နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေး ရတနာပုံခန်းမ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော် မေ ၁၇

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမောင်မောင်အုန်း၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ရတနာပုံခန်းမအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန္တလေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရတနာပုံခန်းမဆိုင်းဘုတ်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပြီး ခန်းမ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကာ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မန္တလေးမြို့သည် လမ်းပန်းဆက်သွယ်မှု အချက်အခြာကျသည့် နေရာတွင်တည်ရှိပြီး မြန်မာနိုင်ငံအထက်ပိုင်း ကုန်စည်ကူးသန်း ရောင်းဝယ်ရေးဗဟိုဖြစ်ကြောင်း၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးလာမှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသည့် မြို့ကြီးတစ်မြို့ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ရတနာပုံခန်းမကြီးသည် မန္တလေးနှင့်အနီးဝန်းကျင်တွင် နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့် အခန်းကဏ္ဍများအတွက် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်စေပြီး ကောင်းမွန်သော ဝန်ဆောင်မှု လုပ်ငန်းများကို အဆင့်မီမီ ဆောင်ရွက်ပေးနိုင်သော ခန်းမအဆောက်အဦကြီး တစ်ခုဖြစ် ကြောင်း။

အမရပူရခေတ်တွင် ရွှေမြို့တော်ကို “အမရပူရ”၊ နန်းမြို့တော်ကို “မြနန်းဘုံစံ”၊ ရွှေနန်းတော်ကို “အောင်နန်းစံရာ” ဟု ခေါ်ဝေါ်ခဲ့ကြပြီး ရတနာပုံ(မန္တလေး) ခေတ်တွင် ရွှေမြို့တော်ကို “ရတနာပုံ”၊ နန်းမြို့တော်ကို “ လေးကျွန်းအောင်မြေ”၊ ရွှေနန်းတော်ကို “မြနန်းစံကျော်” ဟုအသီးသီး ခေါ်ဝေါ်ခဲ့ကကြောင်းနှင့် မန္တလေးမြို့စတင်တည်ထောင်စဉ် က “ရတနာပုံ” ဟုအမည်သမုတ်ခဲ့သော်လည်း နောင်အခါ “မန္တလေးတောင်” ကိုအစွဲပြု၍ “မန္တလေး” ဟုအမည်ပြောင်းလဲခေါ်ဝေါ်လာခဲ့ကြသည်ကို မှတ်သားတွေ့ရှိရကြောင်း၊ သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မန္တလေးရတနာပုံနေပြည်တော်ကြီးကို တည်ထောင်ခဲ့သည့် အတွက် “ အုတ် ကျစ် ကျော် အေး မန္တလေး” ဟုလည်း မှတ်ယူခဲ့ကြပြီး မြန်မာနိုင်ငံ၏ မင်းနေပြည်တော်ဖြစ်ခဲ့သည့် အားလျော်စွာ ထီးသုံးနန်းသုံး ဝေါဟာရအပါအဝင် ယဉ်ကျေးမှု အမွေအနှစ်များ၊ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦအများအပြား ကျန်ရှိ ခဲ့သည့် မြို့တော်တစ်ခုလည်းဖြစ်ကြောင်း။

မန္တလေးရတနာပုံခေတ်တွင် မြန်မာ့လက်မှုအနုပညာများဖြစ်သော ပန်းချီ၊ ပန်းပု၊ ပန်းရန်၊ ပန်းတော့၊ ပန်းပွတ်ပညာရပ်များ၊ ကြေးထည်ဖြင့်ပြုလုပ်သော ပန်းတဉ်းလုပ်ငန်း၊ ကျောက်ဆစ်ပညာဖြစ်သော ပန်းတမော့လုပ်ငန်းများ၊ မှန်စီရွှေချလုပ်ငန်း၊ ပန်းထိမ် လုပ်ငန်း၊ ပိုးထည်လုပ်ငန်း၊ ရွှေချည်ထိုးလုပ်ငန်း၊ မျက်ပါးခတ်လုပ်ငန်းစသည့် မြန်မာ့လက် မှု အနုပညာများ ထွန်းကားခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မင်းတုန်းမင်းကြီးသည် သာသနာကို လေးစားသောမင်းဖြစ်သည့် အားလျော်စွာ ၁၂၃၃ ခုနှစ်တွင် ပိဋပတ်သုံးပုံကို ပဉ္စမသင်္ဂါယနာတင်ပြီးနောက် ကျောက်ပြား ၇၂၉ ချပ်ပေါ်တွင် ကမ္ဗည်းအက္ခရာ တင်ပြီး မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားဝန်းအတွင်း စိုက်ထူကိုးကွယ်ခဲ့ကြောင်း၊ ဘုရား ဝန်းအတွင်းရှိ နှစ် ၁၅၀ နီးပါးသက်တမ်းရှိပြီဖြစ်သည့် ပိဋကတ်ကျောက်စာများကို ကမ္ဘာ့ အကြီးဆုံးစာအုပ်ကြီးဟု ယူနက်စကိုအဖွဲ့က Memory of the World Register စာရင်း တွင် သမိုင်းအမွေအနှစ်တစ်ခုအဖြစ် ၂၀၁၃ ခုနှစ်၌ စာရင်းသွင်းခံခဲ့ရမှုသည် မန္တလေးမြို့၏ နက်ရှိုင်းသော ယဉ်ကျေးမှုကို မြန်မာသာမက ကမ္ဘာကပါ အသိအမှတ်ပြုခြင်းဖြစ်သည် ကိုတွေ့ရှိရကြောင်း။

၁၈၈၅ ခုနှစ်တွင် တိုင်းတပါး ကျူးကျော်သိမ်းပိုက်မှုခံခဲ့ရကာ နန်းတွင်း လက်ရာ ပစ္စည်းများကိုဖျက်ဆီး၍ အချို့ကိုယူဆောင်သွားခဲ့ကြပြီး ဒုတိယကမ္ဘာစစ်အတွင်းတွင် ဗုံးဒဏ်ကြောင့် မီးလောင်ကျွမ်းခဲ့ရသဖြင့် စစ်ဘေးစစ်ဒဏ်ကို ခံစားခဲ့ရသော်လည်း ရိုးရာ အမွေအနှစ်များ လက်ဆင့်ကမ်းနိုင်သည့် မန္တလေးမြို့သည် လွတ်လပ်ရေးရရှိပြီးချိန်မှ ယနေ့အထိ ဘာသာရေး၊ ယဉ်ကျေးမှ၊ ပညာရေးနှင့် စီးပွားရေးအဓိကဗဟိုချက်အဖြစ် ဆက်လက်တည်ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ရှေးကာလကပင် မန္တလေးမြို့သည် ကမ္ဘာ တွင် လူသိများသည့်အတွက် အင်္ဂလန်နိုင်ငံမှ စာရေးဆရာတစ်ဦးဖြစ်သူ “ဘီသီယာ မေရီ ခရိုကာ” Bithia Mary Croker (U.K)က The Road To Mandalay – Tale Of Burma ဆိုသည့် စာအုပ်ကို ၁၉၁၇ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး အဆိုပါခေတ်က မန္တလေးမြို့၏ ကြီးကျယ်ခန်းနားမှု၊ သာယာလှပမှု၊ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားမှုများကို ဖော်ညွှန်း ရေးသားထုတ်ဝေခဲ့ရာ လူကြိုက်များသည့်အတွက် အကြိမ်ကြိမ်ထပ်မံ ထုတ်ဝေခဲ့ရ ကြောင်း၊ ထို့အပြင် အမေရိကန်နိုင်ငံသား တေးဂီတ ပညာရှင်တစ်ဦးဖြစ်သည့် “အိုလေ စပိခ်-စ်” Oley Speaks က On The Road To Mandalay ဆိုသည့် သီချင်းကို ၁၉၀၇ ခုနှစ်တွင်ရေးသားစပ်ဆိုခဲ့ရာ မန္တလေးမြို့ကို ဖော်ညွှန်းသော အောင်မြင်သည့်သီချင်း အဖြစ် ကမ္ဘာတွင် လူသိများနာမည်ကြီးခဲ့သည်ကို တွေ့ရှိရကြောင်း။

မန္တလေးဟုဆိုလိုက်ပါက ဂီတစာဆို အကျော်အမော်ဟုဆိုရမည့် အလင်္ကာ ကျော်စွာဘွဲ့ရ ဆရာကြီး မြို့မငြိမ်းပါမှ ပြည့်စုံသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ဆရာကြီး၏ တေးဂီတပြုစု ဖွဲ့ဆိုမှုများသည် ယနေ့ထက်တိုင် ခေတ်မီဆဲ၊ ကျော်ကြားဆဲ၊ ဂန္ထဝင်မြောက်ဆဲဖြစ်ကြောင်း၊ အလားတူ ဆရာကြီးမြို့မငြိမ်းဟု ပြောလိုက်ပါက ဆရာကြီးတို့စတင်တည် ထောင်ခဲ့သည့် မြို့မတေးဂီတအဖွဲ့သည်လည်း ခွဲခြားလို့မရနိုင် ကြောင်း၊ ထို့ကြောင့် ယနေ့ ဖွင့်ပွဲအခမ်းအနားတွင် မြို့မတေးဂီတအဖွဲ့က ပါဝင်ဖျော်ဖြေ ပေးနိုင်ပါက ကောင်းမွန်မည် ဟု ဆန္ဒပြုခဲ့ပြီး ယခုခဲ့သို့ပါဝင်ဖျော်ဖြေပေးသည့် အတွက် အင်မတန်ဝမ်းမြောက် ကျေးဇူး တင်ကြောင်း။

ကုန်းဘောင်မင်းဆက် နန်းစိုက်ရာ ရတနာပုံမန္တလေးမြို့သည် နန်းအဆောင် အယောင်နှင့် ခမ်းနားသကဲ့သို့ မြို့ပြင်လေးရပ်တွင်လည်း အရောင်းအဝယ်များဖြစ်ထွန်းရာ လူဦးရေ ၂ သိန်းခန့်အထိ နေထိုင်ခဲ့ပါကြောင်း၊ မင်းတုန်းမင်းလက်ထက် မန္တလေး မြို့ပြင် လေးရပ်တွင် အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီ၊ ပေါ်တူဂီ၊ ယိုးဒယား(ထိုင်း)၊ တရုတ် စသည့် လူမျိုးပေါင်းစုံ သက်ဝင်လှုပ်ရှားခဲ့ပြီး နေထိုင်ရေးအတွက် အလုပ်အကိုင်နှင့် လူမျိုး အမည်အလိုက် နေရာချထားပေးခဲ့သကဲ့သို့ ကိုးကွယ်ယုံကြည်မှုအနေဖြင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက် စေတီ၊ ပုထိုးနှင့် ဘုရားရှိခိုး ကျောင်းများကိုလည်း ဆောက်လုပ်ခွင့်ပြုခဲ့သည်ကို မှတ်တမ်းများအရ လေ့လာသိရှိခဲ့ရ ကြောင်း၊ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင်တည်ရှိ သကဲ့သို့ မြန်မာ့ ယဉ်ကျေးမှုတို့ စုဝေးရာ ဒေသလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက် ပိုင်း ဒေသများ၏ အဓိကစီးပွားရေးဗဟိုချက်ဖြစ်ပြီး မှတ်တမ်းများအရ လူဦးရေ ၁ ဒသမ ၄ သန်းရှိပြီး ကိုးကွယ်ယုံကြည်မှုအနေဖြင့် ဗုဒ္ဓဘာသာ ၉၃ ဒသမ ၈ ရာခိုင်နှုန်း၊ ခရစ်ယာန် ၀ ဒသမ ၆ ရာခိုင်နှုန်း၊ ဟိန္ဒူ ၀ ဒသမ ၈ ရာခိုင်နှုန်း၊ အစ္စလာမ် ၄ ရာခိုင်နှုန်းနှင့် အခြား ၀ ဒသမ ၈ ရာခိုင်နှုန်းတို့ပေါင်းစည်းနေထိုင်ကြသည့် နေရာဒေသလည်းဖြစ်ကြောင်း။

မြန်မာနိုင်ငံအထက်ပိုင်း၏ ယဉ်ကျေးမှုနှင့် စီးပွားရေးဗဟိုချက်မဖြစ်သည့် မန္တလေး မြို့ကြီးတွင် ယခုကဲ့သို့ရတနာပုံခန်းမကြီး တည်ဆောက်ဖွင့်လှစ်ရခြင်းမှာ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်အဆင့်အခမ်းအနားကြီးများအပါအဝင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခမ်းအနားများ ကျင်းပနိုင်ရန်၊ မြို့ဂုဏ် ကျက်သရေဆောင် ခမ်းနားထည်ဝါသည့် ခန်းမကြီးအဖြစ် တည်ရှိနေစေရန် ဆိုသည့် ရည်ရွယ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏများစွာဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့တွင် တည်ဆောက်ထားရှိပြီးဖြစ်သည့် ခန်းမများရှိပြီးဖြစ်သော်လည်း တိုးပွားလာသောလူဦးရေ၊ မြင့်မားလာသော လူနေမှုအဆင့်အတန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအပေါ်အခြေခံ၍ လူဦးရေပိုမိုဝင်ဆံ့နိုင်သည့် ကျယ်ဝန်းမှု၊ ခေတ်မီဆန်းသစ်မှု၊ နည်းပညာအသုံးချနိုင်မှုများဖြင့် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများပေးနိုင်မည့် ခန်းမကြီးတစ်ခုလိုအပ်သည်ကို တွေ့ရှိရကြောင်း၊ မိမိကိုယ်တိုင်လည်း မန္တလေး တွင်လူလားမြောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတတ်နိုင်သည့် အချိန်တွင် ၇၈ လမ်းနှင့် ၃၈ လမ်းထောင့်ယခုနေရာတွင် ယခုကဲ့သို့ခန့်ညားထည်ဝါသော ခန်းမကြီး တစ်ခုအဖြစ် တည်ဆောက်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်ကတည်းက ရည်ရွယ်ဆုံးဖြတ်ခဲ့ပြီး အကောင်အထည်ဖော်စေခဲ့ခြင်းဖြစ်ကြောင်း၊ ရတနာပုံခန်းမကြီးအား ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် ပန္နက်တင်မင်္ဂလာအခမ်းအနားပြုလုပ်၍ စတင် တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃၀ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ ကြောင်း၊ မန္တလေးမြို့၏ အချက်အခြာနေရာတစ်ခုဖြစ်သည့် ၇၈ လမ်း၊ ၃၈ လမ်းထောင့် မြေဧရိယာ ၆ ဧကပေါ်တွင် ဆောက်လုပ်ထားရှိခြင်းဖြစ်ပြီး တည်ဆောက်ရာတွင် မန္တလေး မြို့၏ ကျက်သရေဆောင်နန်းမြို့မြန်မာမှုအသွင်အပြင်နှင့် ခေတ်မီနည်းပညာများ ပေါင်းစပ်၍ မြို့တော်ဂုဏ်အင်္ဂါရပ်နှင့်လိုက်ဖက်တင့်တယ်စေမည့် ဒီဇိုင်းများအဖြစ် ပုံဖော်ဖန်တီးပြီး ခန်းနားထည်ဝါစွာတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း။

ရတနာပုံခန်းမကြီးသည် လူဦးရေ ၁၂၀၀ ဝင်ဆန့်ပြီး စီးပွားရေး၊ကျန်းမာရေး၊ ပညာရေးနှင့် နည်းပညာပိုင်းဆို်ငရာ အလုပ်ရုံဆွေးနွေးပွဲ(Workshop)များ၊ အစည်းအဝေး (Meeting)များ၊ ရှင်ပြုရဟန်းခံ နားထွင်းနားသအလှူပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အထိမ်းအမှတ် ညစာစားပွဲ၊ အငြိမ့်ပွဲ၊ ပဒေသာကပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ စသည့်အခမ်းအနား ပွဲများအပြင် ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ ဈေးရောင်းပွဲတော်များနှင့် နိုင်ငံတကာကုန်စည် ပြပွဲများကိုပါ ကျင်းပဆောင်ရွက်နိုင်မည်ဖြစ်ပြီး ခေတ်မီနည်းပညာများနှင့် ဓာတ်လှေကား၊ စက်လှေကားများ၊ အသံပိုင်းဆိုင်ရာစနစ်များ၊ မီးသတ်စနစ်နှင့် လုံခြုံရေးစနစ်များကိုပါ ထည့်သွင်းတည်‌ ဆောက်ထားကြောင်း။

မြန်မာနိုင်ငံ၏ ကုန်းဘောင်မင်းဆက်မြို့တည်နန်းတည်ရာ ဖြစ်ခဲ့သည့် မန္တလေးမြို့ သည် သမိုင်းအစဉ်အလာရှိမှုနှင့်ယဉ်ကျေးမှုအစဉ်အလာကြီးမားမှုများဖြင့် ထင်ရှားသည့် မြို့တစ်မြို့လည်းဖြစ်ကြောင်း၊ ထို့အပြင်မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ဒေသများသည် နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာမှုများပြားသော ဒေသဖြစ်သည့် အတွက် မြို့တော်အင်္ဂါရပ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် မြို့ကျက်သရေဆောင် ခန်းမကြီးတစ်ခုကို အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခြင်းဖြစ်သည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိကြောင်း၊ ယခုလက်ရှိရတနာပုံခန်းမကြီးနှင့် ကပ်လျက်တည်ရှိသည့် ၃၈ လမ်း ဖောက်လုပ်ထားသောမြေဧရိယာသည် ရှေးယခင်ကတည်းက တပ်ပိုင်မြေဖြစ်ပြီး အများပြည်သူ အသုံးပြုနိုင်ရန်အလို့ငှာ လမ်းမကြီးဖြတ်သန်းဖောက်လုပ်နိုင်ရေးအတွက် မိမိတာဝန်ယူသည့်အချိန်တွင် တပ်မတော်မှ မြို့တော်စည်ပင်သာယာရေးကော်မတီကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ကျွဲဆည်ကန်စက်မှုဇုန် (၂) အနီးမြို့သစ်မှ ရန်ကုန်-မန္တလေးကားလမ်းမကိုပတ်သွားနေရခြင်းကြောင့် ကမ္ဘာ့ရတနာဘဏ်အနီးတွင် ရှိသည့် တပ်မတော်ပိုင်ကန်တိုမင်မြေပေါ်ဖြတ်သန်း၍ လမ်းနှစ်ခုဆက်ပြီးဖောက်လုပ်နိုင် ရေး တင်ပြလာခဲ့သည့်အတွက် လွှဲပြောင်းပေးခဲ့ရာ ယခုဖောက်လုပ်ထားသော ၁၁၇ လမ်း အဖြစ်မြင်တွေ့ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် မန္တလေးတောင်ခြေအနီး အိမ်ခြေ ၆၁၁ လုံး၊ အိမ်ထောင်စု ၇၈၉ စုရှိသည့် ဘုန်းတော်တိုးရပ်ကွက်ကြီးတစ်ခုလုံးသည် တပ်မြို့ စည်ပင်ကန်တိုမင်နယ်မြေအတွင်းတွင်ရှိသည့်အတွက် မြို့၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူများ၏ အကျိုးစီးပွားတိုးတက်စေရေးအလို့ငှာ မိမိတို့မှ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည့်အတွက် လူနေမှုအဆင့်အတန်း မြင့်မားရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်မှုအဆင်ပြေချောမွေ့စေရေးနှင့် မြို့ကွက်ပုံစံစနစ်တကျ ဖြစ်စေရေးတို့အတွက် အထောက်အကူဖြစ်စေခဲ့ကြောင်းကိုလည်း အသိပေးပြောကြားလိုကြောင်း။

သမိုင်းအစဉ်အလာကြီးမားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်း များရှိနေသည့် မန္တလေးမြို့တွင်လိုအပ်လျက်ရှိသည့် အခြေခံအဆောက်အဦများ ယခုကဲ့သို့ တည်ဆောက်ပေးခြင်းဖြင့် ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများကို ခမ်းနားထည်ဝါစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသနေပြည်သူများ၏ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း တစ်တပ်တစ်အားအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူရခြင်းသည် အရေးပေါ်ကာလ ခဏတာမျှ ဖြစ်သော်လည်း တတ်နိုင်သမျှ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်အောင်၊ ပညာရေးကဏ္ဍတွင် နောက်ကျမကျန်ခဲ့ရအောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်း သည် ပဲ၊ နှမ်း၊ ငရုတ်အပါအဝင် နှစ်ရှည်သီးနှံများ အဓိကထားစိုက်ပျိုး ထုတ်လုပ်ပြီး ရွှေချည်ထိုး၊ ကြိုးကြီးချိပ်အပါအဝင် အထည်လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်နေသည့် တိုင်းတစ်ခုဖြစ်ကြောင်း၊ ဒေသ ထုတ်ကုန်ကို အခြေခံသည့် စက်မှုလုပ်ငန်းများ၊ အခြားစက်မှုလုပ်ငန်းများ များစွာ ဆောင်ရွက်နေသည့်အတွက် ရေခံမြေခံကောင်းသည့် မန္တလေးတိုင်းသည် နိုင်ငံတော်က အားကိုးရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို အဓိကအခြေခံသည့် တန်းဖိုး မြင့်ထုတ်ကုန်လုပ်ငန်းများ ဖြစ်စေရေး ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း ပြောကြား သည်။

ယင်းနောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ စီမံကိန်းများညွှန်ကြားရေမှူး ဦးခင်မောင်စိုးက ရတနာပုံခန်းမ တည်ဆောက် ဆောင်ရွက်ခြင်းဆိုင်ရာများနှင့် ဝန်ဆောင်မှုပေးနိုင်သည့် အခြေအနေများအား Video Clip များဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက ကျေးဇူးတင်စကားပြောကြားရာတွင် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ နှင့်ပတ်သက်သည့် အမျိုးမျိုးသော အခမ်းအနားများ အစည်းအဝေးပွဲများအား အဆင့် အတန်းမီစွာကျင်းပ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း၊ မန္တလေးမြို့အတွက် ကျက်သရေဆောင် ခန်းမကြီးတစ်ခုကို ဖြည့်ဆည်းဆောက်လုပ်ပေးသည့်အတွက် ကျေး ဇူးတင်ရှိပါကြောင်း၊ အလားတူ ၇၈ လမ်းမှ ၇၃ လမ်းအထိ ပိတ်နေသောလမ်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ပိုင် မြေပေါ်မှ လမ်းဖောက်လုပ်ခွင့်ပေးခဲ့သည့်အတွက် မန္တလေးမြို့တော်သူ မြို့တော်သားများ နှင့် မန္တလေးတက္ကသိုလ်တွင်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ သွားလာမှု ကိုလွယ်ကူချောမွေ့စေခဲ့သဖြင့် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရတနာပုံခန်းမ ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ယဉ်ကျေးမှုဖျော်ဖြေရေးအဖွဲ့နှင့် မြို့မတူရိယာအဖွဲ့မှ ဖွင့်ပွဲအထိမ်း အမှတ်အဖြစ် အကအလှတေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယဉ်ကျေးမှုဖျော်ဖြေရေးအဖွဲ့နှင့် မြို့မတူရိယာအဖွဲ့အား ဂုဏ်ပြု လက်ဆောင်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရတနာပုံခန်းမအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မႏၲေလး ရတနာပုံခန္းမ ဖြင့္ပြဲအခမ္းအနားသို႔ တက္ေရာက္ဖြင့္လွစ္

ေနျပည္ေတာ္ ေမ ၁၇

မႏၲေလးတိုင္းေဒသႀကီး မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ရတနာပုံခန္းမ ဖြင့္ပြဲအခမ္း အနားကို ယေန႔နံနက္ပိုင္းတြင္ က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ ဖြင့္လွစ္ေပးသည္။

အခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွ၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ား ျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ဇနီး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ဦးေအာင္ႏိုင္ဦး၊ ေဒါက္တာ ၫြန႔္ေဖ၊ ေဒါက္တာ သက္ခိုင္ဝင္း၊ ဦးေမာင္ေမာင္အုန္း၊ မႏၲေလးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးေမာင္ကို၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ကိုကိုဦး၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ လူမႈေရး အသင္းအဖြဲ႕မ်ား၊ တိုင္းရင္းသားအဖြဲ႕မ်ား၊ လုပ္ငန္းရွင္မ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ ရတနာပုံခန္းမအား ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ မႏၲေလး တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးေမာင္ကို၊ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း ဥကၠဌ ဒုတိယဗိုလ္ခ်ဳပ္ႀကီးညိဳေစာႏွင့္ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ၿမိဳ႕ေတာ္ဝန္ ဦးေက်ာ္ဆန္း တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ရတနာပုံခန္းမဆိုင္းဘုတ္အား စက္ခလုတ္ ႏွိပ္ဖြင့္လွစ္ၿပီး ခန္းမ ကမၺည္းေမာ္ကြန္းအား အေမႊးနံ႔သာရည္မ်ားျဖင့္ ပက္ဖ်န္းကာ ဖြင့္ပြဲ အထိမ္းအမွတ္အျဖစ္ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ကူးၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က အဖြင့္အမွာစကားေျပာၾကားရာတြင္ မႏၲေလးၿမိဳ႕သည္ လမ္းပန္းဆက္သြယ္မႈ အခ်က္အျခာက်သည့္ ေနရာတြင္တည္ရွိၿပီး ျမန္မာႏိုင္ငံအထက္ပိုင္း ကုန္စည္ကူးသန္း ေရာင္းဝယ္ေရးဗဟိုျဖစ္ေၾကာင္း၊ အေျခခံအေဆာက္အဦမ်ား ဖြံ႕ၿဖိဳးလာမႈႏွင့္အတူ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေနသည့္ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္ေၾကာင္း၊ ယေန႔ဖြင့္လွစ္လိုက္သည့္ ရတနာပုံခန္းမႀကီးသည္ မႏၲေလးႏွင့္အနီးဝန္းက်င္တြင္ ေနထိုင္ၾကသည့္ တိုင္းရင္းသား ျပည္သူလူထု၏ စီးပြားေရး၊ လူမႈေရး၊ ယဥ္ေက်းမႈ စသည့္ အခန္းက႑မ်ားအတြက္ လူေနမႈအဆင့္အတန္း ပိုမိုျမင့္မားတိုးတက္ေစၿပီး ေကာင္းမြန္ေသာ ဝန္ေဆာင္မႈ လုပ္ငန္းမ်ားကို အဆင့္မီမီ ေဆာင္႐ြက္ေပးႏိုင္ေသာ ခန္းမအေဆာက္အဦႀကီး တစ္ခုျဖစ္ ေၾကာင္း။

အမရပူရေခတ္တြင္ ေ႐ႊၿမိဳ႕ေတာ္ကို “အမရပူရ”၊ နန္းၿမိဳ႕ေတာ္ကို “ျမနန္းဘုံစံ”၊ ေ႐ႊနန္းေတာ္ကို “ေအာင္နန္းစံရာ” ဟု ေခၚေဝၚခဲ့ၾကၿပီး ရတနာပုံ(မႏၲေလး) ေခတ္တြင္ ေ႐ႊၿမိဳ႕ေတာ္ကို “ရတနာပုံ”၊ နန္းၿမိဳ႕ေတာ္ကို “ ေလးကြၽန္းေအာင္ေျမ”၊ ေ႐ႊနန္းေတာ္ကို “ျမနန္းစံေက်ာ္” ဟုအသီးသီး ေခၚေဝၚခဲ့ကေၾကာင္းႏွင့္ မႏၲေလးၿမိဳ႕စတင္တည္ေထာင္စဥ္ က “ရတနာပုံ” ဟုအမည္သမုတ္ခဲ့ေသာ္လည္း ေနာင္အခါ “မႏၲေလးေတာင္” ကိုအစြဲျပဳ၍ “မႏၲေလး” ဟုအမည္ေျပာင္းလဲေခၚေဝၚလာခဲ့ၾကသည္ကို မွတ္သားေတြ႕ရွိရေၾကာင္း၊ သကၠရာဇ္ ၁၂၂၁ ခုႏွစ္တြင္ မႏၲေလးရတနာပုံေနျပည္ေတာ္ႀကီးကို တည္ေထာင္ခဲ့သည့္ အတြက္ “ အုတ္ က်စ္ ေက်ာ္ ေအး မႏၲေလး” ဟုလည္း မွတ္ယူခဲ့ၾကၿပီး ျမန္မာႏိုင္ငံ၏ မင္းေနျပည္ေတာ္ျဖစ္ခဲ့သည့္ အားေလ်ာ္စြာ ထီးသုံးနန္းသုံး ေဝါဟာရအပါအဝင္ ယဥ္ေက်းမႈ အေမြအႏွစ္မ်ား၊ ေရွးေဟာင္းသမိုင္းဝင္ အေဆာက္အဦအမ်ားအျပား က်န္ရွိ ခဲ့သည့္ ၿမိဳ႕ေတာ္တစ္ခုလည္းျဖစ္ေၾကာင္း။

မႏၲေလးရတနာပုံေခတ္တြင္ ျမန္မာ့လက္မႈအႏုပညာမ်ားျဖစ္ေသာ ပန္းခ်ီ၊ ပန္းပု၊ ပန္းရန္၊ ပန္းေတာ့၊ ပန္းပြတ္ပညာရပ္မ်ား၊ ေၾကးထည္ျဖင့္ျပဳလုပ္ေသာ ပန္းတဥ္းလုပ္ငန္း၊ ေက်ာက္ဆစ္ပညာျဖစ္ေသာ ပန္းတေမာ့လုပ္ငန္းမ်ား၊ မွန္စီေ႐ႊခ်လုပ္ငန္း၊ ပန္းထိမ္ လုပ္ငန္း၊ ပိုးထည္လုပ္ငန္း၊ ေ႐ႊခ်ည္ထိုးလုပ္ငန္း၊ မ်က္ပါးခတ္လုပ္ငန္းစသည့္ ျမန္မာ့လက္ မႈ အႏုပညာမ်ား ထြန္းကားခဲ့သည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ မင္းတုန္းမင္းႀကီးသည္ သာသနာကို ေလးစားေသာမင္းျဖစ္သည့္ အားေလ်ာ္စြာ ၁၂၃၃ ခုႏွစ္တြင္ ပိဋပတ္သုံးပုံကို ပၪၥမသဂၤါယနာတင္ၿပီးေနာက္ ေက်ာက္ျပား ၇၂၉ ခ်ပ္ေပၚတြင္ ကမၺည္းအကၡရာ တင္ၿပီး မဟာေလာကမာရဇိန္ကုသိုလ္ေတာ္ဘုရားဝန္းအတြင္း စိုက္ထူကိုးကြယ္ခဲ့ေၾကာင္း၊ ဘုရား ဝန္းအတြင္းရွိ ႏွစ္ ၁၅၀ နီးပါးသက္တမ္းရွိၿပီျဖစ္သည့္ ပိဋကတ္ေက်ာက္စာမ်ားကို ကမာၻ႔ အႀကီးဆုံးစာအုပ္ႀကီးဟု ယူနက္စကိုအဖြဲ႕က Memory of the World Register စာရင္း တြင္ သမိုင္းအေမြအႏွစ္တစ္ခုအျဖစ္ ၂၀၁၃ ခုႏွစ္၌ စာရင္းသြင္းခံခဲ့ရမႈသည္ မႏၲေလးၿမိဳ႕၏ နက္ရႈိင္းေသာ ယဥ္ေက်းမႈကို ျမန္မာသာမက ကမာၻကပါ အသိအမွတ္ျပဳျခင္းျဖစ္သည္ ကိုေတြ႕ရွိရေၾကာင္း။

၁၈၈၅ ခုႏွစ္တြင္ တိုင္းတပါး က်ဴးေက်ာ္သိမ္းပိုက္မႈခံခဲ့ရကာ နန္းတြင္း လက္ရာ ပစၥည္းမ်ားကိုဖ်က္ဆီး၍ အခ်ိဳ႕ကိုယူေဆာင္သြားခဲ့ၾကၿပီး ဒုတိယကမာၻစစ္အတြင္းတြင္ ဗုံးဒဏ္ေၾကာင့္ မီးေလာင္ကြၽမ္းခဲ့ရသျဖင့္ စစ္ေဘးစစ္ဒဏ္ကို ခံစားခဲ့ရေသာ္လည္း ႐ိုးရာ အေမြအႏွစ္မ်ား လက္ဆင့္ကမ္းႏိုင္သည့္ မႏၲေလးၿမိဳ႕သည္ လြတ္လပ္ေရးရရွိၿပီးခ်ိန္မွ ယေန႔အထိ ဘာသာေရး၊ ယဥ္ေက်းမွ၊ ပညာေရးႏွင့္ စီးပြားေရးအဓိကဗဟိုခ်က္အျဖစ္ ဆက္လက္တည္ရွိခဲ့သည္ကို ေတြ႕ရွိရေၾကာင္း၊ ေရွးကာလကပင္ မႏၲေလးၿမိဳ႕သည္ ကမာၻ တြင္ လူသိမ်ားသည့္အတြက္ အဂၤလန္ႏိုင္ငံမွ စာေရးဆရာတစ္ဦးျဖစ္သူ “ဘီသီယာ ေမရီ ခ႐ိုကာ” Bithia Mary Croker (U.K)က The Road To Mandalay – Tale Of Burma ဆိုသည့္ စာအုပ္ကို ၁၉၁၇ ခုႏွစ္တြင္ ထုတ္ေဝခဲ့ၿပီး အဆိုပါေခတ္က မႏၲေလးၿမိဳ႕၏ ႀကီးက်ယ္ခန္းနားမႈ၊ သာယာလွပမႈ၊ ယဥ္ေက်းမႈ အဆင့္အတန္းျမင့္မားမႈမ်ားကို ေဖာ္ၫႊန္း ေရးသားထုတ္ေဝခဲ့ရာ လူႀကိဳက္မ်ားသည့္အတြက္ အႀကိမ္ႀကိမ္ထပ္မံ ထုတ္ေဝခဲ့ရ ေၾကာင္း၊ ထို႔အျပင္ အေမရိကန္ႏိုင္ငံသား ေတးဂီတ ပညာရွင္တစ္ဦးျဖစ္သည့္ “အိုေလ စပိခ္-စ္” Oley Speaks က On The Road To Mandalay ဆိုသည့္ သီခ်င္းကို ၁၉၀၇ ခုႏွစ္တြင္ေရးသားစပ္ဆိုခဲ့ရာ မႏၲေလးၿမိဳ႕ကို ေဖာ္ၫႊန္းေသာ ေအာင္ျမင္သည့္သီခ်င္း အျဖစ္ ကမာၻတြင္ လူသိမ်ားနာမည္ႀကီးခဲ့သည္ကို ေတြ႕ရွိရေၾကာင္း။

မႏၲေလးဟုဆိုလိုက္ပါက ဂီတစာဆို အေက်ာ္အေမာ္ဟုဆိုရမည့္ အလကၤာ ေက်ာ္စြာဘြဲ႕ရ ဆရာႀကီး ၿမိဳ႕မၿငိမ္းပါမွ ျပည့္စုံသည္ဟု ဆိုရမည္ျဖစ္ေၾကာင္း၊ ဆရာႀကီး၏ ေတးဂီတျပဳစု ဖြဲ႕ဆိုမႈမ်ားသည္ ယေန႔ထက္တိုင္ ေခတ္မီဆဲ၊ ေက်ာ္ၾကားဆဲ၊ ဂႏၴဝင္ေျမာက္ဆဲျဖစ္ေၾကာင္း၊ အလားတူ ဆရာႀကီးၿမိဳ႕မၿငိမ္းဟု ေျပာလိုက္ပါက ဆရာႀကီးတို႔စတင္တည္ ေထာင္ခဲ့သည့္ ၿမိဳ႕မေတးဂီတအဖြဲ႕သည္လည္း ခြဲျခားလို႔မရႏိုင္ ေၾကာင္း၊ ထို႔ေၾကာင့္ ယေန႔ ဖြင့္ပြဲအခမ္းအနားတြင္ ၿမိဳ႕မေတးဂီတအဖြဲ႕က ပါဝင္ေဖ်ာ္ေျဖ ေပးႏိုင္ပါက ေကာင္းမြန္မည္ ဟု ဆႏၵျပဳခဲ့ၿပီး ယခုခဲ့သို႔ပါဝင္ေဖ်ာ္ေျဖေပးသည့္ အတြက္ အင္မတန္ဝမ္းေျမာက္ ေက်းဇူး တင္ေၾကာင္း။

ကုန္းေဘာင္မင္းဆက္ နန္းစိုက္ရာ ရတနာပုံမႏၲေလးၿမိဳ႕သည္ နန္းအေဆာင္ အေယာင္ႏွင့္ ခမ္းနားသကဲ့သို႔ ၿမိဳ႕ျပင္ေလးရပ္တြင္လည္း အေရာင္းအဝယ္မ်ားျဖစ္ထြန္းရာ လူဦးေရ ၂ သိန္းခန႔္အထိ ေနထိုင္ခဲ့ပါေၾကာင္း၊ မင္းတုန္းမင္းလက္ထက္ မႏၲေလး ၿမိဳ႕ျပင္ ေလးရပ္တြင္ အဂၤလိပ္၊ ျပင္သစ္၊ အီတလီ၊ ေပၚတူဂီ၊ ယိုးဒယား(ထိုင္း)၊ တ႐ုတ္ စသည့္ လူမ်ိဳးေပါင္းစုံ သက္ဝင္လႈပ္ရွားခဲ့ၿပီး ေနထိုင္ေရးအတြက္ အလုပ္အကိုင္ႏွင့္ လူမ်ိဳး အမည္အလိုက္ ေနရာခ်ထားေပးခဲ့သကဲ့သို႔ ကိုးကြယ္ယုံၾကည္မႈအေနျဖင့္ လြတ္လပ္စြာ ကိုးကြယ္ခြင့္ျပဳထားၿပီး မိမိတို႔ကိုးကြယ္ရာ ဘာသာအလိုက္ ေစတီ၊ ပုထိုးႏွင့္ ဘုရားရွိခိုး ေက်ာင္းမ်ားကိုလည္း ေဆာက္လုပ္ခြင့္ျပဳခဲ့သည္ကို မွတ္တမ္းမ်ားအရ ေလ့လာသိရွိခဲ့ရ ေၾကာင္း၊ မႏၲေလးၿမိဳ႕သည္ ျမန္မာႏိုင္ငံ၏ အလယ္ဗဟိုတြင္တည္ရွိ သကဲ့သို႔ ျမန္မာ့ ယဥ္ေက်းမႈတို႔ စုေဝးရာ ေဒသလည္းျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံအလယ္ပိုင္းႏွင့္ အထက္ ပိုင္း ေဒသမ်ား၏ အဓိကစီးပြားေရးဗဟိုခ်က္ျဖစ္ၿပီး မွတ္တမ္းမ်ားအရ လူဦးေရ ၁ ဒသမ ၄ သန္းရွိၿပီး ကိုးကြယ္ယုံၾကည္မႈအေနျဖင့္ ဗုဒၶဘာသာ ၉၃ ဒသမ ၈ ရာခိုင္ႏႈန္း၊ ခရစ္ယာန္ ၀ ဒသမ ၆ ရာခိုင္ႏႈန္း၊ ဟိႏၵဴ ၀ ဒသမ ၈ ရာခိုင္ႏႈန္း၊ အစၥလာမ္ ၄ ရာခိုင္ႏႈန္းႏွင့္ အျခား ၀ ဒသမ ၈ ရာခိုင္ႏႈန္းတို႔ေပါင္းစည္းေနထိုင္ၾကသည့္ ေနရာေဒသလည္းျဖစ္ေၾကာင္း။

ျမန္မာႏိုင္ငံအထက္ပိုင္း၏ ယဥ္ေက်းမႈႏွင့္ စီးပြားေရးဗဟိုခ်က္မျဖစ္သည့္ မႏၲေလး ၿမိဳ႕ႀကီးတြင္ ယခုကဲ့သို႔ရတနာပုံခန္းမႀကီး တည္ေဆာက္ဖြင့္လွစ္ရျခင္းမွာ ႏိုင္ငံေတာ္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ေဒသခံမ်ား၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျဖစ္ေစရန္၊ ႏိုင္ငံေတာ္အဆင့္အခမ္းအနားႀကီးမ်ားအပါအဝင္ စီးပြားေရး၊ လူမႈေရး၊ ပညာေရးႏွင့္ ယဥ္ေက်းမႈဆိုင္ရာအခမ္းအနားမ်ား က်င္းပႏိုင္ရန္၊ ၿမိဳ႕ဂုဏ္ က်က္သေရေဆာင္ ခမ္းနားထည္ဝါသည့္ ခန္းမႀကီးအျဖစ္ တည္ရွိေနေစရန္ ဆိုသည့္ ရည္႐ြယ္ခ်က္မ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမ်ားစြာျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ မႏၲေလးၿမိဳ႕တြင္ တည္ေဆာက္ထားရွိၿပီးျဖစ္သည့္ ခန္းမမ်ားရွိၿပီးျဖစ္ေသာ္လည္း တိုးပြားလာေသာလူဦးေရ၊ ျမင့္မားလာေသာ လူေနမႈအဆင့္အတန္းႏွင့္ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္မႈအေပၚအေျခခံ၍ လူဦးေရပိုမိုဝင္ဆံ့ႏိုင္သည့္ က်ယ္ဝန္းမႈ၊ ေခတ္မီဆန္းသစ္မႈ၊ နည္းပညာအသုံးခ်ႏိုင္မႈမ်ားျဖင့္ အေကာင္းမြန္ဆုံးေသာ ဝန္ေဆာင္မႈမ်ားေပးႏိုင္မည့္ ခန္းမႀကီးတစ္ခုလိုအပ္သည္ကို ေတြ႕ရွိရေၾကာင္း၊ မိမိကိုယ္တိုင္လည္း မႏၲေလး တြင္လူလားေျမာက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ မိမိတတ္ႏိုင္သည့္ အခ်ိန္တြင္ ၇၈ လမ္းႏွင့္ ၃၈ လမ္းေထာင့္ယခုေနရာတြင္ ယခုကဲ့သို႔ခန႔္ညားထည္ဝါေသာ ခန္းမႀကီး တစ္ခုအျဖစ္ တည္ေဆာက္ႏိုင္ရန္အတြက္ ၂၀၁၆ ခုႏွစ္ကတည္းက ရည္႐ြယ္ဆုံးျဖတ္ခဲ့ၿပီး အေကာင္အထည္ေဖာ္ေစခဲ့ျခင္းျဖစ္ေၾကာင္း၊ ရတနာပုံခန္းမႀကီးအား ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ ၁၇ ရက္ေန႔တြင္ ပႏၷက္တင္မဂၤလာအခမ္းအနားျပဳလုပ္၍ စတင္ တည္ေဆာက္ခဲ့ၿပီး ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာ ၃၀ ရက္ေန႔တြင္ တည္ေဆာက္ၿပီးစီးခဲ့ ေၾကာင္း၊ မႏၲေလးၿမိဳ႕၏ အခ်က္အျခာေနရာတစ္ခုျဖစ္သည့္ ၇၈ လမ္း၊ ၃၈ လမ္းေထာင့္ ေျမဧရိယာ ၆ ဧကေပၚတြင္ ေဆာက္လုပ္ထားရွိျခင္းျဖစ္ၿပီး တည္ေဆာက္ရာတြင္ မႏၲေလး ၿမိဳ႕၏ က်က္သေရေဆာင္နန္းၿမိဳ႕ျမန္မာမႈအသြင္အျပင္ႏွင့္ ေခတ္မီနည္းပညာမ်ား ေပါင္းစပ္၍ ၿမိဳ႕ေတာ္ဂုဏ္အဂၤါရပ္ႏွင့္လိုက္ဖက္တင့္တယ္ေစမည့္ ဒီဇိုင္းမ်ားအျဖစ္ ပုံေဖာ္ဖန္တီးၿပီး ခန္းနားထည္ဝါစြာတည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း။

ရတနာပုံခန္းမႀကီးသည္ လူဦးေရ ၁၂၀၀ ဝင္ဆန႔္ၿပီး စီးပြားေရး၊က်န္းမာေရး၊ ပညာေရးႏွင့္ နည္းပညာပိုင္းဆို္ငရာ အလုပ္႐ုံေဆြးေႏြးပြဲ(Workshop)မ်ား၊ အစည္းအေဝး (Meeting)မ်ား၊ ရွင္ျပဳရဟန္းခံ နားထြင္းနားသအလႉပြဲ၊ မဂၤလာေဆာင္ပြဲ၊ အထိမ္းအမွတ္ ညစာစားပြဲ၊ အၿငိမ့္ပြဲ၊ ပေဒသာကပြဲမ်ား၊ ေတးဂီတေဖ်ာ္ေျဖပြဲမ်ား စသည့္အခမ္းအနား ပြဲမ်ားအျပင္ ေဒသဖြံ႕ၿဖိဳးေရးကိစၥမ်ား၊ ေဈးေရာင္းပြဲေတာ္မ်ားႏွင့္ ႏိုင္ငံတကာကုန္စည္ ျပပြဲမ်ားကိုပါ က်င္းပေဆာင္႐ြက္ႏိုင္မည္ျဖစ္ၿပီး ေခတ္မီနည္းပညာမ်ားႏွင့္ ဓာတ္ေလွကား၊ စက္ေလွကားမ်ား၊ အသံပိုင္းဆိုင္ရာစနစ္မ်ား၊ မီးသတ္စနစ္ႏွင့္ လုံၿခဳံေရးစနစ္မ်ားကိုပါ ထည့္သြင္းတည္‌ ေဆာက္ထားေၾကာင္း။

ျမန္မာႏိုင္ငံ၏ ကုန္းေဘာင္မင္းဆက္ၿမိဳ႕တည္နန္းတည္ရာ ျဖစ္ခဲ့သည့္ မႏၲေလးၿမိဳ႕ သည္ သမိုင္းအစဥ္အလာရွိမႈႏွင့္ယဥ္ေက်းမႈအစဥ္အလာႀကီးမားမႈမ်ားျဖင့္ ထင္ရွားသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ေၾကာင္း၊ ထို႔အျပင္မႏၲေလးၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္ေဒသမ်ားသည္ ႏိုင္ငံျခားခရီးသြားဧည့္သည္မ်ား ဝင္ထြက္သြားလာမႈမ်ားျပားေသာ ေဒသျဖစ္သည့္ အတြက္ ၿမိဳ႕ေတာ္အဂၤါရပ္ႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေစမည့္ ၿမိဳ႕က်က္သေရေဆာင္ ခန္းမႀကီးတစ္ခုကို ေအာင္ျမင္စြာဖြင့္လွစ္ေပးႏိုင္ျခင္းျဖစ္သည့္အတြက္ မ်ားစြာဂုဏ္ယူ ဝမ္းေျမာက္မိေၾကာင္း၊ ယခုလက္ရွိရတနာပုံခန္းမႀကီးႏွင့္ ကပ္လ်က္တည္ရွိသည့္ ၃၈ လမ္း ေဖာက္လုပ္ထားေသာေျမဧရိယာသည္ ေရွးယခင္ကတည္းက တပ္ပိုင္ေျမျဖစ္ၿပီး အမ်ားျပည္သူ အသုံးျပဳႏိုင္ရန္အလို႔ငွာ လမ္းမႀကီးျဖတ္သန္းေဖာက္လုပ္ႏိုင္ေရးအတြက္ မိမိတာဝန္ယူသည့္အခ်ိန္တြင္ တပ္မေတာ္မွ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကို လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ အလားတူ ကြၽဲဆည္ကန္စက္မႈဇုန္ (၂) အနီးၿမိဳ႕သစ္မွ ရန္ကုန္-မႏၲေလးကားလမ္းမကိုပတ္သြားေနရျခင္းေၾကာင့္ ကမာၻ႔ရတနာဘဏ္အနီးတြင္ ရွိသည့္ တပ္မေတာ္ပိုင္ကန္တိုမင္ေျမေပၚျဖတ္သန္း၍ လမ္းႏွစ္ခုဆက္ၿပီးေဖာက္လုပ္ႏိုင္ ေရး တင္ျပလာခဲ့သည့္အတြက္ လႊဲေျပာင္းေပးခဲ့ရာ ယခုေဖာက္လုပ္ထားေသာ ၁၁၇ လမ္း အျဖစ္ျမင္ေတြ႕ၾကရမည္ျဖစ္ေၾကာင္း၊ ထို႔အျပင္ မႏၲေလးေတာင္ေျခအနီး အိမ္ေျခ ၆၁၁ လုံး၊ အိမ္ေထာင္စု ၇၈၉ စုရွိသည့္ ဘုန္းေတာ္တိုးရပ္ကြက္ႀကီးတစ္ခုလုံးသည္ တပ္ၿမိဳ႕ စည္ပင္ကန္တိုမင္နယ္ေျမအတြင္းတြင္ရွိသည့္အတြက္ ၿမိဳ႕၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ အမ်ားျပည္သူမ်ား၏ အက်ိဳးစီးပြားတိုးတက္ေစေရးအလို႔ငွာ မိမိတို႔မွ မႏၲေလးတိုင္း ေဒသႀကီးအစိုးရအဖြဲ႕ထံ လႊဲေျပာင္းေပးခဲ့ၿပီးျဖစ္သည့္အတြက္ လူေနမႈအဆင့္အတန္း ျမင့္မားေရး၊ ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္ေရး၊ လမ္းပန္းဆက္သြယ္မႈအဆင္ေျပေခ်ာေမြ႕ေစေရးႏွင့္ ၿမိဳ႕ကြက္ပုံစံစနစ္တက် ျဖစ္ေစေရးတို႔အတြက္ အေထာက္အကူျဖစ္ေစခဲ့ေၾကာင္းကိုလည္း အသိေပးေျပာၾကားလိုေၾကာင္း။

သမိုင္းအစဥ္အလာႀကီးမားၿပီး စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအလားအလာေကာင္း မ်ားရွိေနသည့္ မႏၲေလးၿမိဳ႕တြင္လိုအပ္လ်က္ရွိသည့္ အေျခခံအေဆာက္အဦမ်ား ယခုကဲ့သို႔ တည္ေဆာက္ေပးျခင္းျဖင့္ ေဒသခံျပည္သူမ်ားအေနျဖင့္လည္း မိမိတို႔၏ စီးပြားေရး၊ လူမႈေရး၊ ပညာေရး၊ ယဥ္ေက်းမႈဆိုင္ရာ အခမ္းအနားမ်ားကို ခမ္းနားထည္ဝါစြာ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ၿပီး ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ေဒသေနျပည္သူမ်ား၏ က႑ေပါင္းစုံဖြံ႕ၿဖိဳးတိုးတက္ေစရန္အတြက္လည္း တစ္တပ္တစ္အားအေထာက္အကူ ျဖစ္ေစမည္ျဖစ္ေၾကာင္း၊ မိမိတို႔တာဝန္ယူရျခင္းသည္ အေရးေပၚကာလ ခဏတာမွ် ျဖစ္ေသာ္လည္း တတ္ႏိုင္သမွ် ေဒသစီးပြားဖြံ႕ၿဖိဳးတိုးတက္ေအာင္၊ ပညာေရးက႑တြင္ ေနာက္က်မက်န္ခဲ့ရေအာင္ ႀကိဳးစားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ မႏၲေလးတိုင္း သည္ ပဲ၊ ႏွမ္း၊ င႐ုတ္အပါအဝင္ ႏွစ္ရွည္သီးႏွံမ်ား အဓိကထားစိုက္ပ်ိဳး ထုတ္လုပ္ၿပီး ေ႐ႊခ်ည္ထိုး၊ ႀကိဳးႀကီးခ်ိပ္အပါအဝင္ အထည္လုပ္ငန္းမ်ား၊ ေမြးျမဴေရးလုပ္ငန္းမ်ား၊ လက္မႈလုပ္ငန္းမ်ား က်ယ္ျပန႔္စြာေဆာင္႐ြက္ေနသည့္ တိုင္းတစ္ခုျဖစ္ေၾကာင္း၊ ေဒသ ထုတ္ကုန္ကို အေျခခံသည့္ စက္မႈလုပ္ငန္းမ်ား၊ အျခားစက္မႈလုပ္ငန္းမ်ား မ်ားစြာ ေဆာင္႐ြက္ေနသည့္အတြက္ ေရခံေျမခံေကာင္းသည့္ မႏၲေလးတိုင္းသည္ ႏိုင္ငံေတာ္က အားကိုးရသည့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးထုတ္ကုန္မ်ားကို အဓိကအေျခခံသည့္ တန္းဖိုး ျမင့္ထုတ္ကုန္လုပ္ငန္းမ်ား ျဖစ္ေစေရး ႀကိဳးစားေဆာင္႐ြက္သြားေစလိုေၾကာင္း ေျပာၾကား သည္။

ယင္းေနာက္ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း၊ စီမံကိန္းမ်ားၫႊန္ၾကားေရမႉး ဦးခင္ေမာင္စိုးက ရတနာပုံခန္းမ တည္ေဆာက္ ေဆာင္႐ြက္ျခင္းဆိုင္ရာမ်ားႏွင့္ ဝန္ေဆာင္မႈေပးႏိုင္သည့္ အေျခအေနမ်ားအား Video Clip မ်ားျဖင့္ ရွင္းလင္းတင္ျပသည္။

ဆက္လက္ၿပီး မႏၲေလးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးေမာင္ကိုက ေက်းဇူးတင္စကားေျပာၾကားရာတြင္ ဘာသာေရး၊ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရးမ်ား ႏွင့္ပတ္သက္သည့္ အမ်ိဳးမ်ိဳးေသာ အခမ္းအနားမ်ား အစည္းအေဝးပြဲမ်ားအား အဆင့္ အတန္းမီစြာက်င္းပ ျပဳလုပ္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း၊ မႏၲေလးၿမိဳ႕အတြက္ က်က္သေရေဆာင္ ခန္းမႀကီးတစ္ခုကို ျဖည့္ဆည္းေဆာက္လုပ္ေပးသည့္အတြက္ ေက်း ဇူးတင္ရွိပါေၾကာင္း၊ အလားတူ ၇၈ လမ္းမွ ၇၃ လမ္းအထိ ပိတ္ေနေသာလမ္းအား ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္ပိုင္ ေျမေပၚမွ လမ္းေဖာက္လုပ္ခြင့္ေပးခဲ့သည့္အတြက္ မႏၲေလးၿမိဳ႕ေတာ္သူ ၿမိဳ႕ေတာ္သားမ်ား ႏွင့္ မႏၲေလးတကၠသိုလ္တြင္တက္ေရာက္ေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား သြားလာမႈ ကိုလြယ္ကူေခ်ာေမြ႕ေစခဲ့သျဖင့္ ေက်းဇူးတင္ရွိပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း ဥကၠ႒ က ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ရတနာပုံခန္းမ ဖြင့္ပြဲအခမ္းအနား အထိမ္းအမွတ္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္သည္။

ယင္းေနာက္ ယဥ္ေက်းမႈေဖ်ာ္ေျဖေရးအဖြဲ႕ႏွင့္ ၿမိဳ႕မတူရိယာအဖြဲ႕မွ ဖြင့္ပြဲအထိမ္း အမွတ္အျဖစ္ အကအလွေတးသံသာမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္မႈအား ၾကည့္ရႈၾကသည္။ ၎ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယဥ္ေက်းမႈေဖ်ာ္ေျဖေရးအဖြဲ႕ႏွင့္ ၿမိဳ႕မတူရိယာအဖြဲ႕အား ဂုဏ္ျပဳ လက္ေဆာင္ႏွင့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခ်ီးျမႇင့္ၿပီး အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ကူးၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ရတနာပုံခန္းမအတြင္း လွည့္လည္ၾကည့္ရႈေလ့လာၾကရာ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။