နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တာချီလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် မတ် ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် တာချီလိတ် တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့် တာချီလိတ် တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် တာချီလိတ်မြို့၊ နဂါးနှစ်ကောင် ကျောင်းတိုက် ဆရာတော်ကြီးအား အဘိဓဇမဟာဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ရန် လာရောက်စဉ် အခါအခွင့်ကြုံကြိုက်သဖြင့် ယခုကဲ့သို့ အမှာစကားပြောကြားရခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ အရာရှိ၊ စစ်သည် မိသားစုများအနေဖြင့် သိရှိနေရမည်ဖြစ်ပြီး နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ ဖြစ်စေရေး၊ ခိုင်မာသည့် ဒီမိုကရေစီစနစ် ဖြစ်စေရေး နိုင်ငံတော်၏တာဝန်ကို တပ်မတော်မှ ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခင်တပ်မတော်အစိုးရလက်ထက် တပ်မတော် အနေဖြင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီ မကူးပြောင်းမီကာလများတွင် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီကျင့်သုံးပုံများကိုလေ့လာပြီး ဒီမိုကရေစီပြုပြင်

ပြောင်းလဲမှုအဆင့်ဆင့်ကို ပုံဖော်ခဲ့ရကြောင်း၊ ထို့နောက် ပြည်သူတို့လိုလား တောင့်တ သည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လုပ်ဆောင်ပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ဒီမိုကရေစီနည်းလမ်း ကျစွာ ဖြင့် အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း။

ရွေးကောက်ပွဲပြီးနောက် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံ ရေးနှင့် ကဏ္ဍပေါင်းစုံတွင် တိုးတက်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သော်လည်း စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းခဲ့ ခြင်းဖြစ်သဖြင့် ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ နားလည်သိရှိနိုင်ရန် လိုအပ်မှုများ ရှိခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံအလိုက်ကျင့်သုံးသည့် ဒီမိုကရေစီ ကျင့်သုံးပုံခြင်း တူညီမှုမရှိဘဲ မိမိတို့နိုင်ငံ၏ လူနေမှုစနစ်၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ၊ ဓလေ့ ထုံးတမ်းစဉ်လာများနှင့် ကိုက်ညီသည့် ဒီမိုကရေစီကိုသာ ကျင့်သုံးလေ့ရှိကြကြောင်း၊ ဒီမိုကရေစီ ကူးပြောင်းစ ကာလတွင် အင်အားကြီးနိုင်ငံအချို့က ၎င်းတို့လိုလားသည့် ပုံစံအတိုင်း ဖြစ်စေရေး နည်းလမ်းအမျိုးမျိုးဖြင့် တွန်းအားပေးဆောင်ရွက်ခဲ့မှုများ ရှိ၍ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဒီမိုကရေစီခိုင်မာအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကြောင်း။

၂၀၁၂ ခုနှစ်တွင် အတိုက်အခံပါတီအဖြစ် ရပ်တည်နေသော NLD ပါတီ ကို ရွေးကောက်ပွဲ ဝင်ရောက်နိုင်စေရေး ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ပေးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အစိုးရသစ်တစ်ရပ် တက်လာခဲ့ပြီး ၅ နှစ် တာသက်တမ်းအုပ်ချုပ်ခဲ့ရာတွင် အစိုးရ၏လုပ်ဆောင်ချက်များအပေါ်တွင် ဝေဖန် ပြောဆိုမှုများ၊ ဝေဖန်ထောက်ပြမှုများ များစွာဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံတွင် ထိုက်သင့်သလောက် တိုးတက်မှုများ မဖြစ် ပေါ်ခဲ့ကြောင်း၊ ထို့ပြင် ဥပဒေနှင့် မလျော်ညီသည့် လုပ်ဆောင်ချက်များကို တွေ့ရှိလာ ရကြောင်း၊ ထို့နောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း မဲမသမာမှုများ ဖြစ်ပေါ် ခဲ့သည်ကိုတွေ့ရှိရသဖြင့် တပ်မတော်က နည်းလမ်းတကျဖြေရှင်းဆောင်ရွက်ပေးရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့ကြောင်း၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပ တော့မည်ဖြစ်သော်လည်း ၇ ရက်နေ့အထိ မဲလက်မှတ်များ ရိုက်နှိပ်လျက်ရှိနေသည် ကို တွေ့ရှိပြီး ကြိုတင်မဲများ၊ အခြားသောနည်းလမ်းများဖြင့် မဲမသမာမှုများဖြစ်ပေါ် အောင်လုပ်ဆောင်ခဲ့ရာ စုစုပေါင်း သံသယဖြစ်ဖွယ် မဲမသမာမှု ၁၀ သန်း ကျော်အထိ ရှိခဲ့သည်ကို တွေ့ရှိ ရကြောင်း၊

ထိုသို့ မဲစာရင်းမှားယွင်းမှုများကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ အတတ်နိုင် ဆုံး ဖြေရှင်းဆောင်ရွက်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ ဆွေးနွေးညှိနှိုင်း ဖြေရှင်းမရသည့်အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ အစိုးရ အသစ်ဖွဲ့ရန် အတင်းအဓမ္မကြံစည်ကြိုးပမ်းလာမှုများကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေ ဖြင့် စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီ ဖြစ်စေရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

၂၀၂၀ ရွေးကောက်ပွဲတွင် မရိုးမသားဆောင်ရွက်ခဲ့သည့် ဥပဒေမဲ့ လုပ်ဆောင် မှုကြောင့် တပ်မတော်က နိုင်ငံတော် တာဝန်ကို မလွှဲမရှောင်သာ ဥပဒေနှင့်အညီ ထမ်းဆောင်ခြင်းဖြစ်ပြီး အရေးပေါ်ကာလတာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီး ပါက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်ကာ တာဝန်လွှဲ ပြောင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်း၊ မိမိတို့တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်းဖြစ်သည်နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး လုံခြုံအေးချမ်းစွာဖြင့် အေးအတူပူအမျှ လက်တွဲပြီး မိမိတို့နိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားစွာ နေထိုင် လုပ်ကိုင်နိုင်အောင် ခိုင်မာစွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝတိုးတက်ရေး ကြိုးစားဆောင်ရွက် သွားမည်ဖြစ် ကြောင်း။

တပ်မတော်သားမိသားစုများအနေဖြင့် မိမိတို့၏ တစ်ဦးချင်းလုပ်ဆောင် ရမည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ပြီး နိုင်ငံ့တာဝန်များကို တစ်ဖက် တစ်လှမ်းမှ ပါဝင်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုး၊ ဘာသာ၊ သာသနာ တည်တံ့ခိုင်မြဲရေးနှင့် ထွန်းကားပြန့်ပွားရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာဖြင့် ရည်မှန်းချက်ပြီးမြောက်အောင် လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း ဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တာချီလိတ် တပ်နယ်မှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက မိခင်နှင့်ကလေးထောက်ပံ့ငွေ များကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးက လည်းကောင်း အသီးသီးလက်ခံရယူကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြ သည်။

ယင်းနောက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ ကျက်သရေ ဆောင် နောင်တုံရေကန်သို့ ရောက်ရှိကြပြီး နောင်တုံကန် သာယာလှပရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ၏ စုပေါင်းလှူဒါန်းမှုများဖြင့် ဆောင်ရွက်လျက်ရှိသည့် ကန်ပတ်လမ်းအဆင့်မြှင့်တင်နေမှု၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ရေနုတ်မြောင်းပြုလုပ်ခြင်းနှင့် သာယာလှပရေး လုပ်ဆောင် နေမှု အခြေအနေများကို ကြည့်ရှုကြရာ ကျိုင်းတုံမြို့နယ်၊ စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က လိုအပ်သည်များ ပြန်လည်ဆွေးနွေးခဲ့ပြီး နောင်တုံကန်ပတ်လမ်း တစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တာခ်ီလိတ္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ မတ္ ၂၈

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သည္ ယေန႔မြန္းလြဲပိုင္းတြင္ တာခ်ီလိတ္ တပ္နယ္မွ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား သြားေရာက္ေတြ႕ဆုံအမွာစကား ေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီး ေဒၚၾကဴၾကဴလွ၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးမင္းထြန္း ႏွင့္ တာခ်ီလိတ္ တပ္နယ္မွ အရာရွိ၊ စစ္သည္ မိသားစုမ်ား တက္ေရာက္ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က အမွာစကားေျပာၾကားရာတြင္ တာခ်ီလိတ္ၿမိဳ႕၊ နဂါးႏွစ္ေကာင္ ေက်ာင္းတိုက္ ဆရာေတာ္ႀကီးအား အဘိဓဇမဟာ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ပူေဇာ္ရန္ လာေရာက္စဥ္ အခါအခြင့္ႀကဳံႀကိဳက္သျဖင့္ ယခုကဲ့သို႔ အမွာစကားေျပာၾကားရျခင္း ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ႏိုင္ငံေရးအေျခအေနမ်ားႏွင့္ ပတ္သက္၍ အရာရွိ၊ စစ္သည္ မိသားစုမ်ားအေနျဖင့္ သိရွိေနရမည္ျဖစ္ၿပီး ႏိုင္ငံတြင္ျဖစ္ေပၚခဲ့သည့္ အေျခအေနမ်ားအရ စစ္မွန္ၿပီးစည္းကမ္းျပည့္ဝသည့္ ဒီမိုကေရစီ ျဖစ္ေစေရး၊ ခိုင္မာသည့္ ဒီမိုကေရစီစနစ္ ျဖစ္ေစေရး ႏိုင္ငံေတာ္၏တာဝန္ကို တပ္မေတာ္မွ ေခတၱတာဝန္ယူထိန္းသိမ္း ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ ယခင္တပ္မေတာ္အစိုးရလက္ထက္ တပ္မေတာ္ အေနျဖင့္ မိမိတို႔ႏိုင္ငံကို ဒီမိုကေရစီ မကူးေျပာင္းမီကာလမ်ားတြင္ ႏိုင္ငံတကာတြင္ က်င့္သုံးလ်က္ရွိသည့္ ဒီမိုကေရစီက်င့္သုံးပုံမ်ားကိုေလ့လာၿပီး ဒီမိုကေရစီျပဳျပင္

ေျပာင္းလဲမႈအဆင့္ဆင့္ကို ပုံေဖာ္ခဲ့ရေၾကာင္း၊ ထို႔ေနာက္ ျပည္သူတို႔လိုလား ေတာင့္တ သည္ ဒီမိုကေရစီလမ္းေၾကာင္းေပၚသို႔ ေရာက္ရွိေအာင္ လုပ္ေဆာင္ေပးခဲ့ၿပီး ၂၀၁၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲႀကီးကို ဒီမိုကေရစီနည္းလမ္း က်စြာ ျဖင့္ ေအာင္ျမင္စြာ လုပ္ေဆာင္ေပးႏိုင္ခဲ့ေၾကာင္း။

ေ႐ြးေကာက္ပြဲၿပီးေနာက္ သမၼတ ဦးသိန္းစိန္ လက္ထက္တြင္ ႏိုင္ငံေတာ္သည္ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈမ်ား၊ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ႏိုင္ငံတကာ ဆက္ဆံ ေရးႏွင့္ က႑ေပါင္းစုံတြင္ တိုးတက္ေျပာင္းလဲမႈမ်ား လုပ္ေဆာင္ႏိုင္ခဲ့ေသာ္လည္း စိန္ေခၚမႈမ်ားႏွင့္လည္း ရင္ဆိုင္ခဲ့ရေၾကာင္း၊ ဒီမိုကေရစီစနစ္ကို စတင္ေလွ်ာက္လွမ္းခဲ့ ျခင္းျဖစ္သျဖင့္ ဒီမိုကေရစီစနစ္ႏွင့္ ပတ္သက္၍ နားလည္သိရွိႏိုင္ရန္ လိုအပ္မႈမ်ား ရွိခဲ့ေၾကာင္း၊ ကမာၻ႔ႏိုင္ငံမ်ားတြင္ ႏိုင္ငံအလိုက္က်င့္သုံးသည့္ ဒီမိုကေရစီ က်င့္သုံးပုံျခင္း တူညီမႈမရွိဘဲ မိမိတို႔ႏိုင္ငံ၏ လူေနမႈစနစ္၊ ယဥ္ေက်းမႈစ႐ိုက္လကၡဏာ၊ ဓေလ့ ထုံးတမ္းစဥ္လာမ်ားႏွင့္ ကိုက္ညီသည့္ ဒီမိုကေရစီကိုသာ က်င့္သုံးေလ့ရွိၾကေၾကာင္း၊ ဒီမိုကေရစီ ကူးေျပာင္းစ ကာလတြင္ အင္အားႀကီးႏိုင္ငံအခ်ိဳ႕က ၎တို႔လိုလားသည့္ ပုံစံအတိုင္း ျဖစ္ေစေရး နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ တြန္းအားေပးေဆာင္႐ြက္ခဲ့မႈမ်ား ရွိ၍ စိန္ေခၚမႈမ်ားစြာကို ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရၿပီး ဒီမိုကေရစီခိုင္မာေအာင္ ႀကိဳးပမ္း ေဆာင္႐ြက္ခဲ့ၾကေၾကာင္း။

၂၀၁၂ ခုႏွစ္တြင္ အတိုက္အခံပါတီအျဖစ္ ရပ္တည္ေနေသာ NLD ပါတီ ကို ေ႐ြးေကာက္ပြဲ ဝင္ေရာက္ႏိုင္ေစေရး ေ႐ြးေကာက္ပြဲ ဥပေဒကို ျပင္ဆင္ေပးခဲ့ေၾကာင္း၊ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ အစိုးရသစ္တစ္ရပ္ တက္လာခဲ့ၿပီး ၅ ႏွစ္ တာသက္တမ္းအုပ္ခ်ဳပ္ခဲ့ရာတြင္ အစိုးရ၏လုပ္ေဆာင္ခ်က္မ်ားအေပၚတြင္ ေဝဖန္ ေျပာဆိုမႈမ်ား၊ ေဝဖန္ေထာက္ျပမႈမ်ား မ်ားစြာျဖစ္ေပၚခဲ့ၿပီး တိုင္းျပည္၏ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ဘက္ေပါင္းစုံတြင္ ထိုက္သင့္သေလာက္ တိုးတက္မႈမ်ား မျဖစ္ ေပၚခဲ့ေၾကာင္း၊ ထို႔ျပင္ ဥပေဒႏွင့္ မေလ်ာ္ညီသည့္ လုပ္ေဆာင္ခ်က္မ်ားကို ေတြ႕ရွိလာ ရေၾကာင္း၊ ထို႔ေနာက္ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္လည္း မဲမသမာမႈမ်ား ျဖစ္ေပၚ ခဲ့သည္ကိုေတြ႕ရွိရသျဖင့္ တပ္မေတာ္က နည္းလမ္းတက်ေျဖရွင္းေဆာင္႐ြက္ေပးရန္ အႀကိမ္ႀကိမ္တိုက္တြန္းခဲ့ေၾကာင္း၊ ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ ေ႐ြးေကာက္ပြဲက်င္းပ ေတာ့မည္ျဖစ္ေသာ္လည္း ၇ ရက္ေန႔အထိ မဲလက္မွတ္မ်ား ႐ိုက္ႏွိပ္လ်က္ရွိေနသည္ ကို ေတြ႕ရွိၿပီး ႀကိဳတင္မဲမ်ား၊ အျခားေသာနည္းလမ္းမ်ားျဖင့္ မဲမသမာမႈမ်ားျဖစ္ေပၚ ေအာင္လုပ္ေဆာင္ခဲ့ရာ စုစုေပါင္း သံသယျဖစ္ဖြယ္ မဲမသမာမႈ ၁၀ သန္း ေက်ာ္အထိ ရွိခဲ့သည္ကို ေတြ႕ရွိ ရေၾကာင္း၊

ထိုသို႔ မဲစာရင္းမွားယြင္းမႈမ်ားကို ဒီမိုကေရစီနည္းလမ္းမ်ားႏွင့္အညီ အတတ္ႏိုင္ ဆုံး ေျဖရွင္းေဆာင္႐ြက္ရန္ ႀကိဳးစားခဲ့ေသာ္လည္း မည္သို႔မွ် ေဆြးေႏြးညႇိႏႈိင္း ေျဖရွင္းမရသည့္အျပင္ တတိယအႀကိမ္လႊတ္ေတာ္ေခၚယူ၍ အစိုးရ အသစ္ဖြဲ႕ရန္ အတင္းအဓမၼႀကံစည္ႀကိဳးပမ္းလာမႈမ်ားေၾကာင့္ တပ္မေတာ္အေနျဖင့္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ (၂၀၀၈ ခုႏွစ္)ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္မွစ၍ ႏိုင္ငံေရးအရ အေရးေပၚအေျခအေနေၾကညာခဲ့ရၿပီး ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီကို ဖြဲ႕စည္းေဆာင္႐ြက္ခဲ့ရျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္အေန ျဖင့္ စစ္မွန္သည့္ ဒီမိုကေရစီျဖစ္ေစေရး၊ စည္းကမ္းရွိၿပီး ခိုင္မာသည့္ ဒီမိုကေရစီ ျဖစ္ေစေရး ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း။

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ မ႐ိုးမသားေဆာင္႐ြက္ခဲ့သည့္ ဥပေဒမဲ့ လုပ္ေဆာင္ မႈေၾကာင့္ တပ္မေတာ္က ႏိုင္ငံေတာ္ တာဝန္ကို မလႊဲမေရွာင္သာ ဥပေဒႏွင့္အညီ ထမ္းေဆာင္ျခင္းျဖစ္ၿပီး အေရးေပၚကာလတာဝန္မ်ား ၿပီးေျမာက္ေအာင္ ေဆာင္႐ြက္ၿပီး ပါက လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲ ျပန္လည္ ျပဳလုပ္ကာ တာဝန္လႊဲ ေျပာင္းမႈမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ ႏိုင္ငံေတာ္၏အစိတ္အပိုင္း၊ မိမိတို႔တပ္မေတာ္သားမ်ားသည္ ျပည္သူမ်ား၏ အစိတ္အပိုင္းျဖစ္သည္ႏွင့္အညီ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားအားလုံး လုံၿခဳံေအးခ်မ္းစြာျဖင့္ ေအးအတူပူအမွ် လက္တြဲၿပီး မိမိတို႔ႏိုင္ငံအတြက္ ဂုဏ္ယူဝင့္ႂကြားစြာ ေနထိုင္ လုပ္ကိုင္ႏိုင္ေအာင္ ခိုင္မာစြာ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ လူမႈစီးပြားဘဝတိုးတက္ေရး ႀကိဳးစားေဆာင္႐ြက္ သြားမည္ျဖစ္ ေၾကာင္း။

တပ္မေတာ္သားမိသားစုမ်ားအေနျဖင့္ မိမိတို႔၏ တစ္ဦးခ်င္းလုပ္ေဆာင္ ရမည့္ တာဝန္မ်ားကို ေက်ပြန္ေအာင္ ထမ္းေဆာင္ၿပီး ႏိုင္ငံ့တာဝန္မ်ားကို တစ္ဖက္ တစ္လွမ္းမွ ပါဝင္ထမ္းေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ အမ်ိဳး၊ ဘာသာ၊ သာသနာ တည္တံ့ခိုင္ၿမဲေရးႏွင့္ ထြန္းကားျပန႔္ပြားေရးကိုလည္း ဆက္လက္ လုပ္ေဆာင္သြားၾကရမည္ျဖစ္ေၾကာင္း၊ မိမိတို႔၏ တာဝန္မ်ားကို ထမ္းေဆာင္ရာတြင္ ယုံယုံၾကည္ၾကည္ ခိုင္ခိုင္မာမာျဖင့္ ရည္မွန္းခ်က္ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ၾက ရမည္ျဖစ္ေၾကာင္း ျဖင့္ ေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က စားေသာက္ဖြယ္ရာပစၥည္းမ်ားကို ေပးအပ္ရာ တာခ်ီလိတ္ တပ္နယ္မႉးက လည္းေကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက မိခင္ႏွင့္ကေလးေထာက္ပံ့ေငြ မ်ားကို ေပးအပ္ရာ တပ္နယ္မႉး၏ ဇနီးက လည္းေကာင္း အသီးသီးလက္ခံရယူၾကသည္။ ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ တပ္နယ္ အသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ခဲ့ၾက သည္။

ယင္းေနာက္ ညေနပိုင္းတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ က်ိဳင္းတုံၿမိဳ႕ က်က္သေရ ေဆာင္ ေနာင္တုံေရကန္သို႔ ေရာက္ရွိၾကၿပီး ေနာင္တုံကန္ သာယာလွပေရးအတြက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ား၊ အလႉရွင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား၏ စုေပါင္းလႉဒါန္းမႈမ်ားျဖင့္ ေဆာင္႐ြက္လ်က္ရွိသည့္ ကန္ပတ္လမ္းအဆင့္ျမႇင့္တင္ေနမႈ၊ ကြန္ကရစ္လမ္းခင္းျခင္း၊ ေရႏုတ္ေျမာင္းျပဳလုပ္ျခင္းႏွင့္ သာယာလွပေရး လုပ္ေဆာင္ ေနမႈ အေျခအေနမ်ားကို ၾကည့္ရႈၾကရာ က်ိဳင္းတုံၿမိဳ႕နယ္၊ စည္ပင္သာယာေရး ေကာ္မတီမွ တာဝန္ရွိသူမ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားက ရွင္းလင္းတင္ျပၾကသည္။ ရွင္းလင္း တင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ က လိုအပ္သည္မ်ား ျပန္လည္ေဆြးေႏြးခဲ့ၿပီး ေနာင္တုံကန္ပတ္လမ္း တစ္ေလွ်ာက္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္ရႈခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။