ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ 

ေနျပည္ေတာ္၊ စက္တင္ဘာ ၉ 

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး၏ (၁၇)ႀကိမ္ေျမာက္ တပ္ဖြဲ႕တြင္း အဆုိ၊ အက၊ အေရး၊ အတီး၊ အၿငိမ့္၊ ျပဇာတ္ႏွင့္ မ်က္လွည့္ၿပိဳင္ပြဲ ဆုခ်ီးျမႇင္ပြဲအခမ္းအနားအား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္စစ္ေၾကာေရးႏွင့္ တည္းခုိေရးစခန္းရွိ ဆင္ျဖဴရွင္ခန္းမ၌က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍အေကာင္းဆုံးတံခြန္စုိက္ဆုအား ေပးအပ္ခ်ီးျမႇင့္သည္။ 

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ အကဲျဖတ္အႏုပညာရွင္ႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္မ်ားႏွင့္ ၿပိဳင္ပြဲ၀င္ စစ္သည္၊ စစ္သမီးမ်ားတက္ေရာက္ၾကသည္။

 
ဦးစြာ မ်က္လွည့္ၿပိဳင္ပြဲတြင္ပထမဆုရရွိသည့္ အမွတ္(၃)နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲ၊ ေခတ္ေပၚတီး၀ုိင္းၿပိဳင္ပြဲ(အဖြဲ႕လုိက္) ပထမဆုရရွိသည့္ အမွတ္(၄) နယ္လွည့္ျပည္သူ႕ဆက္ဆံေရး တပ္ခြဲႏွင့္ ျမန္မာ့ဆုိင္းအတီးၿပိဳင္ပြဲ(အဖြဲ႕လုိက္) ပထမဆုရရွိသည့္ အမွတ္(၁)တပ္မေတာ္႐ုပ္ျမင္ သံၾကားထုတ္လႊင့္ေရးတပ္တုိ႔မွ စစ္သည္၊ စစ္သမီးမ်ားအား စိတ္ဓာတ္ေရးရာႏွင့္ လူထုဆက္ဆံေရး ေကာ္မတီဥကၠ႒၊ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးကလည္းေကာင္း၊ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ ယိမ္းအကၿပိဳင္ပြဲတြင္ ပထမဆုရရွိသည့္ အမွတ္(၂)တပ္မေတာ္႐ုပ္ျမင္သံၾကားထုတ္လႊင့္ေရးတပ္မွ ေတဇဂုဏ္ ယိမ္းအဖြဲ႕၊ ျမန္မာ့႐ုိးရာယဥ္ေက်းမႈ (စိတ္ႀကိဳက္)ယိမ္းအကၿပိဳင္ပြဲတြင္ ပထမဆုရရွိသည့္ အမွတ္(၂)နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမွ နန္းဘုံသီဟာေဘြ အုိးစည္ယိမ္းအဖြဲ႕ႏွင့္ တုိင္းရင္းသား႐ိုးရာယိမ္းအကၿပိဳင္ပြဲတြင္ ပထမဆုရရွိသည့္ အမွတ္(၂)နယ္လွည့္ ျပည္သူ႕ဆက္ဆံေရး တပ္ခြဲမွ ခြင့္လႊတ္ျခင္းမ်ားျဖင့္ ယိမ္းအဖြဲ႕တုိ႔မွ စစ္သည္၊ စစ္သမီးမ်ားအား ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးကလည္းေကာင္း၊ အၿငိမ့္ၿပိဳင္ပြဲပထမဆုရရွိသည့္ အမွတ္(၁)နယ္လွည့္ျပည္သူ႕ ဆက္ဆံေရးတပ္ခြဲမွ စိန္သရဖူအၿငိမ့္အဖြဲ႕ႏွင့္ ျပဇာတ္ၿပိဳင္ပြဲ ပထမဆုရရွိသည့္ အမွတ္(၁) နယ္လွည့္ျပည္သူ႕ ဆက္ဆံေရးတပ္ခြဲမွ ရဲမာန္၀ံ့ၾကြားပုဂံသားျပဇာတ္မွ စစ္သည္၊ စစ္သမီးမ်ားအား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းကလည္းေကာင္း ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္ၾကသည္။

 
ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး၏(၁၇)ႀကိမ္ေျမာက္ တပ္ဖြဲ႕တြင္း အဆုိ၊ အက၊ အေရး၊ အတီး၊ အၿငိမ့္၊ ျပဇာတ္ႏွင့္ မ်က္လွည့္ၿပိဳင္ပြဲတြင္ အေကာင္းဆုံးတံခြန္စုိက္ဆုရရွိသည့္ အမွတ္(၁) နယ္လွည့္ျပည္သူ႕ဆက္ဆံေရး တပ္ခြဲအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တံခြန္စုိက္ဆု အားေပးအပ္ခ်ီးျမႇင့္သည္။ 

ထုိ႔ေနာက္ ေခတ္ေဟာင္းေတးအဆုိၿပိဳင္ပြဲ(အမ်ိဳးသမီး)တြင္ ပထမဆုရရွိခဲ့သည့္ အမွတ္(၁) နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမွ တပ္ၾကပ္ႀကီးအစားခန္႔ ေအးသူဇာေက်ာ္ က စံပယ္တင္မွဲ႕ ေတးသီခ်င္းျဖင့္လည္းေကာင္း၊ ကာလေပၚေတးအဆုိၿပိဳင္ပြဲ (အမ်ိဳးသား)တြင္ ဒုတိယဆုရရွိခဲ့သည့္ အမွတ္(၁)နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမွ ဒုတိယအရာခံဗုိလ္ စန္းလြင္က စာဆုိစစ္သည္ ေတးသီခ်င္းျဖင့္လည္းေကာင္း၊ ႏွစ္ပါးသြားအကၿပိဳင္ပြဲတြင္ ပထမဆုရရွိခဲ့သည့္ အမွတ္(၁)နယ္လွည့္ ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမွ တပ္သားေအးမင္းထြန္း ႏွင့္ တပ္ၾကပ္ႀကီးအစားခန္႔ ႏြယ္နီ၀င္းတုိ႕က ႏွစ္ပါးသြားကကြက္မ်ားထဲမွ အေကာင္းဆုံးႏွစ္ပါးသြားကကြက္မ်ားကုိလည္းေကာင္း၊ ျမန္မာ့႐ုိးရာ ယဥ္ေက်းမႈ(စိတ္ႀကိဳက္)ယိမ္းအက ၿပိဳင္ပြဲတြင္ပထမဆုရရွိခဲ့သည့္ အမွတ္(၂)နယ္လွည့္ျပည္သူ႕ ဆက္ဆံေရးတပ္ခြဲမွ စစ္သမီးမ်ားက နန္းဘုံသီဟာေဘြ အုိးစည္ယိမ္းအကျဖင့္လည္းေကာင္း၊ အေရးၿပိဳင္ပြဲတြင္ပထမဆု ရရွိခဲ့သည့္ အမွတ္(၁)နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမွ တပ္ၾကပ္ႀကီး ေက်ာ္ေက်ာ္၏ ျပည္သူ႕အတြက္တပ္မေတာ္သီခ်င္းအား တပ္ၾကပ္ႀကီးအစားခန္႔ ေအးသူဇာေက်ာ္က လည္းေကာင္း၊ မ်က္လွည့္(အဖြဲ႕လုိက္)ၿပိဳင္ပြဲတြင္ ပထမဆုရရွိခဲ့သည့္ အမွတ္(၃) နယ္လွည့္ျပည္သူ႕ ဆက္ဆံေရးတပ္ခြဲမွ အေကာင္းဆုံးမ်က္လွည့္ျပကြက္မ်ား မ်ားအား လည္းေကာင္း၊ ျမန္မာ့ဆုိင္း၀ုိင္း(အဖြဲ႕လုိက္)ၿပိဳင္ပြဲတြင္ ပထမဆုရရိွခဲ့သည့္အမွတ္(၁) တပ္မေတာ္႐ုပ္ျမင္သံၾကား ထုတ္လႊင့္ေရးတပ္မွ စံေတာ္ခ်ိန္တီးလုံး၊ ႏွဲထပ္ပတ္ထပ္ႏွင့္ ဆုိင္းလက္စြမ္းျပ တီးခတ္ျခင္းကုိ လည္းေကာင္း၊ အၿငိမ့္(အဖြဲ႕လုိက္)ၿပိဳင္ပြဲတြင္ ပထမဆုရရွိခဲ့သည့္ အမွတ္(၁)နယ္လွည့္ျပည္သူ႕ ဆက္ဆံေရးတပ္ခြဲမွအၿငိမ့္ေကာက္ႏုတ္ခ်က္မ်ားျဖင့္လည္းေကာင္း၊ ၿပိဳင္ပြဲ၀င္ စစ္သည္၊ စစ္သမီးမ်ားက ျမန္မာျပည္သားေတးသီခ်င္းျဖင့္လည္းေကာင္း အသီးသီး သီဆုိတီးမႈတ္ကျပေဖ်ာ္ေျဖၾကရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက ၾကည့္႐ႈအားေပး ၾကသည္။ 

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၿပိဳင္ပြဲ၀င္ စစ္သည္၊ စစ္သမီးမ်ား ႏွင့္အကဲျဖတ္ အႏုပညာရွင္ႀကီးမ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာ စစ္သည္၊ စစ္သမီးမ်ားကိုယ္စား တပ္သားေအးမင္းထြန္းႏွင့္ တပ္ၾကပ္ႀကီးအစားခန္႔ ႏြယ္နီ၀င္းတို႔က လက္ခံရယူၾကၿပီး အကဲျဖတ္ အႏုပညာရွင္ႀကီးမ်ားကုိယ္စား အႀကံေပးပညာရွင္ ဦးတင္ထြန္းဦးႏွင့္ ေဒၚစန္းႏုတုိ႔က လက္ခံရယူၾကသည္။ ၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ အကဲျဖတ္ အႏုပညာရွင္ႀကီးမ်ားႏွင့္ စစ္သည္၊ စစ္သမီးမ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္ၾကသည္။ 

ဆက္လက္ၿပီး ညေနပုိင္းတြင္ ဆုခ်ီးျမႇင့္ပြဲဒုတိယပုိင္းအား ဆက္လက္က်င္းပျပဳလုပ္ရာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၊ ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ုံး ၫႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ထြန္းထြန္းညီႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ အကဲျဖတ္ အႏုပညာရွင္ႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္မ်ားႏွင့္ ၿပိဳင္ပြဲ၀င္ စစ္သည္၊ စစ္သမီးမ်ား တက္ေရာက္ၾကသည္။ 

ဦးစြာ ၿပိဳင္ပြဲအလုိက္အထူးဆုမ်ားရရွိၾကသည့္ စစ္သည္၊ စစ္သမီးမ်ားႏွင့္ ၿပိဳင္ပြဲ အလုိက္ တတိယဆုရရွိၾကသည့္ စစ္သည္၊ စစ္သမီးမ်ားအား အႀကံေပးပညာရွင္ ဦးသက္ေဆြႏွင့္ ေဒၚစန္းႏုတုိ႔ကလည္းေကာင္း၊ ၿပိဳင္ပြဲအလုိက္ ဒုတိယဆုရရွိသည့္ စစ္သည္၊ စစ္သမီးမ်ားအား အကဲျဖတ္ပညာရွင္ ဦးတင္ဦးေလးႏွင့္ ဦးေအာင္တင္၀င္းတုိ႔က လည္းေကာင္း၊ ၿပိဳင္ပြဲအလုိက္ ပထမဆုရရွိသူမ်ားအား အႀကံေပးပညာရွင္ ဦးတင္ထြန္းဦး၊ ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းႏွင့္ ဗုိလ္ခ်ဳပ္ထြန္းထြန္းညီတုိ႔ကလည္းေကာင္း အသီးသီးေပးအပ္ ခ်ီးျမႇင့္ၾကသည္။ 

ယင္းေနာက္ အကဲျဖတ္ပညာရွင္မ်ားကုိယ္စား အႀကံေပးပညာရွင္ ဦးတင္ထြန္းဦး ကၿပိဳင္ပြဲအေပၚ သုံးသပ္ခ်က္မ်ားအားေဆြးေႏြးတင္ျပသည္။ ထုိ႕ေနာက္ ဗုိလ္ခ်ဳပ္ ထြန္းထြန္းညီ ကၿပိဳင္ပြဲက်င္းပခဲ့မႈ မ်ားႏွင့္ပတ္သက္၍ ျပန္လည္သုံးသပ္ေဆြးေႏြးမွာၾကားၿပီး အကဲျဖတ္ ပညာရွင္မ်ားအား ဗုိလ္ခ်ဳပ္ထြန္းထြန္းညီက ဂုဏ္ျပဳလက္ေဆာင္မ်ားေပးအပ္ခဲ့သည္။ 

အဆုိပါ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး၏ တပ္ဖြဲ႕တြင္း အဆုိ၊ အက၊ အေရး၊ အတီး၊ အၿငိမ့္၊ ျပဇာတ္ႏွင့္ မ်က္လွည့္ၿပိဳင္ပြဲမ်ားအား ျမန္မာ့႐ုိးရာယဥ္ေက်းမႈအႏုသုခုမပညာရပ္မ်ားကုိထိန္းသိမ္းရန္၊ ပုိမုိ တုိးတက္ျမင့္မားလာေစရန္ႏွင့္ ႏုိင္ငံေတာ္ႏွင့္တပ္မေတာ္အဆင့္ေဖ်ာ္ေျဖေရးမ်ားတြင္ အဆင့္အတန္း ျမင့္မားစြာေဖ်ာ္ေျဖႏုိင္ေစရန္အတြက္ရည္ရြယ္၍ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္သူ႕ ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတအဖြဲ႕ မ်ားႏွင့္ နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမ်ားမွ စစ္သည္၊ စစ္သမီးမ်ားျဖင့္ ႏွစ္စဥ္က်င္းပ ျပဳလုပ္ေနျခင္းျဖစ္ၿပီး ၿပိဳင္ပြဲတြင္ေခတ္ေဟာင္းေတး၊ ကာလေပၚေတး၊ ေခတ္ေပၚေတး၊ အၿငိမ့္ၿပိဳင္ပြဲ၊ အကၿပိဳင္ပြဲ၊ ျမန္မာ့ဆုိင္းၿပိဳင္ပြဲ၊ ျမန္မာ့႐ုိးရာယဥ္ေက်းမႈ(စိတ္ႀကိဳက္)ယိမ္းအက၊ ႏွစ္ပါးသြားအက၊ ျပဇာတ္ၿပိဳင္ပြဲ၊ ေခတ္ေပၚတီး၀ုိင္း၊ မ်က္လွည့္ၿပိဳင္ပြဲႏွင့္အေရးၿပိဳင္ပြဲ၊ စုစုေပါင္းၿပိဳင္ပြဲအမ်ိဳးအစား ၃၅ မ်ိဳးအား ၿပိဳင္ပြဲ၀င္စစ္သည္၊ စစ္သမီး စုစုေပါင္း ၂၆၆ ဦးပါ၀င္ယွဥ္ၿပိဳင္ခဲ့ၾကသည္။

(Unicode Version)

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ 

နေပြည်တော်၊ စက်တင်ဘာ ၉ 

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင်ပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍အကောင်းဆုံးတံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်သည်။ 

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အကဲဖြတ်အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများတက်ရောက်ကြသည်။ 

ဦးစွာ မျက်လှည့်ပြိုင်ပွဲတွင်ပထမဆုရရှိသည့် အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ၊ ခေတ်ပေါ်တီးဝိုင်းပြိုင်ပွဲ(အဖွဲ့လိုက်) ပထမဆုရရှိသည့် အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲနှင့် မြန်မာ့ဆိုင်းအတီးပြိုင်ပွဲ(အဖွဲ့လိုက်) ပထမဆုရရှိသည့် အမှတ်(၁)တပ်မတော်ရုပ်မြင် သံကြားထုတ်လွှင့်ရေးတပ်တို့မှ စစ်သည်၊ စစ်သမီးများအား စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးကလည်းကောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ တေဇဂုဏ် ယိမ်းအဖွဲ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်)ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ နန်းဘုံသီဟာဘွေ အိုးစည်ယိမ်းအဖွဲ့နှင့် တိုင်းရင်းသားရိုးရာယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂)နယ်လှည့် ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ ခွင့်လွှတ်ခြင်းများဖြင့် ယိမ်းအဖွဲ့တို့မှ စစ်သည်၊ စစ်သမီးများအား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးကလည်းကောင်း၊ အငြိမ့်ပြိုင်ပွဲပထမဆုရရှိသည့် အမှတ်(၁)နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ စိန်သရဖူအငြိမ့်အဖွဲ့နှင့် ပြဇာတ်ပြိုင်ပွဲ ပထမဆုရရှိသည့် အမှတ်(၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ ရဲမာန်ဝံ့ကြွားပုဂံသားပြဇာတ်မှ စစ်သည်၊ စစ်သမီးများအား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ 

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် အကောင်းဆုံးတံခွန်စိုက်ဆုရရှိသည့် အမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တံခွန်စိုက်ဆု အားပေးအပ်ချီးမြှင့်သည်။ 

ထို့နောက် ခေတ်ဟောင်းတေးအဆိုပြိုင်ပွဲ(အမျိုးသမီး)တွင် ပထမဆုရရှိခဲ့သည့် အမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီးအစားခန့် အေးသူဇာကျော် က စံပယ်တင်မှဲ့ တေးသီချင်းဖြင့်လည်းကောင်း၊ ကာလပေါ်တေးအဆိုပြိုင်ပွဲ (အမျိုးသား)တွင် ဒုတိယဆုရရှိခဲ့သည့် အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒုတိယအရာခံဗိုလ် စန်းလွင်က စာဆိုစစ်သည် တေးသီချင်းဖြင့်လည်းကောင်း၊ နှစ်ပါးသွားအကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ်(၁)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်သားအေးမင်းထွန်း နှင့် တပ်ကြပ်ကြီးအစားခန့် နွယ်နီဝင်းတို့က နှစ်ပါးသွားကကွက်များထဲမှ အကောင်းဆုံးနှစ်ပါးသွားကကွက်များကိုလည်းကောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု(စိတ်ကြိုက်)ယိမ်းအက ပြိုင်ပွဲတွင်ပထမဆုရရှိခဲ့သည့် အမှတ်(၂)နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ စစ်သမီးများက နန်းဘုံသီဟာဘွေ အိုးစည်ယိမ်းအကဖြင့်လည်းကောင်း၊ အရေးပြိုင်ပွဲတွင်ပထမဆု ရရှိခဲ့သည့် အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး ကျော်ကျော်၏ ပြည်သူ့အတွက်တပ်မတော်သီချင်းအား တပ်ကြပ်ကြီးအစားခန့် အေးသူဇာကျော်က လည်းကောင်း၊ မျက်လှည့်(အဖွဲ့လိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ်(၃) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ အကောင်းဆုံးမျက်လှည့်ပြကွက်များ များအား လည်းကောင်း၊ မြန်မာ့ဆိုင်းဝိုင်း(အဖွဲ့လိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့်အမှတ်(၁) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်မှ စံတော်ချိန်တီးလုံး၊ နှဲထပ်ပတ်ထပ်နှင့် ဆိုင်းလက်စွမ်းပြ တီးခတ်ခြင်းကို လည်းကောင်း၊ အငြိမ့်(အဖွဲ့လိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ်(၁)နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှအငြိမ့်ကောက်နုတ်ချက်များဖြင့်လည်းကောင်း၊ ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများက မြန်မာပြည်သားတေးသီချင်းဖြင့်လည်းကောင်း အသီးသီး သီဆိုတီးမှုတ်ကပြဖျော်ဖြေကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေး ကြသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ နှင့်အကဲဖြတ် အနုပညာရှင်ကြီးများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ စစ်သည်၊ စစ်သမီးများကိုယ်စား တပ်သားအေးမင်းထွန်းနှင့် တပ်ကြပ်ကြီးအစားခန့် နွယ်နီဝင်းတို့က လက်ခံရယူကြပြီး အကဲဖြတ် အနုပညာရှင်ကြီးများကိုယ်စား အကြံပေးပညာရှင် ဦးတင်ထွန်းဦးနှင့် ဒေါ်စန်းနုတို့က လက်ခံရယူကြသည်။ ၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အကဲဖြတ် အနုပညာရှင်ကြီးများနှင့် စစ်သည်၊ စစ်သမီးများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ 

ဆက်လက်ပြီး ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲဒုတိယပိုင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းညီနှင့် တပ်မတော်အရာရှိကြီးများ၊ အကဲဖြတ် အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက်ကြသည်။ 

ဦးစွာ ပြိုင်ပွဲအလိုက်အထူးဆုများရရှိကြသည့် စစ်သည်၊ စစ်သမီးများနှင့် ပြိုင်ပွဲ အလိုက် တတိယဆုရရှိကြသည့် စစ်သည်၊ စစ်သမီးများအား အကြံပေးပညာရှင် ဦးသက်ဆွေနှင့် ဒေါ်စန်းနုတို့ကလည်းကောင်း၊ ပြိုင်ပွဲအလိုက် ဒုတိယဆုရရှိသည့် စစ်သည်၊ စစ်သမီးများအား အကဲဖြတ်ပညာရှင် ဦးတင်ဦးလေးနှင့် ဦးအောင်တင်ဝင်းတို့က လည်းကောင်း၊ ပြိုင်ပွဲအလိုက် ပထမဆုရရှိသူများအား အကြံပေးပညာရှင် ဦးတင်ထွန်းဦး၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့ကလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ကြသည်။ 

ယင်းနောက် အကဲဖြတ်ပညာရှင်များကိုယ်စား အကြံပေးပညာရှင် ဦးတင်ထွန်းဦး ကပြိုင်ပွဲအပေါ် သုံးသပ်ချက်များအားဆွေးနွေးတင်ပြသည်။ ထို့နောက် ဗိုလ်ချုပ် ထွန်းထွန်းညီ ကပြိုင်ပွဲကျင်းပခဲ့မှု များနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားပြီး အကဲဖြတ် ပညာရှင်များအား ဗိုလ်ချုပ်ထွန်းထွန်းညီက ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။ 

အဆိုပါ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများအား မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များကိုထိန်းသိမ်းရန်၊ ပိုမို တိုးတက်မြင့်မားလာစေရန်နှင့် နိုင်ငံတော်နှင့်တပ်မတော်အဆင့်ဖျော်ဖြေရေးများတွင် အဆင့်အတန်း မြင့်မားစွာဖျော်ဖြေနိုင်စေရန်အတွက်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့ များနှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများဖြင့် နှစ်စဉ်ကျင်းပ ပြုလုပ်နေခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်ခေတ်ဟောင်းတေး၊ ကာလပေါ်တေး၊ ခေတ်ပေါ်တေး၊ အငြိမ့်ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ မြန်မာ့ဆိုင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု(စိတ်ကြိုက်)ယိမ်းအက၊ နှစ်ပါးသွားအက၊ ပြဇာတ်ပြိုင်ပွဲ၊ ခေတ်ပေါ်တီးဝိုင်း၊ မျက်လှည့်ပြိုင်ပွဲနှင့်အရေးပြိုင်ပွဲ၊ စုစုပေါင်းပြိုင်ပွဲအမျိုးအစား ၃၅ မျိုးအား ပြိုင်ပွဲဝင်စစ်သည်၊ စစ်သမီး စုစုပေါင်း ၂၆၆ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။