ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီးရှိ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီး မူလဌာပနာတော်၊ အလယ်ဌာပနာတော်နှင့် အထက်ဌာပနာ တော်သွင်းမဟာမင်္ဂလာနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ဇန္န၀ါရီ  ၃၀

က်ိဳင္းတုံၿမိဳ႕၊ ပန္ကြဲေက်းရြာအနီးတပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္ အလွဴရွင္မ်ားစုေပါင္းလွဴဒါန္းသည့္ အဘယရာဇမုနိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး မူလဌာပနာေတာ္၊ အလယ္ဌာပနာေတာ္ႏွင့္ အထက္ဌာပနာေတာ္သြင္း မဟာမဂၤလာႏွင့္ ဗုဒၶါဘိေသက အေနကဇာတင္အခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္က်င္းပျပဳလုပ္ရာ က်ိဳင္းယင္းေက်ာင္းတုိက္ဆရာေတာ္ အဂၢမဟာသဒၵမ ေဇာတိကဓဇ ဘဒၵႏၲေခမာစာရ၊ နဂါးႏွစ္ေကာင္ ေက်ာင္းတုိက္ဆရာေတာ္ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက အဂၢမဟာပ႑ိတဘဒၵႏၲဓမၼသီရိ ၊ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဒုတိယဥကၠ႒ လြဳိင္လင္ဆရာေတာ္ အဂၢမဟာပ႑ိတ အဂၢမဟာ သဒၵမေဇာတိကဓဇ ေဒါက္တာဘဒၵႏၲပညာနႏၵႏွင့္ မူဆယ္ၿမိဳ႕ လုိင္တိန္ခမ္းေက်ာင္းဆရာေတာ္ မဟာကမၼဌာနာစရိယ ဘဒၵႏၲသုခမိႏၵ အမွဴးျပဳေသာ ပင့္သံဃာ ၁၀၈ ပါးၾကြေရာက္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္ အရာရွိႀကီးမ်ား၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ဌာနဆုိင္ရာ တာ၀န္ရွိသူမ်ား၊ အလွဴရွင္မ်ား၊ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္မ်ားႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဒုတိယဥကၠ႒ လြဳိင္လင္ဆရာေတာ္ အဂၢမဟာပ႑ိတ အဂၢမဟာသဒၶမၼ ေဇာတိကဓဇ ေဒါက္တာဘဒၵႏၲပညာနႏၵထံ မွကုိးပါးသီလခံယူ ေဆာက္တည္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႕က သဗၺညဳဘုရားရွင္ အားရည္မွန္း၍ က်ိဳင္းယင္းေက်ာင္းတုိက္ဆရာေတာ္ အဂၢမဟာသဒၵမေဇာတိကဓဇဘဒၵႏၲေခမာစာရထံ မူလဌာပနာေတာ္၊ အလယ္ဌာပနာေတာ္ႏွင့္ အထက္ဌာပနာေတာ္မ်ားကုိ ဆက္ကပ္ၿပီး လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းသည္။

၎ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားထံလွဴဖြယ္ပစၥည္းမ်ား အသီးသီးဆက္ကပ္ လွဴဒါန္းၾကသည္။ ထုိ႔ေနာက္စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမွဴး႐ုံး ၫႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ ေမာင္ေမာင္ျမင့္က အဘယရာဇမုနိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားကုိးကြယ္မႈႏွင့္ပတ္သက္၍ရွင္းလင္းတင္ျပေလွ်ာက္ထားသည္။

ယင္းေနာက္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ မူဆယ္ၿမိဳ႕ လုိင္တိန္ခမ္းေက်ာင္းဆရာေတာ္ မဟာကမၼဌာနာစရိယ ဘဒၵႏၲသုခမိႏၵထံမွ အႏုေမါဒနာ တရားနာယူၿပီးလွဴဒါန္းမႈအစုစုအတြက္ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အဘယရာဇမုနိဘုရားႀကီး တည္ေဆာက္ရာတြင္ပါ၀င္ခဲ့သည့္ ျမန္မာမႈပညာရွင္ မႏၲေလးယဥ္ေက်းမႈတကၠသုိလ္မွ ပညာရွင္ပါေမာကၡ ဦးေဇာ္သန္းထြဋ္၊ ပန္းတေမာ့ပညာရွင္ ဦးေက်ာ္ေက်ာ္လြင္ႏွင့္ ျမန္မာမႈ ပညာရွင္ ဦးစ၀င္းၾကည္တုိ႔အား ဂုဏ္ျပဳေငြမ်ားေပးအပ္ခ်ီးျမႇင့္သည္။ ယင္းေနာက္ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမွဴးက အဘယရာဇမုနိ႐ုပ္ပြား ေတာ္ျမတ္ႀကီး ပုံတူ႐ုပ္ပြားေတာ္အား မူလဘုရားဒါယကာအရင္းျဖစ္သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံေပးအပ္သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး အဖြဲ႕၀င္မ်ားသည္ ေဒ၀ါ၀င္း၊ ရာဇာ၀င္းမ်ားၿခံရံၿပီး ဌာပနာေတာ္မ်ား အား ပင့္ေဆာင္၍ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး အား လက္ယာရစ္လွည့္လည္ပင့္ေဆာင္ၾကသည္။ ထုိ႔ေနာက္ဆရာေတာ္ႀကီးမ်ား၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ သတ္မွတ္ဌာပနာတုိက္အသီးသီးတြင္ ဌာပနာေတာ္မ်ားအားသြင္းလွဴပူေဇာ္ၾကသည္။

ယင္းေနာက္ ဆရာေတာ္၊ သံဃာေတာ္မ်ားက အဘယရာဇမုနိဗုဒၶ႐ုပ္ပြားေတာ္ ျမတ္ႀကီးအား ဗုဒၶါဘိေသကအေနကဇာတင္၍ ဗုဒၶါဘိသိက္သြန္းေတာ္မူၾကသည္။ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔က အဘယရာဇမုနိဗုဒၶ႐ုပ္ပြား ေတာ္ျမတ္ႀကီး မူလဌာပနာေတာ္၊ အလယ္ဌာပနာေတာ္ႏွင့္ အထက္ဌာပနာေတာ္သြင္း မဟာမဂၤလာႏွင့္ ဗုဒၶါဘိေသကအေနကဇာတင္အခမ္းအနား ေအာင္ျမင္ျခင္းအထိမ္းအမွတ္ ရတနာေရႊမုိးေငြမုိးမ်ားရြာသြန္းၿဖိဳးၾကၿပီး ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ျမသပိတ္ဆြမ္းေတာ္၊ သစ္သီး ပန္းမန္မ်ားႏွင့္ ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္ၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕က ကမၺည္းေမာ္ကြန္း ေက်ာက္စာတုိင္၊ ၿငိမ္းခ်မ္းသာယာဖြံ႕ၿဖိဳးေရး ေခါင္းေလာင္းေတာ္ႏွင့္ တံခြန္တုိင္ေတာ္တုိ႔အား အေမႊးနံ႔သာရည္မ်ားပက္ဖ်န္း၍ဖြင့္လွစ္ၾကၿပီး ၿငိမ္းခ်မ္းသာယာဖြံ႕ၿဖိဳးေရးေခါင္း ေလာင္းေတာ္ႀကီးအား ၉ ခ်က္တီး၍ပူေဇာ္သည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕၀င္မ်ားသည္ ဆရာေတာ္၊ သံဃာေတာ္မ်ားအားေန႔ဆြမ္း ဆက္ကပ္လွဴဒါန္းၾကသည္။

အဆိုပါအဘယရာဇမုနိ႐ုပ္ပြားေတာ္ျမတ္ႀကီးအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွအမွဴးျပဳေသာ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ား၏ စုေပါင္းထည့္၀င္ လွဴဒါန္းမႈျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ က်ိဳင္းတုံၿမိဳ႕မွ ၁၅ မုိင္အကြာပန္ကြဲေက်းရြာအနီး၊ ဗုဒၶဥယ်ာဥ္ပရိ၀ုဏ္အတြင္း ေအးခ်မ္းသည့္ အတိတ္နမိတ္ကုိေဆာင္ေသာ အဘယမုျဒာပုံစံျဖင့္ မႏၲေလးယဥ္ေက်းမႈတကၠသုိလ္မွ ပညာရွင္ပါေမာကၡ ဦးေဇာ္သန္းထြဋ္ႏွင့္ စစ္အင္ဂ်င္နီယာ ၫႊန္ၾကားေရးမွဴး႐ုံးတုိ႔မွေရးဆြဲပုံထုတ္၍ ႏုိင္ငံေတာ္သံဃမဟာနာယက အဖြဲ႕ဥကၠ႒ မႏၲေလးၿမိဳ႕ဗန္းေမာ္ ေက်ာင္းတုိက္ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက ေဒါက္တာဘဒၵႏၲကုမာရာဘိ၀ံသ၊ ရန္ကုန္ အျပည္ျပည္ဆုိင္ရာေထရ၀ါဒဗုဒၶသာသနာျပဳတကၠသုိလ္ပါေမာကၡခ်ဳပ္ ဆရာေတာ္ေဒါက္တာဘဒၵႏၲ နႏၵမာလာဘိ၀ံသႏွင့္ ရွမ္းျပည္နယ္ အေရွ႕ပုိင္းရွိ ဆရာေတာ္ႀကီးမ်ား၏ ၾသ၀ါဒကုိခံယူၿပီး သီလဓမၼကုန္းသာေက်ာင္းတုိက္ ၀စီပိတ္ဆရာေတာ္ဘဒၵႏၲေကာ၀ိဒ၏ အနီးကပ္ ႀကီးၾကပ္မႈျဖင့္၂၀၁၆ ခုႏွစ္၊ ေအာက္တုိဘာလ ၆ ရက္ေန႔တြင္စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ ႐ုပ္ပြားေတာ္ျမတ္ႀကီးကုိ ရွမ္းျပည္နယ္အေရွ႕ပုိင္းတြင္ ဗုဒၶျမတ္စြာသာသနာ ေရာင္၀ါေနသုိ႔ထြန္းေစရန္၊ ေအးခ်မ္းသာယာေစရန္ႏွင့္ ရပ္နီး၊ ရပ္ေ၀း၊ ျပည္တြင္း၊ ျပည္ပဘုရားဖူးမ်ားလာေရာက္ျခင္းျဖင့္ ေဒသစီးပြားဖြံ႕ၿဖိဳးတုိးတက္ ေစရန္ရည္ရြယ္တည္ေဆာက္ထားျခင္းျဖစ္ၿပီး ႐ုပ္ပြားေတာ္ျမတ္ႀကီး မွာ ရင္ျပင္ေတာ္အက်ယ္ အလ်ား ၁၈၀ ေပ၊ အနံ ၁၅၀ ေပ၊ ပလႅင္ေတာ္အျမင့္ ၁၈ ေပ၊ ဉာဏ္ေတာ္အျမင့္ ၅၄ ေပစုစုေပါင္း ၇၂ ေပရွိသည္။ ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ေအာက္ေျခေတာ္ပလႅင္အတြင္း ဗုဒၶ၀င္ေက်ာက္ထြင္း ပန္းခ်ီကားခ်ပ္မ်ားကုိ စက်င္ေက်ာက္ မ်ားျဖင့္ထုဆစ္ပူေဇာ္ထားၿပီး ကုိယ္လုံးေတာ္အတြင္းပုိင္းတြင္ တရားဘာ၀နာပြားမ်ားအားထုတ္ႏုိင္ရန္အတြက္ ၾကမ္းခင္းမ်ားအား ေၾကြျပားမ်ားႏွင့္ပါေကးခင္းထားၿပီး အလင္းေပါက္မ်ားအားစတီးမွန္တံခါးမ်ား တပ္ဆင္ထားသည္။

ထုိ႔အတူ ၿငိမ္းခ်မ္းသာယာဖြံ႕ၿဖိဳးေရးေခါင္းေလာင္းေတာ္ႀကီးကုိလည္း ေၾကးပိႆာခ်ိန္ ၆၀၀ ျဖင့္သြန္းေလာင္း၍ ေမတၱသုတ္ေတာ္အား ေရးထြင္းပူေဇာ္ထားၿပီး ယခုအခါ အဘယရာဇမုနိ႐ုပ္ပြားေတာ္ျမတ္ႀကီးအားၾကည္ညိဳသပၸါယ္စြာျဖင့္ ဘုရားဖူး ျပည္သူမ်ားလာေရာက္ဖူး ေျမာ္ႏုိင္ၿပီျဖစ္သည္။

(Unicode Version)

ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီးရှိ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီး မူလဌာပနာတော်၊ အလယ်ဌာပနာတော်နှင့် အထက်ဌာပနာ တော်သွင်းမဟာမင်္ဂလာနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ  ၃၀

ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီးတပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အလှူရှင်များစုပေါင်းလှူဒါန်းသည့် အဘယရာဇမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မူလဌာပနာတော်၊ အလယ်ဌာပနာတော်နှင့် အထက်ဌာပနာတော်သွင်း မဟာမင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ ဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ၊ နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဓမ္မသီရိ ၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ လွိုင်လင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာနန္ဒနှင့် မူဆယ်မြို့ လိုင်တိန်ခမ်းကျောင်းဆရာတော် မဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒ အမှူးပြုသော ပင့်သံဃာ ၁၀၈ ပါးကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ လွိုင်လင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာနန္ဒထံ မှကိုးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က သဗ္ဗညုဘုရားရှင် အားရည်မှန်း၍ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမဇောတိကဓဇဘဒ္ဒန္တခေမာစာရထံ မူလဌာပနာတော်၊ အလယ်ဌာပနာတော်နှင့် အထက်ဌာပနာတော်များကို ဆက်ကပ်ပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များထံလှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက်စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်မြင့်က အဘယရာဇမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့်ပတ်သက်၍ရှင်းလင်းတင်ပြလျှောက်ထားသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများသည် မူဆယ်မြို့ လိုင်တိန်ခမ်းကျောင်းဆရာတော် မဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒထံမှ အနုမေါဒနာ တရားနာယူပြီးလှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဘယရာဇမုနိဘုရားကြီး တည်ဆောက်ရာတွင်ပါ၀င်ခဲ့သည့် မြန်မာမှုပညာရှင် မန္တလေးယဉ်ကျေးမှုတက္ကသိုလ်မှ ပညာရှင်ပါမောက္ခ ဦးဇော်သန်းထွဋ်၊ ပန်းတမော့ပညာရှင် ဦးကျော်ကျော်လွင်နှင့် မြန်မာမှု ပညာရှင် ဦးစဝင်းကြည်တို့အား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးက အဘယရာဇမုနိရုပ်ပွား တော်မြတ်ကြီး ပုံတူရုပ်ပွားတော်အား မူလဘုရားဒါယကာအရင်းဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံပေးအပ်သည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အဖွဲ့ဝင်များသည် ဒေဝါ၀င်း၊ ရာဇာဝင်းများခြံရံပြီး ဌာပနာတော်များ အား ပင့်ဆောင်၍ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား လက်ယာရစ်လှည့်လည်ပင့်ဆောင်ကြသည်။ ထို့နောက်ဆရာတော်ကြီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သတ်မှတ်ဌာပနာတိုက်အသီးသီးတွင် ဌာပနာတော်များအားသွင်းလှူပူဇော်ကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များက အဘယရာဇမုနိဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က အဘယရာဇမုနိဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး မူလဌာပနာတော်၊ အလယ်ဌာပနာတော်နှင့် အထက်ဌာပနာတော်သွင်း မဟာမင်္ဂလာနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများရွာသွန်းဖြိုးကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီး ပန်းမန်များနှင့် ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်၊ ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေး ခေါင်းလောင်းတော်နှင့် တံခွန်တိုင်တော်တို့အား အမွှေးနံ့သာရည်များပက်ဖျန်း၍ဖွင့်လှစ်ကြပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးခေါင်း လောင်းတော်ကြီးအား ၉ ချက်တီး၍ပူဇော်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဆရာတော်၊ သံဃာတော်များအားနေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါအဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှအမှူးပြုသော တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းထည့်ဝင် လှူဒါန်းမှုဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မှ ၁၅ မိုင်အကွာပန်ကွဲကျေးရွာအနီး၊ ဗုဒ္ဓဥယျာဉ်ပရိ၀ုဏ်အတွင်း အေးချမ်းသည့် အတိတ်နမိတ်ကိုဆောင်သော အဘယမုဒြာပုံစံဖြင့် မန္တလေးယဉ်ကျေးမှုတက္ကသိုလ်မှ ပညာရှင်ပါမောက္ခ ဦးဇော်သန်းထွဋ်နှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့မှရေးဆွဲပုံထုတ်၍ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိ၀ံသ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိ၀ံသနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူပြီး သီလဓမ္မကုန်းသာကျောင်းတိုက် ၀စီပိတ်ဆရာတော်ဘဒ္ဒန္တကောဝိဒ၏ အနီးကပ် ကြီးကြပ်မှုဖြင့်၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရုပ်ပွားတော်မြတ်ကြီးကို ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့ထွန်းစေရန်၊ အေးချမ်းသာယာစေရန်နှင့် ရပ်နီး၊ ရပ်ဝေး၊ ပြည်တွင်း၊ ပြည်ပဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး ရုပ်ပွားတော်မြတ်ကြီး မှာ ရင်ပြင်တော်အကျယ် အလျား ၁၈၀ ပေ၊ အနံ ၁၅၀ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၅၄ ပေစုစုပေါင်း ရ၂ ပေရှိသည်။ ရုပ်ပွားတော်မြတ်ကြီး၏ အောက်ခြေတော်ပလ္လင်အတွင်း ဗုဒ္ဓဝင်ကျောက်ထွင်း ပန်းချီကားချပ်များကို စကျင်ကျောက် များဖြင့်ထုဆစ်ပူဇော်ထားပြီး ကိုယ်လုံးတော်အတွင်းပိုင်းတွင် တရားဘာဝနာပွားများအားထုတ်နိုင်ရန်အတွက် ကြမ်းခင်းများအား ကြွေပြားများနှင့်ပါကေးခင်းထားပြီး အလင်းပေါက်များအားစတီးမှန်တံခါးများ တပ်ဆင်ထားသည်။

ထို့အတူ ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးခေါင်းလောင်းတော်ကြီးကိုလည်း ကြေးပိဿာချိန် ၆၀၀ ဖြင့်သွန်းလောင်း၍ မေတ္တသုတ်တော်အား ရေးထွင်းပူဇော်ထားပြီး ယခုအခါ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအားကြည်ညိုသပ္ပါယ်စွာဖြင့် ဘုရားဖူး ပြည်သူများလာရောက်ဖူး မြော်နိုင်ပြီဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။