နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာ စကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညွန့်ဖေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်ကြပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် က မကွေးတိုင်းဒေသကြီး အတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံဖြိုး တိုးတက်ရေးဆောင်ရွက်မှု အခြေအနေများ၊ COVID -19 ရောဂါကာကွယ်ဆေး ထိုးနှံဆောင် ရွက်ထားရှိမှုအခြေအနေများနှင့် အထွေထွေ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အနှစ်သာရဖြစ်ပြီး မိမိတို့ ငယ်စဉ်က အတန်းပညာ သင်ကြား စဉ်ကပင် အတန်းခေါင်းဆောင်ရွေးခြယ်ခန့်ထားရာ၌ အများ၏ဆန္ဒဖြင့် ရွေးခြယ် ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်ခြင်းသည် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့ ကိုယ်စားလှယ်များကို ရွေးကောက်ခြင်းဖြစ်သဖြင့် ပိုမိုအရေးကြီးပါကြောင်း၊ ယခင် တပ်မတော်အစိုးရလက်ထက် တပ်မတော်အနေဖြင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီ မကူးပြောင်းမီကာလများတွင် နိုင်ငံတကာတွင်ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီ ကျင့်သုံးပုံများကို လေ့လာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအဆင့်ဆင့်ကို ပုံဖော်ခဲ့ရကြောင်း၊ ထို့နောက် ပြည်သူတို့လိုလားတောင့်တသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လုပ်ဆောင်ပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ဒီမိုကရေစီနည်းလမ်းကျစွာ ဖြင့် အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲပြီးနောက် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သည် ဒီမိုကရေစီပြုပြင် ပြောင်းလဲ မှုများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံ တွင် တိုးတက်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သော်လည်း စိန်ခေါ်မှုများနှင့် လည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းခဲ့ခြင်း ဖြစ်သ ဖြင့် ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ နားလည်သိရှိနိုင်ရန် လိုအပ်မှုများရှိခဲ့ပါ ကြောင်း။

၂၀၁၂ ခုနှစ်တွင် အတိုက်အခံပါတီအဖြစ် ရပ်တည်နေသော NLD ပါတီကို ရွေးကောက်ပွဲ ဝင်ရောက်နိုင်စေရေး ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပေးခဲ့ ပါကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အစိုးရသစ်တစ်ရပ် တက်လာခဲ့ပြီး ၅ နှစ်တာ သက်တမ်းအုပ်ချုပ်ခဲ့ရာတွင် အစိုးရ၏လုပ်ဆောင်ချက်များအပေါ်တွင် ဝေဖန် ပြောဆိုမှုများ၊ ဝေဖန်ထောက်ပြမှုများ များစွာဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံတွင် ပြည်သူလူထု မျှော်လင့် ထားသည့် အတိုင်းအတာထိ၊ ထိုက်သင့်သည့် တိုးတက်မှုများ ဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းမရှိသည်ကို တွေ့ရှိကြရမည်ဖြစ်ပါကြောင်း။

ထို့နောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲပြုလုပ်ခဲ့ရာတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိရသဖြင့် တပ်မတော်က နည်းလမ်းတကျဖြေရှင်း ဆောင်ရွက်ပေးရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့ကြောင်း၊ မဲစာရင်းလိမ်လည်မှုသည် ဆိုးဝါးသည့်လုပ်ရပ်ဖြစ်ပြီး ရိုးရိုးသားသားဖြင့် လုပ်ဆောင်လျင် မဲနိုင်မည် ဖြစ်သော်လည်း ရိုးရိုးဖြေပါက အောင်မြင်မည့် စာမေးပွဲကို မတန်တဆအမှတ် လိုချင်သဖြင့် မသမာသည့်နည်းဖြင့် လုပ်ဆောင်သည်နှင့် တူနေပါကြောင်း၊ ထိုသို့ မဲစာရင်း မှားယွင်းနေမှုများကို ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့ရန် အတင်း အဓမ္မ ကြံစည် ကြိုးပမ်းလာမှုများကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာကာ ယာယီသမ္မတ၏ လွှဲအပ်ချက်အရ တပ်မတော်က နိုင်ငံတော်၏ တာဝန်များ ကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း ဆောင်ရွက်နေခြင်းပင်ဖြစ်ပါကြောင်း။

ထိုသို့ဖွဲ့စည်းရာတွင်လည်း တပ်ဘက်၊ အရပ်ဘက် မျှတအောင် အချိုးကျ ဖွဲ့စည်းထားခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ကောင်စီဥက္ကဋ္ဌများကို အရပ်သားများဖြင့်သာ ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့် စစ်မှန် သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေး ခေတ္တ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်ပါကြောင်း၊ ယခင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများကို စစ်ဆေးခဲ့ရာတွင်လည်း ၎င်းတို့၏ ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်မှုမရှိဘဲ သမ္မတ၏ ပြောဆိုမှု အတိုင်းသာ လုပ်ဆောင်နေရခြင်းဖြစ်သည်ဟု ဖွင့်ဟပြောဆိုခဲ့ပြီး ထိုသို့ ပြောဆို ခဲ့မှု အခြေအနေများကိုလည်း သတင်းစာရှင်းလင်းပွဲများတွင် ထည့်သွင်း ပြသခဲ့ ပြီးဖြစ်ကြောင်း။

ဒီမိုကရေစီနိုင်ငံများတွင် မဲမသမာမှုပြုလုပ်ပြီး ရွေးကောက်ပွဲ အနိုင်ရရန် လုပ်ဆောင်ခြင်းသည် မည်သည့်နိုင်ငံကမျှလက်ခံ၍ ရနိုင်မည်မဟုတ်သည့် လုပ်ရပ်ဖြစ်ပြီး ဒီမိုကရေစီကို ပျက်ရယ်ပြုစော်ကားခြင်းပင်ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ကိုချမှတ်၍ ပထမဦးစားပေးအနေဖြင့် မဲစာရင်းများကို စိစစ် လျက်ရှိပြီး တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာလျက်ရှိကာ အလုံးစုံပြီးစီးပါက ပေါင်းချုပ်စာရင်းများကို ဆက်လက်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း၊ COVID -19 ရောဂါကာကွယ်ကုသရေးလုပ်ငန်းများနှင့် ရောဂါကြောင့် ဖြစ်ပေါ် ထိခိုက်ခဲ့သည့် စီးပွားရေးကဏ္ဋကို ကုစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း NCA ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်၍တရားမျှတသည့် ရေွးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်၏ တာဝန်ကို လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မကွေးတိုင်းဒေသကြီးသည် ဆီဖူလုံမှုရှိပြီး နိုင်ငံတော်၏ ဆီအိုးကြီးဟု ပြောဆိုမှုများရှိကြပြီး ဆီဖူလုံမှု ၃၅၂ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရှိရပါကြောင်း၊ ဆီ ထွက်ရှိသည့် ဒေသဖြစ်သော်လည်း ဆီကြောင့်ဖြစ်ပွားသည့် ရောဂါများ ဖြစ်ပေါ် နေရခြင်းမှာ မိမိဒေသထွက် ပဲ၊ နှမ်းများကို ပြင်ပသို့ရောင်းချပြီး ပြင်ပမှ ဆီများကို ပြန်လည်ဝယ်စားနေခြင်းကြောင့်ပင်ဖြစ်ကြောင်း၊ ထို့ပြင် အချိုမှုန့်များစားသုံးခြင်း၊ မူးယစ်ဆေးများသုံးစွဲခြင်းတို့ကြောင့်လည်း ရောဂါ ဖြစ်ပွားမှုများကို ပိုမိုတိုးပွား စေ မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပျမ်းမျှမျှော်မှန်း သက်တမ်းသည် ၆၇ နှစ်ရှိပြီး မကွေးတိုင်းသည် ပျမ်းမျှသက်တမ်း ထက် နည်းပါးနေသည်ကို တွေ့ရှိရကြောင်း။

မကွေးတိုင်းတွင် ဆန်ဖူလုံမှု ၆၇ ရာခိုင်နှုန်းခန့်သာရှိပြီး ရသည့်ဝင်ငွေဖြင့် ပြင်ပမှ ဝယ်ယူစား သုံးမည်ဆိုပါက ဒေသတွင်းမှ ငွေကြေးများသည် ပြင်ပသို့ရောက်ရှိသွားမည်ဖြစ် ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်သော ကြောင့် ဒေသတွင်း၌ အထွက်နှုန်း တိုးပွားအောင် လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း၊ အထွက်နှုန်းတိုးပွားအောင် စိုက်ပျိုးမြေဧက တိုးချဲ့စိုက်ပျိုးပါက မြေဧက အတွက် အကုန်အကျများမည်ဖြစ်သဖြင့် အထွက်နှုန်းကောင်းမွန်အောင် လုပ်ဆောင်နိုင်မည့် စိုက်ပျိုးရေး အသိပညာ ဗဟုသုတများ တိုးပွားအောင် လုပ်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း ထုတ်ကုန်များကို ထုတ်လုပ် နိုင်မှ သာလျင် ဒေသတွင်းငွေကြေး ကြွယ်ဝမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် ထိုမှတစ်ဆင့် တိုင်းပြည်ကို ကြွယ်ဝချမ်းသာလာစေ နိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရှိရမည်၊ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရမည်၊ ဆက်သွယ်မှုစနစ်ကောင်းမွန်ရန်နှင့် ကျန်းမာရေးနှင့် ပညာရေးစနစ်ကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းတို့ရှိရန် လိုအပ်မည် ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ကောင်းရရှိရန်အတွက် ကျန်းမာရေး၊ ပညာရေး တို့ကို အားပေးရမည်ဖြစ်ကြောင်း၊ ယခုအခါ COVID-19 ဖြစ်ပေါ်မှုကြောင့် ပိတ် ထားရသည့် ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့နိုင်ငံတွင် ၉၀ ရာခိုင်နှုန်းကျော် စာတတ်မြောက်သည်ဟု ကိန်း ဂဏန်းများအရ သိရှိရပြီး တတ်မြောက်မှုအများစုသည် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ပညာရေးသာဖြစ်ကြောင်း၊

မကွေးတိုင်းဒေသကြီးအတွင်း နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများ တွေ့ရှိရကြောင်း၊ အဓိကမှာ ရေလိုအပ်ချက်ဖြစ်ကြောင်း ၊ သို့ဖြစ်၍ျ စိုက်ပျိုးရေ ရရှိရန်အတွက် ဆိုလာစနစ်ကို အောင်မြင် အောင်ပြုလုပ်၍ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ကာ မြစ်ရေတင်စီမံကိန်းများကို အောင်မြင် အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ပူပြင်းသည့် ရာသီဥတု ဖြစ်နေခြင်းသည် ယခင်က သစ်ပင်စိုက်ပျိုးမှုမရှိဘဲ သစ်သယံဇာတကို အလွန်အကျွံ ထုတ်ယူ သုံးစွဲခဲ့ခြင်းကြောင့် ဖြစ်သည်ကို နားလည်ရမည်ဖြစ်ပြီးနောင်လာ နောက်သားတို့ အတွက် မျှော်တွေး၍ သစ်ပင် စိုက်ပျိုးခြင်းများကို အောင်မြင် အောင် လုပ်ဆောင်ကြရမည်ဖြစ်ပြီး တစ်ပင်စိုက်လျင်တစ်ပင်ရှင်သန်သည်အထိ စီမံ ခန့်ခွဲသူများက စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အဓိက လုပ်ဆောင်ကြသဖြင့် စိုက်ပျိုးမွေးမြူရေးသိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ် တို့ကို ရေရှည်စီမံကိန်းဖြင့် လုပ်ဆောင်ကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးတွင် အောင်မြင်စေရန် မြေ၊ ရေ၊ နည်း၊ မျိုး တို့ကို ကောင်းမွန်အောင် လုပ်ဆောင်ကြရ မည်ဖြစ်ပြီး ခေတ်နှင့်လျော်ညီသည့် စိုက်ပျိုးရေးနည်းစနစ်များကို တောင်သူများသို့ ဝေမျှပေးနိုင်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေးတွင် အထွက်ကောင်းမွန်သည့် ကျန်းမာသန့်ရှင်းသည့် မွေးမြူရေးစနစ်ဖြစ် ရန်လိုအပ်မည်ဖြစ်ကြောင်း။

ထို့ပြင် ဒေသထွက်ကုန်များကို ခေတ်မီသောထုပ်ပိုးမှုပုံစံများဖြင့် ကောင်းမွန် အောင်လုပ်ဆောင်၍ One Village One Product စနစ်ဖြင့် ဒေသမှ စံပြုထုတ်ကုန် တစ်မျိုးချင်းကို ဈေးကွက်ဝင်ရန် ကြိုးစားခြင်းဖြင့် တစ်ဖက်မှလည်း ခရီးသွား လုပ်ငန်း များဖွံ့ဖြိုးလာမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပမှ လာရောက်ကြည့်ရှု လေ့လာသူများရရှိလာမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများမှတဆင့် ဒေသ တွင်း ရောင်းဝယ်ရေးလုပ်ငန်းများဖွံ့ဖြိုးလာပြီး ဒေသတွင်း ဝင်ငွေကို ကြွယ်ဝစေ နိုင်ကာ ဒေသခံပြည်သူလူထု၏ လူနေမှုစနစ်ကို မြင့်မား လာစေမည်ဖြစ်ကြောင်း၊ ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် မိမိဒေသကို၊ မိမိ တိုင်းပြည်ကို တိုးတက်ကောင်းမွန်စေလိုသည့် စိတ်ထား၍ နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် မကွေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ မေကြးတိုင္းေဒသႀကီးစီမံအုပ္ခ်ဳပ္ေရးေကာင္စီ အဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ ဧၿပီ ၄

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သည္ ယေန႔မြန္းလြဲပိုင္းတြင္ မေကြးတိုင္း ေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား မေကြးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး၌ သြားေရာက္ေတြ႕ဆုံ အမွာ စကား ေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကို၊ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးၫြန႔္ေဖ၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ သက္ခိုင္ဝင္း၊ မေကြးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးတင့္လြင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ကိုကိုဦး၊ မေကြးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား မေကြးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒ ဦးတင့္လြင္ႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ မေကြးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအဖြဲ႕ဝင္မ်ားက တစ္ဦးခ်င္း မိတ္ဆက္ၾကၿပီး တိုင္းေဒသႀကီးစီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးတင့္လြင္ က မေကြးတိုင္းေဒသႀကီး အတြင္း လူမႈေရး၊ စီးပြားေရး၊ က်န္းမာေရး၊ ေဒသဖြံၿဖိဳး တိုးတက္ေရးေဆာင္႐ြက္မႈ အေျခအေနမ်ား၊ COVID -19 ေရာဂါကာကြယ္ေဆး ထိုးႏွံေဆာင္ ႐ြက္ထားရွိမႈအေျခအေနမ်ားႏွင့္ အေထြေထြ အခ်က္အလက္မ်ားကို ရွင္းလင္း တင္ျပသည္။

ယင္းေနာက္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ဒီမိုကေရစီစနစ္တြင္ ေ႐ြးေကာက္ပြဲသည္ အႏွစ္သာရျဖစ္ၿပီး မိမိတို႔ ငယ္စဥ္က အတန္းပညာ သင္ၾကား စဥ္ကပင္ အတန္းေခါင္းေဆာင္ေ႐ြးျခယ္ခန႔္ထားရာ၌ အမ်ား၏ဆႏၵျဖင့္ ေ႐ြးျခယ္ ခဲ့ျခင္းပင္ျဖစ္ေၾကာင္း၊ ယခုေဆာင္႐ြက္ျခင္းသည္ ျပည္သူ႔ဆႏၵႏွင့္အညီ ျပည္သူ႔ ကိုယ္စားလွယ္မ်ားကို ေ႐ြးေကာက္ျခင္းျဖစ္သျဖင့္ ပိုမိုအေရးႀကီးပါေၾကာင္း၊ ယခင္ တပ္မေတာ္အစိုးရလက္ထက္ တပ္မေတာ္အေနျဖင့္ မိမိတို႔ႏိုင္ငံကို ဒီမိုကေရစီ မကူးေျပာင္းမီကာလမ်ားတြင္ ႏိုင္ငံတကာတြင္က်င့္သုံးလ်က္ရွိသည့္ ဒီမိုကေရစီ က်င့္သုံးပုံမ်ားကို ေလ့လာၿပီး ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲမႈအဆင့္ဆင့္ကို ပုံေဖာ္ခဲ့ရေၾကာင္း၊ ထို႔ေနာက္ ျပည္သူတို႔လိုလားေတာင့္တသည္ ဒီမိုကေရစီ လမ္းေၾကာင္းေပၚသို႔ ေရာက္ရွိေအာင္ လုပ္ေဆာင္ေပးခဲ့ၿပီး ၂၀၁၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲႀကီးကို ဒီမိုကေရစီနည္းလမ္းက်စြာ ျဖင့္ ေအာင္ျမင္စြာ လုပ္ေဆာင္ေပးႏိုင္ခဲ့ပါေၾကာင္း၊ ေ႐ြးေကာက္ပြဲၿပီးေနာက္ သမၼတ ဦးသိန္းစိန္ လက္ထက္တြင္ ႏိုင္ငံေတာ္သည္ ဒီမိုကေရစီျပဳျပင္ ေျပာင္းလဲ မႈမ်ား၊ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ႏိုင္ငံတကာ ဆက္ဆံေရးႏွင့္ က႑ေပါင္းစုံ တြင္ တိုးတက္ေျပာင္းလဲမႈမ်ား လုပ္ေဆာင္ႏိုင္ခဲ့ေသာ္လည္း စိန္ေခၚမႈမ်ားႏွင့္ လည္း ရင္ဆိုင္ခဲ့ရေၾကာင္း၊ ဒီမိုကေရစီစနစ္ကို စတင္ေလွ်ာက္လွမ္းခဲ့ျခင္း ျဖစ္သ ျဖင့္ ဒီမိုကေရစီစနစ္ႏွင့္ ပတ္သက္၍ နားလည္သိရွိႏိုင္ရန္ လိုအပ္မႈမ်ားရွိခဲ့ပါ ေၾကာင္း။

၂၀၁၂ ခုႏွစ္တြင္ အတိုက္အခံပါတီအျဖစ္ ရပ္တည္ေနေသာ NLD ပါတီကို ေ႐ြးေကာက္ပြဲ ဝင္ေရာက္ႏိုင္ေစေရး ေ႐ြးေကာက္ပြဲဥပေဒကို ျပင္ဆင္ေပးခဲ့ ပါေၾကာင္း၊ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ အစိုးရသစ္တစ္ရပ္ တက္လာခဲ့ၿပီး ၅ ႏွစ္တာ သက္တမ္းအုပ္ခ်ဳပ္ခဲ့ရာတြင္ အစိုးရ၏လုပ္ေဆာင္ခ်က္မ်ားအေပၚတြင္ ေဝဖန္ ေျပာဆိုမႈမ်ား၊ ေဝဖန္ေထာက္ျပမႈမ်ား မ်ားစြာျဖစ္ေပၚခဲ့ၿပီး တိုင္းျပည္၏ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ဘက္ေပါင္းစုံတြင္ ျပည္သူလူထု ေမွ်ာ္လင့္ ထားသည့္ အတိုင္းအတာထိ၊ ထိုက္သင့္သည့္ တိုးတက္မႈမ်ား ျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္ျခင္းမရွိသည္ကို ေတြ႕ရွိၾကရမည္ျဖစ္ပါေၾကာင္း။

ထို႔ေနာက္ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲျပဳလုပ္ခဲ့ရာတြင္ မဲမသမာမႈမ်ား ျဖစ္ေပၚခဲ့သည္ကိုေတြ႕ရွိရသျဖင့္ တပ္မေတာ္က နည္းလမ္းတက်ေျဖရွင္း ေဆာင္႐ြက္ေပးရန္ အႀကိမ္ႀကိမ္တိုက္တြန္းခဲ့ေၾကာင္း၊ မဲစာရင္းလိမ္လည္မႈသည္ ဆိုးဝါးသည့္လုပ္ရပ္ျဖစ္ၿပီး ႐ိုး႐ိုးသားသားျဖင့္ လုပ္ေဆာင္လ်င္ မဲႏိုင္မည္ ျဖစ္ေသာ္လည္း ႐ိုး႐ိုးေျဖပါက ေအာင္ျမင္မည့္ စာေမးပြဲကို မတန္တဆအမွတ္ လိုခ်င္သျဖင့္ မသမာသည့္နည္းျဖင့္ လုပ္ေဆာင္သည္ႏွင့္ တူေနပါေၾကာင္း၊ ထိုသို႔ မဲစာရင္း မွားယြင္းေနမႈမ်ားကို ေျဖရွင္း ေဆာင္႐ြက္ေပးျခင္းမရွိသည့္အျပင္ တတိယအႀကိမ္လႊတ္ေတာ္ေခၚယူ၍ အစိုးရအသစ္ဖြဲ႕ရန္ အတင္း အဓမၼ ႀကံစည္ ႀကိဳးပမ္းလာမႈမ်ားေၾကာင့္ ႏိုင္ငံေတာ္ကို အေရးေပၚအေျခအေနေၾကညာကာ ယာယီသမၼတ၏ လႊဲအပ္ခ်က္အရ တပ္မေတာ္က ႏိုင္ငံေတာ္၏ တာဝန္မ်ား ကို ထိန္းသိမ္းေဆာင္႐ြက္ခဲ့ရၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဖြဲ႕စည္း ေဆာင္႐ြက္ေနျခင္းပင္ျဖစ္ပါေၾကာင္း။

ထိုသို႔ဖြဲ႕စည္းရာတြင္လည္း တပ္ဘက္၊ အရပ္ဘက္ မွ်တေအာင္ အခ်ိဳးက် ဖြဲ႕စည္းထားျခင္းျဖစ္ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ေကာင္စီဥကၠ႒မ်ားကို အရပ္သားမ်ားျဖင့္သာ ဖြဲ႕စည္းေပးခဲ့ပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ စစ္မွန္ သည့္ ဒီမိုကေရစီျဖစ္ေစေရး၊ စည္းကမ္းရွိၿပီး ခိုင္မာသည့္ ဒီမိုကေရစီျဖစ္ေစေရး ေခတၱ တာဝန္ယူ ထိန္းသိမ္းေဆာင္႐ြက္ေနျခင္းသာျဖစ္ပါေၾကာင္း၊ ယခင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္မွ တာဝန္ရွိသူမ်ားကို စစ္ေဆးခဲ့ရာတြင္လည္း ၎တို႔၏ ေ႐ြးေကာက္ပြဲေကာ္မရွင္သည္ လြတ္လပ္မႈမရွိဘဲ သမၼတ၏ ေျပာဆိုမႈ အတိုင္းသာ လုပ္ေဆာင္ေနရျခင္းျဖစ္သည္ဟု ဖြင့္ဟေျပာဆိုခဲ့ၿပီး ထိုသို႔ ေျပာဆို ခဲ့မႈ အေျခအေနမ်ားကိုလည္း သတင္းစာရွင္းလင္းပြဲမ်ားတြင္ ထည့္သြင္း ျပသခဲ့ ၿပီးျဖစ္ေၾကာင္း။

ဒီမိုကေရစီႏိုင္ငံမ်ားတြင္ မဲမသမာမႈျပဳလုပ္ၿပီး ေ႐ြးေကာက္ပြဲ အႏိုင္ရရန္ လုပ္ေဆာင္ျခင္းသည္ မည္သည့္ႏိုင္ငံကမွ်လက္ခံ၍ ရႏိုင္မည္မဟုတ္သည့္ လုပ္ရပ္ျဖစ္ၿပီး ဒီမိုကေရစီကို ပ်က္ရယ္ျပဳေစာ္ကားျခင္းပင္ျဖစ္ေၾကာင္း၊ လက္ရွိ အခ်ိန္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္၊ ဦးတည္ခ်က္ ၉ ရပ္တို႔ကိုခ်မွတ္၍ ပထမဦးစားေပးအေနျဖင့္ မဲစာရင္းမ်ားကို စိစစ္ လ်က္ရွိၿပီး ေတြ႕ရွိခ်က္မ်ားကို ထုတ္ျပန္ေၾကညာလ်က္ရွိကာ အလုံးစုံၿပီးစီးပါက ေပါင္းခ်ဳပ္စာရင္းမ်ားကို ဆက္လက္ထုတ္ျပန္ေၾကညာသြားမည္ျဖစ္ေၾကာင္း၊ COVID -19 ေရာဂါကာကြယ္ကုသေရးလုပ္ငန္းမ်ားႏွင့္ ေရာဂါေၾကာင့္ ျဖစ္ေပၚ ထိခိုက္ခဲ့သည့္ စီးပြားေရးကဏၬကို ကုစားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကိုလည္း NCA ပါသေဘာတူညီခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ် အေလးထား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ အေရးေပၚကာလ ဆိုင္ရာ ျပဌာန္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ၿပီးစီးပါက ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ႏွင့္အညီ လြတ္လပ္၍တရားမွ်တသည့္ ေရြးေကာက္ပြဲအား ျပန္လည္ က်င္းပ၍ အႏိုင္ရသည့္ပါတီအား ဒီမိုကေရစီစံႏႈန္းမ်ားႏွင့္အညီ ႏိုင္ငံေတာ္၏ တာဝန္ကို လႊဲအပ္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း။

မေကြးတိုင္းေဒသႀကီးသည္ ဆီဖူလုံမႈရွိၿပီး ႏိုင္ငံေတာ္၏ ဆီအိုးႀကီးဟု ေျပာဆိုမႈမ်ားရွိၾကၿပီး ဆီဖူလုံမႈ ၃၅၂ ရာခိုင္ႏႈန္းခန႔္ရွိသည္ဟု သိရွိရပါေၾကာင္း၊ ဆီ ထြက္ရွိသည့္ ေဒသျဖစ္ေသာ္လည္း ဆီေၾကာင့္ျဖစ္ပြားသည့္ ေရာဂါမ်ား ျဖစ္ေပၚ ေနရျခင္းမွာ မိမိေဒသထြက္ ပဲ၊ ႏွမ္းမ်ားကို ျပင္ပသို႔ေရာင္းခ်ၿပီး ျပင္ပမွ ဆီမ်ားကို ျပန္လည္ဝယ္စားေနျခင္းေၾကာင့္ပင္ျဖစ္ေၾကာင္း၊ ထို႔ျပင္ အခ်ိဳမႈန႔္မ်ားစားသုံးျခင္း၊ မူးယစ္ေဆးမ်ားသုံးစြဲျခင္းတို႔ေၾကာင့္လည္း ေရာဂါ ျဖစ္ပြားမႈမ်ားကို ပိုမိုတိုးပြား ေစ မည္ျဖစ္ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ပ်မ္းမွ်ေမွ်ာ္မွန္း သက္တမ္းသည္ ၆၇ ႏွစ္ရွိၿပီး မေကြးတိုင္းသည္ ပ်မ္းမွ်သက္တမ္း ထက္ နည္းပါးေနသည္ကို ေတြ႕ရွိရေၾကာင္း။

မေကြးတိုင္းတြင္ ဆန္ဖူလုံမႈ ၆၇ ရာခိုင္ႏႈန္းခန႔္သာရွိၿပီး ရသည့္ဝင္ေငြျဖင့္ ျပင္ပမွ ဝယ္ယူစား သုံးမည္ဆိုပါက ေဒသတြင္းမွ ေငြေၾကးမ်ားသည္ ျပင္ပသို႔ေရာက္ရွိသြားမည္ျဖစ္ ၿပီး ေဒသဖြံ႕ၿဖိဳးတိုးတက္မႈကို ေႏွာင့္ေႏွးေစႏိုင္ေသာ ေၾကာင့္ ေဒသတြင္း၌ အထြက္ႏႈန္း တိုးပြားေအာင္ လုပ္ေဆာင္ၾကရမည္ျဖစ္ ေၾကာင္း၊ အထြက္ႏႈန္းတိုးပြားေအာင္ စိုက္ပ်ိဳးေျမဧက တိုးခ်ဲ႕စိုက္ပ်ိဳးပါက ေျမဧက အတြက္ အကုန္အက်မ်ားမည္ျဖစ္သျဖင့္ အထြက္ႏႈန္းေကာင္းမြန္ေအာင္ လုပ္ေဆာင္ႏိုင္မည့္ စိုက္ပ်ိဳးေရး အသိပညာ ဗဟုသုတမ်ား တိုးပြားေအာင္ လုပ္ေဆာင္ေပးၾကရမည္ျဖစ္ေၾကာင္း၊ ေဒသတြင္း ထုတ္ကုန္မ်ားကို ထုတ္လုပ္ ႏိုင္မွ သာလ်င္ ေဒသတြင္းေငြေၾကး ႂကြယ္ဝမည္ျဖစ္ၿပီး တိုင္းေဒသႀကီး၊ ျပည္နယ္ ထိုမွတစ္ဆင့္ တိုင္းျပည္ကို ႂကြယ္ဝခ်မ္းသာလာေစ ႏိုင္မည္ျဖစ္ေၾကာင္း။

ႏိုင္ငံတစ္ခုဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လွ်ပ္စစ္မီးရွိရမည္၊ လမ္းပန္း ဆက္သြယ္မႈေကာင္းမြန္ရမည္၊ ဆက္သြယ္မႈစနစ္ေကာင္းမြန္ရန္ႏွင့္ က်န္းမာေရးႏွင့္ ပညာေရးစနစ္ေကာင္းမြန္သည့္ လူသားအရင္းအျမစ္ေကာင္းတို႔ရွိရန္ လိုအပ္မည္ ျဖစ္ေၾကာင္း၊ လူသားအရင္းအျမစ္ေကာင္းရရွိရန္အတြက္ က်န္းမာေရး၊ ပညာေရး တို႔ကို အားေပးရမည္ျဖစ္ေၾကာင္း၊ ယခုအခါ COVID-19 ျဖစ္ေပၚမႈေၾကာင့္ ပိတ္ ထားရသည့္ ေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ႏိုင္ေအာင္ စီစဥ္ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ၉၀ ရာခိုင္ႏႈန္းေက်ာ္ စာတတ္ေျမာက္သည္ဟု ကိန္း ဂဏန္းမ်ားအရ သိရွိရၿပီး တတ္ေျမာက္မႈအမ်ားစုသည္ မူလတန္းအဆင့္ႏွင့္ အလယ္တန္းအဆင့္ ပညာေရးသာျဖစ္ေၾကာင္း၊

မေကြးတိုင္းေဒသႀကီးအတြင္း ေႏြ၊ မိုး၊ ေဆာင္း စိုက္ပ်ိဳးႏိုင္သည့္ စိုက္ပ်ိဳးေျမမ်ား ေတြ႕ရွိရေၾကာင္း၊ အဓိကမွာ ေရလိုအပ္ခ်က္ျဖစ္ေၾကာင္း ၊ သို႔ျဖစ္၍် စိုက္ပ်ိဳးေရ ရရွိရန္အတြက္ ဆိုလာစနစ္ကို ေအာင္ျမင္ ေအာင္ျပဳလုပ္၍ လွ်ပ္စစ္မီးရရွိေအာင္ ေဆာင္႐ြက္ကာ ျမစ္ေရတင္စီမံကိန္းမ်ားကို ေအာင္ျမင္ ေအာင္ လုပ္ေဆာင္ရမည္ ျဖစ္ေၾကာင္း၊ ပူျပင္းသည့္ ရာသီဥတု ျဖစ္ေနျခင္းသည္ ယခင္က သစ္ပင္စိုက္ပ်ိဳးမႈမရွိဘဲ သစ္သယံဇာတကို အလြန္အကြၽံ ထုတ္ယူ သုံးစြဲခဲ့ျခင္းေၾကာင့္ ျဖစ္သည္ကို နားလည္ရမည္ျဖစ္ၿပီးေနာင္လာ ေနာက္သားတို႔ အတြက္ ေမွ်ာ္ေတြး၍ သစ္ပင္ စိုက္ပ်ိဳးျခင္းမ်ားကို ေအာင္ျမင္ ေအာင္ လုပ္ေဆာင္ၾကရမည္ျဖစ္ၿပီး တစ္ပင္စိုက္လ်င္တစ္ပင္ရွင္သန္သည္အထိ စီမံ ခန႔္ခြဲသူမ်ားက စနစ္တက် ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံ၏ လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းသည္ ေက်းလက္ေနသူမ်ားျဖစ္ၿပီး စိုက္ပ်ိဳးေမြးျမဴေရးကို အဓိက လုပ္ေဆာင္ၾကသျဖင့္ စိုက္ပ်ိဳးေမြးျမဴေရးသိပၸံ၊ ေကာလိပ္၊ တကၠသိုလ္ တို႔ကို ေရရွည္စီမံကိန္းျဖင့္ လုပ္ေဆာင္ၾကရန္လိုအပ္ မည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳး ေရးတြင္ ေအာင္ျမင္ေစရန္ ေျမ၊ ေရ၊ နည္း၊ မ်ိဳး တို႔ကို ေကာင္းမြန္ေအာင္ လုပ္ေဆာင္ၾကရ မည္ျဖစ္ၿပီး ေခတ္ႏွင့္ေလ်ာ္ညီသည့္ စိုက္ပ်ိဳးေရးနည္းစနစ္မ်ားကို ေတာင္သူမ်ားသို႔ ေဝမွ်ေပးႏိုင္ရမည္ျဖစ္ေၾကာင္း၊ ေမြးျမဴေရးတြင္ အထြက္ေကာင္းမြန္သည့္ က်န္းမာသန႔္ရွင္းသည့္ ေမြးျမဴေရးစနစ္ျဖစ္ ရန္လိုအပ္မည္ျဖစ္ေၾကာင္း။

ထို႔ျပင္ ေဒသထြက္ကုန္မ်ားကို ေခတ္မီေသာထုပ္ပိုးမႈပုံစံမ်ားျဖင့္ ေကာင္းမြန္ ေအာင္လုပ္ေဆာင္၍ One Village One Product စနစ္ျဖင့္ ေဒသမွ စံျပဳထုတ္ကုန္ တစ္မ်ိဳးခ်င္းကို ေဈးကြက္ဝင္ရန္ ႀကိဳးစားျခင္းျဖင့္ တစ္ဖက္မွလည္း ခရီးသြား လုပ္ငန္း မ်ားဖြံ႕ၿဖိဳးလာမည္ျဖစ္ၿပီး ျပည္တြင္း ျပည္ပမွ လာေရာက္ၾကည့္ရႈ ေလ့လာသူမ်ားရရွိလာမည္ျဖစ္ေၾကာင္း၊ ခရီးသြားလုပ္ငန္းမ်ားမွတဆင့္ ေဒသ တြင္း ေရာင္းဝယ္ေရးလုပ္ငန္းမ်ားဖြံ႕ၿဖိဳးလာၿပီး ေဒသတြင္း ဝင္ေငြကို ႂကြယ္ဝေစ ႏိုင္ကာ ေဒသခံျပည္သူလူထု၏ လူေနမႈစနစ္ကို ျမင့္မား လာေစမည္ျဖစ္ေၾကာင္း၊ ေဒသတြင္းအုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားအေနျဖင့္ မိမိေဒသကို၊ မိမိ တိုင္းျပည္ကို တိုးတက္ေကာင္းမြန္ေစလိုသည့္ စိတ္ထား၍ ႏိုင္ငံ့ဝန္ထမ္းေကာင္း ပီသစြာျဖင့္ လုပ္ကိုင္ေဆာင္႐ြက္သြားၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ မေကြး တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္း မ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ခဲ့ၾကသည္။

 

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။