ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် ကိုယ်စားလှယ်အဖွဲ့များ မော်စကိုမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် – ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့များ သည် ယနေ့တွင် မော်စကိုမြို့ရှိ အထင်ကရနေရာများ၊ ဘာသာရေးဆိုင်ရာ အဆောက် အဦများ၊ လျှပ်စစ်နှင့်စွမ်းအင်ပြတိုက်နှင့် MGIMO ကျောင်းတို့သို့ သွားရောက်ကြည့်ရှု လေ့လာကြပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးကြသည်။

 

 

 

 

ထိုသို့ လေ့လာရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင် ဦးဆောင်သော အဖွဲ့သည် မော်စကိုလျှပ်စစ်နှင့် စွမ်းအင်ပြတိုက်သို့ သွားရောက်လေ့လာပြီး မော်စကို မြို့တော်ဝန်နှင့် တွေ့ဆုံကာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြသည်။

အလားတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန်းအောင်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် လည်းကောင်း၊ စိန့်ပီတာစဘတ် မြို့တော်ဝန်ရုံးခွဲ (မော်စကို)မှ ပြည်ပ ဆက်ဆံရေးကော်မတီနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်‌ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့တော်ဝန်နှင့်တွေ့ဆုံပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ထူးချွန်ဆုရ အရာရှိများအဖွဲ့သည် မော်စကိုမြို့ရှိ Patriotic Park နှင့် ရုရှားတပ်မတော်၏ ပင်မဘုရားရှိခိုးကျောင်းသို့
လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့သည် မော်စကို သာသနာပိုင် မဟာယနဗုဒ္ဓ ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ် အဖွဲ့သည် MGIMO တက္ကသိုလ်သို့လည်းကောင်း သွားရောက်လေ့လာကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

 

Zawgyi Version

 

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ ေရာက္ရွိေနၾကသည့္ ကိုယ္စားလွယ္အဖြဲ႕မ်ား ေမာ္စကိုၿမိဳ႕ရွိ အထင္ကရေနရာမ်ားသို႔ သြားေရာက္ၾကည့္ရႈေလ့လာ၊ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္ ဇြန္ – ၂၃

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ခရီးစဥ္တြင္ လိုက္ပါလာၾကသည့္ ကိုယ္စားလွယ္အဖြဲ႕မ်ား သည္ ယေန႔တြင္ ေမာ္စကိုၿမိဳ႕ရွိ အထင္ကရေနရာမ်ား၊ ဘာသာေရးဆိုင္ရာ အေဆာက္ အဦမ်ား၊ လွ်ပ္စစ္ႏွင့္စြမ္းအင္ျပတိုက္ႏွင့္ MGIMO ေက်ာင္းတို႔သို႔ သြားေရာက္ၾကည့္ရႈ ေလ့လာၾကၿပီး တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံကာ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ ကိစၥရပ္ မ်ားကို ေဆြးေႏြးၾကသည္။

ထိုသို႔ ေလ့လာရာတြင္ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာ ေမာင္ေမာင္ႏိုင္ ဦးေဆာင္ေသာ အဖြဲ႕သည္ ေမာ္စကိုလွ်ပ္စစ္ႏွင့္ စြမ္းအင္ျပတိုက္သို႔ သြားေရာက္ေလ့လာၿပီး ေမာ္စကို ၿမိဳ႕ေတာ္ဝန္ႏွင့္ ေတြ႕ဆုံကာ ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္ေရး ဆိုင္ရာ လုပ္ငန္းမ်ားႏွင့္စပ္လ်ဥ္း၍ အျမင္ျခင္းဖလွယ္ ေဆြးေႏြးၾကသည္။

အလားတူ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး ဦးသန္းေအာင္ေက်ာ္ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွား-ျမန္မာ ခ်စ္ၾကည္ေရးအသင္း ဥကၠ႒ႏွင့္ လည္းေကာင္း၊ စိန႔္ပီတာစဘတ္ ၿမိဳ႕ေတာ္ဝန္႐ုံးခြဲ (ေမာ္စကို)မွ ျပည္ပ ဆက္ဆံေရးေကာ္မတီႏွင့္လည္းေကာင္း သီးျခားစီေတြ႕ဆုံၿပီး ပူးေပါင္းေဆာင္႐ြက္‌ေရးဆိုင္ရာ ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကသည္။
ထို႔အတူ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ကိုယ္စားလွယ္အဖြဲ႕သည္ ေမာ္စကိုၿမိဳ႕ေတာ္ဝန္ႏွင့္ေတြ႕ဆုံၿပီး ျပည္သူ႔က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား၊ ေဆးပညာ ပူးေပါင္းေဆာင္႐ြက္ေရးကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကသည္။

ထို႔ျပင္ ထူးခြၽန္ဆုရ အရာရွိမ်ားအဖြဲ႕သည္ ေမာ္စကိုၿမိဳ႕ရွိ Patriotic Park ႏွင့္ ႐ုရွားတပ္မေတာ္၏ ပင္မဘုရားရွိခိုးေက်ာင္းသို႔
လည္းေကာင္း၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ကိုယ္စားလွယ္အဖြဲ႕သည္ ေမာ္စကို သာသနာပိုင္ မဟာယနဗုဒၶ ဘုန္းေတာ္ႀကီးေက်ာင္းသို႔လည္းေကာင္း၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ကိုယ္စားလွယ္ အဖြဲ႕သည္ MGIMO တကၠသိုလ္သို႔လည္းေကာင္း သြားေရာက္ေလ့လာၾကရာ တာဝန္ရွိ သူမ်ားက လိုက္လံရွင္းလင္းျပသခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။