နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၊ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး

နေပြည်တော်၊ ဇူလိုင်- ၁၂

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးဝင်းရှိန်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် ရောဂါဖြစ်ပွားမှုအနေဖြင့် ဖြစ်ပွားသည့်အချိန်မှ ယနေ့အထိ ၁၉၂၂၁၃ ဦး ရှိပြီဖြစ်သဖြင့် မိမိတို့နိုင်ငံ၏လူဦးရေ၏ ၀ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း၊ အာဆီယံ နိုင်ငံများထဲတွင် နံပါတ် ၅ နေရာသို့ ရောက်ရှိနေကြောင်း၊ အိမ်နီးချင်းနိုင်ငံများ တွင်လည်း ကူးစက်မှုနှုန်းများ မြင့်တက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်ရောဂါ ကူးစက်မှုအား ထိန်းချုပ်နိုင်ရန်အတွက် မြေပြင်တွင်လက်ရှိဖြစ်ပျက်နေမှုများကို အမှန်အတိုင်းသိရှိရန်လိုကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း ရောဂါကူးစက်မှုနှင့် ပတ်သက်၍ သံသယရှိလာပါက မိမိတို့အိမ်တွင် ဆေးမီးတိုဖြင့်ကြိတ်၍ကုသခြင်းများ ဆောင်ရွက်ခြင်းမပြုဘဲ သက်ဆိုင်ရာမြို့နယ်များအလိုက် ဖွင့်လှစ်ထားသည့် ဒေသန္တရ ကျန်းမာရေးဌာနများသို့ သွားရောက်အစစ်ဆေးခံရန်လိုအပ်ကြောင်း၊ ဆေးရုံသို့ တိုက်ရိုက် ချက်ချင်းသွားရောက်ရန် မလိုအပ်သေးဘဲ သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေးအရာရှိမှ စစ်ဆေးပြီးလိုအပ်ချက်ရှိပါက ဆေးရုံသိုလွှဲပြောင်းပေးမည် ဖြစ် ကြောင်း၊ ဒေသန္တရကျန်းမာရေးဌာနများ၏ စစ်ဆေးမှုများသည်လည်း ထိရောက်မှု ရှိကြောင်း၊ ပြည်သူများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် သတင်းပို့ဆက်သွယ် ဆောင်ရွက် သွားရန်လိုကြောင်း၊ ရောဂါကူးစက်မှုခံရသူများအနေဖြင့် သတ်မှတ်ထားသည့် ကျန်းမာ ရေးနှင့် လျော်ညီသည့်နေရာတစ်ခုတွင် သီးသန့်နေထိုင်ရန်လိုအပ်ကြောင်း၊ အားလုံး ကျန်းမာရေးအသိဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရောဂါဖြစ်ပွားမှုအခြေအနေ မှန်များအား မှန်မှန်ကန်ကန် တိတိကျကျဖြင့်သိရှိမှသာ ဖွဲ့စည်းထားသည့် ကော်မတီ များအနေဖြင့် အကျိုးရှိရှိ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် နိုင်ငံတော်၏ကျန်းမာရေးဆိုင်ရာ ကာကွယ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်မှု အပေါ် အထောက်အကူပေးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ဖြစ်စဉ်များအား အမှန်အတိုင်း ပြည်သူများမှပြောရန်လိုပြီး စစ်ဆေးသည့်အဖွဲ့အစည်းများ အနေဖြင့် လည်း လိုအပ်သည်များအား စီမံဆောင်ရွက်ရန်လိုကြောင်း။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အောက်ဆီဂျင်လိုအပ်ချက်များအပေါ် ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန် သတင်းမှားများ ဖော်ပြနေမှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် “နောက် တစ်ခါ Oxygen နဲ့ပတ်သက်ပြီး လူတွေတော်တော်များများ ပြောကြတာပေါ့လေ။ ဒီရက်ပိုင်းအတွင်းမှာ Oxygen နဲ့ ပတ်သက်ပြီး။ တစ်ကယ်တော့ Oxygen က လက်ရှိ အနေအထားမှာ လုံလုံလောက်လောက်ရှိပါတယ်။ လူတွေက ကြောက်လန့် ပြီးတော့ စိုးရိမ်ပြီးတော့ အချို့ကလည်း ဝယ်ထားတာ ရှိတယ်။ အချို့ကလည်း မသမာ တဲ့နည်းနဲ့ လုပ်ဖို့ကြိုးစားနေတာလည်း ရှိတယ်။ ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ် ထုတ်ဖို့ ဆောင်ရွက်လိုတဲ့လူတွေလည်း ရှိတယ်။ Oxygen အိုးတွေကို ဝယ်ပြီး တော့ ဖမ်းထိန်းတယ်။ Oxygen ပြတ်သွားပြီ။ အဲ့မှာ Rumour တွေထွက်ကုန်တယ်။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်ကပဲ ပြင်ဦးလွင်မှာရှိတဲ့ Oxygen plant ပျက်သွားတယ် ဆိုပြီး တော့ ဖြစ်လာတယ်။ ကျွန်တော်က တာဝန်ရှိတဲ့သူတွေ မေးတဲ့ အခါကျတော့ နေ့လည် ၁၂ နာရီအထိ အကောင်းပါပဲတဲ့ ဘာမှမဖြစ်ပါဘူးလို့ပြောတယ်။ ကျွန်တော်မေးကြည့် တယ်။ အဲ့စက်ရုံကို Check လုပ်ခိုင်းကြည့်တော့။ နောက်ဆုံးရတဲ့ Information ပေါ့။ အဲ့ဒီအချိန်မှာထိ ဘာမှမဖြစ်ဘူးလို့ပြောတယ်။ ဆိုလိုတာကတော့။ Rumour တွေ ထုတ်ပြီးတော့မှ လူတွေ အထိတ်တလန့်ဖြစ်ပြီးတော့ လုပ်တာပေါ့။ လူတွေက ဘာလည်းဆိုတော့ ပွဲလန့်တုန်း ဖျာခင်းတာပေါ့လေ။ အနှောင့်အယှက်မျိုးစုံ ပေးကြ တာ။ ဒါကိုလည်း။ ပြည်သူလူထုကလည်း သတိရှိရှိနဲ့ဆင်ခြင်ပြီးတော့ ဆောင်ရွက်ကြဖို့ ကျွန်တော် ပြောလိုပါတယ်။ နောက် Oxygen စက်ရုံနဲ့ပတ်သက်ရင်လည်း ပြီးခဲ့တဲ့ အပတ်က သောကြာနေ့က ကျွန်တော်တို့ ဆွေးနွေးပြီးတဲ့နောက်မှာ Oxygen plant တစ်ခုကို ကျွန်တော်တို့ကို လွှဲပြောင်းပေးဖို့အတွက် အလှူရှင်တစ်ယောက်ကနေပြီး တော့မှ ဆွေးနွေးလာတာရှိတယ်။ ကျွန်တော် လက်ခံလိုက်တယ်။ အခု ကျွန်တော်တို့ စလုပ်နေပြီ။ တစ်လအတွင်းမှာ ဒီစက်ရုံပြီးပါမယ်။ Production ပြီးတဲ့ထိကို လုပ်နိုင် အောင် ကြိုးစားနေပါတယ်။ လောလောဆယ် foundation တော့ပြီးသွားပြီ။ သို့သော် လည်းပဲ နောက်တစ်ဆင့်တက်ရမယ့် လုပ်ငန်းစဉ်ရှိတယ်။ အဲ့ဒါ နှစ်ပတ်လောက် ကြာမယ်။ သူက Weight ကလည်းများတယ်။ ပြီးရင် အဲ့ဒါကို လာပြီး ဆင်မှာနဲ့ ပြုမှာ နဲ့။ နောက် ပြန်ပြီးတော့ စက်ရုံပြန်ပြီးတော့ လည်ပတ်မယ်ဆို တစ်လလောက်ဆိုလို့ ရှိရင် ဒီစက်ရုံဟာ ကျွန်တော်တို့ လည်နိုင်ပြီ။ သူသည် တစ်နေ့ကို အလုံးပေါင်း ၁၄၄၀ ထုတ်နိုင်မယ်။ ဒါ ရန်ကုန်မှာ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ပြောချင်တာ ကတော့။ ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတော့ သိပ်မဖြစ်စေဖို့ရယ်။ မလိုအပ်တဲ့ ကော လာဟလတွေ ဖြန့်ချိပြီးတော့ ဆောင်ရွက်တာမျိုး မလုပ်ကြဖို့ရယ်။ ပြည်သူတွေ ကလည်း ဒါလေးပူးပေါင်းဆောင်ရွက်ပေးဖို့ကိုလည်း ကျွန်တော်ပြောလိုပါတယ်။ အဓိက ကတော့ ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ချင်တဲ့ လုပ်ရပ်တွေ မလုပ်ဖို့ လိုတယ်ဆိုတာလေးလည်း ကျွန်တော်ပြောလိုပါတယ်။ ဒါက လူမှုရေးကိစ္စဗျ။ ကျန်း မာရေးကိစ္စ။ လူ့အသက်ကိစ္စ။ ဒါ နိုင်ငံရေးကိစ္စမဟုတ်ဘူး။ ကျန်းမာရေးကိစ္စ။ လူ့ အသက်ကိစ္စ။ ဒီအပေါ်မှာ လာပြီးတော့မှ ဒုက္ခရောက်အောင် မလုပ်ဖို့လိုတယ်။ ဒါ လုပ် တယ်ဆိုလို့ရှိရင်တော့ တော်တော်ကို မိုက်မဲရာကျတဲ့လုပ်ရပ်ပဲလို့ ကျွန်တော်ပြော လိုတယ်။”

ယင်းနောက် မိမိတို့နိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်ကုသမှုများ ပိုမိုအောင်မြင် စေရန်အတွက် တရုတ်နိုင်ငံမှ လှူဒါန်းသည့် COVID-19 ရောဂါကာကွယ်ဆေး ၂ သန်း သည်လည်း မကြာမီကာလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများသို့ လှူဒါန်းခြင်းနှင့်ရောင်းချခြင်းများ ပြုလုပ်လျက်ရှိသည်ကို သတင်းများ အရသိရှိရကြောင်း၊ မိမိတို့နိုင်ငံကိုလည်း အိမ်နီးနားချင်းနိုင်ငံတစ်ခုအနေဖြင့် ကူညီ ဆောင်ရွက်ပေးမှုများရှိပြီး နှစ်နိုင်ငံနယ်စပ်ဒေသများတွင် အထူးသဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ကူညီ ဆောင်ရွက်ပေးနေမှုများရှိကြောင်း၊ မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအား မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ မဖြစ်မနေလိုအပ်ချက်များရှိမှသာ အပြင်သို့ သွားလာခြင်းများဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအား ဆက်လက်လည်ပတ်ရန် ခွင့်ပြုပေးထားပြီး အဆိုပါလုပ်ငန်းများ အနေဖြင့်လည်း COVID-19 ရောဂါကာကွယ် ရေးနှင့်ပတ်သက်ပြီး ညွှန်ကြားထားသည့် ညွှန်ကြားချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင်လည်း ကြိုတင်ကာကွယ်မှုများဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း COVID-19 ရောဂါ ကာကွယ်၊ ကုသမှုများ ဆောင်ရွက် နိုင်ရေး ၁၂၇၈ နေရာတွင် လူဦးရေ ၃၈၉၇၂ ဦးလက်ခံ နိုင်ရေးပြင်ဆင်ထားရှိပြီး အရပ်ဘက်အနေဖြင့် ၁၄၅၃ နေရာတွင် လူဦးရေ ၇၁၄၇၅ ဦး လက်ခံနိုင်ရေး ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများအား စဉ်ဆက်မပြတ် ဆောင်ရွက် နေရမည်ဖြစ်ပြီး အဓိကအားဖြင့် ပြည်သူလူထု၏ပူးပေါင်းဆောင်ရွက်မှုများနှင့် တာဝန်ရှိအဖွဲ့အစည်းများမှ ထိထိရောက်ရောက် ပေါင်းစပ်ဆောင်ရွက်သွားမည် ဆိုပါက COVID-19 ရောဂါဖြစ်ပွားမှုနှုန်းအား အတတ်နိုင်ဆုံးအနေအထားတစ်ခုအထိ ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ COVID-19 ရောဂါသည် လုံးဝအရှင်း မပျောက်ကင်း နိုင်သည့် ရောဂါမျိုးဖြစ်သည်ဟု ယူဆရသည့်အတွက် ကာကွယ်ဆေးများ အမြဲမပြတ် လိုအပ် နေမည်ဖြစ်သဖြင့် မိမိတို့နိုင်ငံအတွင်း ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်ဆေးသုတေသနတပ်ဖွဲ့များ အားလုံးပူးပေါင်း ဆောင်ရွက်ရန်နှင့် COVID-19 ရောဂါ ကာကွယ်ရေးသည် အမျိုးသားရေး ဖြစ်သဖြင့် ပုဂ္ဂလိက ကဏ္ဍများမှပါ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်အတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် အခမ်းအနား တက်ရောက် လာကြသူများက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများလိုအပ်ချက်ရှိမှု၊ အောက်ဆီဂျင် များအား မသမာသည့် ရည်ရွယ်ချက်များဖြင့် ဝယ်ယူစုဆောင်းခြင်းများကြောင့် အမှန်တကယ်လိုအပ်သည့် ပြည်သူများအတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိမှု၊ လိုအပ်သည့် အောက်ဆီဂျင်များအား တပ်မတော်စက်ရုံအလုပ်ရုံများ၊ ပုဂ္ဂလိက စက်ရုံများမှ နေ့စဉ်ထုတ်လုပ်၍ ဆေးရုံများသို့ နေ့စဉ်ဖြန့်ဝေပေးနေမှုနှင့် အောက်ဆီဂျင်များလုံလောက်စွာရရှိရေး စီမံဆောင်ရွက်နေမှု၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပုဂ္ဂလိကဆေးရုံများတွင် ကုသနိုင်ရေး ခွင့်ပြုပေးမှု၊ COVID-19 ရောဂါကာကွယ်ဆေးများ ရောက်ရှိသည့်အချိန်တွင် ပြည်သူများအမြန်ဆုံးထိုးနှံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ စီးပွားရေးနှင့် သက်ဆိုင်မှု မရှိသည့် ရောဂါကာကွယ်ရေး ဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းမှုအပေါ် အကောက်အခွန်ကင်းလွတ်ခွင့်ပေးထားမှု၊ ဝေးလံခေါင်ဖျားသည့် ဒေသများအတွက် လိုအပ်သည့် အောက်ဆီဂျင်စက်များနှင့် COVID-19 ရောဂါစစ်ဆေးသည့် စက်များ လုံလောက်စွာရရှိရေး ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြ ကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပုဂ္ဂလိကစက်ရုံများမှ အောက်ဆီဂျင်များအား ထိုက်သင့်သည့်ဈေးဖြင့် ရရှိရန်လိုကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးအတွက် ပစ္စည်းများအား ပြည်ပမှတင်သွင်းရာတွင် သတ်မှတ်အရည်အသွေးပြည့်မီစေရန် နှင့် ပြည်သူများအနေဖြင့် ထိုက်သင့်သည့်ဈေးနှုန်းများဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး တာဝန် ရှိသူများက ကြပ်မတ်စစ်ဆေးရန်လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းများလိုအပ်လျက် ရှိသည့် ဝေးလံခေါင်ဖျားသည့်ဒေသများသို့ တပ်မတော်သားဆရာဝန်များစေလွှတ်ပေး သွားမည်ဖြစ်ပြီး လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု စက်ပစ္စည်းများ ကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အမြန်ဆုံးပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်း၊ ပြည်သူများစိုးရိမ်စိတ်များဖြစ်ပေါ်စေရန် သတင်းမှားများဖြင့် လုပ်ဆောင်မှုများရှိသောကြောင့် ပြည်သူများအား ကျန်းမာရေးဆိုင်ရာအသိပညာပေး မှုများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဒေသအလိုက်လိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီသိရှိရန်လိုအပ်ပြီး ချက်ချင်းအရေးယူဆောင်ရွက်ရန်လိုကြောင်း၊ တစ်နိုင်ငံလုံးရှိအောက်ဆီဂျင်စက်ရုံများ၊ တပ်မတော်ဆေးရုံများ၊ အရပ်ဘက်ဆေးရုံ များ၊ ပုဂ္ဂလိကဆေးရုံများရှိ အောက်ဆီဂျင်ထုတ်လုပ်မှုအခြေအနေများအား သိရှိ အောင် ဆောင်ရွက်ထားရန်လိုအပ်ပြီး လိုအပ်ချက်များရှိသည့်နေရာများသို့ အမြန်ဆုံးပို့ ဆောင်နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ လူနေမှုထူထပ်သည့် ရန်ကုန်မြို့နှင့် မန္တလေး မြို့များတွင် ကူးစက်မှုများအား မျက်ခြည်မပြတ်ကြည့်ရှု၍ အမြန်ဆုံး ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ Community COVID Positive Centre များထားရှိခြင်း သည် အကျိုးရှိသည့်ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ အဆိုပါနေရာများတွင်တာဝန်ထမ်း ဆောင်ကြသည့် စေတနာ့ဝန်ထမ်းများအတွက်လည်း ကျွေးမွေးမှုလုပ်ငန်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေးစီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးအတွက်လှူဒါန်းလိုသည့် အလှူရှင်များထံမှ အလှူငွေများ၊ ကျန်းမာရေး ဆိုင်ရာ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လက်ခံနိုင်ရေး ဆောင်ရွက်ရန်လို ကြောင်း၊ ပြည်ပတွင်ရောက်ရှိနေသည့် မိမိတို့နိုင်ငံသားများအား ပြန်လည်ခေါ်ယူနိုင် ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် အိမ်နီးနားချင်းနိုင်ငံများတွင် ရောက်ရှိနေသူများအား ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ပြန်လည်ရောက်ရှိ သူများအား COVID-19 စည်းကမ်းချက်များနှင့်အညီ တိတိကျကျဆောင်ရွက်ရန် လိုကြောင်း၊ ဝေးလံသည့်နိုင်ငံများ တွင်ရောက်ရှိနေသူများကိုလည်း ပြန်လည်ခေါ်ယူရန် လိုကြောင်း၊ မိမိတို့နိုင်ငံသားများ မိမိတို့နိုင်ငံအတွင်းနေထိုင်ခြင်းသည်သာ အကောင်း ဆုံး ဖြစ်ကြောင်း။

ထို့နောက် ညမထွက်ရသတ်မှတ်ထားသည့် နယ်မြေဒေသများတွင် ကျန်းမာရေး ကိစ္စနှင့်ပတ်သက်ပြီး အချိန်မီဆောင်ရွက်ပေးနိုင်ရေးအတွက် ပြောကြားရာတွင် “နောက်တစ်ခုက စောစောက တွဲဖက်အတွင်းရေးမှူးဆွေးနွေးသွားတဲ့ ညမထွက်ရမြို့ တွေက အရေးပေါ် သွားလာမှုနဲ့ ပတ်သက်ပြီး တစ်ချက်ပါလာတာရှိတယ်။ အဲ့ဒါလည်း မှန်တယ်ဗျ။ ညမထွက်ရမြို့တွေကျတော့လည်း လုံခြုံရေးအဖွဲ့အစည်းတွေကလည်း ဟိုတား ဒီတား တားမှာလည်း ကြောက်ရတယ်။ နောက်တစ်ခုကလည်း ဒီအပေါ်မှာ မဟုတ်ကဟုတ်က အမြတ်ထုတ်ပြီး မဟုတ်တာ လုပ်မှာလည်း ကြောက်ရတယ်။ နှစ်ဖက်ချိန်ရတာပေါ့။ အဲ့တော့ ဒါကိုလည်း ကျွန်တော်တို့က အရေးပေါ်လူနာ သွားလာ ရေး နဲ့ ပတ်သက်ပြီးတော့ အတားအဆီးမရှိ သွားလို့ရအောင်လုပ်ရမယ်။ ဆေးရုံတွေ သွားနိုင်ဖို့အတွက်။ ဥပမာအားဖြင့်-သူသည် မြို့နယ်မှာပဲ သွားတာလည်းဖြစ်မယ်။ တခြားမြို့နယ်ကျော် သွားတာလည်း ရှိရင် ရှိမယ်။ အဲဒါကိုတော့ စိစစ်ပြီးတော့ တစ်ခါ တည်းစိစစ်။ တစ်ခါတည်း ခွင့်ပြုဖို့လိုမယ်။ ဖြတ်သန်းခွင့်ပေးဖို့လိုမယ်။ တချို့နေရာမှာ လည်း Check လုပ်တာတော့ ရှိရင် ရှိမှာပေါ့ဗျာ။ Check လုပ်တာ နှစ်မိနစ်လောက်ရှိ ရင် ရှိမှာပေါ့။ စက္ကန့် ၃၀ လောက်ကြာရင် ကြာမှာပေါ့။ ခဗျား လူနာပြ။ ဟုတ်ပြီ ။ ဆရာဝန်ပါလား။ ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းပါလား။ ဟုတ်ပါတယ်ဆို ချက်ခြင်း လွှတ်လိုက်ပေါ့။ ပြီးတာပါပဲ။ မဟုတ်ဘူးလား။ လုံခြုံရေး အဖွဲ့အစည်းအချင်းချင်း Contact ရှိဖို့လိုတယ်။ အဲ့လိုလည်း လုပ်လို့ရရင်လဲ ညမထွက်ရဖြစ်လာတဲ့ ကိစ္စရပ်တွေမှာလည်း ကျော်လွှားလို့ရတယ် ဆိုတာလေး ကျွန်တော်ပြောလိုပါတယ်။”

ဆက်လက်ပြီး မီဒီယာများအနေဖြင့် အများပြည်သူအကျိုးရှိစေမည့် သတင်းများ နှင့် မှန်မှန်ကန်ကန် ဖော်ပြရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ “နောက် တစ်ခါတော့ မီဒီယာများကိစ္စပေါ့လေ။ ဒါ ခုနက ဆွေးနွေးတဲ့ထဲမှာ ပါတာပေါ့။ မီဒီယာ တွေကတော့ တစ်ကယ်လည်း အဖျက်အမှောင့် လုပ်ငန်းနဲ့။ နိုင်ငံရေးအရပြောရင် ကျွန်တော် တခြားကိစ္စနဲ့ ပြောရင်ပြောပေါ့။ ဒီ Covid နဲ့ ပတ်သက်ပြီးတော့။ ဒါ အများပြည်သူနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်။ အစိုးရ ထိခိုက်တဲ့ ကိစ္စမဟုတ်ဘူး။ အများ ပြည်သူထိခိုက်တဲ့ ကိစ္စဖြစ်တယ်။ မီဒီယာတွေကတော့ မှန်မှန်ကန်ကန်ရေးပေးဖို့။ ထုတ်ပြန်ဖို့လိုတယ်။ မီဒီယာတွေကနေပြီးတော့ ရေးသားတာလည်း မှန်မှန်ကန်ကန် ဖြစ်ဖို့လိုတယ်။ အပြုသဘောနဲ့ရေးတာတော့ ကျွန်တော်တို့ ဘာမှ လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး။ သို့သော် အချို့က အဖျက်သဘောနဲ့ လုပ်တာတွေ ရေးတာတွေ တွေ့တယ်။ ဒါတော်တော်ကြီးကို ဒီရက်ပိုင်းအတွင်းမှာ များလာတာတွေ့တယ်။ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော ဆိုတဲ့ ဟာမျိုးပေါ့။ ဒီလိုမျိုး စိတ်နဲ့ လုပ်တာက တော့ တော်တော်လေးကို အင်မတန်ကို တော်တော်ဆိုးရွားပါတယ်။ ကျွန်တော်တို့ လူမျိုးတွေက ဗုဒ္ဓဘာသာအများစုကိုးကွယ်တဲ့သူတွေပါ။ ဘယ်ဘာသာမှလည်း လက်မခံဘူး ဒီဟာကို။ သူများဒုက္ခရောက်မယ့်ကိစ္စမျိုးကို ဘယ်ဘာသာမှလည်း လက်မခံဘူး။ အထူးသဖြင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာ။ ဒါနဲ့ ပတ်သက်ပြီး ပိုပြီး အလေးထားတဲ့နေရာ၊ နိုင်ငံဖြစ်ပါတယ်။ လူမှုရေးစိတ်ဓာတ်နဲ့ ပတ်သက်ရင်လည်း ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ပိုပြီးတော့မှ။ တစ်နေ့ကလည်း ကျွန်တော် ပြောပါတယ်။ အလှူအတန်းလည်း စိတ်ရှိကြတယ်။ volunteer စိတ်လည်း ရှိကြ တယ်။ ဒီလိုနေရာမျိုးမှာ ဒီလိုစိတ်ဓာတ်တွေကို ပျက်ပြားအောင်လုပ်တာမျိုးကတော့ ဒါ မဖြစ်သင့်ဘူး။ အသိတရားနဲ့ရော၊ သတိတရားနဲ့ရော။ အားလုံးကနေ လုပ်ဖို့လို မယ်လို့ ကျွန်တော်ပြောလိုပါတယ်။”

ယင်းနောက် မိမိတို့အနေဖြင့် လက်ဝယ်တွင်ရှိသည့် စွမ်းအားစုများအား COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ထိထိရောက်ရောက်အသုံးချ ဆောင်ရွက်ရန်လိုကြောင်း၊ အောက်ဆီဂျင်များလုံလောက်စွာရရှိအောင် ဆောင်ရွက် ခြင်း၊ ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ လုံလောက်စွာရရှိအောင် ထုတ်လုပ်ခြင်းနှင့် ပြည်ပမှတင်သွင်းခြင်းများအား မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ရရှိအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စီမံခန့်ခွဲမှုလုပ်ငန်းများအား မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက်အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အချိန်နှင့်တပြေးညီတင်ပြဆောင်ရွက် ကြရန် လိုပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လိုအပ်ချက်များအား အားလုံးဝိုင်းဝန်းပံ့ပိုး ကူညီ ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့သည်။

 

Zawgyi Version

 

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ ဒုတိယအႀကိမ္ ညႇိႏႈိင္းအစည္းအေဝးသို႔တက္ေရာက္၊ လိုအပ္သည္မ်ားေပါင္းစပ္ညႇိႏႈိင္း ျဖည့္ဆည္းေဆာင္႐ြက္ေပး

ေနျပည္ေတာ္၊ ဇူလိုင္- ၁၂

COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ ဒုတိယအႀကိမ္ ညႇိႏႈိင္းအစည္းအေဝးကို ယေန႔ေန႔လယ္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)၊ အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ တြဲဖက္အတြင္းေရးမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးဝဏၰေမာင္လြင္၊ ဦးဝင္းရွိန္၊ ဦးကိုကိုလႈိင္၊ ေဒါက္တာပြင့္ဆန္း၊ ေဒါက္တာသက္ခိုင္ဝင္း၊ ညႇိႏႈိင္းကြပ္ကဲ ေရးမႉး (ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဖြင့္အမွာစကားေျပာၾကားရာတြင္ မိမိတို႔ႏိုင္ငံတြင္ ေရာဂါျဖစ္ပြားမႈအေနျဖင့္ ျဖစ္ပြားသည့္အခ်ိန္မွ ယေန႔အထိ ၁၉၂၂၁၃ ဦး ရွိၿပီျဖစ္သျဖင့္ မိမိတို႔ႏိုင္ငံ၏လူဦးေရ၏ ၀ ဒသမ ၃၅ ရာခိုင္ႏႈန္းရွိေၾကာင္း၊ အာဆီယံ ႏိုင္ငံမ်ားထဲတြင္ နံပါတ္ ၅ ေနရာသို႔ ေရာက္ရွိေနေၾကာင္း၊ အိမ္နီးခ်င္းႏိုင္ငံမ်ား တြင္လည္း ကူးစက္မႈႏႈန္းမ်ား ျမင့္တက္လ်က္ရွိေၾကာင္း၊ မိမိတို႔အေနျဖင့္ေရာဂါ ကူးစက္မႈအား ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ေျမျပင္တြင္လက္ရွိျဖစ္ပ်က္ေနမႈမ်ားကို အမွန္အတိုင္းသိရွိရန္လိုေၾကာင္း၊ ျပည္သူလူထုအေနျဖင့္လည္း ေရာဂါကူးစက္မႈႏွင့္ ပတ္သက္၍ သံသယရွိလာပါက မိမိတို႔အိမ္တြင္ ေဆးမီးတိုျဖင့္ႀကိတ္၍ကုသျခင္းမ်ား ေဆာင္႐ြက္ျခင္းမျပဳဘဲ သက္ဆိုင္ရာၿမိဳ႕နယ္မ်ားအလိုက္ ဖြင့္လွစ္ထားသည့္ ေဒသႏၲရ က်န္းမာေရးဌာနမ်ားသို႔ သြားေရာက္အစစ္ေဆးခံရန္လိုအပ္ေၾကာင္း၊ ေဆး႐ုံသို႔ တိုက္႐ိုက္ ခ်က္ခ်င္းသြားေရာက္ရန္ မလိုအပ္ေသးဘဲ သက္ဆိုင္ရာ ေဒသႏၲရ က်န္းမာေရးအရာရွိမွ စစ္ေဆးၿပီးလိုအပ္ခ်က္ရွိပါက ေဆး႐ုံသိုလႊဲေျပာင္းေပးမည္ ျဖစ္ ေၾကာင္း၊ ေဒသႏၲရက်န္းမာေရးဌာနမ်ား၏ စစ္ေဆးမႈမ်ားသည္လည္း ထိေရာက္မႈ ရွိေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ မွန္မွန္ကန္ကန္ျဖင့္ သတင္းပို႔ဆက္သြယ္ ေဆာင္႐ြက္ သြားရန္လိုေၾကာင္း၊ ေရာဂါကူးစက္မႈခံရသူမ်ားအေနျဖင့္ သတ္မွတ္ထားသည့္ က်န္းမာ ေရးႏွင့္ ေလ်ာ္ညီသည့္ေနရာတစ္ခုတြင္ သီးသန႔္ေနထိုင္ရန္လိုအပ္ေၾကာင္း၊ အားလုံး က်န္းမာေရးအသိျဖင့္ ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ ေရာဂါျဖစ္ပြားမႈအေျခအေန မွန္မ်ားအား မွန္မွန္ကန္ကန္ တိတိက်က်ျဖင့္သိရွိမွသာ ဖြဲ႕စည္းထားသည့္ ေကာ္မတီ မ်ားအေနျဖင့္ အက်ိဳးရွိရွိ ထိထိေရာက္ေရာက္ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေသာေၾကာင့္ ႏိုင္ငံေတာ္၏က်န္းမာေရးဆိုင္ရာ ကာကြယ္၊ ကုသေရးလုပ္ငန္းမ်ားေဆာင္႐ြက္မႈ အေပၚ အေထာက္အကူေပးသည့္ လုပ္ငန္းစဥ္တစ္ခုျဖစ္ေၾကာင္း၊ ျဖစ္စဥ္မ်ားအား အမွန္အတိုင္း ျပည္သူမ်ားမွေျပာရန္လိုၿပီး စစ္ေဆးသည့္အဖြဲ႕အစည္းမ်ား အေနျဖင့္ လည္း လိုအပ္သည္မ်ားအား စီမံေဆာင္႐ြက္ရန္လိုေၾကာင္း။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က ေအာက္ဆီဂ်င္လိုအပ္ခ်က္မ်ားအေပၚ ျပည္သူလူထု အထိတ္တလန႔္ ျဖစ္ေစရန္ သတင္းမွားမ်ား ေဖာ္ျပေနမႈမ်ားႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ “ေနာက္ တစ္ခါ Oxygen နဲ႔ပတ္သက္ၿပီး လူေတြေတာ္ေတာ္မ်ားမ်ား ေျပာၾကတာေပါ့ေလ။ ဒီရက္ပိုင္းအတြင္းမွာ Oxygen နဲ႔ ပတ္သက္ၿပီး။ တစ္ကယ္ေတာ့ Oxygen က လက္ရွိ အေနအထားမွာ လုံလုံေလာက္ေလာက္ရွိပါတယ္။ လူေတြက ေၾကာက္လန႔္ ၿပီးေတာ့ စိုးရိမ္ၿပီးေတာ့ အခ်ိဳ႕ကလည္း ဝယ္ထားတာ ရွိတယ္။ အခ်ိဳ႕ကလည္း မသမာ တဲ့နည္းနဲ႔ လုပ္ဖို႔ႀကိဳးစားေနတာလည္း ရွိတယ္။ ဒီအေပၚမွာ ႏိုင္ငံေရးအရ အျမတ္ ထုတ္ဖို႔ ေဆာင္႐ြက္လိုတဲ့လူေတြလည္း ရွိတယ္။ Oxygen အိုးေတြကို ဝယ္ၿပီး ေတာ့ ဖမ္းထိန္းတယ္။ Oxygen ျပတ္သြားၿပီ။ အဲ့မွာ Rumour ေတြထြက္ကုန္တယ္။ ၿပီးခဲ့တဲ့ တစ္ရက္ႏွစ္ရက္ကပဲ ျပင္ဦးလြင္မွာရွိတဲ့ Oxygen plant ပ်က္သြားတယ္ ဆိုၿပီး ေတာ့ ျဖစ္လာတယ္။ ကြၽန္ေတာ္က တာဝန္ရွိတဲ့သူေတြ ေမးတဲ့ အခါက်ေတာ့ ေန႔လည္ ၁၂ နာရီအထိ အေကာင္းပါပဲတဲ့ ဘာမွမျဖစ္ပါဘူးလို႔ေျပာတယ္။ ကြၽန္ေတာ္ေမးၾကည့္ တယ္။ အဲ့စက္႐ုံကို Check လုပ္ခိုင္းၾကည့္ေတာ့။ ေနာက္ဆုံးရတဲ့ Information ေပါ့။ အဲ့ဒီအခ်ိန္မွာထိ ဘာမွမျဖစ္ဘူးလို႔ေျပာတယ္။ ဆိုလိုတာကေတာ့။ Rumour ေတြ ထုတ္ၿပီးေတာ့မွ လူေတြ အထိတ္တလန႔္ျဖစ္ၿပီးေတာ့ လုပ္တာေပါ့။ လူေတြက ဘာလည္းဆိုေတာ့ ပြဲလန႔္တုန္း ဖ်ာခင္းတာေပါ့ေလ။ အေႏွာင့္အယွက္မ်ိဳးစုံ ေပးၾက တာ။ ဒါကိုလည္း။ ျပည္သူလူထုကလည္း သတိရွိရွိနဲ႔ဆင္ျခင္ၿပီးေတာ့ ေဆာင္႐ြက္ၾကဖို႔ ကြၽန္ေတာ္ ေျပာလိုပါတယ္။ ေနာက္ Oxygen စက္႐ုံနဲ႔ပတ္သက္ရင္လည္း ၿပီးခဲ့တဲ့ အပတ္က ေသာၾကာေန႔က ကြၽန္ေတာ္တို႔ ေဆြးေႏြးၿပီးတဲ့ေနာက္မွာ Oxygen plant တစ္ခုကို ကြၽန္ေတာ္တို႔ကို လႊဲေျပာင္းေပးဖို႔အတြက္ အလႉရွင္တစ္ေယာက္ကေနၿပီး ေတာ့မွ ေဆြးေႏြးလာတာရွိတယ္။ ကြၽန္ေတာ္ လက္ခံလိုက္တယ္။ အခု ကြၽန္ေတာ္တို႔ စလုပ္ေနၿပီ။ တစ္လအတြင္းမွာ ဒီစက္႐ုံၿပီးပါမယ္။ Production ၿပီးတဲ့ထိကို လုပ္ႏိုင္ ေအာင္ ႀကိဳးစားေနပါတယ္။ ေလာေလာဆယ္ foundation ေတာ့ၿပီးသြားၿပီ။ သို႔ေသာ္ လည္းပဲ ေနာက္တစ္ဆင့္တက္ရမယ့္ လုပ္ငန္းစဥ္ရွိတယ္။ အဲ့ဒါ ႏွစ္ပတ္ေလာက္ ၾကာမယ္။ သူက Weight ကလည္းမ်ားတယ္။ ၿပီးရင္ အဲ့ဒါကို လာၿပီး ဆင္မွာနဲ႔ ျပဳမွာ နဲ႔။ ေနာက္ ျပန္ၿပီးေတာ့ စက္႐ုံျပန္ၿပီးေတာ့ လည္ပတ္မယ္ဆို တစ္လေလာက္ဆိုလို႔ ရွိရင္ ဒီစက္႐ုံဟာ ကြၽန္ေတာ္တို႔ လည္ႏိုင္ၿပီ။ သူသည္ တစ္ေန႔ကို အလုံးေပါင္း ၁၄၄၀ ထုတ္ႏိုင္မယ္။ ဒါ ရန္ကုန္မွာ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ေနပါတယ္။ ေျပာခ်င္တာ ကေတာ့။ ဒါနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတာ့ သိပ္မျဖစ္ေစဖို႔ရယ္။ မလိုအပ္တဲ့ ေကာ လာဟလေတြ ျဖန႔္ခ်ိၿပီးေတာ့ ေဆာင္႐ြက္တာမ်ိဳး မလုပ္ၾကဖို႔ရယ္။ ျပည္သူေတြ ကလည္း ဒါေလးပူးေပါင္းေဆာင္႐ြက္ေပးဖို႔ကိုလည္း ကြၽန္ေတာ္ေျပာလိုပါတယ္။ အဓိက ကေတာ့ ဒီအေပၚမွာ ႏိုင္ငံေရးအရ အျမတ္ထုတ္ခ်င္တဲ့ လုပ္ရပ္ေတြ မလုပ္ဖို႔ လိုတယ္ဆိုတာေလးလည္း ကြၽန္ေတာ္ေျပာလိုပါတယ္။ ဒါက လူမႈေရးကိစၥဗ်။ က်န္း မာေရးကိစၥ။ လူ႔အသက္ကိစၥ။ ဒါ ႏိုင္ငံေရးကိစၥမဟုတ္ဘူး။ က်န္းမာေရးကိစၥ။ လူ႔ အသက္ကိစၥ။ ဒီအေပၚမွာ လာၿပီးေတာ့မွ ဒုကၡေရာက္ေအာင္ မလုပ္ဖို႔လိုတယ္။ ဒါ လုပ္ တယ္ဆိုလို႔ရွိရင္ေတာ့ ေတာ္ေတာ္ကို မိုက္မဲရာက်တဲ့လုပ္ရပ္ပဲလို႔ ကြၽန္ေတာ္ေျပာ လိုတယ္။”

ယင္းေနာက္ မိမိတို႔ႏိုင္ငံ၏ ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသမႈမ်ား ပိုမိုေအာင္ျမင္ ေစရန္အတြက္ တ႐ုတ္ႏိုင္ငံမွ လႉဒါန္းသည့္ COVID-19 ေရာဂါကာကြယ္ေဆး ၂ သန္း သည္လည္း မၾကာမီကာလအတြင္း ေရာက္ရွိမည္ျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံအေနျဖင့္ ကမာၻ႔ႏိုင္ငံမ်ားသို႔ လႉဒါန္းျခင္းႏွင့္ေရာင္းခ်ျခင္းမ်ား ျပဳလုပ္လ်က္ရွိသည္ကို သတင္းမ်ား အရသိရွိရေၾကာင္း၊ မိမိတို႔ႏိုင္ငံကိုလည္း အိမ္နီးနားခ်င္းႏိုင္ငံတစ္ခုအေနျဖင့္ ကူညီ ေဆာင္႐ြက္ေပးမႈမ်ားရွိၿပီး ႏွစ္ႏိုင္ငံနယ္စပ္ေဒသမ်ားတြင္ အထူးသျဖင့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)ႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ COVID-19 ေရာဂါကာကြယ္ေရးအတြက္ ကူညီ ေဆာင္႐ြက္ေပးေနမႈမ်ားရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ COVID-19 ေရာဂါ ကာကြယ္ေရးအတြက္ က်န္းမာေရးဆိုင္ရာၫႊန္ၾကားခ်က္မ်ားအား မွန္မွန္ကန္ကန္ လိုက္နာေဆာင္႐ြက္ရန္လိုေၾကာင္း၊ မျဖစ္မေနလိုအပ္ခ်က္မ်ားရွိမွသာ အျပင္သို႔ သြားလာျခင္းမ်ားေဆာင္႐ြက္ရန္လိုေၾကာင္း၊ မိမိတို႔အေနျဖင့္ ကုန္ထုတ္လုပ္မႈ လုပ္ငန္းမ်ားအား ဆက္လက္လည္ပတ္ရန္ ခြင့္ျပဳေပးထားၿပီး အဆိုပါလုပ္ငန္းမ်ား အေနျဖင့္လည္း COVID-19 ေရာဂါကာကြယ္ ေရးႏွင့္ပတ္သက္ၿပီး ၫႊန္ၾကားထားသည့္ ၫႊန္ၾကားခ်က္မ်ားအား တိက်စြာလိုက္နာ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ စိုက္ပ်ိဳးေရး လုပ္ငန္းမ်ားတြင္လည္း ႀကိဳတင္ကာကြယ္မႈမ်ားျဖင့္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း COVID-19 ေရာဂါ ကာကြယ္၊ ကုသမႈမ်ား ေဆာင္႐ြက္ ႏိုင္ေရး ၁၂၇၈ ေနရာတြင္ လူဦးေရ ၃၈၉၇၂ ဦးလက္ခံ ႏိုင္ေရးျပင္ဆင္ထားရွိၿပီး အရပ္ဘက္အေနျဖင့္ ၁၄၅၃ ေနရာတြင္ လူဦးေရ ၇၁၄၇၅ ဦး လက္ခံႏိုင္ေရး ျပင္ဆင္ထားရွိၿပီးျဖစ္ေၾကာင္း၊ ႀကိဳတင္ျပင္ဆင္မႈမ်ားအား စဥ္ဆက္မျပတ္ ေဆာင္႐ြက္ ေနရမည္ျဖစ္ၿပီး အဓိကအားျဖင့္ ျပည္သူလူထု၏ပူးေပါင္းေဆာင္႐ြက္မႈမ်ားႏွင့္ တာဝန္ရွိအဖြဲ႕အစည္းမ်ားမွ ထိထိေရာက္ေရာက္ ေပါင္းစပ္ေဆာင္႐ြက္သြားမည္ ဆိုပါက COVID-19 ေရာဂါျဖစ္ပြားမႈႏႈန္းအား အတတ္ႏိုင္ဆုံးအေနအထားတစ္ခုအထိ ထိန္းႏိုင္မည္ဟု ယုံၾကည္ေၾကာင္း၊ COVID-19 ေရာဂါသည္ လုံးဝအရွင္း မေပ်ာက္ကင္း ႏိုင္သည့္ ေရာဂါမ်ိဳးျဖစ္သည္ဟု ယူဆရသည့္အတြက္ ကာကြယ္ေဆးမ်ား အၿမဲမျပတ္ လိုအပ္ ေနမည္ျဖစ္သျဖင့္ မိမိတို႔ႏိုင္ငံအတြင္း ကာကြယ္ေဆးထုတ္လုပ္ႏိုင္ေရး သက္ဆိုင္ရာ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ တပ္မေတာ္ေဆးသုေတသနတပ္ဖြဲ႕မ်ား အားလုံးပူးေပါင္း ေဆာင္႐ြက္ရန္ႏွင့္ COVID-19 ေရာဂါ ကာကြယ္ေရးသည္ အမ်ိဳးသားေရး ျဖစ္သျဖင့္ ပုဂၢလိက က႑မ်ားမွပါ ပူးေပါင္းေဆာင္႐ြက္ရန္လိုေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ႏိုင္ျခင္းျဖင့္ ႏိုင္ငံေတာ္အတြက္မ်ားစြာ အက်ိဳးရွိမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)၊ ေကာင္စီအဖြဲ႕ဝင္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အခမ္းအနား တက္ေရာက္ လာၾကသူမ်ားက COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အတြက္ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ေစတနာ့ဝန္ထမ္းမ်ားလိုအပ္ခ်က္ရွိမႈ၊ ေအာက္ဆီဂ်င္ မ်ားအား မသမာသည့္ ရည္႐ြယ္ခ်က္မ်ားျဖင့္ ဝယ္ယူစုေဆာင္းျခင္းမ်ားေၾကာင့္ အမွန္တကယ္လိုအပ္သည့္ ျပည္သူမ်ားအတြက္ အခက္အခဲျဖစ္ေပၚလ်က္ရွိမႈ၊ လိုအပ္သည့္ ေအာက္ဆီဂ်င္မ်ားအား တပ္မေတာ္စက္႐ုံအလုပ္႐ုံမ်ား၊ ပုဂၢလိက စက္႐ုံမ်ားမွ ေန႔စဥ္ထုတ္လုပ္၍ ေဆး႐ုံမ်ားသို႔ ေန႔စဥ္ျဖန႔္ေဝေပးေနမႈႏွင့္ ေအာက္ဆီဂ်င္မ်ားလုံေလာက္စြာရရွိေရး စီမံေဆာင္႐ြက္ေနမႈ၊ COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအတြက္ ပုဂၢလိကေဆး႐ုံမ်ားတြင္ ကုသႏိုင္ေရး ခြင့္ျပဳေပးမႈ၊ COVID-19 ေရာဂါကာကြယ္ေဆးမ်ား ေရာက္ရွိသည့္အခ်ိန္တြင္ ျပည္သူမ်ားအျမန္ဆုံးထိုးႏွံႏိုင္ေရး ႀကိဳတင္ျပင္ဆင္ထားရွိမႈ၊ စီးပြားေရးႏွင့္ သက္ဆိုင္မႈ မရွိသည့္ ေရာဂါကာကြယ္ေရး ဆိုင္ရာပစၥည္းမ်ား ျပည္ပမွတင္သြင္းမႈအေပၚ အေကာက္အခြန္ကင္းလြတ္ခြင့္ေပးထားမႈ၊ ေဝးလံေခါင္ဖ်ားသည့္ ေဒသမ်ားအတြက္ လိုအပ္သည့္ ေအာက္ဆီဂ်င္စက္မ်ားႏွင့္ COVID-19 ေရာဂါစစ္ေဆးသည့္ စက္မ်ား လုံေလာက္စြာရရွိေရး ေဆာင္႐ြက္မည့္ အေျခအေနမ်ားအား ရွင္းလင္းတင္ျပ ၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က ပုဂၢလိကစက္႐ုံမ်ားမွ ေအာက္ဆီဂ်င္မ်ားအား ထိုက္သင့္သည့္ေဈးျဖင့္ ရရွိရန္လိုေၾကာင္း၊ COVID-19 ေရာဂါကာကြယ္ေရးအတြက္ ပစၥည္းမ်ားအား ျပည္ပမွတင္သြင္းရာတြင္ သတ္မွတ္အရည္အေသြးျပည့္မီေစရန္ ႏွင့္ ျပည္သူမ်ားအေနျဖင့္ ထိုက္သင့္သည့္ေဈးႏႈန္းမ်ားျဖင့္ ဝယ္ယူအသုံးျပဳႏိုင္ေရး တာဝန္ ရွိသူမ်ားက ၾကပ္မတ္စစ္ေဆးရန္လိုေၾကာင္း၊ က်န္းမာေရးဝန္ထမ္းမ်ားလိုအပ္လ်က္ ရွိသည့္ ေဝးလံေခါင္ဖ်ားသည့္ေဒသမ်ားသို႔ တပ္မေတာ္သားဆရာဝန္မ်ားေစလႊတ္ေပး သြားမည္ျဖစ္ၿပီး လိုအပ္သည့္ က်န္းမာေရးဆိုင္ရာ အေထာက္အကူျပဳ စက္ပစၥည္းမ်ား ကိုလည္း တပ္မေတာ္ေလယာဥ္၊ ရဟတ္ယာဥ္မ်ားျဖင့္ အျမန္ဆုံးပို႔ေဆာင္ေပးသြား မည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ားစိုးရိမ္စိတ္မ်ားျဖစ္ေပၚေစရန္ သတင္းမွားမ်ားျဖင့္ လုပ္ေဆာင္မႈမ်ားရွိေသာေၾကာင့္ ျပည္သူမ်ားအား က်န္းမာေရးဆိုင္ရာအသိပညာေပး မႈမ်ားအား စဥ္ဆက္မျပတ္ေဆာင္႐ြက္ေပးသြားရန္လိုေၾကာင္းျဖည့္စြက္ေဆြးေႏြးသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာတြင္ ေဒသအလိုက္လိုအပ္ခ်က္မ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီသိရွိရန္လိုအပ္ၿပီး ခ်က္ခ်င္းအေရးယူေဆာင္႐ြက္ရန္လိုေၾကာင္း၊ တစ္ႏိုင္ငံလုံးရွိေအာက္ဆီဂ်င္စက္႐ုံမ်ား၊ တပ္မေတာ္ေဆး႐ုံမ်ား၊ အရပ္ဘက္ေဆး႐ုံ မ်ား၊ ပုဂၢလိကေဆး႐ုံမ်ားရွိ ေအာက္ဆီဂ်င္ထုတ္လုပ္မႈအေျခအေနမ်ားအား သိရွိ ေအာင္ ေဆာင္႐ြက္ထားရန္လိုအပ္ၿပီး လိုအပ္ခ်က္မ်ားရွိသည့္ေနရာမ်ားသို႔ အျမန္ဆုံးပို႔ ေဆာင္ႏိုင္ေရးေဆာင္႐ြက္ရန္လိုေၾကာင္း၊ လူေနမႈထူထပ္သည့္ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလး ၿမိဳ႕မ်ားတြင္ ကူးစက္မႈမ်ားအား မ်က္ျခည္မျပတ္ၾကည့္ရႈ၍ အျမန္ဆုံး ထိန္းခ်ဳပ္ႏိုင္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ Community COVID Positive Centre မ်ားထားရွိျခင္း သည္ အက်ိဳးရွိသည့္ေဆာင္႐ြက္ခ်က္ျဖစ္ေၾကာင္း၊ အဆိုပါေနရာမ်ားတြင္တာဝန္ထမ္း ေဆာင္ၾကသည့္ ေစတနာ့ဝန္ထမ္းမ်ားအတြက္လည္း ေကြၽးေမြးမႈလုပ္ငန္းမ်ားႏွင့္ ေထာက္ပံ့ေငြမ်ား ေပးအပ္ႏိုင္ေရးစီစဥ္ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ COVID-19 ေရာဂါ ကာကြယ္ေရးအတြက္လႉဒါန္းလိုသည့္ အလႉရွင္မ်ားထံမွ အလႉေငြမ်ား၊ က်န္းမာေရး ဆိုင္ရာ ပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား လက္ခံႏိုင္ေရး ေဆာင္႐ြက္ရန္လို ေၾကာင္း၊ ျပည္ပတြင္ေရာက္ရွိေနသည့္ မိမိတို႔ႏိုင္ငံသားမ်ားအား ျပန္လည္ေခၚယူႏိုင္ ေရး အတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အဓိကအားျဖင့္ အိမ္နီးနားခ်င္းႏိုင္ငံမ်ားတြင္ ေရာက္ရွိေနသူမ်ားအား ျပန္လည္ေခၚယူသြားမည္ျဖစ္ေၾကာင္း၊ ျပန္လည္ေရာက္ရွိ သူမ်ားအား COVID-19 စည္းကမ္းခ်က္မ်ားႏွင့္အညီ တိတိက်က်ေဆာင္႐ြက္ရန္ လိုေၾကာင္း၊ ေဝးလံသည့္ႏိုင္ငံမ်ား တြင္ေရာက္ရွိေနသူမ်ားကိုလည္း ျပန္လည္ေခၚယူရန္ လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံသားမ်ား မိမိတို႔ႏိုင္ငံအတြင္းေနထိုင္ျခင္းသည္သာ အေကာင္း ဆုံး ျဖစ္ေၾကာင္း။

ထို႔ေနာက္ ညမထြက္ရသတ္မွတ္ထားသည့္ နယ္ေျမေဒသမ်ားတြင္ က်န္းမာေရး ကိစၥႏွင့္ပတ္သက္ၿပီး အခ်ိန္မီေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ ေျပာၾကားရာတြင္ “ေနာက္တစ္ခုက ေစာေစာက တြဲဖက္အတြင္းေရးမႉးေဆြးေႏြးသြားတဲ့ ညမထြက္ရၿမိဳ႕ ေတြက အေရးေပၚ သြားလာမႈနဲ႔ ပတ္သက္ၿပီး တစ္ခ်က္ပါလာတာရွိတယ္။ အဲ့ဒါလည္း မွန္တယ္ဗ်။ ညမထြက္ရၿမိဳ႕ေတြက်ေတာ့လည္း လုံၿခဳံေရးအဖြဲ႕အစည္းေတြကလည္း ဟိုတား ဒီတား တားမွာလည္း ေၾကာက္ရတယ္။ ေနာက္တစ္ခုကလည္း ဒီအေပၚမွာ မဟုတ္ကဟုတ္က အျမတ္ထုတ္ၿပီး မဟုတ္တာ လုပ္မွာလည္း ေၾကာက္ရတယ္။ ႏွစ္ဖက္ခ်ိန္ရတာေပါ့။ အဲ့ေတာ့ ဒါကိုလည္း ကြၽန္ေတာ္တို႔က အေရးေပၚလူနာ သြားလာ ေရး နဲ႔ ပတ္သက္ၿပီးေတာ့ အတားအဆီးမရွိ သြားလို႔ရေအာင္လုပ္ရမယ္။ ေဆး႐ုံေတြ သြားႏိုင္ဖို႔အတြက္။ ဥပမာအားျဖင့္-သူသည္ ၿမိဳ႕နယ္မွာပဲ သြားတာလည္းျဖစ္မယ္။ တျခားၿမိဳ႕နယ္ေက်ာ္ သြားတာလည္း ရွိရင္ ရွိမယ္။ အဲဒါကိုေတာ့ စိစစ္ၿပီးေတာ့ တစ္ခါ တည္းစိစစ္။ တစ္ခါတည္း ခြင့္ျပဳဖို႔လိုမယ္။ ျဖတ္သန္းခြင့္ေပးဖို႔လိုမယ္။ တခ်ိဳ႕ေနရာမွာ လည္း Check လုပ္တာေတာ့ ရွိရင္ ရွိမွာေပါ့ဗ်ာ။ Check လုပ္တာ ႏွစ္မိနစ္ေလာက္ရွိ ရင္ ရွိမွာေပါ့။ စကၠန႔္ ၃၀ ေလာက္ၾကာရင္ ၾကာမွာေပါ့။ ခဗ်ား လူနာျပ။ ဟုတ္ၿပီ ။ ဆရာဝန္ပါလား။ ဒါမွမဟုတ္ က်န္းမာေရးဝန္ထမ္းပါလား။ ဟုတ္ပါတယ္ဆို ခ်က္ျခင္း လႊတ္လိုက္ေပါ့။ ၿပီးတာပါပဲ။ မဟုတ္ဘူးလား။ လုံၿခဳံေရး အဖြဲ႕အစည္းအခ်င္းခ်င္း Contact ရွိဖို႔လိုတယ္။ အဲ့လိုလည္း လုပ္လို႔ရရင္လဲ ညမထြက္ရျဖစ္လာတဲ့ ကိစၥရပ္ေတြမွာလည္း ေက်ာ္လႊားလို႔ရတယ္ ဆိုတာေလး ကြၽန္ေတာ္ေျပာလိုပါတယ္။”

ဆက္လက္ၿပီး မီဒီယာမ်ားအေနျဖင့္ အမ်ားျပည္သူအက်ိဳးရွိေစမည့္ သတင္းမ်ား ႏွင့္ မွန္မွန္ကန္ကန္ ေဖာ္ျပရန္လိုအပ္သည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ “ေနာက္ တစ္ခါေတာ့ မီဒီယာမ်ားကိစၥေပါ့ေလ။ ဒါ ခုနက ေဆြးေႏြးတဲ့ထဲမွာ ပါတာေပါ့။ မီဒီယာ ေတြကေတာ့ တစ္ကယ္လည္း အဖ်က္အေမွာင့္ လုပ္ငန္းနဲ႔။ ႏိုင္ငံေရးအရေျပာရင္ ကြၽန္ေတာ္ တျခားကိစၥနဲ႔ ေျပာရင္ေျပာေပါ့။ ဒီ Covid နဲ႔ ပတ္သက္ၿပီးေတာ့။ ဒါ အမ်ားျပည္သူနဲ႔ဆိုင္တဲ့ကိစၥျဖစ္တယ္။ အစိုးရ ထိခိုက္တဲ့ ကိစၥမဟုတ္ဘူး။ အမ်ား ျပည္သူထိခိုက္တဲ့ ကိစၥျဖစ္တယ္။ မီဒီယာေတြကေတာ့ မွန္မွန္ကန္ကန္ေရးေပးဖို႔။ ထုတ္ျပန္ဖို႔လိုတယ္။ မီဒီယာေတြကေနၿပီးေတာ့ ေရးသားတာလည္း မွန္မွန္ကန္ကန္ ျဖစ္ဖို႔လိုတယ္။ အျပဳသေဘာနဲ႔ေရးတာေတာ့ ကြၽန္ေတာ္တို႔ ဘာမွ လက္မခံႏိုင္စရာ အေၾကာင္းမရွိပါဘူး။ သို႔ေသာ္ အခ်ိဳ႕က အဖ်က္သေဘာနဲ႔ လုပ္တာေတြ ေရးတာေတြ ေတြ႕တယ္။ ဒါေတာ္ေတာ္ႀကီးကို ဒီရက္ပိုင္းအတြင္းမွာ မ်ားလာတာေတြ႕တယ္။ ဘယ္သူေသေသ၊ ငေတမာရင္ၿပီးေရာ ဆိုတဲ့ ဟာမ်ိဳးေပါ့။ ဒီလိုမ်ိဳး စိတ္နဲ႔ လုပ္တာက ေတာ့ ေတာ္ေတာ္ေလးကို အင္မတန္ကို ေတာ္ေတာ္ဆိုး႐ြားပါတယ္။ ကြၽန္ေတာ္တို႔ လူမ်ိဳးေတြက ဗုဒၶဘာသာအမ်ားစုကိုးကြယ္တဲ့သူေတြပါ။ ဘယ္ဘာသာမွလည္း လက္မခံဘူး ဒီဟာကို။ သူမ်ားဒုကၡေရာက္မယ့္ကိစၥမ်ိဳးကို ဘယ္ဘာသာမွလည္း လက္မခံဘူး။ အထူးသျဖင့္ ကြၽန္ေတာ္တို႔ ဗုဒၶဘာသာ။ ဒါနဲ႔ ပတ္သက္ၿပီး ပိုၿပီး အေလးထားတဲ့ေနရာ၊ ႏိုင္ငံျဖစ္ပါတယ္။ လူမႈေရးစိတ္ဓာတ္နဲ႔ ပတ္သက္ရင္လည္း ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြဟာ ပိုၿပီးေတာ့မွ။ တစ္ေန႔ကလည္း ကြၽန္ေတာ္ ေျပာပါတယ္။ အလႉအတန္းလည္း စိတ္ရွိၾကတယ္။ volunteer စိတ္လည္း ရွိၾက တယ္။ ဒီလိုေနရာမ်ိဳးမွာ ဒီလိုစိတ္ဓာတ္ေတြကို ပ်က္ျပားေအာင္လုပ္တာမ်ိဳးကေတာ့ ဒါ မျဖစ္သင့္ဘူး။ အသိတရားနဲ႔ေရာ၊ သတိတရားနဲ႔ေရာ။ အားလုံးကေန လုပ္ဖို႔လို မယ္လို႔ ကြၽန္ေတာ္ေျပာလိုပါတယ္။”

ယင္းေနာက္ မိမိတို႔အေနျဖင့္ လက္ဝယ္တြင္ရွိသည့္ စြမ္းအားစုမ်ားအား COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအတြက္ ထိထိေရာက္ေရာက္အသုံးခ် ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေအာက္ဆီဂ်င္မ်ားလုံေလာက္စြာရရွိေအာင္ ေဆာင္႐ြက္ ျခင္း၊ ေရာဂါကာကြယ္ေရးပစၥည္းမ်ား၊ ေဆးဝါးပစၥည္းမ်ား လုံေလာက္စြာရရွိေအာင္ ထုတ္လုပ္ျခင္းႏွင့္ ျပည္ပမွတင္သြင္းျခင္းမ်ားအား မွန္မွန္ကန္ကန္ႏွင့္ ျမန္ျမန္ဆန္ဆန္ ရရွိေအာင္ ေဆာင္႐ြက္ႏိုင္ရန္လိုေၾကာင္း၊ စီမံခန႔္ခြဲမႈလုပ္ငန္းမ်ားအား မွန္မွန္ကန္ကန္ ေဆာင္႐ြက္မည္ဆိုပါက ႏိုင္ငံအတြက္အေထာက္အကူျပဳမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားအေနျဖင့္ အခ်ိန္ႏွင့္တေျပးညီတင္ျပေဆာင္႐ြက္ ၾကရန္ လိုၿပီး က်န္းမာေရးဝန္ႀကီးဌာန၏ လိုအပ္ခ်က္မ်ားအား အားလုံးဝိုင္းဝန္းပံ့ပိုး ကူညီ ေဆာင္႐ြက္ေပးၾကရန္ လိုအပ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။