တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်လန်ဖူးမြို့ရှိ ဒေသခံတိုင်းရင်းသားများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအားရင်းရင်းနှီးနှီးတွေ့ဆုံ၊ ပူတာအို-မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်နေမှုအခြေအနေများအားကြည့်ရှု့

နေပြည်တော်၊ ဒီဇင်ဘာ – ၂

မြန်မာနိုင်ငံမြောက်ဖျားဒေသ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နှင့် ပတ်ဝန်းကျင်နယ်မြေဒေသများသည် လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲပြီး ရာသီဥတု ဆိုးရွားသည့် နယ်မြေဒေသများဖြစ်ကာနှစ်စဉ် ရိက္ခာဆန်ပြတ်တောက်မှုများကြုံတွေ့ရလျက်ရှိသည်။နိုင်ငံတော်နှင့် တပ်မတော်မှ ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို အမြဲမပြတ်ထောက်ပံ့နေရသည့် ဒေသတစ်ခုလည်းဖြစ်သည်။ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုစီးပွားဘ၀မြင့်မား တိုးတက်လာစေရေးအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ ယခုအခါတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှဝန်ထမ်းများ၊ တပ်မတော် အင်ဂျင်နီယာများပူးပေါင်း၍ ပူတာအို-မဂွေဇ-ခေါင်လန်ဖူး ကားလမ်း(၆၅/၄)မိုင်ကို ဆိုးရွားသော ရာသီဥတု၊ ခက်ခဲကြမ်းတမ်းပြီး မြင့်မားမတ်စောက်သော ကျောက်တောင်၊ ကျောက်ကမ်းပါးရံ၊ မြစ်ချောင်းများအား ကျော်ဖြတ်ဖောက်လုပ်လျက်ရှိရာ (၅၁/၀) မိုင် အထိ အောင်မြင်စွာဖောက်လုပ်နိုင်ခဲ့ပြီဖြစ်ပြီး ခေါင်လန်ဖူးမြို့နှင့် ပတ်ဝန်းကျင်ဒေသများ၏ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်သည်။

ထိုသို့ မဂွေဇ-ခေါင်လန်ဖူး ကားလမ်းဖောက်လုပ်ထားရှိမှုအခြေအနေများနှင့် ခေါင်လန်ဖူးမြို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များက ယနေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော် အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့သို့ရောက်ရှိရာ ခေါင်လန်ဖူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားရာတွင် ခေါင်လန်ဖူးဒေသကို ယခုရောက်ရှိခြင်းသည် ၃ ကြိမ်မြောက်ရောက်ရှိခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ မြောက်ဘက်စွန်းမြို့ဖြစ်ပြီး တရုတ်နိုင်ငံနယ်စပ်နှင့် အနီးဆုံးမြို့လည်းဖြစ်ကြောင်း၊ ခေါင်လန်ဖူးဒေသသည် သွားလာရခက်ခဲသည့်ဒေသတစ်ခုဖြစ်ပြီး ကုန်စည် ဈေးနှုန်းများလည်း သယ်ယူပို့ဆောင်မှုစရိတ်ကြီးမြင့်သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်သည်ကို တွေ့ရှိရကြောင်း၊ လွန်ခဲ့သည့် လေး၊ ငါး နှစ်ခန့်က ရာသီဥတုဆိုးဝါးပြီး လမ်းပန်း ဆက်သွယ်မှုပြတ်တောက်ခဲ့သဖြင့် ဆန်တစ်အိတ်လျင် ငွေကျပ် တစ်သိန်းခန့်အထိ မြင့်တက်သွားပြီး ခေါင်လန်ဖူးဒေသတွင် ဆန်ရှားပါးပြတ်တောက်မှုကြုံတွေ့ခဲ့ရသည့်အတွက် ဆန်ရိက္ခာများကို ထောက်ပံ့ခဲ့ရကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ မဂွေဇ-ခေါင်လန်ဖူး ကားလမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာနမှဝန်ထမ်းများ၊ တပ်မတော်သား အင်ဂျင်နီယာများပူးပေါင်း၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ဖောက်လုပ်လျက်ရှိပြီး ယခုဆိုလျင် ရီဒမ်း ကြိုးတံတားအကျော်အထိရောက်ရှိနေပြီဖြစ်ကြောင်း၊ ရီဒမ်းကြိုး တံတားကိုလည်း အဆင့်မြှင့်တင်မှုများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူလူထု၊ အစိုးရနှင့် တပ်မတော်တို့ အားလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်ဆောင်ရွက်မှသာလျင် အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း။

ခေါင်လန်ဖူးဒေသသည် ဝေးလံခေါင်ဖျားသည့် ဒေသဖြစ်သည့်အပြင် နိုင်ငံတော်အတွက်အရေးကြီးသည့် နေရာဒေသလည်းဖြစ်ကြောင်း၊ သွားရေးလာရေးကန့်သတ်ချက်များရှိသဖြင့် တစ်စုံတစ်ရာဖြစ်ပွားပါက အလွယ်တကူလာရောက်ရန်ခက်ခဲကြောင်း၊ ထို့ ကြောင့် ဆက်သွယ်မှုလျင်မြန်ချောမွေ့စေရန် MEC Tel CDMAတယ်လီဖုန်း ဆက်သွယ် ရေးစနစ် ရရှိအသုံးပြုနိုင်အောင် တပ်မတော်မှ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ဆိုလျင် ခေါင်လန်ဖူးမြို့အပြင် ပတ်ဝန်းကျင်ကျေးရွာဒေသများ၌လည်း တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်ဟု သိရှိရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ အင်တာနက်အသုံးပြုနိုင်သဖြင့် အသိအမြင်များပိုမိုကျယ်ပြန့်လာနိုင်မည်ဖြစ်ကြောင်း၊ ဒေသခံများ၏ ကျန်း မာရေးအခက်အခဲများဖြစ်ပေါ်လာပါကလည်း လွယ်ကူလျင်မြန်စွာဖြင့် အချိန်မီဆက်သွယ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

ဒေသတွင်း စားရေးလိုအပ်ချက်များကို ပြင်ပမှ ဝယ်ယူသုံးစွဲရမှုမရှိစေရေးနှင့် ဝမ်း စာဖူလုံရေးတို့အတွက် ကုန်းမြင့်လယ်ယာစိုက်ပျိုးရေးစနစ်နှင့် ဒေသနှင့်ကိုက်ညီသည့် ဒေသထုတ်ကုန် သီးနှံများကို စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ရာသီဥတုဆိုးရွားပြီး တောတောင်ထူထပ်သည်ဟု အကြောင်းပြနေ၍ မရဘဲ လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ရှာဖွေလုပ်ဆောင်ကြရန်လိုကြောင်း၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ တရုတ်နိုင်ငံတို့ရှိ အချို့နေရာဒေသများသည် ခေါင်လန်ဖူးဒေသထက်ပင် တောတောင် ထူထပ်သော်လည်း ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံများကိုယ်တိုင်ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် တပ်မတော်ကလည်း တတ်နိုင်သရွေ့ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုအနေဖြင့် နေ့စဉ်မြင့်တက်လျက်ရှိပြီး ခေါင်လန်ဖူးဒေသ၌ ကူးစက်ဖြစ်ပွားမှုမရှိသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ ရောဂါကူးစက် ဖြစ်ပွားမှုများကြောင့် မိမိတို့နိုင်ငံသာမက တစ်ကမ္ဘာလုံး၌ ရောင်းဝယ်ဖောက်ကားမှုများ တုံ့ဆိုင်းခဲ့ကြောင်း၊ သို့သော်လည်း စားကုန်ပစ္စည်းများသည် ရောင်းဝယ်နေရဆဲပင်ဖြစ်ကြောင်း၊ စားရေးနှင့် ပတ်သက်လာပါက လူတိုင်း၊ ဒေသတိုင်း၊ နိုင်ငံတိုင်း ကင်းလွတ်၍ မရဘဲ စိတ်ဝင်စားကြရသည်ဖြစ်သည့်အတွက် ဒေသတွင်း စားရေးဖူလုံမှုရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသတွင်းရှိ မြေသယံဇာတများကို အသုံးချနိုင်ရေးအတွက် အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် ပညာတတ်များပေါကြွယ်၀ရန်လိုအပ်မည်ဖြစ်သဖြင့် ပညာရေးကို အားပေးကြစေလိုကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် ကျောင်းများပိတ်ထားရသည်ဖြစ်သော်လည်း ကျောင်းနေကလေးငယ်များကို ယခင်နှစ်သင်ခန်း စာများအား ပြန်လည်လေ့လာလေ့ကျင့်စေခြင်းနှင့် ဘ၀တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင်သည့် စာပေများကို ဖတ်ရှုလေ့လာကြရန် တိုက်တွန်းကြစေလိုကြောင်း၊ ထို့ပြင် ကျန်းမာရေးကောင်းမွန်မှသာလျင် ဘ၀တိုးတက်ရေးနှင့် ပညာရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် မိမိကိုယ်ကိုယ် ကျန်းမာရေးကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ဒေသတွင်း၌ လာရောက်တာဝန်ထမ်းဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်လည်း ပျော်ရွှင်စွာတာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပြီး မိမိတို့၏ မြို့ပြအတွေ့အကြုံများ၊ စာတွေ့အတွေ့အကြုံ၊ အသိပညာဗဟုသုတများဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်ပေးစေလိုကြောင်း၊ ယခုအရပ်ဒေသများ၌ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများကို အထူးလိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ ကျရာတာဝန်များကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ဒေသ၏အခက်အခဲများကို မှန်မှန်ကန်ကန်ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ဝေးလံခေါင်ဖျားသည့်ဒေသတွင် တာဝန်ထမ်းဆောင်နေကြသူများဖြစ်သဖြင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူလူထု စည်းစည်း လုံးလုံးညီညီညွတ်ညွတ်ပူးပေါင်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းက ခေါင်လန်ဖူးဒေသဆိုင်ရာ အချက်အလက်များ၊ လမ်းပန်းဆက်သွယ်မှု အခြေအနေများနှင့် ဒေသလိုအပ်ချက်များ အားလည်းကောင်း၊ မြို့မိမြို့ဖ ဦးပီတာက ခေါင်လန်းဖူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် လာရောက်၍ ထောက်ပံ့ရေးပစ္စည်းများ လာရောက်ထောက်ပံ့ပေးအပ်သည့်အပြင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက်လည်း အစိုးရနှင့် တပ်မတော်ပူးပေါင်း၍ ဆောင်ရွက်ပေးလျက် ရှိသည့်အတွက်ကျေးဇူးတင် ရှိပါကြောင်းနှင့် ဒေသလိုအပ်ချက်များအား တင်ပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသဆိုင်ရာတင်ပြချက်များအပေါ် ပြန်လည် ဆွေးနွေးရာတွင် ဆွေးနွေးချက်များအရ မြို့နယ်အတွင်း ကျေးရွာအုပ်စု ၃၂ အုပ်စုအနက် အုပ်စု ၉ စုမှာ ခေါင်လန်ဖူးနှင့် တရုတ်နိုင်ငံနယ်စပ်အကြားရှိနေပြီး ခေါင်လန်ဖူးမြို့ထက်ပင် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး တစ်ဖက်နိုင်ငံအပေါ်မှီခိုနေရ သည်ဟု တွေ့ရှိရကြောင်း၊ ခေါင်လန်ဖူးမြို့အထိ လမ်းဖောက်လုပ်ပြီးစီးပါက ၎င်းကျေးရွာ များနှင့်လည်း လမ်းပန်းဆက်သွယ်မှုရရှိအောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အားလုံးသည် မိမိတို့မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် မြန်မာချစ်စိတ်၊ မြန်မာနိုင်ငံအား အားကိုးစိတ်၊ ဒေသချစ်စိတ်များ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒေသခံတိုင်းရင်းသားများအတွက် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဝမ်စာပေနှင့် ယဉ်ကျေးအဖွဲ့ဥက္ကဌ ဦးဒခွမ်ဖေရမ် တို့က လည်းကောင်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် ဦးဆောင်ဥက္ကဌများက ခေါင်လန်ဖူးဒေသအတွက် ဆန်အိတ် ၁၀၀၀ အားပေးအပ်လှူဒါန်းရာ မြို့မိမြို့ဖများကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများလိုက်ပါလျက် ခေါင်လန်ဖူးမြို့နယ် ဒေသဖွံ့ဖြိုးရေးနှင့် ကားလမ်းဖောက်လုပ်ပြီးစီးပါက အသင့်အသုံးပြုနိုင်ရေးအတွက် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ထားသော M-၃၈ စစ်သုံးဂျစ်မော်တော်ယာဉ်နှစ်စင်းအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ခေါင်လန်ဖူးမြို့အား လှည့်လည်ကြည့်ရှုပြီး ခေါင်လန်ဖူး မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းအသွင် တိုးချဲ့ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကုန်းမြင့်လယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရပ်ကွက်များကို တိုးချဲ့နိုင်မည့်အခြေအနေများအား မြေပြင်အခြေအနေနှင့် မြို့နယ်အကွက်ချမြေပုံတို့အား နှိုင်းယှဉ်လေ့လာ၍ ဆွေးနွေးအကြံပြုပြောကြားပြီး တပ်မတော်မှ ယာဉ်ယန္တရားများကိုလည်း ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ဒေသခံပြည်သူများသက်သာချောင်ချိရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဖွင့်လှစ်ထားသည့် သက်သာချောင်ချိရေးအရောင်းဆိုင်အားကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ဒေသခံပြည်သူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။ ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ခေါင်လန်ဖူးဒေသမှ ဒေသခံပြည်သူများနှင့် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း အချို့ကို ရဟတ်ယာဉ်ဖြင့် တင်ဆောင်၍ ခေါင်လန်ဖူးမြို့နှင့် ပတ်ဝန်းကျင်ဒေသများအား လှည့်လည်ကြည့်ရှုစေခဲ့ပြီး မိမိတို့ဒေသအား ရဟတ်ယာဉ်ပေါ်မှ မြင်တွေ့ရသည့် အတွေ့အကြုံသစ်ကို ရရှိစေခဲ့ရာ ဒေသခံများက ရရှိခဲ့သည့်အတွေ့အကြုံများအား ဝမ်းမြောက် ပျော်ရွှင်စွာဖြင့် ပြန်လည်ပြောပြခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မဂွေဇ-ခေါင်လန်ဖူးလမ်းဖောက်လုပ်နေမှုနှင့် မေခမြစ်ကူး ရီဒမ်းကြိုးတံတား အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လမ်းခင်းကျောက်များအားရေရှည်ခိုင်ခန့်စေရန် အတွက် စနစ်တကျခင်းကျင်းရန်၊ မိုးများသည့် ဒေသဖြစ်သဖြင့် လမ်းရေရှည်ခိုင်ခံ့စေရေး အတွက် ရေနုတ်မြောင်းများအား စနစ်တကျထည့်သွင်း တည်ဆောက်ရန်နှင့် မေခမြစ်ကူး ရီဒမ်းကြိုးတံတားကို ယာယီအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် အခြားလိုအပ်သည် များအား ညှိနှိုင်းမှာကြားဆောင်ရွက်ပေးကာ လမ်းဖောက်လုပ်နေသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် လမ်းဖောက်လုပ်နေသည့် လမ်းကြောင်းအနီး ရီဒမ်းကျေးရွာရှိဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံမြောက်ဖျားတွင်တည်ရှိပြီး ပူတာအိုခရိုင် အတွင်းပါဝင်၍ အရှေ့ဘက်နှင့်မြောက်ဘက်တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နီးစပ်စွာတည်ရှိကြောင်း၊ ပူတာအိုမှ အရှေ့၊ အနောက် ၁၅ မိုင်၊ တောင်၊ မြောက် ၂၅ မိုင်ကျယ်ဝန်းသော ပူတာအိုလွင်ပြင်ကြီးကို ဖြတ်သန်းပြီးပါက မကျန်ချောင်းနှင့် မလိခ မြစ်ဆုံရာအရပ်ဖြစ်သည့် မချမ်းဘော့၊ ဒေသအခေါ်(မကျန်ဘော့) သို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် မဂွေဇသို့ ရောက်ရှိမည်ဖြစ်ပြီး ခေါင်လန်ဖူးမြို့သို့ ဆက်လက် ခရီးဆက် သွားရောက်နိုင်မည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်တွင်ရေခဲတောင်များ၊ သဘာ၀ရှုမျှော်ခင်းများဖြင့် သာယာလှပသော ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂၃ စုနှင့် ကျေးရွာပေါင်း ၁၄၄ ရွာတည်ရှိပြီး ရဝမ်နှင့် လီဆူလူမျိုးစုလူဦးရေ ၁၄၀၀၀ ကျော်နေထိုင်လျက်ရှိကြောင်း။

ယခုအခါတွင် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့ပူးပေါင်း၍ မဂွေဇ-ခေါင်လန်ဖူးကားလမ်းကို ဒေသအတွင်း ရာသီမရွေးအသုံးပြုနိုင်သောလမ်းဖြစ်လာစေရန်၊ ဒေသထုတ်ကုန်များကို ပိုမိုအဆင်ပြေစွာ သယ်ယူပို့ဆောင်နိုင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဖောက်လုပ်နေခြင်းဖြစ်ကြောင်း၊ မဂွေဇ-ခေါင်လန်ဖူး(၆၅/၄)မိုင်ကို မဂွေဇ မှ ငါ့လုံးဒမ်းအထိ အပိုင်း(၁)၊ ၎င်းမှ လုံးတုံးဘိုတဲအထိ အပိုင်း(၂)၊ ၎င်းမှ ဆီဆုံအထိ အပိုင်း(၃)၊ ၎င်းမှ ခေါင်လန်ဖူးအထိ အပိုင်း(၄) ဟူ၍ အပိုင်း(၄)ပိုင်းခွဲ၍ ဖောက်လုပ်ခဲ့ကြောင်းနှင့် ယခုအခါတွင် (၆၅/၄)မိုင် ရှိသည့်အနက် (၅၁/၀)မိုင်အထိ ဖောက်လုပ်ပြီးစီး ပြီဖြစ်ကာ ခေါင်လန်ဖူးသို့ရောက်ရှိရန် (၁၄/၄)မိုင်သာ လိုတော့မည် ဖြစ်ကြောင်း၊ ယခင်က လူသွားလမ်းနှင့် လားသွားလမ်းသာရှိပြီး မဂွေဇမှ ခေါင်လန်ဖူးသို့ တစ်ပတ်ခန့် ခရီးသွားခဲ့ရသော်လည်း ယခုလမ်းဖောက်လုပ်ပြီးစီးထားသည့်အချိန်တွင် ပူတာအိုသို့ နေ့ချင်းအရောက်သွားနိုင်ပြီဖြစ်ကြောင်း၊ တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ထားသည့် ဘက်စုံသုံး ဘက်ဟိုးယန္တရားယဉ်ငယ်တစ်စီးဖြင့်လည်း ခေါင်လန်ဖူး ဘက်မှနေ၍ မူလ လားသွားလမ်းနှင့် လူသွားလမ်းအား တိုးချဲ့ဖောက်လုပ်လျက်ရှိကြောင်း၊ ခေါင်လန်ဖူးမြို့နှင့် ပတ်ဝန်းကျင်ဒေသများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်မှုလျင်မြန် ချောမွေ့စေရေးတို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့ ပူးပေါင်း၍ မဂွေဇ-ခေါင်လန်ဖူးကားလမ်းကို ဆက်လက်ဖောက်လုပ်လျက်ရှိကြောင်းနှင့် တပ်မတော်အနေဖြင့် ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေခါင္လန္ဖူးၿမိဳ႕ရွိ ေဒသခံတိုင္းရင္းသားမ်ားႏွင့္ ျပည္သူ႔စစ္ဌာေနအဖြဲ႕ဝင္မ်ားအားရင္းရင္းႏွီးႏွီးေတြ႕ဆုံ၊ ပူတာအို-မေဂြဇ-ေခါင္လန္ဖူး လမ္းေဖာက္လုပ္ေနမႈအေျခအေနမ်ားအားၾကည့္ရႈ႕

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၂

ျမန္မာႏိုင္ငံေျမာက္ဖ်ားေဒသ ကခ်င္ျပည္နယ္၊ ပူတာအိုခ႐ိုင္၊ ေခါင္လန္ဖူးၿမိဳ႕ႏွင့္ ပတ္ဝန္းက်င္နယ္ေျမေဒသမ်ားသည္ လမ္းပန္းဆက္သြယ္ေရး လြန္စြာခက္ခဲၿပီး ရာသီဥတု ဆိုး႐ြားသည့္ နယ္ေျမေဒသမ်ားျဖစ္ကာ

ႏွစ္စဥ္ ရိကၡာဆန္ျပတ္ေတာက္မႈမ်ားႀကဳံေတြ႕ရလ်က္ရွိသည္။ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္မွ ရိကၡာႏွင့္ အသုံးအေဆာင္ပစၥည္းမ်ားကို အၿမဲမျပတ္ေထာက္ပံ့ေနရသည့္ ေဒသတစ္ခုလည္းျဖစ္သည္။ ေဒသခံတိုင္းရင္းသားျပည္သူမ်ား၏ ပညာေရး၊ က်န္းမာေရး အပါအဝင္ လူမႈစီးပြားဘ၀ျမင့္မား တိုးတက္လာေစေရးအတြက္ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ျခင္းသည္ အဓိကအခန္းက႑တြင္ ပါဝင္လ်က္ရွိသည္။ ယခုအခါတြင္ နယ္စပ္ေရးရာဝန္ႀကီးဌာနမွဝန္ထမ္းမ်ား၊ တပ္မေတာ္ အင္ဂ်င္နီယာမ်ားပူးေပါင္း၍ ပူတာအို-မေဂြဇ-ေခါင္လန္ဖူး ကားလမ္း(၆၅/၄)မိုင္ကို ဆိုး႐ြားေသာ ရာသီဥတု၊ ခက္ခဲၾကမ္းတမ္းၿပီး ျမင့္မားမတ္ေစာက္ေသာ ေက်ာက္ေတာင္၊ ေက်ာက္ကမ္းပါးရံ၊ ျမစ္ေခ်ာင္းမ်ားအား ေက်ာ္ျဖတ္ေဖာက္လုပ္လ်က္ရွိရာ (၅၁/၀) မိုင္ အထိ ေအာင္ျမင္စြာေဖာက္လုပ္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ေခါင္လန္ဖူးၿမိဳ႕ႏွင့္ ပတ္ဝန္းက်င္ေဒသမ်ား၏ လမ္းပန္းဆက္သြယ္ေရးခက္ခဲမႈကို ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္ေတာ့မည္ ျဖစ္သည္။

ထိုသို႔ မေဂြဇ-ေခါင္လန္ဖူး ကားလမ္းေဖာက္လုပ္ထားရွိမႈအေျခအေနမ်ားႏွင့္ ေခါင္လန္ဖူးၿမိဳ႕၏ ေဒသဖြံ႕ၿဖိဳးတိုးတက္မႈအေျခအေနမ်ားကို တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားက ယေန႔တြင္ သြားေရာက္ ၾကည့္ရႈစစ္ေဆးသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္ အရာရွိႀကီးမ်ား၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ေတဇေက်ာ္ႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါၿပီး ပူတာအိုခ႐ိုင္၊ ေခါင္လန္ဖူးၿမိဳ႕သို႔ေရာက္ရွိရာ ေခါင္လန္ဖူးၿမိဳ႕ရွိ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ရပ္မိရပ္ဖမ်ား၊ ေဒသခံျပည္သူမ်ားႏွင့္ ျပည္သူ႔စစ္ဌာေနအဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ရပ္မိရပ္ဖမ်ား၊ ေဒသခံ တိုင္းရင္းသားမ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ျပည္သူ႔စစ္ဌာေနအဖြဲ႕ဝင္မ်ားအား ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာကိစၥရပ္မ်ားအား ေဆြးေႏြးေျပာၾကားရာတြင္ ေခါင္လန္ဖူးေဒသကို ယခုေရာက္ရွိျခင္းသည္ ၃ ႀကိမ္ေျမာက္ေရာက္ရွိျခင္းျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ၏ ေျမာက္ဘက္စြန္းၿမိဳ႕ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံနယ္စပ္ႏွင့္ အနီးဆုံးၿမိဳ႕လည္းျဖစ္ေၾကာင္း၊ ေခါင္လန္ဖူးေဒသသည္ သြားလာရခက္ခဲသည့္ေဒသတစ္ခုျဖစ္ၿပီး ကုန္စည္ ေဈးႏႈန္းမ်ားလည္း သယ္ယူပို႔ေဆာင္မႈစရိတ္ႀကီးျမင့္သျဖင့္ ကုန္ေဈးႏႈန္းႀကီးျမင့္သည္ကို ေတြ႕ရွိရေၾကာင္း၊ လြန္ခဲ့သည့္ ေလး၊ ငါး ႏွစ္ခန႔္က ရာသီဥတုဆိုးဝါးၿပီး လမ္းပန္း ဆက္သြယ္မႈျပတ္ေတာက္ခဲ့သျဖင့္ ဆန္တစ္အိတ္လ်င္ ေငြက်ပ္ တစ္သိန္းခန႔္အထိ ျမင့္တက္သြားၿပီး ေခါင္လန္ဖူးေဒသတြင္ ဆန္ရွားပါးျပတ္ေတာက္မႈႀကဳံေတြ႕ခဲ့ရသည့္အတြက္ ဆန္ရိကၡာမ်ားကို ေထာက္ပံ့ခဲ့ရေၾကာင္း၊ လမ္းပန္းဆက္သြယ္ေရးခက္ခဲမႈေၾကာင့္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈကို ေျဖရွင္းေဆာင္႐ြက္ႏိုင္ရန္ႏွင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လူမႈစီးပြားဘ၀ဖြံ႕ၿဖိဳး တိုးတက္မႈကို အေထာက္အကူျပဳေစရန္ ရည္႐ြယ္၍ မေဂြဇ-ေခါင္လန္ဖူး ကားလမ္းကို နယ္စပ္ေရးရာဝန္ႀကီးဌာနမွဝန္ထမ္းမ်ား၊ တပ္မေတာ္သား အင္ဂ်င္နီယာမ်ားပူးေပါင္း၍ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္မွစတင္၍ ေဖာက္လုပ္လ်က္ရွိၿပီး ယခုဆိုလ်င္ ရီဒမ္း ႀကိဳးတံတားအေက်ာ္အထိေရာက္ရွိေနၿပီျဖစ္ေၾကာင္း၊ ရီဒမ္းႀကိဳး တံတားကိုလည္း အဆင့္ျမႇင့္တင္မႈမ်ား ဆက္လက္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ေဒသတစ္ခုဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဒသခံျပည္သူလူထု၊ အစိုးရႏွင့္ တပ္မေတာ္တို႔ အားလုံး ညီညီၫြတ္ၫြတ္ျဖင့္ ပူးေပါင္ေဆာင္႐ြက္မွသာလ်င္ အဆင္ေျပေခ်ာေမြ႕မည္ျဖစ္ေၾကာင္း။

ေခါင္လန္ဖူးေဒသသည္ ေဝးလံေခါင္ဖ်ားသည့္ ေဒသျဖစ္သည့္အျပင္ ႏိုင္ငံေတာ္အတြက္အေရးႀကီးသည့္ ေနရာေဒသလည္းျဖစ္ေၾကာင္း၊ သြားေရးလာေရးကန႔္သတ္ခ်က္မ်ားရွိသျဖင့္ တစ္စုံတစ္ရာျဖစ္ပြားပါက အလြယ္တကူလာေရာက္ရန္ခက္ခဲေၾကာင္း၊ ထို႔ ေၾကာင့္ ဆက္သြယ္မႈလ်င္ျမန္ေခ်ာေမြ႕ေစရန္ MEC Tel CDMAတယ္လီဖုန္း ဆက္သြယ္ ေရးစနစ္ ရရွိအသုံးျပဳႏိုင္ေအာင္ တပ္မေတာ္မွ ေဆာင္႐ြက္ေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခု ဆိုလ်င္ ေခါင္လန္ဖူးၿမိဳ႕အျပင္ ပတ္ဝန္းက်င္ေက်း႐ြာေဒသမ်ား၌လည္း တြင္က်ယ္စြာ အသုံးျပဳလ်က္ရွိသည္ဟု သိရွိရသည့္အတြက္ ဝမ္းသာမိပါေၾကာင္း၊ အင္တာနက္အသုံးျပဳႏိုင္သျဖင့္ အသိအျမင္မ်ားပိုမိုက်ယ္ျပန႔္လာႏိုင္မည္ျဖစ္ေၾကာင္း၊ ေဒသခံမ်ား၏ က်န္း မာေရးအခက္အခဲမ်ားျဖစ္ေပၚလာပါကလည္း လြယ္ကူလ်င္ျမန္စြာျဖင့္ အခ်ိန္မီဆက္သြယ္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း။

ေဒသတြင္း စားေရးလိုအပ္ခ်က္မ်ားကို ျပင္ပမွ ဝယ္ယူသုံးစြဲရမႈမရွိေစေရးႏွင့္ ဝမ္း စာဖူလုံေရးတို႔အတြက္ ကုန္းျမင့္လယ္ယာစိုက္ပ်ိဳးေရးစနစ္ႏွင့္ ေဒသႏွင့္ကိုက္ညီသည့္ ေဒသထုတ္ကုန္ သီးႏွံမ်ားကို စိုက္ပ်ိဳးထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ရာသီဥတုဆိုး႐ြားၿပီး ေတာေတာင္ထူထပ္သည္ဟု အေၾကာင္းျပေန၍ မရဘဲ လုပ္ေဆာင္ႏိုင္မည့္ နည္းလမ္းမ်ားကို ရွာေဖြလုပ္ေဆာင္ၾကရန္လိုေၾကာင္း၊ အိႏၵိယႏိုင္ငံ၊ နီေပါႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံတို႔ရွိ အခ်ိဳ႕ေနရာေဒသမ်ားသည္ ေခါင္လန္ဖူးေဒသထက္ပင္ ေတာေတာင္ ထူထပ္ေသာ္လည္း ေဒသႏွင့္ ကိုက္ညီသည့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားအား ေအာင္ျမင္စြာေဆာင္႐ြက္လ်က္ရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ ထို႔ေၾကာင့္ မိမိေဒသဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ ေဒသခံမ်ားကိုယ္တိုင္ႀကိဳးစားေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္ကလည္း တတ္ႏိုင္သေ႐ြ႕ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံ၌ COVID-19 ေရာဂါျဖစ္ပြားမႈအေနျဖင့္ ေန႔စဥ္ျမင့္တက္လ်က္ရွိၿပီး ေခါင္လန္ဖူးေဒသ၌ ကူးစက္ျဖစ္ပြားမႈမရွိသျဖင့္ ဝမ္းေျမာက္မိပါေၾကာင္း၊ ေရာဂါကူးစက္ ျဖစ္ပြားမႈမ်ားေၾကာင့္ မိမိတို႔ႏိုင္ငံသာမက တစ္ကမာၻလုံး၌ ေရာင္းဝယ္ေဖာက္ကားမႈမ်ား တုံ႔ဆိုင္းခဲ့ေၾကာင္း၊ သို႔ေသာ္လည္း စားကုန္ပစၥည္းမ်ားသည္ ေရာင္းဝယ္ေနရဆဲပင္ျဖစ္ေၾကာင္း၊ စားေရးႏွင့္ ပတ္သက္လာပါက လူတိုင္း၊ ေဒသတိုင္း၊ ႏိုင္ငံတိုင္း ကင္းလြတ္၍ မရဘဲ စိတ္ဝင္စားၾကရသည္ျဖစ္သည့္အတြက္ ေဒသတြင္း စားေရးဖူလုံမႈရွိေအာင္ ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ေဒသတြင္းရွိ ေျမသယံဇာတမ်ားကို အသုံးခ်ႏိုင္ေရးအတြက္ အသိပညာအတတ္ပညာႏွင့္ ျပည့္စုံသည့္ ပညာတတ္မ်ားေပါႂကြယ္၀ရန္လိုအပ္မည္ျဖစ္သျဖင့္ ပညာေရးကို အားေပးၾကေစလိုေၾကာင္း၊ ေရာဂါကူးစက္ျဖစ္ပြားမႈမ်ားေၾကာင့္ ေက်ာင္းမ်ားပိတ္ထားရသည္ျဖစ္ေသာ္လည္း ေက်ာင္းေနကေလးငယ္မ်ားကို ယခင္ႏွစ္သင္ခန္း စာမ်ားအား ျပန္လည္ေလ့လာေလ့က်င့္ေစျခင္းႏွင့္ ဘ၀တိုးတက္ေရးအတြက္ အေထာက္အကူျဖစ္ေစႏိုင္သည့္ စာေပမ်ားကို ဖတ္ရႈေလ့လာၾကရန္ တိုက္တြန္းၾကေစလိုေၾကာင္း၊ ထို႔ျပင္ က်န္းမာေရးေကာင္းမြန္မွသာလ်င္ ဘ၀တိုးတက္ေရးႏွင့္ ပညာေရးကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေသာေၾကာင့္ မိမိကိုယ္ကိုယ္ က်န္းမာေရးေကာင္းမြန္ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။

ေဒသတြင္း၌ လာေရာက္တာဝန္ထမ္းေဆာင္သည့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား အေနျဖင့္လည္း ေပ်ာ္႐ႊင္စြာတာဝန္ထမ္းေဆာင္ၾကရမည္ျဖစ္ၿပီး မိမိတို႔၏ ၿမိဳ႕ျပအေတြ႕အႀကဳံမ်ား၊ စာေတြ႕အေတြ႕အႀကဳံ၊ အသိပညာဗဟုသုတမ်ားျဖင့္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ဝိုင္းဝန္း လုပ္ေဆာင္ေပးေစလိုေၾကာင္း၊ ယခုအရပ္ေဒသမ်ား၌ က်န္းမာေရး၊ ပညာေရးဝန္ထမ္းမ်ားကို အထူးလိုအပ္မည္ျဖစ္ေၾကာင္း၊ မိမိတို႔ က်ရာတာဝန္မ်ားကို အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက ဦးေဆာင္၍ ေဒသ၏အခက္အခဲမ်ားကို မွန္မွန္ကန္ကန္ျဖင့္ ေျဖရွင္းေဆာင္႐ြက္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ ေဝးလံေခါင္ဖ်ားသည့္ေဒသတြင္ တာဝန္ထမ္းေဆာင္ေနၾကသူမ်ားျဖစ္သျဖင့္ ဌာနဆိုင္ရာမ်ားႏွင့္ ေဒသခံျပည္သူလူထု စည္းစည္း လုံးလုံးညီညီၫြတ္ၫြတ္ပူးေပါင္း၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကို ႀကိဳးပမ္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ေျပာၾကားသည္။

ထို႔ေနာက္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ကိုဝင္းက ေခါင္လန္ဖူးေဒသဆိုင္ရာ အခ်က္အလက္မ်ား၊ လမ္းပန္းဆက္သြယ္မႈ အေျခအေနမ်ားႏွင့္ ေဒသလိုအပ္ခ်က္မ်ား အားလည္းေကာင္း၊ ၿမိဳ႕မိၿမိဳ႕ဖ ဦးပီတာက ေခါင္လန္းဖူးေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္တိုင္ လာေရာက္၍ ေထာက္ပံ့ေရးပစၥည္းမ်ား လာေရာက္ေထာက္ပံ့ေပးအပ္သည့္အျပင္ လမ္းပန္းဆက္သြယ္မႈ ေကာင္းမြန္ေရးအတြက္လည္း အစိုးရႏွင့္ တပ္မေတာ္ပူးေပါင္း၍ ေဆာင္႐ြက္ေပးလ်က္ ရွိသည့္အတြက္ေက်းဇူးတင္ ရွိပါေၾကာင္းႏွင့္ ေဒသလိုအပ္ခ်က္မ်ားအား တင္ျပသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသဆိုင္ရာတင္ျပခ်က္မ်ားအေပၚ ျပန္လည္ ေဆြးေႏြးရာတြင္ ေဆြးေႏြးခ်က္မ်ားအရ ၿမိဳ႕နယ္အတြင္း ေက်း႐ြာအုပ္စု ၃၂ အုပ္စုအနက္ အုပ္စု ၉ စုမွာ ေခါင္လန္ဖူးႏွင့္ တ႐ုတ္ႏိုင္ငံနယ္စပ္အၾကားရွိေနၿပီး ေခါင္လန္ဖူးၿမိဳ႕ထက္ပင္ လမ္းပန္းဆက္သြယ္ေရးခက္ခဲၿပီး တစ္ဖက္ႏိုင္ငံအေပၚမွီခိုေနရ သည္ဟု ေတြ႕ရွိရေၾကာင္း၊ ေခါင္လန္ဖူးၿမိဳ႕အထိ လမ္းေဖာက္လုပ္ၿပီးစီးပါက ၎ေက်း႐ြာ မ်ားႏွင့္လည္း လမ္းပန္းဆက္သြယ္မႈရရွိေအာင္ ဆက္လက္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ အားလုံးသည္ မိမိတို႔ျမန္မာႏိုင္ငံသားမ်ားျဖစ္သည့္အတြက္ ျမန္မာခ်စ္စိတ္၊ ျမန္မာႏိုင္ငံအား အားကိုးစိတ္၊ ေဒသခ်စ္စိတ္မ်ား ျဖစ္ေပၚလာေအာင္ ေဆာင္႐ြက္ေပးၾကရမည္ျဖစ္ေၾကာင္း ျပန္လည္ေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ေဒသခံတိုင္းရင္းသားမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံထုတ္ လူသုံးကုန္ပစၥည္းမ်ားကို ေပးအပ္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရဝမ္စာေပႏွင့္ ယဥ္ေက်းအဖြဲ႕ဥကၠဌ ဦးဒခြမ္ေဖရမ္ တို႔က လည္းေကာင္း၊ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းႏွင့္ ျမန္မာ့စီးပြားေရးဦးပိုင္ အမ်ားႏွင့္ သက္ဆိုင္ေသာကုမၸဏီလီမိတက္ ဦးေဆာင္ဥကၠဌမ်ားက ေခါင္လန္ဖူးေဒသအတြက္ ဆန္အိတ္ ၁၀၀၀ အားေပးအပ္လႉဒါန္းရာ ၿမိဳ႕မိၿမိဳ႕ဖမ်ားကလည္းေကာင္း အသီးသီးလက္ခံရယူၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရပ္မိရပ္ဖမ်ားလိုက္ပါလ်က္ ေခါင္လန္ဖူးၿမိဳ႕နယ္ ေဒသဖြံ႕ၿဖိဳးေရးႏွင့္ ကားလမ္းေဖာက္လုပ္ၿပီးစီးပါက အသင့္အသုံးျပဳႏိုင္ေရးအတြက္ တပ္မေတာ္မွ ရဟတ္ယာဥ္ျဖင့္ ပို႔ေဆာင္ထားေသာ M-၃၈ စစ္သုံးဂ်စ္ေမာ္ေတာ္ယာဥ္ႏွစ္စင္းအား ၾကည့္ရႈစစ္ေဆးသည္။ ထို႔ေနာက္ ေခါင္လန္ဖူးၿမိဳ႕အား လွည့္လည္ၾကည့္ရႈၿပီး ေခါင္လန္ဖူး ၿမိဳ႕ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ၿမိဳ႕ျပစီမံကိန္းအသြင္ တိုးခ်ဲ႕ေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ ကုန္းျမင့္လယ္ယာစနစ္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ ရပ္ကြက္မ်ားကို တိုးခ်ဲ႕ႏိုင္မည့္အေျခအေနမ်ားအား ေျမျပင္အေျခအေနႏွင့္ ၿမိဳ႕နယ္အကြက္ခ်ေျမပုံတို႔အား ႏႈိင္းယွဥ္ေလ့လာ၍ ေဆြးေႏြးအႀကံျပဳေျပာၾကားၿပီး တပ္မေတာ္မွ ယာဥ္ယႏၲရားမ်ားကိုလည္း ကူညီေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။ ယင္းေနာက္ ေဒသခံျပည္သူမ်ားသက္သာေခ်ာင္ခ်ိေရးအတြက္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ဖြင့္လွစ္ထားသည့္ သက္သာေခ်ာင္ခ်ိေရးအေရာင္းဆိုင္အားၾကည့္ရႈ စစ္ေဆးသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ေဒသခံျပည္သူမ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ၿပီး ေဒသခံျပည္သူမ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။ ထို႔ျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေခါင္လန္ဖူးေဒသမွ ေဒသခံျပည္သူမ်ားႏွင့္ တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္း အခ်ိဳ႕ကို ရဟတ္ယာဥ္ျဖင့္ တင္ေဆာင္၍ ေခါင္လန္ဖူးၿမိဳ႕ႏွင့္ ပတ္ဝန္းက်င္ေဒသမ်ားအား လွည့္လည္ၾကည့္ရႈေစခဲ့ၿပီး မိမိတို႔ေဒသအား ရဟတ္ယာဥ္ေပၚမွ ျမင္ေတြ႕ရသည့္ အေတြ႕အႀကဳံသစ္ကို ရရွိေစခဲ့ရာ ေဒသခံမ်ားက ရရွိခဲ့သည့္အေတြ႕အႀကဳံမ်ားအား ဝမ္းေျမာက္ ေပ်ာ္႐ႊင္စြာျဖင့္ ျပန္လည္ေျပာျပခဲ့ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ မေဂြဇ-ေခါင္လန္ဖူးလမ္းေဖာက္လုပ္ေနမႈႏွင့္ ေမချမစ္ကူး ရီဒမ္းႀကိဳးတံတား အေျခအေနတို႔အား သြားေရာက္ၾကည့္ရႈစစ္ေဆးၿပီး လမ္းခင္းေက်ာက္မ်ားအားေရရွည္ခိုင္ခန႔္ေစရန္ အတြက္ စနစ္တက်ခင္းက်င္းရန္၊ မိုးမ်ားသည့္ ေဒသျဖစ္သျဖင့္ လမ္းေရရွည္ခိုင္ခံ့ေစေရး အတြက္ ေရႏုတ္ေျမာင္းမ်ားအား စနစ္တက်ထည့္သြင္း တည္ေဆာက္ရန္ႏွင့္ ေမချမစ္ကူး ရီဒမ္းႀကိဳးတံတားကို ယာယီအဆင့္ျမႇင့္တင္ေဆာင္႐ြက္ႏိုင္ေရးႏွင့္ အျခားလိုအပ္သည္ မ်ားအား ညႇိႏႈိင္းမွာၾကားေဆာင္႐ြက္ေပးကာ လမ္းေဖာက္လုပ္ေနသည့္ နယ္စပ္ေရးရာ ဝန္ႀကီးဌာနမွ ဝန္ထမ္းမ်ားႏွင့္ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမႉး႐ုံးမွ အရာရွိ၊ စစ္သည္မ်ားအတြက္ ဂုဏ္ျပဳေငြမ်ား ခ်ီးျမႇင့္ေပးအပ္ခဲ့သည္။ ယင္းေနာက္ လမ္းေဖာက္လုပ္ေနသည့္ လမ္းေၾကာင္းအနီး ရီဒမ္းေက်း႐ြာရွိေဒသခံျပည္သူမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ကာ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့သည္။

ေခါင္လန္ဖူးၿမိဳ႕နယ္သည္ ျမန္မာႏိုင္ငံေျမာက္ဖ်ားတြင္တည္ရွိၿပီး ပူတာအိုခ႐ိုင္ အတြင္းပါဝင္၍ အေရွ႕ဘက္ႏွင့္ေျမာက္ဘက္တြင္တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ နီးစပ္စြာတည္ရွိေၾကာင္း၊ ပူတာအိုမွ အေရွ႕၊ အေနာက္ ၁၅ မိုင္၊ ေတာင္၊ ေျမာက္ ၂၅ မိုင္က်ယ္ဝန္းေသာ ပူတာအိုလြင္ျပင္ႀကီးကို ျဖတ္သန္းၿပီးပါက မက်န္ေခ်ာင္းႏွင့္ မလိခ ျမစ္ဆုံရာအရပ္ျဖစ္သည့္ မခ်မ္းေဘာ့၊ ေဒသအေခၚ(မက်န္ေဘာ့) သို႔ ေရာက္ရွိမည္ ျဖစ္ေၾကာင္း၊ ထိုမွတစ္ဆင့္ မေဂြဇသို႔ ေရာက္ရွိမည္ျဖစ္ၿပီး ေခါင္လန္ဖူးၿမိဳ႕သို႔ ဆက္လက္ ခရီးဆက္ သြားေရာက္ႏိုင္မည္ျဖစ္ေၾကာင္း၊ ပတ္ဝန္းက်င္တြင္ေရခဲေတာင္မ်ား၊ သဘာ၀ရႈေမွ်ာ္ခင္းမ်ားျဖင့္ သာယာလွပေသာ ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ ရပ္ကြက္ ၄ ခု၊ ေက်း႐ြာအုပ္စု ၂၃ စုႏွင့္ ေက်း႐ြာေပါင္း ၁၄၄ ႐ြာတည္ရွိၿပီး ရဝမ္ႏွင့္ လီဆူလူမ်ိဳးစုလူဦးေရ ၁၄၀၀၀ ေက်ာ္ေနထိုင္လ်က္ရွိေၾကာင္း။

ယခုအခါတြင္ ေခါင္လန္ဖူးေဒသ ဖြံ႕ၿဖိဳးေရးအတြက္ နယ္စပ္ေရးရာဝန္ႀကီးဌာနႏွင့္ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမႉး႐ုံးတို႔ပူးေပါင္း၍ မေဂြဇ-ေခါင္လန္ဖူးကားလမ္းကို ေဒသအတြင္း ရာသီမေ႐ြးအသုံးျပဳႏိုင္ေသာလမ္းျဖစ္လာေစရန္၊ ေဒသထုတ္ကုန္မ်ားကို ပိုမိုအဆင္ေျပစြာ သယ္ယူပို႔ေဆာင္ႏိုင္ၿပီး ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လူမႈစီးပြားဘ၀ ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျပဳေစရန္ ရည္႐ြယ္ကာ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္မွ စတင္၍ ေဖာက္လုပ္ေနျခင္းျဖစ္ေၾကာင္း၊ မေဂြဇ-ေခါင္လန္ဖူး(၆၅/၄)မိုင္ကို မေဂြဇ မွ ငါ့လုံးဒမ္းအထိ အပိုင္း(၁)၊ ၎မွ လုံးတုံးဘိုတဲအထိ အပိုင္း(၂)၊ ၎မွ ဆီဆုံအထိ အပိုင္း(၃)၊ ၎မွ ေခါင္လန္ဖူးအထိ အပိုင္း(၄) ဟူ၍ အပိုင္း(၄)ပိုင္းခြဲ၍ ေဖာက္လုပ္ခဲ့ေၾကာင္းႏွင့္ ယခုအခါတြင္ (၆၅/၄)မိုင္ ရွိသည့္အနက္ (၅၁/၀)မိုင္အထိ ေဖာက္လုပ္ၿပီးစီး ၿပီျဖစ္ကာ ေခါင္လန္ဖူးသို႔ေရာက္ရွိရန္ (၁၄/၄)မိုင္သာ လိုေတာ့မည္ ျဖစ္ေၾကာင္း၊ ယခင္က လူသြားလမ္းႏွင့္ လားသြားလမ္းသာရွိၿပီး မေဂြဇမွ ေခါင္လန္ဖူးသို႔ တစ္ပတ္ခန႔္ ခရီးသြားခဲ့ရေသာ္လည္း ယခုလမ္းေဖာက္လုပ္ၿပီးစီးထားသည့္အခ်ိန္တြင္ ပူတာအိုသို႔ ေန႔ခ်င္းအေရာက္သြားႏိုင္ၿပီျဖစ္ေၾကာင္း၊ တပ္မေတာ္မွ ရဟတ္ယာဥ္ျဖင့္ ပို႔ေဆာင္ထားသည့္ ဘက္စုံသုံး ဘက္ဟိုးယႏၲရားယဥ္ငယ္တစ္စီးျဖင့္လည္း ေခါင္လန္ဖူး ဘက္မွေန၍ မူလ လားသြားလမ္းႏွင့္ လူသြားလမ္းအား တိုးခ်ဲ႕ေဖာက္လုပ္လ်က္ရွိေၾကာင္း၊ ေခါင္လန္ဖူးၿမိဳ႕ႏွင့္ ပတ္ဝန္းက်င္ေဒသမ်ား၏ လူမႈစီးပြားဘ၀ဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္ လမ္းပန္းဆက္သြယ္မႈလ်င္ျမန္ ေခ်ာေမြ႕ေစေရးတို႔အတြက္ နယ္စပ္ေရးရာဝန္ႀကီးဌာနႏွင့္ စစ္အင္ဂ်င္နီယာ ၫႊန္ၾကားေရးမႉး႐ုံးတို႔ ပူးေပါင္း၍ မေဂြဇ-ေခါင္လန္ဖူးကားလမ္းကို ဆက္လက္ေဖာက္လုပ္လ်က္ရွိေၾကာင္းႏွင့္ တပ္မေတာ္အေနျဖင့္ ေခါင္လန္ဖူးေဒသ ဖြံ႕ၿဖိဳးေရးအတြက္ ဆက္လက္ေဆာင္႐ြက္ေပးသြားမည္ျဖစ္သည္။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။