(၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (17th ACDFM)ကို Video Conferencing ဖြင့် ကျင်းပပြုလုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ – ၂၄

(၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (17th ACDFM)ကို ယနေ့နံနက်ပိုင်းတွင် Video Conferencing ဖြင့် ချိတ်ဆက်ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်မှတစ်ဆင့် ပါဝင်တက်ရောက် ဆွေးနွေးသည်။

အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြပြီး အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ကြသည်။ ဦးစွာ အစည်းအဝေးတက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Screenshot ဖြင့် စုပေါင်းဓာတ်ပုံ ရိုက်ကူးကြပြီး အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအား တစ်ဦးချင်း မိတ်ဆက်ပေးသည်။

ယင်းနောက် အစည်းအဝေးသဘာပတိ ဗီယက်နမ်ပြည်သူ့တပ်မတော်ဦးစီးချုပ် Senior Lieutenant General Phan Van Giang ကအဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် (၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (17th ASEAN Military Intelligence Meeting-AMIM-17) ရလဒ်အား ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဆိုင်ရာထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ (၁၀)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (10th ASEAN Military Operations Meeting-AMOM-10) ရလဒ်အား ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဆင်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း အသီးသီးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသဘာပတိ ဗီယက်နမ်ပြည်သူ့တပ်မတော်ဦးစီးချုပ် Senior Lieutenant General Phan Van Giang ဦးဆောင်၍ အာဆီယံနိုင်ငံများမှ တပ်မတော်အကြီးအကဲများက “ပေါင်းစည်းညီညွတ်မှုရှိပြီး လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်သော အာဆီယံအတွက် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း (Military Cooperation for a Cohesive and Responsive ASEAN)” အပေါ်အမြင်များအား နိုင်ငံအလိုက် အသီးသီးဆွေးနွေးကြသည်။

မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးရာတွင် ယနေ့ကျင်းပပြုလုပ်သည့်(၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးသို့ ပါဝင်တက်ရောက်လာကြသူများအားလုံး COVID-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်ပွားနေသည့် အကြပ်အတည်းကာလတွင် ဘေးအန္တရာယ်အပေါင်း မှကင်းဝေးကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊ ယခုအစည်းအဝေး၏ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သော ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးချုပ်ဖြစ်သူ Senior Lieutenant General Phan Van Giang နှင့်တကွ ဗီယက်နမ်ပြည်သူ့တပ်မတော်မှ တာဝန်ရှိသူများအားလုံးကိုလည်း ယခုကဲ့သို့ (၁၇)ကြိမ်မြောက်အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အစည်းအဝေးကို Virtual Conference အဖြစ် အခက်အခဲများအကြားမှ အောင်မြင်စွာဦးဆောင်ကျင်းပနိုင်သည့် အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။

ယနေ့အစည်းအဝေးတွင် မိမိအနေဖြင့် “ပေါင်းစည်းညီညွတ်မှုရှိပြီး လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်သောအာဆီယံအတွက် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း (Military Cooperation for a Cohesive and Responsive ASEAN)” ဟူသည့်ခေါင်းစဉ်အား ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှဒေသသည် လက်ရှိကာလတွင် သမားရိုးကျလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအပြင် အကြမ်းဖက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ အရင်းအမြစ်ရှားပါးလာမှု၊ ကူးစက်ရောဂါပြန့်ပွားမှု၊ သဘာ၀ဘေးအန္တရာယ်၊ ပုံမှန်မဟုတ်သောရွှေ့ပြောင်းအလုပ်သမားကိစ္စ၊ အစာရေစာရှားပါးမှု၊ လူမှောင်ခိုကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သတင်းအချက် အလက်လုံခြုံရေး၊ ပင်လယ်ဓားပြမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကဲ့သို့သော သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများစွာနှင့်လည်း ရင်ဆိုင်ရလျက်ရှိပါကြောင်း။

မိမိတို့ဒေသတွင်းနိုင်ငံများအနေဖြင့် အဆိုပါခြိမ်းခြောက်မှုများကို ပေါင်းစည်းမှုဖြင့် လျင်မြန်စွာတုံ့ပြန်သွားရန်လိုအပ်ပါကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အကြမ်းဖက်ဆိုင်ရာ ဖိအားပေးခြိမ်းခြောက်ခံရမှုများ ပိုမိုကြီးထွားလာသည့်အတွက် အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာ သတင်းများအား အပြန်အလှန်ဖလှယ်သွားနိုင်ရန်လိုအပ်ပါကြောင်း၊ ယနေ့ခေတ်တွင် ရင်ဆိုင်နေရသည့် အကြမ်းဖက်မှုနှင့်ဆက်စပ်သော စိန်ခေါ်မှုများကို လျင်မြန်စွာတုံ့ပြန်နိုင်ရန်အတွက် မိမိတို့အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ခြင်းအပြင် ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ညီညွတ်စွာဖြင့်ပိုမိုပူးပေါင်းဆောင်ရွက်သွားရမည်ပင်ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများအကြား ပေါင်းစည်းညီညွတ်မှုများအား တည်ဆောက်နိုင်ရန်အတွက် မိမိတို့ အာဆီယံတပ်မတော်များအနေဖြင့်လည်း ကျရာအခန်းကဏ္ဍများမှ အထူးကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့အာဆီယံတပ်မတော်များအကြား ယုံကြည်မှု တည်ဆောက်ခြင်း၊ သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီဖလှယ်ခြင်း၊ စွမ်းရည်တည်ဆောက်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခြင်း၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန်သွားရောက်လည်ပတ်ခြင်းအားဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဟန်ချက်ညီညီရှိစေရန် ဆောင်ရွက်ရမည်ပင်ဖြစ်ပါကြောင်း။

အမျိုးသားလုံခြုံရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ကမ္ဘာတစ်ဝန်းဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်သည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ လုံခြုံရေးပတ်ဝန်းကျင်အပေါ် မူတည်သောကြောင့် အနာဂတ်လုံခြုံရေးပတ်ဝန်းကျင် တည်ငြိမ်ခိုင်မာလာစေရန် စိန်ခေါ်မှုများနှင့် နက်နဲရှုပ်ထွေးမှုများကို တစ်နိုင်ငံတည်း ရင်ဆိုင်ကျော်လွှားရန်မဖြစ်နိုင်ဘဲ အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ကျော်လွှားတုံ့ပြန်နိုင်မည် ဖြစ်ပါကြောင်း။

အာဆီယံအဖွဲ့အစည်းအနေဖြင့် တပ်မတော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများအ တွက်အာဆီယံတပ်မတော်များ၏ ၂နှစ်တာလုပ်ငန်းစီမံချက် (Two Year Activities Working Plan) ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပူးပေါင်းဆောင်ရွက် မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်အကောင်အထည်ဖော်နိုင်ခြင်းအားဖြင့် အပြန်အလှန် ယုံကြည်မှုများတည်ဆောက် ရေးနှင့် တစ်စုတစ်စည်းတည်း တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူများစွာရှိနိုင် မည်ဖြစ်ပါကြောင်း၊ အာဆီယံတပ်မတော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများအပြင် အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF)၊ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) နှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် အပေါင်းနိုင်ငံများအစည်းအဝေး(ADMM-Plus) ကိုလည်း ပြုလုပ်ကျင်းပလျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှုနှင့် သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေး(HADR) ၊ စစ်ဘက်ဆိုင်ရာဆေးပညာ (Military Medicine)၊ ပင်လယ်ရေကြောင်း ဆိုင်ရာလုံခြုံရေး (Maritime Security)၊ တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေး(Counter Terrorism)၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်ဆင်ရေးဆိုင်ရာကိစ္စ (Peace Keeping Operation)နှင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာမြေမြှုပ်မိုင်းရှင်းလင်းရေး (Humanitarian Mine Action) အစရှိသည့်နယ်ပယ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ခြင်းအားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားသာမက မိတ်ဖက်နိုင်ငံများနှင့်ပါ ညီညွတ်စွာဖြင့်တုံ့ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

အရှေ့တောင်အာရှဒေသသည် ရေပြင်အကျယ်အဝန်းဧရိယာပမာဏများပြားလှသည့် အားလျော်စွာ ဒေသတွင်းနိုင်ငံများအကြား စည်းလုံးညီညွတ်မှုရှိစွာဖြင့် ပင်လယ်ရေကြောင်းဝန်းကျင်လုံခြုံရေးသတိရှိမှု (Maritime Domain Awareness)၊ စွမ်းရည်တည်ဆောက်မှုများ၊ သတင်းအချက်အလက်ဖလှယ်ခြင်းများနှင့် ပင်လယ်ပြင်ပူးပေါင်း ကင်းလှည့်ခြင်း အစရှိသည့် နည်းလမ်းများဖြင့် စိန်ခေါ်မှုများကို လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်သွားရမည်ပင်ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှဒေသအတွင်း ပူးပေါင်းကင်းလှည့်မှုများနှင့် ကင်းလှည့်မှုဆိုင်ရာစံပြုလုပ် ထုံးလုပ်နည်းများအား စုပေါင်းပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ဒေသတွင်းပင်လယ်ရေပြင်များတွင် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းညီညွတ်မှုအား တည်ဆောက်ရာတွင် သတိပြုရမည့်အချက်များရှိပြီး မိမိတို့အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားကြရမည်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံအချင်းချင်း အပြန်အလှန်ဆက်ဆံရာတွင် ပူးပေါင်းဆောင်ရွက်မှု၊ သဘောထားကွဲလွဲမှု၊ အငြင်းပွားမှုနှင့် ပဋိပက္ခဖြစ်မှု စသည်တို့ ဖြစ်ပေါ်နိုင်ပါကြောင်း၊ သို့ဖြစ်၍ ပေါင်းစည်းညီညွတ်မှုအား တည်ဆောက်ရာတွင် မိမိတို့အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မတူညီကွဲပြားမှုကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်ပါကြောင်း၊ သို့သော်လည်း အာဆီယံ၏ ဆောင်ပုဒ်ဖြစ်သည့် “One Vision, One Identity, One Community” အတိုင်း မိမိတို့၏ မတူကွဲပြားမှုများကို လိုက်လျောညီထွေမှုရှိအောင် ဆောင်ရွက်သွားကြရမည်ပင်ဖြစ်ပါကြောင်း၊ နေ့စဉ်ကြုံတွေ့နေရသော သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအတွက် နိုင်ငံအချင်းချင်း အပြုသဘောဆောင်သော ဆက်ဆံရေးကို တည်ဆောက်၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ကာ တုံ့ပြန်ဆောင်ရွက်သွားကြရမည်ပင်ဖြစ်ပါကြောင်း။

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် ပြည်သူလူထု၏ လူနေမှုဘ၀မြင့်မားစေရေးနှင့်တည်ငြိမ် အေးချမ်းမှုရရှိစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ၊ အခြားသောဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်များ၊ ပြည်သူ့ဘ၀လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် အနှောင့် အယှက်ပြုနေသည့် အကြမ်းဖက်သမားများ၏ အဖျက်လုပ်ငန်းများအား ကာကွယ်တားဆီးဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ အာဆီယံနိုင်ငံများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် လုပ်ဆောင်လာကြတာကို တွေ့မြင်ကြရမည်ပင်ဖြစ်ပါကြောင်း၊ မိမိတို့အာဆီယံအဖွဲ့ကြီးအနေဖြင့်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုခိုင်မာသော ပေါင်းစည်းညီညွတ်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါကြောင်း။

အာဆီယံနိုင်ငံများအတွင်း အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ ပင်လယ်ဓားပြမှု၊ စီးပွားရေးဆိုင်ရာမှုခင်းနှင့် ဆိုက်ဘာဆိုင်ရာ မူခင်းတို့တွင် နိုင်ငံဖြတ်ကျော်မှုခင်းများအသွင် ဖြစ်ပွားလျက်ရှိပါကြောင်း၊ အာဆီယံနိုင်ငံရေး – လုံခြုံရေးဆိုင်ရာအသိုက်အဝန်း (ASEAN Political- Security Community- APSC) သည် အခြားဆွေးနွေးဖက်နိုင်ငံများနှင့်ဒေသတွင်းငြိမ်းချမ်းရေး တည်ဆောက်မှုတိုးမြှင့်စေရန် ရေရှည်မျှော်မှန်းချက်နှင့် လမ်းဖွင့်ဆောင်ရွက်နေပြီး မိမိတို့ ဒေသအတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုတိုးမြှင့်ရန် အထောက်အကူပြုလျက်ရှိပါကြောင်း၊ နယ်နိမိတ်ပြဿနာ၊ နိုင်ငံတကာအကြမ်းဖက်ဝါဒ၊ လက်နက်မှောင်ခိုမှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူမှောင်ခိုကူးမှု၊ ပင်လယ်ရေကြောင်းလုံခြုံမှု၊ သဘာ၀အရင်းအမြစ်များ ခွဲဝေသုံးစွဲမှု၊ နယ်စပ်ဖြတ်ကျော် ကျန်းမာရေးပြဿနာ၊ သဘာ၀ ပတ်ဝန်းကျင်ပြဿနာများ စသည့်သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများကို ပေါင်းစည်း ညီညွတ်စွာ လျင်မြန်စွာပူးပေါင်းတုံ့ပြန်ဖြေရှင်းခြင်းဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာကိစ္စရပ်များကို အောင်မြင်စွာအကောင်အထည် ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

လူသားလုံခြုံရေးနှင့်ပတ်သက်၍ လူမှုဝန်းကျင်အတွက် အရေးကြီးကဏ္ဍများဖြစ်သည့် မြို့ပြနေရာချထားမှု၊ အပြည်ပြည်ဆိုင်ရာအကြမ်းဖက်နှိမ်နင်းမှု၊ ရောဂါဝေဒနာရှင်များအား ကာကွယ်စောင့်ရှောက်မှု၊ တရားမဝင်လက်နက်နှင့်မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းမှု၊ သဘာ၀ပတ်ဝန်းကျင်ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများကိုလည်း လျင်မြန်စွာဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လူတစ်ဦးချင်းစီ၏ လုံခြုံမှုမှသည် လူမှုအဖွဲ့အစည်းလုံခြုံမှု၊ နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေးလုံခြုံမှု၊ သဘာ၀ပတ်ဝန်းကျင်လုံခြုံမှု၊ စားနပ်ရိက္ခာလုံခြုံမှု နှင့်ကျန်း မာရေးစောင့်ရှောက်မှုစသော လူသားများ၏ ဘ၀ရပ်တည်ရေးဆိုင်ရာ လုံခြုံမှုများအတွက် ပေါင်းစည်းညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခြင်းဖြင့် ဒေသတွင်းနိုင်ငံများရှိ ပြည်သူလူထုများအတွင်း လိုအပ်ချက် များနှင့် စိုးရိမ်ပူပန်မှုများကို ဖြေလျှော့နိုင်ပြီး အေးချမ်းတည်ငြိမ်၍လုံခြုံမှုရှိသောလူမှုဘ၀ကို တည်ဆောက်နိုင်မည်ဖြစ်ကာ နိုင်ငံတစ်နိုင်ငံချင်းစီ၏ လူသားဘ၀လုံခြုံမှုမှသည် ဒေသတွင်း နိုင်ငံများ၏ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုကိုပါ အပြန်အလှန်အထောက်အပံ့ပေးနိုင်မည်ပင် ဖြစ်ပါကြောင်း။

ယခုလက်ရှိကာလတွင် မိမိတို့ရင်ဆိုင်နေကြရသည့် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် မည်သည့်အချိန်တွင်မှ ကူးစက်မှုများပြီးဆုံးမည်ကို မည်သူမျှမသိရှိနိုင်သေးပါကြောင်း၊ ထို့ကြောင့် “Prevention is better than cure” ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမို ကောင်းမွန်သည် ဖြစ်သည့်အတွက် အဆိုပါကပ်ရောဂါကို အကောင်းဆုံးတုံ့ပြန်နိုင်ရန် ကပ်ရောဂါ ဖြစ်ပွားရသည့်အခြေခံအကြောင်းရင်းများ၊ ကူးစက်ပုံနည်းလမ်းများနှင့် တားဆီးကာကွယ်နိုင်သည့် နည်းလမ်းများကို အများပြည်သူများ သိရှိနားလည်သဘောပေါက်နိုင်စေရန် အသိပညာပေးခြင်း များကို ထိရောက်စွာ ဆောင်ရွက်ပေးကြရမည်ပင်ဖြစ်ပါကြောင်း၊ COVID-19 ကမ္ဘာလုံးဆိုင် ရာကပ်ရောဂါသည် လူသားမျိုးနွယ်စုအားလုံးကို ကြီးမားစွာခြိမ်းခြောက်လျက်ရှိသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုဖြစ်သည့်အတွက် နိုင်ငံအလိုက် ထိရောက်သော နည်းလမ်းများ အသုံးပြု၍ တားဆီးကာကွယ်ခြင်းသာမက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ကို ထိထိရောက်ရောက်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းရာတွင် စစ်ဘက်ဆိုင်ရာအရင်းအမြစ်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များဖြင့်လည်း ထိထိရောက်ရောက် အသုံးပြုရန် လိုအပ်ပါကြောင်း၊ ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအလိုက် COVID-19 ကမ္ဘာလုံး ဆိုင်ရာကပ်ရောဂါကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာလုပ်ငန်းများ၏ အတွေ့အကြုံများ၊ အောင်မြင်ခဲ့သည့်နည်းလမ်းများ၊ အားသားချက်၊ အားနည်းချက်များအား အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်မျှဝေခြင်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း။

အရှေ့တောင်အာရှနိုင်ငံများသည် ပေါင်းစည်းညီညွတ်သောစွမ်းအားဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွင်း လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်၍ ဒေသတွင်း စီးပွားရေးအင်အား ခိုင်မာတောင့်တင်းရန် ပူးပေါင်းဆောင်ရွက်သကဲ့သို့ ဒေသတွင်း ရင်ဆိုင်ကြုံတွေ့ နေရသည့်သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တပ်မတော်များအတူတကွလက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် “ပေါင်းစည်းညီညွတ်မှုရှိပြီး လျင်မြန်စွာတုံ့ပြန်ဆောင် ရွက်နိုင်သော အာဆီယံအတွက် စစ်ဘက် ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း”များကိုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့်အပြင် အာဆီယံဒေသကြီး၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို များစွာအထောက်အကူပြုနိုင် လိမ့်မည်ဟု မိမိအနေဖြင့် လေးလေးနက်နက် ယုံကြည်မိပါကြောင်း၊ အနာဂတ်ကာလများတွင်လည်း အာဆီယံဒေသတွင်း ပြည်သူ လူထု၏ဘ၀တည်ငြိမ်ရေးနှင့်လုံခြုံရေးအတွက် အာဆီယံ ဒေသအတွင်းရှိ ပြည်သူများ၏ ရင်းနှီးချစ်ကြည်စွာပေါင်းစည်းညီညွတ်မှုအားမှသည် လျင်မြန်စွာ တုံ့ပြန်နိုင်သည့် တစ်ခုတည်းသော အာဆီယံအသိုက်အဝန်းကြီးအား ဖော်ဆောင်ရန်တိုက်တွန်း အပ်ပါကြောင်းနှင့် အာဆီယံတပ်မတော်များအနေဖြင့် ဒေသတွင်းပြည်သူ့ဘ၀ တည်ငြိမ်လုံခြုံရေးအတွက် ညီညွတ်မှုအားကို အသုံးချပြီး လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်ခြင်းဖြင့် အာဆီယံနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်မှု၊ စည်းလုံးညီညွတ်မှုနှင့်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်မှု စွမ်းရည်များတိုးတက်မြင့်မားပါစေကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် အာဆီယံတပ်မတော်များ၏ (၂၀၂၀-၂၀၂၂) ၂ နှစ် လုပ်ငန်းစီမံချက်နှင့် (၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (17th ACDFM)၏ “ပေါင်းစည်းညီညွတ်မှုရှိပြီး လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်သော အာဆီယံ အတွက် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း (Military Cooperation for a Cohesive and Responsive ASEAN)” ပူးတွဲကြေငြာချက်အား အတည်ပြုကြသည်။ ထို့နောက် ဗီယက်နမ် ပြည်သူ့တပ်မတော်ဦးစီးချုပ်က နိဂုံးချုပ် စကားပြောကြားသည်။

ယင်းနောက် (၁၈) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (18th ACDFM) ကို အလှည့်ကျဥက္ကဌအဖြစ်လက်ခံကျင်းပမည့် ဘရူနိုင်းနိုင်ငံ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ထံသို့ ဥက္ကဌတာဝန် လွှဲပြောင်းပေးအပ်ခြင်းကို ဆက်လက်ပြုလုပ်ရာ ဗီယက်နမ်ပြည်သူ့တပ်မတော်ဦးစီးချုပ်က လွှဲပြောင်းပေးအပ်မှု အမှာစကားပြောကြားပြီး ဗီယက်နမ်ပြည်သူ့တပ်မတော်၏ ACDFM ဥက္ကဌ တာဝန်ယူခဲ့မှုဗီဒီယိုကို ပြသသည်။ ထို့နောက် ဗီယက်နမ်ပြည်သူ့တပ်မတော်ဦးစီးချုပ်က ဗီယက်နမ်နိုင်ငံဆိုင်ရာ ဘရူနိုင်းစစ်သံမှူးထံသို့ ACDFM အလံကို လွှဲပြောင်းပေးအပ်ရာ ဘရူနိုင်းစစ်သံမှူး က လက်ခံရယူပြီး အလံတိုင်တွင် စိုက်ထူသည်။ ယင်းနောက် ဗီယက်နမ်ပြည်သူ့တပ်မတော်ဦးစီးချုပ်နှင့် ဘရူနိုင်းစစ်သံမှူးတို့သည် အမှတ်တရဓာတ်ပုံရိုက်ကူးကာ သတ်မှတ်နေရာများတွင် ပြန်လည်နေရာယူကြသည်။

ဆက်လက်ပြီး ACDFM ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်မည့် ဘရူနိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားပြီး ဘရူနိုင်းနိုင်ငံ၏ မှတ်တမ်း ဗီဒီယိုကို ပြသကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။

 

(Zawgyi Version)

 

(၁၇)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအစည္းအေဝး (17 th ACDFM)ကို Video Conferencing ျဖင့္ က်င္းပျပဳလုပ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ေဆြးေႏြး

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂၄

(၁၇)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အစည္းအေဝး (17th ACDFM)ကို ယေန႔နံနက္ပိုင္းတြင္ Video Conferencing ျဖင့္ ခ်ိတ္ဆက္က်င္းပျပဳလုပ္ရာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ ရိပ္သာဧည့္ခန္းမေဆာင္မွတစ္ဆင့္ ပါဝင္တက္ေရာက္ ေဆြးေႏြးသည္။

အဆိုပါအစည္းအေဝးသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းႏွင့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးတို႔တက္ေရာက္ၾကၿပီး အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားတက္ေရာက္ၾကသည္။ ဦးစြာ အစည္းအေဝးတက္ေရာက္လာၾကသည့္ ႏိုင္ငံအသီးသီးမွ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားသည္ Screenshot ျဖင့္ စုေပါင္းဓာတ္ပုံ ႐ိုက္ကူးၾကၿပီး အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအား တစ္ဦးခ်င္း မိတ္ဆက္ေပးသည္။

ယင္းေနာက္ အစည္းအေဝးသဘာပတိ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္ဦးစီးခ်ဳပ္ Senior Lieutenant General Phan Van Giang ကအဖြင့္အမွာစကားေျပာၾကားသည္။

ထို႔ေနာက္ (၁၇)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ား အစည္းအေဝး (17th ASEAN Military Intelligence Meeting-AMIM-17) ရလဒ္အား ဗီယက္နမ္ကာကြယ္ေရးဝန္ႀကီးဌာန၊ ကာကြယ္ေရးဆိုင္ရာေထာက္လွမ္းေရးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က လည္းေကာင္း၊ (၁၀)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ား အစည္းအေဝး (10th ASEAN Military Operations Meeting-AMOM-10) ရလဒ္အား ဗီယက္နမ္ျပည္သူ႔တပ္မေတာ္စစ္ဆင္ေရးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္က လည္းေကာင္း အသီးသီးတင္ျပၾကသည္။

ယင္းေနာက္ အစည္းအေဝးသဘာပတိ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္ဦးစီးခ်ဳပ္ Senior Lieutenant General Phan Van Giang ဦးေဆာင္၍ အာဆီယံႏိုင္ငံမ်ားမွ တပ္မေတာ္အႀကီးအကဲမ်ားက “ေပါင္းစည္းညီၫြတ္မႈရွိၿပီး လ်င္ျမန္စြာ တုံ႔ျပန္ေဆာင္႐ြက္ႏိုင္ေသာ အာဆီယံအတြက္ စစ္ဘက္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ျခင္း (Military Cooperation for a Cohesive and Responsive ASEAN)” အေပၚအျမင္မ်ားအား ႏိုင္ငံအလိုက္ အသီးသီးေဆြးေႏြးၾကသည္။

ျမန္မာ့တပ္မေတာ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေဆြးေႏြးရာတြင္ ယေန႔က်င္းပျပဳလုပ္သည့္ (၁၇)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အစည္းအေဝးသို႔ ပါဝင္တက္ေရာက္လာ ၾကသူမ်ားအားလုံး COVID-19 ကမာၻလုံးဆိုင္ရာကပ္ေရာဂါျဖစ္ပြားေနသည့္ အၾကပ္အတည္းကာလတြင္ ေဘးအႏၲရာယ္အေပါင္း မွကင္းေဝးၾကပါေစေၾကာင္း ဦးစြာ ဆုမြန္ေကာင္း ေတာင္းအပ္ပါေၾကာင္း၊ ယခုအစည္းအေဝး၏ သဘာပတိအျဖစ္ တာဝန္ယူေဆာင္႐ြက္ေသာ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္ စစ္ဦးစီးခ်ဳပ္ျဖစ္သူ Senior Lieutenant General Phan Van Giang ႏွင့္တကြ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္မွ တာဝန္ရွိသူမ်ားအားလုံးကိုလည္း ယခုကဲ့သို႔ (၁၇)ႀကိမ္ေျမာက္အာဆီယံ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အစည္းအေဝးကို Virtual Conference အျဖစ္ အခက္အခဲမ်ားအၾကားမွ ေအာင္ျမင္စြာဦးေဆာင္က်င္းပႏိုင္သည့္ အတြက္လည္း ဝမ္းေျမာက္ဂုဏ္ယူပါေၾကာင္း။

ယေန႔အစည္းအေဝးတြင္ မိမိအေနျဖင့္ “ေပါင္းစည္းညီၫြတ္မႈရွိၿပီး လ်င္ျမန္စြာ တုံ႔ျပန္ေဆာင္႐ြက္ႏိုင္ေသာအာဆီယံအတြက္ စစ္ဘက္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ျခင္း (Military Cooperation for a Cohesive and Responsive ASEAN)” ဟူသည့္ေခါင္းစဥ္အား ေဆြးေႏြးသြားမည္ျဖစ္ပါေၾကာင္း၊ အေရွ႕ေတာင္အာရွေဒသသည္ လက္ရွိကာလတြင္ သမား႐ိုးက်လုံၿခဳံေရးဆိုင္ရာစိန္ေခၚမႈမ်ားအျပင္ အၾကမ္းဖက္မႈ၊ ရာသီဥတုေျပာင္းလဲမႈ၊ အရင္းအျမစ္ရွားပါးလာမႈ၊ ကူးစက္ေရာဂါျပန႔္ပြားမႈ၊ သဘာ၀ေဘးအႏၲရာယ္၊ ပုံမွန္မဟုတ္ေသာေ႐ႊ႕ေျပာင္းအလုပ္သမားကိစၥ၊ အစာေရစာရွားပါးမႈ၊ လူေမွာင္ခိုကုန္ကူးမႈ၊ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားမႈ၊ သတင္းအခ်က္ အလက္လုံၿခဳံေရး၊ ပင္လယ္ဓားျပမႈႏွင့္ နယ္စပ္ျဖတ္ေက်ာ္ရာဇဝတ္မႈမ်ားကဲ့သို႔ေသာ သမား႐ိုးက်မဟုတ္သည့္ လုံၿခဳံေရးဆိုင္ရာစိန္ေခၚမႈမ်ားစြာႏွင့္လည္း ရင္ဆိုင္ရလ်က္ရွိပါေၾကာင္း။

မိမိတို႔ေဒသတြင္းႏိုင္ငံမ်ားအေနျဖင့္ အဆိုပါၿခိမ္းေျခာက္မႈမ်ားကို ေပါင္းစည္းမႈျဖင့္ လ်င္ျမန္စြာတုံ႔ျပန္သြားရန္လိုအပ္ပါေၾကာင္း၊ အာဆီယံေဒသတြင္းႏိုင္ငံမ်ားအၾကား အၾကမ္းဖက္ဆိုင္ရာ ဖိအားေပးၿခိမ္းေျခာက္ခံရမႈမ်ား ပိုမိုႀကီးထြားလာသည့္အတြက္ အၾကမ္းဖက္မႈႏွိမ္နင္းေရးဆိုင္ရာ သတင္းမ်ားအား အျပန္အလွန္ဖလွယ္သြားႏိုင္ရန္လိုအပ္ပါေၾကာင္း၊ ယေန႔ေခတ္တြင္ ရင္ဆိုင္ေနရသည့္ အၾကမ္းဖက္မႈႏွင့္ဆက္စပ္ေသာ စိန္ေခၚမႈမ်ားကို လ်င္ျမန္စြာတုံ႔ျပန္ႏိုင္ရန္အတြက္ မိမိတို႔အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံ ဆက္ဆံေရးျမႇင့္တင္ျခင္းအျပင္ ကာကြယ္ေရးႏွင့္လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ားတြင္ ညီၫြတ္စြာျဖင့္ပိုမိုပူးေပါင္းေဆာင္႐ြက္သြားရမည္ပင္ျဖစ္ပါေၾကာင္း၊ အာဆီယံႏိုင္ငံမ်ားအၾကား ေပါင္းစည္းညီၫြတ္မႈမ်ားအား တည္ေဆာက္ႏိုင္ရန္အတြက္ မိမိတို႔ အာဆီယံတပ္မေတာ္မ်ားအေနျဖင့္လည္း က်ရာအခန္းက႑မ်ားမွ အထူးႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္ လိုအပ္ပါေၾကာင္း၊ မိမိတို႔အာဆီယံတပ္မေတာ္မ်ားအၾကား ယုံၾကည္မႈ တည္ေဆာက္ျခင္း၊ သတင္းအခ်က္အလက္မ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီဖလွယ္ျခင္း၊ စြမ္းရည္တည္ေဆာက္ျခင္းလုပ္ငန္းမ်ားတြင္ ပူးေပါင္းေလ့က်င့္ေဆာင္႐ြက္ျခင္း၊ ခ်စ္ၾကည္ေရးခရီးမ်ား အျပန္အလွန္သြားေရာက္လည္ပတ္ျခင္းအားျဖင့္ တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံ ဟန္ခ်က္ညီညီရွိေစရန္ ေဆာင္႐ြက္ရမည္ပင္ျဖစ္ပါေၾကာင္း။

အမ်ိဳးသားလုံၿခဳံေရး၊ ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ကမာၻတစ္ဝန္းဖြံ႕ၿဖိဳးတိုးတက္ေရး၏ အေျခခံအုတ္ျမစ္သည္ ႏိုင္ငံတစ္ႏိုင္ငံခ်င္းစီ၏ လုံၿခဳံေရးပတ္ဝန္းက်င္အေပၚ မူတည္ေသာေၾကာင့္ အနာဂတ္လုံၿခဳံေရးပတ္ဝန္းက်င္ တည္ၿငိမ္ခိုင္မာလာေစရန္ စိန္ေခၚမႈမ်ားႏွင့္ နက္နဲရႈပ္ေထြးမႈမ်ားကို တစ္ႏိုင္ငံတည္း ရင္ဆိုင္ေက်ာ္လႊားရန္မျဖစ္ႏိုင္ဘဲ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ စည္းလုံးညီၫြတ္စြာပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္သာ ေက်ာ္လႊားတုံ႔ျပန္ႏိုင္မည္ ျဖစ္ပါေၾကာင္း။

အာဆီယံအဖြဲ႕အစည္းအေနျဖင့္ တပ္မေတာ္မ်ားအခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္မႈမ်ားအ တြက္အာဆီယံတပ္မေတာ္မ်ား၏ ၂ႏွစ္တာလုပ္ငန္းစီမံခ်က္ (Two Year Activities Working Plan) ကို ခ်မွတ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ပူးေပါင္းေဆာင္႐ြက္ မႈမ်ားကို နက္ရႈိင္းစြာ ေဆာင္႐ြက္အေကာင္အထည္ေဖာ္ႏိုင္ျခင္းအားျဖင့္ အျပန္အလွန္ ယုံၾကည္မႈမ်ားတည္ေဆာက္ ေရးႏွင့္ တစ္စုတစ္စည္းတည္း တုံ႔ျပန္ေဆာင္႐ြက္ႏိုင္ရန္အတြက္ အေထာက္အကူမ်ားစြာရွိႏိုင္ မည္ျဖစ္ပါေၾကာင္း၊ အာဆီယံတပ္မေတာ္မ်ားအခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္မႈမ်ားအျပင္ အာဆီယံေဒသဆိုင္ရာဖိုရမ္ (ARF)၊ အာဆီယံကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝး (ADMM) ႏွင့္ အာဆီယံကာကြယ္ေရးဝန္ႀကီးမ်ားႏွင့္ အေပါင္းႏိုင္ငံမ်ားအစည္းအေဝး (ADMM-Plus) ကိုလည္း ျပဳလုပ္က်င္းပလ်က္ရွိၿပီး လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ သဘာ၀ေဘးအႏၲရာယ္ ကာကြယ္ေရး(HADR) ၊ စစ္ဘက္ဆိုင္ရာေဆးပညာ (Military Medicine)၊ ပင္လယ္ေရေၾကာင္း ဆိုင္ရာလုံၿခဳံေရး (Maritime Security)၊ တန္ျပန္အၾကမ္းဖက္မႈႏွိမ္နင္းေရး (Counter Terrorism)၊ ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈစစ္ဆင္ေရးဆိုင္ရာကိစၥ (Peace Keeping Operation)ႏွင့္ လူသားခ်င္းစာနာေထာက္ထားေရးဆိုင္ရာေျမျမႇဳပ္မိုင္းရွင္းလင္းေရး (Humanitarian Mine Action) အစရွိသည့္နယ္ပယ္မ်ားတြင္ ပိုမိုပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ေဆာင္႐ြက္ျခင္းအားျဖင့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကားသာမက မိတ္ဖက္ႏိုင္ငံမ်ားႏွင့္ပါ ညီၫြတ္စြာျဖင့္တုံ႔ျပန္ႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း။

အေရွ႕ေတာင္အာရွေဒသသည္ ေရျပင္အက်ယ္အဝန္းဧရိယာပမာဏမ်ားျပားလွသည့္ အားေလ်ာ္စြာ ေဒသတြင္းႏိုင္ငံမ်ားအၾကား စည္းလုံးညီၫြတ္မႈရွိစြာျဖင့္ ပင္လယ္ေရေၾကာင္းဝန္းက်င္လုံၿခဳံေရးသတိရွိမႈ (Maritime Domain Awareness)၊ စြမ္းရည္တည္ေဆာက္မႈမ်ား၊ သတင္းအခ်က္အလက္ဖလွယ္ျခင္းမ်ားႏွင့္ ပင္လယ္ျပင္ပူးေပါင္း ကင္းလွည့္ျခင္း အစရွိသည့္ နည္းလမ္းမ်ားျဖင့္ စိန္ေခၚမႈမ်ားကို လ်င္ျမန္စြာတုံ႔ျပန္ေဆာင္႐ြက္သြားရမည္ပင္ျဖစ္ပါေၾကာင္း၊ အေရွ႕ေတာင္အာရွေဒသအတြင္း ပူးေပါင္းကင္းလွည့္မႈမ်ားႏွင့္ ကင္းလွည့္မႈဆိုင္ရာစံျပဳလုပ္ ထုံးလုပ္နည္းမ်ားအား စုေပါင္းပါဝင္လက္မွတ္ေရးထိုးျခင္းျဖင့္ ေဒသတြင္းပင္လယ္ေရျပင္မ်ားတြင္ လ်င္ျမန္စြာတုံ႔ျပန္ေဆာင္႐ြက္သြားႏိုင္မည္ ျဖစ္ပါေၾကာင္း။

အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား ေပါင္းစည္းညီၫြတ္မႈအား တည္ေဆာက္ရာတြင္ သတိျပဳရမည့္အခ်က္မ်ားရွိၿပီး မိမိတို႔အခ်င္းခ်င္းအၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ယခုထက္ ပိုမိုနက္ရႈိင္းစြာ ေဆာင္႐ြက္သြားၾကရမည္ပင္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံအခ်င္းခ်င္း အျပန္အလွန္ ဆက္ဆံရာတြင္ ပူးေပါင္းေဆာင္႐ြက္မႈ၊ သေဘာထားကြဲလြဲမႈ၊ အျငင္းပြားမႈႏွင့္ ပဋိပကၡျဖစ္မႈ စသည္တို႔ ျဖစ္ေပၚႏိုင္ပါေၾကာင္း၊ သို႔ျဖစ္၍ ေပါင္းစည္းညီၫြတ္မႈအား တည္ေဆာက္ရာတြင္ မိမိတို႔အေနျဖင့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ မတူညီကြဲျပားမႈကိုပါ ထည့္သြင္းစဥ္းစားရန္လိုအပ္ပါေၾကာင္း၊ သို႔ေသာ္လည္း အာဆီယံ၏ ေဆာင္ပုဒ္ျဖစ္သည့္ “One Vision, One Identity, One Community” အတိုင္း မိမိတို႔၏ မတူကြဲျပားမႈမ်ားကို လိုက္ေလ်ာညီေထြမႈရွိေအာင္ ေဆာင္႐ြက္သြားၾကရမည္ပင္ျဖစ္ပါေၾကာင္း၊ ေန႔စဥ္ႀကဳံေတြ႕ေနရေသာ သမား႐ိုးက်ႏွင့္ သမား႐ိုးက်မဟုတ္ေသာ လုံၿခဳံေရးဆိုင္ရာစိန္ေခၚမႈမ်ားအတြက္ ႏိုင္ငံအခ်င္းခ်င္း အျပဳသေဘာေဆာင္ေသာ ဆက္ဆံေရးကို တည္ေဆာက္၍ အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္ကာ တုံ႔ျပန္ေဆာင္႐ြက္သြားၾကရမည္ပင္ျဖစ္ပါေၾကာင္း။

ကမာၻေပၚရွိႏိုင္ငံတိုင္းတြင္ ျပည္သူလူထု၏ လူေနမႈဘ၀ျမင့္မားေစေရးႏွင့္တည္ၿငိမ္ ေအးခ်မ္းမႈရရွိေစရန္အတြက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ထိုကဲ့သို႔ ေဆာင္႐ြက္ရာတြင္ သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာကိစၥရပ္မ်ား၊ အျခားေသာေဒသတြင္း တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာကိစၥရပ္မ်ား၊ လူ႔စြမ္းအားအရင္းအျမစ္ဆိုင္ရာ လိုအပ္ခ်က္မ်ား၊ ျပည္သူ႔ဘ၀လုံၿခဳံေရးႏွင့္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အေႏွာင့္ အယွက္ျပဳေနသည့္ အၾကမ္းဖက္သမားမ်ား၏ အဖ်က္လုပ္ငန္းမ်ားအား ကာကြယ္တားဆီးေဆာင္႐ြက္ႏိုင္ရန္အတြက္ မိမိတို႔ အာဆီယံႏိုင္ငံမ်ားအေနျဖင့္ စည္းလုံးညီၫြတ္စြာျဖင့္ လုပ္ေဆာင္လာၾကတာကို ေတြ႕ျမင္ၾကရမည္ပင္ျဖစ္ပါေၾကာင္း၊ မိမိတို႔အာဆီယံအဖြဲ႕ႀကီးအေနျဖင့္လည္း တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုခိုင္မာေသာ ေပါင္းစည္းညီၫြတ္မႈမ်ားကို စဥ္ဆက္မျပတ္ေဆာင္႐ြက္ခဲ့ပါေၾကာင္း။

အာဆီယံႏိုင္ငံမ်ားအတြင္း အၾကမ္းဖက္မႈ၊ မူးယစ္ေဆးဝါးေရာင္းဝယ္မႈ၊ ေငြေၾကးခဝါခ်မႈ၊ လူကုန္ကူးမႈ၊ လက္နက္ေမွာင္ခိုမႈ၊ ပင္လယ္ဓားျပမႈ၊ စီးပြားေရးဆိုင္ရာမႈခင္းႏွင့္ ဆိုက္ဘာဆိုင္ရာ မူခင္းတို႔တြင္ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းမ်ားအသြင္ ျဖစ္ပြားလ်က္ရွိပါေၾကာင္း၊ အာဆီယံ ႏိုင္ငံေရး – လုံၿခဳံေရးဆိုင္ရာအသိုက္အဝန္း (ASEAN Political- Security Community- APSC) သည္ အျခားေဆြးေႏြးဖက္ႏိုင္ငံမ်ားႏွင့္ေဒသတြင္းၿငိမ္းခ်မ္းေရး တည္ေဆာက္မႈတိုးျမႇင့္ေစရန္ ေရရွည္ေမွ်ာ္မွန္းခ်က္ႏွင့္ လမ္းဖြင့္ေဆာင္႐ြက္ေနၿပီး မိမိတို႔ ေဒသအတြင္း ၿငိမ္းခ်မ္းေရးႏွင့္လုံၿခဳံေရးကိုတိုးျမႇင့္ရန္ အေထာက္အကူျပဳလ်က္ရွိပါေၾကာင္း၊ နယ္နိမိတ္ျပႆနာ၊ ႏိုင္ငံတကာအၾကမ္းဖက္ဝါဒ၊ လက္နက္ေမွာင္ခိုမႈ၊ နယ္စပ္ျဖတ္ေက်ာ္မႈခင္းမ်ား၊ မူးယစ္ေဆးဝါးေရာင္းဝယ္မႈ၊ လူေမွာင္ခိုကူးမႈ၊ ပင္လယ္ေရေၾကာင္းလုံၿခဳံမႈ၊ သဘာ၀အရင္းအျမစ္မ်ား ခြဲေဝသုံးစြဲမႈ၊ နယ္စပ္ျဖတ္ေက်ာ္ က်န္းမာေရးျပႆနာ၊ သဘာ၀ ပတ္ဝန္းက်င္ျပႆနာမ်ား စသည့္သမား႐ိုးက်မဟုတ္ေသာ စိန္ေခၚမႈမ်ားကို ေပါင္းစည္း ညီၫြတ္စြာ လ်င္ျမန္စြာပူးေပါင္းတုံ႔ျပန္ေျဖရွင္းျခင္းျဖင့္ ေဒသတြင္း ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးဆိုင္ရာကိစၥရပ္မ်ားကို ေအာင္ျမင္စြာအေကာင္အထည္ ေဖာ္ေဆာင္ႏိုင္မည္ဟု ယုံၾကည္ပါေၾကာင္း။

လူသားလုံၿခဳံေရးႏွင့္ပတ္သက္၍ လူမႈဝန္းက်င္အတြက္ အေရးႀကီးက႑မ်ားျဖစ္သည့္ ၿမိဳ႕ျပေနရာခ်ထားမႈ၊ အျပည္ျပည္ဆိုင္ရာအၾကမ္းဖက္ႏွိမ္နင္းမႈ၊ ေရာဂါေဝဒနာရွင္မ်ားအား ကာကြယ္ေစာင့္ေရွာက္မႈ၊ တရားမဝင္လက္နက္ႏွင့္မူးယစ္ေဆးဝါးမ်ား တားဆီးႏွိမ္နင္းမႈ၊ သဘာ၀ပတ္ဝန္းက်င္ေဘးအႏၲရာယ္ဆိုင္ရာ ကာကြယ္ေစာင့္ေရွာက္မႈမ်ားကိုလည္း လ်င္ျမန္စြာေဆာင္႐ြက္သြားရန္လိုအပ္ပါေၾကာင္း၊ လူတစ္ဦးခ်င္းစီ၏ လုံၿခဳံမႈမွသည္ လူမႈအဖြဲ႕အစည္းလုံၿခဳံမႈ၊ ႏိုင္ငံေရးလုံၿခဳံမႈ၊ စီးပြားေရးလုံၿခဳံမႈ၊ သဘာ၀ပတ္ဝန္းက်င္လုံၿခဳံမႈ၊ စားနပ္ရိကၡာလုံၿခဳံမႈ ႏွင့္က်န္း မာေရးေစာင့္ေရွာက္မႈစေသာ လူသားမ်ား၏ ဘ၀ရပ္တည္ေရးဆိုင္ရာ လုံၿခဳံမႈမ်ားအတြက္ ေပါင္းစည္းညီၫြတ္စြာျဖင့္ ပူးေပါင္းေဆာင္႐ြက္သြားၾကရမည္ျဖစ္ပါေၾကာင္း၊ ထိုသို႔လ်င္ျမန္စြာ တုံ႔ျပန္ေဆာင္႐ြက္ႏိုင္ျခင္းျဖင့္ ေဒသတြင္းႏိုင္ငံမ်ားရွိ ျပည္သူလူထုမ်ားအတြင္း လိုအပ္ခ်က္ မ်ားႏွင့္ စိုးရိမ္ပူပန္မႈမ်ားကို ေျဖေလွ်ာ့ႏိုင္ၿပီး ေအးခ်မ္းတည္ၿငိမ္၍လုံၿခဳံမႈရွိေသာလူမႈဘ၀ကို တည္ေဆာက္ႏိုင္မည္ျဖစ္ကာ ႏိုင္ငံတစ္ႏိုင္ငံခ်င္းစီ၏ လူသားဘ၀လုံၿခဳံမႈမွသည္ ေဒသတြင္း ႏိုင္ငံမ်ား၏ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ လုံၿခဳံမႈကိုပါ အျပန္အလွန္အေထာက္အပံ့ေပးႏိုင္မည္ပင္ ျဖစ္ပါေၾကာင္း။

ယခုလက္ရွိကာလတြင္ မိမိတို႔ရင္ဆိုင္ေနၾကရသည့္ COVID-19 ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါသည္ မည္သည့္အခ်ိန္တြင္မွ ကူးစက္မႈမ်ားၿပီးဆုံးမည္ကို မည္သူမွ်မသိရွိႏိုင္ေသးပါေၾကာင္း၊ ထို႔ေၾကာင့္ “Prevention is better than cure” ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ပိုမို ေကာင္းမြန္သည္ ျဖစ္သည့္အတြက္ အဆိုပါကပ္ေရာဂါကို အေကာင္းဆုံးတုံ႔ျပန္ႏိုင္ရန္ ကပ္ေရာဂါ ျဖစ္ပြားရသည့္အေျခခံအေၾကာင္းရင္းမ်ား၊ ကူးစက္ပုံနည္းလမ္းမ်ားႏွင့္ တားဆီးကာကြယ္ႏိုင္သည့္ နည္းလမ္းမ်ားကို အမ်ားျပည္သူမ်ား သိရွိနားလည္သေဘာေပါက္ႏိုင္ေစရန္ အသိပညာေပးျခင္း မ်ားကို ထိေရာက္စြာ ေဆာင္႐ြက္ေပးၾကရမည္ပင္ျဖစ္ပါေၾကာင္း၊ COVID-19 ကမာၻလုံးဆိုင္ ရာကပ္ေရာဂါသည္ လူသားမ်ိဳးႏြယ္စုအားလုံးကို ႀကီးမားစြာၿခိမ္းေျခာက္လ်က္ရွိသည့္ သမား႐ိုးက်မဟုတ္ေသာ လုံၿခဳံေရးဆိုင္ရာစိန္ေခၚမႈျဖစ္သည့္အတြက္ ႏိုင္ငံအလိုက္ ထိေရာက္ေသာ နည္းလမ္းမ်ား အသုံးျပဳ၍ တားဆီးကာကြယ္ျခင္းသာမက ေဒသတြင္းပူးေပါင္းေဆာင္႐ြက္မႈမ်ား ကို ထိထိေရာက္ေရာက္ေဆာင္႐ြက္သြားရန္လိုအပ္မည္ျဖစ္ပါေၾကာင္း၊ သမား႐ိုးက် မဟုတ္ေသာ လုံၿခဳံေရးဆိုင္ရာစိန္ေခၚမႈမ်ားကိုရင္ဆိုင္ေျဖရွင္းရာတြင္ စစ္ဘက္ဆိုင္ရာအရင္းအျမစ္မ်ားကို လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ရည္႐ြယ္ခ်က္မ်ားျဖင့္လည္း ထိထိေရာက္ေရာက္ အသုံးျပဳရန္ လိုအပ္ပါေၾကာင္း၊ ထို႔အျပင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား အလိုက္ COVID-19 ကမာၻလုံး ဆိုင္ရာကပ္ေရာဂါကာကြယ္တားဆီးေရး၊ ထိန္းခ်ဳပ္ေရးႏွင့္ ကုသေရးဆိုင္ရာလုပ္ငန္းမ်ား၏ အေတြ႕အႀကဳံမ်ား၊ ေအာင္ျမင္ခဲ့သည့္နည္းလမ္းမ်ား၊ အားသားခ်က္၊ အားနည္းခ်က္မ်ားအား အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္း အျပန္အလွန္မွ်ေဝျခင္းမ်ားကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ရန္ လိုအပ္ေနပါေၾကာင္း။

အေရွ႕ေတာင္အာရွႏိုင္ငံမ်ားသည္ ေပါင္းစည္းညီၫြတ္ေသာစြမ္းအားျဖင့္ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံမ်ားအတြင္း လူသားစြမ္းရည္ဖြံ႕ၿဖိဳးတိုးတက္ေရးကိုဦးတည္၍ ေဒသတြင္း စီးပြားေရးအင္အား ခိုင္မာေတာင့္တင္းရန္ ပူးေပါင္းေဆာင္႐ြက္သကဲ့သို႔ ေဒသတြင္း ရင္ဆိုင္ႀကဳံေတြ႕ ေနရသည့္သမား႐ိုးက်ႏွင့္သမား႐ိုးက်မဟုတ္ေသာ လုံၿခဳံေရးဆိုင္ရာ စိန္ေခၚမႈမ်ားကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ တပ္မေတာ္မ်ားအတူတကြလက္တြဲ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ “ေပါင္းစည္းညီၫြတ္မႈရွိၿပီး လ်င္ျမန္စြာတုံ႔ျပန္ေဆာင္ ႐ြက္ႏိုင္ေသာ အာဆီယံအတြက္ စစ္ဘက္ ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ျခင္း”မ်ားကိုေအာင္ျမင္စြာအေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားႏိုင္မည့္အျပင္ အာဆီယံေဒသႀကီး၏ ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္ေရးကို မ်ားစြာအေထာက္အကူျပဳႏိုင္ လိမ့္မည္ဟု မိမိအေနျဖင့္ ေလးေလးနက္နက္ ယုံၾကည္မိပါေၾကာင္း၊ အနာဂတ္ကာလမ်ားတြင္လည္း အာဆီယံေဒသတြင္း ျပည္သူ လူထု၏ဘ၀တည္ၿငိမ္ေရးႏွင့္လုံၿခဳံေရးအတြက္ အာဆီယံ ေဒသအတြင္းရွိ ျပည္သူမ်ား၏ ရင္းႏွီးခ်စ္ၾကည္စြာေပါင္းစည္းညီၫြတ္မႈအားမွသည္ လ်င္ျမန္စြာ တုံ႔ျပန္ႏိုင္သည့္ တစ္ခုတည္းေသာ အာဆီယံအသိုက္အဝန္းႀကီးအား ေဖာ္ေဆာင္ရန္တိုက္တြန္း အပ္ပါေၾကာင္းႏွင့္ အာဆီယံတပ္မေတာ္မ်ားအေနျဖင့္ ေဒသတြင္းျပည္သူ႔ဘ၀ တည္ၿငိမ္လုံၿခဳံေရးအတြက္ ညီၫြတ္မႈအားကို အသုံးခ်ၿပီး လ်င္ျမန္စြာတုံ႔ျပန္ေဆာင္႐ြက္ျခင္းျဖင့္ အာဆီယံႏိုင္ငံမ်ား၏ အခ်ဳပ္အျခာအာဏာပိုင္မႈ၊ စည္းလုံးညီၫြတ္မႈႏွင့္လ်င္ျမန္စြာ တုံ႔ျပန္ေဆာင္႐ြက္ႏိုင္မႈ စြမ္းရည္မ်ားတိုးတက္ျမင့္မားပါေစေၾကာင္းျဖင့္ ေဆြးေႏြးေျပာၾကားသည္။

ယင္းေနာက္ အာဆီယံတပ္မေတာ္မ်ား၏ (၂၀၂၀-၂၀၂၂) ၂ ႏွစ္ လုပ္ငန္းစီမံခ်က္ႏွင့္ (၁၇)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အစည္းအေဝး (17th ACDFM)၏ “ေပါင္းစည္းညီၫြတ္မႈရွိၿပီး လ်င္ျမန္စြာ တုံ႔ျပန္ေဆာင္႐ြက္ႏိုင္ေသာ အာဆီယံ အတြက္ စစ္ဘက္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ျခင္း (Military Cooperation for a Cohesive and Responsive ASEAN)” ပူးတြဲေၾကျငာခ်က္အား အတည္ျပဳၾကသည္။ ထို႔ေနာက္ ဗီယက္နမ္ ျပည္သူ႔တပ္မေတာ္ဦးစီးခ်ဳပ္က နိဂုံးခ်ဳပ္ စကားေျပာၾကားသည္။

ယင္းေနာက္ (၁၈) ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အစည္းအေဝး (18th ACDFM) ကို အလွည့္က်ဥကၠဌအျဖစ္လက္ခံက်င္းပမည့္ ဘ႐ူႏိုင္းႏိုင္ငံ တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ထံသို႔ ဥကၠဌတာဝန္ လႊဲေျပာင္းေပးအပ္ျခင္းကို ဆက္လက္ျပဳလုပ္ရာ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္ဦးစီးခ်ဳပ္က လႊဲေျပာင္းေပးအပ္မႈ အမွာစကားေျပာၾကားၿပီး ဗီယက္နမ္ျပည္သူ႔တပ္မေတာ္၏ ACDFM ဥကၠဌ တာဝန္ယူခဲ့မႈဗီဒီယိုကို ျပသသည္။ ထို႔ေနာက္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္ဦးစီးခ်ဳပ္က ဗီယက္နမ္ႏိုင္ငံဆိုင္ရာ ဘ႐ူႏိုင္းစစ္သံမႉးထံသို႔ ACDFM အလံကို လႊဲေျပာင္းေပးအပ္ရာ ဘ႐ူႏိုင္းစစ္သံမႉး ကလက္ခံရယူၿပီး အလံတိုင္တြင္ စိုက္ထူသည္။ ယင္းေနာက္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္ဦးစီးခ်ဳပ္ႏွင့္ ဘ႐ူႏိုင္းစစ္သံမႉးတို႔သည္ အမွတ္တရဓာတ္ပုံ႐ိုက္ကူးကာ သတ္မွတ္ေနရာမ်ားတြင္ ျပန္လည္ေနရာယူၾကသည္။

ဆက္လက္ၿပီး ACDFM ဥကၠဌအျဖစ္ တာဝန္ထမ္းေဆာင္မည့္ ဘ႐ူႏိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားၿပီး ဘ႐ူႏိုင္းႏိုင္ငံ၏ မွတ္တမ္း ဗီဒီယိုကို ျပသကာ အစည္းအေဝးကို ႐ုတ္သိမ္းခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။