တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားမှုများ အပိုင်း(၃)

နေပြည်တော်၊ နိုဝင်ဘာ-၄

မေး။ COVID-19 နဲ့ပတ်သက်ပြီးမေးချင်တာပါ၊ တပ်မတော်အဖွဲ့အစည်းဆိုတာ အင်အားကလည်းများတယ်။ နောက်တစ်ခုက သူရဲ့လုပ်ပုံကိုင်ပုံတွေကလည်း စုပေါင်းပြီးတော့မှလေ့ကျင့်ရေးတွေစစ်ဆင်ရေးတွေ လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီကမ္ဘာ့ကပ်ရောဂါကူးစက်နိုင်မှုအနည်းဆုံးဖြစ်အောင် ဗိုလ်ချုပ်မှူးကြီးတို့လိုမျိုး တပ်မတော်အကြီးအကဲတွေအနေနဲ့က ဘယ်လိုမျိုးစီမံဆောင်ရွက်ထားပါသလဲဆိုတာသိချင်ပါတယ်ရှင်။

ဖြေ။ တော်တော်လေးကျယ်ပြန့်တဲ့ဖြစ်စဉ်တစ်ခုပါ။ COVID-19 နဲ့ပတ်သက်ပြီး ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှာ စဖြစ်ခဲ့တာကိုလေ့လာတွေ့ရှိရတယ်။ ကျွန်တော်က ဇန်နဝါရီလမှာ စတင်သိရှိခဲ့ပါတယ်၊ စသိခဲ့ရတာက ဆေးတပ်ဖွဲ့ညွှန်ကြားရေးမှူးနဲ့ပါရဂူအဖွဲ့တွေကလာတင်ပြတယ်၊ ဒီလိုတော့အခြေအနေတွေ့ရပါတယ်၊ ဒါပေမယ့် ဘာရောဂါမှန်းကျွန်တော်တို့မသိသေးပါဘူး၊ ဒါကတော့ကူးစက်မြန်တဲ့ရောဂါတစ်ခုဆိုတာကို အကြမ်းဖျဉ်းအားဖြင့် ကျွန်တော်တို့သိပါတယ်၊ တပ်မတော်မှာတော့ သတိထားရမယ့်ရောဂါတစ်ခုဖြစ်တယ်လို့ ကျွန်တော့်ကိုသတင်းပို့ခဲ့တယ်၊ ကျွန်တော်အနေနဲ့ ဒါကိုစောင့်ကြည့်နေပြီး တပ်မတော်အနေအထားကတော့ နိုင်ငံတော်ကာကွယ်ရေးအတွက် လုပ်ရတဲ့အဖွဲ့အစည်းဖြစ်တာကြောင့် ကျွန်တော်တို့မှာ ဒီရောဂါကြောင့် တပ်မတော်ရဲ့စွမ်းအားတွေလျော့သွားလို့ မဖြစ်တာတော့ သေချာတဲ့အတွက် သာမန်အားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ငှက်ဖျားလိုဟာမျိုးတောင်မှ တပ်မတော်မှာ တော်တော်များများဖြစ်ကြတယ်၊ ငှက်ဖျားကြောင့် နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားတွေ ထိခိုက်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ဖူးတယ်၊ ရှေ့တန်းနယ်မြေတွေမှာ တအားဖျားကြတယ်၊ ဖျားတဲ့အခါမှာတိုက်ပွဲမဝင်နိုင်တာ၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် မထမ်းဆောင်နိုင်တာတွေ ပြည်တွင်းသောင်းကျန်းမှု ပြဿနာကြီးထွားစေတဲ့ကာလမျိုးမှာ ဖျားနာနေတဲ့သူတွေ တော်တော်များများဖြစ်ခဲ့တဲ့ သာဓကတွေရှိခဲ့ဖူးပါတယ်၊ ဒါကိုကျွန်တော်တို့ကအမြဲတမ်းသတိထားတယ်၊ ခုနကပြောတဲ့ COVID-19 ဖြစ်တဲ့အခါမှာ ကျွန်တော်လည်း တော်တော်အာရုံစိုက်ရပါတယ်၊ တပ်မတော်မှာတော့ သတိထားရမယ်၊ ကာကွယ်မှုနှင့်ပတ်သက်တာအတတ်နိုင်ဆုံး၊ အဖြစ်နိုင်ဆုံး၊ ဘာကြောင့်ဖြစ်နိုင်လဲဆိုတော့ လေထဲကလာတဲ့ရောဂါကြောင့် ဖြစ်တယ်ဆိုတာလေးကတော့ ကျွန်တော်တို့အကြမ်းဖျဉ်းအားဖြင့်သိပါတယ်၊ နောက်ပိုင်းမှသာ အသေးစိတ် ကျွန်တော်တို့သိတာပါ၊ အဲဒီအချိန်ကစပြီး အသွားအလာတွေ အနေအထိုင်တွေ တော်တော်ကန့်သတ်လိုက်ပါတယ်၊ သန့်ရှင်းရေးအပိုင်းတွေ အထူးသဖြင့်တော်တော်များများ သတိထားပြီးလုပ်ခိုင်းပါတယ်၊ ဒါကတော့စပြီးပြင်ဆင်ခဲ့တဲ့အချိန်ပေါ့၊ နောက်ပိုင်းမှာဖြစ်တာလည်း တော်တော်များလာတဲ့အခါ ကူးစက်မှုတွေများလာတဲ့အခါမှာ ကျွန်တော်အထဲမှာလည်း တင်းကြပ်တဲ့အမိန့်တွေထုတ်ရပါတယ်၊ ယာယီတာဝန်တွေသွားတာတောင်မှ မဖြစ်မနေသွားရောက်ရမည့်ကိစ္စ၊ ရုံးကတော့တော်တော်များများတက်ကြရပြီး ကျွန်တော်အလုပ်တွေက လူခွဲလုပ်လို့မရတဲ့ဟာတွေ၊ တစ်ယောက်နဲ့တစ်ယောက် Link ဆက်နေတဲ့ကိစ္စတွေ၊ အကုန်ဝိုင်းပြီးလုပ်ဆောင်ရတာဖြစ်တဲ့အတွက် ရုံးကတော့မတက်လို့မရဘူး။ မရတဲ့အတွက် အကာအကွယ်နှင့်ပတ်သက်တဲ့အရာတွေကို တော်တော်လိုက်နာပြီးလုပ်ကြရပါတယ်၊ Social distancing လုပ်ရမယ်ဆိုရင် Social distancing ထားပြီးတော့မှ တိတိကျကျလိုက်နာခိုင်းတာတွေရှိပါတယ်၊ ဆေးရုံနဲ့ပတ်သက်ပြီး အများကြီးပြင်ပေးတာတွေရှိပါတယ်၊ ပြောရလို့ရှိရင်တော့ တပ်မတော်က ဒါတွေနှင့်ပတ်သက်ပြီး အဓိကကတော့ ကျွန်တော်တို့တပ်မတော်ရဲ့ နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားတွေ မထိခိုက်ဖို့ နံပါတ်တစ်အရေးကြီးဆုံးပဲ။ တပ်မတော်ဖျားနေလို့မရပါဘူး၊ မဖျားမှရမှာပါ၊ ဒါကတော့ နံပါတ်တစ်ရအောင်ထိန်းပါတယ်၊ ပစ္စည်းပစ္စယတွေလူတွေပါ စုစည်းပြင်ဆင်မှုတွေမှာ တစ်ခုကံကောင်းတာက ကျွန်တော်တို့မှာ Human Resources(HR) နဲ့ပက်သတ်ပြီး တော်တော် Training ပေးထားတဲ့ကျန်းမာရေးအဖွဲ့တွေရှိပါတယ်၊ ဆရာဝန်တွေရှိတယ်၊ သူနာပြုတွေရှိတယ်၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ကျွန်တော်တို့က ဒါဟာတော်တော်အလေးထားတဲ့ကိစ္စပေါ့၊ ကျွန်တော့်ရဲ့ခံယူချက်ကတော့ လူတစ်ယောက်က အလုပ်လုပ်နိုင်ဖို့ဖြစ်ဖြစ် ပညာသင်ကြားဖို့ဖြစ်ဖြစ် ကျန်းမာဖို့က နံပါတ်တစ်လိုပါတယ်၊ ဒါကလည်း ကျွန်တော့်ခံယူချက်ပါ၊ ကျွန်တော်က တပ်မတော်သားတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးနံပါတ်တစ် ဦးစားပေးပါတယ်၊ ဒီလိုပါပဲ ပြည်သူလူထုနဲ့ပတ်သက်လို့ရှိရင် ပြည်သူလူထုကျန်းမာရေးကိုဦးစားပေးတယ်၊ ၂၀၁၂ ခုနှစ်ကစတင်ပြီး ပြည်သူ့ကျန်းမာရေးကိစ္စရပ်တွေကို ထဲထဲဝင်ဝင်စတင် ဆောင်ရွက်ပေးပါတယ်၊ လူကျန်းမာမှအလုပ်လုပ်နိုင်မယ်၊ အလုပ်လုပ်နိုင်မှလူတွေကဝင်ငွေရမယ်၊ ဒါမှလည်းလူမှုစီးပွားတိုးတက်လာမယ်၊ အဓိကကျန်းမာရေး၊ ကျန်းမာမှလည်း ကလေးတွေကပညာသင်ကြားနိုင်မယ်၊ မကျန်းမမာဖြစ်နေရင် ဘယ်လိုကျောင်းတက်နိုင်မလဲ၊ ကျောင်းမတက်နိုင်ရင်သူတို့ရဲ့ ပညာရေးနိမ့်ပါးလို့ရှိရင် လူနေမှုစနစ်ကလည်း ပညာရေးနှင့်အတူယှဉ်တွဲလာမယ့်ကိစ္စဖြစ်လာတယ်၊ ဒါ့ကြောင့်ပညာသင်ကြားရေးကိုလည်း ကျွန်တော်အနေဖြင့် အထောက်အကူရအောင် ကျန်းမာရေးနှင့်ပတ်သက်ပြီး ကျွန်တော် ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်၊ တပ်မတော်မှာလည်း ဆောင်ရွက်ချက်ကဒီအတိုင်းပါ၊ ကျန်းမာမှအလုပ်လုပ်နိုင်မယ်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မှာဖြစ်တဲ့အတွက် တပ်မတော်သားတွေလည်း ကျန်းမာမှနိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်အနေဖြင့် ကျန်းမာရေးကတော့ ဦးစားပေး ဆောင်ရွက်ပါတယ်၊ စောစောကပြောတဲ့ COVID ဆိုလို့ရှိရင်လည်း ကျွန်တော် တပ်မတော်မှာ serious ထားတဲ့ ရောဂါတစ်ခု၊ ကပ်ရောဂါတစ်ခုဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ Asian Fame Media ၏ ေပၚျပဴလာနယူးစ္ဂ်ာနယ္မွ ေမးျမန္းမႈမ်ားအား Video Teleconference မွတစ္ဆင့္ လက္ခံေတြ႕ဆုံေျဖၾကားမႈမ်ား အပိုင္း(၃)

ေနျပည္ေတာ္၊ ႏိုဝင္ဘာ-၄

ေမး။ COVID-19 နဲ႔ပတ္သက္ၿပီးေမးခ်င္တာပါ၊ တပ္မေတာ္အဖြဲ႕အစည္းဆိုတာ အင္အားကလည္းမ်ားတယ္။ ေနာက္တစ္ခုက သူရဲ႕လုပ္ပုံကိုင္ပုံေတြကလည္း စုေပါင္းၿပီးေတာ့မွေလ့က်င့္ေရးေတြစစ္ဆင္ေရးေတြ လုပ္ရတာျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဒီကမာၻ႔ကပ္ေရာဂါကူးစက္ႏိုင္မႈအနည္းဆုံးျဖစ္ေအာင္ ဗိုလ္ခ်ဳပ္မႉးႀကီးတို႔လိုမ်ိဳး တပ္မေတာ္အႀကီးအကဲေတြအေနနဲ႔က ဘယ္လိုမ်ိဳးစီမံေဆာင္႐ြက္ထားပါသလဲဆိုတာသိခ်င္ပါတယ္ရွင္။

ေျဖ။ ေတာ္ေတာ္ေလးက်ယ္ျပန႔္တဲ့ျဖစ္စဥ္တစ္ခုပါ။ COVID-19 နဲ႔ပတ္သက္ၿပီး ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလမွာ စျဖစ္ခဲ့တာကိုေလ့လာေတြ႕ရွိရတယ္။ ကြၽန္ေတာ္က ဇန္နဝါရီလမွာ စတင္သိရွိခဲ့ပါတယ္၊ စသိခဲ့ရတာက ေဆးတပ္ဖြဲ႕ၫႊန္ၾကားေရးမႉးနဲ႔ပါရဂူအဖြဲ႕ေတြကလာတင္ျပတယ္၊ ဒီလိုေတာ့အေျခအေနေတြ႕ရပါတယ္၊ ဒါေပမယ့္ ဘာေရာဂါမွန္းကြၽန္ေတာ္တို႔မသိေသးပါဘူး၊ ဒါကေတာ့ကူးစက္ျမန္တဲ့ေရာဂါတစ္ခုဆိုတာကို အၾကမ္းဖ်ဥ္းအားျဖင့္ ကြၽန္ေတာ္တို႔သိပါတယ္၊ တပ္မေတာ္မွာေတာ့ သတိထားရမယ့္ေရာဂါတစ္ခုျဖစ္တယ္လို႔ ကြၽန္ေတာ့္ကိုသတင္းပို႔ခဲ့တယ္၊ ကြၽန္ေတာ္အေနနဲ႔ ဒါကိုေစာင့္ၾကည့္ေနၿပီး တပ္မေတာ္အေနအထားကေတာ့ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ လုပ္ရတဲ့အဖြဲ႕အစည္းျဖစ္တာေၾကာင့္ ကြၽန္ေတာ္တို႔မွာ ဒီေရာဂါေၾကာင့္ တပ္မေတာ္ရဲ႕စြမ္းအားေတြေလ်ာ့သြားလို႔ မျဖစ္တာေတာ့ ေသခ်ာတဲ့အတြက္ သာမန္အားျဖင့္ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာအျဖစ္မ်ားတဲ့ ငွက္ဖ်ားလိုဟာမ်ိဳးေတာင္မွ တပ္မေတာ္မွာ ေတာ္ေတာ္မ်ားမ်ားျဖစ္ၾကတယ္၊ ငွက္ဖ်ားေၾကာင့္ ႏိုင္ငံေတာ္ကာကြယ္ေရးစြမ္းပကားေတြ ထိခိုက္ခဲ့တဲ့ျဖစ္စဥ္ေတြရွိခဲ့ဖူးတယ္၊ ေရွ႕တန္းနယ္ေျမေတြမွာ တအားဖ်ားၾကတယ္၊ ဖ်ားတဲ့အခါမွာတိုက္ပြဲမဝင္ႏိုင္တာ၊ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ မထမ္းေဆာင္ႏိုင္တာေတြ ျပည္တြင္းေသာင္းက်န္းမႈ ျပႆနာႀကီးထြားေစတဲ့ကာလမ်ိဳးမွာ ဖ်ားနာေနတဲ့သူေတြ ေတာ္ေတာ္မ်ားမ်ားျဖစ္ခဲ့တဲ့ သာဓကေတြရွိခဲ့ဖူးပါတယ္၊ ဒါကိုကြၽန္ေတာ္တို႔ကအၿမဲတမ္းသတိထားတယ္၊ ခုနကေျပာတဲ့ COVID-19 ျဖစ္တဲ့အခါမွာ ကြၽန္ေတာ္လည္း ေတာ္ေတာ္အာ႐ုံစိုက္ရပါတယ္၊ တပ္မေတာ္မွာေတာ့ သတိထားရမယ္၊ ကာကြယ္မႈႏွင့္ပတ္သက္တာအတတ္ႏိုင္ဆုံး၊ အျဖစ္ႏိုင္ဆုံး၊ ဘာေၾကာင့္ျဖစ္ႏိုင္လဲဆိုေတာ့ ေလထဲကလာတဲ့ေရာဂါေၾကာင့္ ျဖစ္တယ္ဆိုတာေလးကေတာ့ ကြၽန္ေတာ္တို႔အၾကမ္းဖ်ဥ္းအားျဖင့္သိပါတယ္၊ ေနာက္ပိုင္းမွသာ အေသးစိတ္ ကြၽန္ေတာ္တို႔သိတာပါ၊ အဲဒီအခ်ိန္ကစၿပီး အသြားအလာေတြ အေနအထိုင္ေတြ ေတာ္ေတာ္ကန႔္သတ္လိုက္ပါတယ္၊ သန႔္ရွင္းေရးအပိုင္းေတြ အထူးသျဖင့္ေတာ္ေတာ္မ်ားမ်ား သတိထားၿပီးလုပ္ခိုင္းပါတယ္၊ ဒါကေတာ့စၿပီးျပင္ဆင္ခဲ့တဲ့အခ်ိန္ေပါ့၊ ေနာက္ပိုင္းမွာျဖစ္တာလည္း ေတာ္ေတာ္မ်ားလာတဲ့အခါ ကူးစက္မႈေတြမ်ားလာတဲ့အခါမွာ ကြၽန္ေတာ္အထဲမွာလည္း တင္းၾကပ္တဲ့အမိန႔္ေတြထုတ္ရပါတယ္၊ ယာယီတာဝန္ေတြသြားတာေတာင္မွ မျဖစ္မေနသြားေရာက္ရမည့္ကိစၥ၊ ႐ုံးကေတာ့ေတာ္ေတာ္မ်ားမ်ားတက္ၾကရၿပီး ကြၽန္ေတာ္အလုပ္ေတြက လူခြဲလုပ္လို႔မရတဲ့ဟာေတြ၊ တစ္ေယာက္နဲ႔တစ္ေယာက္ Link ဆက္ေနတဲ့ကိစၥေတြ၊ အကုန္ဝိုင္းၿပီးလုပ္ေဆာင္ရတာျဖစ္တဲ့အတြက္ ႐ုံးကေတာ့မတက္လို႔မရဘူး။ မရတဲ့အတြက္ အကာအကြယ္ႏွင့္ပတ္သက္တဲ့အရာေတြကို ေတာ္ေတာ္လိုက္နာၿပီးလုပ္ၾကရပါတယ္၊ Social distancing လုပ္ရမယ္ဆိုရင္ Social distancing ထားၿပီးေတာ့မွ တိတိက်က်လိုက္နာခိုင္းတာေတြရွိပါတယ္၊ ေဆး႐ုံနဲ႔ပတ္သက္ၿပီး အမ်ားႀကီးျပင္ေပးတာေတြရွိပါတယ္၊ ေျပာရလို႔ရွိရင္ေတာ့ တပ္မေတာ္က ဒါေတြႏွင့္ပတ္သက္ၿပီး အဓိကကေတာ့ ကြၽန္ေတာ္တို႔တပ္မေတာ္ရဲ႕ ႏိုင္ငံေတာ္ကာကြယ္ေရးစြမ္းပကားေတြ မထိခိုက္ဖို႔ နံပါတ္တစ္အေရးႀကီးဆုံးပဲ။ တပ္မေတာ္ဖ်ားေနလို႔မရပါဘူး၊ မဖ်ားမွရမွာပါ၊ ဒါကေတာ့ နံပါတ္တစ္ရေအာင္ထိန္းပါတယ္၊ ပစၥည္းပစၥယေတြလူေတြပါ စုစည္းျပင္ဆင္မႈေတြမွာ တစ္ခုကံေကာင္းတာက ကြၽန္ေတာ္တို႔မွာ Human Resources(HR) နဲ႔ပက္သတ္ၿပီး ေတာ္ေတာ္ Training ေပးထားတဲ့က်န္းမာေရးအဖြဲ႕ေတြရွိပါတယ္၊ ဆရာဝန္ေတြရွိတယ္၊ သူနာျပဳေတြရွိတယ္၊ ေဆးဘက္ဆိုင္ရာပစၥည္းေတြ ကြၽန္ေတာ္တို႔က ဒါဟာေတာ္ေတာ္အေလးထားတဲ့ကိစၥေပါ့၊ ကြၽန္ေတာ့္ရဲ႕ခံယူခ်က္ကေတာ့ လူတစ္ေယာက္က အလုပ္လုပ္ႏိုင္ဖို႔ျဖစ္ျဖစ္ ပညာသင္ၾကားဖို႔ျဖစ္ျဖစ္ က်န္းမာဖို႔က နံပါတ္တစ္လိုပါတယ္၊ ဒါကလည္း ကြၽန္ေတာ့္ခံယူခ်က္ပါ၊ ကြၽန္ေတာ္က တပ္မေတာ္သားေတြနဲ႔ပတ္သက္ၿပီး က်န္းမာေရးနံပါတ္တစ္ ဦးစားေပးပါတယ္၊ ဒီလိုပါပဲ ျပည္သူလူထုနဲ႔ပတ္သက္လို႔ရွိရင္ ျပည္သူလူထုက်န္းမာေရးကိုဦးစားေပးတယ္၊ ၂၀၁၂ ခုႏွစ္ကစတင္ၿပီး ျပည္သူ႔က်န္းမာေရးကိစၥရပ္ေတြကို ထဲထဲဝင္ဝင္စတင္ ေဆာင္႐ြက္ေပးပါတယ္၊ လူက်န္းမာမွအလုပ္လုပ္ႏိုင္မယ္၊ အလုပ္လုပ္ႏိုင္မွလူေတြကဝင္ေငြရမယ္၊ ဒါမွလည္းလူမႈစီးပြားတိုးတက္လာမယ္၊ အဓိကက်န္းမာေရး၊ က်န္းမာမွလည္း ကေလးေတြကပညာသင္ၾကားႏိုင္မယ္၊ မက်န္းမမာျဖစ္ေနရင္ ဘယ္လိုေက်ာင္းတက္ႏိုင္မလဲ၊ ေက်ာင္းမတက္ႏိုင္ရင္သူတို႔ရဲ႕ ပညာေရးနိမ့္ပါးလို႔ရွိရင္ လူေနမႈစနစ္ကလည္း ပညာေရးႏွင့္အတူယွဥ္တြဲလာမယ့္ကိစၥျဖစ္လာတယ္၊ ဒါ့ေၾကာင့္ပညာသင္ၾကားေရးကိုလည္း ကြၽန္ေတာ္အေနျဖင့္ အေထာက္အကူရေအာင္ က်န္းမာေရးႏွင့္ပတ္သက္ၿပီး ကြၽန္ေတာ္ ဦးစားေပး ေဆာင္႐ြက္ခဲ့ပါတယ္၊ တပ္မေတာ္မွာလည္း ေဆာင္႐ြက္ခ်က္ကဒီအတိုင္းပါ၊ က်န္းမာမွအလုပ္လုပ္ႏိုင္မယ္၊ က်န္းမာမွ ပညာသင္ၾကားႏိုင္မွာျဖစ္တဲ့အတြက္ တပ္မေတာ္သားေတြလည္း က်န္းမာမွႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ ထမ္းေဆာင္ႏိုင္မွာျဖစ္တဲ့အတြက္ ကြၽန္ေတာ္အေနျဖင့္ က်န္းမာေရးကေတာ့ ဦးစားေပး ေဆာင္႐ြက္ပါတယ္၊ ေစာေစာကေျပာတဲ့ COVID ဆိုလို႔ရွိရင္လည္း ကြၽန္ေတာ္ တပ္မေတာ္မွာ serious ထားတဲ့ ေရာဂါတစ္ခု၊ ကပ္ေရာဂါတစ္ခုျဖစ္တယ္ဆိုတာကိုလည္း ကြၽန္ေတာ္အေနနဲ႔ ေျပာခ်င္ပါတယ္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။