တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်အမျိုးသား အစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုးဦးဆောင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့မှ အဖွဲ့ဝင်များအားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇူလုိင္  ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကရင္ အမ်ိဳးသားအစည္းအ႐ုံး (KNU) ဥကၠ႒ ေစာမူတူးေစးဖုိးဦးေဆာင္သည့္ NCA လက္မွတ္ ေရးထုိးထားေသာ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕ အစည္းမ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္ (Peace Process Steering Team- PPST) ဦးေဆာင္ အဖြဲ႕မွအဖြဲ႕၀င္ မ်ားအား ယေန႔ေန႔လယ္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား၊ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး(အၿငိမ္းစား)တုိ႔ တက္ေရာက္ၾကၿပီး KNU အဖြဲ႕ဥကၠ႒ႏွင့္ အတူ KKO အဖြဲ႕ဥကၠ႒ ေစာမူေရွး၊ KNU/KNLA(PC) အဖြဲ႕အေထြေထြ အတြင္းေရး မွဴး ေနာ္ကေပၚထူး၊ RCSS/SSAအဖြဲ႕မွ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးအဖြဲ႕ေခါင္းေဆာင္ ဦးေဘာင္ေခး၊ PNLO အဖြဲ႕နာယက ခြန္ဥကၠာ၊ ALP အဖြဲ႕ဒုတိယဥကၠ႒ ဦးခုိင္စုိးႏုိင္ ေအာင္၊ ABSDF အဖြဲ႕ ဥကၠ႒ ဦးသံခဲ၊ CNF အဖြဲ႕ဥကၠ႒ ဦးပူဇင္က်ဳံး၊ NMSP (မြန္)အဖြဲ႕ ဥကၠ႒ ဦးႏုိင္ေထာမြန္ႏွင့္ LDU အဖြဲ႕ဒုတိယဥကၠ႒ ဦးၾကာေဆာ္လမြန္ႏွင့္ တာ၀န္ရွိသူမ်ား တက္ ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတို႔အေနျဖင့္ ဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ အားလုံးပါ၀င္ရမည္ျဖစ္ေၾကာင္း၊ ထုိသို႕ေလွ်ာက္လွမ္း ႏုိင္ရန္အတြက္ မိမိတုိ႔အေနျဖင့္ဒီမုိကေရစီႏွင့္ ဖက္ဒရယ္ စနစ္ကုိအေျခခံသည့္ ျပည္ေထာင္စုကို သြားမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တပ္မေတာ္အေနျဖင့္ ဒို႔တာ၀န္အေရး သုံးပါးကုိ ကာကြယ္ေစာင့္ေရွာက္သြားရမည္ျဖစ္ေၾကာင္း၊ အစုိးရ၊ တပ္မေတာ္ႏွင့္ ျပည္သူလူထုအားလုံး စိတ္တူ ကုိယ္တူျဖင့္ၿငိမ္းခ်မ္းေရးရရွိေအာင္ အေကာင္းဆုံးေဆာင္ရြက္ သြားရမည္ျဖစ္ေၾကာင္း ဦးစြာေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႕အစည္းမ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ (Peace Process Steering Team- PPST)ဦးေဆာင္အဖြဲ႕မွအဖြဲ႕၀င္မ်ားသည္ ျပည္တြင္း ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ေဆာင္ရြက္ သင့္သည့္ကိစၥရပ္မ်ား၊ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္မေရးထုိးရေသးသည့္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕မ်ားအား အျမန္ ဆုံးပါ၀င္လက္မွတ္ေရးထုိးႏုိင္ေရးကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္း ဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕အစည္းမ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ (Peace Process Steering Team- PPST)ဦးေဆာင္အဖြဲ႕မွအဖြဲ႕၀င္မ်ားအား အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်အမျိုးသား အစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုးဦးဆောင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့မှ အဖွဲ့ဝင်များအားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးဦးဆောင်သည့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် (Peace Process Steering Team- PPST) ဦးဆောင် အဖွဲ့မှအဖွဲ့ဝင် များအား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)တို့ တက်ရောက်ကြပြီး KNU အဖွဲ့ဥက္ကဋ္ဌနှင့် အတူ KKO အဖွဲ့ဥက္ကဋ္ဌ စောမူရှေး၊ KNU/KNLA(PC) အဖွဲ့အထွေထွေ အတွင်းရေး မှူး နော်ကပေါ်ထူး၊ RCSS/SSAအဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးဘောင်ခေး၊ PNLO အဖွဲ့နာယက ခွန်ဥက္ကာ၊ ALP အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင် အောင်၊ ABSDF အဖွဲ့ ဥက္ကဋ္ဌ ဦးသံခဲ၊ CNF အဖွဲ့ဥက္ကဋ္ဌ ဦးပူဇင်ကျုံး၊ NMSP (မွန်)အဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ထောမွန်နှင့် LDU အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးကြာဆော်လမွန်နှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အားလုံးပါဝင်ရမည်ဖြစ်ကြောင်း၊ ထိုသို့လျှောက်လှမ်း နိုင်ရန်အတွက် မိမိတို့အနေဖြင့်ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို သွားမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုအားလုံး စိတ်တူ ကိုယ်တူဖြင့်ငြိမ်းချမ်းရေးရရှိအောင် အကောင်းဆုံးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (Peace Process Steering Team- PPST)ဦးဆောင်အဖွဲ့မှအဖွဲ့ဝင်များသည် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်အတွက် ဆောင်ရွက် သင့်သည့်ကိစ္စရပ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အမြန် ဆုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process Steering Team- PPST)ဦးဆောင်အဖွဲ့မှအဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။