ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁)အား ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် တော်တွင် တည်ထားပူဇော်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာအနီး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ဓမိ္မကာ ရာမ ကျောင်းတိုက်၊ ရတနာပုံကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တ သီဟနာဒ နှင့် ငါန်းဇွန်းမြို့နယ်၊ သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တ မာဏိတ တို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညွန့်ဖေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုကြသည်။

 

ဦးစွာ ရတနာပုံကျောင်းဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များက မေတ္တာပို့ ဂါထာတော်များဖြင့် ရွတ်ပွားချီးမြှင့်တော်မူကြ သည်။

ထို့နောက် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား ရတနာပုံကျောင်းဆရာတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင် များက ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။

ယင်းနောက် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား ပင့်ဆောင်ရန်အတွက် ဉပါသကာ များနှင့် ဝတ်အသင်းများနေရာယူခြင်းတို့ကို အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်ကြပြီး ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးမှ တန်ချိန်(၁၀၉၀)တန်ရှိ ရုပ်ပွားတော် ကျောက်တုံးတော်ကြီး အပိုင်း(၁)နှင့် ၎င်းကျောက်တုံးတော်ကြီးအား သယ်ပိုးထမ်းဆောင်ထားသော သံမဏိသံငြမ်းစင်(၆၂)တန်၊ စုစုပေါင်း တန်ချိန် (၁၁၅၂)တန်ကို တင်ဆောင် ထားသည့် Modular Trailer များသည် မင်္ဂလာအချိန်တွင် နေပြည်တော်သို့ စတင် ပင့်ဆောင်ပူဇော်တော်မူသည်ကို ရတနာပုံကျောင်းဆရာတော်၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ပရိတ် သတ် အပေါင်းတို့က လက်ဆယ်ဖြာဦးထိပ်ထား၍ ကြည်ညိုကြသည်။

ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြ သည်။

အဆိုပါ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအဖြစ် ထုဆစ်ပူဇော်မည့် ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများ စုစုပေါင်း ၁၆ ပိုင်းကို ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်သို့ ၇ ခေါက်ခွဲ၍ ပင့်ဆောင်ရမည်ဖြစ်ပြီး ယခုအကြိမ်သည် ဆဋ္ဌမအကြိမ်မြောက် ပင့်ဆောင်ခြင်း ဖြစ်ကြောင်းသိရှိရသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် အခမ်းအနားသို့ တက်ရောက်လာကြ သည့် Angelo Mining Company မှ စကျင်ကျောက်တော်ကြီးအလှူရှင် ဦးအောင်ခိုင်သန်း၊ မန္တလေးမြို့သာစက်မှုဇုန်စီမံကိန်း ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသခံပြည်သူလူထုတို့၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ ဧရာဝတီမြစ်ရေကို အကျိုးရှိစွာ အသုံးပြု နိုင်ရေးတို့နှင့် ပတ်သက်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည့် အခြေ အနေများကို ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မကွေးမြို့ရှိ မကွေးမြို့ကျက်သရေဆောင် မကွေး မြသလွန်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကြရာ ဂေါပက အဖွဲ့ဝင် များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မြသလွန်စေတီတော်မြတ်ကြီးအား ဖူးမြော် ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီး စေတီတော်ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူခဲ့ကြသည်။

ဆက်လက်ပြီး ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်ဘုရား၊ ပါဒစေတီတော်၊ အောက်ခြေတော် ရာမြတ် အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။ ထို့နောက် ဘက်စုံအလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မန်းရွှေစက်တော်ဘုရား၊ ပါဒစေတီတော်၊ အောက်ခြေတော် ရာမြတ်အား လာရောက်ဖူးမြော်ကြည်ညိုနေကြသည့် ဘုရားဖူးပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် အထက်စက်တော်ရာ သို့ ဘုရား ဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ တက်ရောက်ဖူးမြော်နိုင်ရေး ဓာတ်လှေ ကားတည်ဆောက်နေမှုအခြေအနေများအား ယခုနှစ် ဘုရားပွဲတော်အမီ ပြီးစီး အောင် တည်ဆောက်နိုင်ရေးနှင့် ဘုရားပရဝုဏ်သန့်ရှင်းသာယာလှပမှု ရှိစေရေး တို့နှင့် ပတ်သက်၍ ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

အဆိုပါ မန်းရွှေစက်တော်ဘုရား၊ ပါဒစေတီတော်၊ အောက်ခြေတော် ရာမြတ်အား သဘာဝဘေးအန္တရာယ် ဒဏ် ခံနိုင်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲစေရန် နှင့် ဘုရားဖူးလာပြည်သူများ ရာသီမရွေး လာရောက်ဖူးမြောက်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ် ၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြီးမှူး၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက အမြင့် ၅ ပေ၊ အထူ ၃ လက်မ၊ အလေးချိန် ၃ တန်ရှိ အလင်းပေါက်ဖန်အုပ်ဆောင်းကို လှူဒါန်းပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်းနှင့် တာဝန်ရှိသူများကဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

 

(Zawgyi Version)

ဘူမိဖႆမုျဒာ ထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ အပိုင္း(၁)အား ဆီမီးခုံဆိပ္ကမ္းမွ ေနျပည္ေတာ္သို႔ ပင့္ေဆာင္ပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနားက်င္းပ

ေနျပည္ေတာ္ ဧၿပီ ၄

ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ဗုဒၶဥယ်ာဥ္ ေတာ္တြင္ တည္ထားပူေဇာ္မည့္ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္အပိုင္း(၁)အား ဆီမီးခုံဆိပ္ကမ္းမွ ေနျပည္ေတာ္သို႔ ပင့္ေဆာင္ပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနားကို ယေန႔ နံနက္ပိုင္းတြင္ မႏၲေလး တိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္၊ ဆီမီးခုံေက်း႐ြာအနီး၌ က်င္းပျပဳလုပ္သည္။

အခမ္းအနားသို႔ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ဓမိၼကာ ရာမ ေက်ာင္းတိုက္၊ ရတနာပုံေက်ာင္းဆရာေတာ္ အဂၢမဟာပဏၰိတ ဘဒၵႏၲ သီဟနာဒ ႏွင့္ ငါန္းဇြန္းၿမိဳ႕နယ္၊ သံဃနာယကဥကၠ႒ ဘဒၵႏၲ မာဏိတ တို႔ အမႉးျပဳသည့္ ဆရာေတာ္၊ သံဃာေတာ္မ်ားႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္ အတြင္း ေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကို၊ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးၫြန႔္ေဖ၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ သက္ခိုင္ဝင္း၊ မႏၲေလးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးေမာင္ကို၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ကိုကိုဦး၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကည္ညိဳၾကသည္။

ဦးစြာ ရတနာပုံေက်ာင္းဆရာေတာ္ အမႉးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္မ်ားက ေမတၱာပို႔ ဂါထာေတာ္မ်ားျဖင့္ ႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူၾက သည္။

ထို႔ေနာက္ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ ႀကီး၏ ဆင္းတုေတာ္အပိုင္း(၁)အား ရတနာပုံေက်ာင္းဆရာေတာ္၊ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္ မ်ားက ပရိတ္နံ႔သာရည္မ်ားျဖင့္ ပက္ဖ်န္းပူေဇာ္ၾကသည္။

ယင္းေနာက္ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ ျမတ္ႀကီး၏ ဆင္းတုေတာ္အပိုင္း(၁)အား ပင့္ေဆာင္ရန္အတြက္ ဉပါသကာ မ်ားႏွင့္ ဝတ္အသင္းမ်ားေနရာယူျခင္းတို႔ကို အစီအစဥ္အတိုင္း ဆက္လက္ ေဆာင္႐ြက္ၾကၿပီး ဘူမိဖႆမုျဒာထိုင္ေတာ္မူ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ ျမတ္ႀကီးမွ တန္ခ်ိန္(၁၀၉၀)တန္ရွိ ႐ုပ္ပြားေတာ္ ေက်ာက္တုံးေတာ္ႀကီး အပိုင္း(၁)ႏွင့္ ၎ေက်ာက္တုံးေတာ္ႀကီးအား သယ္ပိုးထမ္းေဆာင္ထားေသာ သံမဏိသံျငမ္းစင္(၆၂)တန္၊ စုစုေပါင္း တန္ခ်ိန္ (၁၁၅၂)တန္ကို တင္ေဆာင္ ထားသည့္ Modular Trailer မ်ားသည္ မဂၤလာအခ်ိန္တြင္ ေနျပည္ေတာ္သို႔ စတင္ ပင့္ေဆာင္ပူေဇာ္ေတာ္မူသည္ကို ရတနာပုံေက်ာင္းဆရာေတာ္၊ ႏိုင္ငံေတာ္ စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ပရိတ္ သတ္ အေပါင္းတို႔က လက္ဆယ္ျဖာဦးထိပ္ထား၍ ၾကည္ညိဳၾကသည္။

ယင္းေနာက္ ဗုဒၶသာသနံ စိရံတိ႒တု သုံးႀကိမ္႐ြတ္ဆို ဆုေတာင္း၍ အခမ္းအနားကို ေအာင္ျမင္စြာ ႐ုတ္သိမ္းခဲ့ကာ ေ႐ႊမိုးေငြမိုးမ်ား ႐ြာသြန္းၿဖိဳးခဲ့ၾက သည္။

အဆိုပါ ဘူမိဖႆမုျဒာထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ ႀကီးအျဖစ္ ထုဆစ္ပူေဇာ္မည့္ ဆင္းတုေတာ္ႏွင့္ ပလႅင္ေတာ္အစိတ္အပိုင္းမ်ား စုစုေပါင္း ၁၆ ပိုင္းကို ဆီမီးခုံဆိပ္ကမ္းမွ ေနျပည္ေတာ္သို႔ ၇ ေခါက္ခြဲ၍ ပင့္ေဆာင္ရမည္ျဖစ္ၿပီး ယခုအႀကိမ္သည္ ဆ႒မအႀကိမ္ေျမာက္ ပင့္ေဆာင္ျခင္း ျဖစ္ေၾကာင္းသိရွိရသည္။

အခမ္းအနားအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ သည္ အခမ္းအနားသို႔ တက္ေရာက္လာၾက သည့္ Angelo Mining Company မွ စက်င္ေက်ာက္ေတာ္ႀကီးအလႉရွင္ ဦးေအာင္ခိုင္သန္း၊ မႏၲေလးၿမိဳ႕သာစက္မႈဇုန္စီမံကိန္း ဥကၠ႒ ဦးေအာင္ဝင္းခိုင္ႏွင့္ တာဝန္ရွိသူမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံ၍ ေဒသခံျပည္သူလူထုတို႔၏ လူမႈစီးပြား ဘဝဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ စက္႐ုံ၊ အလုပ္႐ုံမ်ား၊ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ဖန္တီးေပးႏိုင္ေရး၊ ဧရာဝတီျမစ္ေရကို အက်ိဳးရွိစြာ အသုံးျပဳ ႏိုင္ေရးတို႔ႏွင့္ ပတ္သက္၍ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ၾကရန္ လိုအပ္သည့္ အေျခ အေနမ်ားကို ေဆြးေႏြးခဲ့ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မေကြးၿမိဳ႕ရွိ မေကြးၿမိဳ႕က်က္သေရေဆာင္ မေကြး ျမသလြန္ဘုရားသို႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳၾကရာ ေဂါပက အဖြဲ႕ဝင္ မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ ျမသလြန္ေစတီေတာ္ျမတ္ႀကီးအား ဖူးေျမာ္ ၾကည္ညိဳ၍ ပန္း၊ ေရခ်မ္း၊ ဆီမီးႏွင့္ ေ႐ႊသကၤန္းမ်ား ကပ္လႉပူေဇာ္ၿပီး ေစတီေတာ္ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထိုးသည္။ ယင္းေနာက္ ေစတီေတာ္ႀကီးအတြက္ ဘက္စုံအလႉေငြမ်ား ေပးအပ္လႉဒါန္းရာ ေဂါပကအဖြဲ႕က လက္ခံရယူခဲ့ၾကသည္။

ဆက္လက္ၿပီး ညေနပိုင္းတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕နယ္၊ မန္းေ႐ႊစက္ေတာ္ဘုရား၊ ပါဒေစတီေတာ္၊ ေအာက္ေျခေတာ္ ရာျမတ္ အား သြားေရာက္ဖူးေျမာ္ၾကည္ညိဳၿပီး ပန္း၊ ေရခ်မ္းႏွင့္ ေ႐ႊသကၤန္းမ်ား ကပ္လႉပူေဇာ္ၾကသည္။ ထို႔ေနာက္ ဘက္စုံအလႉေငြမ်ားေပးအပ္လႉဒါန္းရာ ေဂါပက အဖြဲ႕ဝင္မ်ားက လက္ခံရယူၿပီး ဓမၼလက္ေဆာင္မ်ား ျပန္လည္ေပးအပ္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မန္းေ႐ႊစက္ေတာ္ဘုရား၊ ပါဒေစတီေတာ္၊ ေအာက္ေျခေတာ္ ရာျမတ္အား လာေရာက္ဖူးေျမာ္ၾကည္ညိဳေနၾကသည့္ ဘုရားဖူးျပည္သူမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့ၾကသည္။ ထို႔ေနာက္ အထက္စက္ေတာ္ရာ သို႔ ဘုရား ဖူးလာျပည္သူမ်ား စိတ္ေအးခ်မ္းသာစြာ တက္ေရာက္ဖူးေျမာ္ႏိုင္ေရး ဓာတ္ေလွ ကားတည္ေဆာက္ေနမႈအေျခအေနမ်ားအား ယခုႏွစ္ ဘုရားပြဲေတာ္အမီ ၿပီးစီး ေအာင္ တည္ေဆာက္ႏိုင္ေရးႏွင့္ ဘုရားပရဝုဏ္သန႔္ရွင္းသာယာလွပမႈ ရွိေစေရး တို႔ႏွင့္ ပတ္သက္၍ ေဂါပကအဖြဲ႕ႏွင့္ တာဝန္ရွိသူမ်ားအား မွာၾကားခဲ့သည္။

အဆိုပါ မန္းေ႐ႊစက္ေတာ္ဘုရား၊ ပါဒေစတီေတာ္၊ ေအာက္ေျခေတာ္ ရာျမတ္အား သဘာဝေဘးအႏၲရာယ္ ဒဏ္ ခံႏိုင္ရန္၊ ေရရွည္တည္တံ့ခိုင္ၿမဲေစရန္ ႏွင့္ ဘုရားဖူးလာျပည္သူမ်ား ရာသီမေ႐ြး လာေရာက္ဖူးေျမာက္ႏိုင္ရန္အတြက္ ၂၀၁၄ ခုႏွစ္ ၊ ဇူလိုင္လ ၁၀ ရက္ေန႔တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႀကီးမႉး၍ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ အလႉရွင္မ်ားက အျမင့္ ၅ ေပ၊ အထူ ၃ လက္မ၊ အေလးခ်ိန္ ၃ တန္ရွိ အလင္းေပါက္ဖန္အုပ္ေဆာင္းကို လႉဒါန္းပူေဇာ္ခဲ့ၾကျခင္းျဖစ္ေၾကာင္းႏွင့္ တာဝန္ရွိသူမ်ားကဆက္လက္ထိန္းသိမ္းေဆာင္႐ြက္လ်က္ရွိသည္။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။