တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံ၊ ချန်ပါဆပ် ပြည်နယ်ရှိ ရှေးဟောင်းသမိုင်းဝင် Wat Phu ဘုရားကျောင်းသို့သွားရောက်ကြည့်ရှု လေ့လာ

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၁၃

လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီး Lieutenant General Chansamone CHANYALATH ၏ဖိတ္ၾကားခ်က္အရ လာအုိျပည္သူ႕ဒီမုိကရက္တစ္သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိ ေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီးေဒၚၾကဴၾကဴလွ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ လာအုိႏုိင္ငံဆုိင္ရာ ျမန္မာသံအမတ္ႀကီး ဦးကုိကုိႏုိင္၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးႀကီး ေက်ာ္ေက်ာ္မင္းတုိ႔ လုိက္ပါၿပီး ေအာက္တုိဘာ ၁၂ ရက္ညေနပုိင္းတြင္ ခ်န္ပါဆပ္ျပည္နယ္ရွိ ေရွးေဟာင္း သမုိင္း၀င္ Wat Phu ဘုရားေက်ာင္းသုိ႔သြားေရာက္ၾကည့္႐ႈေလ့လာၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ဦးေဆာင္သည့္ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕သည္ Wat Phu ဘုရားေက်ာင္းသုိ႔ေရာက္ရွိေလ့လာၾကရာ တာ၀န္ရွိသူမ်ားက ႀကိဳဆုိႏႈတ္ဆက္ၿပီးလုိက္လံရွင္းလင္းျပသၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕၀င္မ်ားသည္ ဘုရားေက်ာင္းပရိ၀ုဏ္ အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္အားဖူးေျမာ္ၾကည္ညိဳၿပီး အေမႊးနံ႕သာတုိင္မ်ားကပ္လွဴ ပူေဇာ္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ အမွတ္တရစုေပါင္းဓာတ္ပုံမ်ား႐ုိက္ကူးၾကသည္။

အဆုိပါ Wat Phu ဘုရားေက်ာင္းသည္ UNESCO ကမၻာ့အေမြအႏွစ္ စာရင္း၀င္ျဖစ္ၿပီး ခ်န္ပါဆပ္ျပည္နယ္အတြင္း မဲေခါင္ျမစ္ကမ္းပါးေဘး Phou Kauo ေတာင္အေရွ႕ဘက္တြင္ တည္ရွိ သည္။ ခမာဘုရင္မ်ားလက္ထက္ ၁၁ ရာစုမွ ၁၄ ရာစုခန္႔အတြင္း ေရွးအက်ဆုံးဗိသုကာလက္ရာမ်ား၊ ထူးျခားသည့္ ေဆာက္လုပ္မႈ ပုံစံမ်ားျဖင့္တည္ေဆာက္ထားေၾကာင္း ေရွးေဟာင္းသုေတသနပညာရွင္ မ်ားက အဆုိျပဳထားသည္။ ယေန႔ေခတ္တြင္အဆုိပါဘုရားေက်ာင္းသည္ ေထရ၀ါဒဗုဒၶဘာသာ ထြန္းကားသည့္ေနရာတစ္ခုျဖစ္လာခဲ့သည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးဦးေဆာင္ သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔ ေန႔လယ္ပုိင္းတြင္ ခ်န္ပါဆပ္ ျပည္နယ္၊ ပတ္ေဆးခ႐ုိင္ရွိ Khone Phapheng ေရတံခြန္သုိ႔ ေရာက္ရွိၾကရာ ခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္တာ၀န္ရွိသူမ်ားက ရင္းရင္းႏွီးႏွီးႀကိဳဆုိႏႈတ္ဆက္ၾက သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Khone Phapheng ေရတံခြန္ အားလွည့္လည္ၾကည့္႐ႈေလ့လာၾကရာ ခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ တာ၀န္ရွိသူမ်ားက လုိက္လံ ရွင္းလင္းျပသၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ုိုက္ကူးၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ႏွစ္ေပါင္း ႏွစ္ေထာင္ေက်ာ္ခန္႔ သက္တမ္းရွိ Manikhot သစ္ပင္ႀကီးအားၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားကရွင္းလင္း တင္ျပ ၾကသည္။

အဆိုပါ Khone Phapgeng ေရတံခြန္သည္ အေရွ႕ေတာင္အာရွတြင္အႀကီးဆုံးျဖစ္ၿပီး လာအုိႏုိင္ငံ ခ်န္ပါဆပ္ျပည္နယ္၊ ပတ္ေဆးခ႐ုိင္ရွိ လာအုိႏုိင္ငံႏွင့္ ကေမၻာဒီးယားႏုိင္ငံ ႏွစ္ႏုိင္ငံနယ္စပ္အနီး မဲေခါင္ျမစ္ေပၚတြင္တည္ရွိသည္။ အဆုိပါေရတံခြန္နယ္ေျမတြင္ ကြၽန္းေပါင္း ၄၀၀၀ ေက်ာ္ရွိၿပီး ေဒသအေခၚအေ၀ၚ Siphan Don ဟုေခၚဆုိၾကၿပီး အႀကီးဆုံးေရတံခြန္၏အျမင့္ေပမွာ ၆၉ ေပရွိသည္။ Manikhot သက္တမ္းရွည္ သစ္ပင္ႀကီးမွာ အဆုိပါေရတံခြန္တြင္ေပါက္ေရာက္ခဲ့သည့္ အပင္တစ္ပင္ ျဖစ္ၿပီး ၂၀၁၁ ခုႏွစ္တြင္ သစ္ပင္လဲက်ခဲ့ၿပီးေနာက္ အမ်ားျပည္သူခရီးသြားမ်ားၾကည့္႐ႈႏုိင္ရန္ ေရႊ႕ေျပာင္း ထိန္းသိမ္း ထားရွိျခင္းျဖစ္သည္။ Manikhot သစ္ပင္ႀကီးအား ႏုိင္ငံတကာေရွးေဟာင္း သုေတသန ပညာရွင္မ်ား၏စမ္းသပ္ခ်က္အရ ႏွစ္ေပါင္းႏွစ္ေထာင္ေက်ာ္ခန္႔သက္တမ္းရွိသည္ဟု သတ္မွတ္ထား ေၾကာင္းသိရသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံ၊ ချန်ပါဆပ် ပြည်နယ်ရှိ ရှေးဟောင်းသမိုင်းဝင် Wat Phu ဘုရားကျောင်းသို့သွားရောက်ကြည့်ရှု လေ့လာ

နေပြည်တော်၊ အောက်တိုဘာ ၁၃

လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး Lieutenant General Chansamone CHANYALATH ၏ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိ နေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး ကျော်ကျော်မင်းတို့ လိုက်ပါပြီး အောက်တိုဘာ ၁၂ ရက်ညနေပိုင်းတွင် ချန်ပါဆပ်ပြည်နယ်ရှိ ရှေးဟောင်း သမိုင်းဝင် Wat Phu ဘုရားကျောင်းသို့သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သည့်မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် Wat Phu ဘုရားကျောင်းသို့ရောက်ရှိလေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီးလိုက်လံရှင်းလင်းပြသကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဘုရားကျောင်းပရိဝုဏ် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အားဖူးမြော်ကြည်ညိုပြီး အမွှေးနံ့သာတိုင်များကပ်လှူ ပူဇော်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်တရစုပေါင်းဓာတ်ပုံများရိုက်ကူးကြသည်။

အဆိုပါ Wat Phu ဘုရားကျောင်းသည် UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ပြီး ချန်ပါဆပ်ပြည်နယ်အတွင်း မဲခေါင်မြစ်ကမ်းပါးဘေး Phou Kauo တောင်အရှေ့ဘက်တွင် တည်ရှိ သည်။ ခမာဘုရင်များလက်ထက် ၁၁ ရာစုမှ ၁၄ ရာစုခန့်အတွင်း ရှေးအကျဆုံးဗိသုကာလက်ရာများ၊ ထူးခြားသည့် ဆောက်လုပ်မှု ပုံစံများဖြင့်တည်ဆောက်ထားကြောင်း ရှေးဟောင်းသုတေသနပညာရှင် များက အဆိုပြုထားသည်။ ယနေ့ခေတ်တွင်အဆိုပါဘုရားကျောင်းသည် ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားသည့်နေရာတစ်ခုဖြစ်လာခဲ့သည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဦးဆောင် သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် ချန်ပါဆပ် ပြည်နယ်၊ ပတ်ဆေးခရိုင်ရှိ Khone Phapheng ရေတံခွန်သို့ ရောက်ရှိကြရာ ခရိုင် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြ သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Khone Phapheng ရေတံခွန် အားလှည့်လည်ကြည့်ရှုလေ့လာကြရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နှစ်ပေါင်း နှစ်ထောင်ကျော်ခန့် သက်တမ်းရှိ Manikhot သစ်ပင်ကြီးအားကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများကရှင်းလင်း တင်ပြ ကြသည်။

အဆိုပါ Khone Phapgeng ရေတံခွန်သည် အရှေ့တောင်အာရှတွင်အကြီးဆုံးဖြစ်ပြီး လာအိုနိုင်ငံ ချန်ပါဆပ်ပြည်နယ်၊ ပတ်ဆေးခရိုင်ရှိ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ နှစ်နိုင်ငံနယ်စပ်အနီး မဲခေါင်မြစ်ပေါ်တွင်တည်ရှိသည်။ အဆိုပါရေတံခွန်နယ်မြေတွင် ကျွန်းပေါင်း ၄၀၀၀ ကျော်ရှိပြီး ဒေသအခေါ်အဝေါ် Siphan Don ဟုခေါ်ဆိုကြပြီး အကြီးဆုံးရေတံခွန်၏အမြင့်ပေမှာ ၆၉ ပေရှိသည်။ Manikhot သက်တမ်းရှည် သစ်ပင်ကြီးမှာ အဆိုပါရေတံခွန်တွင်ပေါက်ရောက်ခဲ့သည့် အပင်တစ်ပင် ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် သစ်ပင်လဲကျခဲ့ပြီးနောက် အများပြည်သူခရီးသွားများကြည့်ရှုနိုင်ရန် ရွှေ့ပြောင်း ထိန်းသိမ်း ထားရှိခြင်းဖြစ်သည်။ Manikhot သစ်ပင်ကြီးအား နိုင်ငံတကာရှေးဟောင်း သုတေသန ပညာရှင်များ၏စမ်းသပ်ချက်အရ နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်သက်တမ်းရှိသည်ဟု သတ်မှတ်ထား ကြောင်းသိရသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။