(၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် မတ် ၂၇

၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ယနေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။

ဦးစွာ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည် စစ်ရေးပြ စစ်ကြောင်းကြီးများအလိုက် စစ်ရေးပြကွင်းမုဒ်ဦးရှေ့တွင် စတင်စုရုံးရောက်ရှိနေရာယူ ကြပြီး စစ်ရေးပြအစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

ထို့နောက် ဘက်ပိုက်တပ်စုနှင့် ဗဟိုစစ်တီးဝိုင်းအဖွဲ့သည် စစ်ရေးပြကွင်း အတွင်းရှိ သတ်မှတ်နေရာ၌ နေရာယူကြပြီး ယန္တရားစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် သိန်းထွေး ဦးဆောင်၍ ခေတ်လွန်အမြောက်ယန္တရားတပ်ခွဲ၊ ခေတ်လွန်သံချပ်ကာ ယန္တရား တပ်ခွဲ၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးယန္တရားတပ်ခွဲ၊ ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ယန္တရားတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးယန္တရားတပ်ခွဲ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံးယန္တရားတပ်ခွဲ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ယန္တရားတပ်ခွဲ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ယန္တရားတပ်ခွဲတို့က ချီတက်နေရာယူကြသည်။

ဆက်လက်ပြီး စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် စိုးမင်းဦး ဦးဆောင်၍ အလံတော် အဖွဲ့၊ ၎င်းနောက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် မိုးဇော်ထွန်း ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)တပ်ခွဲ၊ ဗမာ့အမျိုးသားတပ်မတော် (BNA)တပ်ခွဲ၊ ဗမာ့မျိုးချစ်တပ်မတော်(PBF)တပ်ခွဲ၊ ဗမာ့တပ်မတော် (BA)တပ်ခွဲ၊ မီးတုတ်ကိုင် တပ်ခွဲ၊ ဘယ်ရီတပ်ခွဲ တို့ ပါဝင်သည့် အနော်ရထာစစ်ကြောင်း ။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် အောင်အောင် ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ဂေါ်ရခါး တောဆောင်းတပ်ခွဲ၊ ပွိုင့် ၃၀၃ ရိုင်ဖယ်တပ်ခွဲ၊ ဘီအေ-၅၂ စတင်းတပ်ခွဲ၊ ဘီအေ-၆၃ တပ်ခွဲ၊ အမျိုးသမီး (ကြည်း၊ရေ၊လေ) (၁၉၅၇-၁၉၇၂)တပ်ခွဲ၊ တပ်မတော်(ရေ)(၁၉၅၇-၁၉၇၂)တပ်ခွဲ၊ တပ်မတော်(လေ)(၁၉၅၇-၁၉၇၂)တပ်ခွဲတို့ပါဝင်သည့် ကျန်စစ်သား စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ တပ်မတော် (ကြည်း)(၁၉၇၃-၁၉၈၈)တပ်ခွဲ၊ တပ်မတော်(ရေ) (၁၉၇၃-၁၉၈၈)တပ်ခွဲ၊ တပ်မတော်(လေ) (၁၉၇၃-၁၉၈၈)တပ်ခွဲ၊ တပ်မတော်(ကြည်း) (၁၉၈၉-၁၉၉၉) တပ်ခွဲ၊ တပ်မတော်(ရေ)(၁၉၈၉-၁၉၉၉) တပ်ခွဲ၊ တပ်မတော်(လေ) (၁၉၈၉-၁၉၉၉) တပ်ခွဲ၊ တပ်မတော်(ကြည်း)(၂၀၀၀-၂၀၁၄) တပ်ခွဲတို့က ပါဝင်သည့် ဘုရင့်နောင်စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထူး ဦးဆောင် သည့် ဂုဏ်ပြုတပ်ခွဲ၊ တပ်မတော် (ရေ) (၂၀၀၀-၂၀၁၄)တပ်ခွဲ၊ တပ်မတော် (လေ) (၂၀၀၀-၂၀၁၄)တပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၂၀၀၀-၂၀၁၄)တပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)တပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) တပ်ခွဲ(၁)၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု တပ်ခွဲ တို့ ပါဝင်သည့် အောင်ဇေယျစစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်စိုး ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ(၁)၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ တို့ ပါဝင်သည့် ဆင်ဖြူရှင်စစ်ကြောင်း။

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် စိုးတင့် ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမျိုးသမီး(အရာရှိ)တပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အမျိုးသမီး(အခြားအဆင့်)တပ်ခွဲ၊ လေကြောင်းချီ တပ်ခွဲ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ တို့ ပါဝင်သည့် ဗန္ဓုလ စစ်ကြောင်း။

စစ်ကြောင်းမှူး ရဲမှူးချုပ် ဟန်ထွန်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(အမျိုးသမီး)ဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသမီး)တပ်ခွဲ(၁)၊ မြန်မာ နိုင်ငံရဲ တပ်ဖွဲ့(အမျိုးသမီး)တပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသား)တပ်ခွဲ(၁)၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့(အမျိုးသား)တပ်ခွဲ(၂)၊မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသား)တပ်ခွဲ(၃)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (အမျိုးသား)တပ်ခွဲ(၄)တို့ ပါဝင်သည့် အောင်ဆန်းစစ်ကြောင်းတို့က စစ်တီးဝိုင်း အဖွဲ့များနှင့်အတူ စစ်ရေးပြကွင်းအတွင်းသို့ အစီအစဉ်အတိုင်း ချီတက်ကြသည်။

အဆိုပါ (၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ နှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင် ပုဂ္ဂိုလ်များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အငြိမ်းစားအရာရှိကြီးများ၊ အငြိမ်းစားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစု ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်များ၊ အောင်ဆန်းသူရိယ ဘွဲ့ရရှိခဲ့သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့၊ တံဆိပ်ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟိုအကြံပေး ကွပ်ကဲရေး အဖွဲ့များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားသံ အမတ်ကြီး များ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား (အငြိမ်းစား) ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့တို့မှ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများ၊ တပ်မတော် ဂုဏ်ပြုဇာတ်လမ်းတွင်ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် ဆုရရှိသည့် တပ်မတော်သား အားကစားသမားများ၊ တပ်မတော်နေ့ အလှူရှင်များ၊ တိုင်းရင်းသား ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ ရေကြောင်း၊ လေကြောင်းလူငယ် သင်တန်းများမှ အုပ်ချုပ်သူနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ တက်ရောက်ကြ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား ကျင်းပသည့် စစ်ရေးပြကွင်းသို့ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာယူရာ စစ်ကြောင်းကြီး များမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အမြောက် ၁၉ ချက် ပစ်ဖောက် အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က စစ်ရေးပြစစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေး သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၊ စစ်ရေးပြစစ်ကြောင်းကြီး များမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံနှင့် ကျဆုံး နေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး သစ္စာလေးချက်ကို သံပြိုင် ရွတ်ဆို ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် ယနေ့ကျင်းပ ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားသည် အမိမြန်မာနိုင်ငံတော်ကြီးကို ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့သည့် သမိုင်းဂုဏ်ဒြပ်အစဉ်အလာကြီးမား သည့် မြန်မာ့တပ်မတော် ၏(၇၆)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသည့် စစ်ရေးပြ အခမ်းအနားဖြစ်သကဲ့သို့ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဂုဏ်ပြုအခမ်းအနားကို ပြန်လည်ကျင်းပသည့် စစ်ရေးပြအခမ်းအနားလည်းဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုနှစ်ကျော်ခဲ့သည့်တိုင် ခေတ်အဆက်ဆက်ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်းထိန်းသိမ်း လာခဲ့သည့် တပ်မတော်အတွက် အလွန်ဂုဏ်ယူ ဖွယ်ရာပင်ဖြစ်ကြောင်း၊

သမိုင်းကြောင်းတစ်လျှောက်တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံ အဖြစ် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ငြိမ်းချမ်းထည်ဝါစွာ စုစည်းရပ်တည်နေထိုင်သည့် မိမိတို့ နိုင်ငံသည် ၁၈၈၆ ခုနှစ်တွင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရပြီး နယ်ချဲ့တို့၏ ဖိနှိပ်မှုအောက်မှာ နှစ်ပေါင်း ၁၀၀ ကျော်နေခဲ့ကြရကြောင်း၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် မြန်မာ့မျိုးချစ်ခေါင်းဆောင်များအနေဖြင့် နယ်ချဲ့ကိုတိုက်ထုတ် ရန် တပ်မတော် တစ်ရပ်ထူထောင်နိုင်ရေး သခင်အောင်ဆန်းဦးဆောင်သည့် ရဲဘော် သုံးကျိပ်သည် ဂျပန်၏ အကူအညီဖြင့် စစ်ပညာများကို အပင်ပန်းအဆင်းရဲခံသင်ယူခဲ့ကြကြောင်း၊ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ရဲဘော် သုံးကျိပ်တို့၏ ဦးဆောင်မှုနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး နယ်ချဲ့အင်္ဂလိပ်တို့ကို မျိုးချစ်စိတ်ထက်သန် ပြင်းပြသည့် ပြည်သူလူထုနှင့် ပူးပေါင်းမောင်း ထုတ်ခဲ့ကြကြောင်း၊ အင်္ဂလိပ်တို့ ဆုတ်ခွာ ပြီးနောက် ၁၉၄၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဂျပန်တို့က လွတ်လပ်ရေးပေးခဲ့ သော်လည်း ပြည်သူလူထုသည် ဆိုးရွားစွာညှဉ်းပန်းနှိပ်စက်မှုကို မမျှော်လင့်ဘဲခံခဲ့ရ တဲ့အတွက် တပ်မတော်အနေဖြင့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သမိုင်းဝင်ဖက်ဆစ်တော်လှန်ရေးကြီးကို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ပူးပေါင်း လက်တွဲ ဆင်နွှဲခဲ့ကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း ထို့ကြောင့် ယင်းနေ့ကို တပ်မတော်နေ့ အဖြစ် သတ်မှတ်ခဲ့ကြခြင်းပင်ဖြစ်ကြောင်း။

ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ၁၉၄၂ ခုနှစ်တွင် ဗမာ့ကာကွယ်ရေး တပ်မတော်(BDA)၊ ၁၉၄၃ ခုနှစ်တွင် ဗမာ့အမျိုးသားတပ်မတော်(BNA) ၊ ၁၉၄၅ ခုနှစ် ဇူလိုင်လတွင် မျိုးချစ်ဗမာ့တပ်မတော်(PBF)၊ စက်တင်ဘာလတွင် ဗမာ့တပ်မတော် (Burma Army)အဖြစ် အဆင့်ဆင့် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း၊ တပ်မတော်သည် ပြည်သူ လူထုနှင့်အတူ လက်တွဲပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် နယ်ချဲ့ ဗြိတိသျှ တို့ လက်အောက်မှ မြန်မာနိုင်ငံကို လွတ်လပ်ရေးရယူပေးခဲ့သည့်အတွက် လွတ်လပ်ရေး ကြိုးပမ်း မှုနှင့်အတူ သန္ဓေတည်ပေါက်ဖွားလာခဲ့သည့် တပ်မတော်လည်းဖြစ်ကြောင်း။ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု၊ အယူဝါဒရေးနှင့် တိုင်းရင်းသားရေးတို့အရ ပြည်တွင်းသောင်းကျန်းမှုများ ပေါ်ပေါက်လာ ရာတွင် တပ်မတော်က ပူပူနွေးနွေးရရှိထားတဲ့ လွတ်လပ်ရေးကြီး လက်လွတ်မဆုံးရှုံးစေဖို့ အသက်၊ သွေး၊ ချွေးများစွာကို စတေးပြီး သောင်းကျန်းသူတွေကို နှိမ်နင်းပေးခဲ့ရကြောင်း၊ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)တို့ စတင် လက်နက်ကိုင်တောခိုခဲ့ရာမှစပြီး အခြားလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ ပေါ်ပေါက် လာခဲ့ကြောင်း၊ နိုင်ငံတကာကလည်း “ရောင်စုံသောင်းကျန်းသူများ”ဟု ကင်ပွန်းတပ်ခဲ့ကြ ကြောင်း၊ ထိုအချိန်တွင် တပ်မတော် စစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ကြီး နေဝင်းသည် ခြေလျင်တပ်အနည်းငယ်၊ လက်ရုံးဝန်ထမ်းတပ် အနည်းငယ် နှင့် ရသမျှအင်အားစုစည်းပြီး နိုင်ငံအနှံ့ ဆူပူသောင်း ကျန်းနေသည့် ရောင်စုံသောင်းကျန်း သူများကို ပြန်လည်ထိန်းချုပ်တိုက်ခိုက်ကာ နိုင်ငံကို တည်ငြိမ်အောင်၊ မပြိုကွဲအောင် ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိ ပက္ခများသည် တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား စတင်ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်မတော် အနေဖြင့် နိုင်ငံတော်နှင့်အချုပ်အခြာအာဏာကို ကာကွယ်ရန်တာဝန်ရှိသည့် အဖွဲ့အစည်း ပီသစွာ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။

မိမိတို့တပ်မတော်အနေဖြင့် ပြည်တွင်းရောင်စုံသောင်းကျန်းမှုများကို နှိမ်နင်း ခြင်းသာမက ၁၉၅၀-၆၁ ခုနှစ်ကာလအတွင်းတွင် ပြည်ပကျူးကျော်သူ ကူမင်တန် (တရုတ်ဖြူ) များ၊ ရခိုင်ပြည်နယ်အတွင်းတွင် အခြေပြုလှုပ်ရှားနေတဲ့ ကုလားဆိုး သောင်းကျန်းသူများကို တိုက်ခိုက်နှိမ်နင်းနိုင်ခဲ့ကြောင်း၊ ၁၉၆၂-၇၂ ခုနှစ်တွင် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် သောင်းကျန်းသူများကို အမြစ်ဖြတ် တိုက်ထုတ်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ပဲခူးရိုးမတွင် အခြေစိုက်လာသည့် ဗကပများကို ပြည်သူလူထုနှင့်ပူးပေါင်းပြီး ဖြတ် ၄ ဖြတ်စနစ်နဲ့ စစ်ဆင်ရေး ကြီးတွေ ဆင်နွှဲခဲ့သည့်အတွက် ၁၉၇၅ ခုနှစ်မှာ ပဲခူးရိုးမဒေသအတွင်း ဗကပတို့ရဲ့လှုပ်ရှားမှုကို အဆုံးသတ်စေနိုင်ခဲ့ကြောင်း။

၁၉၈၈ ခုနှစ် နိုင်ငံအတွင်း ဆူပူမှုဖြစ်ပွားနေသည့်အပေါ် အခွင့်ကောင်းယူပြီး တပ်မတော်ကို အကျပ်အတည်း တွေ့စေရန်အတွက် ဗကပများသည် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလတွင် စစ်မျက်နှာသုံးခုဖြင့် မိုင်းယန်းဒေသကို လာရောက်တိုက်ခိုက်ခဲ့ သောကြောင့် ၈ ရက်ကြာ သမိုင်းဝင်မိုင်းယန်းတိုက်ပွဲဆင်နွှဲခဲ့ရကြောင်း၊ မိုင်းယန်း တိုက်ပွဲ တွင် ဗကပတို့ အထိနာအရေးနိမ့်သွားပြီးနောက် အကျိုးဆက်အနေဖြင့် ဗကပအဖွဲ့မှ ကိုးကန့်အဖွဲ့ ခွဲထွက်ပြီး “ဝ” အဖွဲ့က အာဏာသိမ်းလိုက်ခြင်းများကြောင့် ဗကပ(ဗဟို) ပြိုကွဲခြင်းနှင့်အတူ ဗကပအရှေ့မြောက်စစ်ဒေသလည်း လုံးဝချုပ်ငြိမ်းသွားခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ အတွင်း၌ပင် ကရင်ပြည်နယ် မဲသဝေါဒေသကို ထိုးစစ်ဆင် တိုက်ခိုက်လာသည့် သောင်းကျန်း သူများကိုလည်း တပ်မတော်အနေဖြင့် အောင်မြင်စွာ ပြန်လည်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း။

၁၉၈၉ ခုနှစ်အတွင်း၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ နယ်စပ် တစ်လျှောက်ရှိ သောင်းကျန်းသူစခန်းများစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ၁၉၉၁ ခုနှစ်တွင်လည်း မြစ်ဝကျွန်းပေါ်ဒေသကို ထိုးဖောက်ဝင်ရောက်လာတဲ့ သောင်းကျန်းသူ များကိုလည်း အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် အရှေ့မြောက်ပိုင်းနယ် စပ်ဒေသနယ်မြေအတွင်း သောင်းကျန်းသူများသည် ကိုးကန့် ဒေသ တစ်ခုလုံးကို တိုက်ခိုက် သိမ်းပိုက်ထိန်းချုပ်ရန်နှင့် ထိုမှတစ်ဆင့် နယ်စပ်ဒေသ များဖြစ်သည့် မုံးကိုး-ဖောင်းဆိုင်ဒေသမှ မြန်မာပြည်မြောက်ပိုင်းနယ်မြေဘက်သို့ နယ်မြေချဲ့ထွင်နိုင်ရေးဆိုသည့် ရည်ရွယ်ချက်ဖြင့် လောက်ကိုင်တွင်ရှိသည့် ဌာနချုပ် အပါအဝင် လက်အောက်ခံတပ်ရင်းများကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်လာခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်က မြို့တွင်း တိုက်ပွဲအပါအဝင် လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူတွေရယူပြီး လောက်ကိုင်ဒေသကို တိုက်ခိုက်လာသည့် သောင်းကျန်းသူများကို တွန်းလှန်တိုက်ခိုက်ခဲ့ပြီး နယ်စပ်ဒေသ တစ်လျှောက် ဖြန့်ခွဲတပ်စွဲထားတဲ့ သောင်းကျန်းသူစခန်းများကိုပါ အောင်မြင်စွာ တိုက်ခိုက် သိမ်းယူ နိုင်ခဲ့ကြောင်း၊ ထို့နောက် သောင်းကျန်းသူများသည် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် မုံးကိုး၊ ဖောင်းဆိုင်၊ မန်ကန် စတဲ့ တပ်စခန်း များနှင့် ၁၀၅ မိုင်စခန်း၊ မုံးပေါ်တပ်စခန်းတို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက် လာခဲ့သည်ကိုလည်း အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ကြောင်း၊ တပ်မတော်သည် လွတ်လပ်ရေးကြိုး ပမ်းမှုကာလမှ လွတ်လပ်ရေးရပြီး ခေတ်အဆက်ဆက်တွင် ပြည်တွင်း၊ ပြည်ပ အန္တရာယ် အမျိုးမျိုးကို အသက်၊ သွေး၊ ချွေးများစွာပေးဆပ်ပြီး စွမ်းစွမ်းတမံ ကာကွယ် စောင့်ရှောက်ခဲ့ ရသည်ကို သိစေလိုကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ခဲ့ရာတွင် စွန့်လွှတ်စွန့်စားစွာ အသက်ပေးကာကွယ်တိုက်ခိုက်ခဲ့ကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို နိုင်ငံတော် နှင့် တပ်မတော်က ယနေ့အချိန်အထိ အောင်ဆန်း သူရိယဘွဲ့ ၆ ဦး၊ သီဟသူရဘွဲ့ ၅၀ ဦး သူရဘွဲ့ ၅၄၆ ဦး၊ သူရဲကောင်း မှတ်တမ်းဝင် ၁,၈၆၀ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂,၀၁၈ ဦး၊ စစ်သေနာပတိချုပ်၏ သူရဲကောင်း လက်မှတ်ရရှိသူ ၃၃၉ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၂,၉၈၇ ဦးတို့ကို စွမ်းရည်သတ္တိဆိုင်ရာ ဘွဲ့၊ တံဆိပ်၊ လက်မှတ်များ အသီးသီးချီးမြှင့်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စွမ်းရည်သတ္တိဆိုင်ရာ ဘွဲ့၊ တံဆိပ်၊ လက်မှတ်များမရသော်လည်း ပေးအပ်တဲ့တာဝန်များ ကို ကျေပွန်စွာထမ်းဆောင်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်မှုပေါင်းများစွာဖြင့် ဆောင်ရွက်ခဲ့ကြသည့် တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကိုလည်း တန်ဖိုးထားချီး ကျူးဂုဏ်ပြုပါကြောင်းနှင့် ယနေ့ အခမ်းအနား တွင်လည်း အောင်ဆန်းသူရိယဘွဲ့ရရှိသူများ၏ မိသားစုများကိုပါ ဂုဏ်ယူစွာဖြင့် ဖိတ်ကြားတက်ရောက် စေလျက်ရှိပါကြောင်း။

ယခုစစ်ရေးပြအခမ်းအနားကြီးတွင် မိမိတို့တပ်မတော်စတင်ဖွဲ့စည်းချိန်တွင် စတင် အသုံးပြုဝတ်ဆင်ခဲ့သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)၊ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)၊ ဗမာ့အမျိုးသားတပ်မတော် (BNA)၊ မျိုးချစ်ဗမာ့တပ်မတော် (PBF)၊ ဗမာ့တပ်မတော် (Burma Army)နှင့် လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက် ပြောင်းလဲဝတ်ဆင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝတ်စုံများကို ဂုဏ်ပြု ဝတ်ဆင်ပြီး အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရှေးနောင်တော် များအားလုံးကိုအလေးအနက် ဂုဏ်ပြုပါကြောင်း။

ယခုနှစ် စစ်ရေးပြအခမ်းအနားတွင် ခေတ်လွန်အမြောက်နှင့် သံချပ်ကာ ယာဉ်ယန္တရား များ ပါဝင်ပြသမှုသည် လွတ်လပ်ရေးရပြီးစ ရောင်စုံသောင်းကျန်းသူ နှိမ်နင်းမှုစစ်ဆင်ရေးတွေမှာ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့မှုများကို တန်ဖိုးထား ပြန်ပြောင်း သတိရစေပြီး ဂုဏ်ပြုသည့်အနေနဲ့ ပါဝင်ဆောင်ရွက်စေခြင်းပင်ဖြစ်ကြောင်း၊ ချို့တဲ့စွာဖြင့် စခဲ့ရသည့် အမြောက်၊ ယန္တရားများသည် ခေါင်းဆောင်အသီးသီး၏ကြိုးပမ်း ဆောင်ရွက် မှုကြောင့် ယခုအချိန်တွင် ခေတ်မီသည့် အမြောက်၊ ယန္တရားများ တပ်ဆင် အသုံးပြု လာနိုင်တာ တွေ့ရမည်ဖြစ်ကြောင်း။

တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေး တာဝန်များ ကျေပွန်စွာထမ်းဆောင် နိုင်ရန်အတွက် သမားရိုးကျစစ်ပွဲဆင်နွှဲနိုင်သည့် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသည့် ခေတ်မီ တပ်မတော် (Standard Army) တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်း တည်ဆောက် လျက်ရှိကြောင်း၊ Standard Army ဖွဲ့စည်း တည်ဆောက်ရာတွင် တပ်မတော်(ကြည်း)ကို လူ၊ လက်နက်ဖွဲ့စည်းမှု အဆင့်မြှင့်တင်ခြင်းသာမက တပ်မတော် (ရေ)အတွက် လိုအပ်သည့် စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ခြင်း၊ ဝယ်ယူ ဖြည့်တင်းခြင်းများအပြင် တပ်မတော် (လေ)အတွက် လိုအပ်သည့် လေယာဉ်များကို အဆင့်မြှင့် တင်ခြင်း၊ထုတ်လုပ်ခြင်း နှင့်ခေတ်မီ လေယာဉ်များရရှိရေးကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း။ တပ်မတော်သား စွမ်းအားအရင်း အမြစ်များသည် တပ်မတော်ကို အကျိုးပြုနိုင်ရုံမျှမက နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်း များကိုပါ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သား လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ရာတွင် ဆေးပညာရှင်၊ အင်ဂျင်နီယာ၊ နည်းပညာ ကျွမ်းကျင်သူ နှင့် ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင်သူသိပ္ပံပါရဂူနှင့် ပါရဂူဘွဲ့ရ ၁,၂၀၀ ကျော်၊ မဟာဘွဲ့ရ ၁၄,၀၀၀ ကျော်တို့ကို ပြည်တွင်း၊ ပြည်ပတွင် လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံနှင့် တပ်မတော် အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍအသီးသီးမှာ တာဝန် ထမ်းဆောင်နေ ကြကြောင်း။

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၅) နှစ်မြောက် စိန်ရတု တပ်မတော်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ပြုဆု၊ အမှုထမ်း ကောင်းဆိုင်ရာဂုဏ်ပြုဆု၊ အနုပညာဆိုင်ရာဂုဏ်ပြုဆု၊ စာပေဆိုင်ရာ ဂုဏ်ပြုဆု၊ စီးပွားရေး ဆိုင်ရာဂုဏ်ပြုဆု၊ နည်းပညာဆိုင်ရာဂုဏ်ပြုဆု၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင် ရာဂုဏ်ပြုဆု နှင့် အားကစားဆိုင်ရာဂုဏ်ပြုဆု စသည့် ဂုဏ်ပြုဆု အသီးသီးကို ပေးအပ်နိုင်ခဲ့ကြောင်း၊ ထို့အပြင် တပ်မတော်အနေဖြင့် တပ်မတော် ဂုဏ်ဆောင်နှင့် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများစွာကိုလည်း နှစ်စဉ် လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ၊ အာရှ အားကစားပြိုင်ပွဲ၊ ကမ္ဘာ့အိုလံပစ်အားကစားပွဲများ၏ ရေကူး၊ ဘောလုံး၊ သေနတ်ပစ်၊ လက်ဝှေ့၊ ပြေးခုန်ပစ်သည့် အားကစားနည်းများတွင် အမာခံ အားကစား သမားအဖြစ် ပါဝင်ခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်တပ်မတော်သား၊ အားကစားသမားများကိုလည်း ချီးကျူး ဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားလိုကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက် လျက်ရှိရာတွင် လူသားချင်း စာနာထောက်ကူမှုနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး (HADR) လုပ်ငန်းစဉ်များတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော် ဆေး တပ်ဖွဲ့မှ ပါရဂူ၊ ဆေးမှူးများနှင့် တပ်ဖွဲ့ဝင်များက ၈ နှစ်ကျော်ကာလအတွင်း ပြည်သူ ၂.၅ သန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်(ရေ) အနေဖြင့်လည်း ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ ပင်လယ်ပြင်အတွင်းမှ ဒုက္ခသည် ၄,၀၀၀ ကျော်ကို ကူညီ ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် COVID-19 ကာလအတွင်း မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ပို့ဘလဲယားတို့တွင် ကာလကြာရှည်စွာ ဒုက္ခခံနေရသည့် မြန်မာနိုင်ငံသား ၁,၁၅၀ ကျော်ကိုလည်း ယခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စစ်ရေယာဉ်များစေလွှတ်ပြီး နိုင်ငံအတွင်းသို့ ပြန်လည် ခေါ်ဆောင် ပေးနိုင် ခဲ့ကြောင်း၊ ကျန်ရှိနေသေးသည့် နိုင်ငံသားများကို ခေါ်ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ယခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတွေ မဖွင့်နိုင်သည့်အတွက် ဆေးကုသမှုခံယူဖို့ အခက် အခဲ ဖြစ်နေသည့် ပြည်သူလူထုကို တပ်မတော်ဆေးရုံ များတွင် ကျန်းမာရေးစောင့်ရှောက် ပေးမှုများ လုပ်ဆောင်ပေးခဲ့ရာတွင် ပြည်သူလူထု ပြင်ပလူနာ ၉၀,၀၀၀ ကျော်၊ အတွင်း လူနာ ၃၀,၀၀၀ ခန့်တို့ကို ပြုစုကုသပေးနိုင်ခဲ့ပြီး မွေးလူနာ ၆,၀၀၀ နီးပါး တို့ကို ကောင်းမွန်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း။

တပ်မတော်(လေ)အနေဖြင့်လည်း HADR လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဒုက္ခရောက်နေသူ ပြည်သူများအတွက် ရိက္ခာ ဆေးဝါးပို့ဆောင်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း ပိတ်မိနေသည့် ပြည်သူလူထုများ၊ ဝန်ထမ်းများ၊ သက်ကြီး ရွယ်အိုနှင့် ကျန်းမာရေးမကောင်းသူများကိုလည်း တပ်မတော်ရဟတ်ယာဉ်များ ဖြင့် ရွှေ့ပြောင်း ပို့ဆောင်မှုများ လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း။

မိမိတို့တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာမည့် သဘာဝဘေးအန္တရာယ်များ အပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်တိုအတွင်း တုံ့ပြန် ဆောင်ရွက်နိုင်စွမ်းရှိအောင် အမြဲလေ့ကျင့်နေရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပွား သည်နှင့် အမိန့်တစ်စုံတစ်ရာ စောင့်ဆိုင်းခြင်းမပြုဘဲ အမြန်ဆုံး အကူအညီ လိုအပ်နေသည့် နေရာများကို သွားရောက်ကူညီ ဆောင်ရွက်ပေးကြဖို့ အလေးထား မှာကြားလိုကြောင်း။

တပ်မတော်အနေဖြင့် ထိုကဲ့သို့ ပြည်သူလူထု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒီမိုက ရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံ လိုအပ် ချက်ဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအဆက်ဆက်ကာလများတွင် ငြိမ်းချမ်း ရေးအတွက် ကမ်းလှမ်းမှု မျိုးစုံပြုလုပ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ပါတီစုံဒီမိုကရေစီ ကာလတွင် လည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ရာတွင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ ၁၀ ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်သည်အထိ ရောက်ရှိခဲ့ကြောင်း၊ တပ်မတော်၏ငြိမ်းချမ်းရေး ရပ်တည်ချက် သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်း ပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက် မူဝါဒ (၆)ရပ်ကိုချမှတ်၍ ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းမူဝါဒများသည်လည်း နိုင်ငံ့အကျိုးစီးပွား၊ တိုင်းရင်း သား ပြည်သူများ၏ အကျိုးစီးပွားကိုသာရှေးရှုပြီး ရေရှည် မျှော်တွေး ချမှတ်ခဲ့ခြင်းပင် ဖြစ်ကြောင်း။

ထို့ကြောင့် ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက် တပ်မတော်အနေဖြင့် တစ်ဖက် သတ် အပစ်အခတ်ရပ်စဲရေးကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေးကော်မတီဆိုသည့် ကော်မတီ ၃ ခုနှင့် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက် ကြောင်း၊ ထိုကဲ့သို့ ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်နေသည့်ကာလတွင် လက်နက် ကိုင်အဖွဲ့အစည်းအချို့သည် တစ်ဖက်သတ် တောင်းဆိုနေမှုများ၊ တရားမဝင် ကုန်ပစ္စည်း ကူးသန်းရောင်းဝယ်မှုများ၊ မူးယစ်ဆေးဝါး လုပ်ငန်းများကို လုပ်ဆောင်နေမှုများရှိနေ သည်ကိုတွေ့နေရကြောင်း၊ မိမိတို့နိုင်ငံသည် လွတ်လပ်ရေး မဆုံးရှုံးခင်ကာလအထိ ဘုရင့် နိုင်ငံအဖြစ် ရပ်တည်ခဲ့သော်လည်း လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီစနစ် အပါအဝင် ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်တည်ဆောက် ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်ကစပြီး ပြည်သူအများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမို ကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး အဖြစ် မားမား မတ်မတ် တည်တံ့ခိုင်မြဲနေရေး ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် နယ်မြေအေးချမ်းတည်ငြိမ်မှုနှင့် လူမှုဘဝလုံခြုံမှုအပေါ် ထိခိုက်စေလျက်ရှိသည့် အကြမ်းဖက် လုပ်ရပ်များပြုလုပ်ပြီး မိမိတို့ လိုလားချက်များကို ရှေ့တန်းတင် တောင်းဆိုနေမှုများသည် မည်သို့မျှမဖြစ်သင့်ကြောင်းကို ပြောလိုကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးတွင် အဓိက အနှောင့်အယှက်ဖြစ်နေ သည့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရန်အတွက် ကိုင်ထားသည့် လက်နက်များကို ဘေးချထားပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် အတူတကွဆွေးနွေး ညှိနှိုင်းရန် အဓိက လိုအပ်ကြောင်း၊ ထို့အပြင် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်မှတ်ရေးထိုးရန်လိုအပ်သကဲ့သို့ လက်မှတ် ရေးထိုးပြီးဖြစ်သည့် အဖွဲ့တွေအနေဖြင့်လည်း ဥပဒေဘောင်အတွင်းမှ သဘောတူညီချက် များနှင့်အညီ နေထိုင်ပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်နှင့်အတူ လက်တွဲကြိုး ပမ်းသွားကြရန် တိုက်တွန်းလိုကြောင်း။

တပ်မတော်အနေဖြင့် NCA လမ်းကြောင်းမှတဆင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက် နေစဉ်မှာ အချို့ဒေသများတွင်ရှိသည့် တိုက်ပွဲရှောင်ပြည်သူတွေ နေရပ်ပြန် နိုင်ရေးကိုလည်း ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ IDP Camp များမှ ဒေသခံ တိုင်းရင်း သား ပြည်သူများ ၎င်းတို့ရဲ့နေရပ်တွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေအသီးသီးတွင် မိုင်းရှင်းလင်းရေး လုပ်ငန်းများအပါအဝင် အခြေခံစားဝတ်နေရေး လုပ်ငန်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဌာနတွေများနှင့် ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း။

တပ်မတော်သည် နိုင်ငံတော်က ပြဌာန်းထားသည့် ဥပဒေများကို လေးစာ လိုက်နာ ဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ဥပဒေကို လေးစားလိုက်နာပြီး စိတ်ဓာတ် စည်းကမ်း ကောင်းမွန်စွာဖြင့် နေထိုင်ကျင့်ကြံသွားကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းအရာတွင် စံနမူနာပြဖြစ်သည့် အဖွဲ့အစည်းအဖြစ် တပ်မတော်၏ အစဉ်အလာ ကောင်းများကို ထိန်းသိမ်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သား တိုင်းသည် နိုင်ငံတော်ကို ကာကွယ်ရန်ဆိုသည့် အခြေခံစိတ်ဓာတ်ကောင်းမွန်မှုနှင့် မိမိတို့ သဘောဆန္ဒအလျောက် ‌ရွေးချယ်ပြီး တပ်မတော်အတွင်းသို့ ဝင်ရောက်လာသူများ ဖြစ်ကြောင်း၊ ထို့ကြောင့် အသက် ခန္ဓာပေး တာဝန်ထမ်းဆောင်နေမှုအပေါ် ဂုဏ်ယူပြီး နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် စစ်သည်တော်ကောင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကစ၍ ဖြစ်ပေါ်ခဲ့သည့်အခြေအနေ အရပ်ရပ်ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်တာဝန်ယူခဲ့ရကြောင်း၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် မဲပေးပိုင်ခွင့် ရှိသူ ၃၉.၂ သန်းရှိခဲ့ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲပြုလုပ်ရန် အကြိမ်ကြိမ် တိုက်တွန်းသော်လည်း မဲပေးပိုင်ခွင့်ရှိသူများကို တပ်မတော်က စိစစ်ခဲ့ရာ တွင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၁၀.၄ သန်းကျော်ရှိခဲ့သည်ကို အငြင်းပွားဖွယ် တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် တပ်မတော် အနေဖြင့် ဖြစ်ပေါ်နေသည့် အငြင်းပွားဖွယ် ကိစ္စရပ်များကို NLD ဦးဆောင်သည့် အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ထံ ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တောင်းဆိုချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ခြင်း မရှိရုံမျှမက လျစ်လျူရှုပြီး လွှတ်တော်အသီးသီးခေါ်ယူခြင်းနှင့် အစိုးရသစ် တစ်ရပ်ဖွဲ့စည်း နိုင်ရေးကိုသာ ကြိုးပမ်းခဲ့ ကြောင်း၊ ထိုသို့ပြုလုပ်ခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၀ (ဂ)နှင့် ပုဒ်မ ၄၁၇ ပါ “နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက် ခြင်း”ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် NLD အစိုးရ၏ ၂၀၂၀ ရွေးကောက်ပွဲ တွင် မရိုးမသားဆောင်ရွက်ခဲ့သည့် ဥပဒေမဲ့လုပ်ဆောင်မှုကြောင့် တပ်မတော်က နိုင်ငံတော် တာဝန်ကို မလွှဲမရှောင်သာ ဥပဒေနှင့်အညီ ထမ်းဆောင်ခြင်းပင်ကြောင်း၊ အရေးပေါ်ကာလ တာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်ပြီး တာဝန်လွှဲပြောင်းမှုများ ဆက်လုပ်သွားမည်ဖြစ် ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်း၊ မိမိတို့တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်းဖြစ် သည်နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး လုံခြုံ အေးချမ်းစွာနှင့် အေးအတူ ပူအမျှ လက်တွဲပြီး မိမိတို့နိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားစွာ နေထိုင်လုပ်ကိုင်နိုင်အောင် ခိုင်မာစွာ ဆက်လက်လုပ်ဆောင်သွားမည်၊ နိုင်ငံသူ၊ နိုင်ငံသား များ၏ လူမှုစီးပွားဘဝတိုးတက်ရေး ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

ဥပဒေပြုလုပ်ငန်းကို လုပ်ဆောင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေကို စံပြလိုက်နာရန်လိုကြောင်း၊ ၎င်းတို့ ကိုယ်တိုင်က ဥပဒေကို လေးစားလိုက်နာမှု မရှိ၊ ချိုးဖောက်မှု ပြုနေကြပါက မိမိတို့မျှော်မှန်းထားသည့် ဒီမိုကရေစီသည် စည်းကမ်း မရှိသည့် ဒီမိုကရေစီသာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ယခုလည်း ပါတီခေါင်းဆောင် အချို့ သည် အဂတိလိုက်စားမှုများ စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို ခေတ္တထိန်းသိမ်း စောင့်ရှောက်ထားသည့်ကာလအတွင်း ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ၉ ရပ်ပါအတိုင်း ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် နိုင်ငံခြားရေး၊ အုပ်ချုပ်ရေးနှင့် ငြိမ်းချမ်းရေး စသည်တို့နှင့် ပတ်သက် သည့် မူဝါဒများသည်လည်း တည်ဆဲမူဝါဒများနှင့် ဥပဒေများကို ပြောင်းလဲသွားမည် မဟုတ်ဘဲ ဆက်လက်ဆောင် ရွက်သွားမှာ ဖြစ်ကြောင်းဖြင့် ပြောကြားလိုကြောင်း။

နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် အမြဲထိတွေ့ဆက်ဆံပူးပေါင်းဆောင်ရွက်နေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သည် အိမ်နီးချင်း တပ်မတော်၊ ဒေသတွင်း တပ်မတော်များအပြင် နိုင်ငံတကာ တပ်မတော်များနှင့်လည်း မိတ်ဝတ်မပြတ် ဆက်ဆံရေးမူဝါဒများ ချမှတ် ကျင့်သုံး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆက်ဆံဆောင်ရွက်သည့်နေရာတွင် အာဆီယံ တပ်မတော်များအပါအဝင် မိတ်ဆွေနိုင်ငံများမှ တပ်မတော်များနှင့် ဒေသတွင်း တည်ငြိမ်အေး ချမ်းရေးကိုရှေးရှုပြီး ပူးပေါင်းဆောင်ရွက်မှုများ၊ လေ့ကျင့်မှုများ၊ လုပ်ဆောင်ကာ အပြန်အလှန် လေ့လာသင်ယူမှုများနှင့် နားလည်ယုံကြည်မှုများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း။

ယနေ့စစ်ရေးပြအခမ်းအနားသို့ ဂုဏ်ပြုတက်ရောက်ပေးသည့် ရုရှား တပ်မတော်မှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ အနေဝေးသော်လည်း ရင်းနှီးခင်မင်စွာဖြင့် မိတ်ဆွေရင်းပီသစွာ မိမိတို့တပ်မတော် အပေါ် အစဉ်အမြဲ ထောက်ခံ ကူညီဆောင်ရွက်ပေးလျက်ရှိသော ရုရှားနိုင်ငံအစိုးရနှင့် တပ်မတော် က တာဝန်ရှိသူများ အားလုံးကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း၊ တပ်မတော် သည် မှန်ကန်မွန်မြတ်သည့် ရည်ရွယ်ချက်နှင့် ဖွဲ့စည်းတည်ဆောက်ခဲ့ပြီး ဂုဏ်ယူဖွယ်ရာ ကောင်းသည့် သမိုင်းကြောင်းများ ကိုလည်း ပိုင်ဆိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အမိနိုင်ငံတော်နှင့် လူမျိုး အပေါ်တွင် မည်သည့် သစ္စာဖောက်မှုမျိုးကိုမဆို မကျူးလွန်ဘဲ သစ္စာစောင့်သိခဲ့ သည့် တပ်မတော်ဖြစ်သည်နှင့်အညီ နိုင်ငံနှင့် လူမျိုးအပေါ်တွင် အကျိုးအမြတ်ရယူရန် မကြိုးပမ်းဘဲ ပေးဆပ်ရေးကိုသာ အစဉ်တစိုက် ဦးတည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိလူမျိုးကို ကိုယ်ပိုင်နိုင်ငံ၊ ကိုယ်ပိုင်နိုင်ငံတော်အလံနှင့် ကိုယ်ပိုင်နိုင်ငံတော်သီချင်း သီဆို နိုင်သည့်လူမျိုးအဖြစ် ကာကွယ်ပို့ဆောင်ပေးခဲ့ပြီးလည်း ဖြစ်ကြောင်း၊ တပ်မတော်သည် အတိတ်ကာလက နိုင်ငံနှင့်လူမျိုးအပေါ် တာဝန် ကျေပွန်မှု၊ သစ္စာစောင့်သိမှု၊ ပေးဆပ်မှု အမျိုးမျိုးကို မညည်းမညူ လုပ်ဆောင်ခဲ့ပြီးဖြစ်သကဲ့သို့ ယခုပစ္စုပ္ပန်ကာလတွင်လည်း နိုင်ငံနှင့် လူမျိုးအတွက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးကို တည့်မတ် ထိန်း သိမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်မှု မှန်သမျှ သည် တပ်မတော်အတွက်မဟုတ်ဘဲ အမိနိုင်ငံနှင့် တိုင်းရင်းသား ပြည်သူလူထု ကောင်းကျိုးဖြစ်ထွန်းပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် နိုင်ငံနှင့်လူမျိုးအဖြစ် ကမ္ဘာ့ အလယ်တွင် ဆက်လက် ရပ်တည်သွားနိုင်ရေး ကိုယ်ကျိုးမငဲ့ မွန်မြတ်သည့် စိတ်ရင်း စေတနာနှင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း။

(၇၆) နှစ်မြောက် တပ်မတော်နေ့ ဦးတည်များဖြစ်သည့် အမျိုးသားရေး မူဝါဒ ဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများနှင့်အညီ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်မှု မရှိစေရန် ပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ တပ်မတော်က ကာကွယ်ထိန်းသိမ်းပေးရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်မှု အပါအဝင် ပြည်သူများ အပေါ် ကျရောက်လာသည့် အန္တရာယ် မှန်သမျှကို မည်သည့်အခြေအနေ၊ မည်သည့်အချိန် အခါတွင်မဆို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြည်သူလူထု၏ လူနေမှုဘဝလုံခြုံရေးကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရေး၊ ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းကို လျှောက်လှမ်းရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် ပကတိလိုအပ်ချက် ဖြစ်သည့်အတွက် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို မသွေဖည်ဘဲ NCA အပေါ်အခြေခံ၍ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာ အာဏာကို ထိရောက်စွာကာကွယ် နိုင်ရန် တိုက်ပွဲစွမ်းရည်နဲ့ တိုက်ပွဲစွမ်း အားရှိသော ကျစ်လျစ်ခိုင်မာတောင့်တင်းသည့် ခေတ်မီ တပ်မတော်တည် ဆောက်ရေးဟူသည့် ဦးတည်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြား သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် စိုးမင်းဦး ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင် ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့် ညီညာစွာ ချီတက် အလေးပြု ကြပြီး စစ်ရေးပြကွင်းကြီး အတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ MI-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စီးနှင့် Mi-2Mတိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးတို့က “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံ”ကို ချိတ်ဆွဲ၍လည်းကောင်း၊ MI-35 P တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃ စီးက တပ်မတော်(ကြည်း) အလံ၊ တပ်မတော်(ရေ) အလံနှင့် တပ်မတော် (လေ) အလံတို့ကို ချိတ်ဆွဲကာ Vic Formation ပုံစံဖြင့်လည်းကောင်း၊ Bell-212 ရဟတ်ယာဉ် ၁ စီးနှင့် Bell-206 ရဟတ်ယာဉ် ၂ စီးတို့က အမျိုးအစားမတူ အုပ်ဖွဲ့ ပျံသန်းခြင်းပုံစံဖြင့်လည်းကောင်း၊ H-125 ရဟတ်ယာဉ် ၁ စီးနှင့် H-120 ရဟတ်ယာဉ် ၂ စီးတို့က အမျိုးအစားမတူ အုပ်ဖွဲ့ပျံသန်းခြင်းပုံစံဖြင့်လည်းကောင်း အသီးသီးချီတက် အလေးပြုကြပြီး H-120 ရဟတ်ယာဉ် ၂ စီးတွင် ချင်းတိုင်းရင်းသူ ဗိုလ် ဒေါ်မေဇင်သျှံနှင့် မွန်တိုင်းရင်းသူ ဗိုလ်ဒေါ်ဖြူသွယ်ကျော် တို့က တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပထမဦးဆုံးလေသူရဲများအဖြစ် ပါဝင် ပျံသန်း သရုပ်ပြခဲ့ ကြခြင်းဖြစ်သည်။

ထို့နောက် Mi-2 တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးက Vic Formation ပုံစံဖြင့် လည်းကောင်း၊ Eurocopter ရဟတ်ယာဉ် ၁ စီးနှင့် PC-7 အပေါ့စားကင်းထောက် တိုက် လေယာဉ် ၂ စီးတို့က အမျိုးအစားမတူ အုပ်ဖွဲ့ပျံသန်းခြင်းပုံစံဖြင့်လည်းကောင်း၊ Grob အမောင်းသင်လေယာဉ် ၅ စီးက Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ Beech သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီး နှင့် K-8 အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၂ စီးတို့က အုပ်ဖွဲ့ပျံသန်းခြင်းပုံစံဖြင့်လည်းကောင်း၊ JF-17 ဘက်စုံသုံးအပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၃ စီးက Vic Formation ပုံစံဖြင့် လည်းကောင်း၊ A-5 မြေပြင်တိုက်ခိုက်ရေးလေယာဉ် ၃ စီးနှင့် F-7 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ၂ စီး တို့က အမျိုးအစားမတူ မြှားခေါင်းပုံစံ ပျံသန်းပြီး နိုင်ငံတော်အလံကိုယ်စားပြု အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် မီးခိုးများကို ထုတ်လွှတ်၍လည်းကောင်း၊ Yak-130 အပေါ့စားတိုက်ခိုက်ရေး လေယာဉ် ၅ စီးက Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ K-8 အပေါ့စားတိုက်ခိုက်ရေး လေယာဉ် ၃ စီးနှင့် Yak-130 အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၂ စီးတို့က အမျိုးအစားမတူ Right Echelon ပုံစံအုပ်ဖွဲ့ပျံသန်းပြီး နိုင်ငံတော်အလံ ကိုယ်စားပြု အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် မီးခိုးများကို ထုတ်လွှတ်၍လည်းကောင်း၊ Mig-29 ဘက်စုံသုံးတိုက်လေယာဉ် ၅ စီးက Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ Fan Break ပုံစံဖြင့်လည်းကောင်း အသီးသီး သရုပ်ပြပျံသန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် တက်ရောက်လာကြသည့် ဧည့်သည် တော်ကြီးများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကာ စစ်ရေးပြကွင်းကြီးမှ ပြန်လည် ထွက်ခွာခဲ့ပြီး ၂၁၂၁ ခုနှစ်(၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား ကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

(၇၆)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြကျင်းပသော နေပြည်တော်စစ်ရေးပြ ကွင်းကြီးတွင် ခံ့ညားစွာစိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော် တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကို လည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၇၆) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် တံဆိပ် ကြီးကိုလည်းကောင်း ဝင့်ထည်စွာ တွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေးတပ်မတော် အလံ၊ ဗမာ့ကာကွယ်ရေး တပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ညွှန်ကြားရေးမှူးရုံးအလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မ ဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံအလံများ တလွင့်လွင့် လွှင့်ထူထားကြသည် ကိုလည်း တွေ့မြင်နိုင်သည်။

ထို့အပြင် (၇၆) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မန္တလေး ကားလမ်းမနှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော်(ကြည်း၊ရေ၊လေ)စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကြူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိပြီး စစ်ရေးပြ ကွင်းရှေ့ရှိ လမ်းတစ်လျှောက်တွင်လည်း တပ်မတော်၏ ဆောင်ပုဒ်များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆိုင်းဘုတ်များစိုက်ထူကာ စာတန်းများကိုလည်း ချိတ်ဆွဲထား ရှိခဲ့သည်။

 

(Zawgyi Version)

(၇၆)ႏွစ္ေျမာက္ တပ္မေတာ္ေန႔စစ္ေရးျပအခမ္းအနား က်င္းပျပဳလုပ္၊ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ တက္ေရာက္မိန႔္ခြန္းေျပာၾကား

ေနျပည္ေတာ္ မတ္ ၂၇

၂၀၂၁ ခုႏွစ္၊ မတ္လ ၂၇ ရက္ေန႔၊ ယေန႔တြင္ က်ေရာက္သည့္ (၇၆)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ စစ္ေရးျပ ကြင္း၌ က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ တက္ေရာက္ မိန႔္ခြန္း ေျပာၾကားသည္။

ဦးစြာ စစ္ေရးျပအခမ္းအနားတြင္ ပါဝင္ခ်ီတက္ၾကမည့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မွ အရာရွိ၊ စစ္သည္မ်ား၊ တပ္မေတာ္(ၾကည္း) အမ်ိဳးသမီးစစ္ေရးျပတပ္ခြဲ၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ အမ်ိဳးသမီးစစ္ေရးျပတပ္ခြဲတို႔သည္ စစ္ေရးျပ စစ္ေၾကာင္းႀကီးမ်ားအလိုက္ စစ္ေရးျပကြင္းမုဒ္ဦးေရွ႕တြင္ စတင္စု႐ုံးေရာက္ရွိေနရာယူ ၾကၿပီး စစ္ေရးျပအစီအစဥ္အတိုင္းေဆာင္႐ြက္ၾကသည္။

ထို႔ေနာက္ ဘက္ပိုက္တပ္စုႏွင့္ ဗဟိုစစ္တီးဝိုင္းအဖြဲ႕သည္ စစ္ေရးျပကြင္း အတြင္းရွိ သတ္မွတ္ေနရာ၌ ေနရာယူၾကၿပီး ယႏၲရားစစ္ေၾကာင္းမွ စစ္ေၾကာင္းမႉး ဗိုလ္မႉးခ်ဳပ္ သိန္းေထြး ဦးေဆာင္၍ ေခတ္လြန္အေျမာက္ယႏၲရားတပ္ခြဲ၊ ေခတ္လြန္သံခ်ပ္ကာ ယႏၲရား တပ္ခြဲ၊ အေျမာက္တပ္ဖြဲ႕ၫႊန္ၾကားေရးမႉး႐ုံးယႏၲရားတပ္ခြဲ၊ ဒုံးတပ္ဖြဲ႕ၫႊန္ၾကားေရးမႉး႐ုံး ယႏၲရားတပ္ခြဲ၊ သံခ်ပ္ကာယႏၲရားတပ္ဖြဲ႕ၫႊန္ၾကားေရးမႉး႐ုံးယႏၲရားတပ္ခြဲ၊ ေလေၾကာင္းရန္ ကာကြယ္ေရးတပ္ဖြဲ႕ အရာရွိခ်ဳပ္႐ုံးယႏၲရားတပ္ခြဲ၊ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမႉး႐ုံး ယႏၲရားတပ္ခြဲ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ေရ) ယႏၲရားတပ္ခြဲတို႔က ခ်ီတက္ေနရာယူၾကသည္။

ဆက္လက္ၿပီး စစ္ေရးျပမႉးႀကီး ဗိုလ္ခ်ဳပ္ စိုးမင္းဦး ဦးေဆာင္၍ အလံေတာ္ အဖြဲ႕၊ ၎ေနာက္မွ စစ္ေၾကာင္းမႉး ဗိုလ္မႉးခ်ဳပ္ မိုးေဇာ္ထြန္း ဦးေဆာင္သည့္ ဗမာ့လြတ္လပ္ေရး တပ္မေတာ္ (BIA)၊ ဗမာ့ကာကြယ္ေရးတပ္မေတာ္ (BDA)တပ္ခြဲ၊ ဗမာ့အမ်ိဳးသားတပ္မေတာ္ (BNA)တပ္ခြဲ၊ ဗမာ့မ်ိဳးခ်စ္တပ္မေတာ္(PBF)တပ္ခြဲ၊ ဗမာ့တပ္မေတာ္ (BA)တပ္ခြဲ၊ မီးတုတ္ကိုင္ တပ္ခြဲ၊ ဘယ္ရီတပ္ခြဲ တို႔ ပါဝင္သည့္ အေနာ္ရထာစစ္ေၾကာင္း ။

စစ္ေၾကာင္းမႉး ဗိုလ္မႉးခ်ဳပ္ ေအာင္ေအာင္ ဦးေဆာင္သည့္ ဂုဏ္ျပဳတပ္ခြဲ၊ ေဂၚရခါး ေတာေဆာင္းတပ္ခြဲ၊ ပြိဳင့္ ၃၀၃ ႐ိုင္ဖယ္တပ္ခြဲ၊ ဘီေအ-၅၂ စတင္းတပ္ခြဲ၊ ဘီေအ-၆၃ တပ္ခြဲ၊ အမ်ိဳးသမီး (ၾကည္း၊ေရ၊ေလ) (၁၉၅၇-၁၉၇၂)တပ္ခြဲ၊ တပ္မေတာ္(ေရ)(၁၉၅၇-၁၉၇၂)တပ္ခြဲ၊ တပ္မေတာ္(ေလ)(၁၉၅၇-၁၉၇၂)တပ္ခြဲတို႔ပါဝင္သည့္ က်န္စစ္သား စစ္ေၾကာင္း။

စစ္ေၾကာင္းမႉး ဗိုလ္မႉးခ်ဳပ္ ထြန္းႏိုင္ဦး ဦးေဆာင္သည့္ ဂုဏ္ျပဳတပ္ခြဲ၊ တပ္မေတာ္ (ၾကည္း)(၁၉၇၃-၁၉၈၈)တပ္ခြဲ၊ တပ္မေတာ္(ေရ) (၁၉၇၃-၁၉၈၈)တပ္ခြဲ၊ တပ္မေတာ္(ေလ) (၁၉၇၃-၁၉၈၈)တပ္ခြဲ၊ တပ္မေတာ္(ၾကည္း) (၁၉၈၉-၁၉၉၉) တပ္ခြဲ၊ တပ္မေတာ္(ေရ)(၁၉၈၉-၁၉၉၉) တပ္ခြဲ၊ တပ္မေတာ္(ေလ) (၁၉၈၉-၁၉၉၉) တပ္ခြဲ၊ တပ္မေတာ္(ၾကည္း)(၂၀၀၀-၂၀၁၄) တပ္ခြဲတို႔က ပါဝင္သည့္ ဘုရင့္ေနာင္စစ္ေၾကာင္း။

စစ္ေၾကာင္းမႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္ေက်ာ္ထူး ဦးေဆာင္ သည့္ ဂုဏ္ျပဳတပ္ခြဲ၊ တပ္မေတာ္ (ေရ) (၂၀၀၀-၂၀၁၄)တပ္ခြဲ၊ တပ္မေတာ္ (ေလ) (၂၀၀၀-၂၀၁၄)တပ္ခြဲ၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ (၂၀၀၀-၂၀၁၄)တပ္ခြဲ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေရ)တပ္ခြဲ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေရ) တပ္ခြဲ(၁)၊ ကာကြယ္ေရးပစၥည္း ထုတ္လုပ္ေရး အရာရွိခ်ဳပ္႐ုံး ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ စစ္အင္ဂ်င္နီယာ ၫႊန္ၾကားေရးမႉး႐ုံး ကိုယ္စားျပဳ တပ္ခြဲ တို႔ ပါဝင္သည့္ ေအာင္ေဇယ်စစ္ေၾကာင္း။

စစ္ေၾကာင္းမႉး ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္စိုး ဦးေဆာင္သည့္ ဂုဏ္ျပဳတပ္ခြဲ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ေလ) ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေလ) ကိုယ္စားျပဳစစ္ေရးျပ တပ္ခြဲ(၁)၊ ဆက္သြယ္ေရးၫႊန္ၾကားေရးမႉး႐ုံးကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲ၊ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲ၊ အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳစစ္ေရးျပ တပ္ခြဲ၊ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ စစ္လက္နက္ပစၥည္း ၫႊန္ၾကားေရးမႉး႐ုံးကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲ တို႔ ပါဝင္သည့္ ဆင္ျဖဴရွင္စစ္ေၾကာင္း။

စစ္ေၾကာင္းမႉး ဗိုလ္မႉးခ်ဳပ္ စိုးတင့္ ဦးေဆာင္သည့္ ဂုဏ္ျပဳတပ္ခြဲ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း) အမ်ိဳးသမီး(အရာရွိ)တပ္ခြဲ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) အမ်ိဳးသမီး(အျခားအဆင့္)တပ္ခြဲ၊ ေလေၾကာင္းခ်ီ တပ္ခြဲ၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲ၊ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ၊ ကမ္း႐ိုးတမ္းေဒသတိုင္းစစ္ဌာနခ်ဳပ္ကိုယ္စားျပဳ စစ္ေရးျပတပ္ခြဲ၊ အေရွ႕အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ကိုယ္စားျပဳစစ္ေရးျပတပ္ခြဲ တို႔ ပါဝင္သည့္ ဗႏၶဳလ စစ္ေၾကာင္း။

စစ္ေၾကာင္းမႉး ရဲမႉးခ်ဳပ္ ဟန္ထြန္း ဦးေဆာင္သည့္ ဂုဏ္ျပဳတပ္ခြဲ၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕(အမ်ိဳးသမီး)ဂုဏ္ျပဳတပ္ခြဲ၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕(အမ်ိဳးသမီး)တပ္ခြဲ(၁)၊ ျမန္မာ ႏိုင္ငံရဲ တပ္ဖြဲ႕(အမ်ိဳးသမီး)တပ္ခြဲ(၂)၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕(အမ်ိဳးသား)တပ္ခြဲ(၁)၊ ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕(အမ်ိဳးသား)တပ္ခြဲ(၂)၊ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕(အမ်ိဳးသား)တပ္ခြဲ(၃)၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ (အမ်ိဳးသား)တပ္ခြဲ(၄)တို႔ ပါဝင္သည့္ ေအာင္ဆန္းစစ္ေၾကာင္းတို႔က စစ္တီးဝိုင္း အဖြဲ႕မ်ားႏွင့္အတူ စစ္ေရးျပကြင္းအတြင္းသို႔ အစီအစဥ္အတိုင္း ခ်ီတက္ၾကသည္။

အဆိုပါ (၇၆)ႏွစ္ေျမာက္ တပ္မေတာ္ေန႔စစ္ေရးျပအခမ္းအနားသို႔ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံ ဒုတိယကာကြယ္ေရးဝန္ႀကီး Colonel General Alexander Vasilyevich Fomin ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား၊ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ေကာင္စီဒုတိယဥကၠ႒ ဒုတိယ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၏ဇနီး ေဒၚသန္းသန္းႏြယ္၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ားႏွင့္ဇနီးမ်ား၊ ျပည္ေထာင္စု တရားသူႀကီးခ်ဳပ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံးဥကၠ႒၊ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္၊ ျပည္ေထာင္စုစာရင္း စစ္ခ်ဳပ္၊ ျပည္ေထာင္စု ရာထူးဝန္အဖြဲ႕ဥကၠ႒၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ဗဟိုဘဏ္ဥကၠ႒ ႏွင့္ဇနီးမ်ား၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ လြတ္လပ္ေရး ေမာ္ကြန္းဝင္ ပထမအဆင့္၊ ဒုတိယအဆင့္ႏွင့္ တတိယအဆင့္ ေမာ္ကြန္းဝင္ ပုဂၢိဳလ္မ်ား၊ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) အၿငိမ္းစားအရာရွိႀကီးမ်ား၊ အၿငိမ္းစားတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား၏ မိသားစု ဝင္မ်ား၊ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီးမ်ား၊ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒ ဆိုင္ရာခုံ႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္မ်ား၊ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူ စာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားမွ ကိုယ္စားလွယ္မ်ား၊ ေနျပည္ေတာ္ေကာင္စီဝင္မ်ား၊ ေအာင္ဆန္းသူရိယ ဘြဲ႕ရရွိခဲ့သူမ်ား၏ မိသားစုဝင္မ်ားႏွင့္ ေဆြမ်ိဳးမ်ား၊ သူရဘြဲ႕ႏွင့္ တပ္မေတာ္စြမ္းရည္သတၱိဆိုင္ရာ ဂုဏ္ထူး ေဆာင္ဘြဲ႕၊ တံဆိပ္ရရွိခဲ့ၾကသည့္ အရာရွိ၊ စစ္သည္မ်ားႏွင့္ မိသားစုဝင္မ်ား၊ ေဆြမ်ိဳးမ်ား၊ အသြင္ေျပာင္းျပည္သူ႔စစ္၊ မူလျပည္သူ႔စစ္ႏွင့္ နယ္ျခားေစာင့္ဗဟိုအႀကံေပး ကြပ္ကဲေရး အဖြဲ႕မ်ား၊ ႏိုင္ငံျခားစစ္သံ႐ုံးမ်ားမွ စစ္သံမႉးမ်ားႏွင့္ တာဝန္ရွိသူမ်ား၊ အၿငိမ္းစားသံ အမတ္ႀကီး မ်ား၊ ဝန္ႀကီးဌာနအသီးသီးမွ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ဦးေဆာင္ၫႊန္ၾကား ေရးမႉးမ်ား၊ ဝန္ႀကီးဌာနအသီးသီးတြင္ တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ တပ္မေတာ္သား (အၿငိမ္းစား) ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ဦးေဆာင္ၫႊန္ၾကားေရးမႉးမ်ား၊ ျမန္မာႏိုင္ငံစစ္မႈထမ္း ေဟာင္းအဖြဲ႕ ဝင္မ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕ႏွင့္ ျမန္မာႏိုင္ငံၾကက္ေျခနီ တပ္ဖြဲ႕တို႔မွ အၿငိမ္းစား ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ ႏိုင္ငံေရးပါတီမ်ားမွဥကၠ႒မ်ား၊ တပ္မေတာ္ ဂုဏ္ျပဳဇာတ္လမ္းတြင္ပါဝင္ခဲ့သည့္ အႏုပညာရွင္မ်ား၊ စစ္ခ်ီသီခ်င္း၊ စစ္သည္ေတးသီခ်င္း၊ ကဗ်ာ၊ ဝတၳဳတို၊ ဝတၳဳရွည္ ၿပိဳင္ပြဲမ်ားတြင္ ဆုရရွိၾကသူမ်ား၊ ႏိုင္ငံတကာ အားကစား ၿပိဳင္ပြဲမ်ားတြင္ ဆုရရွိသည့္ တပ္မေတာ္သား အားကစားသမားမ်ား၊ တပ္မေတာ္ေန႔ အလႉရွင္မ်ား၊ တိုင္းရင္းသား ဖြံ႕ၿဖိဳးေရးတကၠသိုလ္မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ တကၠသိုလ္ေလ့က်င့္ေရးတပ္မ်ားမွ တပ္ဖြဲ႕ဝင္မ်ား၊ ေရေၾကာင္း၊ ေလေၾကာင္းလူငယ္ သင္တန္းမ်ားမွ အုပ္ခ်ဳပ္သူနည္းျပမ်ားႏွင့္ သင္တန္းသား၊ သင္တန္းသူမ်ား၊ ဖိတ္ၾကား ထားသည့္ ဧည့္သည္ေတာ္မ်ားႏွင့္ ျပည္တြင္း၊ ျပည္ပ သတင္းမီဒီယာမ်ား တက္ေရာက္ၾက သည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ တပ္မေတာ္ေန႔စစ္ေရးျပ အခမ္းအနား က်င္းပသည့္ စစ္ေရးျပကြင္းသို႔ေရာက္ရွိၿပီး အေလးျပဳခံစင္ျမင့္၌ ေနရာယူရာ စစ္ေၾကာင္းႀကီး မ်ားမွ တပ္မေတာ္သားမ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားက အေျမာက္ ၁၉ ခ်က္ ပစ္ေဖာက္ အေလးျပဳၾကသည္။ ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ က စစ္ေရးျပစစ္ေၾကာင္းႀကီးမ်ားအား လိုက္လံစစ္ေဆး သည္။

ဆက္လက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္၊ စစ္ေရးျပစစ္ေၾကာင္းႀကီး မ်ားမွ တပ္မေတာ္သားမ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားက ႏိုင္ငံေတာ္အလံႏွင့္ က်ဆုံး ေနၿပီးေသာ တပ္မေတာ္သားမ်ားအား အေလးျပဳၾကၿပီး သစၥာေလးခ်က္ကို သံၿပိဳင္ ႐ြတ္ဆို ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က မိန႔္ခြန္းေျပာၾကားရာတြင္ ယေန႔က်င္းပ ျပဳလုပ္သည့္ စစ္ေရးျပအခမ္းအနားသည္ အမိျမန္မာႏိုင္ငံေတာ္ႀကီးကို ေခတ္အဆက္ဆက္ ကာကြယ္ေစာင့္ေရွာက္ခဲ့သည့္ သမိုင္းဂုဏ္ျဒပ္အစဥ္အလာႀကီးမား သည့္ ျမန္မာ့တပ္မေတာ္ ၏(၇၆)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ကို ဂုဏ္ျပဳသည့္ စစ္ေရးျပ အခမ္းအနားျဖစ္သကဲ့သို႔ COVID-19 ကမာၻ႔ကပ္ေရာဂါေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ရသည့္ (၇၅) ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔ ဂုဏ္ျပဳအခမ္းအနားကို ျပန္လည္က်င္းပသည့္ စစ္ေရးျပအခမ္းအနားလည္းျဖစ္ေၾကာင္း၊ (၇၅)ႏွစ္ေျမာက္ စိန္ရတုႏွစ္ေက်ာ္ခဲ့သည့္တိုင္ ေခတ္အဆက္ဆက္ေကာင္းျမတ္သည့္ အစဥ္အလာမ်ားကို လက္ဆင့္ကမ္းထိန္းသိမ္း လာခဲ့သည့္ တပ္မေတာ္အတြက္ အလြန္ဂုဏ္ယူ ဖြယ္ရာပင္ျဖစ္ေၾကာင္း၊

သမိုင္းေၾကာင္းတစ္ေလွ်ာက္တြင္ အခ်ဳပ္အျခာအာဏာပိုင္ လြတ္လပ္သည့္ႏိုင္ငံ အျဖစ္ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံႏွင့္ ၿငိမ္းခ်မ္းထည္ဝါစြာ စုစည္းရပ္တည္ေနထိုင္သည့္ မိမိတို႔ ႏိုင္ငံသည္ ၁၈၈၆ ခုႏွစ္တြင္ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာ ဆုံးရႈံးခဲ့ရၿပီး နယ္ခ်ဲ႕တို႔၏ ဖိႏွိပ္မႈေအာက္မွာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ေနခဲ့ၾကရေၾကာင္း၊ တိုင္းရင္းသား လူမ်ိဳးေပါင္းစုံ ပါဝင္သည့္ ျမန္မာ့မ်ိဳးခ်စ္ေခါင္းေဆာင္မ်ားအေနျဖင့္ နယ္ခ်ဲ႕ကိုတိုက္ထုတ္ ရန္ တပ္မေတာ္ တစ္ရပ္ထူေထာင္ႏိုင္ေရး သခင္ေအာင္ဆန္းဦးေဆာင္သည့္ ရဲေဘာ္ သုံးက်ိပ္သည္ ဂ်ပန္၏ အကူအညီျဖင့္ စစ္ပညာမ်ားကို အပင္ပန္းအဆင္းရဲခံသင္ယူခဲ့ၾကေၾကာင္း၊ ၁၉၄၁ ခုႏွစ္၊ ဒီဇင္ဘာလ ၂၇ ရက္တြင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းႏွင့္ ရဲေဘာ္ သုံးက်ိပ္တို႔၏ ဦးေဆာင္မႈႏွင့္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္(BIA)ကို ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး နယ္ခ်ဲ႕အဂၤလိပ္တို႔ကို မ်ိဳးခ်စ္စိတ္ထက္သန္ ျပင္းျပသည့္ ျပည္သူလူထုႏွင့္ ပူးေပါင္းေမာင္း ထုတ္ခဲ့ၾကေၾကာင္း၊ အဂၤလိပ္တို႔ ဆုတ္ခြာ ၿပီးေနာက္ ၁၉၄၃ ခုႏွစ္၊ ဩဂုတ္လ ၁ ရက္ေန႔တြင္ ဂ်ပန္တို႔က လြတ္လပ္ေရးေပးခဲ့ ေသာ္လည္း ျပည္သူလူထုသည္ ဆိုး႐ြားစြာညႇဥ္းပန္းႏွိပ္စက္မႈကို မေမွ်ာ္လင့္ဘဲခံခဲ့ရ တဲ့အတြက္ တပ္မေတာ္အေနျဖင့္ ၁၉၄၅ ခုႏွစ္ မတ္လ ၂၇ ရက္တြင္ သမိုင္းဝင္ဖက္ဆစ္ေတာ္လွန္ေရးႀကီးကို တိုင္းရင္းသားျပည္သူလူထုတစ္ရပ္လုံးႏွင့္အတူ ပူးေပါင္း လက္တြဲ ဆင္ႏႊဲခဲ့ၾကသည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း ထို႔ေၾကာင့္ ယင္းေန႔ကို တပ္မေတာ္ေန႔ အျဖစ္ သတ္မွတ္ခဲ့ၾကျခင္းပင္ျဖစ္ေၾကာင္း။

ဗမာ့လြတ္လပ္ေရးတပ္မေတာ္ (BIA) ကို ၁၉၄၂ ခုႏွစ္တြင္ ဗမာ့ကာကြယ္ေရး တပ္မေတာ္(BDA)၊ ၁၉၄၃ ခုႏွစ္တြင္ ဗမာ့အမ်ိဳးသားတပ္မေတာ္(BNA) ၊ ၁၉၄၅ ခုႏွစ္ ဇူလိုင္လတြင္ မ်ိဳးခ်စ္ဗမာ့တပ္မေတာ္(PBF)၊ စက္တင္ဘာလတြင္ ဗမာ့တပ္မေတာ္ (Burma Army)အျဖစ္ အဆင့္ဆင့္ အမည္ေျပာင္းလဲ ဖြဲ႕စည္းခဲ့ေၾကာင္း၊ တပ္မေတာ္သည္ ျပည္သူ လူထုႏွင့္အတူ လက္တြဲၿပီး ၁၉၄၈ ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္တြင္ နယ္ခ်ဲ႕ ၿဗိတိသွ် တို႔ လက္ေအာက္မွ ျမန္မာႏိုင္ငံကို လြတ္လပ္ေရးရယူေပးခဲ့သည့္အတြက္ လြတ္လပ္ေရး ႀကိဳးပမ္း မႈႏွင့္အတူ သေႏၶတည္ေပါက္ဖြားလာခဲ့သည့္ တပ္မေတာ္လည္းျဖစ္ေၾကာင္း။ မိမိတို႔ႏိုင္ငံသည္ လြတ္လပ္ေရးရရွိခဲ့ၿပီးေနာက္ နယ္ခ်ဲ႕တို႔၏ ေသြးခြဲအုပ္ခ်ဳပ္မႈ၊ အယူဝါဒေရးႏွင့္ တိုင္းရင္းသားေရးတို႔အရ ျပည္တြင္းေသာင္းက်န္းမႈမ်ား ေပၚေပါက္လာ ရာတြင္ တပ္မေတာ္က ပူပူေႏြးေႏြးရရွိထားတဲ့ လြတ္လပ္ေရးႀကီး လက္လြတ္မဆုံးရႈံးေစဖို႔ အသက္၊ ေသြး၊ ေခြၽးမ်ားစြာကို စေတးၿပီး ေသာင္းက်န္းသူေတြကို ႏွိမ္နင္းေပးခဲ့ရေၾကာင္း၊ ၁၉၄၈ ခုႏွစ္၊ မတ္လ ၂၈ ရက္ေန႔တြင္ ဗမာျပည္ကြန္ျမဴနစ္ပါတီ(ဗကပ)တို႔ စတင္ လက္နက္ကိုင္ေတာခိုခဲ့ရာမွစၿပီး အျခားလက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕မ်ား ေပၚေပါက္ လာခဲ့ေၾကာင္း၊ ႏိုင္ငံတကာကလည္း “ေရာင္စုံေသာင္းက်န္းသူမ်ား”ဟု ကင္ပြန္းတပ္ခဲ့ၾက ေၾကာင္း၊ ထိုအခ်ိန္တြင္ တပ္မေတာ္ စစ္ဦးစီးခ်ဳပ္ တာဝန္ထမ္းေဆာင္ေနသည့္ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္းသည္ ေျခလ်င္တပ္အနည္းငယ္၊ လက္႐ုံးဝန္ထမ္းတပ္ အနည္းငယ္ ႏွင့္ ရသမွ်အင္အားစုစည္းၿပီး ႏိုင္ငံအႏွံ႔ ဆူပူေသာင္း က်န္းေနသည့္ ေရာင္စုံေသာင္းက်န္း သူမ်ားကို ျပန္လည္ထိန္းခ်ဳပ္တိုက္ခိုက္ကာ ႏိုင္ငံကို တည္ၿငိမ္ေအာင္၊ မၿပိဳကြဲေအာင္ ေဆာင္႐ြက္ေပး ႏိုင္ခဲ့ေၾကာင္း၊ ျပည္တြင္းလက္နက္ကိုင္ ပဋိ ပကၡမ်ားသည္ တပ္မေတာ္ ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္မ်ားအၾကား စတင္ျဖစ္ပြားခဲ့ျခင္း မဟုတ္ဘဲ သက္ဆိုင္ရာ အစိုးရႏွင့္ တိုင္းရင္းသားလက္နက္ကိုင္မ်ားအၾကား ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး တပ္မေတာ္ အေနျဖင့္ ႏိုင္ငံေတာ္ႏွင့္အခ်ဳပ္အျခာအာဏာကို ကာကြယ္ရန္တာဝန္ရွိသည့္ အဖြဲ႕အစည္း ပီသစြာ ေဆာင္႐ြက္ခဲ့ရျခင္းျဖစ္ေၾကာင္း။

မိမိတို႔တပ္မေတာ္အေနျဖင့္ ျပည္တြင္းေရာင္စုံေသာင္းက်န္းမႈမ်ားကို ႏွိမ္နင္း ျခင္းသာမက ၁၉၅၀-၆၁ ခုႏွစ္ကာလအတြင္းတြင္ ျပည္ပက်ဴးေက်ာ္သူ ကူမင္တန္ (တ႐ုတ္ျဖဴ) မ်ား၊ ရခိုင္ျပည္နယ္အတြင္းတြင္ အေျချပဳလႈပ္ရွားေနတဲ့ ကုလားဆိုး ေသာင္းက်န္းသူမ်ားကို တိုက္ခိုက္ႏွိမ္နင္းႏိုင္ခဲ့ေၾကာင္း၊ ၁၉၆၂-၇၂ ခုႏွစ္တြင္ ပဲခူးတိုင္းႏွင့္ ဧရာဝတီတိုင္းတို႔တြင္ ေသာင္းက်န္းသူမ်ားကို အျမစ္ျဖတ္ တိုက္ထုတ္ႏိုင္ခဲ့ေၾကာင္း၊ ထို႔အျပင္ ပဲခူး႐ိုးမတြင္ အေျခစိုက္လာသည့္ ဗကပမ်ားကို ျပည္သူလူထုႏွင့္ပူးေပါင္းၿပီး ျဖတ္ ၄ ျဖတ္စနစ္နဲ႔ စစ္ဆင္ေရး ႀကီးေတြ ဆင္ႏႊဲခဲ့သည့္အတြက္ ၁၉၇၅ ခုႏွစ္မွာ ပဲခူး႐ိုးမေဒသအတြင္း ဗကပတို႔ရဲ႕လႈပ္ရွားမႈကို အဆုံးသတ္ေစႏိုင္ခဲ့ေၾကာင္း။

၁၉၈၈ ခုႏွစ္ ႏိုင္ငံအတြင္း ဆူပူမႈျဖစ္ပြားေနသည့္အေပၚ အခြင့္ေကာင္းယူၿပီး တပ္မေတာ္ကို အက်ပ္အတည္း ေတြ႕ေစရန္အတြက္ ဗကပမ်ားသည္ ၁၉၈၈ ခုႏွစ္၊ စက္တင္ဘာလတြင္ စစ္မ်က္ႏွာသုံးခုျဖင့္ မိုင္းယန္းေဒသကို လာေရာက္တိုက္ခိုက္ခဲ့ ေသာေၾကာင့္ ၈ ရက္ၾကာ သမိုင္းဝင္မိုင္းယန္းတိုက္ပြဲဆင္ႏႊဲခဲ့ရေၾကာင္း၊ မိုင္းယန္း တိုက္ပြဲ တြင္ ဗကပတို႔ အထိနာအေရးနိမ့္သြားၿပီးေနာက္ အက်ိဳးဆက္အေနျဖင့္ ဗကပအဖြဲ႕မွ ကိုးကန႔္အဖြဲ႕ ခြဲထြက္ၿပီး “ဝ” အဖြဲ႕က အာဏာသိမ္းလိုက္ျခင္းမ်ားေၾကာင့္ ဗကပ(ဗဟို) ၿပိဳကြဲျခင္းႏွင့္အတူ ဗကပအေရွ႕ေျမာက္စစ္ေဒသလည္း လုံးဝခ်ဳပ္ၿငိမ္းသြားခဲ့ေၾကာင္း၊ ၁၉၈၈ ခုႏွစ္၊ စက္တင္ဘာလ အတြင္း၌ပင္ ကရင္ျပည္နယ္ မဲသေဝါေဒသကို ထိုးစစ္ဆင္ တိုက္ခိုက္လာသည့္ ေသာင္းက်န္း သူမ်ားကိုလည္း တပ္မေတာ္အေနျဖင့္ ေအာင္ျမင္စြာ ျပန္လည္ေခ်မႈန္းတိုက္ခိုက္ႏိုင္ခဲ့ေၾကာင္း။

၁၉၈၉ ခုႏွစ္အတြင္း၌ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမ နယ္စပ္ တစ္ေလွ်ာက္ရွိ ေသာင္းက်န္းသူစခန္းမ်ားစြာကို တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့သည့္အျပင္ ၁၉၉၁ ခုႏွစ္တြင္လည္း ျမစ္ဝကြၽန္းေပၚေဒသကို ထိုးေဖာက္ဝင္ေရာက္လာတဲ့ ေသာင္းက်န္းသူ မ်ားကိုလည္း အျမစ္ျပတ္ေခ်မႈန္းႏိုင္ခဲ့ေၾကာင္း၊ ၂၀၁၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလ တြင္ အေရွ႕ေျမာက္ပိုင္းနယ္ စပ္ေဒသနယ္ေျမအတြင္း ေသာင္းက်န္းသူမ်ားသည္ ကိုးကန္႔ ေဒသ တစ္ခုလုံးကို တိုက္ခိုက္ သိမ္းပိုက္ထိန္းခ်ဳပ္ရန္ႏွင့္ ထိုမွတစ္ဆင့္ နယ္စပ္ေဒသ မ်ားျဖစ္သည့္ မုံးကိုး-ေဖာင္းဆိုင္ေဒသမွ ျမန္မာျပည္ေျမာက္ပိုင္းနယ္ေျမဘက္သို႔ နယ္ေျမခ်ဲ႕ထြင္ႏိုင္ေရးဆိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ေလာက္ကိုင္တြင္ရွိသည့္ ဌာနခ်ဳပ္ အပါအဝင္ လက္ေအာက္ခံတပ္ရင္းမ်ားကို အင္အား အလုံးအရင္းျဖင့္ ဝင္ေရာက္ တိုက္ခိုက္လာခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္က ၿမိဳ႕တြင္း တိုက္ပြဲအပါအဝင္ ေလေၾကာင္းပစ္ကူႏွင့္ အေျမာက္ပစ္ကူေတြရယူၿပီး ေလာက္ကိုင္ေဒသကို တိုက္ခိုက္လာသည့္ ေသာင္းက်န္းသူမ်ားကို တြန္းလွန္တိုက္ခိုက္ခဲ့ၿပီး နယ္စပ္ေဒသ တစ္ေလွ်ာက္ ျဖန္႔ခြဲတပ္စြဲထားတဲ့ ေသာင္းက်န္းသူစခန္းမ်ားကိုပါ ေအာင္ျမင္စြာ တိုက္ခိုက္ သိမ္းယူ ႏိုင္ခဲ့ေၾကာင္း၊ ထို႔ေနာက္ ေသာင္းက်န္းသူမ်ားသည္ ေျမာက္ပိုင္းမဟာမိတ္တပ္ေပါင္းစု ဖြဲ႕စည္းၿပီး ၂၀၁၆ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ မုံးကိုး၊ ေဖာင္းဆိုင္၊ မန္ကန္ စတဲ့ တပ္စခန္း မ်ားႏွင့္ ၁၀၅ မိုင္စခန္း၊ မုံးေပၚတပ္စခန္းတို႔ကို တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း ဝင္ေရာက္ တိုက္ခိုက္ လာခဲ့သည္ကိုလည္း ေအာင္ျမင္စြာ ေခ်မႈန္းႏိုင္ခဲ့ေၾကာင္း၊ တပ္မေတာ္သည္ လြတ္လပ္ေရးႀကိဳး ပမ္းမႈကာလမွ လြတ္လပ္ေရးရၿပီး ေခတ္အဆက္ဆက္တြင္ ျပည္တြင္း၊ ျပည္ပ အႏၲရာယ္ အမ်ိဳးမ်ိဳးကို အသက္၊ ေသြး၊ ေခြၽးမ်ားစြာေပးဆပ္ၿပီး စြမ္းစြမ္းတမံ ကာကြယ္ ေစာင့္ေရွာက္ခဲ့ ရသည္ကို သိေစလိုေၾကာင္း။

တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္ႏွင့္ တိုင္းရင္းသား ျပည္သူလူထုကို ကာကြယ္ ေစာင့္ေရွာက္ခဲ့ရာတြင္ စြန႔္လႊတ္စြန႔္စားစြာ အသက္ေပးကာကြယ္တိုက္ခိုက္ခဲ့ၾကသည့္ တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္မ်ားကို ႏိုင္ငံေတာ္ ႏွင့္ တပ္မေတာ္က ယေန႔အခ်ိန္အထိ ေအာင္ဆန္း သူရိယဘြဲ႕ ၆ ဦး၊ သီဟသူရဘြဲ႕ ၅၀ ဦး သူရဘြဲ႕ ၅၄၆ ဦး၊ သူရဲေကာင္း မွတ္တမ္းဝင္ ၁,၈၆၀ ဦး၊ သူရဲေကာင္းမွတ္တမ္းဝင္ တံဆိပ္ရရွိသူ ၂,၀၁၈ ဦး၊ စစ္ေသနာပတိခ်ဳပ္၏ သူရဲေကာင္း လက္မွတ္ရရွိသူ ၃၃၉ ဦး၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ သူရဲေကာင္းလက္မွတ္ရရွိသူ ၂,၉၈၇ ဦးတို႔ကို စြမ္းရည္သတၱိဆိုင္ရာ ဘြဲ႕၊ တံဆိပ္၊ လက္မွတ္မ်ား အသီးသီးခ်ီးျမႇင့္ႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္း၊ စြမ္းရည္သတၱိဆိုင္ရာ ဘြဲ႕၊ တံဆိပ္၊ လက္မွတ္မ်ားမရေသာ္လည္း ေပးအပ္တဲ့တာဝန္မ်ား ကို ေက်ပြန္စြာထမ္းေဆာင္ၿပီး တိုင္းျပည္ႏွင့္ လူမ်ိဳးအတြက္ စြန႔္လႊတ္မႈေပါင္းမ်ားစြာျဖင့္ ေဆာင္႐ြက္ခဲ့ၾကသည့္ တပ္မေတာ္ သားမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူ႔စစ္ တပ္ဖြဲ႕ဝင္မ်ားကိုလည္း တန္ဖိုးထားခ်ီး က်ဴးဂုဏ္ျပဳပါေၾကာင္းႏွင့္ ယေန႔ အခမ္းအနား တြင္လည္း ေအာင္ဆန္းသူရိယဘြဲ႕ရရွိသူမ်ား၏ မိသားစုမ်ားကိုပါ ဂုဏ္ယူစြာျဖင့္ ဖိတ္ၾကားတက္ေရာက္ ေစလ်က္ရွိပါေၾကာင္း။

ယခုစစ္ေရးျပအခမ္းအနားႀကီးတြင္ မိမိတို႔တပ္မေတာ္စတင္ဖြဲ႕စည္းခ်ိန္တြင္ စတင္ အသုံးျပဳဝတ္ဆင္ခဲ့သည့္ ဗမာ့လြတ္လပ္ေရး တပ္မေတာ္(BIA)၊ ဗမာ့ကာကြယ္ေရး တပ္မေတာ္ (BDA)၊ ဗမာ့အမ်ိဳးသားတပ္မေတာ္ (BNA)၊ မ်ိဳးခ်စ္ဗမာ့တပ္မေတာ္ (PBF)၊ ဗမာ့တပ္မေတာ္ (Burma Army)ႏွင့္ လြတ္လပ္ေရးရၿပီးေနာက္ ေခတ္အဆက္ဆက္ ေျပာင္းလဲဝတ္ဆင္ခဲ့သည့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) ဝတ္စုံမ်ားကို ဂုဏ္ျပဳ ဝတ္ဆင္ၿပီး အသက္၊ ေသြး၊ ေခြၽးမ်ားစြာ ေပးဆပ္တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ ေရွးေနာင္ေတာ္ မ်ားအားလုံးကိုအေလးအနက္ ဂုဏ္ျပဳပါေၾကာင္း။

ယခုႏွစ္ စစ္ေရးျပအခမ္းအနားတြင္ ေခတ္လြန္အေျမာက္ႏွင့္ သံခ်ပ္ကာ ယာဥ္ယႏၲရား မ်ား ပါဝင္ျပသမႈသည္ လြတ္လပ္ေရးရၿပီးစ ေရာင္စုံေသာင္းက်န္းသူ ႏွိမ္နင္းမႈစစ္ဆင္ေရးေတြမွာ စြမ္းစြမ္းတမံ တိုက္ပြဲဝင္ခဲ့မႈမ်ားကို တန္ဖိုးထား ျပန္ေျပာင္း သတိရေစၿပီး ဂုဏ္ျပဳသည့္အေနနဲ႔ ပါဝင္ေဆာင္႐ြက္ေစျခင္းပင္ျဖစ္ေၾကာင္း၊ ခ်ိဳ႕တဲ့စြာျဖင့္ စခဲ့ရသည့္ အေျမာက္၊ ယႏၲရားမ်ားသည္ ေခါင္းေဆာင္အသီးသီး၏ႀကိဳးပမ္း ေဆာင္႐ြက္ မႈေၾကာင့္ ယခုအခ်ိန္တြင္ ေခတ္မီသည့္ အေျမာက္၊ ယႏၲရားမ်ား တပ္ဆင္ အသုံးျပဳ လာႏိုင္တာ ေတြ႕ရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္ကို ႏိုင္ငံေတာ္ကာကြယ္ေရး တာဝန္မ်ား ေက်ပြန္စြာထမ္းေဆာင္ ႏိုင္ရန္အတြက္ သမား႐ိုးက်စစ္ပြဲဆင္ႏႊဲႏိုင္သည့္ တိုက္စြမ္းရည္ႏွင့္ တိုက္စြမ္းအားရွိသည့္ ေခတ္မီ တပ္မေတာ္ (Standard Army) တစ္ရပ္အျဖစ္ ရည္မွန္းခ်က္ထား ဖြဲ႕စည္း တည္ေဆာက္ လ်က္ရွိေၾကာင္း၊ Standard Army ဖြဲ႕စည္း တည္ေဆာက္ရာတြင္ တပ္မေတာ္(ၾကည္း)ကို လူ၊ လက္နက္ဖြဲ႕စည္းမႈ အဆင့္ျမႇင့္တင္ျခင္းသာမက တပ္မေတာ္ (ေရ)အတြက္ လိုအပ္သည့္ စစ္ေရယာဥ္မ်ားကို ကိုယ္တိုင္တည္ေဆာက္ျခင္း၊ ဝယ္ယူ ျဖည့္တင္းျခင္းမ်ားအျပင္ တပ္မေတာ္ (ေလ)အတြက္ လိုအပ္သည့္ ေလယာဥ္မ်ားကို အဆင့္ျမႇင့္ တင္ျခင္း၊ထုတ္လုပ္ျခင္း ႏွင့္ေခတ္မီ ေလယာဥ္မ်ားရရွိေရးကိုလည္း ေဆာင္႐ြက္ လ်က္ရွိေၾကာင္း။ တပ္မေတာ္သား စြမ္းအားအရင္း အျမစ္မ်ားသည္ တပ္မေတာ္ကို အက်ိဳးျပဳႏိုင္႐ုံမွ်မက ႏိုင္ငံေတာ္တည္ေဆာက္ေရး လုပ္ငန္း မ်ားကိုပါ တစ္တပ္တစ္အား ပါဝင္ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သား လူ႔စြမ္းအား အရင္းအျမစ္မ်ား ျပဳစုပ်ိဳးေထာင္ရာတြင္ ေဆးပညာရွင္၊ အင္ဂ်င္နီယာ၊ နည္းပညာ ကြၽမ္းက်င္သူ ႏွင့္ ဘာသာ ရပ္ဆိုင္ရာ ကြၽမ္းက်င္သူသိပၸံပါရဂူႏွင့္ ပါရဂူဘြဲ႕ရ ၁,၂၀၀ ေက်ာ္၊ မဟာဘြဲ႕ရ ၁၄,၀၀၀ ေက်ာ္တို႔ကို ျပည္တြင္း၊ ျပည္ပတြင္ ေလ့က်င့္ေမြးထုတ္ေပးႏိုင္ခဲ့ၿပီး ႏိုင္ငံႏွင့္ တပ္မေတာ္ အတြက္ သက္ဆိုင္ရာ အခန္းက႑အသီးသီးမွာ တာဝန္ ထမ္းေဆာင္ေန ၾကေၾကာင္း။

၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၂၇ ရက္ေန႔တြင္ က်ေရာက္ခဲ့သည့္ (၇၅) ႏွစ္ေျမာက္ စိန္ရတု တပ္မေတာ္ေန႔ကို ဂုဏ္ျပဳသည့္အေနျဖင့္ တပ္မေတာ္စြမ္းရည္သတၱိဆိုင္ရာ ဂုဏ္ျပဳဆု၊ အမႈထမ္း ေကာင္းဆိုင္ရာဂုဏ္ျပဳဆု၊ အႏုပညာဆိုင္ရာဂုဏ္ျပဳဆု၊ စာေပဆိုင္ရာ ဂုဏ္ျပဳဆု၊ စီးပြားေရး ဆိုင္ရာဂုဏ္ျပဳဆု၊ နည္းပညာဆိုင္ရာဂုဏ္ျပဳဆု၊ က်န္းမာေရး ေစာင့္ေရွာက္မႈဆိုင္ ရာဂုဏ္ျပဳဆု ႏွင့္ အားကစားဆိုင္ရာဂုဏ္ျပဳဆု စသည့္ ဂုဏ္ျပဳဆု အသီးသီးကို ေပးအပ္ႏိုင္ခဲ့ေၾကာင္း၊ ထို႔အျပင္ တပ္မေတာ္အေနျဖင့္ တပ္မေတာ္ ဂုဏ္ေဆာင္ႏွင့္ ႏိုင္ငံ့ဂုဏ္ေဆာင္ တပ္မေတာ္သား အားကစားသမားမ်ားစြာကိုလည္း ႏွစ္စဥ္ ေလ့က်င့္ေမြးထုတ္ေပးႏိုင္ခဲ့ေၾကာင္း၊ အေရွ႕ေတာင္ အာရွ အားကစားၿပိဳင္ပြဲ၊ အာရွ အားကစားၿပိဳင္ပြဲ၊ ကမာၻ႔အိုလံပစ္အားကစားပြဲမ်ား၏ ေရကူး၊ ေဘာလုံး၊ ေသနတ္ပစ္၊ လက္ေဝွ႔၊ ေျပးခုန္ပစ္သည့္ အားကစားနည္းမ်ားတြင္ အမာခံ အားကစား သမားအျဖစ္ ပါဝင္ခဲ့ၾကသည့္ ႏိုင္ငံ့ဂုဏ္ေဆာင္တပ္မေတာ္သား၊ အားကစားသမားမ်ားကိုလည္း ခ်ီးက်ဴး ဂုဏ္ျပဳပါေၾကာင္းျဖင့္ ေျပာၾကားလိုေၾကာင္း။

တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုကို ကာကြယ္ေစာင့္ေရွာက္ လ်က္ရွိရာတြင္ လူသားခ်င္း စာနာေထာက္ကူမႈႏွင့္ သဘာဝေဘးအႏၲရာယ္ ကယ္ဆယ္ေရး (HADR) လုပ္ငန္းစဥ္မ်ားတြင္လည္း ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္ ေဆး တပ္ဖြဲ႕မွ ပါရဂူ၊ ေဆးမႉးမ်ားႏွင့္ တပ္ဖြဲ႕ဝင္မ်ားက ၈ ႏွစ္ေက်ာ္ကာလအတြင္း ျပည္သူ ၂.၅ သန္းေက်ာ္ကို က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း၊ တပ္မေတာ္(ေရ) အေနျဖင့္လည္း ၂၀၁၁ ခုႏွစ္မွ ၂၀၂၁ ခုႏွစ္ အထိ ပင္လယ္ျပင္အတြင္းမွ ဒုကၡသည္ ၄,၀၀၀ ေက်ာ္ကို ကူညီ ကယ္ဆယ္ေပးႏိုင္ခဲ့ေၾကာင္း၊ ထို႔အျပင္ COVID-19 ကာလအတြင္း မေလးရွားႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံ ပို႔ဘလဲယားတို႔တြင္ ကာလၾကာရွည္စြာ ဒုကၡခံေနရသည့္ ျမန္မာႏိုင္ငံသား ၁,၁၅၀ ေက်ာ္ကိုလည္း ယခုႏွစ္ ေဖေဖာ္ဝါရီလႏွင့္ မတ္လတို႔တြင္ စစ္ေရယာဥ္မ်ားေစလႊတ္ၿပီး ႏိုင္ငံအတြင္းသို႔ ျပန္လည္ ေခၚေဆာင္ ေပးႏိုင္ ခဲ့ေၾကာင္း၊ က်န္ရွိေနေသးသည့္ ႏိုင္ငံသားမ်ားကို ေခၚေဆာင္ႏိုင္ေရး ဆက္လက္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ ထို႔အျပင္ ယခုႏွစ္ ေဖေဖာ္ဝါရီနဲ႔ မတ္လအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေဆး႐ုံေတြ မဖြင့္ႏိုင္သည့္အတြက္ ေဆးကုသမႈခံယူဖို႔ အခက္ အခဲ ျဖစ္ေနသည့္ ျပည္သူလူထုကို တပ္မေတာ္ေဆး႐ုံ မ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္ ေပးမႈမ်ား လုပ္ေဆာင္ေပးခဲ့ရာတြင္ ျပည္သူလူထု ျပင္ပလူနာ ၉၀,၀၀၀ ေက်ာ္၊ အတြင္း လူနာ ၃၀,၀၀၀ ခန္႔တို႔ကို ျပဳစုကုသေပးႏိုင္ခဲ့ၿပီး ေမြးလူနာ ၆,၀၀၀ နီးပါး တို႔ကို ေကာင္းမြန္စြာ ေမြးဖြားေပးႏိုင္ခဲ့ေၾကာင္း။

တပ္မေတာ္(ေလ)အေနျဖင့္လည္း HADR လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္ၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားႏွင့္ ဒုကၡေရာက္ေနသူ ျပည္သူမ်ားအတြက္ ရိကၡာ ေဆးဝါးပို႔ေဆာင္ေရးလုပ္ငန္းမ်ားတြင္ တစ္တပ္တစ္အား ပါဝင္ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း၊ ရခိုင္ျပည္နယ္ပဋိပကၡအတြင္း ပိတ္မိေနသည့္ ျပည္သူလူထုမ်ား၊ ဝန္ထမ္းမ်ား၊ သက္ႀကီး ႐ြယ္အိုႏွင့္ က်န္းမာေရးမေကာင္းသူမ်ားကိုလည္း တပ္မေတာ္ရဟတ္ယာဥ္မ်ား ျဖင့္ ေ႐ႊ႕ေျပာင္း ပို႔ေဆာင္မႈမ်ား လုပ္ေဆာင္ေပးႏိုင္ခဲ့ေၾကာင္း။

မိမိတို႔တပ္မေတာ္သည္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ားအေပၚ က်ေရာက္လာမည့္ သဘာဝေဘးအႏၲရာယ္မ်ား အပါအဝင္ ေဘးအႏၲရာယ္အမ်ိဳးမ်ိဳးကို အခ်ိန္တိုအတြင္း တုံ႔ျပန္ ေဆာင္႐ြက္ႏိုင္စြမ္းရွိေအာင္ အၿမဲေလ့က်င့္ေနရမည္ျဖစ္ၿပီး သဘာဝေဘးအႏၲရာယ္ ျဖစ္ပြား သည္ႏွင့္ အမိန႔္တစ္စုံတစ္ရာ ေစာင့္ဆိုင္းျခင္းမျပဳဘဲ အျမန္ဆုံး အကူအညီ လိုအပ္ေနသည့္ ေနရာမ်ားကို သြားေရာက္ကူညီ ေဆာင္႐ြက္ေပးၾကဖို႔ အေလးထား မွာၾကားလိုေၾကာင္း။

တပ္မေတာ္အေနျဖင့္ ထိုကဲ့သို႔ ျပည္သူလူထု ကာကြယ္ေစာင့္ေရွာက္ေရး လုပ္ငန္းမ်ားတြင္ စိတ္ရင္းေစတနာမွန္ကန္စြာျဖင့္ ကူညီေဆာင္႐ြက္ေပးလ်က္ရွိသကဲ့သို႔ ဒီမိုက ေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ရာတြင္ အေျခခံ လိုအပ္ ခ်က္ျဖစ္သည့္ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈလုပ္ငန္းမ်ားကိုလည္း အေလးထား ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အစိုးရအဆက္ဆက္ကာလမ်ားတြင္ ၿငိမ္းခ်မ္း ေရးအတြက္ ကမ္းလွမ္းမႈ မ်ိဳးစုံျပဳလုပ္ခဲ့ေၾကာင္း၊ ၿပီးခဲ့သည့္ ပါတီစုံဒီမိုကေရစီ ကာလတြင္ လည္း ၿငိမ္းခ်မ္းေရး ဖိတ္ေခၚကမ္းလွမ္းမႈမ်ား ျပဳလုပ္ခဲ့ရာတြင္ တိုင္းရင္းသား လက္နက္ ကိုင္ အဖြဲ႕ ၁၀ ဖြဲ႕ႏွင့္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ခ်ဳပ္ဆိုႏိုင္သည္အထိ ေရာက္ရွိခဲ့ေၾကာင္း၊ တပ္မေတာ္၏ၿငိမ္းခ်မ္းေရး ရပ္တည္ခ်က္ သည္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လမ္းေၾကာင္း ေပၚတြင္ ခိုင္ခိုင္မာမာ ရပ္တည္ေလွ်ာက္လွမ္းၿပီး ထာဝရၿငိမ္းခ်မ္းေရးရရွိေစေရးအတြက္ မူဝါဒ (၆)ရပ္ကိုခ်မွတ္၍ ဦးတည္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယင္းမူဝါဒမ်ားသည္လည္း ႏိုင္ငံ့အက်ိဳးစီးပြား၊ တိုင္းရင္း သား ျပည္သူမ်ား၏ အက်ိဳးစီးပြားကိုသာေရွးရႈၿပီး ေရရွည္ ေမွ်ာ္ေတြး ခ်မွတ္ခဲ့ျခင္းပင္ ျဖစ္ေၾကာင္း။

ထို႔ေၾကာင့္ ထာဝရၿငိမ္းခ်မ္းေရးရရွိေစေရးအတြက္ တပ္မေတာ္အေနျဖင့္ တစ္ဖက္ သတ္ အပစ္အခတ္ရပ္စဲေရးကိုလည္း ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ယခုအခါတြင္ ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္ၿပီး ပိုမိုထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ရန္အတြက္ အမ်ိဳးသား စည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ဗဟိုေကာ္မတီ၊ လုပ္ငန္းေကာ္မတီ၊ ညႇိႏႈိင္းေရးေကာ္မတီဆိုသည့္ ေကာ္မတီ ၃ ခုႏွင့္ ျပင္ဆင္ဖြဲ႕စည္း ေဆာင္႐ြက္လ်က္ ေၾကာင္း၊ ထိုကဲ့သို႔ ၿငိမ္းခ်မ္းေရးကို ဦးတည္ေဆာင္႐ြက္ေနသည့္ကာလတြင္ လက္နက္ ကိုင္အဖြဲ႕အစည္းအခ်ိဳ႕သည္ တစ္ဖက္သတ္ ေတာင္းဆိုေနမႈမ်ား၊ တရားမဝင္ ကုန္ပစၥည္း ကူးသန္းေရာင္းဝယ္မႈမ်ား၊ မူးယစ္ေဆးဝါး လုပ္ငန္းမ်ားကို လုပ္ေဆာင္ေနမႈမ်ားရွိေန သည္ကိုေတြ႕ေနရေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ လြတ္လပ္ေရး မဆုံးရႈံးခင္ကာလအထိ ဘုရင့္ ႏိုင္ငံအျဖစ္ ရပ္တည္ခဲ့ေသာ္လည္း လြတ္လပ္ေရး ရၿပီးေနာက္ပိုင္း ပါလီမန္ဒီမိုကေရစီစနစ္ အပါအဝင္ ပုံစံအမ်ိဳးမ်ိဳးျဖင့္ တိုင္းျပည္တည္ေဆာက္ ခဲ့ေၾကာင္း၊ ၂၀၁၁ ခုႏွစ္ကစၿပီး ျပည္သူအမ်ား၏ ဆႏၵႏွင့္အညီ ပါတီစုံဒီမို ကေရစီစနစ္ကို က်င့္သုံးေဆာင္႐ြက္လ်က္ရွိၿပီး ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုႀကီး အျဖစ္ မားမား မတ္မတ္ တည္တံ့ခိုင္ၿမဲေနေရး ေဆာင္႐ြက္ေနေၾကာင္း၊ ထို႔ေၾကာင့္ နယ္ေျမေအးခ်မ္းတည္ၿငိမ္မႈႏွင့္ လူမႈဘဝလုံၿခဳံမႈအေပၚ ထိခိုက္ေစလ်က္ရွိသည့္ အၾကမ္းဖက္ လုပ္ရပ္မ်ားျပဳလုပ္ၿပီး မိမိတို႔ လိုလားခ်က္မ်ားကို ေရွ႕တန္းတင္ ေတာင္းဆိုေနမႈမ်ားသည္ မည္သို႔မွ်မျဖစ္သင့္ေၾကာင္းကို ေျပာလိုေၾကာင္း၊ ႏိုင္ငံ၏ ဖြံ႕ၿဖိဳး တိုးတက္ေရးတြင္ အဓိက အေႏွာင့္အယွက္ျဖစ္ေန သည့္ လက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေစရန္အတြက္ ကိုင္ထားသည့္ လက္နက္မ်ားကို ေဘးခ်ထားၿပီး ၿငိမ္းခ်မ္းေရးစားပြဲဝိုင္းတြင္ အတူတကြေဆြးေႏြး ညႇိႏႈိင္းရန္ အဓိက လိုအပ္ေၾကာင္း၊ ထို႔အျပင္ NCA လက္မွတ္ ေရးထိုးထားျခင္း မရွိေသးသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအေနျဖင့္ လက္မွတ္ေရးထိုးရန္လိုအပ္သကဲ့သို႔ လက္မွတ္ ေရးထိုးၿပီးျဖစ္သည့္ အဖြဲ႕ေတြအေနျဖင့္လည္း ဥပေဒေဘာင္အတြင္းမွ သေဘာတူညီခ်က္ မ်ားႏွင့္အညီ ေနထိုင္ၿပီး ထာဝရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တပ္မေတာ္ႏွင့္အတူ လက္တြဲႀကိဳး ပမ္းသြားၾကရန္ တိုက္တြန္းလိုေၾကာင္း။

တပ္မေတာ္အေနျဖင့္ NCA လမ္းေၾကာင္းမွတဆင့္ ေဆြးေႏြးညႇိႏႈိင္းမႈမ်ား ေဆာင္႐ြက္ ေနစဥ္မွာ အခ်ိဳ႕ေဒသမ်ားတြင္ရွိသည့္ တိုက္ပြဲေရွာင္ျပည္သူေတြ ေနရပ္ျပန္ ႏိုင္ေရးကိုလည္း ကူညီေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ IDP Camp မ်ားမွ ေဒသခံ တိုင္းရင္း သား ျပည္သူမ်ား ၎တို႔ရဲ႕ေနရပ္တြင္ ျပန္လည္ေနထိုင္ႏိုင္ေရးအတြက္ သက္ဆိုင္ရာ နယ္ေျမအသီးသီးတြင္ မိုင္းရွင္းလင္းေရး လုပ္ငန္းမ်ားအပါအဝင္ အေျခခံစားဝတ္ေနေရး လုပ္ငန္းႏွင့္ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းမ်ားကိုလည္း သက္ဆိုင္ရာ ဌာနေတြမ်ားႏွင့္ ပူးေပါင္း ေဆာင္႐ြက္ ေပးလ်က္ရွိေၾကာင္း။

တပ္မေတာ္သည္ ႏိုင္ငံေတာ္က ျပဌာန္းထားသည့္ ဥပေဒမ်ားကို ေလးစာ လိုက္နာ ေဆာင္႐ြက္ရသည့္ အဖြဲ႕အစည္းျဖစ္ေၾကာင္း၊ ဥပေဒကို ေလးစားလိုက္နာၿပီး စိတ္ဓာတ္ စည္းကမ္း ေကာင္းမြန္စြာျဖင့္ ေနထိုင္က်င့္ႀကံသြားၾကရမည္ျဖစ္ေၾကာင္း၊ စည္းကမ္းအရာတြင္ စံနမူနာျပျဖစ္သည့္ အဖြဲ႕အစည္းအျဖစ္ တပ္မေတာ္၏ အစဥ္အလာ ေကာင္းမ်ားကို ထိန္းသိမ္းႀကိဳးပမ္းေဆာင္႐ြက္ ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သား တိုင္းသည္ ႏိုင္ငံေတာ္ကို ကာကြယ္ရန္ဆိုသည့္ အေျခခံစိတ္ဓာတ္ေကာင္းမြန္မႈႏွင့္ မိမိတို႔ သေဘာဆႏၵအေလ်ာက္ ‌ေ႐ြးခ်ယ္ၿပီး တပ္မေတာ္အတြင္းသို႔ ဝင္ေရာက္လာသူမ်ား ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အသက္ ခႏၶာေပး တာဝန္ထမ္းေဆာင္ေနမႈအေပၚ ဂုဏ္ယူၿပီး ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္က အားကိုးအားထားျပဳရသည့္ စစ္သည္ေတာ္ေကာင္းမ်ား ျဖစ္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ သြားၾကရန္ မွာၾကားလိုေၾကာင္း။

၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔က ျပဳလုပ္ခဲ့သည့္ ပါတီစုံ အေထြေထြ ေ႐ြးေကာက္ပြဲကစ၍ ျဖစ္ေပၚခဲ့သည့္အေျခအေန အရပ္ရပ္ေၾကာင့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ တပ္မေတာ္က ႏိုင္ငံေတာ္တာဝန္ယူခဲ့ရေၾကာင္း၊ ပါတီစုံ ဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာႏွင့္ မဲေပးပိုင္ခြင့္ ရွိသူ ၃၉.၂ သန္းရွိခဲ့ေၾကာင္း၊ လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲျပဳလုပ္ရန္ အႀကိမ္ႀကိမ္ တိုက္တြန္းေသာ္လည္း မဲေပးပိုင္ခြင့္ရွိသူမ်ားကို တပ္မေတာ္က စိစစ္ခဲ့ရာ တြင္ မဲမသမာမႈျပဳႏိုင္သည့္ မဲစာရင္းေပါင္း ၁၀.၄ သန္းေက်ာ္ရွိခဲ့သည္ကို အျငင္းပြားဖြယ္ ေတြ႕ရွိခဲ့ရေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္ အေနျဖင့္ ျဖစ္ေပၚေနသည့္ အျငင္းပြားဖြယ္ ကိစၥရပ္မ်ားကို NLD ဦးေဆာင္သည့္ အစိုးရ၊ ျပည္ေထာင္စုလႊတ္ေတာ္ႏွင့္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္တို႔ထံ ေျဖရွင္းေပးရန္ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့ေသာ္လည္း ေတာင္းဆိုခ်က္မ်ားကို ေျဖရွင္းေဆာင္႐ြက္ေပးခဲ့ျခင္း မရွိ႐ုံမွ်မက လ်စ္လ်ဴရႈၿပီး လႊတ္ေတာ္အသီးသီးေခၚယူျခင္းႏွင့္ အစိုးရသစ္ တစ္ရပ္ဖြဲ႕စည္း ႏိုင္ေရးကိုသာ ႀကိဳးပမ္းခဲ့ ေၾကာင္း၊ ထိုသို႔ျပဳလုပ္ျခင္းသည္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒပုဒ္မ ၄၀ (ဂ)ႏွင့္ ပုဒ္မ ၄၁၇ ပါ “ႏိုင္ငံေတာ္အာဏာကို အဓမၼနည္းျဖင့္ ရယူရန္ ေဆာင္႐ြက္ ျခင္း”ပင္ ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္အေနျဖင့္ NLD အစိုးရ၏ ၂၀၂၀ ေ႐ြးေကာက္ပြဲ တြင္ မ႐ိုးမသားေဆာင္႐ြက္ခဲ့သည့္ ဥပေဒမဲ့လုပ္ေဆာင္မႈေၾကာင့္ တပ္မေတာ္က ႏိုင္ငံေတာ္ တာဝန္ကို မလႊဲမေရွာင္သာ ဥပေဒႏွင့္အညီ ထမ္းေဆာင္ျခင္းပင္ေၾကာင္း၊ အေရးေပၚကာလ တာဝန္မ်ား ၿပီးေျမာက္ေအာင္ ေဆာင္႐ြက္ၿပီးပါက လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲ ျပန္လည္ ျပဳလုပ္ၿပီး တာဝန္လႊဲေျပာင္းမႈမ်ား ဆက္လုပ္သြားမည္ျဖစ္ ေၾကာင္း၊ တပ္မေတာ္သည္ ႏိုင္ငံေတာ္၏အစိတ္အပိုင္း၊ မိမိတို႔တပ္မေတာ္သားမ်ားသည္ ျပည္သူမ်ား၏ အစိတ္အပိုင္းျဖစ္ သည္ႏွင့္အညီ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားအားလုံး လုံၿခဳံ ေအးခ်မ္းစြာႏွင့္ ေအးအတူ ပူအမွ် လက္တြဲၿပီး မိမိတို႔ႏိုင္ငံအတြက္ ဂုဏ္ယူဝင့္ႂကြားစြာ ေနထိုင္လုပ္ကိုင္ႏိုင္ေအာင္ ခိုင္မာစြာ ဆက္လက္လုပ္ေဆာင္သြားမည္၊ ႏိုင္ငံသူ၊ ႏိုင္ငံသား မ်ား၏ လူမႈစီးပြားဘဝတိုးတက္ေရး ႀကိဳးစားေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း။

ဥပေဒျပဳလုပ္ငန္းကို လုပ္ေဆာင္ၾကမည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ဥပေဒကို စံျပလိုက္နာရန္လိုေၾကာင္း၊ ၎တို႔ ကိုယ္တိုင္က ဥပေဒကို ေလးစားလိုက္နာမႈ မရွိ၊ ခ်ိဳးေဖာက္မႈ ျပဳေနၾကပါက မိမိတို႔ေမွ်ာ္မွန္းထားသည့္ ဒီမိုကေရစီသည္ စည္းကမ္း မရွိသည့္ ဒီမိုကေရစီသာ ျဖစ္လိမ့္မည္ျဖစ္ေၾကာင္း၊ ယခုလည္း ပါတီေခါင္းေဆာင္ အခ်ိဳ႕ သည္ အဂတိလိုက္စားမႈမ်ား စစ္ေဆးေတြ႕ရွိရသျဖင့္ ဥပေဒႏွင့္အညီ အေရးယူ ေဆာင္႐ြက္ေနေၾကာင္း။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္ကို ေခတၱထိန္းသိမ္း ေစာင့္ေရွာက္ထားသည့္ကာလအတြင္း ခ်မွတ္ထားသည့္ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ႏွင့္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး ဦးတည္ခ်က္ ၉ ရပ္ပါအတိုင္း ေဆာင္႐ြက္သြားမည္ ျဖစ္သည့္အျပင္ ႏိုင္ငံျခားေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး စသည္တို႔ႏွင့္ ပတ္သက္ သည့္ မူဝါဒမ်ားသည္လည္း တည္ဆဲမူဝါဒမ်ားႏွင့္ ဥပေဒမ်ားကို ေျပာင္းလဲသြားမည္ မဟုတ္ဘဲ ဆက္လက္ေဆာင္ ႐ြက္သြားမွာ ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားလိုေၾကာင္း။

ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းၿပီး ဖြံ႕ၿဖိဳးတိုးတက္ေစေရး ႀကိဳးပမ္းေဆာင္႐ြက္ရာတြင္ ႏိုင္ငံတကာႏွင့္ အၿမဲထိေတြ႕ဆက္ဆံပူးေပါင္းေဆာင္႐ြက္ေနရန္ လိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္သည္ အိမ္နီးခ်င္း တပ္မေတာ္၊ ေဒသတြင္း တပ္မေတာ္မ်ားအျပင္ ႏိုင္ငံတကာ တပ္မေတာ္မ်ားႏွင့္လည္း မိတ္ဝတ္မျပတ္ ဆက္ဆံေရးမူဝါဒမ်ား ခ်မွတ္ က်င့္သုံး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထိုကဲ့သို႔ ဆက္ဆံေဆာင္႐ြက္သည့္ေနရာတြင္ အာဆီယံ တပ္မေတာ္မ်ားအပါအဝင္ မိတ္ေဆြႏိုင္ငံမ်ားမွ တပ္မေတာ္မ်ားႏွင့္ ေဒသတြင္း တည္ၿငိမ္ေအး ခ်မ္းေရးကိုေရွးရႈၿပီး ပူးေပါင္းေဆာင္႐ြက္မႈမ်ား၊ ေလ့က်င့္မႈမ်ား၊ လုပ္ေဆာင္ကာ အျပန္အလွန္ ေလ့လာသင္ယူမႈမ်ားႏွင့္ နားလည္ယုံၾကည္မႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း။

ယေန႔စစ္ေရးျပအခမ္းအနားသို႔ ဂုဏ္ျပဳတက္ေရာက္ေပးသည့္ ႐ုရွား တပ္မေတာ္မွ အဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕ ကိုလည္း အထူးေက်းဇူးတင္ရွိပါေၾကာင္း၊ အေနေဝးေသာ္လည္း ရင္းႏွီးခင္မင္စြာျဖင့္ မိတ္ေဆြရင္းပီသစြာ မိမိတို႔တပ္မေတာ္ အေပၚ အစဥ္အၿမဲ ေထာက္ခံ ကူညီေဆာင္႐ြက္ေပးလ်က္ရွိေသာ ႐ုရွားႏိုင္ငံအစိုးရႏွင့္ တပ္မေတာ္ က တာဝန္ရွိသူမ်ား အားလုံးကိုလည္း ဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါေၾကာင္း၊ တပ္မေတာ္ သည္ မွန္ကန္မြန္ျမတ္သည့္ ရည္႐ြယ္ခ်က္ႏွင့္ ဖြဲ႕စည္းတည္ေဆာက္ခဲ့ၿပီး ဂုဏ္ယူဖြယ္ရာ ေကာင္းသည့္ သမိုင္းေၾကာင္းမ်ား ကိုလည္း ပိုင္ဆိုင္ခဲ့ၿပီးျဖစ္ေၾကာင္း၊ အမိႏိုင္ငံေတာ္ႏွင့္ လူမ်ိဳး အေပၚတြင္ မည္သည့္ သစၥာေဖာက္မႈမ်ိဳးကိုမဆို မက်ဴးလြန္ဘဲ သစၥာေစာင့္သိခဲ့ သည့္ တပ္မေတာ္ျဖစ္သည္ႏွင့္အညီ ႏိုင္ငံႏွင့္ လူမ်ိဳးအေပၚတြင္ အက်ိဳးအျမတ္ရယူရန္ မႀကိဳးပမ္းဘဲ ေပးဆပ္ေရးကိုသာ အစဥ္တစိုက္ ဦးတည္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ မိမိလူမ်ိဳးကို ကိုယ္ပိုင္ႏိုင္ငံ၊ ကိုယ္ပိုင္ႏိုင္ငံေတာ္အလံႏွင့္ ကိုယ္ပိုင္ႏိုင္ငံေတာ္သီခ်င္း သီဆို ႏိုင္သည့္လူမ်ိဳးအျဖစ္ ကာကြယ္ပို႔ေဆာင္ေပးခဲ့ၿပီးလည္း ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ အတိတ္ကာလက ႏိုင္ငံႏွင့္လူမ်ိဳးအေပၚ တာဝန္ ေက်ပြန္မႈ၊ သစၥာေစာင့္သိမႈ၊ ေပးဆပ္မႈ အမ်ိဳးမ်ိဳးကို မညည္းမညဴ လုပ္ေဆာင္ခဲ့ၿပီးျဖစ္သကဲ့သို႔ ယခုပစၥဳပၸန္ကာလတြင္လည္း ႏိုင္ငံႏွင့္ လူမ်ိဳးအတြက္ တည္ၿငိမ္ေအးခ်မ္းၿပီး ဖြံ႕ၿဖိဳးတိုးတက္သည့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုႀကီး တည္ေဆာက္ေရးကို တည့္မတ္ ထိန္း သိမ္း ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္၏ ႀကိဳးပမ္းေဆာင္႐ြက္မႈ မွန္သမွ် သည္ တပ္မေတာ္အတြက္မဟုတ္ဘဲ အမိႏိုင္ငံႏွင့္ တိုင္းရင္းသား ျပည္သူလူထု ေကာင္းက်ိဳးျဖစ္ထြန္းၿပီး အခ်ဳပ္အျခာအာဏာ ပိုင္ဆိုင္သည့္ ႏိုင္ငံႏွင့္လူမ်ိဳးအျဖစ္ ကမာၻ႔ အလယ္တြင္ ဆက္လက္ ရပ္တည္သြားႏိုင္ေရး ကိုယ္က်ိဳးမငဲ့ မြန္ျမတ္သည့္ စိတ္ရင္း ေစတနာႏွင့္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း။

(၇၆) ႏွစ္ေျမာက္ တပ္မေတာ္ေန႔ ဦးတည္မ်ားျဖစ္သည့္ အမ်ိဳးသားေရး မူဝါဒ ျဖစ္ေသာ ဒို႔တာဝန္အေရးသုံးပါးကို ဆက္လက္ထိန္းသိမ္းၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒပါ အေျခခံမူမ်ားႏွင့္အညီ တိုင္းရင္းသား ျပည္သူတစ္ရပ္လုံး၏ ဆႏၵျဖစ္သည့္ ဒီမိုကေရစီ လမ္းေၾကာင္းမွ ေသြဖည္မႈ မရွိေစရန္ ျပည္သူတစ္ရပ္လုံးႏွင့္လက္တြဲ၍ တပ္မေတာ္က ကာကြယ္ထိန္းသိမ္းေပးေရး၊ သဘာဝေဘးအႏၲရာယ္ က်ေရာက္မႈ အပါအဝင္ ျပည္သူမ်ား အေပၚ က်ေရာက္လာသည့္ အႏၲရာယ္ မွန္သမွ်ကို မည္သည့္အေျခအေန၊ မည္သည့္အခ်ိန္ အခါတြင္မဆို ကာကြယ္ေစာင့္ေရွာက္ရန္ႏွင့္ ျပည္သူလူထု၏ လူေနမႈဘဝလုံၿခဳံေရးကိုပါ ဘက္ေပါင္းစုံက ကူညီေဆာင္႐ြက္ေပးေရး၊ ပါတီစုံဒီမိုကေရစီစနစ္လမ္းေၾကာင္းကို ေလွ်ာက္လွမ္းရာတြင္ လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေရးသည္ ပကတိလိုအပ္ခ်က္ ျဖစ္သည့္အတြက္ ထာဝရ ၿငိမ္းခ်မ္းေရး တည္ေဆာက္ရာတြင္ ဒို႔တာဝန္အေရးသုံးပါးကို မေသြဖည္ဘဲ NCA အေပၚအေျခခံ၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရး၊ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ အခ်ဳပ္အျခာ အာဏာကို ထိေရာက္စြာကာကြယ္ ႏိုင္ရန္ တိုက္ပြဲစြမ္းရည္နဲ႔ တိုက္ပြဲစြမ္း အားရွိေသာ က်စ္လ်စ္ခိုင္မာေတာင့္တင္းသည့္ ေခတ္မီ တပ္မေတာ္တည္ ေဆာက္ေရးဟူသည့္ ဦးတည္ခ်က္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္ သြားၾကရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကား သည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္အား စစ္ေရးျပမႉးႀကီး ဗိုလ္ခ်ဳပ္ စိုးမင္းဦး ဦးေဆာင္ေသာ စစ္ေၾကာင္းႀကီးမ်ားမွ တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ ငံရဲတပ္ဖြဲ႕ဝင္မ်ားက အစီအစဥ္အတိုင္း စစ္ေၾကာင္းပုံျဖင့္ ညီညာစြာ ခ်ီတက္ အေလးျပဳ ၾကၿပီး စစ္ေရးျပကြင္းႀကီး အတြင္းမွ ျပန္လည္ထြက္ခြာၾကသည္။

ထိုသို႔ ခ်ီတက္အေလးျပဳခ်ိန္တြင္ တပ္မေတာ္(ေလ)မွ MI-17 သယ္ယူပို႔ေဆာင္ေရး ရဟတ္ယာဥ္တစ္စီးႏွင့္ Mi-2Mတိုက္ခိုက္ေရး ရဟတ္ယာဥ္ ၂ စီးတို႔က “ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္အလံ”ကို ခ်ိတ္ဆြဲ၍လည္းေကာင္း၊ MI-35 P တိုက္ခိုက္ေရး ရဟတ္ယာဥ္ ၃ စီးက တပ္မေတာ္(ၾကည္း) အလံ၊ တပ္မေတာ္(ေရ) အလံႏွင့္ တပ္မေတာ္ (ေလ) အလံတို႔ကို ခ်ိတ္ဆြဲကာ Vic Formation ပုံစံျဖင့္လည္းေကာင္း၊ Bell-212 ရဟတ္ယာဥ္ ၁ စီးႏွင့္ Bell-206 ရဟတ္ယာဥ္ ၂ စီးတို႔က အမ်ိဳးအစားမတူ အုပ္ဖြဲ႕ ပ်ံသန္းျခင္းပုံစံျဖင့္လည္းေကာင္း၊ H-125 ရဟတ္ယာဥ္ ၁ စီးႏွင့္ H-120 ရဟတ္ယာဥ္ ၂ စီးတို႔က အမ်ိဳးအစားမတူ အုပ္ဖြဲ႕ပ်ံသန္းျခင္းပုံစံျဖင့္လည္းေကာင္း အသီးသီးခ်ီတက္ အေလးျပဳၾကၿပီး H-120 ရဟတ္ယာဥ္ ၂ စီးတြင္ ခ်င္းတိုင္းရင္းသူ ဗိုလ္ ေဒၚေမဇင္သွ်ံႏွင့္ မြန္တိုင္းရင္းသူ ဗိုလ္ေဒၚျဖဴသြယ္ေက်ာ္ တို႔က တပ္မေတာ္ေန႔စစ္ေရးျပအခမ္းအနားတြင္ ပထမဦးဆုံးေလသူရဲမ်ားအျဖစ္ ပါဝင္ ပ်ံသန္း သ႐ုပ္ျပခဲ့ ၾကျခင္းျဖစ္သည္။

ထို႔ေနာက္ Mi-2 တိုက္ခိုက္ေရးရဟတ္ယာဥ္ ၃ စီးက Vic Formation ပုံစံျဖင့္ လည္းေကာင္း၊ Eurocopter ရဟတ္ယာဥ္ ၁ စီးႏွင့္ PC-7 အေပါ့စားကင္းေထာက္ တိုက္ ေလယာဥ္ ၂ စီးတို႔က အမ်ိဳးအစားမတူ အုပ္ဖြဲ႕ပ်ံသန္းျခင္းပုံစံျဖင့္လည္းေကာင္း၊ Grob အေမာင္းသင္ေလယာဥ္ ၅ စီးက Arrow Head Formation ပုံစံျဖင့္လည္းေကာင္း၊ Beech သယ္ယူပို႔ေဆာင္ေရးေလယာဥ္ ၁ စီး ႏွင့္ K-8 အေပါ့စားတိုက္ခိုက္ေရးေလယာဥ္ ၂ စီးတို႔က အုပ္ဖြဲ႕ပ်ံသန္းျခင္းပုံစံျဖင့္လည္းေကာင္း၊ JF-17 ဘက္စုံသုံးအေပါ့စားတိုက္ခိုက္ေရးေလယာဥ္ ၃ စီးက Vic Formation ပုံစံျဖင့္ လည္းေကာင္း၊ A-5 ေျမျပင္တိုက္ခိုက္ေရးေလယာဥ္ ၃ စီးႏွင့္ F-7 ၾကားျဖတ္တိုက္ခိုက္ေရးေလယာဥ္ ၂ စီး တို႔က အမ်ိဳးအစားမတူ ျမႇားေခါင္းပုံစံ ပ်ံသန္းၿပီး ႏိုင္ငံေတာ္အလံကိုယ္စားျပဳ အဝါေရာင္၊ အစိမ္းေရာင္၊ အနီေရာင္ မီးခိုးမ်ားကို ထုတ္လႊတ္၍လည္းေကာင္း၊ Yak-130 အေပါ့စားတိုက္ခိုက္ေရး ေလယာဥ္ ၅ စီးက Arrow Head Formation ပုံစံျဖင့္လည္းေကာင္း၊ K-8 အေပါ့စားတိုက္ခိုက္ေရး ေလယာဥ္ ၃ စီးႏွင့္ Yak-130 အေပါ့စားတိုက္ခိုက္ေရးေလယာဥ္ ၂ စီးတို႔က အမ်ိဳးအစားမတူ Right Echelon ပုံစံအုပ္ဖြဲ႕ပ်ံသန္းၿပီး ႏိုင္ငံေတာ္အလံ ကိုယ္စားျပဳ အဝါေရာင္၊ အစိမ္းေရာင္၊ အနီေရာင္ မီးခိုးမ်ားကို ထုတ္လႊတ္၍လည္းေကာင္း၊ Mig-29 ဘက္စုံသုံးတိုက္ေလယာဥ္ ၅ စီးက Arrow Head Formation ပုံစံျဖင့္လည္းေကာင္း၊ Fan Break ပုံစံျဖင့္လည္းေကာင္း အသီးသီး သ႐ုပ္ျပပ်ံသန္းၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္အား အေလးျပဳၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ သည္ တက္ေရာက္လာၾကသည့္ ဧည့္သည္ ေတာ္ႀကီးမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံ ႏႈတ္ဆက္ခဲ့ကာ စစ္ေရးျပကြင္းႀကီးမွ ျပန္လည္ ထြက္ခြာခဲ့ၿပီး ၂၁၂၁ ခုႏွစ္(၇၆)ႏွစ္ေျမာက္ တပ္မေတာ္ေန႔စစ္ေရးျပ အခမ္းအနား ကို ေအာင္ျမင္စြာ႐ုပ္သိမ္းခဲ့သည္။

(၇၆)ႏွစ္ေျမာက္တပ္မေတာ္ေန႔ စစ္ေရးျပက်င္းပေသာ ေနျပည္ေတာ္စစ္ေရးျပ ကြင္းႀကီးတြင္ ခံ့ညားစြာစိုက္ထူထားသည့္ ပထမ၊ ဒုတိယႏွင့္ တတိယ ျမန္မာႏိုင္ငံေတာ္ တို႔ကို တည္ေထာင္ခဲ့ၾကေသာ မင္းသုံးပါးတို႔၏ ေၾကး႐ုပ္တုႀကီးမ်ားကို လည္းေကာင္း၊ တပ္မေတာ္ေန႔ မီးရႉးတိုင္ႏွင့္ (၇၆) ႏွစ္ေျမာက္ တပ္မေတာ္ေန႔အထိမ္းအမွတ္ တံဆိပ္ ႀကီးကိုလည္းေကာင္း ဝင့္ထည္စြာ ေတြ႕ျမင္ႏိုင္သည့္အျပင္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ အလံ၊ ဗမာ့ကာကြယ္ေရး တပ္မေတာ္အလံ၊ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)အလံမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)ၫႊန္ၾကားေရးမႉး႐ုံးအလံမ်ား၊ တိုင္းစစ္ဌာနခ်ဳပ္၊ တပ္မ ဌာနခ်ဳပ္အသီးသီးႏွင့္ တပ္ရင္းတပ္ဖြဲ႕မ်ား၏ အမွတ္တံဆိပ္ပါ ေရာင္စုံအလံမ်ား တလြင့္လြင့္ လႊင့္ထူထားၾကသည္ ကိုလည္း ေတြ႕ျမင္ႏိုင္သည္။

ထို႔အျပင္ (၇၆) ႏွစ္ေျမာက္ တပ္မေတာ္ေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ ရန္ကုန္-မႏၲေလး ကားလမ္းမႏွင့္ ပင္ေလာင္းလမ္းဆုံတြင္ မ်ိဳးခ်စ္စိတ္ဓာတ္ရွင္သန္ထက္ျမက္ ၿပီး ဇာတိေသြး၊ ဇာတိမာန္ တက္ႂကြေစမည့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)စစ္သည္မ်ား၏ လႈပ္ရွားမႈပုံရိပ္မ်ားကို ေဖာ္ၾကဴးထားေသာ ပိုစတာႀကီးမ်ားကို စိုက္ထူထားရွိၿပီး စစ္ေရးျပ ကြင္းေရွ႕ရွိ လမ္းတစ္ေလွ်ာက္တြင္လည္း တပ္မေတာ္၏ ေဆာင္ပုဒ္မ်ားကို ျမန္မာ၊ အဂၤလိပ္ ႏွစ္ဘာသာျဖင့္ ဆိုင္းဘုတ္မ်ားစိုက္ထူကာ စာတန္းမ်ားကိုလည္း ခ်ိတ္ဆြဲထား ရွိခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။