တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုင်းတုံနှင့် မိုင်းဆတ်တပ်နယ်တို့မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ – ၁၇

တပ်မတော်သည် နိုင်ငံတော်၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အပြည့်အဝတာဝန်ရှိသည့်အတွက်

နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အပြည့်အဝထမ်းဆောင်နိုင်ရန် တပ်မတော်သားများအနေဖြင့် ကျန်းမာကြံ့ခိုင်မှုရှိအောင်၊ ကိုယ်ခံစွမ်းအားရှိအောင် လုံ့လဝီရိယဖြင့် ကြိုးစားအားထုတ်နေကြရမည်ဖြစ်ကြောင်း၊ စစ်စည်းကမ်းကောင်းပြီး မိမိ၏ လုပ်ငန်း တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ခြင်းသည် စစ်သားကောင်းတစ်ဦး၏ လုပ်ဆောင် ချက်များပင်ဖြစ်ပြီး ထိုအချက်များနှင့် ပြည့်စုံအောင်လည်း အစဉ်ကြိုးပမ်းဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း၏ သွားလာနေထိုင်လုပ်ကိုင်မှုနှင့် ကိုယ် အမူအရာ များသည် တပ်မတော်သားတစ်ဦးနှင့် ကိုက်ညီနေရမည်ဖြစ်ပြီး ကာကွယ်ရေး စွမ်းရည် မြင့်မားရေးအတွက် အမြဲကြိုးစားအားထုတ်နေရမည်ဖြစ်ကြောင်းနှင့် ကြိုးစားအားထုတ်မှု၊ မိမိကိုယ်ကိုစောင့်ထိန်းမှုတို့ဖြင့် မိမိကိုယ်ကိုယ်အောင်မြင်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းတုံနှင့် မိုင်းဆတ် တပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီတွေ့ဆုံ၍ အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်၊ မိုင်းတုံနှင့် မိုင်းဆတ် တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမှာစကားပြောကြားရာတွင် မိုင်းဆတ် နယ်မြေသည် သွားရေးလာရေးခက်ခဲပြီး ကုန်စည်စီးဆင်းမှုကန့်သတ်ချက်များကြောင့် ကုန် ဈေးနှုန်းများကြီးမြင့်သည်ကို တွေ့ရှိရကြောင်း၊ ယခုအချိန်၌ ဒေသခံများ၏ လူမှု စီးပွားဘ၀နှင့် နေထိုင်မှုတို့သည် ယခင်ထက်များစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက်လည်း ဝမ်းမြောက်ပါကြောင်း၊ ဒေသခံများအနေဖြင့် သမ္မာအာဇီ၀ကျသည့် စီးပွားရေး လုပ်ငန်းများကိုသာ လုပ်ဆောင်ခြင်းဖြင့် လူမှုစီးပွားတိုးတက် အောင် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းကြရမည်ဖြစ်ကြောင်းဦးစွာ ပြောကြားသည်။

ထို့နောက် တပ်မတော်အနေဖြင့် နိုင်ငံ၏ အနာဂတ်အရေးအတွက် မျှော်မှန်း ၍ ထာ၀ရငြိမ်းချမ်းရေးရရှိရန် အစဉ်တစိုက်ကြိုးပမ်းအားထုတ်လျက်ရှိပြီး ဃြဗ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး အခက်အခဲ များကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် ဖြစ်ပွားနေသည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများတွင် လည်း ပြည်သူများကို ထိခိုက်စေနိုင်သည့် ကိစ္စတစ်ရပ်ဖြစ်သဖြင့် မိမိတို့နိုင်ငံ၌ ရောဂါဖြစ်ပွားမှုမရှိခင်ကတည်းကပင် လိုအပ်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ လက်ရှိတွင် ရောဂါကူးစက်မှုနှုန်းမှာ မြင့်တက်လျက်ရှိပြီး တပ်မတော်အတွင်း၌ ယခင်ကတည်းကပင် စည်းကမ်းများကို တင်းကြပ်စွာ ထုတ်ပြန် ဆောင်ရွက်ခဲ့သဖြင့် ဖြစ်ပွားမှုနှုန်းနည်းပါးကြောင်း။

ရောဂါကူးစက်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် စည်းကမ်းများ တင်းကြပ်စွာ ထုတ်ပြန်ထားချိန်တွင် စားဝတ်နေရေးကိစ္စအဝ၀ကို အဆင်ပြေချော့မွေ့စေ ရန် နည်း လမ်းမျိုးစုံဖြင့် စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ ရောဂါကူးစက်မှုမရှိစေရေး အတွက် စည်းကမ်း စနစ်တကျဖြင့် နေထိုင်လှုပ်ရှားသွားလာကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျန်းမာကြံ့ခိုင်မှသာလျင် ကာကွယ်ရေး၊ လေ့ကျင့်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်သောကြောင့် ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက် လှုပ်ရှားအားကစားများနှင့် ပုံမှန်လေ့ကျင့်ခန်းများကို မပျက်မကွက်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ လုပ်ငန်းတာဝန်များကိုလည်း ပုံမှန်လုပ် ဆောင်နေကြရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်ရန်အတွက် အစားအသောက်နှင့် အသောက်အစားကိုလည်း တစ်ဦးချင်းအသိစိတ်ဖြင့် ဆင်ခြင်ကြရန်လိုသကဲ့သို့ မိမိ အတွက် အကျိုးမဖြစ်စေနိုင်သည့် ဆေးလိပ်၊ ကွမ်းယာနှင့် အရက်သေစာသောက်စား ခြင်းများကိုလည်း ရှောင်ကြဉ်ကြစေလိုကြောင်း၊ မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်သူ၊ စည်းကမ်းကောင်းမွန်သူ၊ တာဝန်ကိုကျေပွန်အောင်ဆောင်ရွက်နိုင်သူသည် ယောကျ်ား ကောင်း၊ စစ်သားကောင်း တစ်ဦးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်ကိုယ်နှင့် မိမိကွပ်ကဲအုပ်ချုပ်နေရသူများကို အလိုမလိုက်ဘဲ သွားသင့်သည့်နေရာကိုသာ သွားရန်၊ ပေါင်းသင့်သည့် သူကိုသာပေါင်းရန်၊ လုပ်သင့်သည့် အလုပ်ကိုသာ လုပ်ရန်နှင့် ပြောသင့်သည်ကို သာပြောရန် ဟူသော သင့် ၄ သင့်ကို လိုက်နာရန်လိုကြောင်း။

တပ်မတော်အနေဖြင့် ကာကွယ်ရေးစွမ်းပကားမြင့်မားစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့်အပြင် စစ်သည်၊ မိသားစု များ၏ သက်သာချောင်ချိရေးနှင့် ရပိုင်ခွင့်များအားလုံးကိုလည်း ပြည့်ပြည့်၀၀ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးပိုင်းဆိုင်ရာတွင်လည်း အစဉ်မပြတ်မြှင့်တင်ပေးလျက်ရှိပြီး ထူးချွန်ကျောင်းသား ကျောင်းသူများကို ပညာရည်ချွန်ဆုများ အဆက်မပြတ်ချီးမြှင့် အားပေးလျက်ရှိကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သားသမီးများအနေဖြင့် မိမိခြေထောက်ပေါ် မိမိ အားကိုးရပ်တည်နိုင်အောင် ပညာရေးပိုင်းဆိုင်ရာကို မြှင့်တင်အားပေးနေခြင်းဖြစ် သည့်အတွက် ပညာရေးကိုအားပေးကြရန်နှင့် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ ထို့ ပြင် မိမိတို့၏ သားသမီးများ ပညာရေးသာမက မိမိတို့ကိုယ်တိုင်လည်း အသိပညာများနှင့် တွေးခေါ်မြော်မြင်မှုများ တိုးတက်စေရန် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ဖတ်ရှု လေ့လာနေရန်လိုကြောင်း၊ လူတစ်ဦး၏ စာဖတ်အားသည် ဘ၀တိုးတက်ရေးအတွက် အထောက်အပံ့ကို များစွာပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် (COVID-19) ရောဂါ ဖြစ်ပွားမှုကြောင့် စာပေထုတ်ဝေမှုဆိုင်ရာလုပ်ငန်းအများအပြား ရပ်ဆိုင်းလျက်ရှိသော် လည်း တပ်မတော်မှ ထုတ်ဝေလျက်ရှိသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် သုတ၊ ရသ စာအုပ်စာပေများကို ဖတ်ရှုလေ့လာနိုင်ရန် ဆက်လက်ထုတ်ဝေလျက်ရှိကြောင်း၊ မိမိတို့၏ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ အသိပညာနောက်ကျ မကျန်ခဲ့ရအောင် ဆောင်ရွက်ပေးထားခြင်းပင်ဖြစ်ကြောင်း။

တပ်မတော်သားများသည် ပြည်သူကြားမှပေါက်ဖွားလာပြီး အနယ်နယ်အရပ်ရပ် မှ လာရောက်တာဝန်ထမ်းဆောင်ကာ တပ်မတော်အတွင်းတွေ့ဆုံကြရသည် ဖြစ်သည့် အတွက် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ရှိရန် အရေးကြီးကြောင်း၊ လူအမျိုးမျိုး၊ စိတ် အမျိုးမျိုး ရှိသည့်အတွက် သဘောထားခြင်း မတိုက်ဆိုင်နိုင်သည့် လူ့သဘောသဘာ၀ ကို နားလည်ရမည်ဖြစ်သော်လည်း မိမိတို့သည် စစ်မြေပြင်တွင် တစ်ဦးနှင့်တစ်ဦး အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကြရမည်သူများဖြစ်သဖြင့် ကျွန်းကိုင်းမှီ-ကိုင်းကျွန်းမှီ ဖြင့် အထက်အောက်ရိုသေလေးစားစွာ နေထိုင်ဆက်ဆံကြရမည်ဖြစ် ကြောင်း၊ သွေးစည်းညီညွတ်သည့် တပ်မတော်ဖြစ်စေရေးအတွက် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ရမည်ဖြစ်ပြီး ခေါင်းဆောင် ပိုင်းများမှလည်း မိမိဦးစီးဦးဆောင်ပြုရသည့် အဖွဲ့အစည်းကို အမြဲစည်းလုံးညီညွတ် မှုရှိအောင် ညီညွတ်မျှတစွာ အုပ်ချုပ်ကြရမည်ဖြစ်ကြောင်း၊ မိမိအဖွဲ့အစည်းနှင့် တိုင်းပြည် အပေါ်သစ္စာစောင့်သိရမည်ဖြစ်ပြီး မိမိကိုယ်ကိုကောင်းအောင်၊ မိမိတို့ တပ်ကောင်း အောင်၊ ထိုမှတစ်ဆင့်နိုင်ငံကောင်းအောင် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ဖြင့် ဆွေးနွေးမှာကြားပြီး တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစု များ၏ လိုအပ်ချက် များအား ရင်းရင်းနှီးနှီးမေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိုင်းတုံတပ်နယ်နှင့် မိုင်းဆတ် တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများပေးအပ်ရာ တပ်နယ်မှူး များက အသီးသီး လက်ခံရယူခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုင်းတုံတပ်နယ်နှင့် မိုင်းဆတ်တပ်နယ်တို့ အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များအား မော်တော် ယာဉ်များဖြင့် လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မိုင္းတုံႏွင့္ မိုင္းဆတ္တပ္နယ္တို႔မွ အရာရွိ၊ စစ္သည္မ်ားႏွင့္ မိသားစုဝင္မ်ားအား ရင္းရင္းႏွီးႏွီး ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ႏိုဝင္ဘာ – ၁၇

တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ လုံၿခဳံေရး၊ ကာကြယ္ေရးႏွင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ရန္ အျပည့္အဝတာဝန္ရွိသည့္အတြက္

ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ကို အျပည့္အဝထမ္းေဆာင္ႏိုင္ရန္ တပ္မေတာ္သားမ်ားအေနျဖင့္ က်န္းမာႀကံ့ခိုင္မႈရွိေအာင္၊ ကိုယ္ခံစြမ္းအားရွိေအာင္ လုံ႔လဝီရိယျဖင့္ ႀကိဳးစားအားထုတ္ေနၾကရမည္ျဖစ္ေၾကာင္း၊ စစ္စည္းကမ္းေကာင္းၿပီး မိမိ၏ လုပ္ငန္း တာဝန္ကို ေက်ပြန္ေအာင္ လုပ္ေဆာင္ျခင္းသည္ စစ္သားေကာင္းတစ္ဦး၏ လုပ္ေဆာင္ ခ်က္မ်ားပင္ျဖစ္ၿပီး ထိုအခ်က္မ်ားႏွင့္ ျပည့္စုံေအာင္လည္း အစဥ္ႀကိဳးပမ္းေဆာင္႐ြက္ေနၾကရမည္ျဖစ္ေၾကာင္း၊ မိမိတို႔တစ္ဦးခ်င္း၏ သြားလာေနထိုင္လုပ္ကိုင္မႈႏွင့္ ကိုယ္ အမူအရာ မ်ားသည္ တပ္မေတာ္သားတစ္ဦးႏွင့္ ကိုက္ညီေနရမည္ျဖစ္ၿပီး ကာကြယ္ေရး စြမ္းရည္ ျမင့္မားေရးအတြက္ အၿမဲႀကိဳးစားအားထုတ္ေနရမည္ျဖစ္ေၾကာင္းႏွင့္ ႀကိဳးစားအားထုတ္မႈ၊ မိမိကိုယ္ကိုေစာင့္ထိန္းမႈတို႔ျဖင့္ မိမိကိုယ္ကိုယ္ေအာင္ျမင္ေအာင္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔တြင္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ မိုင္းတုံႏွင့္ မိုင္းဆတ္ တပ္နယ္တို႔ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား သီးျခားစီေတြ႕ဆုံ၍ အမွာစကား ေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲမ်ားသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိ ႀကီးမ်ား၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ခင္လႈိင္၊ မိုင္းတုံႏွင့္ မိုင္းဆတ္ တပ္နယ္တို႔မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကအမွာစကားေျပာၾကားရာတြင္ မိုင္းဆတ္ နယ္ေျမသည္ သြားေရးလာေရးခက္ခဲၿပီး ကုန္စည္စီးဆင္းမႈကန႔္သတ္ခ်က္မ်ားေၾကာင့္ ကုန္ ေဈးႏႈန္းမ်ားႀကီးျမင့္သည္ကို ေတြ႕ရွိရေၾကာင္း၊ ယခုအခ်ိန္၌ ေဒသခံမ်ား၏ လူမႈ စီးပြားဘ၀ႏွင့္ ေနထိုင္မႈတို႔သည္ ယခင္ထက္မ်ားစြာ ဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိသည္ကို ေတြ႕ရွိရသည့္အတြက္လည္း ဝမ္းေျမာက္ပါေၾကာင္း၊ ေဒသခံမ်ားအေနျဖင့္ သမၼာအာဇီ၀က်သည့္ စီးပြားေရး လုပ္ငန္းမ်ားကိုသာ လုပ္ေဆာင္ျခင္းျဖင့္ လူမႈစီးပြားတိုးတက္ ေအာင္ ေဆာင္႐ြက္ၾကရန္လည္း တိုက္တြန္းၾကရမည္ျဖစ္ေၾကာင္းဦးစြာ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံ၏ အနာဂတ္အေရးအတြက္ ေမွ်ာ္မွန္း ၍ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္ အစဥ္တစိုက္ႀကိဳးပမ္းအားထုတ္လ်က္ရွိၿပီး ၾဃဗ လမ္းေၾကာင္းေပၚတြင္ ခိုင္ခိုင္မာမာရပ္တည္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထို႔ျပင္ ျပည္သူ လူထု၏ အသက္အိုးအိမ္စည္းစိမ္ကိုကာကြယ္ေစာင့္ေရွာက္ေပးလ်က္ရွိၿပီး အခက္အခဲ မ်ားကိုလည္း ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ လက္ရွိတြင္ ျဖစ္ပြားေနသည့္ ကမာၻ႔ကပ္ေရာဂါ COVID-19 ေရာဂါ ကာကြယ္ကုသထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားတြင္ လည္း ျပည္သူမ်ားကို ထိခိုက္ေစႏိုင္သည့္ ကိစၥတစ္ရပ္ျဖစ္သျဖင့္ မိမိတို႔ႏိုင္ငံ၌ ေရာဂါျဖစ္ပြားမႈမရွိခင္ကတည္းကပင္ လိုအပ္သည့္ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းကို ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ လက္ရွိတြင္ ေရာဂါကူးစက္မႈႏႈန္းမွာ ျမင့္တက္လ်က္ရွိၿပီး တပ္မေတာ္အတြင္း၌ ယခင္ကတည္းကပင္ စည္းကမ္းမ်ားကို တင္းၾကပ္စြာ ထုတ္ျပန္ ေဆာင္႐ြက္ခဲ့သျဖင့္ ျဖစ္ပြားမႈႏႈန္းနည္းပါးေၾကာင္း။

ေရာဂါကူးစက္မႈမ်ားကို ႀကိဳတင္ကာကြယ္ႏိုင္ေရးအတြက္ စည္းကမ္းမ်ား တင္းၾကပ္စြာ ထုတ္ျပန္ထားခ်ိန္တြင္ စားဝတ္ေနေရးကိစၥအဝ၀ကို အဆင္ေျပေခ်ာ့ေမြ႕ေစ ရန္ နည္း လမ္းမ်ိဳးစုံျဖင့္ စီမံေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ေရာဂါကူးစက္မႈမရွိေစေရး အတြက္ စည္းကမ္း စနစ္တက်ျဖင့္ ေနထိုင္လႈပ္ရွားသြားလာၾကရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ က်န္းမာႀကံ့ခိုင္မွသာလ်င္ ကာကြယ္ေရး၊ ေလ့က်င့္ေရးႏွင့္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းတာဝန္မ်ားကို ထမ္းေဆာင္ႏိုင္မည္ျဖစ္ေသာေၾကာင့္ က်န္းမာႀကံ့ခိုင္ေရးအတြက္ ကိုယ္လက္ လႈပ္ရွားအားကစားမ်ားႏွင့္ ပုံမွန္ေလ့က်င့္ခန္းမ်ားကို မပ်က္မကြက္ေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း၊ မိမိတို႔တစ္ဦးတစ္ေယာက္ခ်င္းစီ၏ လုပ္ငန္းတာဝန္မ်ားကိုလည္း ပုံမွန္လုပ္ ေဆာင္ေနၾကရန္လိုေၾကာင္း၊ က်န္းမာေရးေကာင္းမြန္ရန္အတြက္ အစားအေသာက္ႏွင့္ အေသာက္အစားကိုလည္း တစ္ဦးခ်င္းအသိစိတ္ျဖင့္ ဆင္ျခင္ၾကရန္လိုသကဲ့သို႔ မိမိ အတြက္ အက်ိဳးမျဖစ္ေစႏိုင္သည့္ ေဆးလိပ္၊ ကြမ္းယာႏွင့္ အရက္ေသစာေသာက္စား ျခင္းမ်ားကိုလည္း ေရွာင္ၾကဥ္ၾကေစလိုေၾကာင္း၊ မိမိကိုယ္ကိုယ္ ထိန္းသိမ္းႏိုင္သူ၊ စည္းကမ္းေကာင္းမြန္သူ၊ တာဝန္ကိုေက်ပြန္ေအာင္ေဆာင္႐ြက္ႏိုင္သူသည္ ေယာက်္ား ေကာင္း၊ စစ္သားေကာင္း တစ္ဦးပင္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ မိမိကိုယ္ကိုယ္ႏွင့္ မိမိကြပ္ကဲအုပ္ခ်ဳပ္ေနရသူမ်ားကို အလိုမလိုက္ဘဲ သြားသင့္သည့္ေနရာကိုသာ သြားရန္၊ ေပါင္းသင့္သည့္ သူကိုသာေပါင္းရန္၊ လုပ္သင့္သည့္ အလုပ္ကိုသာ လုပ္ရန္ႏွင့္ ေျပာသင့္သည္ကို သာေျပာရန္ ဟူေသာ သင့္ ၄ သင့္ကို လိုက္နာရန္လိုေၾကာင္း။

တပ္မေတာ္အေနျဖင့္ ကာကြယ္ေရးစြမ္းပကားျမင့္မားေစရန္ ဘက္ေပါင္းစုံမွ ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ စစ္သည္၊ မိသားစု မ်ား၏ သက္သာေခ်ာင္ခ်ိေရးႏွင့္ ရပိုင္ခြင့္မ်ားအားလုံးကိုလည္း ျပည့္ျပည့္၀၀ရရွိေအာင္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ပညာေရးပိုင္းဆိုင္ရာတြင္လည္း အစဥ္မျပတ္ျမႇင့္တင္ေပးလ်က္ရွိၿပီး ထူးခြၽန္ေက်ာင္းသား ေက်ာင္းသူမ်ားကို ပညာရည္ခြၽန္ဆုမ်ား အဆက္မျပတ္ခ်ီးျမႇင့္ အားေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား၏ သားသမီးမ်ားအေနျဖင့္ မိမိေျခေထာက္ေပၚ မိမိ အားကိုးရပ္တည္ႏိုင္ေအာင္ ပညာေရးပိုင္းဆိုင္ရာကို ျမႇင့္တင္အားေပးေနျခင္းျဖစ္ သည့္အတြက္ ပညာေရးကိုအားေပးၾကရန္ႏွင့္ ႀကိဳးစားအားထုတ္ၾကေစလိုေၾကာင္း၊ ထို႔ ျပင္ မိမိတို႔၏ သားသမီးမ်ား ပညာေရးသာမက မိမိတို႔ကိုယ္တိုင္လည္း အသိပညာမ်ားႏွင့္ ေတြးေခၚေျမာ္ျမင္မႈမ်ား တိုးတက္ေစရန္ သုတ၊ ရသ စာအုပ္၊ စာေစာင္မ်ားကို ဖတ္ရႈ ေလ့လာေနရန္လိုေၾကာင္း၊ လူတစ္ဦး၏ စာဖတ္အားသည္ ဘ၀တိုးတက္ေရးအတြက္ အေထာက္အပံ့ကို မ်ားစြာေပးႏိုင္မည္ျဖစ္ေၾကာင္း၊ လက္ရွိတြင္ (COVID-19) ေရာဂါ ျဖစ္ပြားမႈေၾကာင့္ စာေပထုတ္ေဝမႈဆိုင္ရာလုပ္ငန္းအမ်ားအျပား ရပ္ဆိုင္းလ်က္ရွိေသာ္ လည္း တပ္မေတာ္မွ ထုတ္ေဝလ်က္ရွိသည့္ သတင္းစာ၊ ဂ်ာနယ္၊ မဂၢဇင္းႏွင့္ သုတ၊ ရသ စာအုပ္စာေပမ်ားကို ဖတ္ရႈေလ့လာႏိုင္ရန္ ဆက္လက္ထုတ္ေဝလ်က္ရွိေၾကာင္း၊ မိမိတို႔၏ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ား အသိပညာေနာက္က် မက်န္ခဲ့ရေအာင္ ေဆာင္႐ြက္ေပးထားျခင္းပင္ျဖစ္ေၾကာင္း။

တပ္မေတာ္သားမ်ားသည္ ျပည္သူၾကားမွေပါက္ဖြားလာၿပီး အနယ္နယ္အရပ္ရပ္ မွ လာေရာက္တာဝန္ထမ္းေဆာင္ကာ တပ္မေတာ္အတြင္းေတြ႕ဆုံၾကရသည္ ျဖစ္သည့္ အတြက္ စည္းစည္းလုံးလုံးညီညီၫြတ္ၫြတ္ရွိရန္ အေရးႀကီးေၾကာင္း၊ လူအမ်ိဳးမ်ိဳး၊ စိတ္ အမ်ိဳးမ်ိဳး ရွိသည့္အတြက္ သေဘာထားျခင္း မတိုက္ဆိုင္ႏိုင္သည့္ လူ႔သေဘာသဘာ၀ ကို နားလည္ရမည္ျဖစ္ေသာ္လည္း မိမိတို႔သည္ စစ္ေျမျပင္တြင္ တစ္ဦးႏွင့္တစ္ဦး အသက္ေပး၍ ကာကြယ္ေစာင့္ေရွာက္ၾကရမည္သူမ်ားျဖစ္သျဖင့္ ကြၽန္းကိုင္းမွီ-ကိုင္းကြၽန္းမွီ ျဖင့္ အထက္ေအာက္႐ိုေသေလးစားစြာ ေနထိုင္ဆက္ဆံၾကရမည္ျဖစ္ ေၾကာင္း၊ ေသြးစည္းညီၫြတ္သည့္ တပ္မေတာ္ျဖစ္ေစေရးအတြက္ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ားအေနျဖင့္ စည္းလုံးညီၫြတ္စြာျဖင့္ ေနထိုင္ရမည္ျဖစ္ၿပီး ေခါင္းေဆာင္ ပိုင္းမ်ားမွလည္း မိမိဦးစီးဦးေဆာင္ျပဳရသည့္ အဖြဲ႕အစည္းကို အၿမဲစည္းလုံးညီၫြတ္ မႈရွိေအာင္ ညီၫြတ္မွ်တစြာ အုပ္ခ်ဳပ္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိအဖြဲ႕အစည္းႏွင့္ တိုင္းျပည္ အေပၚသစၥာေစာင့္သိရမည္ျဖစ္ၿပီး မိမိကိုယ္ကိုေကာင္းေအာင္၊ မိမိတို႔ တပ္ေကာင္း ေအာင္၊ ထိုမွတစ္ဆင့္ႏိုင္ငံေကာင္းေအာင္ အားလုံးဝိုင္းဝန္းေဆာင္႐ြက္ၾကရန္လိုေၾကာင္း ျဖင့္ ေဆြးေႏြးမွာၾကားၿပီး တပ္နယ္မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစု မ်ား၏ လိုအပ္ခ်က္ မ်ားအား ရင္းရင္းႏွီးႏွီးေမးျမန္းကာ လိုအပ္သည္မ်ား ညႇိႏႈိင္းေဆာင္႐ြက္ေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိုင္းတုံတပ္နယ္ႏွင့္ မိုင္းဆတ္ တပ္နယ္တို႔မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားႏွင့္ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားေပးအပ္ရာ တပ္နယ္မႉး မ်ားက အသီးသီး လက္ခံရယူခဲ့ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မိုင္းတုံတပ္နယ္ႏွင့္ မိုင္းဆတ္တပ္နယ္တို႔ အတြင္းရွိ တပ္ရင္းတပ္ဖြဲ႕မ်ားအား ေမာ္ေတာ္ ယာဥ္မ်ားျဖင့္ လိုက္လံၾကည့္ရႈ စစ္ေဆးခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။