နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး(၂/၂၀၂၁)သို့ တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် ဖေဖော်ဝါရီ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် စီမံခန့်ခွဲရေးအစည်း အဝေး(၂/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူခဲ့သည်မှာ တစ်လနီးပါးရှိပြီ ဖြစ်ကြောင်း၊ ထိုသို့တာဝန်ယူ ဆောင်ရွက်ခဲ့ရာတွင် လုပ်ငန်းများကိုအချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တစ်ဖက်ကလည်း တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယနေ့ဆိုလျှင် တရားဥပဒေစိုးမိုးရေးအတွက် ထိန်းနိုင် သည့် အနေအထားတွင်ရှိပြီဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် နေသော်လည်းလုပ်စရာရှိသည့်အပိုင်းများကို လုပ်ဆောင်နေရမည် ဖြစ်ကြောင်း၊ COVID-19 ကာကွယ်ရေးကိစ္စမှာ ရပ်ထား၍မရကြောင်း၊ တစ်ကမ္ဘာလုံးတွင် COVID-19 ဖြစ်ပွားခဲ့သည့်အတွက် လူဦးရေ ၁၁၃ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၂ ဒသမ ၅ သန်းကျော် သေဆုံးခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ၁ ဒသမ ၄ သိန်းကျော် ကူးစက်ခံခဲ့ရပြီး လူဦးရေ ၃၂၀၀ နီးပါးသေဆုံးခဲ့ကြောင်း၊ လတ်တလော အခြေအနေတွင် ရောဂါတွေ့ရှိ မှုများ ကျဆင်းသွားပါကြောင်း၊ ယင်းမှာ စစ်ဆေးမှုနှုန်းနည်းသည့်အတွက် တွေ့ရှိမှုနှုန်း နည်းပါးသွားခြင်းဖြစ်နိုင်ကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်များက လူစုလူဝေးဖြစ်ပွားမှု‌ကြောင့် COVID-19 ရောဂါမကူးစက်နိုင်ဟု အာမမခံနိုင်ပါကြောင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားရန်လိုကြောင်း၊ တစ်ဖက်တွင်လည်း CDM ဝန်ထမ်းများကြောင့် ဆေးရုံး၊ ဆေးခန်းများ ပိတ်ထားရပါကြောင်း၊ သို့သော်လည်းပြည်သူ့၏ ကျန်းမာရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု မပေးသည်မှာမလုပ်သင့် မလုပ်အပ်သည့် အလုပ်ဖြစ်ပါကြောင်း၊ ဆေးရုံများမဖွင့်နိုင်ရန် နှောက်ယှက်သူများကို အဓိကသက်ဆိုင်သည့် ဝန်ကြီးဌာနက အရေးယူ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း၊ COVID-19 ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်သည့် လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေကြောင်း၊ တစ်ဖက်တွင်လည်း ကာကွယ်ဆေးရရှိရေးအတွက် ကြိုးစားဆောင်ရွက်နေပြီး စာချုပ်အရ ရောက်ရှိရမည့် ကာကွယ်ဆေးများလည်း ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ဆေးဝါးကုမ္ပဏီများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တင်သွင်းနိုင်ရန် စနစ်တကျ ခွင့်ပြုပေးထားကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်သကဲ့သို့ ပညာလည်း သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍လည်း တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီများက ပြည်သူများ စနစ်တကျ လိုက်နာရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိုလည်း ကြိုးစား နေပါကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများတိုးတက်ရန် COVID-19 နှင့်ပတ်သက်၍ ထိခိုက်မှုအနည်းဆုံးဖြစ်သည့် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စကို သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေး ကောင်စီ အဆင့်ဆင့်က ကြီးကြပ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းများကို အားပေးရမည်ဖြစ်ကြောင်း၊ တိုင်းပြည်စားနပ်ရိက္ခာ ဖူလုံရေးမှာ အရေးကြီးကြောင်း၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တွန်းအားပေး ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် ရေမြေနှင့် အခြေခံကောင်းများရှိပါကြောင်း၊ ယင်းကို အကျိုးရှိရှိ အသုံးချရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းကို နည်းစနစ်ကျသည့် မွေးမြူရေးစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းပြည်အတွက်စားနပ်ရိက္ခာ ပေါများရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးမှာ လွယ်ကူသည့် နည်းလမ်း ဖြစ်ကြောင်း၊ မြစ်ချောင်းအင်းအိုင်များတွင် ငါးမျိုးများအမြောက်အမြားစိုက်ထည့်ပေး ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်လျှင် စားနပ်ရိက္ခဖူလုံသည့်အပြင် စီးပွားဖြစ်သည့်အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ နှစ်အလိုက် မိုးရွာသွန်းမှုမှာလည်း လျော့နည်းလာသည့်အတွက် ရေကိုအကျိုးရှိရှိ အသုံးပြု ရန်လိုကြောင်း၊ ရေကိုသိုလှောင်နိုင်ရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ် စနစ်များဖြင့် ဆောင်ရွက်ပါကစိုက်ပျိုးရေးနှင့် သောက်သုံးရေရရှိမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်မှု သည် ရာသီဥတုကို ထိန်းသိမ်းရာလည်း ရောက်ပါကြောင်း၊ စိုက်ပျိုးရေရရှိရေးအတွက် မြစ်ကြီးများအပြင် ချောင်း၊ မြောင်းများတွင် စီးဆင်းနေသည့် ရေများကိုလည်း ထိန်းသိမ်း ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးအတွက် မြစ်ရေတင် စီမံကိန်းများကို ပြန်လည်ဆောင် ရွက်ရန်လိုကြောင်း၊ ဧရာဝတီမြစ်ကြောင်း တစ်လျောက်တွင် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာလျှပ်စစ်စီမံကိန်းများကို မြစ်ရေတင်စီမံကိန်းများအတွက် ဆောင်ရွက်နိုင်မည် ဆိုပါက မြစ်ကြောင်းတစ်လျောက်မှ ကျေးရွာများလည်း စိုက်ပျိုးရေးရရှိမည့်အပြင် လျှပ်စစ်မီး သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်ကြီးကိုလည်း ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ကြောင်း။

အားကစားကဏ္ဍတွင်လည်း တစ်နှစ်နီးပါး ရပ်ဆိုင်းနေသည့် အားကစားပွဲများကို ပြန်လည်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အားကစားနည်းများတွင် မြန်မာ့သိုင်း အားကစားနည်းမှာ လူတိုင်းကစားနိုင်ပြီး ကိုယ်ခံပညာအားကစားနည်းဖြစ်သည့် အတွက် နိုင်ငံတော်၏ အားကစားအဖြစ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် စရိတ်မျှပေး ကျန်းမာရေး ဆိုသော်လည်း တချို့အပိုင်းများတွင် ဆေးကုသစရိတ် မတတ်နိုင်သည့်အတွက် နစ်နာဆုံးရှုံးမှုများရှိသည်ကို စိတ်မကောင်းဖွယ်ရာ သိရှိရ ကြောင်း၊ ယင်းကိစ္စအတွက် မိမိတို့လစာထဲမှ သင့်တင့်သည့် သတ်မှတ်နှုန်းထားကို ထည့်ဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေ သို့ထည့်ဝင်ပြီး ပြည်သူ့ဆေးရုံများတွင် နိုင်ငံ့ဝန်ထမ်းများမှ စတင်ပြီး အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုကို လုပ်ဆောင်ပေးရေး စဉ်းစားရန်လိုအပ်ပါကြောင်း။

စွမ်းအင်ကဏ္ဍတွင်လည်း ပြည်ပမှလောင်စာဆီ တင်သွင်းရေးအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ သုံးစွဲနေရပါကြောင်း၊ လောင်စာဆီ၏ ၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျှက်ရှိပါကြောင်း၊ ကျန် ၉၅ ရာခိုင်နှုန်းမှာ သယ်ယူ ပို့ဆောင်ရေးနှင့် စက်ရုံ၊ အလုပ်ရုံများတွင် အသုံးပြုလျှက်ရှိကြောင်း၊ ထို့ကြောင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍမှ လောင်စာဆီသုံးစွဲမှုကို လျော့ချနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန များက မြို့တွင်းနှင့်ခရီးတိုသွားသည့် လျှပ်စစ်ကား ထုတ်လုပ်နိုင်ရန် ပထမအဆင့် ကြိုးစားရမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရေးကဏ္ဍမှာ တိုင်းပြည်အတွက် အရေးကြီး ပါကြောင်း၊ ထို့ကြောင့် ရထားလမ်း၊ ကားလမ်းများ အမြန်ဖွင့်လှစ်နိုင်ရေးနှင့် ကောင်းမွန် ရေးကို ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ JICA နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရန်ကုန်-မန္တလေး ရထားလမ်းစီမံကိန်းကို အမြန်ပြီးစီးရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

စားအုန်းဆီတင်သွင်းမှုမှာလည်း နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရှိပါကြောင်း၊ ယင်းကို လျော့ချနိုင်ရေးအတွက် မိမိတို့တိုင်းပြည်၌ စားသုံးဆီ ဖူလုံရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးကောင်စီအဆင့်ဆင့်က ပြည်သူများ နားလည်အောင် ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးကို အားပေးရမည် ဖြစ်ကြောင်း၊ လောင်စာဆီနှင့် စားသုံးဆီဝယ်ယူမှုကို လျော့ချနိုင်မည်ဆိုပါက လိုငွေပြမှုကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုကော်မတီတွင် ပါဝင်ကြသည့် တာဝန်ရှိပုဂ္ဂိုလ်များက တိုင်းပြည်စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုကြိုးစားကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးတင်ထွဋ်ဦး၊ ဦးအောင်နိုင်ဦး၊ ဦးအောင်သန်းဦး၊ ဦးရွှေလေးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့က စာချုပ်လက်မှတ်ရေးထိုး ခွင့်ပြုရန်ကိစ္စ၊ ခန့်အပ်ခွင့်ပြုရန် ကိစ္စ၊ သဘောတူညီချက်တွင် ပါဝင်လက်မှတ် ရေးထိုးခွင့်ပြုရန်ကိစ္စ၊ ကင်းလွတ်ခွင့်ပြုရန် ကိစ္စ၊ ဆက်လက်တာဝန် ထမ်းဆောင်ရန် သက်တမ်းတိုးမြှင့်ခြင်း ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးချစ်နိုင်၊ ဦးဝင်းရှိန်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာပွင့်ဆန်း၊ ဦးအောင်သန်းဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့် နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦးတို့က တိုင်းဒေသကြီးနှင့်ပြည်နယ် များရှိ မြစ်ချောင်း၊ အင်းအိုင်၊ ဆည်များတွင် ငါးမျိုးများ စိုက်ထည့်သွားမည့်အခြေအနေ၊ သတင်းထုတ်ပြန်ရေးကိစ္စ၊ နိုင်ငံတော်ဘဏ္ဍာငွေ စနစ်တကျသုံးစွဲရေးကိစ္စ၊ လူမှုဖူလုံရေး ထောက်ပံ့ငွေနှင့် ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့်အခြေအနေ၊ COVID-19 ကာကွယ်ဆေးဆက်လက်ထိုးနှံရေးကိစ္စ၊ စားအုန်းဆီ တင်သွင်းမှု လျော့ချ ရေးကိစ္စ၊ အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်နေမှုအခြေအနေ၊ ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်သွားမည့်ကိစ္စ၊ အာဆီယံခရီးသွားလုပ်ငန်းတွင် စာချုပ်တွင် မြန်မာနိုင်ငံပါဝင် လက်မှတ်ရေးထိုးရေး ကိစ္စ၊လူမှုကာကွယ်စောင့် ရှောက်ရေး ကိစ္စနှင့် တိုင်းရင်းသား အထိမ်းအမှတ် ပွဲတော်များ ကျင်းပသွားရေး ကိစ္စတို့နှင့် စပ်လျဉ်း၍ တင်ပြ ဆွေးနွေးကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများ ခန့်ထားရေးနှင့် ပတ်သက်၍ နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာစောင့်သိသူများကို ရွေးချယ် ခန့်ထားရန်နှင့် ဝန်ထမ်းများအား ကျောသားရင်သားမခွဲခြားဘဲ ညီညွတ်မျှတစွာဖြင့် အုပ်ချုပ်ရန်လိုအပ်ကြောင်း၊ ဌာနများတွင် လုပ်ငန်းတာဝန်ကျေပွန်သူများကို အားပေး ချီးမြှောက်၍ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် ဆီစားသုံးမှုကိုလျော့ချပြီး စားသုံးမှုပုံစံ ပြောင်းခြင်းဖြင့် ကျန်းမာရေးကိုအထောက်အကူပြုနိုင်ကြောင်း၊ တရားမဝင်လမ်းကြောင်း များမှ စားသုံးဆီများနှင့် ကုန်ပစ္စည်းများ တင်သွင်းမှုများကို ထိရောက်စွာ တားဆီး ခြင်းဖြင့် နိုင်ငံ့အခွန်ငွေတိုးတက်မှုကို အထောက်အကူပြုစေနိုင်ကြောင်း။

ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ယခုထက်ပိုမို တိုးတက် စေရန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အားပေးဆောင် ရွက်သွားရန်လိုကြောင်း၊ ရပ်နားထားသည့် စက်ရုံ၊ အလုပ်ရုံများကိုလည်း ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အရှုံးပေါ်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ပြီး အကျိုးရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ် ရေးနှင့် လုံခြုံရေးကို ထိခိုက်စေမည့် ကိစ္စရပ်များအား လူမှုကွန်ယက် စာမျက်နှာများတွင် ဖော်ပြခြင်းများမရှိစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ဒီမိုကရေစီ သည် ဥပဒေနှင့်ညီညွတ်မှသာ တန်ဖိုးရှိသဖြင့် မိမိတို့ဖော်ဆောင်နေသည်မှာ တန်ဖိုးရှိ သည့် ဒီမိုကရေစီစနစ်သာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံတော်ဘဏ္ဍာငွေမှ ထုတ်ချေးထားသည့် ‌၂ လစာချေးငွေများ ပြန်လည်ပေးဆပ်ရန်အတွက် ကာလတစ်ခု အထိ ဆိုင်းငံ့ပေးထားမည်ဖြစ်ကြောင်း၊ နေပြည်တော်သည် မိမိတို့နိုင်ငံ၏ မြို့တော် ဖြစ်သဖြင့် ယခုထက်ပိုမိုတိုးတက်စည်ကားအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ အချက်အခြာကျသော နေရာတွင် တည်ထားခြင်းကြောင့် ပညာသင်ကြား‌ ရေးအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအပြင် အခြားသောသဘာဝပတ်ဝန်း ကျင်မထိခိုက်စေနိုင်သည့် စက်ရုံ၊ အလုပ်ရုံများအား ဖွင့်လှစ်နိုင်ရေး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ နေပြည်တော်၌ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဉာဏ်တော် ၈၁ ပေရှိ ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်ဆစ်ရုပ်ပွားတော်ကြီးအား တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်လျှက် ရှိကြောင်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုကြောင်းဖြင့် မှာကြားခဲ့သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ စီမံခန႔္ခြဲေရး ေကာ္မတီအစည္းအေဝး(၂/၂၀၂၁)သို႔ တက္ေရာက္ အမွာစကား ေျပာၾကား

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ၂၅

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပသည့္ စီမံခန႔္ခြဲေရးအစည္း အေဝး(၂/၂၀၂၁)သို႔ တက္ေရာက္ အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဒုတိယဥကၠ႒၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဦးဝဏၰေမာင္လြင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးထြန္းထြန္းေနာင္၊ ဦးဝင္းရွိန္၊ ဦးေအာင္ႏိုင္ဦး၊ ဦးကိုကိုလႈိင္၊ ဦးခ်စ္ႏိုင္၊ ဦးတင္ထြဋ္ဦး၊ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ဦးခင္ေမာင္ရီ၊ ဦးေအာင္သန္းဦး၊ ဦးျမင့္ႀကိဳင္၊ ေဒါက္တာပြင့္ဆန္း၊ ေဒါက္တာၫြန႔္ေဖ၊ ေဒါက္တာသက္ခိုင္ဝင္း၊ ဦးေ႐ႊေလး၊ ေဒါက္တာသက္သက္ခိုင္၊ ဦးေမာင္ေမာင္အုန္း၊ ဦးေစာထြန္းေအာင္ျမင့္ႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာေဒၚသီတာဦးတို႔ တက္ေရာက္ၾကသည္။

အစည္းအေဝးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒က ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္ကို တာဝန္ယူခဲ့သည္မွာ တစ္လနီးပါးရွိၿပီ ျဖစ္ေၾကာင္း၊ ထိုသို႔တာဝန္ယူ ေဆာင္႐ြက္ခဲ့ရာတြင္ လုပ္ငန္းမ်ားကိုအခ်ိန္ႏွင့္ တေျပးညီ ေဆာင္႐ြက္ႏိုင္ခဲ့ပါေၾကာင္း၊ တစ္ဖက္ကလည္း တရားဥပေဒစိုးမိုးေရးကို ထိန္းသိမ္း ေဆာင္႐ြက္ႏိုင္ခဲ့သည့္အတြက္ ယေန႔ဆိုလွ်င္ တရားဥပေဒစိုးမိုးေရးအတြက္ ထိန္းႏိုင္ သည့္ အေနအထားတြင္ရွိၿပီျဖစ္ေၾကာင္း၊ တရားဥပေဒစိုးမိုးေရး လုပ္ငန္းမ်ား ဆက္လက္ ေဆာင္႐ြက္ ေနေသာ္လည္းလုပ္စရာရွိသည့္အပိုင္းမ်ားကို လုပ္ေဆာင္ေနရမည္ ျဖစ္ေၾကာင္း၊ COVID-19 ကာကြယ္ေရးကိစၥမွာ ရပ္ထား၍မရေၾကာင္း၊ တစ္ကမာၻလုံးတြင္ COVID-19 ျဖစ္ပြားခဲ့သည့္အတြက္ လူဦးေရ ၁၁၃ သန္းေက်ာ္ ကူးစက္ခံခဲ့ရၿပီး ၂ ဒသမ ၅ သန္းေက်ာ္ ေသဆုံးခဲ့ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္လည္း ၁ ဒသမ ၄ သိန္းေက်ာ္ ကူးစက္ခံခဲ့ရၿပီး လူဦးေရ ၃၂၀၀ နီးပါးေသဆုံးခဲ့ေၾကာင္း၊ လတ္တေလာ အေျခအေနတြင္ ေရာဂါေတြ႕ရွိ မႈမ်ား က်ဆင္းသြားပါေၾကာင္း၊ ယင္းမွာ စစ္ေဆးမႈႏႈန္းနည္းသည့္အတြက္ ေတြ႕ရွိမႈႏႈန္း နည္းပါးသြားျခင္းျဖစ္ႏိုင္ေၾကာင္း၊ ၿပီးခဲ့သည့္ ရက္သတၱပတ္မ်ားက လူစုလူေဝးျဖစ္ပြားမႈ‌ေၾကာင့္ COVID-19 ေရာဂါမကူးစက္ႏိုင္ဟု အာမမခံႏိုင္ပါေၾကာင္း၊ ယင္းကိစၥႏွင့္စပ္လ်ဥ္း၍ လုပ္ေဆာင္သင့္သည္မ်ားကို လုပ္ေဆာင္သြားရန္လိုေၾကာင္း၊ တစ္ဖက္တြင္လည္း CDM ဝန္ထမ္းမ်ားေၾကာင့္ ေဆး႐ုံး၊ ေဆးခန္းမ်ား ပိတ္ထားရပါေၾကာင္း၊ သို႔ေသာ္လည္းျပည္သူ႔၏ က်န္းမာေရးအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈ မေပးသည္မွာမလုပ္သင့္ မလုပ္အပ္သည့္ အလုပ္ျဖစ္ပါေၾကာင္း၊ ေဆး႐ုံမ်ားမဖြင့္ႏိုင္ရန္ ေႏွာက္ယွက္သူမ်ားကို အဓိကသက္ဆိုင္သည့္ ဝန္ႀကီးဌာနက အေရးယူ ေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း။

COVID-19 ေရာဂါႏွင့္ပတ္သက္၍ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္ စည္းမ်ဥ္း၊ စည္းကမ္းမ်ားကို လိုက္နာျခင္းသည္ အေကာင္းဆုံး ျဖစ္ေၾကာင္း၊ COVID-19 ကာကြယ္ေဆးထိုးႏွံမႈႏွင့္ ပတ္သက္သည့္ လုပ္ငန္းမ်ားကို ဆက္လက္ လုပ္ကိုင္ေနေၾကာင္း၊ တစ္ဖက္တြင္လည္း ကာကြယ္ေဆးရရွိေရးအတြက္ ႀကိဳးစားေဆာင္႐ြက္ေနၿပီး စာခ်ဳပ္အရ ေရာက္ရွိရမည့္ ကာကြယ္ေဆးမ်ားလည္း ထပ္မံေရာက္ရွိမည္ျဖစ္ေၾကာင္း၊ ပုဂၢလိက ေဆးဝါးကုမၸဏီမ်ားကိုလည္း သက္ဆိုင္ရာ ဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္ျဖင့္ တင္သြင္းႏိုင္ရန္ စနစ္တက် ခြင့္ျပဳေပးထားေၾကာင္း၊ က်န္းမာမွ အလုပ္လုပ္ႏိုင္မည္ျဖစ္သကဲ့သို႔ ပညာလည္း သင္ၾကားႏိုင္မည္ျဖစ္ေၾကာင္း၊ COVID-19 ေရာဂါကာကြယ္ေရးႏွင့္ ပတ္သက္၍လည္း တိုင္းေဒသႀကီး၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီမ်ားက ျပည္သူမ်ား စနစ္တက် လိုက္နာေရးအတြက္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးကိုလည္း ႀကိဳးစား ေနပါေၾကာင္း။

စီးပြားေရးႏွင့္ပတ္သက္၍ ကုန္ထုတ္လုပ္မႈ လုပ္ငန္းမ်ားတိုးတက္ရန္ COVID-19 ႏွင့္ပတ္သက္၍ ထိခိုက္မႈအနည္းဆုံးျဖစ္သည့္ စိုက္ပ်ိဳးေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ သြားရမည္ျဖစ္ေၾကာင္း၊ ယင္းကိစၥကို သက္ဆိုင္ရာ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ အဆင့္ဆင့္က ႀကီးၾကပ္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ စားနပ္ရိကၡာ ဖူလုံေရးအတြက္ စိုက္ပ်ိဳးေရး ထုတ္ကုန္လုပ္ငန္းမ်ားကို အားေပးရမည္ျဖစ္ေၾကာင္း၊ တိုင္းျပည္စားနပ္ရိကၡာ ဖူလုံေရးမွာ အေရးႀကီးေၾကာင္း၊ ေမြးျမဴေရးလုပ္ငန္းမ်ားကိုလည္း တြန္းအားေပး ေဆာင္႐ြက္ရန္ လိုအပ္ ေၾကာင္း၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးအတြက္ ေရေျမႏွင့္ အေျခခံေကာင္းမ်ားရွိပါေၾကာင္း၊ ယင္းကို အက်ိဳးရွိရွိ အသုံးခ်ရန္လိုေၾကာင္း၊ ေမြးျမဴေရးလုပ္ငန္းကို နည္းစနစ္က်သည့္ ေမြးျမဴေရးစနစ္ျဖင့္ ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ တိုင္းျပည္အတြက္စားနပ္ရိကၡာ ေပါမ်ားေရးေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ငါးေမြးျမဴေရးမွာ လြယ္ကူသည့္ နည္းလမ္း ျဖစ္ေၾကာင္း၊ ျမစ္ေခ်ာင္းအင္းအိုင္မ်ားတြင္ ငါးမ်ိဳးမ်ားအေျမာက္အျမားစိုက္ထည့္ေပး ရန္လိုေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို စနစ္တက်ေဆာင္႐ြက္ႏိုင္လွ်င္ စားနပ္ရိကၡဖူလုံသည့္အျပင္ စီးပြားျဖစ္သည့္အဆင့္သို႔ ေရာက္ရွိလာမည္ျဖစ္ေၾကာင္း၊ ႏွစ္အလိုက္ မိုး႐ြာသြန္းမႈမွာလည္း ေလ်ာ့နည္းလာသည့္အတြက္ ေရကိုအက်ိဳးရွိရွိ အသုံးျပဳ ရန္လိုေၾကာင္း၊ ေရကိုသိုေလွာင္ႏိုင္ရန္အတြက္ ေခ်ာင္းပိတ္၊ ေျမာင္းပိတ္ စနစ္မ်ားျဖင့္ ေဆာင္႐ြက္ပါကစိုက္ပ်ိဳးေရးႏွင့္ ေသာက္သုံးေရရရွိမည္ျဖစ္ေၾကာင္း၊ ယင္းသို႔ေဆာင္႐ြက္မႈ သည္ ရာသီဥတုကို ထိန္းသိမ္းရာလည္း ေရာက္ပါေၾကာင္း၊ စိုက္ပ်ိဳးေရရရွိေရးအတြက္ ျမစ္ႀကီးမ်ားအျပင္ ေခ်ာင္း၊ ေျမာင္းမ်ားတြင္ စီးဆင္းေနသည့္ ေရမ်ားကိုလည္း ထိန္းသိမ္း ရန္လိုအပ္ေၾကာင္း၊ စိုက္ပ်ိဳးေရးအတြက္ ျမစ္ေရတင္ စီမံကိန္းမ်ားကို ျပန္လည္ေဆာင္ ႐ြက္ရန္လိုေၾကာင္း၊ ဧရာဝတီျမစ္ေၾကာင္း တစ္ေလ်ာက္တြင္ ျပည့္ၿဖိဳးၿမဲစြမ္းအင္ျဖစ္သည့္ ဆိုလာလွ်ပ္စစ္စီမံကိန္းမ်ားကို ျမစ္ေရတင္စီမံကိန္းမ်ားအတြက္ ေဆာင္႐ြက္ႏိုင္မည္ ဆိုပါက ျမစ္ေၾကာင္းတစ္ေလ်ာက္မွ ေက်း႐ြာမ်ားလည္း စိုက္ပ်ိဳးေရးရရွိမည့္အျပင္ လွ်ပ္စစ္မီး သုံးစြဲႏိုင္မည္ျဖစ္ပါေၾကာင္း၊ ဧရာဝတီျမစ္ႀကီးကိုလည္း ဝိုင္းဝန္းထိန္းသိမ္းရန္ လိုအပ္ေၾကာင္း။

အားကစားက႑တြင္လည္း တစ္ႏွစ္နီးပါး ရပ္ဆိုင္းေနသည့္ အားကစားပြဲမ်ားကို ျပန္လည္ေဆာင္႐ြက္ရန္ လိုအပ္ပါေၾကာင္း၊ အားကစားနည္းမ်ားတြင္ ျမန္မာ့သိုင္း အားကစားနည္းမွာ လူတိုင္းကစားႏိုင္ၿပီး ကိုယ္ခံပညာအားကစားနည္းျဖစ္သည့္ အတြက္ ႏိုင္ငံေတာ္၏ အားကစားအျဖစ္ ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ က်န္းမာေရးက႑တြင္ စရိတ္မွ်ေပး က်န္းမာေရး ဆိုေသာ္လည္း တခ်ိဳ႕အပိုင္းမ်ားတြင္ ေဆးကုသစရိတ္ မတတ္ႏိုင္သည့္အတြက္ နစ္နာဆုံးရႈံးမႈမ်ားရွိသည္ကို စိတ္မေကာင္းဖြယ္ရာ သိရွိရ ေၾကာင္း၊ ယင္းကိစၥအတြက္ မိမိတို႔လစာထဲမွ သင့္တင့္သည့္ သတ္မွတ္ႏႈန္းထားကို ထည့္ဝင္ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ ရန္ပုံေငြ သို႔ထည့္ဝင္ၿပီး ျပည္သူ႔ေဆး႐ုံမ်ားတြင္ ႏိုင္ငံ့ဝန္ထမ္းမ်ားမွ စတင္ၿပီး အခမဲ့က်န္းမာေရး ေစာင့္ေရွာက္မႈကို လုပ္ေဆာင္ေပးေရး စဥ္းစားရန္လိုအပ္ပါေၾကာင္း။

စြမ္းအင္က႑တြင္လည္း ျပည္ပမွေလာင္စာဆီ တင္သြင္းေရးအတြက္ ႏွစ္စဥ္ အေမရိကန္ေဒၚလာ ၃ ဘီလီယံ သုံးစြဲေနရပါေၾကာင္း၊ ေလာင္စာဆီ၏ ၅ ရာခိုင္ႏႈန္းမွာ လွ်ပ္စစ္မီးရရွိေရးအတြက္ အသုံးျပဳလွ်က္ရွိပါေၾကာင္း၊ က်န္ ၉၅ ရာခိုင္ႏႈန္းမွာ သယ္ယူ ပို႔ေဆာင္ေရးႏွင့္ စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ အသုံးျပဳလွ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ သယ္ယူ ပို႔ေဆာင္ေရးက႑မွ ေလာင္စာဆီသုံးစြဲမႈကို ေလ်ာ့ခ်ႏိုင္ရန္ သက္ဆိုင္ရာဝန္ႀကီးဌာန မ်ားက ၿမိဳ႕တြင္းႏွင့္ခရီးတိုသြားသည့္ လွ်ပ္စစ္ကား ထုတ္လုပ္ႏိုင္ရန္ ပထမအဆင့္ ႀကိဳးစားရမည္ျဖစ္ေၾကာင္း၊ ပို႔ေဆာင္ေရးက႑မွာ တိုင္းျပည္အတြက္ အေရးႀကီး ပါေၾကာင္း၊ ထို႔ေၾကာင့္ ရထားလမ္း၊ ကားလမ္းမ်ား အျမန္ဖြင့္လွစ္ႏိုင္ေရးႏွင့္ ေကာင္းမြန္ ေရးကို ေဆာင္႐ြက္သြား ရမည္ျဖစ္ေၾကာင္း၊ JICA ႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနသည့္ ရန္ကုန္-မႏၲေလး ရထားလမ္းစီမံကိန္းကို အျမန္ၿပီးစီးေရး ေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း။

စားအုန္းဆီတင္သြင္းမႈမွာလည္း ႏွစ္စဥ္ အေမရိကန္ေဒၚလာ သန္း ၅၀၀ ေက်ာ္ ရွိပါေၾကာင္း၊ ယင္းကို ေလ်ာ့ခ်ႏိုင္ေရးအတြက္ မိမိတို႔တိုင္းျပည္၌ စားသုံးဆီ ဖူလုံေရးအတြက္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာနႏွင့္ သက္ဆိုင္ရာ စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဆင့္ဆင့္က ျပည္သူမ်ား နားလည္ေအာင္ ရွင္းလင္းေျပာၾကားၿပီး စိုက္ပ်ိဳးေရးကို အားေပးရမည္ ျဖစ္ေၾကာင္း၊ ေလာင္စာဆီႏွင့္ စားသုံးဆီဝယ္ယူမႈကို ေလ်ာ့ခ်ႏိုင္မည္ဆိုပါက လိုေငြျပမႈကို ေလ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ ယခုေကာ္မတီတြင္ ပါဝင္ၾကသည့္ တာဝန္ရွိပုဂၢိဳလ္မ်ားက တိုင္းျပည္စီးပြားေရးႏွင့္ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အႀကံျပဳႀကိဳးစားၾကရန္ လိုေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးဝင္းရွိန္၊ ဦးတင္ထြဋ္ဦး၊ ဦးေအာင္ႏိုင္ဦး၊ ဦးေအာင္သန္းဦး၊ ဦးေ႐ႊေလးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာေဒၚသီတာဦးတို႔က စာခ်ဳပ္လက္မွတ္ေရးထိုး ခြင့္ျပဳရန္ကိစၥ၊ ခန႔္အပ္ခြင့္ျပဳရန္ ကိစၥ၊ သေဘာတူညီခ်က္တြင္ ပါဝင္လက္မွတ္ ေရးထိုးခြင့္ျပဳရန္ကိစၥ၊ ကင္းလြတ္ခြင့္ျပဳရန္ ကိစၥ၊ ဆက္လက္တာဝန္ ထမ္းေဆာင္ရန္ သက္တမ္းတိုးျမႇင့္ျခင္း ကိစၥရပ္မ်ားကို ရွင္းလင္းတင္ျပၾကသည္။

ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးတင္ထြဋ္ဦး၊ ဦးခ်စ္ႏိုင္၊ ဦးဝင္းရွိန္၊ ဦးျမင့္ႀကိဳင္၊ ေဒါက္တာသက္ခိုင္ဝင္း၊ ေဒါက္တာပြင့္ဆန္း၊ ဦးေအာင္သန္းဦး၊ ေဒါက္တာၫြန႔္ေဖ၊ ဦးေမာင္ေမာင္အုန္း၊ ေဒါက္တာ သက္သက္ခိုင္၊ ဦးေစာထြန္းေအာင္ျမင့္ ႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာ ေဒၚသီတာဦးတို႔က တိုင္းေဒသႀကီးႏွင့္ျပည္နယ္ မ်ားရွိ ျမစ္ေခ်ာင္း၊ အင္းအိုင္၊ ဆည္မ်ားတြင္ ငါးမ်ိဳးမ်ား စိုက္ထည့္သြားမည့္အေျခအေန၊ သတင္းထုတ္ျပန္ေရးကိစၥ၊ ႏိုင္ငံေတာ္ဘ႑ာေငြ စနစ္တက်သုံးစြဲေရးကိစၥ၊ လူမႈဖူလုံေရး ေထာက္ပံ့ေငြႏွင့္ ေဆး႐ုံမ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈ ေပးေနသည့္အေျခအေန၊ COVID-19 ကာကြယ္ေဆးဆက္လက္ထိုးႏွံေရးကိစၥ၊ စားအုန္းဆီ တင္သြင္းမႈ ေလ်ာ့ခ် ေရးကိစၥ၊ အေျခခံေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရး ႀကိဳတင္ျပင္ဆင္ေနမႈအေျခအေန၊ ေရအားလွ်ပ္စစ္စီမံကိန္းမ်ား ေဆာင္႐ြက္သြားမည့္ကိစၥ၊ အာဆီယံခရီးသြားလုပ္ငန္းတြင္ စာခ်ဳပ္တြင္ ျမန္မာႏိုင္ငံပါဝင္ လက္မွတ္ေရးထိုးေရး ကိစၥ၊လူမႈကာကြယ္ေစာင့္ ေရွာက္ေရး ကိစၥႏွင့္ တိုင္းရင္းသား အထိမ္းအမွတ္ ပြဲေတာ္မ်ား က်င္းပသြားေရး ကိစၥတို႔ႏွင့္ စပ္လ်ဥ္း၍ တင္ျပ ေဆြးေႏြးၾကသည္။

တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒က ဝန္ထမ္းမ်ား ခန႔္ထားေရးႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္အေပၚ ေက်းဇူးသစၥာေစာင့္သိသူမ်ားကို ေ႐ြးခ်ယ္ ခန႔္ထားရန္ႏွင့္ ဝန္ထမ္းမ်ားအား ေက်ာသားရင္သားမခြဲျခားဘဲ ညီၫြတ္မွ်တစြာျဖင့္ အုပ္ခ်ဳပ္ရန္လိုအပ္ေၾကာင္း၊ ဌာနမ်ားတြင္ လုပ္ငန္းတာဝန္ေက်ပြန္သူမ်ားကို အားေပး ခ်ီးေျမႇာက္၍ ဝန္ထမ္းစည္းကမ္းေဖာက္ဖ်က္သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူရန္လိုေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ ဆီစားသုံးမႈကိုေလ်ာ့ခ်ၿပီး စားသုံးမႈပုံစံ ေျပာင္းျခင္းျဖင့္ က်န္းမာေရးကိုအေထာက္အကူျပဳႏိုင္ေၾကာင္း၊ တရားမဝင္လမ္းေၾကာင္း မ်ားမွ စားသုံးဆီမ်ားႏွင့္ ကုန္ပစၥည္းမ်ား တင္သြင္းမႈမ်ားကို ထိေရာက္စြာ တားဆီး ျခင္းျဖင့္ ႏိုင္ငံ့အခြန္ေငြတိုးတက္မႈကို အေထာက္အကူျပဳေစႏိုင္ေၾကာင္း။

ဝန္ႀကီးဌာနမ်ားအေနျဖင့္ သက္ဆိုင္ရာက႑အလိုက္ ယခုထက္ပိုမို တိုးတက္ ေစရန္ သုေတသနႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို အားေပးေဆာင္ ႐ြက္သြားရန္လိုေၾကာင္း၊ ရပ္နားထားသည့္ စက္႐ုံ၊ အလုပ္႐ုံမ်ားကိုလည္း ျပန္လည္လည္ပတ္ႏိုင္ေရး ေဆာင္႐ြက္ ရမည္ျဖစ္ေၾကာင္း၊ အရႈံးေပၚေနသည့္ လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ျပန္လည္သုံးသပ္ၿပီး အက်ိဳးရွိေအာင္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ဝန္ထမ္းမ်ားအေနျဖင့္ ႏိုင္ငံေတာ္တည္ၿငိမ္ ေရးႏွင့္ လုံၿခဳံေရးကို ထိခိုက္ေစမည့္ ကိစၥရပ္မ်ားအား လူမႈကြန္ယက္ စာမ်က္ႏွာမ်ားတြင္ ေဖာ္ျပျခင္းမ်ားမရွိေစေရး ထိန္းသိမ္းၾကပ္မတ္ေဆာင္႐ြက္သြားရန္ လိုေၾကာင္း၊ ဒီမိုကေရစီ သည္ ဥပေဒႏွင့္ညီၫြတ္မွသာ တန္ဖိုးရွိသျဖင့္ မိမိတို႔ေဖာ္ေဆာင္ေနသည္မွာ တန္ဖိုးရွိ သည့္ ဒီမိုကေရစီစနစ္သာျဖစ္ေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ားအား ႏိုင္ငံေတာ္ဘ႑ာေငြမွ ထုတ္ေခ်းထားသည့္ ‌၂ လစာေခ်းေငြမ်ား ျပန္လည္ေပးဆပ္ရန္အတြက္ ကာလတစ္ခု အထိ ဆိုင္းငံ့ေပးထားမည္ျဖစ္ေၾကာင္း၊ ေနျပည္ေတာ္သည္ မိမိတို႔ႏိုင္ငံ၏ ၿမိဳ႕ေတာ္ ျဖစ္သျဖင့္ ယခုထက္ပိုမိုတိုးတက္စည္ကားေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ အခ်က္အျခာက်ေသာ ေနရာတြင္ တည္ထားျခင္းေၾကာင့္ ပညာသင္ၾကား‌ ေရးအပါအဝင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး လုပ္ငန္းမ်ားအျပင္ အျခားေသာသဘာဝပတ္ဝန္း က်င္မထိခိုက္ေစႏိုင္သည့္ စက္႐ုံ၊ အလုပ္႐ုံမ်ားအား ဖြင့္လွစ္ႏိုင္ေရး ျပည္တြင္း၊ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအား ဖိတ္ေခၚေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း၊ ေနျပည္ေတာ္၌ အမ်ားျပည္သူမ်ား ဖူးေျမာ္ၾကည္ညိဳႏိုင္ရန္အတြက္ ဉာဏ္ေတာ္ ၈၁ ေပရွိ ကမာၻ႔အႀကီးဆုံး စက်င္ေက်ာက္ဆစ္႐ုပ္ပြားေတာ္ႀကီးအား တည္ထားကိုးကြယ္ႏိုင္ေရး ေဆာင္႐ြက္လွ်က္ ရွိေၾကာင္း၊ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အားလုံးက ဝိုင္းဝန္းေဆာင္႐ြက္သြားရန္ လိုေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။