နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးအတွက် တပ်မတော်(ရေ)၏ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု (Combined Fleet Exercise-Sea Shield 2019) လေ့ကျင့်ဆောင်ရွက်

ေနျပည္ေတာ္၊ မတ္ ၁၈

တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာႏွင့္ပိုင္နက္နယ္ေျမကို လုံၿခဳံစြာ ကာကြယ္ ေစာင့္ေရွာက္ရန္အတြက္ ကာကြယ္ေရးစြမ္းရည္ထက္ျမက္ျမင့္မား ေစရန္ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ)ေလ့က်င့္ခန္းမ်ားကို အၿမဲမျပတ္ေလ့က်င့္ေဆာင္ရြက္လ်က္ရွိရာ ယေန႔တြင္ ျမန္မာ့ ေရပိုင္နက္(ကိုကိုးကြၽန္းေဒသ)၌ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္ တပ္ေပါင္းစု ပင္လယ္ျပင္စစ္ဆင္မႈ (Combined Fleet Exercise-Sea Shield 2019) ေလ့က်င့္ျပဳလုပ္ျခင္းအား ေဆာင္ရြက္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တပ္မေတာ္(ေရ)၀တ္စုံအား ဂုဏ္ျပဳ၀တ္ဆင္၍ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္ အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးတို႔ႏွင့္အတူ အကဲၾကည့္စစ္ေရယာဥ္- ေအာင္ေဇယ်ေပၚမွ လိုက္ပါၾကည့္႐ႈအားေပးၾကသည္။

စစ္ေရယာဥ္-ေအာင္ေဇယ်ေပၚတြင္ တာ၀န္(ေရ)တပ္ဖြဲ႕က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို အေလးျပဳၿပီးေလ့က်င့္ခန္းကိုဦးေဆာင္မည့္ တာ၀န္ေရတပ္မမွဴးက ေလ့က်င့္ခန္းႏွင့္ပတ္သက္၍ ျဖစ္စဥ္အေၾကာင္းအရာကို ရွင္းလင္းတင္ျပၿပီး တုိက္စစ္ ႏႈတ္မိန္႔ေပးသည္။ ယင္းေနာက္ တာ၀န္(ေရ) တပ္မမွဴးႏွင့္စစ္ေရယာဥ္မွဴးမ်ားသည္ သက္ဆိုင္ရာစစ္ေရယာဥ္မ်ားသို႔ ျပန္လည္ထြက္ခြာၿပီး စစ္ေရယာဥ္တပ္ေပါင္းစု ပင္လယ္ျပင္စစ္ဆင္မႈေလ့က်င့္ခန္းကို အစီအစဥ္အတုိင္း ဆက္လက္ လုပ္ေဆာင္ၾကသည္။

ဦးစြာ တပ္မေတာ္(ေရ)အထူးစစ္ဆင္ေရးတပ္ဖြဲ႔၀င္မ်ားက ရန္သူစီးနင္းသိမ္းပုိက္ ထားသည့္ ကုန္သြယ္ေရယာဥ္တစ္စီးအား ျမန္ႏႈန္းျမင့္တုိက္ခိုက္ေရးေရယာဥ္ေလးစီး၊ ရဟတ္ယာဥ္သုံးစီးျဖင့္ ၀င္ေရာက္စီးနင္း၍ ဖမ္ဆီးခံဓားစာခံမ်ားအားကယ္ဆယ္ျခင္း ေလ့က်င့္ခန္းအားေဆာင္ရြက္ၾကသည္။ ထုိသုိ႔ေဆာင္ရြက္ရာတြင္ ရဟတ္ယာဥ္မ်ားေပၚမွ ေရတပ္အထူးစစ္ဆင္ေရးတပ္ဖြဲ႕၀င္မ်ားက ျမန္ႏႈန္း ျမင့္တုိက္ခုိက္ေရးေရယာဥ္မ်ားေပၚသုိ႔ ဆင္းသက္ျခင္း၊ ျမန္ႏႈန္းျမင့္တုိက္ခိုက္ေရးေရယာဥ္မ်ားေပၚမွ ရန္သူသိမ္းပုိက္ထားသည့္ ကုန္တင္ေရယာဥ္ေပၚသုိ႔တက္ေရာက္ျခင္း၊ က်န္ေရတပ္အထူးစစ္ဆင္ေရး တပ္ဖြဲ႕၀င္မ်ားက ရဟတ္ယာဥ္တစ္စီးေပၚမွ ေရယာဥ္ေပၚသုိ႔စီးနင္း တက္ေရာက္တုိက္ခုိက္ျခင္း၊ ရန္သူ႕ ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရရွိၿပီးေရထဲသုိ႔ျပဳတ္က်ခဲ့သည့္ ေရတပ္အထူးစစ္ဆင္ေရး တပ္ဖြဲ႕၀င္တစ္ဦး အား က်န္ရဟတ္ယာဥ္တစ္စီးေပၚမွ ျပန္လည္ကယ္ဆယ္ေရး ေဆာင္ရြက္ျခင္း၊ ယင္းေနာက္ ရဟတ္ယာဥ္တစ္စီးမွ ေရယာဥ္၀န္ထမ္းမ်ားႏွင့္ ဓားစားခံမ်ားအားကယ္ဆယ္ျခင္း၊ ရန္သူေထာင္ ထားသည့္မုိင္းမ်ား ေပါက္ကြဲမႈေၾကာင့္ ကုန္သြယ္ေရယာဥ္မီးေလာင္ၿပီးေရ၀င္နစ္ျမဳပ္မႈအား ေရတပ္ အထူးစစ္ဆင္ေရးတပ္ဖြဲ႕၀င္မ်ားႏွင့္ ေရယာဥ္၀န္ထမ္းမ်ားအား ျမန္ႏႈန္းျမင့္တုိက္ခုိက္ေရးေရယာဥ္ ႏွစ္စီးျဖင့္ ျပန္လည္ ကယ္ထုတ္ထြက္ခြာျခင္းႏွင့္ ကုန္သြယ္ေရယာဥ္အား ပင္လယ္သြားတြဲဆြဲ စစ္ေရယာဥ္ႏွစ္စီးျဖင့္ ပင္လယ္ျပင္မီးၿငိမ္းသတ္ျခင္းေလ့က်င့္ခန္းကုိ ေဆာင္ရြက္ၾကသည္။ ထုိ႔ေနာက္ ေလ့က်င့္ခန္းတြင္ပါ၀င္ခဲ့သည့္ ရဟတ္ယာဥ္မ်ား၊ ျမန္ႏႈန္းျမင့္ တုိက္ခုိက္ေရး ေရယာဥ္မ်ားႏွင့္ အရာရွိ၊ စစ္သည္မ်ားက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ခ်ီတက္အေလးျပဳၾကသည္။ ၎ေနာက္ စစ္ေရယာဥ္ေအာင္ေဇယ်ေပၚတြင္ ရဟတ္ယာဥ္ ဆင္း/တက္ျခင္း ေလ့က်င့္ခန္းကုိျပဳလုပ္ၿပီး ကုန္သြယ္ေရယာဥ္မွ ဓားစာခံမ်ားအား ကယ္တင္ျခင္း ေလ့က်င့္ခန္းတြင္ပါ၀င္ေဆာင္ရြက္ခဲ့ေသာ ေရတပ္အထူးစစ္ဆင္ေရးတပ္ဖြဲ႕ တပ္ဖြဲ႕မွဴးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ ကုိယ္တုိင္ လာေရာက္သတင္းပုိ႔ တင္ျပသည္။

စစ္ေရယာဥ္မ်ားသည္ သတ္မွတ္ပုံျပဳခ်ီတက္ျခင္းအမ်ိဳးအစားမ်ားျဖင့္ ခ်ီတက္ေနစဥ္ ရန္သူ႕ ေရငုပ္သေဘၤာရန္ကာကြယ္ေရးႏွင့္ တုိက္ဖ်က္ေရး၊ ရန္သူ႕ေလေၾကာင္းရန္ကာကြယ္ေရး၊ ရန္သူ႕ ျမန္ႏႈန္းျမင့္တုိက္ေရယာဥ္မ်ား အလစ္အငုိက္၀င္ေရာက္တုိက္ခုိက္ျခင္းမ်ားမွ ကာကြယ္ေရးအတြက္ ေရငုပ္သေဘၤာဖ်က္မုိင္းမ်ား၊ ေရျမႇဳပ္ဗုံးမ်ားျဖင့္ ပစ္ခတ္တုိက္ခိုက္ျခင္း၊ ေလေၾကာင္းမွ တုိက္ခုိက္ မခံရေစေရးေျပာင္းလဲပုံျပဳခ်ီတက္ျခင္း၊ မိမိအျမန္သြားကင္းလွည့္တုိက္ေရယာဥ္မ်ားျဖင့္ ရန္သူ႕ ျမန္ႏႈန္းျမင့္တုိက္ေရယာဥ္မ်ားအား ၀ုိင္းပတ္ ပိတ္ဆုိ႔တုိက္ခုိက္ေခ်မႈန္းျခင္း၊ ရန္သူ၏တာေ၀းပစ္ ပဲ့ထိန္းဒုံးလက္နက္မ်ားအား မိမိေရယာဥ္မ်ားမွ လက္နက္စနစ္မ်ားျဖင့္ တန္ျပန္ပစ္ခတ္ေခ်မႈန္းမႈ ေလ့က်င့္ျခင္း၊ ေျပာင္းအခ်င္း အရြယ္အစားမတူေသာ (Mix Calibre) အေျမာက္မ်ားစုစည္း ပစ္ခတ္မႈေလ့က်င့္ျခင္း၊ အီလက္ထရြန္းနစ္စစ္ဆင္မႈေလ့က်င့္ျခင္း၊ ဒုံးပ်ံပစ္ခတ္မႈေလ့က်င့္ျခင္းႏွင့္ အေျမာက္ႀကီး မ်ားပစ္ခတ္မႈေလ့က်င့္ျခင္းမ်ားေဆာင္ရြက္ၾကသည္။

တုိက္ပြဲေလ့က်င့္ခန္းၿပီးဆုံးခ်ိန္တြင္ စစ္ေရယာဥ္မ်ားအခ်င္းခ်င္း ဆီ၊ ေရ၊ ရိကၡာႏွင့္ ခဲယမ္းမ်ား ျပန္လည္ေထာက္ပံ့ျဖည့္တင္းႏုိင္ရန္အတြက္ စစ္ေရယာဥ္မ်ားေမာင္းႏွင္လ်က္ ပင္လယ္ျပင္ ေထာက္ပံ့ ျဖည့္ဆည္းျခင္း ေလ့က်င့္ခန္းအား (Underway Replenishment At Sea) အား စစ္ေရယာဥ္ ႏွစ္စီးျဖင့္ ဆက္လက္ေဆာင္ရြက္ၾကသည္။

ေလ့က်င့္ခန္းၿပီးဆုံးခ်ိန္၌ စစ္ေရယာဥ္ေအာင္ေဇယ်ေပၚတြင္ စီးနင္းလုိက္ပါလာသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အား ေလ့က်င့္ခန္းတြင္ပါ၀င္ခဲ့ၾကသည့္ စစ္ေရယာဥ္မ်ားက Fleet Review ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားအား ေလ့က်င့္ခန္းအထိမ္းအမွတ္ လက္ေဆာင္ပစၥည္းကုိ ေပးအပ္သည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စစ္ေရယာဥ္-ေအာင္ေဇယ်၏ ဧည့္သည္ေတာ္မွတ္တမ္းတြင္ ေလ့က်င့္ခန္း အထိမ္းအမွတ္ မွတ္တမ္းတင္ လက္မွတ္ေရးထိုးၿပီး စစ္ေရယာဥ္တပ္ေပါင္းစု ပင္လယ္ျပင္ စစ္ဆင္မႈ ေလ့က်င့္ခန္း (Combined Fleet Exercise-Sea Shield 2019)တြင္ ပါ၀င္ခဲ့ၾကေသာ စစ္ေရယာဥ္မွဴးမ်ား ႏွင့္အရာရွိ၊ စစ္သည္မ်ားကို ေလ့က်င့္ခန္းႏွင့္ပတ္သက္၍ ျပန္လည္ သုံးသပ္ အမွာစကားေျပာၾကားရာတြင္ ယခုကဲ့သုိ႔ေလ့က်င့္ခန္းအားေအာင္ျမင္စြာျပဳလုပ္ႏုိင္ခဲ့မႈအတြက္ တပ္မေတာ္(ေရ)မွ အရာရွိစစ္သည္မ်ားအားဂုဏ္ျပဳပါေၾကာင္း၊ တပ္မေတာ္(ေရ) အေနျဖင့္ စစ္ေရယာဥ္တပ္ေပါင္းစု ပင္လယ္ျပင္စစ္ဆင္မႈေလ့က်င့္ခန္းအားျပဳလုပ္ခဲ့သည္မွာ ယခုအႀကိမ္ႏွင့္ ဆုိလွ်င္ ၅ ႀကိမ္ရွိခဲ့ၿပီျဖစ္ေၾကာင္း၊ ထုိ႔အျပင္ယခုကဲ့သုိ႔ ေလ့က်င့္ခန္းမ်ားသာမက သီးျခား ေလ့က်င့္မႈမ်ားကုိလည္း စဥ္ဆက္မျပတ္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ အၿမဲတမ္းေလ့က်င့္ ေဆာင္ရြက္ျခင္းေၾကာင့္ တပ္မေတာ္(ေရ)၏ စြမ္းပကားကုိပုိမုိတုိးတက္ျမင့္မားေစေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ ေလ့က်င့္ခန္းမ်ား ေဆာင္ရြက္ျခင္းသည္ ႏုိင္ငံေတာ္ကုိအျပည့္အ၀ကာကြယ္ႏုိင္ရန္အတြက္ ကာကြယ္ေရး စြမ္းပကားကုိျမႇင့္တင္ျခင္းပင္ျဖစ္ေၾကာင္း၊ ကာကြယ္ေရးေဆာင္ရြက္ရာတြင္ မိမိတို႔ ႏုိင္ငံရွိ ျပည္သူမ်ား၏ အသက္အုိးအိမ္စည္းစိမ္မ်ားကုိ ကာကြယ္ရမည္ျဖစ္သကဲ့သုိ႔ ႏုိင္ငံပုိင္ ေျမေပၚ၊ ေျမေအာက္ႏွင့္ေရေအာက္သယံဇာတမ်ားကုိလည္းထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္သြားရမည္ ျဖစ္ေၾကာင္း၊ ႏုိင္ငံ၏အက်ိဳးစီးပြားကုိ ကာကြယ္ရန္အတြက္ တပ္ဖြဲ႕တုိင္းတြင္တာ၀န္ရွိေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ၏ပုိင္နက္နယ္ေျမမ်ားအား အျပည့္အ၀ ကာကြယ္ႏုိင္ရန္အတြက္ သံခ်ပ္ကာယာဥ္မ်ား၊ တင့္ကားမ်ား၊ တုိက္ခုိက္ေရး ေလယာဥ္/ရဟတ္ယာဥ္မ်ားအားထပ္မံျဖည့္တင္း ေဆာင္ရြက္ျခင္းႏွင့္ ပင္လယ္ျပင္ ကာကြယ္ေရးအတြက္ ကမ္းနီး/ကမ္းေ၀း စစ္သေဘၤာမ်ားအားတုိးခ်ဲ႕တည္ေဆာက္ ျခင္းမ်ားေဆာင္ရြက္ရန္လုိၿပီး အဆုိပါပစၥည္းမ်ားအား အသုံးခ်ႏုိင္ရန္အတြက္ အရာရွိ၊ စစ္သည္မ်ား၏ စြမ္းရည္ျမင့္မားေရးအၿမဲ ေလ့က်င့္ေဆာင္ရြက္ေနရမည္ျဖစ္ေၾကာင္း၊ စစ္၏သေဘာတရားမွာ တပ္ဖြဲ႕ တစ္ခုတည္း ေဆာင္ရြက္၍မရဘဲ ၾကည္း၊ ေရ၊ ေလ တပ္ဖြဲ႕အားလုံးပူးေပါင္းေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္အတြက္ပုိမုိျပည့္စုံသည့္ ႏုိင္ငံေတာ္ကာကြယ္ေရးစနစ္ရွိရန္လုိအပ္သျဖင့္ တပ္မေတာ္(ေရ)အား Blue Water Navy အဆင့္သုိ႔ေရာက္ရွိေအာင္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ အိမ္နီးခ်င္းႏုိင္ငံမ်ား၏ ေရတပ္ တည္ေဆာက္မႈမ်ားကုိ အဆက္မျပတ္ေလ့လာသိရွိေနရန္လုိအပ္ၿပီး မိမိတုိ႔တပ္မေတာ္(ေရ)စြမ္းပကားျမင့္မားေစေရးကုိလည္း ေဆာင္ရြက္ေနရမည္ျဖစ္ေၾကာင္း၊ ေရေၾကာင္းရဲတပ္ဖြဲ႕၊ ကမ္းေျခေစာင့္တပ္ဖြဲ႕(Coast Guard)၊ ေရတပ္ဟူ၍ ေရျပင္ပုိင္နက္ကုိ အဆင့္ဆင့္ကာကြယ္ေစာင့္ေရွာက္ရမည္ျဖစ္ၿပီး လက္ရွိတြင္တပ္မေတာ္(ေရ) သည္ Coast Guard တာ၀န္ကုိပါ ေဆာင္ရြက္ေပးေနရေၾကာင္း၊ ေလ့က်င့္ေဆာင္ရြက္မႈမ်ား မွရရွိသည့္ အေတြ႕ အႀကဳံမ်ားကုိ သင္ခန္းစာေဖာ္ထုတ္၍ သုံးသပ္ေဆာင္ရြက္ၿပီး လက္ေတြ႕ စစ္ေျမျပင္တြင္ အသုံးခ်ရန္လုိအပ္ေၾကာင္းႏွင့္ ယခုထက္စြမ္းရည္ပုိမုိျမင့္မားေအာင္ ေဆာင္ရြက္ၾကရန္လုိေၾကာင္း မွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေလ့က်င့္ခန္းတြင္ပါ၀င္ခဲ့ၾကသည့္ အရာရွိ၊ စစ္သည္မ်ားအတြက္ခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။ ထုိသို႔ စစ္ေရယာဥ္ တပ္ေပါင္းစု ပင္လယ္ျပင္ စစ္ဆင္မႈေလ့က်င့္ခန္းျပဳလုပ္ေနမႈကို ျပည္တြင္းသတင္း မီဒီယာမ်ားမွ သတင္းေထာက္မ်ားလည္း စစ္ေရယာဥ္-ေအာင္ေဇယ်ႏွင့္အတူ လိုက္ပါၿပီး သတင္းရယူခဲ့ၾကသည္။

ႏုိင္ငံေတာ္ပိုင္ ပင္လယ္ျပင္ေရထု၊ ေလထုအတြင္းအခ်ဳပ္အျခာအာဏာခိုင္မာေစရန္ႏွင့္ တပ္မေတာ္ (ေရ)ရွိ စစ္ေရယာဥ္မ်ားကိုအသင့္ျဖစ္မႈ ၃ ရပ္ျဖင့္ စစ္ဆင္မႈ နယ္ပယ္ ၄ ရပ္တြင္ ကြၽမ္းက်င္ပိုင္ႏုိင္စြာ တိုက္ပြဲ၀င္ႏိုင္ေစရန္ရည္ရြယ္၍ စစ္ေရယာဥ္ တပ္ေပါင္းစု ပင္လယ္ျပင္စစ္ဆင္မႈေလ့က်င့္ခန္းကို ၂၀၁၄ ခုႏွစ္မွစ၍ျပဳလုပ္ခဲ့သည္။ ယေန႔ျပဳလုပ္ခဲ့သည့္ စစ္ေရယာဥ္တပ္ေပါင္းစုပင္လယ္ျပင္စစ္ဆင္မႈ ေလ့က်င့္ခန္း (Combined Fleet Exercise-Sea Shield 2019)သည္(၅)ႀကိမ္ေျမာက္ေလ့က်င့္ ေဆာင္ရြက္ျခင္းျဖစ္ၿပီး စစ္ေရယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ားႏွင့္ တပ္မေတာ္(ေရ)မွ အရာရွိ စစ္သည္မ်ား ပါ၀င္ေလ့က်င့္ခဲ့ၾကသည္။ ထိုသို႔ပင္လယ္ျပင္ စစ္ဆင္မႈေလ့က်င့္ခန္းမ်ားတြင္ ပစ္ခတ္မႈႏွင့္ လက္ေတြ႕ စစ္ကစားလႈပ္ရွားမႈကို ေပါင္းစပ္ေလ့က်င့္ျခင္းျဖင့္ စစ္ေရယာဥ္မ်ား ႏွင့္စစ္သည္မ်ား၏ တုိက္စြမ္းရည္ႏွင့္တုိက္စြမ္းအား မ်ားစြာတိုးတက္ေစႏိုင္မည္ျဖစ္သည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ကုိကုိးကြၽန္းၿမိဳ႕ရွိ ၿမိဳ႕နယ္ျပည္သူ႕ေဆး႐ုံတြင္ တပ္မေတာ္ပင္လယ္သြားေဆး႐ုံေရယာဥ္(သံလြင္)မွ ပါရဂူမ်ားက ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ေပးေနမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္႐ႈ အားေပးစကားေျပာၾကားသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စစ္ေရယာဥ္ တပ္ေပါင္းစုပင္လယ္ျပင္စစ္ဆင္မႈေလ့က်င့္ခန္း (Combined Fleet Exercise-Sea Shield 2019) သုိ႔ တက္ေရာက္ သတင္းရယူခဲ့သည့္ ျပည္တြင္းသတင္းေထာက္မ်ားအားေတြ႕ဆုံၿပီး ႏုိင္ငံေတာ္ ကာကြယ္ေရး စြမ္းပကားျမင့္မားေစေရးအတြက္ တပ္မေတာ္မွေလ့က်င့္ခန္းမ်ားေဆာင္ရြက္ေနမႈအေျခ အေနမ်ားအား ရွင္းလင္းေျပာၾကားခဲ့သည္။

 

(Unicode Version)

နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးအတွက် တပ်မတော်(ရေ)၏ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု (Combined Fleet Exercise-Sea Shield 2019) လေ့ကျင့်ဆောင်ရွက်

နေပြည်တော်၊ မတ် ၁၈

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့်ပိုင်နက်နယ်မြေကို လုံခြုံစွာ ကာကွယ် စောင့်ရှောက်ရန်အတွက် ကာကွယ်ရေးစွမ်းရည်ထက်မြက်မြင့်မား စေရန် တပ်မတော် (ကြည်း၊ရေ၊လေ)လေ့ကျင့်ခန်းများကို အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြန်မာ့ ရေပိုင်နက်(ကိုကိုးကျွန်းဒေသ)၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု (Combined Fleet Exercise-Sea Shield 2019) လေ့ကျင့်ပြုလုပ်ခြင်းအား ဆောင်ရွက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်(ရေ)ဝတ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ အကဲကြည့်စစ်ရေယာဉ်- အောင်ဇေယျပေါ်မှ လိုက်ပါကြည့်ရှုအားပေးကြသည်။

စစ်ရေယာဉ်-အောင်ဇေယျပေါ်တွင် တာဝန်(ရေ)တပ်ဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အလေးပြုပြီးလေ့ကျင့်ခန်းကိုဦးဆောင်မည့် တာဝန်ရေတပ်မမှူးက လေ့ကျင့်ခန်းနှင့်ပတ်သက်၍ ဖြစ်စဉ်အကြောင်းအရာကို ရှင်းလင်းတင်ပြပြီး တိုက်စစ် နှုတ်မိန့်ပေးသည်။ ယင်းနောက် တာဝန်(ရေ) တပ်မမှူးနှင့်စစ်ရေယာဉ်မှူးများသည် သက်ဆိုင်ရာစစ်ရေယာဉ်များသို့ ပြန်လည်ထွက်ခွာပြီး စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်းကို အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်ကြသည်။

ဦးစွာ တပ်မတော်(ရေ)အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များက ရန်သူစီးနင်းသိမ်းပိုက် ထားသည့် ကုန်သွယ်ရေယာဉ်တစ်စီးအား မြန်နှုန်းမြင့်တိုက်ခိုက်ရေးရေယာဉ်လေးစီး၊ ရဟတ်ယာဉ်သုံးစီးဖြင့် ဝင်ရောက်စီးနင်း၍ ဖမ်ဆီးခံဓားစာခံများအားကယ်ဆယ်ခြင်း လေ့ကျင့်ခန်းအားဆောင်ရွက်ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရဟတ်ယာဉ်များပေါ်မှ ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များက မြန်နှုန်း မြင့်တိုက်ခိုက်ရေးရေယာဉ်များပေါ်သို့ ဆင်းသက်ခြင်း၊ မြန်နှုန်းမြင့်တိုက်ခိုက်ရေးရေယာဉ်များပေါ်မှ ရန်သူသိမ်းပိုက်ထားသည့် ကုန်တင်ရေယာဉ်ပေါ်သို့တက်ရောက်ခြင်း၊ ကျန်ရေတပ်အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များက ရဟတ်ယာဉ်တစ်စီးပေါ်မှ ရေယာဉ်ပေါ်သို့စီးနင်း တက်ရောက်တိုက်ခိုက်ခြင်း၊ ရန်သူ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိပြီးရေထဲသို့ပြုတ်ကျခဲ့သည့် ရေတပ်အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်တစ်ဦး အား ကျန်ရဟတ်ယာဉ်တစ်စီးပေါ်မှ ပြန်လည်ကယ်ဆယ်ရေး ဆောင်ရွက်ခြင်း၊ ယင်းနောက် ရဟတ်ယာဉ်တစ်စီးမှ ရေယာဉ်ဝန်ထမ်းများနှင့် ဓားစားခံများအားကယ်ဆယ်ခြင်း၊ ရန်သူထောင် ထားသည့်မိုင်းများ ပေါက်ကွဲမှုကြောင့် ကုန်သွယ်ရေယာဉ်မီးလောင်ပြီးရေဝင်နစ်မြုပ်မှုအား ရေတပ် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များနှင့် ရေယာဉ်ဝန်ထမ်းများအား မြန်နှုန်းမြင့်တိုက်ခိုက်ရေးရေယာဉ် နှစ်စီးဖြင့် ပြန်လည် ကယ်ထုတ်ထွက်ခွာခြင်းနှင့် ကုန်သွယ်ရေယာဉ်အား ပင်လယ်သွားတွဲဆွဲ စစ်ရေယာဉ်နှစ်စီးဖြင့် ပင်လယ်ပြင်မီးငြိမ်းသတ်ခြင်းလေ့ကျင့်ခန်းကို ဆောင်ရွက်ကြသည်။ ထို့နောက် လေ့ကျင့်ခန်းတွင်ပါဝင်ခဲ့သည့် ရဟတ်ယာဉ်များ၊ မြန်နှုန်းမြင့် တိုက်ခိုက်ရေး ရေယာဉ်များနှင့် အရာရှိ၊ စစ်သည်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက်အလေးပြုကြသည်။ ၎င်းနောက် စစ်ရေယာဉ်အောင်ဇေယျပေါ်တွင် ရဟတ်ယာဉ် ဆင်း/တက်ခြင်း လေ့ကျင့်ခန်းကိုပြုလုပ်ပြီး ကုန်သွယ်ရေယာဉ်မှ ဓားစာခံများအား ကယ်တင်ခြင်း လေ့ကျင့်ခန်းတွင်ပါဝင်ဆောင်ရွက်ခဲ့သော ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ တပ်ဖွဲ့မှူးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ကိုယ်တိုင် လာရောက်သတင်းပို့ တင်ပြသည်။

စစ်ရေယာဉ်များသည် သတ်မှတ်ပုံပြုချီတက်ခြင်းအမျိုးအစားများဖြင့် ချီတက်နေစဉ် ရန်သူ့ ရေငုပ်သင်္ဘောရန်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေး၊ ရန်သူ့လေကြောင်းရန်ကာကွယ်ရေး၊ ရန်သူ့ မြန်နှုန်းမြင့်တိုက်ရေယာဉ်များ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းများမှ ကာကွယ်ရေးအတွက် ရေငုပ်သင်္ဘောဖျက်မိုင်းများ၊ ရေမြှုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ တိုက်ခိုက် မခံရစေရေးပြောင်းလဲပုံပြုချီတက်ခြင်း၊ မိမိအမြန်သွားကင်းလှည့်တိုက်ရေယာဉ်များဖြင့် ရန်သူ့ မြန်နှုန်းမြင့်တိုက်ရေယာဉ်များအား ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်ချေမှုန်းခြင်း၊ ရန်သူ၏တာဝေးပစ် ပဲ့ထိန်းဒုံးလက်နက်များအား မိမိရေယာဉ်များမှ လက်နက်စနစ်များဖြင့် တန်ပြန်ပစ်ခတ်ချေမှုန်းမှု လေ့ကျင့်ခြင်း၊ ပြောင်းအချင်း အရွယ်အစားမတူသော (Mix Calibre) အမြောက်များစုစည်း ပစ်ခတ်မှုလေ့ကျင့်ခြင်း၊ အီလက်ထရွန်းနစ်စစ်ဆင်မှုလေ့ကျင့်ခြင်း၊ ဒုံးပျံပစ်ခတ်မှုလေ့ကျင့်ခြင်းနှင့် အမြောက်ကြီး များပစ်ခတ်မှုလေ့ကျင့်ခြင်းများဆောင်ရွက်ကြသည်။

တိုက်ပွဲလေ့ကျင့်ခန်းပြီးဆုံးချိန်တွင် စစ်ရေယာဉ်များအချင်းချင်း ဆီ၊ ရေ၊ ရိက္ခာနှင့် ခဲယမ်းများ ပြန်လည်ထောက်ပံ့ဖြည့်တင်းနိုင်ရန်အတွက် စစ်ရေယာဉ်များမောင်းနှင်လျက် ပင်လယ်ပြင် ထောက်ပံ့ ဖြည့်ဆည်းခြင်း လေ့ကျင့်ခန်းအား (Underway Replenishment At Sea) အား စစ်ရေယာဉ် နှစ်စီးဖြင့် ဆက်လက်ဆောင်ရွက်ကြသည်။

လေ့ကျင့်ခန်းပြီးဆုံးချိန်၌ စစ်ရေယာဉ်အောင်ဇေယျပေါ်တွင် စီးနင်းလိုက်ပါလာသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား လေ့ကျင့်ခန်းတွင်ပါဝင်ခဲ့ကြသည့် စစ်ရေယာဉ်များက Fleet Review ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် တပ်မတော်အရာရှိကြီးများအား လေ့ကျင့်ခန်းအထိမ်းအမှတ် လက်ဆောင်ပစ္စည်းကို ပေးအပ်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်-အောင်ဇေယျ၏ ဧည့်သည်တော်မှတ်တမ်းတွင် လေ့ကျင့်ခန်း အထိမ်းအမှတ် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2019)တွင် ပါဝင်ခဲ့ကြသော စစ်ရေယာဉ်မှူးများ နှင့်အရာရှိ၊ စစ်သည်များကို လေ့ကျင့်ခန်းနှင့်ပတ်သက်၍ ပြန်လည် သုံးသပ် အမှာစကားပြောကြားရာတွင် ယခုကဲ့သို့လေ့ကျင့်ခန်းအားအောင်မြင်စွာပြုလုပ်နိုင်ခဲ့မှုအတွက် တပ်မတော်(ရေ)မှ အရာရှိစစ်သည်များအားဂုဏ်ပြုပါကြောင်း၊ တပ်မတော်(ရေ) အနေဖြင့် စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်းအားပြုလုပ်ခဲ့သည်မှာ ယခုအကြိမ်နှင့် ဆိုလျှင် ၅ ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင်ယခုကဲ့သို့ လေ့ကျင့်ခန်းများသာမက သီးခြား လေ့ကျင့်မှုများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အမြဲတမ်းလေ့ကျင့် ဆောင်ရွက်ခြင်းကြောင့် တပ်မတော်(ရေ)၏ စွမ်းပကားကိုပိုမိုတိုးတက်မြင့်မားစေကြောင်း၊ တပ်မတော် အနေဖြင့် လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်ကိုအပြည့်အဝကာကွယ်နိုင်ရန်အတွက် ကာကွယ်ရေး စွမ်းပကားကိုမြှင့်တင်ခြင်းပင်ဖြစ်ကြောင်း၊ ကာကွယ်ရေးဆောင်ရွက်ရာတွင် မိမိတို့ နိုင်ငံရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရမည်ဖြစ်သကဲ့သို့ နိုင်ငံပိုင် မြေပေါ်၊ မြေအောက်နှင့်ရေအောက်သယံဇာတများကိုလည်းထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် တပ်ဖွဲ့တိုင်းတွင်တာဝန်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ပိုင်နက်နယ်မြေများအား အပြည့်အ၀ ကာကွယ်နိုင်ရန်အတွက် သံချပ်ကာယာဉ်များ၊ တင့်ကားများ၊ တိုက်ခိုက်ရေး လေယာဉ်/ရဟတ်ယာဉ်များအားထပ်မံဖြည့်တင်း ဆောင်ရွက်ခြင်းနှင့် ပင်လယ်ပြင် ကာကွယ်ရေးအတွက် ကမ်းနီး/ကမ်းဝေး စစ်သင်္ဘောများအားတိုးချဲ့တည်ဆောက် ခြင်းများဆောင်ရွက်ရန်လိုပြီး အဆိုပါပစ္စည်းများအား အသုံးချနိုင်ရန်အတွက် အရာရှိ၊ စစ်သည်များ၏ စွမ်းရည်မြင့်မားရေးအမြဲ လေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စစ်၏သဘောတရားမှာ တပ်ဖွဲ့ တစ်ခုတည်း ဆောင်ရွက်၍မရဘဲ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့အားလုံးပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက်ပိုမိုပြည့်စုံသည့် နိုင်ငံတော်ကာကွယ်ရေးစနစ်ရှိရန်လိုအပ်သဖြင့် တပ်မတော်(ရေ)အား Blue Water Navy အဆင့်သို့ရောက်ရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ ရေတပ် တည်ဆောက်မှုများကို အဆက်မပြတ်လေ့လာသိရှိနေရန်လိုအပ်ပြီး မိမိတို့တပ်မတော်(ရေ)စွမ်းပကားမြင့်မားစေရေးကိုလည်း ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ရေကြောင်းရဲတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့(Coast Guard)၊ ရေတပ်ဟူ၍ ရေပြင်ပိုင်နက်ကို အဆင့်ဆင့်ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပြီး လက်ရှိတွင်တပ်မတော်(ရေ) သည် Coast Guard တာဝန်ကိုပါ ဆောင်ရွက်ပေးနေရကြောင်း၊ လေ့ကျင့်ဆောင်ရွက်မှုများ မှရရှိသည့် အတွေ့ အကြုံများကို သင်ခန်းစာဖော်ထုတ်၍ သုံးသပ်ဆောင်ရွက်ပြီး လက်တွေ့ စစ်မြေပြင်တွင် အသုံးချရန်လိုအပ်ကြောင်းနှင့် ယခုထက်စွမ်းရည်ပိုမိုမြင့်မားအောင် ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ခန်းတွင်ပါဝင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များအတွက်ချီးမြှင့်ငွေများပေးအပ်သည်။ ထိုသို့ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်းပြုလုပ်နေမှုကို ပြည်တွင်းသတင်း မီဒီယာများမှ သတင်းထောက်များလည်း စစ်ရေယာဉ်-အောင်ဇေယျနှင့်အတူ လိုက်ပါပြီး သတင်းရယူခဲ့ကြသည်။

နိုင်ငံတော်ပိုင် ပင်လယ်ပြင်ရေထု၊ လေထုအတွင်းအချုပ်အခြာအာဏာခိုင်မာစေရန်နှင့် တပ်မတော် (ရေ)ရှိ စစ်ရေယာဉ်များကိုအသင့်ဖြစ်မှု ၃ ရပ်ဖြင့် စစ်ဆင်မှု နယ်ပယ် ၄ ရပ်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ တိုက်ပွဲဝင်နိုင်စေရန်ရည်ရွယ်၍ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်းကို ၂၀၁၄ ခုနှစ်မှစ၍ပြုလုပ်ခဲ့သည်။ ယနေ့ပြုလုပ်ခဲ့သည့် စစ်ရေယာဉ်တပ်ပေါင်းစုပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2019)သည်(၅)ကြိမ်မြောက်လေ့ကျင့် ဆောင်ရွက်ခြင်းဖြစ်ပြီး စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် တပ်မတော်(ရေ)မှ အရာရှိ စစ်သည်များ ပါဝင်လေ့ကျင့်ခဲ့ကြသည်။ ထိုသို့ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်းများတွင် ပစ်ခတ်မှုနှင့် လက်တွေ့ စစ်ကစားလှုပ်ရှားမှုကို ပေါင်းစပ်လေ့ကျင့်ခြင်းဖြင့် စစ်ရေယာဉ်များ နှင့်စစ်သည်များ၏ တိုက်စွမ်းရည်နှင့်တိုက်စွမ်းအား များစွာတိုးတက်စေနိုင်မည်ဖြစ်သည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကိုကိုးကျွန်းမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ ပါရဂူများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ် တပ်ပေါင်းစုပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2019) သို့ တက်ရောက် သတင်းရယူခဲ့သည့် ပြည်တွင်းသတင်းထောက်များအားတွေ့ဆုံပြီး နိုင်ငံတော် ကာကွယ်ရေး စွမ်းပကားမြင့်မားစေရေးအတွက် တပ်မတော်မှလေ့ကျင့်ခန်းများဆောင်ရွက်နေမှုအခြေ အနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။