နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော် ဇွန် – ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ ဒေသစံတော်ချိန်ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirskမြို့၊ Tolmachevo လေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှအထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ Siberian ဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Petuhov Yuri Frogravich၊ Higher Military Command School ကျောင်းအုပ်ကြီး၊ တပ်မ ၄၁ ယာယီတပ်မမှူးနှင့် တာဝန်ရှိသူများ၊ ရုရှား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးဇော်လင်းဦး၊ စစ်သံမှူး ဗိုလ်မှူး ချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ကြ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်နှင့် မြန်မာ့တပ်မတော်မှ ထူးချွန်ဆုရ အရာရှိများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာခဲ့ကြသည်။

ခရီးစဉ်အတွင်း (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ(MCIS-2021)သို့ ပါဝင်တက်ရောက်ဆွေးနွေးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့ကြပြီး နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်နည်းပညာဆိုင်ရာ ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သုတေသနလုပ်ငန်းကဏ္ဍ၊ လူစွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက်နိုင်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစံတော်ချိန် ယနေ့ည ၁၁ နာရီခန့်တွင် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဉီးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay A.Listopadovနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

 

Zawgyi Version

 

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ကိုယ္စားလွယ္အဖြဲ႕ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံမွ ျပန္လည္ေရာက္ရွိ

ေနျပည္ေတာ္ ဇြန္ – ၂၇

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားသည္ ယေန႔ ေဒသစံေတာ္ခ်ိန္ညေနပိုင္းတြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ Novosibirskၿမိဳ႕၊ Tolmachevo ေလဆိပ္မွ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္သို႔ အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္း(MAI)မွအထူးေလယာဥ္ျဖင့္ ျပန္လည္ထြက္ခြာရာ Siberian ေဒသ ဒုတိယအုပ္ခ်ဳပ္ေရးမႉး Mr. Petuhov Yuri Frogravich၊ Higher Military Command School ေက်ာင္းအုပ္ႀကီး၊ တပ္မ ၄၁ ယာယီတပ္မမႉးႏွင့္ တာဝန္ရွိသူမ်ား၊ ႐ုရွား ႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံ႐ုံးမွ သံ႐ုံးယာယီတာဝန္ခံ ဦးေဇာ္လင္းဦး၊ စစ္သံမႉး ဗိုလ္မႉး ခ်ဳပ္ ေက်ာ္စိုးမိုးႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ လိုက္လံပို႔ေဆာင္ႏႈတ္ဆက္ၾက သည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အတူ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားအျဖစ္ လိုက္ပါသြားၾကသည့္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္း ေရးမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာ ေမာင္ေမာင္ႏိုင္၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးသန္းေအာင္ေက်ာ္ႏွင့္ ျမန္မာ့တပ္မေတာ္မွ ထူးခြၽန္ဆုရ အရာရွိမ်ား၊ စစ္ဘက္၊ နယ္ဘက္မွ တာဝန္ရွိသူမ်ား ျပန္လည္လိုက္ပါလာခဲ့ၾကသည္။

ခရီးစဥ္အတြင္း (၉)ႀကိမ္ေျမာက္ ႏိုင္ငံတကာလုံၿခဳံေရးဆိုင္ရာညီလာခံ(MCIS-2021)သို႔ ပါဝင္တက္ေရာက္ေဆြးေႏြးျခင္း၊ စစ္ဘက္၊ အရပ္ဘက္မွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းတို႔အျပင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံရွိ အထင္ကရေနရာမ်ား၊ တကၠသိုလ္မ်ားႏွင့္ စက္႐ုံ၊ အလုပ္႐ုံမ်ားသို႔ သြားေရာက္ေလ့လာခဲ့ၾကၿပီး ႏွစ္ႏိုင္ငံ အစိုးရႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ စစ္ဘက္နည္းပညာဆိုင္ရာ က႑၊ သိပၸံႏွင့္နည္းပညာက႑၊ သုေတသနလုပ္ငန္းက႑၊ လူစြမ္းအားအရင္း အျမစ္ဖြံ႕ၿဖိဳး တိုးတက္ေရးက႑ႏွင့္ ယဥ္ေက်းမႈက႑တို႔တြင္ ပိုမိုတိုးတက္ခိုင္မာေအာင္ ေဆြးေႏြး ေဆာင္႐ြက္ႏိုင္ခဲ့သည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဉီးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာစံေတာ္ခ်ိန္ ယေန႔ည ၁၁ နာရီခန႔္တြင္ ေနျပည္ေတာ္တပ္မေတာ္ေလဆိပ္သို႔ ျပန္လည္ေရာက္ရွိၾကရာ ေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဉီးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီဝင္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ကာကြယ္ ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး၊ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Nikolay A.Listopadovႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္၌ ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။