နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့မိ၊ မြို့ဖ များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဩဂုတ် – ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသ ကြီး ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်း မှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ မြို့မိ၊ မြို့ဖများ၊ ညောင်ဦးခရိုင်၊ ပခုက္ကူခရိုင်၊ မြင်းခြံခရိုင်၊ မင်းဘူးခရိုင်နှင့် မကွေးခရိုင်တို့မှ ဌာနဆိုင်ရာတာဝန်ရှိ သူများအား ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံယဉ်ကျေးမှုပြတိုက်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး‌သည်။

ရှေးမူမပြတ်စေဘဲ ခေတ်နှင့်လျော်ညီသည့် ပြုပြင်ထိန်းသိမ်းမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဘုရားစေတီ ပုထိုးများကို ပြုပြင်ထိန်းသိမ်းထားရှိမှုများအား လာရောက်ကြည့်ရှုစစ်ဆေးစဉ် ပုဂံ ညောင်ဦးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးနိုင်ရေး၊ ဖြည့် ဆည်းပေးနိုင်ရေး ယခုကဲ့သို့ ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မြို့မိမြို့ဖများအနေဖြင့် မိမိတို့ဒေသအကျိုးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြော ကြားကြရန်လိုကြောင်း။

ပုဂံ၊ ညောင်ဦးဒေသသည် ပြည်တွင်း၊ပြည်ပ ကမ္ဘာလှည့်ခရီးသွားများ လာရောက် မှုများပြားသည့်မြို့ဖြစ်သဖြင့် ယခုထက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်း ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်မှုနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ ပုဂံညောင်ဦးဒေသ စိမ်းလန်းသာယာလှပရေးအတွက် ရေများလုံလောက်စွာ ရရှိရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ ပြည်တွင်း၊ ပြည်ပခရီးသွားကိုပိုမိုဆွဲဆောင်နိုင်သည့် ဒေသတစ်ခုဖြစ်စေ ရေးအတွက်လည်း ဖန်တီးဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံဒေသအတွင်းရှိ ရှေးဟောင်း ဘုရားစေတီပုထိုးများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ရှေးမူမပြတ်စေဘဲ ခေတ်နှင့်လျော်ညီသည့် ပြု ပြင် ထိန်းသိမ်းမှုများကို ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ် မြေသို့ လာရောက်ကြသည့် ဘုရားဖူးသူများအနေဖြင့် ထီးလိုမင်းလိုဘုရားကြီး၏ အထက်ပစ္စယံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုးများကို ကြည်ညိုဖူးမြော်နိုင်ရေးနှင့် ပုဂံဒေသ၏ အလှအပများကိုကြည့်ရှုနိုင်ရေးအတွက် လူဦး ရေ အကန့်အသတ်၊ အချိန်အကန့်အသတ်တို့ဖြင့် ပြန်လည် တက်ရောက်ကြည်ညို ခွင့်ပြုပေးနိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် သုံးသပ်လျက်ရှိကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းရေး

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထား နိုင်ငံဖြစ်သဖြင့် လူတိုင်းနှင့် အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှ စားသောက်ရန် အစားအစာများနှင့် ဝင်ငွေများရရှိမည်ဖြစ်ကြောင်း၊ စနစ်ကျ သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက အကျိုးဖြစ်ထွန်း မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင် ရန်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေးအတွက်လည်း ခရိုင်များ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာ အထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ ဆက်လက်၍လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာသိပ္ပံများကို ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး အဆင့်မြင့် ပညာရပ်များ သင်ကြားနိုင်ရေး တက္ကသိုလ်များကို ဆက်လက်တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်း အမြစ်များရရှိရေး အတွက် လက်တွေ့ကျသည့် ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း၊ ပညာသင်ကြားရေးနှင့် ပတ်သက်၍ တိုးတက်မှုများရှိစေရေး မိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပုံဂံဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်စေရေး နှင့် ပညာတတ်များ ပေါများစေရေး တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သဖြင့် ဥပဒေကို အကျွမ်းတဝင်ရှိရန်၊ နားလည်ရန်လိုကြောင်း၊ ထို့ကြောင့် တက္ကသိုလ်များ၌ ဥပဒေဘာသာရပ်များကို ထည့်သွင်း သင်ကြားပေးလျက်ရှိကြောင်း၊ အလားတူ လူမှုစီးပွားဘဝ တိုးတက်ရေး အတွက် စီးပွားရေးအမြင်ရှိရန်လိုသဖြင့် စီးပွားရေးဘာသာရပ်ကိုလည်း ထည့်သွင်း သင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့အတွက် အခြေခံကောင်းများ ရရှိစေရေး ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း။

မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်နိုင်သည့် ရေအရင်းအမြစ်များရှိပြီး မြစ်ရေများကို စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးရှိစွာအသုံးချနိုင်ရန် လိုကြောင်း၊ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုများရှိစေရေး တာဝန်ရှိသူများအနေဖြင့် စိစစ်ကြပ်မတ် ဆောင်ရွက် နေရန်လိုကြောင်း၊ ပုဂံညောင်ဦးဒေသအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံလိုအပ်ချက်များ၊ နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ် သည်များကို မြို့မိမြို့ဖများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးတင်ပြ

ထို့နောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းဘုရားများနှင့် ယဉ်ကျေးမှုနယ်မြေများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပို့ဆောင်ရွက်ပေးစေလိုမှု၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးလုပ်ငန်းများကိုလည်း ယခုထက်တိုးတက်အောင် ဆောင်ရွက်ပေး စေလိုမှု၊ ပုဂံဒေသအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များနှင့် ကျန်းမာရေးဝန်ထမ်း များလိုအပ်ချက်များကို ဖြည့်ဆည်းပေးစေလိုမှု၊ ကျောင်းသား၊ ကျောင်းသူများ ပညာ သင်ကြားရေးအတွက် လိုအပ်မှုရှိသည့် အခြေခံပညာကျောင်းများ၌ ကျောင်းဆောင် များတိုးချဲ့ဆောက်လုပ်ပေးစေလိုမှု၊ ပုဂံဒေသသို့ ခရီးသွားများ ပိုမိုလာရောက်လည်ပတ် နိုင်ရေး ညောင်ဦးလေဆိပ်သို့ နိုင်ငံတကာလေယာဉ်များ တိုက်ရိုက်ဆင်းသက်နိုင်ရေး ဆောင်ရွက်ပေးစေလိုမှုတို့ကို အသီးသီးဆွေးနွေးပြောကြားကြပြီး ညောင်ဦးခရိုင်၊ ပခုက္ကူ ခရိုင်၊ မြင်းခြံခရိုင်၊ မင်းဘူးခရိုင်နှင့် မကွေးခရိုင်တို့မှ ဌာနဆိုင်ရာတာဝန် ရှိသူများက ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို အသီးသီးတင်ပြကြသည်။

ဖြည့်စွက်ဆွေးနွေး ရှင်းလင်းပြောကြား

တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက်မှုမရှိစေရေး နိုင်ငံရေး အရ အကြောင်းအမျိုးမျိုးပြ၍ ပိတ်ပင်မှုများရှိခြင်းကြောင့် ပြည်ပခရီးသွားများ ဝင်ရောက်မှု နည်းပါးနေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများ သည်လည်း အခြားနိုင်ငံများကဲ့သို့ ဆောင်ရွက်ပေးရန်လိုအပ်ချက်များ ရှိနေဆဲဖြစ် ကြောင်း၊ မိမိတို့ဒေသသို့ လာရောက်ကြသည့် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးလာ ပြည်သူများ စားသောက်ရေး၊ နေထိုင်ရေးနှင့် သွားလာမှုများ အဆင်ပြေစေရေးအတွက် ဒေသခံများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခြား သူများဆောင်ရွက်သည့် အောင်မြင်ပြီးလုပ်ငန်းများကို လိုက်လံဆောင်ရွက်ခြင်းထက် မိမိတို့ ကိုယ်ပိုင်အတွေးအခေါ်များဖြင့် အခြားလုပ်ငန်းအသစ်များကို ဆောင်ရွက်ကြရန် လည်းလိုကြောင်း၊ ပုဂံဒေသအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်း နိုင်ရန်အတွက် ပုဂံဒေသသည် မိုးရွာရက်နည်းပါးခြင်းကြောင့် နေရောင်ခြည်စွမ်းအင် သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို တတ်နိုင်သမျှ ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံ ညောင်ဦးလေဆိပ်သည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တည်ရှိခြင်း ကြောင့် ပြည်ပမှ လေယာဉ်ကြီးများတိုက်ရိုက်ဆင်းသက်ရန် အခက်အခဲများရှိနိုင် ကြောင်း၊ ထို့ကြောင့် ရေရှည်အတွက်အဆင်ပြေစေရန် ပခုက္ကူလေဆိပ်အား နိုင်ငံ တကာ လေဆိပ် အဖြစ်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂံ ညောင်ဦး လေဆိပ်ကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ တွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံမြို့ရေလုံလောက်စွာ ရရှိရေး အတွက် ဧရာဝတီမြစ်မှရေများကို နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် လုပ်ငန်းကို ဆောင်ရွက်၍ ရေသန့်စင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ပြီး ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း။

ခရိုင်များအလိုက် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပန်းတိုင်ရည်မှန်း ချက်များ ပြည့်မီရေး ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိအချိန်တွင် ထွက်ရှိနေသည့် အထွက်နှုန်းထက် ပိုမိုတိုးတက်အောင်နှင့် အထွက်နှုန်းများကောင်းမွန်အောင် ဆောင် ရွက်ရန် လိုကြောင်း၊ ဒေသတွင်းဆန်ဖူလုံရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ဧကများ တိုးချဲ့ခြင်း၊ သီးထပ်များစိုက်ပျိုးခြင်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများကိုလည်း ယခုထက် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ဒေသစားရေးကို အထောက်အကူပြုစေမည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသတွင်းစားရေး နှင့် ပတ်သက်၍ ဖူလုံမှုရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ဈေးနှုန်းများကြီးမြင့် မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင် နှင့် ဦးလှမိုး တို့က တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မကွေး တိုင်းဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု များကို တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အဓိကအားဖြင့် ဒေသစီးပွားရေးတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး(MSME)လုပ်ငန်းများကို အများဆုံးဆောင်ရွက်ကြကြောင်း၊ (MSME) လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်ကြမ်းများလိုအပ်ပြီး ဒေသတွင်းရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန် ကုန်ကြမ်းများကိုအခြေခံသည့် တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ယခင်က ဝါစိုက်ပျိုးမှုများကို အဓိကဆောင်ရွက်ခဲ့ကြပြီး နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဝါစိုက်ပျိုး မှုများ လျော့နည်းခဲ့သဖြင့် မိမိတို့အစိုးရတာဝန်ယူချိန်တွင် ဝါစိုက်ပျိုးမှုများကို အားပေး ဆောင်ရွက်ခဲ့ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း ဝါစိုက်တောင်သူများ ဝါစိုက်ပျိုး မှုများဆောင်ရွက်စေရေး တိုက်တွန်းအားပေးဆောင်ရွက် ကြစေလိုကြောင်း၊ ဝါစိုက်ပျိုး ခြင်းဖြင့် ချည်ထည်လုပ်ငန်းများကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးမှုများဆောင်ရွက်ရာတွင် ချည်ချောများထုတ်လုပ်နိုင်သည့် ချည်မျှင်ရှည်ဝါ များ စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ တိုင်းပြည်၏ဝါလိုအပ်ချက်ကို မန္တလေးတိုင်း ဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှဖြည့်ဆည်းပေးရန်လိုကြောင်း။

နိုင်ငံရေးနှင့် ပတ်သက်၍ မိမိတို့သည် နိုင်ငံ့အရေးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေးလုပ်ဆောင်နေခြင်းမဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့အရေးအတွက် ပြည်သူ လူထုများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင် ဆောင်ရွက်နိုင်ရန်လို ကြောင်း၊ တည်ငြိမ်အေးချမ်းသည့်ဒေသများသည် ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး လက်နက်ကိုင်၍ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေမှုများသည် ဒေသဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

Zawgyi Version

ေနျပည္ေတာ္၊ ဩဂုတ္ – ၂၇

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ခရီးစဥ္တြင္လိုက္ပါလာသည့္အဖြဲ႕ဝင္မ်ား၊ မႏၲေလးတိုင္း ေဒသ ႀကီး ဝန္ႀကီးခ်ဳပ္၊ မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္း မႉးႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါ၍ ယေန႔နံနက္ပိုင္းတြင္ မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးခ႐ိုင္၊ ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမရွိ ၿမိဳ႕မိ၊ ၿမိဳ႕ဖမ်ား၊ ေညာင္ဦးခ႐ိုင္၊ ပခုကၠဴခ႐ိုင္၊ ျမင္းၿခံခ႐ိုင္၊ မင္းဘူးခ႐ိုင္ႏွင့္ မေကြးခ႐ိုင္တို႔မွ ဌာနဆိုင္ရာတာဝန္ရွိ သူမ်ားအား ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမ၊ ပုဂံယဥ္ေက်းမႈျပတိုက္၌ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးဆိုင္ရာမ်ားကို ရင္းရင္းႏွီးႏွီး ေတြ႕ဆုံေဆြးေႏြး‌သည္။

ေရွးမူမျပတ္ေစဘဲ ေခတ္ႏွင့္ေလ်ာ္ညီသည့္ ျပဳျပင္ထိန္းသိမ္းမႈမ်ား စဥ္ဆက္မျပတ္ ေဆာင္႐ြက္ရန္လို

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ေဆြးေႏြးေျပာၾကားရာတြင္ မိမိတို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရအေနျဖင့္ ေရွ႕လုပ္ငန္းစဥ္မ်ား၊ ဦးတည္ခ်က္မ်ားခ်မွတ္၍ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ပုဂံေရွးေဟာင္းနယ္ေျမအတြင္းရွိ ဘုရားေစတီ ပုထိုးမ်ားကို ျပဳျပင္ထိန္းသိမ္းထားရွိမႈမ်ားအား လာေရာက္ၾကည့္ရႈစစ္ေဆးစဥ္ ပုဂံ ေညာင္ဦးေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လိုအပ္သည္မ်ား ေဆြးေႏြးႏိုင္ေရး၊ ျဖည့္ ဆည္းေပးႏိုင္ေရး ယခုကဲ့သို႔ ေဒသခံ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေတြ႕ဆုံရျခင္းျဖစ္ေၾကာင္း၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားအေနျဖင့္ မိမိတို႔ေဒသအက်ိဳးအတြက္ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးေျပာ ၾကားၾကရန္လိုေၾကာင္း။

ပုဂံ၊ ေညာင္ဦးေဒသသည္ ျပည္တြင္း၊ျပည္ပ ကမာၻလွည့္ခရီးသြားမ်ား လာေရာက္ မႈမ်ားျပားသည့္ၿမိဳ႕ျဖစ္သျဖင့္ ယခုထက္ဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေဒသတြင္း ပညာေရး၊ စီးပြားေရး၊ က်န္းမာေရး၊ လမ္းပန္းဆက္သြယ္မႈႏွင့္ တရားဥပေဒ စိုးမိုးေရးလုပ္ငန္းမ်ားကို အၿမဲမျပတ္ေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ ပုဂံေညာင္ဦးေဒသ စိမ္းလန္းသာယာလွပေရးအတြက္ ေရမ်ားလုံေလာက္စြာ ရရွိေရး ေဆာင္႐ြက္ေပးရန္ လိုေၾကာင္း၊ ျပည္တြင္း၊ ျပည္ပခရီးသြားကိုပိုမိုဆြဲေဆာင္ႏိုင္သည့္ ေဒသတစ္ခုျဖစ္ေစ ေရးအတြက္လည္း ဖန္တီးေဆာင္႐ြက္ရန္လိုေၾကာင္း၊ ပုဂံေဒသအတြင္းရွိ ေရွးေဟာင္း ဘုရားေစတီပုထိုးမ်ား ေရရွည္တည္တံ့ခိုင္ၿမဲေစေရးအတြက္ ျပဳျပင္ထိန္းသိမ္းျခင္း လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္လည္း ေရွးမူမျပတ္ေစဘဲ ေခတ္ႏွင့္ေလ်ာ္ညီသည့္ ျပဳ ျပင္ ထိန္းသိမ္းမႈမ်ားကို ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ပုဂံေရွးေဟာင္းယဥ္ေက်းမႈ နယ္ ေျမသို႔ လာေရာက္ၾကသည့္ ဘုရားဖူးသူမ်ားအေနျဖင့္ ထီးလိုမင္းလိုဘုရားႀကီး၏ အထက္ပစၥယံမွ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမရွိ ဘုရား၊ ေစတီ၊ ပုထိုးမ်ားကို ၾကည္ညိဳဖူးေျမာ္ႏိုင္ေရးႏွင့္ ပုဂံေဒသ၏ အလွအပမ်ားကိုၾကည့္ရႈႏိုင္ေရးအတြက္ လူဦး ေရ အကန႔္အသတ္၊ အခ်ိန္အကန႔္အသတ္တို႔ျဖင့္ ျပန္လည္ တက္ေရာက္ၾကည္ညိဳ ခြင့္ျပဳေပးႏိုင္ေရးအတြက္လည္း မိမိတို႔အေနျဖင့္ သုံးသပ္လ်က္ရွိေၾကာင္း။

စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ျဖစ္ထြန္းေအာင္ျမင္ေရးႏွင့္ လူသားအရင္းအျမစ္ေကာင္းမ်ား ေပၚထြန္းေရး

မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳးေမြးျမဴေရးကို အဓိကထား ႏိုင္ငံျဖစ္သျဖင့္ လူတိုင္းႏွင့္ အက်ဳံးဝင္သည့္ စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း မ်ားမွ စားေသာက္ရန္ အစားအစာမ်ားႏွင့္ ဝင္ေငြမ်ားရရွိမည္ျဖစ္ေၾကာင္း၊ စနစ္က် သည့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္မည္ဆိုပါက အက်ိဳးျဖစ္ထြန္း မည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကို ေခတ္ႏွင့္အညီ လုပ္ကိုင္ေဆာင္႐ြက္ႏိုင္ ရန္အတြက္ လိုအပ္သည့္ လူသားအရင္းအျမစ္မ်ားေမြးထုတ္ေပးႏိုင္ေရးအတြက္လည္း ခ႐ိုင္မ်ား၌ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ နည္းပညာ အထက္တန္းေက်ာင္းမ်ားကို ဖြင့္လွစ္သင္ၾကားလ်က္ရွိေၾကာင္း၊ ဆက္လက္၍လည္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ နည္းပညာသိပၸံမ်ားကို ဖြင့္လွစ္ႏိုင္ေရးေဆာင္႐ြက္လ်က္ရွိၿပီး အဆင့္ျမင့္ ပညာရပ္မ်ား သင္ၾကားႏိုင္ေရး တကၠသိုလ္မ်ားကို ဆက္လက္တိုးခ်ဲ႕ဖြင့္လွစ္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံအတြက္လိုအပ္သည့္ လူသားအရင္း အျမစ္မ်ားရရွိေရး အတြက္ လက္ေတြ႕က်သည့္ ေဆာင္႐ြက္ခ်က္ပင္ျဖစ္ေၾကာင္း၊ ပညာသင္ၾကားေရးႏွင့္ ပတ္သက္၍ တိုးတက္မႈမ်ားရွိေစေရး မိမိတို႔အေနျဖင့္ စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ပုံဂံေဒသအတြင္း စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားတိုးတက္ေစေရး ႏွင့္ ပညာတတ္မ်ား ေပါမ်ားေစေရး တာဝန္ရွိသူမ်ားအေနျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္ၾကေစလိုေၾကာင္း။

မိမိတို႔ႏိုင္ငံသည္ ဒီမိုကေရစီႏိုင္ငံျဖစ္သျဖင့္ ဥပေဒကို အကြၽမ္းတဝင္ရွိရန္၊ နားလည္ရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ တကၠသိုလ္မ်ား၌ ဥပေဒဘာသာရပ္မ်ားကို ထည့္သြင္း သင္ၾကားေပးလ်က္ရွိေၾကာင္း၊ အလားတူ လူမႈစီးပြားဘဝ တိုးတက္ေရး အတြက္ စီးပြားေရးအျမင္ရွိရန္လိုသျဖင့္ စီးပြားေရးဘာသာရပ္ကိုလည္း ထည့္သြင္း သင္ၾကားေပးလ်က္ရွိေၾကာင္း၊ မိမိတို႔အေနျဖင့္ ႏိုင္ငံ့အတြက္ အေျခခံေကာင္းမ်ား ရရွိေစေရး ေဆာင္႐ြက္ေပးေနျခင္းပင္ျဖစ္ေၾကာင္း။

မႏၲေလးတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔အတြင္း စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္သည့္ ေရအရင္းအျမစ္မ်ားရွိၿပီး ျမစ္ေရမ်ားကို စိုက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားအတြက္ အက်ိဳးရွိစြာအသုံးခ်ႏိုင္ရန္ လိုေၾကာင္း၊ ေဒသအတြင္း တည္ၿငိမ္ေအးခ်မ္းမႈမ်ားရွိေစေရး တာဝန္ရွိသူမ်ားအေနျဖင့္ စိစစ္ၾကပ္မတ္ ေဆာင္႐ြက္ ေနရန္လိုေၾကာင္း၊ ပုဂံေညာင္ဦးေဒသအတြင္း လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ အေျခခံလိုအပ္ခ်က္မ်ား၊ ႏိုင္ငံေတာ္မွ ျဖည့္ဆည္းေဆာင္႐ြက္ေပးရန္ လိုအပ္ သည္မ်ားကို ၿမိဳ႕မိၿမိဳ႕ဖမ်ားအေနျဖင့္ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လိုအပ္သည္မ်ား ေဆြးေႏြးတင္ျပ

ထို႔ေနာက္ တက္ေရာက္လာၾကသည့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားက ပုဂံေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမအတြင္းရွိ ေရွးေဟာင္းဘုရားမ်ားႏွင့္ ယဥ္ေက်းမႈနယ္ေျမမ်ား ဖြံ႕ၿဖိဳး တိုးတက္ေစေရးအတြက္ ႏိုင္ငံေတာ္မွ ကူညီပံ့ပို႔ေဆာင္႐ြက္ေပးေစလိုမႈ၊ ပို႔ေဆာင္ေရး ႏွင့္ ဆက္သြယ္ေရးလုပ္ငန္းမ်ားကိုလည္း ယခုထက္တိုးတက္ေအာင္ ေဆာင္႐ြက္ေပး ေစလိုမႈ၊ ပုဂံေဒသအတြင္း လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္မ်ားႏွင့္ က်န္းမာေရးဝန္ထမ္း မ်ားလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးေစလိုမႈ၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပညာ သင္ၾကားေရးအတြက္ လိုအပ္မႈရွိသည့္ အေျခခံပညာေက်ာင္းမ်ား၌ ေက်ာင္းေဆာင္ မ်ားတိုးခ်ဲ႕ေဆာက္လုပ္ေပးေစလိုမႈ၊ ပုဂံေဒသသို႔ ခရီးသြားမ်ား ပိုမိုလာေရာက္လည္ပတ္ ႏိုင္ေရး ေညာင္ဦးေလဆိပ္သို႔ ႏိုင္ငံတကာေလယာဥ္မ်ား တိုက္႐ိုက္ဆင္းသက္ႏိုင္ေရး ေဆာင္႐ြက္ေပးေစလိုမႈတို႔ကို အသီးသီးေဆြးေႏြးေျပာၾကားၾကၿပီး ေညာင္ဦးခ႐ိုင္၊ ပခုကၠဴ ခ႐ိုင္၊ ျမင္းၿခံခ႐ိုင္၊ မင္းဘူးခ႐ိုင္ႏွင့္ မေကြးခ႐ိုင္တို႔မွ ဌာနဆိုင္ရာတာဝန္ ရွိသူမ်ားက ေဒသဆိုင္ရာအခ်က္အလက္မ်ား၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိမႈ အေျခအေနမ်ားကို အသီးသီးတင္ျပၾကသည္။

ျဖည့္စြက္ေဆြးေႏြး ရွင္းလင္းေျပာၾကား

တင္ျပမႈမ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္က မိမိတို႔ႏိုင္ငံသို႔ ျပည္ပခရီးသြားမ်ား လာေရာက္မႈမရွိေစေရး ႏိုင္ငံေရး အရ အေၾကာင္းအမ်ိဳးမ်ိဳးျပ၍ ပိတ္ပင္မႈမ်ားရွိျခင္းေၾကာင့္ ျပည္ပခရီးသြားမ်ား ဝင္ေရာက္မႈ နည္းပါးေနျခင္းျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ဝန္ေဆာင္မႈလုပ္ငန္းမ်ား သည္လည္း အျခားႏိုင္ငံမ်ားကဲ့သို႔ ေဆာင္႐ြက္ေပးရန္လိုအပ္ခ်က္မ်ား ရွိေနဆဲျဖစ္ ေၾကာင္း၊ မိမိတို႔ေဒသသို႔ လာေရာက္ၾကသည့္ ျပည္တြင္း၊ ျပည္ပမွ ဘုရားဖူးလာ ျပည္သူမ်ား စားေသာက္ေရး၊ ေနထိုင္ေရးႏွင့္ သြားလာမႈမ်ား အဆင္ေျပေစေရးအတြက္ ေဒသခံမ်ားက ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ အျခား သူမ်ားေဆာင္႐ြက္သည့္ ေအာင္ျမင္ၿပီးလုပ္ငန္းမ်ားကို လိုက္လံေဆာင္႐ြက္ျခင္းထက္ မိမိတို႔ ကိုယ္ပိုင္အေတြးအေခၚမ်ားျဖင့္ အျခားလုပ္ငန္းအသစ္မ်ားကို ေဆာင္႐ြက္ၾကရန္ လည္းလိုေၾကာင္း၊ ပုဂံေဒသအတြင္း လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္း ႏိုင္ရန္အတြက္ ပုဂံေဒသသည္ မိုး႐ြာရက္နည္းပါးျခင္းေၾကာင့္ ေနေရာင္ျခည္စြမ္းအင္ သုံး လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျခင္းမ်ားကို တတ္ႏိုင္သမွ် ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ပုဂံ ေညာင္ဦးေလဆိပ္သည္ ေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္း တည္ရွိျခင္း ေၾကာင့္ ျပည္ပမွ ေလယာဥ္ႀကီးမ်ားတိုက္႐ိုက္ဆင္းသက္ရန္ အခက္အခဲမ်ားရွိႏိုင္ ေၾကာင္း၊ ထို႔ေၾကာင့္ ေရရွည္အတြက္အဆင္ေျပေစရန္ ပခုကၠဴေလဆိပ္အား ႏိုင္ငံ တကာ ေလဆိပ္ အျဖစ္ေဆာင္႐ြက္ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ပုဂံ ေညာင္ဦး ေလဆိပ္ကို အဆင့္ျမႇင့္တင္ႏိုင္ေရးအတြက္ ကြၽမ္းက်င္ပညာရွင္မ်ားျဖင့္ စနစ္တက် တြက္ခ်က္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ပုဂံၿမိဳ႕ေရလုံေလာက္စြာ ရရွိေရး အတြက္ ဧရာဝတီျမစ္မွေရမ်ားကို ေနေရာင္ျခည္စြမ္းအင္သုံး ျမစ္ေရတင္ လုပ္ငန္းကို ေဆာင္႐ြက္၍ ေရသန႔္စင္ျခင္း လုပ္ငန္းမ်ားကိုေဆာင္႐ြက္ၿပီး ေရလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ေၾကာင္း။

ခ႐ိုင္မ်ားအလိုက္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ပန္းတိုင္ရည္မွန္း ခ်က္မ်ား ျပည့္မီေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ထြက္ရွိေနသည့္ အထြက္ႏႈန္းထက္ ပိုမိုတိုးတက္ေအာင္ႏွင့္ အထြက္ႏႈန္းမ်ားေကာင္းမြန္ေအာင္ ေဆာင္ ႐ြက္ရန္ လိုေၾကာင္း၊ ေဒသတြင္းဆန္ဖူလုံေရးအတြက္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ စိုက္ဧကမ်ား တိုးခ်ဲ႕ျခင္း၊ သီးထပ္မ်ားစိုက္ပ်ိဳးျခင္းမ်ားကို ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေမြးျမဴေရးလုပ္ငန္းမ်ားကိုလည္း ယခုထက္ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္ႏိုင္ရန္ လိုေၾကာင္း၊ ေဒသစားေရးကို အေထာက္အကူျပဳေစမည့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း မ်ားကို ေအာင္ျမင္ျဖစ္ထြန္းေအာင္ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ေဒသတြင္းစားေရး ႏွင့္ ပတ္သက္၍ ဖူလုံမႈရွိေအာင္ ေဆာင္႐ြက္ႏိုင္မည္ဆိုပါက ကုန္ေဈးႏႈန္းမ်ားႀကီးျမင့္ မႈကို ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္းျဖင့္ ျဖည့္စြက္ေဆြးေႏြးေျပာၾကားသည္။ ယင္းေနာက္ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးဝင္းရွိန္၊ ဦးတင္ဦးလြင္၊ ဦးမင္းေနာင္ ႏွင့္ ဦးလွမိုး တို႔က တင္ျပခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ သက္ဆိုင္ရာ က႑အလိုက္ ျပန္လည္ ရွင္းလင္းေဆြးေႏြး ေျပာၾကားၾကၿပီး မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္၊ မေကြး တိုင္းဝန္ႀကီးခ်ဳပ္ ႏွင့္တာဝန္ရွိသူမ်ားက ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ေနမႈ မ်ားကို တင္ျပၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္က အဓိကအားျဖင့္ ေဒသစီးပြားေရးတိုးတက္ေအာင္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ ႏိုင္ငံသည္ အေသးစား၊ အငယ္စားႏွင့္ အလတ္ စား စီးပြားေရး(MSME)လုပ္ငန္းမ်ားကို အမ်ားဆုံးေဆာင္႐ြက္ၾကေၾကာင္း၊ (MSME) လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ ကုန္ၾကမ္းမ်ားလိုအပ္ၿပီး ေဒသတြင္းရွိၿပီးျဖစ္သည့္ စိုက္ပ်ိဳးေမြးျမဴေရးထြက္ကုန္ ကုန္ၾကမ္းမ်ားကိုအေျခခံသည့္ တန္ဖိုးျမႇင့္ပစၥည္းမ်ား ထုတ္လုပ္ႏိုင္ရန္လိုေၾကာင္း၊ မေကြးတိုင္းေဒသႀကီးႏွင့္ မႏၲေလးတိုင္းေဒသႀကီးတို႔တြင္ ယခင္က ဝါစိုက္ပ်ိဳးမႈမ်ားကို အဓိကေဆာင္႐ြက္ခဲ့ၾကၿပီး ေနာက္ပိုင္းတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဝါစိုက္ပ်ိဳး မႈမ်ား ေလ်ာ့နည္းခဲ့သျဖင့္ မိမိတို႔အစိုးရတာဝန္ယူခ်ိန္တြင္ ဝါစိုက္ပ်ိဳးမႈမ်ားကို အားေပး ေဆာင္႐ြက္ခဲ့ေၾကာင္း၊ တာဝန္ရွိသူမ်ားအေနျဖင့္လည္း ဝါစိုက္ေတာင္သူမ်ား ဝါစိုက္ပ်ိဳး မႈမ်ားေဆာင္႐ြက္ေစေရး တိုက္တြန္းအားေပးေဆာင္႐ြက္ ၾကေစလိုေၾကာင္း၊ ဝါစိုက္ပ်ိဳး ျခင္းျဖင့္ ခ်ည္ထည္လုပ္ငန္းမ်ားကိုလည္း အေထာက္အကူျပဳေစမည္ျဖစ္ေၾကာင္း၊ ဝါစိုက္ပ်ိဳးမႈမ်ားေဆာင္႐ြက္ရာတြင္ ခ်ည္ေခ်ာမ်ားထုတ္လုပ္ႏိုင္သည့္ ခ်ည္မွ်င္ရွည္ဝါ မ်ား စိုက္ပ်ိဳးႏိုင္ရန္လိုေၾကာင္း၊ တိုင္းျပည္၏ဝါလိုအပ္ခ်က္ကို မႏၲေလးတိုင္း ေဒသ ႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔မွျဖည့္ဆည္းေပးရန္လိုေၾကာင္း။

ႏိုင္ငံေရးႏွင့္ ပတ္သက္၍ မိမိတို႔သည္ ႏိုင္ငံ့အေရးကို ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး ႏိုင္ငံေရးလုပ္ေဆာင္ေနျခင္းမဟုတ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံ့အေရးအတြက္ ျပည္သူ လူထုမ်ားအားလုံး ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပါဝင္ ေဆာင္႐ြက္ႏိုင္ရန္လို ေၾကာင္း၊ တည္ၿငိမ္ေအးခ်မ္းသည့္ေဒသမ်ားသည္ ေဒသဖြံ႕ၿဖိဳးတိုးတက္မည္ျဖစ္ၿပီး လက္နက္ကိုင္၍ ေဒသမတည္မၿငိမ္ျဖစ္ေအာင္ ေဆာင္႐ြက္ေနမႈမ်ားသည္ ေဒသဖြံ႕ၿဖိဳး တိုးတက္မႈကို ထိခိုက္နစ္နာေစမည္ျဖစ္ေၾကာင္း၊ မိမိတို႔ေဒသဖြံ႕ၿဖိဳး တိုးတက္ေရး အတြက္ အားလုံးဝိုင္းဝန္းေဆာင္႐ြက္ၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားခဲ့ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။