္း အစာစပ္သည့္စနစ္ႏွင့္ ပတ္သက္၍ ပါဝင္ရမည့္ပစၥည္းမ်ားႏွင့္ အခ်ိဳးအစား မွန္ကန္ရန္ လိုအပ္ၿပီး အတတ္ႏိုင္ဆုံး ဓာတုေဗဒပစၥည္းမ်ား ကင္းစင္ရမည္ျဖစ္ေၾကာင္း။

စိုက္ပ်ိဳးေရးပိုင္းတြင္ စိုက္ပ်ိဳးနည္းစနစ္မွန္ကန္ေရး၊ သီးႏွံအလိုက္ အထြက္ ေကာင္းမ်ိဳးသုံးစြဲေရး၊ ဓာတ္ေျမၾသဇာႏွင့္ ေဒသထြက္ ေျမၾသဇာေပါင္းစပ္သုံးစြဲေရး၊ သီးႏွံအလိုက္ ေရေတာ္ မိုးေတာ္ စိုက္ဧက တိုးတက္ျဖစ္ေပၚေရး စသည့္ နည္းလမ္း ၄ သြယ္ျဖင့္ ေအာင္ျမင္သည့္ စိုက္ပ်ိဳးေရးျဖစ္ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ နန္းသီတာ ဘက္စုံစိုက္ပ်ိဳးေမြးျမဴေရးစခန္းအေနျဖင့္ ေဒသအတြင္း၌ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားတြင္ စံျပျဖစ္ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ နန္းသီတာ ဘက္စုံ စိုက္ပ်ိဳးေမြးျမဴေရးစခန္းမွ ထြက္ရွိသည့္ ႏို႔၊ ၾကက္ဥႏွင့္ ဟင္းသီးဟင္း႐ြက္မ်ား ခင္းက်င္းျပသမႈမ်ားကို ၾကည့္ရႈၾကၿပီး စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးေဆာင္႐ြက္ထားရွိမႈမ်ား အား လိုက္လံၾကည့္ရႈစစ္ေဆးရာ တာဝန္ခံမ်ားက အသီးသီးရွင္းလင္းတင္ျပၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ားမွာၾကားခဲ့သည္။

အဆိုပါ နန္းသီတာ ဘက္စုံစိုက္ပ်ိဳးေမြးျမဴေရးစခန္းသည္ ေ႐ႊေညာင္-ေညာင္ေ႐ႊ သြားကားလမ္းေဘးတြင္ တည္ရွိၿပီး စခန္းအမွတ္(၁)ႏွင့္ (၂) ဟူ၍ႏွစ္ပိုင္းခြဲေဆာင္႐ြက္ ထားေၾကာင္း၊ ၁၉၇၉ ခုႏွစ္ကတည္းကပင္ ေဆာင္႐ြက္ခဲ့သည့္ စိုက္ပ်ိဳးေမြးျမဴေရးစခန္း ျဖစ္ၿပီး ငါးကန္ ၈၂ ဒသမ ၃၀ ဧက၊ လယ္ေျမ ၇၇ ဒသမ ၅၀ ဧက၊ ႀကံ ၁၂ ဧက၊ ရာသီသီးႏွံ ၃ ဒသမ ၅၅ ဧက ႏွင့္ အျခားစားက်က္ေျမမ်ား စိုက္ပ်ိဳးေမြးျမဴေရးေျမမ်ား ေပၚ၌ ေအာင္ျမင္စြာစိုက္ပ်ိဳးေမြးျမဴလ်က္ရွိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ဘက္စုံစိုက္ပ်ိဳး ေမြးျမဴေရးဇုန္မ်ားကို ၂၀၁၂ ခုႏွစ္ကတည္းကပင္ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအသီးသီး၌ အေကာင္အထည္ေဆာင္႐ြက္လ်က္ရွိၿပီး ထြက္ရွိလာသည့္ အသား၊ ငါး၊ ဥအမ်ိဳးမ်ိဳးႏွင့္ သီးႏွံမ်ားကို တပ္မေတာ္သားမ်ား၊ မိသားစုမ်ားအျပင္ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ေဒသခံ ျပည္သူမ်ားကိုလည္း ေဈးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးလ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။