နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai အားယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်မည့် တရုတ်-အာဆီယံ ဆက်ဆံရေး နှစ်(၃၀)ပြည့်အခမ်းအနား ဆိုင်ရာကိစ္စရပ်များ၊ တရုတ်-မြန်မာချစ်ကြည်ရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် တရုတ်သံရုံးမှ တာဝန်ရှိသူ တို့ တက်ရောက်ခဲ့ကြသည်။

Zawgyi Version

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံသံအမတ္ႀကီး H.E. Mr. Chen Hai အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဇြန္ ၅

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံသံအမတ္ႀကီး H.E. Mr. Chen Hai အားယေန႔ နံနက္ပိုင္းတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး ဧည့္ခန္းမ၌လက္ခံေတြ႕ဆုံသည္။

ထိုသို႔ေတြ႕ဆုံစဥ္ တ႐ုတ္ႏိုင္ငံတြင္က်င္းပျပဳလုပ္မည့္ တ႐ုတ္-အာဆီယံ ဆက္ဆံေရး ႏွစ္(၃၀)ျပည့္အခမ္းအနား ဆိုင္ရာကိစၥရပ္မ်ား၊ တ႐ုတ္-ျမန္မာခ်စ္ၾကည္ေရးႏွင့္ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ေရး ဆိုင္ရာကိစၥရပ္မ်ား၊ ႏွစ္ႏိုင္ငံနယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရး ဆိုင္ရာကိစၥရပ္မ်ားအား ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အတူ ႏိုင္ငံျခားေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰေမာင္လြင္ တက္ေရာက္ၿပီး ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံသံအမတ္ႀကီးႏွင့္ တ႐ုတ္သံ႐ုံးမွ တာဝန္ရွိသူ တို႔ တက္ေရာက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။